← Chapters

အခန်း ၁၃၄၁

Vol. 90 Ch. 1341

အခန်း ၁၃၄၁

Vol. 90 Ch. 1341

အခန်း (၁၃၄၁) ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော ဘေးဒုက္ခကို မထီမဲ့မြင်ပြုကာ လျစ်လျူရှုခြင်း

"မင်းပြောတာက ပိုင်လီရှောက်ကွမ်း၊ ကျင်းဟောင်ရန်နဲ့ ကျန်ကျားလျန်တို့ကို ပြောတာမလား"

အဖြူရောင် ပန်းပွင့်ကို ပန်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားက ဝမ်းသာအားရ ရယ်မောလိုက်ရာ သူ့ ရယ်မောသံမှာ ပို၍ နက်ရှိုင်းသွားလေသည်။

"အဲ့ဒီ အရူးသုံးကောင်လေ... သူတို့ ခေါင်းထဲမှာ ဘယ်လို ကောက်ကျစ်တဲ့ အတွေးတွေ ဝင်နေလဲ မသိပါဘူး၊ အရှင်မင်းကြီးနဲ့ နိုင်ငံတော် ဆရာသခင်ကြီးရဲ့ ဆုံးဖြတ်ချက်တွေကိုတောင် ရဲရဲဝံ့ဝံ့ မေးခွန်းထုတ်ရဲကြတယ်၊ ပြီးတော့ အခုထိကို ခေါင်းမာပြီး ဆန့်ကျင်နေကြတုန်းပဲ၊ အခုတော့ သူတို့ရဲ့ သက်ဆိုင်ရာ မိသားစု ခေါင်းဆောင်တွေက သူတို့ကို ဖမ်းဆီးထားလိုက်ပြီ၊ ဒီည ပွဲတော်ကတော့ သူတို့ လူလုံးရှေ့ ထွက်ပြီး တောင်းပန်ရမယ့်ပွဲ ဖြစ်လာလိမ့်မယ်လို့ ငါ လောင်းရဲတယ်"

"ကျွတ်... ကျွတ်... သေလမ်းကို ရှာနေတဲ့ အရူးတွေပဲ၊ ဒီပြဿနာကြောင့် သူတို့ မိသားစုတွေတော့ လုံးဝကို အကြံအိုက်ပြီး ရူးချင်ယောင် ဆောင်နေရလောက်ပြီလို့ ငါ လောင်းတယ်"

တစ်စုံတစ်ယောက်က လှောင်ပြောင်သရော်သည့် လေသံဖြင့် ရယ်မောလိုက်လေသည်။ လူအုပ်ကြီးက လွတ်လွတ်လပ်လပ် စကားစမြည် ပြောဆိုနေကြစဉ်မှာပင် ဝင်ပေါက်ဆီမှ ဆူညံသော အသံတစ်ခု ထွက်ပေါ်လာလေသည်။

လူအုပ်ကြီးသည် အလိုအလျောက်ပင် ဘေးတစ်ဖက်တစ်ချက်စီသို့ ဖယ်ပေးလိုက်ကြသည်။ စုဝေးနေကြသော မှူးမတ်များနှင့် အထက်တန်းလွှာများ အားလုံးသည် တိတ်ဆိတ်သွားကြပြီး သူတို့၏ အကြည့်များကို တံခါးပေါက်ဆီသို့ မော့ကြည့်လိုက်ကြလေသည်။

တိကျသော ခြေလှမ်း အစီအစဉ်ဖြင့် လျှောက်လှမ်းလာသော အစောင့်အရှောက်အဖွဲ့ တစ်ဖွဲ့က ရှေ့ပြေးအဖြစ် ဦးစွာ ထွက်ပေါ်လာသည်။ သူတို့၏ နောက်တွင် ခမ်းနားတောက်ပသော ပွဲတက်ဝတ်စုံများကို ဝတ်ဆင်ထားသည့် မိန်းမစိုးများနှင့် အစေခံ မိန်းကလေးများ လိုက်ပါလာကြသည်။ သူတို့ ဧည့်ခန်းမကြီး အတွင်းသို့ ဝင်ရောက်လာပြီးနောက်မှသာ တော်ဝင် ဝတ်ရုံကို ဝတ်ဆင်ထားသော အသက်အရွယ်ရနေပြီဖြစ်သည့် ဝဖြိုးသော ပုံရိပ်တစ်ခုသည် ဖြည်းညင်းစွာ လျှောက်လှမ်း ထွက်ပေါ်လာလေသည်။

