← Chapters

ကောင်းကင်ဘုံဝင် အဋ္ဌမအဆင့်၊ မိစ္ဆာစစ်၏ ကျူးကျော်မှု

Vol. 10 Ch. 147

ကောင်းကင်ဘုံဝင် အဋ္ဌမအဆင့်၊ မိစ္ဆာစစ်၏ ကျူးကျော်မှု

Vol. 10 Ch. 147

အခန်း (၁၄၇) ကောင်းကင်ဘုံဝင် အဋ္ဌမအဆင့်၊ မိစ္ဆာစစ်၏ ကျူးကျော်မှု

၁၂ နှစ် ကြာပြီးနောက်။

ဟန်ကျွယ်ဟာ ကောင်းကင်ဘုံဝင် အဋ္ဌမအဆင့်ကို ထိုးဖောက် ရောက်ရှိသွားပါတယ်။ ဖိအားရှိတာကြောင့် ဟန်ကျွယ်မှာ စိတ်ခွန်အား ရှိနေပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအလျင်ကလည်း အရင်ကထပ် ပိုမြန်လာပါတယ်။

အဆင့်တက်ပြီးနောက် ဟန်ကျွယ်ဟာ ထုံးစံအတိုင်း ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ စာအိတ်တွေကို စစ်ဆေးရင်း ကျိန်စာတိုက်ပါတော့တယ်။

[သင့်မိတ်ဆွေ ကျိုးဖန်သည် လက်ဝဲကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၇၂၉

[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် လက်ဝဲကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၁၀၃၃၂

[သင့်မြေးတပည့် မုရုံချီသည် လက်ယာကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ] x၇၈

[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် လက်ဝဲကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့၇သည်။] x၇၄၁၁၀

[သင့်မိတ်ဆွေ တာအိုသခင်ကျိုးတိသည် လက်ဝဲကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x85

[သင့်မြေးတပည့် ဖန်းလျန်သည် ကျင့်ကြံအားထုတ်ရင်း ကောင်းကင်တာအိုအား သိမြင်နားလည်သွားခဲ့သောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]

[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် နတ်အထောက်အပံ့အား လက်ခံရရှိခဲ့သည်။]

[သင့်မိတ်ဆွေ တုခူသည် မြေလျှော်အမတ၏ တိုက်ခိုက်မှုကြောင့် သေလုမြောပါး ဖြစ်နေ၏။]

အကြောင်းအရာ အကုန်လုံးနီးပါးက လက်ဝဲကျင့်ကြံသူတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ နတ်ဆိုးလမ်းစဉ်ကို လောကကို စိုးမိုးဖို့ ကြိုးစားတာ မဟုတ်တော့ဘဲ ခွေးဝဲစားတစ်ကောင်လို အမဲလိုက်ခံရတာပါ။ ဟန်ကျွယ်ဟာ သူတော်စင် မဟုတ်တဲ့အတွက် နတ်ဆိုးလမ်းစဉ်က လူတွေကို လုံးဝ မသနားပါဘူး။

လက်ယာ-လက်ဝဲ လမ်းစဉ်နှစ်ခုက ကမ္ဘာတည်သရွေ့ မတည့်နိုင်တဲ့ လမ်းစဉ်နှစ်ခုပါ။

လက်ဝဲကျင့်ကြံသူတွေ လက်ယာဂိုဏ်းကို တိုက်ခိုက်တုန်းက ဂိုဏ်းအများကြီး ပျက်သုဉ်းသွားခဲ့သလို လူပေါင်းမြောက်များစွာလည်း သေကျေပျက်စီးခဲ့ရပါတယ်။ လက်ယာလမ်းစဉ်ထဲမှာ လူဆိုးတစ်ချို့ ရှိနေနိုင်တယ်ဆိုပေမဲ့ လက်ဝဲလမ်းစဉ်ထဲမှာတော့ လက်ချိုးရေတွက်လို့ရတဲ့ လူကောင်းတစ်ချို့ပဲ ရှိနေနိုင်တာပါ။

