သေမျိုးကမ္ဘာတွင် ထိပ်ဆုံး ကံတရား အထောက်အပံ့၊ မိစ္ဆာမျိုးနွယ်စု၏ နောက်ကြောင်း
Vol. 10 Ch. 148
အခန်း (၁၄၈) သေမျိုးကမ္ဘာတွင် ထိပ်ဆုံး ကံတရား အထောက်အပံ့၊ မိစ္ဆာမျိုးနွယ်စု၏ နောက်ကြောင်း
[သင်သည် ပြဿနာများနှင့် ဝေးဝေးနေ၍ ဆက်လက်ကျင့်ကြံအားထုတ်မည်ကို ရွေးချယ်ခဲ့သောကြောင့် ဆန်းကြယ်စွမ်းအား အမွေတစ်ပါးကို ဆုလာဘ်အဖြစ် ရရှိမည်။]
[ဖိတ်ခေါ်ခြင်း ဆန်းကြယ်စွမ်အားအား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ဖိတ်ခေါ်ခြင်း ပညာရပ်: အမွေဆက်ခံနိုင်သော ဆန်းကြယ်စွမ်းအားဖြစ်ပြီး အခြားသူများအား တိုက်ရိုက်ပေးအပ်နိုင်သည်။ အခြားသူများက ဖိတ်ခေါ်ခြင်းပညာရပ်အား အသုံးပြုပြီး အဝေးမှ သင့်အား ဆင့်ဆိုနိုင်သည်။ သင်သည် မူလနေရာသို့ ဖိတ်ခေါ်ခြင်းပညာရပ်ကို အသုံးပြုပြီး နှစ်နာရီအတွင်း ပြန်သွားနိုင်သည်။]
ဟန်ကျွယ်ဟာ သူ့ရှေ့မှာ ပေါ်လာတဲ့ စာကြောင်းသုံးကြောင်းကို လျစ်လျူရှုပြီး လုန်ယွိရွှင်ရဲ့ သတင်းအချက်အလက်ကိုပဲ ကြည့်လိုက်ပါတယ်။
‘မိစ္ဆာစစ်ရဲ့ အုပ်ချုပ်သူ’
‘သူက ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ရောက်လာတာလဲ’
‘သူက ငါ့ဆီကို တန်းလာတာလား၊ ဒါမှမဟုတ် တိုက်ဆိုင်တာလား’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီးတော့ ပိုပြီးတော့ ရင်ထိတ်သွားပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ လုန်ယွိရွှင်နဲ့ ချက်ချင်း တိုက်ခိုက်လိုက်ပါတယ်။
တစ်ချက်တည်း သတ်ဖြတ်ခြင်း။
ဒါပေမဲ့လည်း တိုက်ပွဲထဲမှာ လုန်ယွိရွှင် ထုတ်လွှတ်တဲ့ ရောင်ဝါက ဂျိရှင်းရှန်နဲ့ ရွှမ်ချင်းကျွင်းတို့ထက် အများကြီး အားပိုကောင်းပါတယ်။
ဟန်ကျွယ်ဟာ လုန်ယွိရွှင်ရဲ့ တည်နေရာကို စစ်ဆေးလိုက်တဲ့အခါမှာ ယွီဂျင်ဂိုဏ်းတော်ကြီးနဲ့ ၁၅ မိုင်အကွာကို ရောက်နေတာ တွေ့လိုက်ရပါတယ်။ လုန်ယွိရွှင်ဟာ တောင်ထိပ်တစ်ခုပေါ်မှာ ရပ်နေပြီး မရွေ့လျားပါဘူး။
‘ဒါက ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကို ကြောက်အောင်လုပ်ဖို့ အခွင့်ကောင်းပဲ’
ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောလိုက်ပြီးနောက် ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဆီ အသံလွှင့်ကာ စကားပြောလိုက်ပါတယ်။