ဤအသက်အရွယ်ရနေပြီဖြစ်သော အမျိုးသားကို မြင်သောအခါ တက်ရောက်လာသူ အားလုံးသည် တစ်ပြိုင်နက်တည်း ဦးညွှတ်လိုက်ကြသည်။

"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ နိုင်ငံတော် ဆရာသခင်ကြီးကို ဂါရဝပြုပါတယ်"

အသစ်ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲ ကျင်းနိုင်ငံ၏ အရှင်သခင် ကျင်းဟန်ဟိုင်ပင် ဖြစ်လေသည်။ သူ၏ ဘေးတွင် အနက်ရောင် ဝတ်ရုံကို လွှမ်းခြုံထားသော အမျိုးသားတစ်ဦးရပ်နေပြီး သူ့ မျက်နှာမှာ သေသူတစ်ဦးကဲ့သို့ ဖြူလျော့နေကာ သူ၏ ဟန်ပန်အမူအရာက မောက်မာထောင်လွှားမှုနှင့် မထီမဲ့မြင်ပြုမှုများကို ဖြာထွက်နေစေသည်။

ဤသူမှာ ကျင်းနိုင်ငံ၏ လက်ရှိ နိုင်ငံတော် ဆရာသခင်ကြီး၊ ကျင်းဟန်ဟိုင်၏ အယုံကြည်ရဆုံးသော လူယုံတော်ဖြသ်ကာ ချင်းမို့ဟု လူသိများပြီး သန့်စင်နယ်ပယ်ကြီးနှင့် တိုက်ရိုက် ဆက်သွယ်နိုင်စွမ်းရှိသည်ဟု နာမည်ကြီးနေသူပင် ဖြစ်လေသည်။

သူတို့ ရောက်ရှိလာမှုက ခန်းမအတွင်းရှိ လေထုကို ချက်ချင်းပင် လှုပ်ရှား သက်ဝင်သွားစေလေသည်။ ကျင်းဟန်ဟိုင်၏ ခန္ဓာကိုယ်မှာ ကြီးမားထွားကျိုင်းသော်လည်း နှစ်ပေါင်းများစွာ စည်းစိမ်ယစ်မူးခဲ့မှုများက သူ့ကို အားနည်း ချည့်နဲ့သွားစေခဲ့သည်။ ခြေလှမ်း အနည်းငယ်မျှ လှမ်းပြီးသည်နှင့် သူသည် သိသာထင်ရှားစွာ အမောတကော ဖြစ်နေသည်။

ဆွဲငင်အားကို အံတုနေသည့်အလား စိမ့်ချမ်းဖွယ်ကောင်းသော ကျက်သရေရှိရှိဖြင့် လွင့်မျောနေသော ချင်းမို့ကို ကြည့်ရင်း ကျင်းဟန်ဟိုင်သည် သူ၏ မျက်လုံးများထဲရှိ မနာလို အားကျမှုများကို မဖုံးကွယ်နိုင်ခဲ့ပေ။

"အာ... ငါသာ နိုင်ငံတော် ဆရာသခင်ကြီးလို သက်တောင့်သက်သာနဲ့ လွတ်လွတ်လပ်လပ် သွားလာနိုင်မယ်ဆိုရင် ဘယ်လောက်တောင် ကောင်းတဲ့ ဘဝကြီး ဖြစ်လိုက်မလဲ"

ချင်းမို့က ချိန်ဆထားသော ရယ်မောသံဖြင့် ရယ်လိုက်သော်လည်း သူ၏ အပြုံးတွင် အလွန် သိသာထင်ရှားသော အေးစက်မှုတစ်ခု ပါဝင်နေသည်။