လက်ယာ-လက်ဝဲ လမ်းစဉ်နှစ်ခု ပူးပေါင်းပြီး ကောင်းကင်ရုံးတော်ကို ခုခံဖို့ကတော့ လုံးဝမဖြစ်နိုင်တဲ့ အရာတစ်ခုပါ။

ကောင်းကင်ရုံးတော်က လက်ယာလမ်းစဉ်ဘက်မှာ အမြဲတမ်းရှိနေပြီး လက်ယာလမ်းစဉ်ရဲ့ အစ်ကိုကြီးလို့ ပြောလို့ရပါတယ်။ အခု အစ်ကိုကြီးက သူ့ညီလေးကို ရန်သူနဲ့ ပူးပေါင်းတယ်ဆိုပြီး သံသယဝင်နေတာဆိုတော့ သူ့ညီလေးက ရှင်သန်ဖို့အတွက် ရန်သူနဲ့ ပူးပေါင်းလိုက်ရင် သံသယကနေ အမှန်တရား ဖြစ်သွားပြီး ပြေးစရာမြေမရှိ ဖြစ်သွားမှာပါ။

ဒါ့အပြင် လက်ယာ-လက်ဝဲ လမ်းစဉ်နှစ်ခု ပူးပေါင်းရင်တောင် ကောင်းကင်ရုံးတော်ကို တားဆီးဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ နောက်ပြီး လက်ယာလမ်းစဉ်က လက်ဝဲလမ်းစဉ်နဲ့ ပူးပေါင်းလိုက်ရင် လက်ယာလမ်းစဉ်လို့ ခေါ်ဆိုနိုင်မှာ မဟုတ်တော့ပါဘူး။

ဟန်ကျွယ်ဟာ သူ့မျှော်လင့်ချက်တွေကို လက်ယာလမ်းစဉ်ပေါ်မှာ ပုံအပ်မထားပါဘူး။ သူ့ကိုယ်သူ စွမ်းအားကြီးမားလာအောင် ကျင့်ကြံအားထုတ်ဖို့က အမြဲတမ်းနံပါတ်တစ်ပါ။

ကောင်းကင်ရုံးတော်ကသာ သေမျိုးကမ္ဘာကို မရမက ဖျက်ဆီးမယ်ဆိုရင် ဟန်ကျွယ်အနေနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တဲ့ အင်အားရှိဖို့တော့ လိုပါတယ်။ မတက်နိုင်တဲ့အဆုံးကျရင် ဝီရိယတောင်နဲ့ ငရဲပြည်မှာ သွားပုန်းရုံပေါ့။

ဟန်ကျွယ်ဟာ တစ်ခြားနယ်ပယ်ကိုလည်း သွားလို့ရပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြန်လည်မွေးဖွားရာ ဓားအမတလမ်းစဉ်ကို ရွေးချယ်ခဲ့လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ တစ်ခြားနယ်ပယ်ကို သူတစ်ယောက်တည်း သွားနိုင်တာ ဖြစ်ပြီး ကျန်တဲ့လူတွေကို ခေါ်သွားလို့မရပါဘူး။ ဒါ့အပြင် ဟန်ကျွယ်ဟာ တစ်ခြားနယ်ပယ်တွေကို ဘာဆိုဘာမှန်း မသိတာကြောင့် ဘယ်သွားရမှန်လည်း သိမှာ မဟုတ်ပါဘူး။ ဆိုလိုချင်တာကတော့ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း ဆန်းကြယ်စွမ်းအားကို အသုံးပြုလိုက်တာနဲ့ သူ ရောက်သွားမဲ့နေရာ ကျပမ်းနေရာတစ်ခု ဖြစ်နေမှာပါ။

ဒါကြောင့် ဟန်ကျွယ်ဟာ ရွေးချယ်စရာ လုံးဝမရှိရင် တစ်ခြားနယ်ပယ်ကို လုံးဝသွားမှာ မဟုတ်ပါဘူး။ မတော်လို့ မိစ္ဆာကမ္ဘာထဲ ရောက်သွားရင် အကြီးအကျယ် ဒုက္ခရောက်မှာပါ။

