နတ်ဆိုးလမ်းစဉ်အား ရှင်းလင်းခြင်း၊ မကောင်းဆိုးဝါးသုံးပါး ကူကယ်ရာမဲ့ခြင်း
Vol. 10 Ch. 146
အခန်း (၁၄၆) နတ်ဆိုးလမ်းစဉ်အား ရှင်းလင်းခြင်း၊ မကောင်းဆိုးဝါးသုံးပါး ကူကယ်ရာမဲ့ခြင်း
’သေမျိုးကမ္ဘာကို ဖျက်ဆီးမှာလား’ ဟန်ကျွယ်ဟာ ထိတ်လန့်သွားပါတယ် ‘အဲဒီလောက်တောင် ရက်စက်တာလား’
ဟန်ကျွယ်က ချက်ချင်းပဲ မေးလိုက်ပါတယ် “ကောင်းကင်ရုံးတော်က ဒီလိုလုပ်ရင် ကောင်းကင်ရုံးတော်လို့ ခေါ်နိုင်အုန်းပါ့မလား” သေမျိုးကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်တာက တော်တော်လေး ရက်စက်ကြမ်းကြုတ်တဲ့အရာပါ။
“အဲဒီတော့ ဘာဖြစ်လဲ၊ သေမျိုးကမ္ဘာက ထောင်သောင်းချီရှိတယ်၊ သေမျိုးကမ္ဘာတစ်ခုကို ဖျက်ဆီးလိုက်လို့ အထက်ဘုံမှာ ဘာမှဖြစ်သွားမှာ မဟုတ်ဘူး၊ ဒါ့အပြင် သေမျိုးကမ္ဘာပျက်စီးသွားရင် အဲဒီကမ္ဘာမှာရှိတဲ့ သက်ရှိအကုန်လုံးက ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲ ဝင်ပြီး ပြန်လည်မွေးဖွားနိုင်သေးတာပဲ၊ သေမျိုးကမ္ဘာမှာတောင် အချင်းချင်း လူမျိုးတုံး သတ်ဖြတ်နေကြသေးတာပဲ၊ ကောင်းကင်ရုံးတော်က သေမျိုးကမ္ဘာတစ်ခုနှစ်ခု ဖျက်ဆီးလိုက်လို့ ဘာပြဿနာရှိမှာလဲ”
ကျန်းကူရှင်းဟာ လက်ဝှေ့ယမ်းလိုက်ပြီး ဟန်ကျွယ်ရဲ့ အတွေးက နည်းနည်းရယ်ဖို့ ကောင်းတယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်လည်း ကျန်းကူရှင်းစကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် လောကကြီးမှာ အားနည်းတဲ့သူအတွက် နေရာမရှိပါဘူး။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ကောင်းကင်ရုံးတော်က မိစ္ဆာတွေကို ရှင်းလင်းဖို့ အချိန် ဘယ်လောက်ကြာအုန်းမှာလဲ”
ကျန်းကူရှင်းက ပြန်ဖြေလိုက်ပါတယ် “မြန်ရင် နှစ်လေးငါးရာ ကြာရင်တော့ နှစ်သုံးလေးထောင်ပဲ၊ နတ်ဆိုးသူတော်စင် နောက်ကွယ်က အင်အားစုတွေနဲ့ ကောင်းကင်ရုံးတော်က သဘောတူညီချက် ရခါနီးနေပြီ၊ ကံဆိုးချင်တော့ နတ်ဆိုးသူတော်စင်က ဒါကို အခုထိ မသိသေးဘူး”
ဟန်ကျွယ်ဟာ ထူးထူးဆန်းဖြစ်သွားပြီး မေးလိုက်ပါတယ် “ကောင်းကင်ဘုံမှာ သောင်းကျန်းနေတဲ့ အဲဒီနတ်ဆိုးသူတော်စင်က စွန်းဝူခုန်းလား”
“မဟုတ်ပါဘူး”