"အရှင်မင်းကြီးက ကျွန်တော့်ကို မြှောက်ပင့်လွန်းနေပါပြီ၊ အရှင်မင်းကြီးရဲ့ မွေးရာပါ ပါရမီတွေနဲ့ဆိုရင် တစ္ဆေ ဆရာသခင် တစ်ယောက်အဖြစ် အောင်မြင်မှုရဖို့ဆိုတာ လုံးဝကို လက်လှမ်းမီနိုင်တဲ့ အရာပါပဲ"

ကျင်းဟန်ဟိုင်၏ မျက်လုံးများ တောက်ပသွားလေသည်။

"ဆရာသခင်ကြီး ပြောတာ တကယ်လား"

ချင်းမို့သည် အသံထွက်၍ ရယ်မောလိုက်လေသည်။

"ကျွန်တော် အရှင်မင်းကြီးကို လိမ်ဖူးလို့လား၊ ပြီးတော့..."

ချင်းမို့သည် အနားသို့ တိုးကပ်သွားပြီး သူ၏ အသံမှာ လျှို့ဝှက်ကြံစည်သည့် တိုးတိုး တိတ်တိတ် လေသံသို့ ပြောင်းလဲသွားရသည်။

"အခုအချိန်မှာ အရှင်မင်းကြီးက ဘဝရဲ့ အကောင်းဆုံး အချိန်မှာ ရှိနေတာပဲ၊ လောကီ စည်းစိမ်တွေကို အပြည့်အဝ မခံစားရစရာ အကြောင်းမှမရှိတာ၊ အရှင်မင်းကြီးရဲ့ ရုပ်ခန္ဓာကြီး လုံးဝ ယိုယွင်းပျက်စီးသွားတဲ့ အချိန်ကျရင် ပြီးပြည့်စုံတဲ့ ဝိညာဉ်တစ်ခုအဖြစ် တက်လှမ်းနိုင်အောင် ကျွန်တော် ကူညီပေးပါ့မယ်"

ကျင်းဟန်ဟိုင် မျက်နှာပေါ်တွင် ဝမ်းမြောက်ဝမ်းသာ အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။

"ကောင်းပြီ... ငါ့ရဲ့ နိုင်ငံတော် ဆရာသခင်ကြီးပီပီပဲ မင်းက ငါ့ကို အပြည့်အဝ နားလည်ပေးနိုင်တာပဲ"

ထိုသို့ပြောရင်း ကျင်းဟန်ဟိုင်သည် ချင်းမို့ ပခုံးကို ထူးထူးခြားခြား ရင်းနှီးကျွမ်းဝင်စွာဖြင့် ပုတ်လိုက်သည်။ ဤပြောဆိုဆက်ဆံမှုကို မြင်တွေ့လိုက်ရသောအခါ စုဝေးနေကြသော မှူးမတ်များသည် သူတို့၏ ရင်ထဲတွင် တုန်လှုပ်သွားကြပြီး ချင်းမို့အပေါ်သို့ မြှောက်ပင့် ချီးကျူးစကားများကို အလျင်အမြန်ပင် အဆက်မပြတ် ရွာချကြတော့သည်။

ချင်းမို့က အေးစက်သော အပြုံးတစ်ခုမှလွဲ၍ မည်သို့မျှ တုံ့ပြန်ခြင်းမရှိဘဲ တိတ်ဆိတ်စွာနေသည်။ ထို့နောက် ကျင်းဟန်ဟိုင်ဘက်သို့လှည့်ကာ ပြောသည်။

"အရှင်မင်းကြီး... ဒီနေ့က အောင်ပွဲခံ ပွဲတော် ဖြစ်နေတော့ ပိုင်လီမိသားစု၊ ကျင်းမိသားစုနဲ့ ကျန်မိသားစုတွေရဲ့ ကိစ္စကို အရင် ဖြေရှင်းလိုက်ရင် မကောင်းဘူးလား"

ချင်းမို့ အကြံပြုချက်ကြောင့် ကျင်းဟန်ဟိုင်သည် ခေတ္တမျှ တွေဝေသွားသော်လည်း သဘောတူစွာ ခေါင်းညိတ်လိုက်လေသည်။