ဟန်ကျွယ်ဟာ နတ်ဆိုးသူတော်စင်က ပြဿနာပေါင်း သောင်းခြောက်ထောင်ရှာပြီး ကောင်းကင်ရုံးတော်ကို အချိန်တိုအတွင်း ခေါင်းမထောင်လာနိုင်အောင် လုပ်သွားဖို့ တိတ်တဆိတ် ဆုတောင်းလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကျိန်စာတိုက်ပြီးတဲ့နောက်မှာတော့ ကြမ္မာဆိုးစာအုပ်ကို သိမ်းဆည်းလိုက်ပြီး မျက်စိမှိတ်ကာ ဆက်လက်ကျင့်ကြံပါတယ်။

ဟန်ကျွယ်မှာ ပန်းတိုင်တစ်ခုတည်း ရှိပါတယ်။ အဲဒါကတော့ ကောင်းကင်ဘုံဝင် ထိပ်ဆုံးအဆင့်ကို တက်နိုင်သလောက် မြန်မြန်ရောက်ဖို့ပါပဲ။

တစ်နှစ်ကြာပြီးနောက်။

ရင်းနှီးကျွမ်းဝင်နေတဲ့ အသံတစ်သံဟာ ဟန်ကျွယ်နားထဲ ရောက်လာပါတယ် “တာအိုရောင်းရင်းကွမ်း... ထွက်လာခဲ့ပါအုန်း၊ ငါ ဒီတစ်ခါ စိန်ခေါ်ဖို့လာတာ မဟုတ်ဘူး”

‘ဂျိရှင်းရှန်ပါလား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင်က ဘာလာလုပ်ပြန်ပြီလဲ’

ဟန်ကျွယ်ဟာ တစ်ခဏတွေးတောလိုက်ပြီး ဂျိရှင်းရှန်က သူ့ကို မတွေ့ရရင် ပြဿနာရှာမှာစိုးတဲ့အတွက် ထွက်တွေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဂျိရှင်းရှန်က အရင်တုန်းက တောအုပ်နေရာမှာပဲ တွေ့လိုက်ရပါတယ်။ မတွေ့ရတာ ကြာပြီဖြစ်တဲ့အတွက် ဂျိရှင်းရှန်ရဲ့ရောင်ဝါဟာ နဂိုကထက် နှစ်ဆကျော် ပိုအားကောင်းလာပါတယ်။

‘ဒီကောင်က လက်ဝဲကျင့်ကြံသူတွေကို နေရာတကာမှာ သတ်ဖြတ်နေတာတောင် စွမ်းအားပိုကြီးလာသေးတယ်၊ တကယ်ကို ယုတ္တိမရှိဘူး’

‘ဒီကောင့်မှာ မွန်းစတားတွေသတ်ပြီး အဆင့်တက်နိုင်တဲ့ စနစ်တစ်ခု ရှိနေတာလား၊ ငါ့စနစ်မှာရော ဘာလို့ ဒီလုပ်ဆောင်ချက် မပါရတာလဲ’

တစ်ချို့ဝတ္ထုတွေမှာ လူတွေက စနစ်ရတာနဲ့ ဘယ်နေရာသွားသွား ဘာပဲလုပ်လုပ် စွမ်းအားပိုကြီးလာကြပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကတော့ ကိုယ်တိုင်ပဲ ကြိုးကုတ်ကြိုးခဲ ကျင့်ကြံနေရပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။

ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကို အရှိန်ပြင်းစွာတောက်လောင်နေတဲ့ မီးလျှံလို မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ် “တာအိုရောင်းရင်းကွမ်း... ကောင်းကင်အမတစံအိမ်ရဲ့ အကြီးအကဲ ဖြစ်လာဖို့ ကောင်းကင်အမတစံအိမ်ကိုယ်စား ကျုပ်က ဖိတ်ခေါ်ပါတယ်”

“ခင်‌ဗျားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျုပ်ဘာသာ အေးအေးဆေးဆေး ကျင့်ကြံပါရစေ”

“ဘာဖြစ်လို့လဲ

“အိမ်ထက်ကောင်းတဲ့နေရာ တစ်နေရာမှာ မရှိဘူး”

“ဟင်...”