“အို” ဟန်ကျွယ်ဟာ တစ်ဒင်္ဂလောက် သူ့ကိုယ်သူ အနောက်အရပ်သို့ ခရီးသွားခြင်းထဲ ရောက်နေတယ်လို့ တွေးမိလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ရှေ့မဆက်ခင် ကျန်းကူရှင်းနဲ့ စကားနည်းနည်းပါးပါးပြောပါတယ်။
သိစိတ်က အဓိကခန္ဓာကိုယ်ထဲကို ပြန်ရောက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွာရာဓားငွေ့ကို တောင့်တင်းခိုင်မာအောင် လုပ်ပါတယ်။ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွာရာ ဓားငွေ့ကို မဟာညီညွှတ်မှုအဆင့်ထိ အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့ပါတယ်။ ဟန်ကျွယ်ရဲ့ စွမ်းအားက ပြင်းအားပိုများသွားတာ မဟုတ်ဘဲ ကိုယ့်မှာရှိတဲ့ စွမ်းအားတွေကို ပိုပြီးတော့ ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်သွားတာပါ။
ဟန်ကျွယ်ဟာ ဓားငွေ့ကို တောင့်တင်းခိုင်မာအောင် လုပ်ပြီးတဲ့အခါမှာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ပြဒါးငှက်နဲ့ တာအိုသခင်ကျွယ်ရန်ကို ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဘယ်လောက်ပဲ အောင်မြင်မှုတွေရရ သူ့ရဲ့ အဓိကရည်ရွယ်ချက်နဲ့ ရန်သူတော်ကြီးတွေကိုတော့ လုံးဝ မေ့မသွားပါဘူး။
ဆယ့်နှစ်ရက် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို သိမ်းလိုက်ပြီး ဆက်လက်ကျင့်ကြံပါတယ်။
ကောင်းကင်ရုံးတော်က ဟန်ကျွယ်ကို တော်တော်လေး ဖိအားပေးနေပါတယ်။ ဟန်ကျွယ်ဟာ ဒီလိုဖိအားမျိုးကို မခံစားရတာ နှစ်အတော်ကြာခဲ့ပါပြီ။
ဒီအချိန်အတောအတွင်း ဟန်ကျွယ်ဟာ ဖန်းလျန်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲ ခေါ်လိုက်ပါတယ်။
“အထက်ဘုံမှာရှိတဲ့ ကောင်းကင်ရုံးတော်က မိစ္ဆာတွေကို ရှင်းလင်းဖို့ ပြင်ဆင်နေပြီ၊ ငါတို့ သေမျိုးကမ္ဘာကိုလည်း မိစ္ဆာတွေက ကျူးကျော်ထားတာဆိုတော့ ကောင်းကင်ရုံးတော်က ငါတို့ကို မိစ္ဆာမျိုးနွယ်စုရဲ့ လက်အောက်ခံတွေလို့ သတ်မှတ်ပြီး သေမျိုးကမ္ဘာတစ်ခုလုံးကို သုတ်သင်ပစ်လိမ့်မယ်၊ ပြီးရင် ငါတို့ရဲ့ ဝိညာဉ်တွေကို ပြန်လည်မွေးဖွားရာစက်ဝန်းထဲ ဝင်ခိုင်းလိမ့်မယ်၊ ငါ ဒီကပ်ဘေးကို ရှောင်ချင်တယ်၊ အဲဒါကြောင့် မင်းအနေနဲ့ ဒီအကြောင်းကို ကောင်းကင်အမတစံအိမ်ဆီ သတင်းပေးရမယ်၊ ပြီးရင် သူတို့ကို ကျင့်ကြံခြင်းလောကက ဂိုဏ်းတွေနဲ့ အတူတူပူးပေါင်းပြီး မိစ္ဆာတွေကို သုတ်သင်ရှင်းလင်းခိုင်းလိုက်”
“ငါ ပြောတာလို့ မပြောနဲ့၊ မြေနတ်သားက မင်းကို ပြောသွားတာဆိုပြီး ပြောလိုက်” ဟန်ကျွယ်က အလေးအနက် ပြောလိုက်ပါတယ်။
ဟန်ကျွယ်စကားကြောင့် ဖန်းလျန်ဟာ မျက်လုံးပြူးသွားပါတယ်။ ဝူတောက်ကျန့်ကလည်း မျက်လုံးဖွင့်လိုက်ပါတယ်။ ဖန်းလျန် မျက်နှာအမူအရာ လုံးဝက်ပျက်သွားပါတယ် “ဆရာဘိုးဘိုး... ဒီသတင်းက အမှန်ပဲလား၊ ကောင်းကင်ရုံးတော်က ဘယ်အချိန်ကျရင် စလှုပ်ရှားမှာလဲ”
“အများဆုံး နှစ်တစ်ထောင်ပဲ၊ မင်း သတိထားမိလား၊ ဒီအတောအတွင်းမှာ အခွင့်အရေး ရတဲ့သူတွေ အများကြီး ပေါ်လာတယ်၊ ဒီဟာက ကောင်းကင်တာအိုရဲ့ နောက်ဆုံးအချိန်မို့လို့ပဲ၊ ကောင်းကင်တာအိုက ဒီကမ္ဘာရှိတဲ့သက်ရှိတွေကို အမှီပြုပြီး သူ့ကိုယ်သူ ကာကွယ်ချင်နေတာ”
“ကျွန်တော် ကောင်းကင်အမတစံအိမ်ကို အခုချက်ချင်းပဲ သတင်းပို့လိုက်မယ်၊ ဒီသတင်းကို ဆရာဘိုးဘိုးဆီက ရတာလို့ ကျွန်တော် ဘယ်သူကိုမှ မပြောဘူး”
ဖန်းလျန်ဟာ အလောတကြီး ထွက်ခွာသွားပါတယ်။ ဝူတောက်ကျန့်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “သခင်... သခင်က အထက်ဘုံက အကြောင်းအရာတွေကို ဘယ်လိုလုပ်ပြီး သိတာလဲ”
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ငါက အထက်ဘုံနဲ့ ဆက်နွှယ်နေတယ်”
“ဘယ်လိုဆက်နွှယ်တာလဲ”
“ပြောလို့မရဘူး”
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပါဘူး။
ဝူတောက်ကျန့်ရဲ့ မျက်လုံးထဲမှာ ဟန်ကျွယ်ပုံရိပ်က တစ်ဆင့်ပိုမြင့်သွားပါတယ်။
နှစ်နှစ်ကြာပြီးနောက်။
ဖန်းလျန်ဟာ ကောင်းကင်အမတစံအိမ်ဆီက ပြန်ကြားချက်ကို လက်ခံရရှိလိုက်ပါတယ်။ ကောင်းကင်အမတစံအိမ်ဟာ ဖန်းလျန်ရဲ့သတင်းကို လက်ခံပြီး ကျင့်ကြံခြင်းလောကက ဂိုဏ်းတွေကို သတင်းစပေးပါတယ်။
သုံးနှစ်မပြည့်ခင်မှာပဲ ဟန်ကျွယ်ဆီ တာအိုသခင်ကျိုးတိ အလည်ရောက်လာပါတယ်။
တာအိုသခင်ကျိုးတိရဲ့ သွေးနဲ့ချီက နည်းနည်း ဖရိုဖရဲ ဖြစ်နေတာကို ဟန်ကျွယ် သတိထားမိလိုက်ပါတယ်။ ကြည့်ရတာ တာအိုသခင်ကျိုးတိဟာ ဒီအတောအတွင်း တော်တော်လေး အစော်ခံထားရပုံပါပဲ။