"မင်းပြောတာ မှန်တယ် ဆရာသခင်ကြီး၊ အဲ့ဒီ သုံးယောက်က အရမ်းကို မောက်မာလွန်းနေကြတာ"

အောက်တွင် ရပ်နေကြသော မိသားစု ခေါင်းဆောင် သုံးဦးစလုံးမှာ သိသိသာသာပင် တွန့်ဆုတ်သွားကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ အလွန်အမင်း ညှိုးနွမ်းသွားကြသည်။

ကျင်းဟန်ဟိုင်က သူတို့ဘက်သို့ လှည့်ကာ ပြတ်သားစွာ ပြောသည်။

"မင်းတို့ မကြားဘူးလား၊ မင်းတို့ရဲ့ ပုန်ကန်တတ်တဲ့ သားသမီးတွေကို အခုချက်ချင်း ခေါ်လာခဲ့စမ်း၊ မင်းတို့က ငါ့ကို တကယ် စိတ်ပျက်အောင် လုပ်တာပဲ"

"မှန်လှပါ အရှင်မင်းကြီး"

မိသားစု ခေါင်းဆောင်များသည် သူ့ကို မဆန့်ကျင်ဝံ့ကြဘဲ ခါးသီးသော အမူအရာများ မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်နေလျက် အမိန့်ကို နာခံကာ ဦးညွှတ်လိုက်ကြလေသည်။

မကြာမီမှာပင် အလေးချိန်စီးသော ကြိုးတုတ်များဖြင့် ချည်နှောင်ခံထားရသည့် ပိုင်လီရှောက်ကွမ်း၊ ကျင်းဟောင်ရန်နှင့် ကျန်ကျားလျန်တို့ကို ခန်းမအတွင်းသို့ ခေါ်ဆောင်လာခဲ့ကြသည်။

ထိုသုံးဦး၏ ခန္ဓာကိုယ်များတွင် သိသာထင်ရှားသော ဒဏ်ရာများကို မြင်တွေ့နေရပြီး သူတို့၏ စိတ်ဝိညာဉ်များမှာလည်း သိသိသာသာပင် ထိခိုက်ကြေမွနေပုံရသည်။ သို့တိုင်အောင် ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် သူတို့၏ မျက်နှာအမူအရာများက မည်သည့် အကြောက်တရားကိုမျှ ပြသနေခြင်း မရှိချေ။ သူတို့မျက်လုံးများက ပြတ်သားနေပြီး ရှေ့သို့ ခေါ်ဆောင်လာခံရသောအခါ သူတို့သည် မားမားမတ်မတ်ရပ်နေကာ ဒူးထောက်ရန် ငြင်းဆန်ခဲ့ကြလေသည်။

ထိုမြင်ကွင်းက ကြည့်ရှုနေသူများကြားတွင် တိတ်ဆိတ်သော မငြိမ်မသက်မှု လှိုင်းတံပိုးတစ်ခုကို ဖြစ်ပေါ်စေခဲ့လေသည်။

"ဒီသုံးယောက်က ဘာဖြစ်နေကြတာလဲ၊ သူတို့က... တစ်နည်းနည်းနဲ့ ကွဲပြားနေသလိုပဲ"

"တကယ်ပဲ... သူတို့ ပြန်ရောက်လာကတည်းက သူတို့က ထူးထူးဆန်းဆန်းတွေ လုပ်နေကြတာ၊ နိုင်ငံတော် ဆရာသခင်ကြီးရဲ့ ဆုံးဖြတ်ချက်တွေကို ပေါ်တင် ဆန့်ကျင်ရဲတဲ့အထိ ရဲတင်းနေကြပြီး အခုလည်း ကျင်းနိုင်ငံကို ကယ်တင်မယ် ဆိုတာတွေ လျှောက်ပြောနေကြတယ်၊ ဘယ်လောက်တောင် ရူးမိုက်လိုက်လဲ"

