← Chapters

ကောင်းကင်ရုံးတော်၏ အစီအစဉ်၊ ဖန်းလျန်ပြန်လာခြင်း

Vol. 10 Ch. 144

ကောင်းကင်ရုံးတော်၏ အစီအစဉ်၊ ဖန်းလျန်ပြန်လာခြင်း

Vol. 10 Ch. 144

အခန်း (၁၄၄) ကောင်းကင်ရုံးတော်၏ အစီအစဉ်၊ ဖန်းလျန်ပြန်လာခြင်း

‘သူက ငါ့ရဲ့ သရုပ်မှန်ရော ကျင့်ကြံမှုအဆင့်ကိုရော သိနေတာလား’

‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’

ခေါင်းသုံးလုံး မြွေနဂါးဘုရင်ရဲ့ ရင်ထဲမှာ မုန်တိုင်းထန်သွားပါတယ်။

‘ငါ့မှာ ငါ့ရဲ့ခန္ဓာကိုယ်အစစ်နဲ့ ကျင့်ကြံမှုကို ဖုံးကွယ်နိုင်တဲ့ မွေးရာပါ ဆန်းကြယ်စွမ်းအား ရှိတာကို နတ်သတ်အကြီးအကဲက ဘယ်လိုလုပ်ပြီး ရှာတွေ့သွားတာလဲ’

‘သွားပြီ... သူက နတ်ဆိုးဘုရင်တျန်စု ပြောသလို တကယ်ပဲ အမတလား’

ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ သူသာ အခုနေ မတ်တတ်ရပ်လိုက်မယ်ဆိုရင် ကျိန်းသေပေါက် အသတ်ခံရလိမ့်မယ်လို့ ခံစားလိုက်ရပါတယ်။ ထွက်ပြေးဖို့အချိန်လည်း ရမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ကတော့ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကို မျက်နှာသေနဲ့ စိုက်ကြည့်ပြီး ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဆီက အဖြေကို စောင့်ဆိုင်းနေပါတယ်။ ခေါင်းသုံးလုံးမြွေနဂါးဘုရင်သာ ငြင်းဆန်မယ် ထွက်ပြေးမယ်ဆိုရင် ဟန်ကျွယ်က ချက်ချင်းသတ်မှာပါ။ ဖူစန်းသစ်ပင်ကို ခေါင်းသုံးလုံးမြွေနဂါးဘုရင်က တွေ့မြင်ပြီးသွားပါပြီ။ ဟန်ကျွယ်ဟာ ဒီနတ်သစ်ပင်အကြောင်း သတင်းပျံ့မှာကို လုံးဝ လက်မခံနိုင်ပါဘူး။

ဟန်ကျွယ်ဟာ ခေါင်းသုံးလုံး မြွေနဂါးဘုရင် နောက်ကွယ်က နဂါးစစ်ကို ရန်စမိမှာ မကြောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နဂါးတွေက မျိုးဆက်ပြန့်ပွားရတာကို တော်တော်လေး နှစ်သက်ကြတဲ့အတွက် သူတို့မှာ မျိုးဆက်ဘယ်လောက် ရှိလဲဆိုတာကို သိနိုင်မှာ မဟုတ်ပါဘူး။

ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ အံကြိတ်ပြီး မေးလိုက်ပါတယ် “စီနီယာက ဘယ်သူလဲ”

“ငါက ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကနေ လာတာ၊ ငါက ဒြပ်စင်ငါးပါးရဲ့ နှောင်ဖွဲ့မှုကို မခံရသလို ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲလည်း ဆင်းသက်စရာ မလိုဘူး”

ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ဟန်ကျွယ် ဘာပြောတာလဲဆိုတာကို နားမလည်ပါဘူး။ ဒါပေမဲ့ အရမ်း အထင်ကြီးဖို့ကောင်းတယ်လို့တော့ ခံစားလိုက်ရပါတယ်။ ဒါကြောင့် ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။

‘သူက ငါ့ကို အိမ်စောင့်ခွေး လုပ်စေချင်တာလား’

ဟန်ကျွယ်က မေးလိုက်ပါတယ် “ငါက မင်းကို ခြောက်လှန့်နေတယ်လို ထင်နေတာလား၊ မင်းအဲဒီလို တွေးနေတယ်ဆိုရင် ငါ လက်ချောင်းတစ်ချောင်းတည်းနဲ့ တိုက်ခိုက်တာကို ခုခံမလား၊ မင်း ခုခံနိုင်တယ်ဆိုရင် မင်းကို ချမ်းသာခွင့်ပေးမယ်”

“မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ပါဘူး...”

ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ သေလောက်အောင် ကြောက်သွားတာကြောင့် အမြန်လက်ဝှေ့ယမ်းပြီး ငြင်းလိုက်ပါတယ်။ အဲဒီနောက် ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ခေါင်းငုံ့ပြီး အံကြိတ်ကာ ပြောလိုက်ပါတယ် “အခုအချိန်ကစပြီး ကျွန်တော် ခေါင်းသုံးလုံး မြွေနဂါးဘုရင်က စီနီယာတောင်ရဲ့ အစောင့်အရှောက်ပဲ၊ ကျွန်တော် အသက်ရှင်နေသမျှ ကာလပတ်လုံး ဒီတောင် ဆက်ရှိနေရမယ်”

ဟန်ကျွယ်ဟာ ထိုင်ရာကနေ ထလိုက်ပြီး ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဆီကို လျှောက်သွားပါတယ်။ ပြီးတဲ့အခါမှာတော့ မြွေနဂါးဘုရင်ရဲ့ ခေါင်းကို လက်နဲ့ထိပြီး လမ်းခြောက်သွယ်အမှတ်ကို တိတ်တဆိတ် မှတ်လိုက်ပါတယ်။

“မင်း ငါ့နောက် လိုက်မယ်ဆိုရင် မနစ်နာစေရဘူး၊ ဒီဟာက မင်းဘဝမှာ အကြီးမားဆုံး အခွင့်အရေးတစ်ခုပဲ” ဟန်ကျွယ်က လေသံအေးနဲ့ ပြောလိုက်ပါတယ်။

ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ဟန်ကျွယ်ကို အမြန်ပဲ ကျေးဇူးတင်စကား ဆိုပါတယ်။

ဒါပေမဲ့...

မျက်နှာသာပေးမှုက လုံးဝပေါ်မလာပါဘူး။

‘‌ဟင်း... မင်းက ငါ့ကို မယုံကြည်သေးဘူးပဲ၊ ဒီတော့ ငါက မင်းကို စောင့်ကြည့်ရသေးတာပေါ့၊ မဟုတ်တာလုပ်လို့ကတော့ ငရဲပြည်ကို ဇောက်ထိုးပို့ပေးမယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ‌ တွေးတောလိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကို ကျင့်ကြံလိုဏ်ဂူထဲက ထွက်ခိုင်းလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ရွှေကျီးကန်းလေးနှစ်ကောင်ဆီ အသံလွှင့်ပြီး ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကို စောင့်ကြည့်ခိုင်းပါတယ်။

ရွှေကျီးကန်းလေးနှစ်ကောင်က ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကို စားသောက်ချင်နေတာပါ။ ဒါပေမဲ့ ခေါင်းသုံးလုံး မြွေနဂါးဘုရင်က သူ့ကို မမုန်းတဲ့အတွက် ဟန်ကျွယ်ဟာ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကို ချမ်းသာပေးလိုက်တာပါ။ တစ်နည်းအားဖြင့် ပြောရရင် ဟန်ကျွယ်က ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကို တောင်စောင့်အဖြစ် ပြိုးထောင်ချင်တာပါ။

တစ်နေ့ကျလို့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက ပြဒါးငှက်ကို ကျော်တက်သွားရင် ဟန်ကျွယ်ဟာ ဝီရိယတောင်တစ်ခုလုံးနဲ့ ဘုံပျံတက်မှာပါ။ အဲဒီအချိန်ရောက်ရင် သူ့တပည့်တွေ မြေးတပည့်တွေရဲ့ ကျင့်ကြံမှုကလည်း ဘုံပျံတက်နိုင်တဲ့ အဆင့်ထဲကို ခြေတစ်လှမ်း ဝင်သွားလောက်ပါပြီ။ ဒါဆိုရင် သူတို့တွေ ဘုံပျံတက်လို့ ရလာမဲ့အခွင့်အရေးက တော်တော်လေး ကြီးမားမှာပါ။

ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ဖူစန်းသစ်ပင်အောက်ကို ပြန်သွားပါတယ်။ အဲဒီအခါမှာ ရန်ထျန်တုန်းက တအံတဩ မေးလိုက်ပါတယ် “မြန်လှချည်လား”

ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ရန်ထျန်တုန်းကို မြင်တာနဲ့ စိတ်အနှောင့်အယှက် ဖြစ်သွားတာကြောင့် နှာခေါင်းရှုံ့ပြီး ပြောလိုက်ပါတယ် “ဟင်း... ငါက အခုအချိန်ကစပြီး ဒီဝီရိယတောင်ရဲ့ စောင့်ရှောက်သူပဲ”

“တောင်စောင့်လား”

“ဟုတ်တယ်၊ ငါက ကောင်းကင်ဘုံဝင် ဆဋ္ဌမအဆင့်ရှိတဲ့ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ပဲ၊ ငါထပ်ပြီး သရုပ်ဆောင်မနေတော့ဘူး၊ မင်း ငါနဲ့ ဝေးဝေးမှာ နေစမ်းပါ”

“ဘာ...” ရန်ထျန်တုန်းဟာ ထိတ်လန့်သွားပါတယ်။

ငရဲကြက်နက်၊ ဝူတောက်ကျန့်၊ ရွှင်ချန်အန်းနဲ့ ပဋိပက္ခ‌ကောင်းကင်ခွေးဟာ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကို အံအားသင့်တဲ့အကြည့်တွေနဲ့ ဝိုင်းကြည့်လိုက်ကြပါတယ်။

ခေါင်းသုံးလုံး မြွေနဂါးဘုရင်ရဲ့ ဦးခေါင်းဟာ ခေါင်းသုံးလုံးအဖြစ် ရုတ်တရက် ကွဲသွားတာကြောင့် ရန်ထျန်တုန်းဟာ ချောက်ချားသွားပါတယ်။ ဒါကိုမြင်လိုက်ရတဲ့ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ဝမ်းသာသွားပါတယ် “နတ်ဆိုးဘုရင်တျန်စုက ငါနဲ့တွေ့ရင် မင်းလိုပဲ အားနည်းလွန်းတယ်” နတ်ဆိုးဘုရင်တျန်စုဟာ ဂုဏ်ယူစွာ ပြောလိုက်ပါတယ်။ ရန်ထျန်တုန်းကတော့ အလွန်ရှက်လွန်းတာကြောင့် တွင်းတူးပြီး ဝင်ပုန်းချင်စိတ် ပေါက်သွားပါတယ်။

ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ အဖြစ်အပျက်အလုံးစုံကို မြင်တွေ့ပေမဲ့လည်း ဘာမှ မပြောပါဘူး။ ဟန်ကျွယ်ဟာ ခေါင်းသုံးလုံး မြွေနဂါးဘုရင်က သရုပ်မှန်ကို ထုတ်ပြလိုက်တဲ့အတွက် ကျေနပ်သွားပါတယ်။ အနည်းဆုံးတော့ ခေါင်းသုံးလုံး မြွေနဂါးဘုရင်က သူ့ဂုဏ်သတင်းကို ဂရုမစိုက်ပါဘူး။ ဒါ့အပြင် တစ်ခြားသူတွေကိုလည်း သူ့ကို သတိကြီးကြီးထားသွားစေပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးမှိတ်လိုက်ပြီး စတင်ကျင့်ကြံအားထုတ်ပါတယ်။

....

တာအိုဘုံကျောင်းတစ်ကျောင်းရဲ့ အတွင်းမှာ စန္ဒကူးအမွေးရနံ့က အမတမြူမှုန်တွေလို လေထဲမှာ ပျံ့နှံ့နေပါတယ်။

တရားထိုင်ကာ ကျင့်ကြံအားထုတ်နေတဲ့ အသက်ကြီးကြီး တာအိုသခင်တစ်ဦးဟာ ရုတ်တရက် သွေးအန်ထွက်သွားတာကြောင့် စိတ်ပျက်အားငယ်သွားပါတယ်။ သူဟာ မျက်လုံးဖွင့်လိုက်ပြီး ပါးစပ်ထောင့်နားက သွေးတွေကို သုတ်ပစ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ရက်စက်တဲ့မျက်လုံးတွေနဲ့ အံကြိတ်ပြီး ပြောလိုက်ပါတယ်။

“သေစမ်း... ဘယ်သူက ငါ့ကို ကျိန်စာတိုက်နေတာလဲ”