“အကြီးအကဲဟန်... ကောင်းကင်အမတစံအိမ်က လောကမှာရှိတဲ့ ဂိုဏ်းအားလုံးကို ဆင့်ခေါ်ပြီး နတ်ဆိုးလမ်းစဉ်ကို ရှင်းလင်ဖို့ ပြင်ဆင်နေတယ်၊ သူတို့ပြောတာတော့ မိစ္ဆာတွေရဲ့ ကျူးကျော်မှုကြောင့် အမတနတ်ဘုရားတွေက ကျုပ်တို့ကမ္ဘာကို မိစ္ဆာမျိုးနွယ်စုရဲ့ သေမျိုးကမ္ဘာဆိုပြီး ထင်နေကြတယ်တဲ့၊ ဒါသာအမှန်ဆိုရင် ကျုပ်တို့တွေ ကောင်းကင်ရဲ့ဒေါသကို ခံစားကြရလိမ့်မယ်၊ ရန်ဒေသရဲ့ နံပါတ်တစ် မြင့်မြတ်နယ်မြေဖြစ်တဲ့ ကျုပ်တို့ရဲ့ ယွီဂျင်ဂိုဏ်းတော်ကြီးလည်း ကောင်းကင်အမတစံအိမ်ရဲ့ ဖိတ်စာကို လက်ခံရရှိထားတယ်၊ ကျုပ်တို့တွေ ဘာလုပ်သင့်တယ်လို့ အကြီးအကဲဟန် ထင်လဲ”
တာအိုသခင်ကျိုးတိဟာ ဒီကိစ္စကြောင့် တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်နေတာပါ။ သူ့အမြင်မှာ ဒီကိစ္စက ကောင်းကင်အမတစံအိမ်ရဲ့ အကြံအစည်တစ်ခုပဲလို့ ထင်နေတာပါ။
ဟန်ကျွယ်က လေးနက်စွာ ပြောလိုက်ပါတယ် “အဲဒါအမှန်ပဲ၊ ယွီဂျင်ဂိုဏ်းတော်ကြီးက ကူညီနိုင်သလောက် ကူညီလိုက်”
သေမျိုးကမ္ဘာဟာ အထက်ဘုံက အင်အားစုကြီးဖြစ်တဲ့ ကောင်းကင်ရုံးတော်ကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ ဒါကြောင့် မိစ္ဆာမျိုးနွယ်စုကို အတက်နိုင်ဆုံး နှိမ်နင်းရုံကလွဲလို့ တစ်ခြား ရွေးချယ်စရာ မရှိတော့ပါဘူး။
တာအိုသခင်ကျိုးတိဟာ ဟန်ကျွယ်စကားကို ကြားလိုက်ရတဲ့အခါမှာ နှလုံးလှုပ်သွားပါတယ် ‘အကြီးအကဲဟန်တောင် ဒီလိုပြောနေပြီဆိုတော့ ဒါအမှန်ပဲ ဖြစ်လိမ့်မယ်’
တာအိုသခင်ကျိုးတိဟာ ဘာမှ ထပ်မပြောတော့ဘဲ အလျင်စလို ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်အမတစံအိမ်ကို ပိုပြီးတော့ အကောင်းမြင်သွားပါတယ်။ ဟန်ကျွယ် ကောင်းကင်အမတစံအိမ်က ဒီသတင်းကို ယုံကြည်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ဒီကိစ္စသာ တစ်ချို့ဝတ္ထုတွေမှာဆိုရင် သူတို့က ဒီသတင်းကို လုံးဝယုံကြည်မှု မဟုတ်ဘူး။ ဒါကြောင့် ကပ်ဘေးဖြစ်လာပြီး ဇာတ်လိုက်က ကိုယ့်အားကိုယ်ကိုးပြီး လောကကြီးကို ကယ်တင်ရမှာပါ။ ကပ်ဘေးကြီး ပြီးသွားတော့မှ လူတွေဟာ အံဩတကြီး ဖြစ်ကုန်ပြီး မြင့်မြတ်နယ်မြေတွေကလည်း သူတို့အပြုအမူအတွက် နောင်တရပြီးတော့ ဇာတ်လိုက်ကို တလေးတစား ဆက်ဆံကြမှာပါ။
“အဟွတ်.. အဟွတ်...”