ထိုတီးတိုးပြောဆိုသံများကြားတွင် ကျင်းဟန်ဟိုင်၏ မျက်နှာသည် ပြာနှမ်းသွား၏။ သူသည် စားပွဲပေါ်သို့ လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။

"သိပ်ကို ရဲတင်းလွန်းနေပါလား"

ရှေ့ဆုံးတွင် ရပ်နေသော ပိုင်လီရှောက်ကွမ်းက တုံ့ပြန်သည့်အနေဖြင့် အေးစက်စွာ နှာမှုတ်သည်။

"ကျွန်မတို့ ဘယ်လောက်ပဲ ရဲတင်းရဲတင်း ရှင့်ရဲ့ ရဲတင်းမှုနဲ့ ယှဉ်လိုက်ရင်တော့ ဘာမှ မဟုတ်တော့ပါဘူး"

"ရိုင်းစိုင်းလိုက်တာ"

ပိုင်လီမိသားစု၏ ခေါင်းဆောင်၊ ပိုင်လီရှောက်ကွမ်း ဖခင်ဖြစ်သူသည် အကြောက်တရားကြောင့် မျက်နှာ ဖြူလျော့သွားပြီး သူမကို အလျင်အမြန် ကြိမ်းမောင်းလိုက်လေသည်။ ထို့နောက် ကျင်းဟန်ဟိုင်ဘက်သို့ လှည့်ကာ ဒူး‌ထောက်၍ တောင်းပန်သည်။

"အရှင်မင်းကြီး... ကျွန်တော့်ရဲ့ သမီးက ရူးသွပ်မှု ဖုံးလွှမ်းသွားပြီး အဓိပ္ပာယ်မရှိတာတွေကို တရစပ် လျှောက်ပြောနေတာပါ၊ သူမရဲ့ စကားတွေကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်"

"ရူးသွပ်မှုလား၊ ရူးနေတာက ခင်ဗျားတို့ပဲ"

နောက်ဘက်မှ ကျင်းဟောင်ရန်က လှောင်ပြောင်သည့် အပြုံးဖြင့် ပြန်လည် ချေပလိုက်သည်။

"မှန်တာပေါ့၊ ငါတို့ လုပ်ရပ်တွေက ကျင်းနိုင်ငံကို ကယ်တင်ဖို့အတွက်ပဲ၊ ဒါပေမဲ့ မင်းတို့က အဲ့ဒီ ဘီလူးသရဲကြီးရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရပြီး ငါတို့အားလုံးကို ပျက်စီးစေမယ့် ရက်စက်ကြမ်းကြုတ်တဲ့ အလုပ်တွေကို ကျူးလွန်ခဲ့ကြတယ်၊ အခုတော့ မင်းတို့ အချိန်တန်တဲ့အခါ နာကျင်မှုမရှိဘဲ သေဆုံးရဖို့အတွက် ဆုတောင်းနေတာ အကောင်းဆုံးပဲ"

ကျန်ကျားလျန်က အေးစက်စွာ ဖြည့်စွက် ပြောသည်။ သူတို့၏ စကားများက ပေါက်ကွဲမှုတစ်ခုကဲ့သို့ ရိုက်ခတ်သွားပြီး ခန်းမတစ်ခုလုံးတွင် ဒေါသတကြီး ပေါက်ကွဲသံများ ထွက်ပေါ်လာစေခဲ့သည်။

အထူးသဖြင့် ကျင်းဟန်ဟိုင်မှာ အလွန်တရာ ဒေါသထွက်လွန်းသဖြင့် သူ၏ ဖောင်းအစ်နေသော မျက်နှာကြီးမှာ ပြင်းထန်စွာ တုန်ခါနေသည်။

"တော်ကြတော့... ဘယ်လောက်တောင် ရွံစရာကောင်းအောင် ရိုင်းစိုင်းလိုက်သလဲ၊ မင်းတို့က သေမင်းနဲ့ ရင်ဆိုင်နေရတာတောင်မှ အာခံနေကြတုန်းပဲ၊ အစောင့်တွေ... သူတို့ကို အခုချက်ချင်း ကွပ်မျက်လိုက်စမ်း"

