← Chapters

အခန်း ၇၉၈

Vol. 54 Ch. 798

အခန်း ၇၉၈

Vol. 54 Ch. 798

အခန်း (၇၉၈) - ဆေးဖက်ဝင် အပင်များကို ရရှိခြင်း

~“ဒါ တကယ်ပဲ ဟုတ်လို့လား”

ကျန်းကျွင့်လန်၏ ယုံကြည်မှုအပြည့် ရှိသော အမူအရာကို ကြည့်ရင်း ဝမ်ကျိုကျုံးမှာ မယုံကြည်နိုင်ဖြစ်နေသော်လည်း နောက်တစ်ကြိမ် ထပ်မံအတည်ပြုရန် လိုအပ်သည်ဟု ခံစားလိုက်ရ၏။

“အကြီးအကဲအနေနဲ့ ကျွန်တော့်ဆရာကို အထင်မသေးသင့်ဘူးဗျ၊ အအေးဓာတ်အဆိပ်ကို ဖယ်ရှားပေးရုံတင်မကဘူး... အမြစ်ပြတ်ကုသပေးဖို့ဆိုတာကလည်း သူ့အတွက် ပြဿနာမဟုတ်ပါဘူး”

ဖုန်းဝူချန်အကြောင်း ပြောလိုက်သည်နှင့် ကျန်းကျွင့်လန်မှာ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်ကာ ယုံကြည်ချက်အပြည့်ဖြင့် ဆိုလိုက်၏။

“အမြစ်ပြတ်ကုသပေးနိုင်မယ် ဟုတ်လား”

ဝမ်ကျိုကျုံး၏ အိုမင်းနေသော မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏အမူအရာမှာ လုံးဝမယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ရှန်ကွမ်းယွင်ယွင်၏ လှပသော မျက်နှာလေးမှာလည်း မှင်သက်သွားရ၏။ သူမနှင့် ကျောင်းတော်မှ အဆင့်မြင့်ပုဂ္ဂိုလ်များမှာ ကျောင်းတော်အကြီးအကဲ ခံစားနေရသော အအေးဓာတ်အဆိပ်မှာ မည်မျှကြောက်စရာကောင်းကြောင်း ကောင်းစွာသိရှိကြသည် မဟုတ်ပါလော။

လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း ဝမ်ကျိုကျုံးမှာ ထိုအဆိပ်ကို ဖိနှိပ်ရန်အတွက် ဆေးလုံးပေါင်းမည်မျှ ဖော်စပ်ခဲ့ရမှန်းမသိသလို၊ အအေးဓာတ်အဆိပ်ကို ဖယ်ရှားရန် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့သော်လည်း လုံးဝအမြစ်ပြတ်အောင် မလုပ်နိုင်ခဲ့ပါချေ။

ကျောင်းတော်အုပ်ကိုယ်တိုင်ပင် ထိုရှေးဟောင်းအအေးဓာတ်အဆိပ်ကို အမြစ်မလှန်နိုင်ခဲ့ပေ။

ယခုတွင်မူ ဖုန်းဝူချန်က ၎င်းကို အမြစ်ပြတ်ကုသနိုင်သည်ဟု ကျန်းကျွင့်လန် ပြောသည်ကို ကြားလိုက်ရသည့်အခါ သူတို့ မည်သို့ယုံကြည်ဝံ့ပါမည်နည်း။

“အကြီးအကဲ စိတ်အေးအေးထားပါ၊ ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်နဲ့ အကြီးအကဲရဲ့ အအေးဓာတ်အဆိပ်ကို ကုသပေးဖို့ လဲလှယ်ကြရင်ကော ဘယ်လိုလဲ”

ကျန်းကျွင့်လန်က ရာသီဥတုအကြောင်း ပြောနေသကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ပြုံးလျက် မေးလိုက်၏။

အောင်နိုင်သူပမာ အမူအရာဖြစ်နေသော ကျန်းကျွင့်လန်ကို ကြည့်ရင်း ဝမ်ကျိုကျုံးက ခပ်ပြုံးပြုံးဖြင့်...