ဟန်ကျွယ်ဟာ ဒီအတွေးကို တွေးမိပြီးနောက် သူတော်တော်လေး နုံအသေးကြောင်း သဘောပေါက်သွားပါတယ်။
ကောင်းကင်အမတစံအိမ်လို နာမည်ကျော်အင်အားစုက အထက်ဘုံနဲ့ အဆက်အသွယ်ရှိနေမှာ မြေကြီးလက်ခတ်မလွှဲပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်အမတစံအိမ်ကနေ ဘုံပျံတက်သွားတဲ့သူတွေက နည်းနည်းနောနော မဟုတ်လို့ပါ။ ဒီလူတွေထဲက တစ်ယောက်တစ်လေကတော့ အတိတ်ကအဖြစ်အပျက်တွေကို ပြန်ပြောင်းတွေးမိပြီး ကောင်းကင်အမတစံအိမ်ကို ကူညီကောင်း ကူညီနိုင်ပါတယ်။
မြင့်မြတ်နယ်မြေတစ်ခုအနေနဲ့ ကောင်းကင်အမတစံအိမ်ဟာ လျှို့ဝှက်ဆန်းကြယ် လူတစ်ယောက်ရဲ့ သတင်းစကားကို ဒီအတိုင်း ယုံကြည်လိုက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။
ဘာပဲဖြစ်ဖြစ် ကောင်းကင်အမတစံအိမ်နဲ့ တစ်ခြားမြင့်မြတ်နယ်မြေတွေက ဦးစီးဦးဆောင် ပြုတဲ့အတွက် ဟန်ကျွယ်ဟာ ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံအားထုတ်နိုင်ပါတယ်။ ကျင့်ကြံအားထုတ်တာအပြင် ဟန်ကျွယ်ဟာ မော့ကျူနဲ့ တစ်ခြားသူနှစ်ယောက်ကိုလည်း အာရုံစိုက်ပါတယ်။
မော့မိသားစုဝင်တွေဟာ တဖြည်းဖြည်းနဲ့ ပိုပိုပြီး စုမိလာကြပါတယ်။ မော့ဖူချိုနဲ့ တစ်ခြားသူတွေကလည်း တိုက်ခိုက်လိုစိတ် မရှိဘဲ ပုန်အောင်းဖို့ပဲ နေရာရှာကြပါတယ်။ ဒါပေမဲ့လည်း မော့ဖူချိုရဲ့ နတ်ဆိုးရောင်ဝါက ကြီးမားလွန်းတာကြောင့် လက်ယာကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုကို မကြာခဏ တွေ့ကြုံရပါတယ်။
ကိုယ်ရေးကိုယ်တာ ခံစားချက်ကြောင့် ဟန်ကျွယ်ဟာ မော့ကျူနဲ့ မော့ဖူချိုတို့ တစ်ခုခု ဖြစ်မှာကို စိုးရိမ်နေပါတယ်။ ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ သူတို့ကို တက်နိုင်သလောက် ဖျောင်းဖျခဲ့ပြီးပြီမို့ ဘာမှ မတက်နိုင်တော့ပါဘူး။ လူတိုင်းဟာ ကိုယ့်ဘဝနဲ့ကိုယ်ပဲ။
ဟန်ကျွယ်အနေနဲ့ မော့မိသားစုတစ်ခုလုံးကို ဝီရိယတောင်မှာ နေရာပေးဖို့က မဖြစ်နိုင်ပါဘူး။ ဟန်ကျွယ်သာ အဲဒီလိုလုပ်လိုက်ရင် သူ့တပည်တွေက သူတို့နဲ့ရင်းနှီးတဲ့ လူတွေကိုပါ ဝီရိယတောင်မှာ နေရာပေးဖို့ တောင်းပန်လာကြမှာပါ။
သေမျိုးကမ္ဘာမှာ ခံစားချက်မရှိတဲ့လူ တစ်ယောက်မှ မရှိသလို လူတိုင်းမှာ ဂရုစိုက်တဲ့လူ ကိုယ်စီ ရှိကြပါတယ်။
မှောင်မိုက်တဲ့ လိုဏ်ဂူတစ်ခုအတွင်း သွေးမိစ္ဆာ၊ ဆံဖြူမိစ္ဆာမယ်နဲ့ မိစ္ဆဘုန်းကြီးတို့ အတူထိုင်နေကြပါတယ်။ နတ်ဆိုးချီ အလုံးတစ်လုံးက သူတို့ကြားထဲမှာ ဝဲပျံနေပါတယ် “လက်ယာဂိုဏ်းတွေက အတူပူးပေါင်းထားတော့ နတ်ဆိုးလမ်းစဉ်တစ်ခုလုံး ဒုက္ခအကြီးအကျယ် ရောက်နေတယ်၊ ဒီအတိုင်းသာ ဆက်သွားရင် နှစ်သုံးလေးရာအတွင်းမှာ နတ်ဆိုးလမ်းစဉ်တစ်ခုလုံး ပျက်သုဉ်းသွားလိမ့်မယ်”