တောင်ထိပ်တစ်ခုမှာ ဝတ်ရုံနက်လူတစ်ယောက်က အဝေးတစ်နေရာကို မျှော်ကြည့်နေပါတယ်။ ဒီလူရဲ့ ဆံပင်တွေက ဖြူဖွေးနေပြီး မျက်နှာက နတ်ဆိုးဆန်ပါတယ်။ သူ့မှာ မျက်ဆံနှစ်ခုရှိပြီး နှုတ်ခမ်းတွေက သွေးရောင်လို နီရဲနေပါတယ်။ နေရောက်အောက်မှာ သူ့ရုပ်ရည်က တော်တော်လေး ကြောက်ဖို့ကောင်းပါတယ်။
ဒီလူကတော့ မိစ္ဆမျိုးနွယ်စုက မိစ္ဆာစစ် လုန်ယွိရွှင်ပဲ ဖြစ်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ လုန်ယွိရွှင်ဟာ သေမျိုးကမ္ဘာကို မိစ္ဆာစစ် ဒါဇင်ကျော်ခေါ်ဆောင်ပြီး ရောက်ရှိလာတာပါ။ တစ်ခြားမိစ္ဆာစစ်တွေက ကောင်းကင်အမတစံအိမ်ရဲ့ သတင်းအချက်အလက်ကို သွားစုဆောင်းပါတယ်။ လုန်ယွီရွှင်ကိုတော့ မိစ္ဆာဘိုးဘေးက သေမျိုးကမ္ဘာရဲ့ အကြီမားဆုံး ကံတရား အထောက်အပံ့ရှိတဲ့ ဒီနေရာကို ဖျက်ဆီးဖို့ လွှတ်လိုက်တာပါ။ ဒီနေရာသာ ပျက်စီးသွားရင် သေမျိုးကမ္ဘာမှာရှိတဲ့ လူသားမျိုးနွယ်စုရဲ့ ကံတရား အထောက်အပံ့ဟာ လုံးဝကျဆင်းသွားပြီး မိစ္ဆာမျိုးနွယ်စုက သေမျိုးကမ္ဘာကို ပိုပြီးတော့ လွယ်လွယ်ကူကူနဲ့ ဝင်ရောက်လာနိုင်မှာပါ။
လုန်ယွိရွှင်ဟာ နတ်အာရုံနဲ့ ဒီနေရာကို စစ်ဆေးလိုက်တဲ့အခါမှာ ဒီနေရာမှာရှိတဲ့ ကျင့်ကြံခြင်းဂိုဏ်းက ကောင်းကင်အမတစံအိမ်လောက် အင်အားမကြီးမားတာကို တွေ့လိုက်ရပါတယ် ‘ဒီနေရာက ဘယ်လိုဖြစ်ပြီး သေမျိုးကမ္ဘာရဲ့ အကြီမားဆုံး ကံတရားအထောက်အပံ့နေရာ ဖြစ်နေရတာလဲ’
လုန်ယွိရွှင်ဟာ အကြောင်းအရင်းကို ရှာမတွေ့တဲ့အပြင် ထောင်ချောက်တစ်ခုလို့ ခံစားနေရတာကြောင့် အလျင်စလို မလှုပ်ရှားရဲပါဘူး။
ဒီအချိန်မှာပဲ လုန်ယွိရွှင်ဆီကို အသွင်တစ်ခု ရောက်လာပါတယ်။ ဒီအသွင်ကတော့ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ပဲ ဖြစ်ပါတယ်။
‘ကောင်းကင်ဘုံဝင် ဆဋ္ဌမအဆင့်ပါလား’
လုန်ယွိရွှင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဝီရိယတောင်ဟာ ဟန်ကျွယ်စနစ်ရဲ့ အရံအတားနဲ့ လွှမ်းခြုံထားတာကြောင့် လုန်ယွိရွှင် နတ်အာရုံနဲ့ စစ်ဆေးတုန်းက ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကို သတိမထားမိလိုက်ပါဘူး။
‘ငါ ထင်တဲ့အတိုင်းပဲ၊ ဒါက ထောင်ချောက်ပဲ၊ ဒီနေရာက ဘာမှမဟုတ်ပုံနဲ့ သေမျိုးကမ္ဘာတစ်ခုလုံးမှာ အန္တရာယ်အရှိဆုံးနေရာ ဖြစ်နေတာကိုး’
ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ကြီးမားတဲ့ စစ်လှံကို ထုတ်ယူလိုက်ပြီး ရက်စက်ပြုံး ပြုံးလိုက်ပါတယ် “မင်းက မိစ္ဆာစစ်လား”
အဲဒီနောက် ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ဘာမှထပ်မပြောတော့ဘဲ စစ်လှံကိုဝှေ့ယမ်းပြီး လုန်ယွိရွှင်ကို တိုက်ခိုက်လိုက်ပါတယ်။
လုန်ယွိရွှင်ဟာ ရင်ထဲမှာ ဗလောင်ဆူသွားပါတယ်။
‘ငါက မိစ္ဆာစစ်ဆိုတာကို သူက ဘယ်လိုလုပ်ပြီး သိတာလဲ’
‘မိစ္ဆာတွေရဲ့ အစီအစဉ်က ပေါ်သွားပြီလား’
လုန်ယွိရွှင်ဟာ အများကြီးတွေးဖို့ အချိန်မရှိဘဲ ခေါင်းသုံးလုံး မြွေနဂါးဘုရင်နဲ့ အမြန်တိုက်ခိုက်လိုက်ရပါတယ်။
ကောင်းကင်ဘုံဝင် ကျင့်ကြံသူနှစ်ဦးရဲ့ တိုက်ခိုက်မှုဟာ အလွန်ပြင်းထန်တာကြောင့် အသက်ရှုကြိမ် ငါးကြိမ်အတွင်းမှာ ဘေးနားပတ်ဝန်းကျင်က တောင်တွေအကုန်လုံး ပြိုကျသွားပြီး တိုက်ခိုက်သံတွေက ယွီဂျင်းဂိုဏ်းတော်ကြီးကို လန့်သွားစေပါတယ်။ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ အကြီးအကဲတွေလည်း အပြင်ကိုပျံထွက်ပြီး အဝေးတစ်နေရာကို ရင်ထိတ်စွာ လှမ်းကြည့်လိုက်ပါတယ်။
လုန်ယွိရွှင်ဟာ မိစ္ဆာစစ်အုပ်ချုပ်သူလို ခေါ်လိုက်ပါပေတယ်။ သူက တကယ့်ကို ခေါင်းသုံးလုံး မြွေနဂါးဘုရင်ထက် အင်အားပိုကြီးတာပါ။ နတ်ဆိုးချီဟာ ကောင်းကင်ယံကို ထိုးတက်သွားပြီး ငါးမိုင်ကျော်ပတ်လည်ကို လွှမ်းခြုံကာ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကို ဖိနှိပ်ပါတယ်။
အားပြင်းလှတဲ့ နတ်ဆိုးချီဟာ တိုင်ကြီးအသွင် ပြောင်းလဲပြီး ကောင်းကင်ပေါ်ကနေ ကျဆင်းလာတာကြောင့် ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ဆက်တိုက်ကို ရှောင်တိမ်းလိုက်ရပါတယ်။ ခဏလေး တိုက်ရသေးတယ်ဆိုပေမဲ့ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ သွေးအလူးလူး ဖြစ်နေပါပြီ။
“သေစမ်း”
ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ကြောက်လန့်သွားသလို ဒေါသလည်း ထွက်သွားပါတယ်။ တစ်ဖက်ရန်သူက ဒီလောက်ထိ အားကြီးလိမ့်မယ်လို့ သူ ထင်မထားခဲ့ပါဘူး။ ဒီတိုက်ပွဲက ဟန်ကျွယ်ဆီမှာ အညံခံပြီးနောက် ပထမဆုံး တိုက်ပွဲဖြစ်တာကြောင့် ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ လုံးဝ မရှုံးချင်ပါဘူး။