သူ့ ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ ကျင်းဟန်ဟိုင်သည် မိသားစု သုံးစုအပေါ် ထားရှိသော ယဉ်ကျေးမှု အရိပ်အယောင် အားလုံးကို စွန့်လွှတ်လိုက်သည်။ မိသားစု ခေါင်းဆောင်များ၏ မျက်နှာများမှာ ပို၍ မှောင်မိုက်သွားကြပြီး မည်သို့ တုံ့ပြန်ရမည်ကို လုံးဝမသိတော့ဘဲ ဆွံ့အသွားကြသည်။

ထိုအချိန်မှာပင် ချင်းမို့က ဝင်ရောက်စွက်ဖက်ကာ ကျင်းဟန်ဟိုင်ကို တားဆီးသည်။

"အရှင်မင်းကြီး... ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါဦး"

ထို့နောက် သူသည် အေးစက်သော အကြည့်များကို ဖမ်းဆီးခံထားရသူ သုံးဦးထံသို့ လှည့်လိုက်လေသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လှောင်ပြောင်လာသည်။

"မင်းတို့ရဲ့ စကားတွေအရဆိုရင် မင်းတို့ရဲ့ စွပ်စွဲချက်တွေက ငါ့ကို ရည်ရွယ်နေတာလို့ ငါ မှတ်ယူရမလား"

"မှန်တာပေါ့၊ ရှင်ပဲလေ၊ ကြောက်စရာကောင်းတဲ့ ဘီလူးသရဲကြီးရဲ့၊ ပြီးတော့ ရှင့်ရဲ့ အကြီးမားဆုံး အမှားနဲ့ ခွင့်လွှတ်လို့မရနိုင်တဲ့ ပြစ်မှုက နတ်ဆိုးချိတ်ပိတ်မြို့ကို ဖျက်ဆီးပြီး အဲ့ဒီက လူအားလုံးကို သတ်ပစ်ခဲ့တာပဲ၊ ရှင့်ရဲ့ လုပ်ရပ်တွေက ကျင်းနိုင်ငံအပေါ်ကို ဘယ်လို ဘေးဒုက္ခမျိုး ဖိတ်ခေါ်လိုက်တယ်ဆိုတာကို ရှင် နားလည်ရဲ့လား"

ပိုင်လီရှောက်ကွမ်းက သူ့ကို ဒေါသတကြီး ကြိမ်းမောင်းလာသည်။ သူမ စကားက ခန်းမအတွင်း၌ အံ့အားသင့်ကာ တိတ်ဆိတ်သွားမှု တစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီးနောက် ဆူညံသော ရယ်မောသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

"ဘာအတွက်လဲ၊ တန်ဖိုးမရှိတဲ့ တောသားအုပ်စု တစ်စုအတွက်လား"

တစ်စုံတစ်ယောက်က လှောင်ပြောင်လိုက်လေသည်။

"တကယ်တော့ နတ်ဆိုးချိတ်ပိတ်မြို့ကို ရှင်းလင်းတဲ့အထဲမှာ ငါကိုယ်တိုင်လည်း ပါဝင်ခဲ့တယ်၊ ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်လဲ၊ အဲ့ဒီ အကောင်တွေက အံ့သြစရာကောင်းလောက်အောင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိကြတယ်၊ ဒါပေမဲ့ သူတို့ ပိုပြီး ပြင်းပြင်းထန်ထန် ခုခံလေလေ ငါ ပိုပြီး ပျော်ရွှင်ရလေလေပဲ"

အဖြူရောင် ပန်းပွင့်ကို ပန်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ကောင်းသော ရူးသွပ်သည့် အပြုံးကြီး တစ်ခုကို ပြုံးပြလိုက်လေသည်။

"မှန်လိုက်တာ၊ အဆင့်နိမ့်တဲ့ တောသားအုပ်စု တစ်စုပါပဲ၊ ဒါကို ဒီသုံးယောက်က စိတ်ကူးနဲ့တောင် မှန်းဆလို့မရနိုင်တဲ့ ဘေးဒုက္ခကြီး တစ်ခုအကြောင်း ပြောနေကြသေးတယ်၊ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ"