ဆိုလိုက်သည်။

“အကယ်၍ မင်းက အကြီးအကဲရဲ့ အအေးဓာတ်အဆိပ်ကို တကယ်ကုသပေးနိုင်မယ်ဆိုရင် လဲလှယ်ဖို့ ဘာလို့ငြင်းရမှာလဲ၊ နဂါးနတ်ဘုရားနန်းတော်က ငါ့ရဲ့စပ်စုချင်စိတ်ကို တကယ်နှိုးဆွလိုက်တာပဲ၊ ပြီးတော့ မင်းရဲ့ဆရာ ဖုန်းဝူချန်အကြောင်းကိုလည်း ငါ ပိုပြီးစိတ်ဝင်စားသွားပြီ၊ အခွင့်အရေး ရှိရင် သူ့ကို ကျောင်းတော်ဆီ ခေါ်လာခဲ့ပါဦး၊ ငါနဲ့ တွေ့ပေးဖို့ပေါ့”

ထိုစကားကို ကြားသောအခါ ယဲ့ထျန်းဝေက ဘေးနားရှိ အသိပေးစာကို လက်ညှိုးထိုးပြရင်း ရယ်လိုက်ပြီး...

ပြောလိုက်၏။

“အကြီးအကဲ... ကျွန်တော်တို့ နန်းတော်သခင်နဲ့ တွေ့ဖို့ဆိုတာ မခက်ပါဘူးဗျာ၊ ဒီဆေးဖော်စပ်ရေး တွေ့ဆုံပွဲက အခွင့်အရေးကောင်းတစ်ခုပဲလေ၊ ကြည့်ရသလောက် ဒီတွေ့ဆုံပွဲက တိုက်ကြီးတစ်ဝန်းက လူငယ်ဆေးဆရာတွေကို စုစည်းပေးမှာပဲ... အကြီးအကဲက နဂါးနတ်ဘုရားနန်းတော်ဆီ ဖိတ်စာတစ်စောင် ပို့လိုက်ရုံပါပဲ၊ ကျွန်တော်တို့ နန်းတော်သခင် သေချာပေါက် တက်ရောက်ပါလိမ့်မယ်”

ထိုအခါ၊ ရှန်ကွမ်းယွင်ယွင်က အံ့ဩတကြီးဖြင့်...

မေးလိုက်မိသည်။

“ဖုန်းဝူချန်က ဆေးဆရာ တစ်ယောက်လား”

“ဟုတ်ပါတယ်”

ကျန်းကျွင့်လန်က ပြုံးလျက်... ပြန်ဖြေလိုက်၏။

“ဆေးဖော်စပ်ရေး တွေ့ဆုံပွဲ သတင်းက လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက ပျံ့နှံ့နေတာလေ၊ ဝူကျိနယ်မြေက အင်အားကြီးအဖွဲ့အစည်းတွေ အကုန်သိနေလောက်ပြီကို ဘာလို့ ဖိတ်စာပို့ဖို့ လိုအပ်နေဦးမှာလဲ”

ဝမ်ကျိုကျုံးက အတော်လေး ဇဝေဇဝါဖြစ်သွားကာ မေးလိုက်၏။

ဆေးဖော်စပ်ရေး တွေ့ဆုံပွဲဖြစ်ပြီး တိုက်ကြီးတစ်ဝန်းလုံးရှိ လူငယ်ဆေးဆရာ ပါရမီရှင်များနှင့် သက်ဆိုင်သည်ဖြစ်ရာ ပါဝင်ယှဉ်ပြိုင်လိုပါက ကျောင်းတော်သို့ လာရောက်စာရင်းပေးရုံသာ ဖြစ်ပြီး မည်သည့်သတ်မှတ်ချက်မှ မရှိပါချေ။

“အကြီးအကဲ မသိလို့ပါ၊ ကျွန်တော့်ဆရာရဲ့ ဆေးဖော်စပ်တဲ့ နယ်ပယ်က အရမ်းကို မြင့်မားတယ်ဗျ၊ သူက သာမန် ဆေးဖော်စပ်ရေး တွေ့ဆုံပွဲတွေကို စိတ်မဝင်စားဘူးလေ... ဝူကျိနယ်မြေက လွဲမှားခြင်းပင်လယ်ဘုံတုန်းကတည်းက သူက ထျန်းရှန်းဇီရဲ့ ဖိတ်ကြားချက်ကြောင့်ပဲ တက်ရောက်ခဲ့တာပါ”

ကျန်းကျွင့်လန်က ပြုံးလျက် ရှင်းပြလိုက်၏။

“ဆေးဖော်စပ်တဲ့ နယ်ပယ်က အရမ်းမြင့်တယ် ဟုတ်လား... သူက ဘယ်အဆင့်လဲ”

ဝမ်ကျိုကျုံးက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

“အဆင့် (၇) ပါ”