အေးစက်လှတဲ့အသံတစ်သံဟာ နတ်ဆိုးချီထဲကနေ ထွက်ပေါ်လာပါတယ် “ဟမ်... ဘာမှ ကြောက်စရာ မလိုဘူး၊ မကြာခင် မိစ္ဆာစစ်တွေကို ငါပို့လိုက်မယ်၊ အဲဒီအချိန်ကျရင် ကောင်းကင်အမတစံအိမ်နဲ့ လက်ယာလမ်းစဉ်တစ်ခုလုံးကို မျိုးတုံးပစ်မယ်”
စကားဆုံးတာနဲ့ နတ်ဆိုးချီဟာ လွှင့်ပါးပျောက်ကွယ်သွားပါတယ်။
မိစ္ဆာဘုန်းကြီးက မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “စီနီယာကျွယ်ရန်က ငါတို့ကို မိစ္ဆာမျိုးနွယ်စုနဲ့ မပတ်သက်ဖို့ ပြောထားတယ်မလား”
ဆံဖြူမိစ္ဆာမဟာ ခေါင်းခါလိုက်ပါတယ် “ငါတို့ကလည်း မပတ်သက်ချင်ပါဘူး၊ ဒါပေမဲ့ ငါတို့တွေ ထပ်စောင့်နေရင် သေမျိုးကမ္ဘာဆီ စီနီယာကျွယ်ရန် မဆင်းလာခင် ဂျိရှင်းရှန်လက်ထဲမှာ သေကုန်လိမ့်မယ်၊ အခုဂျိရှင်းရှန်က ငါတို့သုံးယောက်ပေါင်းတိုက်ရင်တောင် နိုင်မှာ မဟုတ်တော့ဘူး”
မိစ္ဆာဘုန်းကြီးလည်း တိတ်ဆိတ်သွားပါတယ်။
သွေးမိစ္ဆာက သက်ပြင်းချလိုက်ပါတယ် “ဟင်း... ငါတို့တွေက နယ်ရုပ်တွေ ဖြစ်လာပြီ၊ ငါတို့တွေရဲ့ ရည်မှန်းချက် မပြောနဲ့ ဒီကပ်ဘေးကို အသက်ရှင်လျက် ဖြတ်ကျော်နိုင်ရင်ပဲ တော်တော်ကောင်းနေပြီ”
“အခုနေ ငါတို့တွေ ဘုံပျံတက်ချင်ရင်တောင် ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်နိုင်တဲ့ နေရာ မရှိဘူး၊ ကောင်းကင်အမတစံအိမ်က ငါတို့ရဲ့ လှုပ်ရှားမှုတွေကို မျက်စိဒေါက်ထောက် ကြည့်နေမှာ၊ အခုအချိန်မှာ ငါတို့လုပ်နိုင်တာက မိစ္ဆာမျိုးနွယ်စုက အကူအညီယူဖို့ပဲ”
တစ်ချိန်တစ်ခါက နာမည်ကြားရုံနဲ့ လူတိုင်းကို ကြောက်လန့်စေခဲ့တဲ့ နတ်ဆိုးလမ်းစဉ်က မကောင်းဆိုးဝါးသုံးပါးဟာ အခုအချိန်မှာတော့ မဲ့ပြုံးပြုံးပြီး သက်ပြင်းချရုံသာ တက်နိုင်ပါတော့တယ်။
ဘုံပျံတက်တာက အချိန်လိုအပ်ပါတယ်။ သူတို့တွေ ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်တုန်း အလစ်အငိုက် တိုက်ခိုက်ခံရရင် သူတို့တွေ သေဆုံးဖို့က ၁၀၀ ရာခိုင်းနှုန်း သေချာပါတယ်။
သွေးမိစ္ဆာရဲ့ ဘုံပျံတက်မှုကလည်း ဝင်နှောင့်ခံရတဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။
မိစ္ဆာဘုန်းကြီးက အံကြိတ်လိုက်ပါတယ် “သေစမ်း... နတ်ဆိုးသခင် ဘုံပျံတက်သွားတာက တစ်ခုခုကို သိလို့ပဲ ဖြစ်မယ်၊ သူ ဘုပျံတက်တုန်းက ကောင်းကင်အမတစံအိမ်က ဘာမှမလုပ်ပါဘူး၊ ဘာလို့ ငါတို့ကျမှ နှောင့်ယှက်ခံနေရတာလဲ...”
နတ်ဆိုးသခင်အကြောင်း ရောက်သွားတဲ့အခါမှာ မကောင်းဆိုးဝါးသုံးပါးလုံး ဒေါသထွက်သွားကြပါတယ်။
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။