လူအုပ်ကြီးက ငြင်းခုံပြောဆိုနေကြစဉ် ချင်းမို့သည် ထိုပြောဆိုချက်ကြောင့် အစပိုင်းတွင် အံ့အားသင့်သွားပုံရသည်။ သို့သော် ထို့နောက်တွင် သူသည် ကြက်သီးမွေးညင်း ထစေသော ဩရှရှ ရယ်မောသံကြီးတစ်ခုကို ထုတ်လွှတ်လာသည်။

"ဘေးဒုက္ခလား၊ ဟား... အဲ့ဒီ အမိန့်ရဲ့ မူလဇာစ်မြစ်ကို မင်းတို့ သိလား၊ အဲ့ဒါက သန့်စင်နယ်ပယ်ကြီးကနေ တိုက်ရိုက် လာတာ၊ တစ္ဆေဘုရင်ကိုယ်တိုင် ထုတ်ပြန်ခဲ့တာပဲ၊ အဲ့ဒါက အရေးမပါတဲ့ မြို့လေးကို အမြစ်ပြတ် ရှင်းလင်းပစ်ဖို့ အမိန့်ပေးခဲ့တာ၊ ငါ့ကို ပြောစမ်းပါဦး၊ တစ္ဆေဘုရင်ရဲ့ အလိုဆန္ဒကို ကျော်လွန်နိုင်လောက်တဲ့ ဘယ်လို ဘေးဒုက္ခမျိုးကများ ရှိနိုင်ဦးမှာလဲ"

ချင်းမို့ စကားများတွင် အဆိပ်ပြင်းသော လှောင်ပြောင်မှုများ ပါဝင်နေလေသည်။ သို့သော် ပိုင်လီရှောက်ကွမ်းနှင့် အခြားသူများမှာမူ မည်သို့မျှ တုန်လှုပ်ခြင်း မရှိခဲ့ချေ။

"အချည်းနှီးပဲ၊ သူ့ရှေ့မှာဆိုရင် တစ္ဆေဘုရင်တောင်မှ အခွင့်အရေး မရှိဘူးဆိုတာကို ရှင်တို့ တွေ့ရလိမ့်မယ်၊ ပြီးတော့ ရှင်တို့အတွက်ကတော့... အခု ရှင်တို့ကို ဘယ်သူမှ ကယ်တင်နိုင်မှာ မဟုတ်တော့ဘူး"

ပိုင်လီရှောက်ကွမ်းက လေးနက်တည်ကြည်စွာဖြင့် ခေါင်းခါသည်။ ချင်းမို့၏ မျက်နှာအမူအရာ တင်းမာသွားပြီး သူ့ အသံမှာ ခြိမ်းခြောက်မှုဖြင့် စူးရှသွားရသည်။

"သိပ်ကို ရိုင်းစိုင်းလွန်းနေပါလား၊ တစ္ဆေဘုရင်ရဲ့ ရှေ့မှောက်မှာတင် သူ့ကို စော်ကားရဲတယ်ပေါ့လေ၊ ဒါဆိုရင် မင်းတို့ကို အရင်ဆုံး ကြေမွသွားအောင် လုပ်ပစ်မယ်၊ ပြီးတော့ တစ္ဆေဘုရင်ရဲ့ စွမ်းအားကို ပြသဖို့အတွက် မင်းတို့ရဲ့ ဝိညာဉ်တွေကို အရိပ်

တစ္ဆေတွေအဖြစ် ပူဇော်ပစ်မယ်"

သို့သော် ချင်းမို့ လှုပ်ရှားနိုင်ခြင်း မရှိမီမှာပင် ပွဲတော်ခန်းမ အတွင်းရှိ ခမ်းနားတောက်ပနေသော ခွက်များ အားလုံးသည် ကျယ်လောင်သော ကွဲအက်သံများနှင့်အတူ တစ်ပြိုင်နက်တည်း ကြေမွပျက်စီးသွား၏။

--

All Chapters