ဂျိရှင်းရှန်ဟာ ဟန်ကျွယ်စကားကြောင့် ကြက်သေသေသွားပါတယ် ‘ဘယ်လိုအကြောင်းပြချက်လဲဟ...’

ဂျိရှင်းရှန်က ဆက်ပြောပါတယ် “ကောင်းကင်အမတစံအိမ်က နတ်ဆိုးလမ်းစဉ် ပြုလုပ်ထားတဲ့ အရံအတားတစ်ခုကို တွေ့ထားတယ်၊ ဒီအရံအတားက တစ်ခြားကမ္ဘာတစ်ခုနဲ့ ဆက်သွယ်နေတယ်၊ ဒီဟာက မိစ္ဆာမျိုးနွယ်စု ဖြစ်ဖို့ အလားအလာ တော်တော်များတယ်၊ ပြီးခဲ့တစ်ခေါက်တုန်းကလည်း သူတို့တွေ ဖန်းတီးထားတဲ့ ကမ္ဘာတစ်ခုကို ကျုပ်တို့တွေ ရင်ဆိုင်ခဲ့ရသေးတယ်၊ ကျုပ်တောင် အဲဒီကမ္ဘာထဲ တိုက်ခိုက်ပြီး ဝင်သွားသေးတယ်၊ ခင်‌ဗျားရော မိစ္ဆာတွေကို ကျုပ်နဲ့အတူတူ တိုက်ခိုက်ဖို့ စိတ်ဝင်စားလား၊ ပုံမှန်ဆိုရင် အဲဒီလိုကမ္ဘာမျိုးမှာ မိစ္ဆာမျိုးနွယ်စုက နတ်ဆိုးလမ်းစဉ်ကို ပေးထားတဲ့ ကျင့်ကြံခြင်းရင်းမြစ်တွေ ရှိတယ်၊ ကံကောင်းရင် ခင်ဗျားလိုအပ်တဲ့ ရတနာတောင် အဲဒီမှာ ရှိချင် ရှိနေမှာ”

ဟန်ကျွယ်က တအံတဩ မေးလိုက်ပါတယ် “မိစ္ဆာမျိုးနွယ်စုက အဲဒီလောက်တောင် အားနည်းတာလဲ”

ဟန်ကျွယ်စကားကြောင့် ဂျိရှင်းရှန်ဟာ ထောင်းခနဲ ဒေါသထွက်သွားပါတယ် “မင်း ဘာပြောချင်တာလဲ”

“အဟွတ်... အဟွတ်... ကျုပ်က ခင်ဗျားတို့ ကောင်းကင်အမတစံအိမ်ကို အထင်သေးတာ မဟုတ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် မိစ္ဆာတွေက သေမျိုးတွေထက် စွမ်းအားပိုကြီးမှာပဲ၊ မဟုတ်ရင် မကောင်းဆိုးဝါးတွေက သူတို့ကို ဒီလောက်ထိ လေးစားနေမှာ မဟုတ်ဘူးမလား”

“တကယ့် မိစ္ဆာမျိုးနွယ်စုက ငရဲပြည်မှာ ပိတ်မိနေတာ၊ အပြင်ကို လွှတ်လိုက်တဲ့ မိစ္ဆာစစ်က နည်းနည်းပါးပါးပဲ ရှိတယ်၊ ကျုပ်တို့တွေ ရင်ဆိုင်ခဲ့ရတဲ့ စွမ်းအားအကြီးဆုံး မိစ္ဆာက ကောင်းကင်ဘုံဝင် နဝမအဆင့် ရှိတယ်”