သူဟာ ကျိန်စာတိုက်ခံနေရတာ နှစ်အတော်ကြာခဲ့ပါပြီ။ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ကျိန်စာက တဖြည်းဖြည်းနဲ့ အားပိုပြင်းလာပါတယ်။ ကျိန်စာတိုက်ခံရတာ များလွန်းလို့ ဘယ်နှကြိမ် ကျိန်စာတိုက်ခံရမှန်းတောင် မမှတ်မိတော့ပါဘူး။

သူကတော့ တစ်ခြားသူ မဟုတ်ပါဘူး။ ကြီးမြတ်တဲ့စပါးအုံးစိမ်းနဲ့ လော့ချင်းမော့တို့ရဲ့ ဆရာသခင် ဟန်ကျွယ်ရဲ့ ရန်သူတော်ကြီး တာအိုသခင်ကျွယ်ရန်ပဲ ဖြစ်ပါတယ်။

တာအိုသခင်ကျွယ်ရန်ဟာ ရန်သူကို ဆဲဆိုကြိမ်းမောင်းလိုက်ပေမဲ့ စိတ်ထဲမှာတော့ ကြောက်လန့်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခြားသူက စွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေလိမ့်မယ်လို့ ခန့်မှန်းမိလို့ပါ။ တာအိုသခင်ကျွယ်ရန် ဒီလိုတွေးရတာကလည်း ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ကျိန်စာက သူ့ရဲ့ တာအိုအုတ်မြစ်ကို သက်ရောက်လာလို့ပါပဲ။ ဒီလိုသာ ဆက်သွားမယ်ဆိုရင် တာအိုသခင်ကျွယ်ရန်ဟာ ကျိန်စာတိုက်ခံရပြီး အသက်ဆုံးရှုံးရမှာ မလွဲဧကန်ပါပဲ။

တာအိုသခင်ကျွယ်ရန်ဟာ အံကြိတ်ပြီး အင်္ကျီလက်စထဲကနေ ကျောက်စိမ်းချောင်းတစ်ချောင်းကို ထုတ်ယူလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကျောက်စိမ်းချောင်းထဲကို စိတ်ဝိညာဉ်စွမ်းအား လောင်းထည့်ပြီး ခဏစောင့်လိုက်ပါတယ်။

တစ်ခဏကြာတဲ့အခါမှာတော့ ကျောက်စိမ်းချောင်းထဲကနေ ပုံရိပ်တစ်ရိပ် ထွက်ပေါ်လာပါတယ်။ ဒီပုံရိပ်ဟာ တစ်ကိုယ်လုံး အစိမ်းရောင်တောက်နေတာကြောင့် ပုံရိပ်အစစ်အမှန်နဲ့ ဘာဝတ်ထားတယ်ဆိုတော မပြောနိုင်ပါဘူး။

“ဘာကိစ်စလဲ”

“စီနီယာ... ကျွန်တော် ကျိန်စာတိုက်ခံရလို့”

“ဟင်... ငါ တွက်ချက်ကြည့်လိုက်အုန်းမယ်”

တာအိုသခင်ကျွယ်ရန် မသက်မသာနဲ့ ထိုင်စောင့်ပါတယ်။ အစိမ်းရောင်ပုံရိပ်က တအံတဩ ပြောလိုက်ပါတယ် “တွက်ချက်လို့တောင် မရပါလား၊ မင်း ဘယ်သူကို အပြစ်လုပ်ထားသေးလဲ”

“ကျွန်တော် အထက်ဘုံရောက်လာကတည်းက ဂူအောင်းကျင့်ကြံနေတာ၊ ဘယ်လိုလုပ်ပြီး တစ်ခြားသူကို အပြစ်ပြုမိမှာလဲ”

“ဒါဆို အရမ်းထူးဆန်းတယ်” အစိမ်းရောင်ပုံရိပ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။

တာအိုသခင်ကျွယ်ရန်ခဗျာ ပိုပြီးတော့ ချောက်ချားသွားပါတယ် ‘စီနီယာတောင် တွက်ချက်လို့ မရဘူးဆို‌တော့ ငါ သေတော့မှာလား’