မြွေနဂါးဘုရင်ဟာ အော်ဟစ်လိုက်ပြီး ပုံစံစစ်ကို ပြောင်းလဲလိုက်ပါတယ်။ ခေါင်းသုံးလုံးရှိပြီး ပေထောင်ချီရှည်လျားတဲ့ မြွေနဂါး ခန္ဓာကိုယ်ဟာ မိုးမြေအကြားမှာ ထွက်ပေါ်လာပါတယ်။ ခေါင်းသုံးလုံး မြွေနဂါးရဲ့ လက်သည်းအောက်မှာ နဂါးမီးလျှံ ရှိနေသလို ကျောဘက်မှာလည်း ပေထောင်ချီရှည်လျားတဲ့ တောင်ပံတစ်စုံ ရှိနေပါတယ်။
လုန်ယွိရွှင်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘နဂါးစစ်ရဲ့ မျိုးဆက်လား’
အဲဒီနောက် လုန်ယွိရွှင်ဟာ ညာလက်ကိုမြှောက်ပြီး ဖိချလိုက်တဲ့အခါ ကောင်းကင်ယံမှာရှိတဲ့ နတ်ဆိုးချီဟာ ကျောက်တောင်လက်မည်းကြီး အသွင် ပြောင်းလဲပြီး ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကို ဖိချလိုက်ပါတယ်။
ဒီလက်ဖဝါးရှေ့မှာ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ မြွေသေးသေးလေး ဖြစ်သွားပြီး မလှုပ်နိုင်အောင် ဖိချခြင်း ခံလိုက်ရပါတယ်။
“သခင်... ကျွန်တော် မခံနိုင်တော့ဘူး” ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ချက်ချင်းပဲ အော်ဟစ်လိုက်ပါတယ်။
စိတ်ဝိညာဉ်စွမ်းအားချင်း ကွာခြားလွန်းတာကြောင့် ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ဆန်းကြယ်စွမ်းအားတွေ မန္တန်တွေကိုတောင် အသုံးမပြုနိုင်ရှာတော့ပါဘူး။
လုန်ယွိရွှင်ရဲ့ နတ်ဆိုးချီက အရမ်းပဲ ထူးဆန်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူလွှမ်းခြုံထားတဲ့ နယ်မြေအတွင်းမှာ ခေါင်းသုံးလုံး မြွေနဂါးဘုရင်က ဆန်းကြယ်စွမ်းအားကို အသုံးပြုလို့ မရလို့ပါပဲ။ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ရဲ့ လှုပ်ရှားမှုကလည်း ကျောပေါ်မှာ တောင်ကြီးတစ်တောင် ထမ်းထားရသလို နှေးကွေးသွားပါတယ်။
ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ဒီလောက်ကြောက်ဖို့ကောင်းတဲ့ ပြိုင်ဘက်ကို တစ်ခါမှာ မတွေ့ဖူးပါဘူး။ သူက အရမ်းစွမ်းအားကြီးတယ်ဆိုပေမဲ့ တစ်ဖက်လူရဲ့ အမြင်မှာ ခုခံဖို့တောင် မတက်နိုင်တဲ့ ကလေးတစ်ယောက်လို ဖြစ်နေရပါတယ်။ တည့်တည့်ပြောရရင်တော့ ခေါင်းသုံးလုံး မြွေနဂါးဘုရင် မဟုတ်ဘဲ ရေမြွေတစ်ကောင် ဖြစ်သွားတာပါ။
‘တစ်ခြားလူတွေလည်း ရှိသေးတာလား’
“ဝှစ်..ဝှစ်...”
အားကောင်းတဲ့ လေပြင်းတစ်ခုဟာ ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်ယံကို လွှမ်းမိုးထားတဲ့ နတ်ဆိုးချီတွေကို အလွန်လျင်မြန်စွာ ဖယ်ရှားပစ်လိုက်ပါတယ်။ ဒီအဖြစ်ကြောင့် လုန်ယွိရွှင်ဟာ မျက်လုံးပြူးသွားပြီး လှည့်ကြည့်လိုက်တဲ့အခါမှာ လျင်မြန်စွာ ပျံသန်းလာတဲ့ အသွင်တစ်ခုကို တွေ့လိုက်ရပါတယ်။
ဒီအသွင်ကတော့ ဟန်ကျွယ်ပဲ ဖြစ်ပါတယ်။
လုန်ယွိရွှင်ရဲ့ ဝိညာဉ်ဟာ တုန်လှုပ်သွားပြီး အလွန်ကြောက်မက်ဖို့ကောင်းတဲ့ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရတာကြောင့် သစ်သားနက်ဓားကို အလိုလို ထုတ်ယူမိသွားပြီး ဟန်ကျွယ်ဆီ ဝှေ့ယမ်းလိုက်ပါတယ်။
သစ်သားနက်ဓား ထွက်ပေါ်လာတဲ့အချိန်မှာပဲ ဟန်ကျွယ်က လက်ချောင်းမြှောက်ပြီး ဓားချီကို ပစ်လွှတ်လိုက်ပါတယ်။
မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း။
လုန်ယွိရွှင်ဟာ ဟန်ကျွယ်ရဲ့ ဓားချီကို ဘယ်လိုမှ မခုခံနိုင်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး ပျက်သုဉ်းသွားပါတယ်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဟန်ကျွယ်ဟာ လုန်ယွိရွှင်ရဲ့ ဝိညာဉ်ကို လက်ဖဝါးထဲ စုပ်ယူလိုက်ပါတယ်။ လုန်ယွိရွှင်ရဲ့ ဝိညာဉ်ကိုလိုချင်လို့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်လာတာ ဖြစ်ပါတယ်။ မဟုတ်လို့ကတော့ ဝီရိယတောင်ကနေပဲ ဓားချီပစ်လွှတ်လိုက်မှာပါ။
ဒီလိုနဲ့ မိစ္ဆာစစ်အုပ်ချုပ်သူ လုန်ယွိရွှင်တစ်ယောက် သေဆုံးသွားပါတယ်။
လုန်ယွိရွှင် သေဆုံးသွားတာကြောင့် နတ်ဆိုးချီတွေလည်း လွှင့်ပါးပျောက်ကွယ်သွားပါတယ်။
ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကို ဖိနှိပ်ထားတဲ့ ကျောက်တောင်လက်မည်းကြီးလည်း ပျောက်ကွယ်သွားပါတယ်။ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကတော့ သူ့ရဲ့ အလွန်ကြီးမားတဲ့ မျက်လုံးတွေနဲ့ ဟန်ကျွယ်ကို အံဩတကြီး စိုက်ကြည့်နေပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကို တစ်ချက်ကြည့်လိုက်ပြီး နေရာမှာတင် ပျောက်ကွယ်သွားပါတယ်။ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ အလွန်ရှက်သွားပြီး တွင်းနက်နက်တူးကာ နှစ်တစ်သောင်းလောက် ထပ်အိပ်ချင်သွားပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ပြန်ရောက်သွားတဲ့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[ခေါင်းသုံးလုံး မြွေနဂါးဘုရင်သည် သင့်အပေါ် အကောင်းမြင်စိတ် တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်လေးပွင့်ခွဲ။]
ဟန်ကျွယ်ဟာ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကို စိတ်ထဲက ထုတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ခုတင်ပေါ်မှာထိုင်ပြီး ညာလက်ကို ဖြန့်လိုက်တဲ့အခါ လုန်ယွိရွှင်ဝိညာဉ် ပေါ်လာပါတယ်။ လမ်းခြောက်သွယ် စိတ်ဝိညာဉ်စွမ်းအားအောက်မှာ လုန်ယွိရွှင်ဟာ ထွက်မပြေးနိုင်ပါဘူး။
လုန်ယွိရွှင်ဟာ ဟန်ကျွယ်ကို ကြောက်လန့်တကြားကြည့်ပြီး မေးလိုက်ပါတယ် “ခင်ဗျားက အမတလား”
‘သေမျိုးတစ်ယောက်က ဒီလောက်ထိ စွမ်းအား မကြီးနိုင်ဘူး’
ဟန်ကျွယ်က မျက်နှာသေနဲ့ မေးလိုက်ပါတယ် “မင်းက ဒီနေရာကို ဘာလာလုပ်တာလဲ”
လုန်ယွိရွှင်ဟာ အံကြိတ်ပြီး ဖြေလိုက်ပါတယ် “ကျွန်တော်က ဒီနေရာကို ဖြတ်သွားတာပဲ၊ အမတကို နှောင့်ယှက်ဖို့ မရည်ရွယ်ပါဘူး”
လုန်ယွိရွှင်ရဲ့ စကားအဆုံးမှာပဲ ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်အာရုံက သူ့ဝိညာဉ်ကို တိုက်ခိုက်တာကြောင့် လုန်ယွိရွှင် နာကျင်စွာအော်ဟစ်လုနီး ဖြစ်သွားပါတယ်။
“သေမျိုးကမ္ဘာရဲ့ အကြီးမားဆုံး ကံတရား အထောက်အပံ့ဖြစ်တဲ့ ဒီနေရာကို ဖျက်ဆီးဖို့ ကျွန်တော့်ကို တစ်ယောက်ယောက် လွှတ်လိုက်တာပါ၊ ကျွန်တော်လည်း သေမှာကြောက်ပါတယ်၊ ကျေးဇူပြုပြီး ကျွန်တာ့်အသက်ကို ချမ်းသာပေးပါ အမတ”
“မင်းကို ဘယ်သူလွှတ်လိုက်တာလဲ”
“မိစ္ဆာ... ဘိုးဘေး...”