“ကျုပ် မသွားဘူး၊ ခင်ဗျားအကြံ အောင်မြင်ဖို့ပါစေ”

ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး စကားဆုံးတာနဲ့ ထွက်သွားဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကို ပြန်ဆွဲပြီး မေးလိုက်ပါတယ် “ဒါနဲ့ ဖန်းလျန်က ခင်ဗျားနဲ့ ဘာတွေလဲ၊ ကျုပ် သူ့ကို ဝီရိယတောင်ပေါ်မှာ တွေ့လိုက်တယ်”

ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဘာတွေမှ မဟုတ်ပါဘူး၊ ဧည့်သည်တစ်ယောက်ပါ”

“အဲဒါဆိုကောင်းတယ်၊ ဒီကောင်လေးက အရမ်းပါရမီရှိတယ်၊ သူက ကျုပ်ထက်တောင် အရည်အချင်းရှိတယ်ဆိုပြီး တွေးနေမဲ့ကောင်လေး၊ ကျုပ် သူ့ကို သိမ်းသွင်းဖို့ ပြင်ဆင်ထားတယ်”

“အို... ကျုပ် အခုသတိရပြီ၊ ဖန်းလျန်က ကျုပ်ရဲ့ မြေးတပည့်ပဲ”

ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကို လက်သီးနဲ့ စိတ်ရှိလက်ရှိ ထိုးပစ်ချင်သွားပါတယ် ‘ဖန်းလျန်က ဒီလောက် အရည်အချင်းရှိတာ အံဩစရာ မရှိတော့ပါဘူး’

နှစ်တစ်ထောင်ကျော် အသက်ရှင်ပြီးနောက်မှာ ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကလွဲရင် ပထမဆုံးအကြိမ် ဖိအားခံစားရတာပါ။ ဒီဖိအားက စွမ်းအားကြောင့် မဟုတ်ပါဘူး၊ အရည်အချင်းကြောင့်ပါ။ ဖန်းလျန်က လျင်လျင်မြန်မြန်ပဲ ထိုးတက်လာတာကြောင့် သူ့ဆရာသခင်ကတောင် ဖန်းလျန်ကို ကူညီပေးဖို့ ဂျိရှင်းရှန်ကို မှာကြားခဲ့ပါတယ်။

“ဟမ်... ဒါဆို ကျုပ်သွားတော့မယ်၊ နှုတ်ဆက်ခဲ့တယ်”

ဂျိရှင်းရှန်ဟာ အင်္ကျီလက်ကိုခါပြီး ထွက်ခွာသွားပါတယ်။

ဟန်ကျွယ်လည်း ခေါင်းခါကာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်သွားပါတယ်။

ဖူစန်းသစ်ပင်အောက်က ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ တစ်ခြားသူတွေက ဂျိရှင်းရှန်ရဲ့ ရောင်ဝါကို မခံစားနိုင်ပေမဲ့ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကတော့ ခံစားနိုင်ပါတယ်။

‘အရမ်းစွမ်းအားကြီးတဲ့ ရောင်ဝါပါလား’

ဒီလိုစွမ်းအားကြီးတဲ့လူက ဟန်ကျွယ်ရှေ့မှာ ကလေးတစ်ယောက်လို ပြုမူနေတဲ့အတွက် ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအဆင့်ကို တော်‌တော်လေး သိချင်သွားပါတယ်။

၇ နှစ် ကြာပြီးနောက်။

ကျင့်ကြံအားထုတ်နေရင်း မသက်မသာ ဖြစ်လာတာကြောင့် ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။

‘ဘာဖြစ်တာလဲ’

‘ဘာလို့ ရုတ်တရက်ကြီး မသက်မသာ ခံစားလာရတာလဲ’

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဒီအချိန်မှာ ဝူတောက်ကျန့်လည်း မျက်လုံးပွင့်လာပါတယ်။ ဝူတောက်ကျန့်က ဟန်ကျွယ်ကို မေးလိုက်ပါတယ် “သခင်... သခင်လည်း မသက်မသာ ခံစားရတာပဲလား”