“ဒီအတောအတွင်းမှာ ကောင်းကင်ရုံးတော်က နတ်ဆိုးသူတော်စင် တိုက်ခိုက်တာကို ခံနေရတယ်၊ မိစ္ဆာမျိုးနွယ်စုကလည်း ဒါကို အခွင့်ကောင်းယူပြီး သေမျိုးကမ္ဘာ တော်တော်များများကို လိုက်နှောင့်ယှက်တယ်၊ မင်းက ဘုံပျံတက်ထားတော့ မကြာသေးတော့ ဒီကျိန်စာက သေမျိုးကမ္ဘာရဲ့ အထောက်အပံ့နဲ့ ဆက်စပ်နေလိမ့်မယ်၊ ဒီကိစ္စက အများဆုံး နှစ်တစ်ထောင် ကြာလိမ့်မယ်၊ ကောင်းကင်ရုံးတော်က နတ်ဆိုးသူတော်စင်ကို ရှင်းပစ်ပြီးမှ သေမျိုးကမ္ဘာက နတ်ဆိုးတွေကို လိုက်ရှင်းလိမ့်မယ်”

“သေမျိုးကမ္ဘာအချို့က မိစ္ဆာမျိုးနွယ်စုရဲ့ တိုက်စားတာကို ခံလိုက်ရပြီ၊ အချိန်ကျလာရင် ငါတို့တွေ ဒီသေမျိုးကမ္ဘာတွေကို ရှင်းလင်းပစ်ရလိမ့်မယ်၊ အဲဒီအချိန်ကျရင် ငါ မင်းကို ကောင်းကင်စစ်သား ဖြစ်အောင် လုပ်ပေးမယ်၊ မင်း ဒီအခွင့်အရေးကို ကောင်းကောင်း အသုံးချ”

အစိမ်းရောင်ပုံရိပ်နဲ့ စကားတွေဟာ တာအိုသခင်ကျွယ်ရန်ကို အံအားသင့်သွားစေပါတယ်။ တာအိုသခင်ကျွယ်ရန် ချက်ချင်းပဲ ပြောလိုက်ပါတယ် “ကျွန်တော်နေခဲ့တဲ့ သေမျိုးကမ္ဘာကိုလည်း မိစ္ဆာတွေ ကျူးကျော်ထားတယ်၊ နှစ်လေးငါးရာကြာရင် ကျွန်တော် သေမျိုးကမ္ဘာဆီ ဆင်းသက်ပြီး အခြေအနေ ကြည့်မလို့ လုပ်နေတာ”

“အင်း... သေမျိုးကမ္ဘာကို ဆင်းသက်ပြီး အခြေအနေကြည့်တာ ကောင်းတယ်၊ အချိန်ကျရင် ကောင်းကင်ရုံး‌တော်ရဲ့ သတင်းအချက်အလက်ကို ငါ ထောက်ပံ့ပေးမယ်”

အဲဒီနောက် အစိမ်းရောင်ပုံရိပ်ဟာ ပျောက်ကွယ်သွားပါတယ်။ တာအိုသခင်ကျွယ်ရန်လည်း ကျောက်စိမ်းချောင်းကို ဂရုတစိုက် ပြန်သိမ်းလိုက်ပါတယ်။

“မိစ္ဆာစုတ်တွေ... ငါ့ကိုများ ကျိန်စာတိုက်ရဲတယ်”

တာအိုသခင်ကျွယ်ရန်ဟာ သူ သေမျိုးကမ္ဘာကို ဆင်းသက်ရင် ဒီမိစ္ဆာတွေရဲ့ အကြံအစည်မှန်သမျှကို ဖျက်ဆီးပစ်မယ်လို့ ကျိန်ဆိုလိုက်ပါတယ်။

နွေဦးကုန်ဆုံးလို့ ဆောင်းဦးရောက်လာပါတယ်။ ရာသီစက်ဝန်းဟာ အချိန်မှန်မှန် လည်ပတ်ရင်း ဆယ့်တစ်နှစ်တာကာလဟာ မနေ့တစ်နေ့ကလိုပဲ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်ဘုံဝင် ဆဋ္ဌမအဆင့်ကို အောင်မြင်စွာ ထိုးဖောက် ရောက်ရှိသွားပါတယ်။

ဒီနေ့မှာတော့...