“မိစ္ဆာဘိုးဘေးလား၊ အစီအစဉ်က ဘာလဲ”
“လူသားမျိုးနွယ်စုကို မျိုးတုံးဖို့ပါ”
“သူက မင်းကိုလွှတ်လိုက်တာလား၊ မိစ္ဆာတွေက ဒီလောက်တောင် အားနည်းသွားပြီလား”
လုန်ယွိရွှင်ဟာ အစော်ကားခံရသလို ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ ခေါင်းငုံ့ရုံကလွဲပြီး ဘာမှမတက်နိုင်ပါဘူး။ လုန်ယွိရွှင်ဟာ စောစောစီးစီး မသေချင်သေးပါဘူး။
လုန်ယွိရွှင်ဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မဟာကပ်ဘေးမှာ မိစ္ဆာစစ်တွေ ရှုံးနိမ့်ခဲ့လို့ ပြန်လည်မွေးဖွာရာ လမ်းခြောက်သွယ်ထဲမှာ ချိပ်ပိတ်ခံခဲ့ရတယ်၊ ကျွန်တော်တို့ မိစ္ဆာစစ်တွေက မိစ္ဆာမျိုးနွယ်စုရဲ့ ကြိုးကြိုးစားစား ရှာဖွေထားတဲ့ ရလဒ်ပါ၊ မိစ္ဆာဘိုးဘေးက မေ့လျော့ခြင်းတံတားမှာရှိတဲ့ သရဲတွေကို လှည့်ဖြားပြီး ပြန်လည်မမွေးဖွားချင်တဲ့ သရဲတွေကို မိစ္ဆာကျင့်ကြံသူဖြစ်အောင် လုပ်တယ်၊ ပြီးရင် သူတို့ကို မိစ္ဆာဖြစ်လာတဲ့အထိ ကျင့်ကြံအားထုတ်စေတယ်”
“သေမျိုးကမ္ဘာမှာ သူ့စည်းနဲ့သူ ရှိတယ်၊ ကောင်းကင်ဘုံဝင်အဆင့်ထက် မြင်တဲ့သူက သေမျိုးကမ္ဘာထက် ဝင်လာမယ်ဆိုရင် ကောင်းကင်ဥပဒေကို လန့်သွားစေလိမ့်မယ်၊ ဒါဆိုရင် ကောင်းကင်ရုံးတော်၊ ရှန်နန်းတော်နဲ့ ဗုဒ္ဓဂိုဏ်းကတောင် အမျက်ထွက်သွားလိမ့်မယ်၊ အဲဒါကြောင့် မိစ္ဆာဘိုးဘေးက ကောင်းကင်ဘုံဝင် နဝမအဆင့်ရှိတဲ့ မိစ္ဆာစစ်တွေကိုပဲ သေမျိုးကမ္ဘာဆီ စေလွှတ်နိုင်တာ”
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး ခေါင်းထဲကို မေးခွန်းတစ်ခု ဝင်လာပါတယ် ‘မိစ္ဆာမျိုးနွယ်စုနဲ့ ငရဲပြည်မှာ ကောင်းကင်လွှဲကျောက်တုံးတွေ လုံးဝမရှိတာလား’
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။