ဟန်ကျွယ်လည်း ဝူတောက်ကျန့်အမေးကြောင့် အံအားသင့်သွားပါတယ် “မင်းလည်း ခံစားရတာပဲလား၊ ဘာကို ခံစားမိလို့လဲ”

“ကျွန်မလည်း မသိဘူး၊ ဒါပေမဲ့ ရင်ထဲမှာ မွန်းကြပ်နေတယ်”

ဝူတောက်ကျန့်ရဲ့ အဖြေဟာ ဟန်ကျွယ်ကို ပိုပြီးတော့ မသက်မသာ ဖြစ်သွားစေပါတယ် ‘ကောင်းကင်ရုံးတော်က လာတိုက်တာလား၊ မြန်လှချည်လား...’

ဒီအချိန်မှာပဲ ဟန်ကျွယ်ရှေ့မှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။

[မိစ္ဆာစစ်များသည် သေမျိုးကမ္ဘာအား ကျူးကျော်လာသောကြောင့် သေမျိုးကမ္ဘာတွေ ကပ်ဘေးဆိုက်တော့မည်။ သင့်တွင် အောက်ပါ ရွေးချယ်မှုများ ရှိသည်။]

[၁။ ဂူအောင်းကျင့်ကြံရာမှ ထွက်၍ မိစ္ဆာစစ်များကို သတ်ဖြတ်ပါ။ သင့်နာမည်သည် လောကတစ်ခုလုံး ပဲ့တင်ထပ်သွားလိမ့်မည်။ ဆုလာဘ်အဖြစ် စိတ်ဝိညာဉ်ရတနာတစ်ပါးနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ရရှိမည်။]

[၂။ ဆက်လက်ကျင့်ကြံ၍ ပြဿနာနှင့် ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် ဆန်းကြယ်စွမ်းအား တစ်ပါးကို ရရှိမည်။]

‘မိစ္ဆာစစ်တေါ ကျူးကျော်လာပြီလား’

ဟန်ကျွယ်ရဲ့ မျက်မှောင်ဟာ ပိုကြုတ်သွားပါတယ်။ ကြည့်ရတာတော့ မိစ္ဆာမျိုးနွယ်စုက တစ်ခုခုလုပ်လိုက်ပုံပါပဲ။ ပြီးတဲ့အခါမှာ ဟန်ကျွယ် ပထမဆုံး စလုပ်တာကတော့ ကောင်းကင်ရုပ်သေးရုပ်ကနေ တစ်ဆင့် ရှင်းဟုန်ရွှမ်၊ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာတို့ကို ဂိုဏ်းဆီ ချက်ချင်းပြန်လာခိုင်းတာပါ။

ရှင်းဟုန်ရွှမ်တို့ သုံးယောက်လည်း ဟန်ကျွယ်က အသည်းအသန် ပြန်လာခိုင်းတဲ့အတွက် သူတို့လုပ်နေတာတွေကို ရပ်ဆိုင်ပြီး ယွီဂျင်ဂိုဏ်းတော်ကြီးဆီ ပြန်လာကြပါတယ်။

ဟန်ကျွယ်ဟာ နံပါတစ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။ ဒီမိစ္ဆာစစ်တွေက သေမျိုးကမ္ဘာကို ကပ်ဆိုက်စေမှာဆိုတော့ အားနည်းတဲ့ကောင် တစ်ကောင်မှာ ပါမှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ စွန့်စားရတာကို အမုန်းဆုံးပါ။

ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့် မရှိမချင်း စလှုပ်ရှားမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ မိုင်တစ်ရာပတ်လည်အတွင်းမှာ မိစ္ဆာစစ်ရှိနေလား သိချင်တဲ့အတွက် ချက်ချင်း စစ်ဆေးလိုက်ပါတယ်။

[လုန်ယွိရွှင်:ကောင်းကင်ဘုံဝင် နဝမအဆင့်။ မိစ္ဆာများ၏ အုပ်ချုပ်သူ။]

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters