← Chapters

အခန်း ၂၄၀

Vol. 24 Ch. 240

အခန်း ၂၄၀

Vol. 24 Ch. 240

အခန်း (၂၄၀)

မြင်းဆရာ ကူပါး

မော့ချွမ်းသည် ရှေ့သို့တိုးကာ ကြည့်လိုက်ပြီးနောက် အလန့်တကြား အော်ဟစ်လိုက်၏။

“ကူပါး”

သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ထိုလူကို အားရပါးရ လှုပ်နှိုးတော့သည်။ “ကူပါး၊ သတိထားပါဦး၊ ထစမ်းပါ”

ဟွာကျွင်းသူ့ကို အနောက်သို့ ဆွဲခေါ်လိုက်သည်။

“ရှင် ဘာလုပ်နေတာလဲ၊ သူ့ကို လှုပ်ပြီး သေအောင်လုပ်နေတာလား”

“သူ ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားရတာလဲ”

အာချင်း

“ကျွန်တော်တို့ သူ့ကို တွေ့တုန်းကလည်း ဒီလိုပါပဲ၊၊ ဒါပေမဲ့ သူက သူ့ရဲ့အိတ်ကို ယူလာပေးဖို့ တောင်းဆိုတယ်”

ယင်ကျီ ကူပါး၏ အိတ်ကို ဟွာကျွင်းထံ ကမ်းပေးလိုက်၏။ အိတ်ထဲတွင် မြက်ခြောက်တစ်ဆုပ်နှင့် မျိုးစေ့အိတ်ငယ်လေး တစ်အိတ် ပါရှိသည်။

ဟွာကျွင်း မော့ချွမ်းကို မေးလိုက်၏။

“ဒီမြက်ကို ရှင်သိလား”

မော့ချွမ်းက မြက်ခြောက်ကို ပွတ်ကြည့်ကာ ပြော၏။

“မြင်းတွေစားတဲ့ အယ်လ်ဖယ်လ်ဖာမြက်နဲ့ တူတယ်”

“တကယ်လို့ ဒါက မြင်းစာသက်သက်ဆိုရင် သူ ဒီလောက်အထိ ဂရုစိုက်နေမှာ မဟုတ်ဘူး”

“ဒါကြောင့် သူ့ကို အရင်ကယ်ပြီးမှ မေးရမယ်”

ဟွာကျွင်း

“ကျွန်မတို့ သမားတော် သွားပင့်ခိုင်းထားပြီ။ ဒါနဲ့ သူက ဘယ်သူလဲ၊ ရှင်နဲ့ ဘာပတ်သက်တာလဲ”

“သူ့နာမည်က ကူပါး၊ ကျွန်တော့် မျိုးနွယ်စုရဲ့ မြင်းဆရာပဲ”

ဟွာကျွင်းက ခေတ္တစောင့်သော်လည်း မော့ချွမ်းက ဆက်မပြောသဖြင့် သူမက ထပ်မေးလိုက်သည်။

“အဲဒါပြီးတော့ရော”

“ဒါပါပဲ”

“ဒါပါပဲဆိုတာ ဘာကိုဆိုလိုတာလဲ။ ရှင့်မျိုးနွယ်စုရဲ့ မြင်းဆရာက ဘာလို့ စစ်မြင်းဇောင်းမှာ ရောက်နေရတာလဲ”

မော့ချွမ်း လက်နှစ်ဖက်ကို ဖြန့်ပြကာ ပြောလိုက်သည်။

“ကျွန်တော်လည်း မသိဘူး။ ကျွန်တော် မျိုးနွယ်စုက ထွက်လာတာ ကြာပြီလေ”

ဟွာကျွင်းမှာ လက်လျှော့လိုက်ရတော့၏။ မော့ချွမ်းထံမှ သတင်းအချက်အလက် မရနိုင်သဖြင့် အာချင်းကိုသာ မေးရန် ဆုံးဖြတ်လိုက်သည်။

အာချင်းနှင့် အခြားသူများသည် ဟွာကျွင်း အနားသို့ လာသည်ကို မြင်သောအခါ မတ်မတ်ရပ်လိုက်ကြ၏။