ဖန်းလျန် ပြန်လာပါတယ်။

ငရဲကြက်နက်၊ ပဋိပက္ခကောင်းကင်ခွေး၊ ရွှင်ချန်အန်း၊ မုရုံချီ၊ ဝူတောက်ကျန့်နဲ့ ရန်ထျန်တုန်းတို့ဟာ ဖန်းလျန်ကို ဝိုင်းရံလိုက်ကြပါတယ်။

ဖန်းလျန်ဟာ ဟင်းလင်းပြင်ပေါင်းစပ်အဆင့်ကို ရောက်ရှိသွားတဲ့အတွက် လူတိုင်း တအံတဩ ဖြစ်ကုန်ကြပါတယ်။

မုရုံချီဟာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း နဝမအဆင့်မှာ နည်းနည်းကြာနေပါတယ်။ မုရုံချီဟာ သူ့ကျင့်ကြံမှုက အရမ်းအရမ်း မြန်တယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ ဖန်းလျန်က သူ့ထက် မြန်နေလိမ့်မယ်လို့ ထင်မှတ်မထားခဲ့ပါဘူး။

ငရဲကြက်နက်ဟာ စိတ်ဓာတ်ကျသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက ငရဲကြက်နက် စိုးရိမ်ခဲ့တာတွေ အခုတော့ ကတယ်ဖြစ်လာပြီမို့လို့ပါ။ ငရဲကြက်နက်ဟာ တဖြည်းဖြည်းနဲ့ ဖန်းလျန်နဲ့ မုရုံချီ ပေါင်းတိုက်တာကို အနိုင်မယူနိုင် ဖြစ်လာပါတယ်။ ဒီလိုသာ ဆက်သွားမယ်ဆိုရင် တစ်ယောက်ချင်းစီကိုတောင် အနိုင်ယူနိုင်မှာ မဟုတ်တော့ပါဘူး။

ရွှင်ချန်အန်းလည်း သူ့တပည့်တွေက သူ့ကို ကျော်တက်သွားတဲ့အတွက် တော်တော်လေး စိတ်ဓာတ်ကျသွားပါတယ်။

ရန်ထျန်တုန်းဟာ တဖြည်းဖြည်းနဲ့ မနာလိုဝန်တို ဖြစ်လာပါတယ်။ သူလည်း ဒီလိုမျိုးအရည်အချင်းရှိတဲ့ တပည့်တစ်ယောက် လိုချင်နေတာပါ။ ပဋိပက္ခကောင်းကင်ခွေးကတော့ ကြက်သေသေသွားပါတယ် ‘ရုပ်ဆိုးဘုန်းကြီးရဲ့ တပည့်ကတောင် ငါ့ထက် ပိုစွမ်းအားကြီးနေပါလား’

“ဒီနှစ်တွေမှာ ကျွန်တော် အခွင့်အရေး အများကြီးရခဲ့တယ်၊ အဲဒါကြောင့် အခုလက်ရှိအဆင့်ကို ကျွန်တော် ရောက်နေတာ” ဖန်းလျန်ဟာ နှိမ့်ချစွာ ပြုံးလိုက်ပါတယ်။ ဒါပေမဲ့ ဖန်းလျန်ဟာ အရင်နဲ့မတူဘဲ သူ့ကိုယ်သူ ယုံကြည်မှု ပိုရှိလာပါတယ်။

ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကတော့ ဖန်းလျန်ကို အထင်မကြီးပါဘူး။ သူ့မျက်လုံးထဲမှာ ဟင်းလင်းပြင်ပေါင်းစပ်အဆင့်က သာမန်သေမျိုးတစ်ယောက်နဲ့ ဘာမှမခြားပါဘူး။

ရွှေကျီးကန်းလေးနှစ်ကောင်ဟာ ဖန်းလျန်ရဲ့ ပုခုံးပေါ်မှာ ရုတ်တရက်နားလိုက်ပြီး ဖန်းလျန်ရဲ့မျက်နှာကို ခေါင်းနဲ့ ပွတ်သပ်လိုက်ပါတယ်။

ဖန်းလျန်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဒီနှစ်ကောင်က...”

ငရဲကြက်နက်ဟာ တိတ်တခိုး ပြုံးလိုက်ပါတယ် “ဒါက ငါမွေးထားတာလေ၊ ဆရာသခင်က ငါ့အတွက် မီးကျီးကန်းတစ်ကောင် ဖမ်းပေး...”

ရွှေကျီးကန်းလေး နှစ်ကောင်က လှမ်းကြည့်လိုက်တာကြောင့် ငရဲကြက်နက်ဟာ အကြောက်ကြီးကြောက်ပြီး ဆက်မပြောရဲတော့ပါဘူး။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

#hanjue #lightnovel #thawhtetzin #ဟန်ကျွယ် #သော်ထက်ဇင်

All Chapters