ဟွာကျွင်း

“အားလုံး ပင်ပန်းသွားပါပြီ။ တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ခဲ့ရုံတင်မကဘဲ ဒီလို အရေးကြီးတဲ့ လူတစ်ယောက်ကိုပါ ခေါ်လာပေးနိုင်ခဲ့တယ်”

အာချင်း ခေါင်းကို ကုတ်ရင်း ပြောတော့သည်။

“ချီးမွမ်းပေးလို့ ကျေးဇူးတင်ပါတယ် သူဌေးမဟွာ၊ ဒါပေမဲ့ ကျွန်တော် အမှားတစ်ခု လုပ်မိခဲ့တယ်”

ထိုသို့ ဆိုကာ အမိန့်ကို မနာခံဘဲ စစ်မြင်းဇောင်းထဲသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့မိကြောင်း ဝန်ခံလိုက်သည်။

ဟွာကျွင်း ခေါင်းညိတ်ပြီး ပြန်ပြော၏။

“အရမ်းအန္တရာယ်များပေမဲ့ နင်တို့အားလုံးရဲ့ သတ္တိနဲ့ ပရိယာယ်ကို ပြသနိုင်ခဲ့ကြပါတယ်။ စစ်မြေပြင်ရောက်နေတဲ့ စစ်သူကြီးဟာ ဘုရင့်အမိန့်ကို အမြဲတမ်း နာခံနေဖို့ မလိုပါဘူး။ လိုအပ်သလို လိုက်လျောညီထွေ လုပ်ဆောင်တာ မမှားပေမဲ့ အန္တရာယ်ကို အမြဲတမ်း အကဲခတ်ဖို့တော့ သတိရပါ”

“ဟုတ်ကဲ့ပါ”

ထို့နောက် ဟွာကျွင်း မေးတော့သည်။

“တခြား ထူးခြားတာ ဒါမှမဟုတ် ထူးဆန်းတာတွေ တွေ့ခဲ့သေးလား”

ရှောင်ဟူ တက်ကြွစွာ ပြော၏။

“ကျွန်တော် ကျွန်တော် သိတယ်၊ မြင်းဇောင်းက အနံ့ဆိုးကြီး ထွက်နေတာ”

ယင်ကျီကလည်းပြော၏။

“သူတို့ စကားပြောနေတာ ကြားရသလောက်တော့ အဲဒီဇောင်းမှာ မြင်းတွေ ခဏခဏ သေလေ့ရှိတယ်တဲ့”

‘ခဏခဏ ဟုတ်လား၊’

ဟွာကျွင်း မျက်မှောင်ကြုတ်ကာ စဉ်းစားခန်း ဝင်သွား၏။ ထိုစဉ် တံခါးဝတွင် ငြင်းခုံသံတစ်ခု ထပ်မံ ကြားလိုက်ရသည်။

“ကျွန်တော် မလာဘူးလို့ ပြောနေတယ်လေ၊ မလာဘူး၊ မလာဘူးလို့ ဘယ်လိုဖြစ်ပြီး လူကို အတင်းတုပ်နှောင်ပြီး ခေါ်လာရတာလဲ”

“သမားတော်ကျန်း၊ ကျေးဇူးပြုပြီး အထဲဝင်ကြည့်ပေးပါဦး၊ အသက်တစ်ချောင်းကို ကယ်တင်တာက ဘုရားခုနှစ်ဆူ တည်တာထက် မြတ်ပါတယ်”

“ကျွန်တော် အထဲဝင်ရင်တော့ ကျွန်တော်ပဲ အရင် အသက်ထွက်သွားမလား မသိဘူး”

“ကျွန်တော် တောင်းပန်ပါတယ်”

“ကျွန်တော်လည်း တောင်းပန်ပါတယ်”

“ဘာဖြစ်တာလဲ”

ဟွာကျွင်းမေးလျက် တံခါးဝသို့ လျှောက်သွားသည်။

မော့ချွမ်းက သူမကို ဆွဲထားကာ ပြော၏။

“ကျွန်တော့်ကိုပဲ သွားခွင့်ပြုပါ”

ထို့နောက် သူသည် တံခါးဝသို့ လျှောက်သွားရာ အော်သံမှာ ရုတ်တရက် ရပ်တန့်သွားသည်။ သူ သမားတော်ကို ဘာပြောလိုက်သည်မသိ။ ခဏအကြာတွင် သမားတော်မှာ ကြောက်ကြောက်လန့်လန့်ဖြင့် နောက်က လိုက်လာတော့သည်။

သမားတော်က ဟွာကျွင်းကို တုန်တုန်ရင်ရင် နှုတ်ဆက်ရှာ၏။

“သူဌေးမ... သူဌေးမဟွာ၊ မတွေ့ရတာ ကြာ... ကြာပြီနော်”

“သမားတော်၊ ကျွန်မ ထပ်ပြီး အကူအညီတောင်းရဦးမယ်။ ဒီလူ့ကို ကယ်လို့ရသေးလားဆိုတာ မြန်မြန်လေး ကြည့်ပေးပါဦး”

သမားတော် တဟဲဟဲ ရယ်ရင်း မော့ချွမ်းကို တစ်ချက်လှမ်းကြည့်ကာ ရှေ့သို့ တိုးသွား၏။ လူနာကို မြင်သည်နှင့် သမားတော်မှာ သူ၏ အလုပ်ထဲသို့ စိတ်ရောက်သွားသည်။ စစ်ဆေးပြီးနောက် သူက ခေါင်းခါလျက် ပြောတော့၏။

“သူ့ကိုယ်ပေါ်မှာ ပြင်ပဒဏ်ရာတွေ ရှိနေတယ်၊ ရိုက်နှက်ခံထားရတဲ့ ပုံပဲ။ ဒါပေမဲ့ ဒါက သူ သတိမေ့နေရတဲ့ အကြောင်းရင်း မဟုတ်ဘူး။”

သူ ထရပ်ကာ ခေါင်းခါပြန်၏။

“သူ အဆိပ်မိထားတာလို့ ကျွန်တော် ထင်တယ်”

မော့ချွမ်း

“ဟမ် ဘာ... ဘာဖြစ်ဖြစ်၊ မြန်မြန် အဆိပ်ဖြေပေးပါ”

သမားတော် နောက်သို့ တစ်လှမ်းဆုတ်ကာ ပြန်မေး၏။

“သူ ဘာအဆိပ် မိထားတာလဲဆိုတာ သိကြလား”

မော့ချွမ်း ခေါင်းခါသည်။ ဟွာကျွင်း ခေါင်းခါသည်။ အာချင်း ခေါင်းခါသည်။ အားလုံးက ခေါင်းခါကြသဖြင့် သမားတော်ကလည်း ခေါင်းခါလိုက်၏။

“ဒါဆိုရင်တော့ ကျွန်တော့်မှာ နည်းလမ်းမရှိဘူး။”

သူသည် ဆေးသေတ္တာကို ပခုံးတွင်လွယ်ကာ ပြောတော့သည်။

“တခြား ပညာရှင်ကိုပဲ ရှာကြပါတော့”

မော့ချွမ်း

“သမားတော်၊ ကျွန်တော် လိုက်ပို့ပေးပါ့မယ်”

သမားတော်က လှည့်မကြည့်ဘဲ အပြေးထွက်သွားတော့၏။

“မလိုဘူး၊ ကျွန်တော်ဘာသာပဲ ပြေးပြီးပြန်ပါ့မယ်”

ထို့နောက် သူသည် ဖုန်လုံးကြီး တက်သွားသည်အထိ အမြန်ပြေးထွက်သွားတော့၏။ ဟွာကျွင်းက မော့ချွမ်းကို ကြည့်ရာ သူက လက်နှစ်ဖက်ကို ဖြန့်ပြ၏။

“သူ ဘာလို့ ဒီလောက်မြန်မြန် ပြေးသွားတာလဲ ကျွန်တော်လည်း မသိဘူး”

သူ့အကြည့်မှာ ဝေဝါးသွားပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။

“ဒါနဲ့ အခု ဘာဆက်လုပ်ကြမလဲ၊ ဘာအဆိပ်မှန်း မသိရင် နတ်ဘုရားတောင် သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူး”

ဟွာကျွင်း ခဏစဉ်းစားပြီးနောက် အိမ်သို့ အပြေးပြန်ကာ ဆေးထိုးပြွန် တစ်ခု ယူလာခဲ့သည်။

“သွေးတစ်ပြွန်လောက် ထုတ်ပြီး စစ်ဆေးကြည့်ရင် ဘာအဆိပ်လဲဆိုတာ သိနိုင်မှာပါ”

မော့ချွမ်း သိချင်စိတ်ဖြင့် မေးတော့သည်။

“ဒါကို ဘယ်လိုသုံးတာလဲ”

“ဒီအပ်ကို သွေးကြောထဲ ထိုးထည့်ပြီး ဆွဲထုတ်လိုက်ရုံပဲ”

သူမ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မေးလိုက်သည်။

“ဘယ်သူ သွေးဖောက်ပေးမလဲ”

အားလုံးက တောက်ပနေသော အပ်ကို ကြည့်ကာ ခေါင်းခါကြ၏။

ဟွာကျွင်း ဆေးထိုးပြွန်ကို လီနျန် ထံ ကမ်းပေးလိုက်သည်။

“လီနျန်၊ ကျွန်မတို့ထဲမှာ ရှင်က အပ်ကို အသုံးအများဆုံးပဲ၊ ရှင်ပဲ လုပ်လိုက်ပါ”

လီနျန်က လက်ကို ခါယမ်းကာ ပြောလိုက်သည်။

“မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒီအပ်နဲ့ ကျွန်မ သုံးတဲ့အပ်က မတူဘူးလေ၊ သွေးမဖောက်ရဲဘူး”

ဟွာကျွင်းက ဒေါ်လေးပန်းကို လှည့်ကြည့်ရာ သူမကလည်း ထိတ်လန့်သွား၏။

“ကျွန်မလည်း မရဲပါဘူး”

မော့ချွမ်း

“ကျွန်တော် လုပ်မယ်”

ဟွာကျွင်း ဆေးထိုးပြွန်ကို အမြန်ကမ်းပေးလိုက်သည်။ မော့ချွမ်းက သူ၏ ဓားမြှောင်ကို ထုတ်လိုက်၏။ “ဘာလို့ ဒီလောက် ဒုက္ခခံနေမှာလဲ”

ပြောပြောဆိုဆိုနှင့် သူ ကူပါး၏ လက်မောင်းကို ဓားနှင့် မွှန်းလိုက်ရာ လတ်ဆတ်သော သွေးများ ချက်ချင်း စီးကျလာတော့သည်။

“အားးးး” ဟွာကျွင်း အလန့်တကြား အော်လိုက်မိသည်။ “ရှင် ဘာလို့ ဓားကို သုံးတာလဲ”

သူမသည် ခွက်အသန့် တစ်ခုကို ပျာပျာသလဲ ရှာတော့သည်။ “ဖန်ခွက်၊ မြန်မြန်၊ သန့်ရှင်းတဲ့ ခွက်တစ်ခု ယူလာပေး”

သွေးကို ခွက်တစ်ဝက်နီးပါး ရရှိပြီးနောက် နောက်ထပ် ပြဿနာတစ်ခု တက်လာပြန်၏။

“သွေးတိတ်အောင် ဘယ်လိုလုပ်မလဲ၊ ပတ်တီးလည်း မရှိဘူး၊ ဂွမ်းလုံးပဲ ပါလာတာ”

လီနျန် အမြန်ပြောလိုက်သည်။

“သူဌေးမဟွာ၊ ဝါဂွမ်းစ သုံးလို့ရမလား”

“အခုတော့ ဘာဖြစ်ဖြစ် ရပါတယ်၊ မြန်မြန် ယူလာပေး”

လီနျန်က သိုလှောင်ရုံသို့ အပြေးသွားပြီး အဖြူရောင် ဝါဂွမ်းစ တစ်လိပ် ယူလာပေးသည်။ ထိုအချိန်တွင် သွေးခွက်မှာ ပြည့်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

ဟွာကျွင်း အဝတ်စကို အမြန်ဖြတ်ကာ ကူပါး၏ လက်မောင်းကို ခုနစ်ထပ်၊ ရှစ်ထပ်ခန့် ပတ်ပေးလိုက်၏။ သူမ သက်ပြင်းချရင်း ပြောတော့သည်။

“ကောင်းပြီ၊ မနက်ဖြန်ကျရင် ဒါကို အန်နာဂူဆီ ပို့လိုက်မယ်၊ သူ စစ်ဆေးပေးနိုင်မလား ကြည့်ရတာပေါ့”

နောက်တစ်နေ့ နံနက်အစောပိုင်းတွင် မော့ချွမ်းသည် ဘူမိဗေဒတက္ကသိုလ်သို့ သွားကာ အန်နာဂူကို သွားရှာသည်။

အန်နာဂူသည် စာသင်ခန်းထဲမှ ထွက်လာကာ မော့ချွမ်းကို မြင်သောအခါ အံ့အားသင့်သွား၏။

“ကျွန်မဆီကို ရှင့်ဘာသာ ရှင် ကိုယ်တိုင် လာရှာလိမ့်မယ်လို့ မထင်ထားဘူး”

ကျောင်းပြန်ရောက်ပြီးနောက် သူမ၏ ဝတ်စားဆင်ယင်မှုမှာ ပုံမှန် ပြန်ဖြစ်နေပြီဖြစ်သည်။ သူမ၏ နက်မှောင်သော ဆံပင်ကောက်ကောက်များကို သေသပ်စွာ စည်းနှောင်ထားပြီး အဖြူရောင် အင်္ကျီမှာလည်း တွန့်ကြေမှု မရှိပေ။ သူမ ဝတ်ထားသော အနက်ရောင်စကတ်မှာ ဒူးကို ဖုံးအုပ်ထားသည်။

မော့ချွမ်းက နောက်ဆုံးတွင် သူမကို တည့်တည့်ကြည့်ရဲသွား၏။

“ခင်ဗျား ဒီနေ့ ဝတ်ထားတာ တော်တော် ကြည့်ကောင်းတယ်”

အန်နာဂူ ပြုံးလိုက်သည်။

“နေက အနောက်ဘက်က ထွက်လာတာ ဖြစ်ရမယ်၊ မစ္စတာမော့က လူတွေကို ချီးမွမ်းတတ်နေပြီပဲ။ ပြောပါဦး၊ ဘယ်လောက်တောင် ကြည့်ကောင်းလို့လဲ”

မော့ချွမ်း

“လူတစ်ယောက်နဲ့ တူတယ်”

အန်နာဂူ “...”

“ကောင်းပြီ၊ ရှင့်ဆီက စကားကောင်း ထွက်လာမယ်လို့ ကျွန်မ မမျှော်လင့်သင့်ဘူး။ ဒါနဲ့ ဘာကိစ္စရှိလို့လဲ”

“ဒီသွေးတစ်ခွက်ထဲမှာ အဆိပ်ပါ၊ မပါ စစ်ပေးစေချင်လို့”

“ဘာလဲ၊ သွေးတစ်ခွက်”

မော့ချွမ်းသည် ပလတ်စတစ်ဖြင့် သေသပ်စွာ အုပ်ထားသော လက်ဖက်ရည်ခွက်ကို ဘူးထဲမှ ထုတ်လိုက်သည်။ “ဒါပါ”

အန်နာဂူ ၎င်းကို ယူကာ ပလတ်စတစ်ကို ခွာပြီး အနံ့ခံကြည့်၏။ သေချာပေါက် သွေးဖြစ်သည်။ သူမက ပြုံးလျက် ပြောတော့သည်။

“လက်ဖက်ရည်ခွက်နဲ့ သွေးကို မြင်ဖူးတာ ဒါ ပထမဆုံးပဲ။ ရှင်က သွေးသောက်ရင်း အဆိပ်မိသွားတဲ့ သွေးစုတ်ဖုတ်ကောင် တော့ မဟုတ်ပါဘူးနော်”

“ဘာအဆိပ်လဲဆိုတာ သိအောင်ပဲ ကူညီပေးပါ၊ ကုန်ကျစရိတ်ကို ကျွန်တော့်ဆီ ပို့လိုက်”

“ကျွန်မကိုသာ လွှဲထားလိုက်ပါ။ သိရတာနဲ့ ရှင့်ဆီ မက်ဆေ့ချ် ပို့လိုက်မယ်”

All Chapters