ကျန်းကျွင့်လန်နှင့် ယဲ့ထျန်းဝေတို့က တပြိုင်နက်တည်း ပြန်ဖြေလိုက်ကြ၏။

“ဘာ... အဆင့် (၇) ဟုတ်လား”

ထိုစကားကို ကြားလိုက်ရသည့်အခါ ဝမ်ကျိုကျုံးမှာ အလွန်အမင်း ထိတ်လန့်သွားပြီး မနေနိုင်ဘဲ အော်ဟစ်လိုက်မိကာ သူ၏မျက်လုံးများမှာလည်း ပြူးထွက်မတတ် ဖြစ်သွားရသည်။

ဤမျှ ငယ်ရွယ်သော်လည်း အဆင့် (၇) ဆေးဆရာ နယ်ပယ်သို့ ရောက်ရှိနေပြီဆိုသည်မှာ မည်မျှလောက် ပါရမီထူးခြားနေရမည်နည်း။

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကျွန်မတို့ ကျောင်းတော်မှာ အတော်ဆုံး ဆေးဆရာတောင် အဆင့် (၅) ပဲ ရှိတာလေ၊ ဖုန်းဝူချန်က ဘယ်လိုလုပ် အဆင့် (၇) ဖြစ်နိုင်မှာလဲ”

ရှန်ကွမ်းယွင်ယွင်မှာ လုံးဝတုန်လှုပ်သွားရပြီး သူမ၏ လှပသော မျက်နှာလေးမှာလည်း တောင့်တင်းသွားတော့သည်။

‘ထျန်းရှန်းဇီရဲ့ ဆေးဖော်စပ်တဲ့ နယ်ပယ်က ငါနဲ့ အဆင့်တူတူပဲ၊ သူက နဂါးနတ်ဘုရားနန်းတော်မှာ ပထမအကြီးအကဲအဖြစ် ဝင်ရောက်တာကတင် ဖုန်းဝူချန်က သာမန်လူမဟုတ်ဘူးဆိုတာ သက်သေပြဖို့ လုံလောက်နေပြီပဲ’

ဝမ်ကျိုကျုံးက အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေရင်း စိတ်ထဲမှ တွေးလိုက်မိသည်။

“အကြီးအကဲ... ကျွန်တော်တို့မှာ အချိန် သိပ်မရှိဘူးဗျ၊ ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်ကို ကျေးဇူးပြုပြီး ပေးပါဦး၊ ကုသဖို့အတွက် သူတို့က ကျွန်တော်တို့အပြန်ကို စောင့်နေကြတာမို့လို့ပါ”

ကျန်းကျွင့်လန်က ပြောလိုက်၏။ သူ ထွက်လာသည်မှာ အတော်ကြာနေပြီ ဖြစ်ရာ ဖုန်းဝူချန်တို့ စိုးရိမ်နေကြမည်ကို သူ ခန့်မှန်းမိ၏။ ကျန်းကျွင့်လန်အနေဖြင့် အမြန်ဆုံး ပြန်လိုနေပြီ ဖြစ်သည်။

“သခင်လေးကျန်း... အကြီးအကဲရဲ့ အအေးဓာတ်အဆိပ်က အကြာကြီး စောင့်လို့မရဘူးနော်၊ မင်းတို့ မြန်မြန်လုပ်ပေးနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်”

ဝမ်ကျိုကျုံးက ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်ကို ထုတ်ယူကာ ကျန်းကျွင့်လန်အား ကမ်းပေးရင်း တိုက်တွန်းလိုက်၏။

ဝမ်ကျိုကျုံးသည် ကျန်းကျွင့်လန်ကို အထင်ကြီးလေးစားသဖြင့် ကျန်းကျွင့်လန်က ဆေးပင်ကို ရယူရန် သူ့အား လိမ်လည်လိမ့်မည်ဟု အနည်းငယ်မျှ မစိုးရိမ်ပါချေ။

ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်မှာ အလွန်တန်ဖိုးကြီးသော်လည်း ကျန်းကျွင့်လန်ကဲ့သို့ အဆင့်အတန်းရှိသူ တစ်ဦးက ၎င်းအတွက် လိမ်လည်လိမ့်မည် မဟုတ်ပါချေ။ မဟုတ်ပါက ကျန်းမိသားစု၏ မျက်နှာကို အရှက်ခွဲရာ မကျပေဘူးလား။

“အကြီးအကဲဝမ် စိတ်ချပါ၊ လူကို ကယ်ပြီးတာနဲ့ ဆရာ သေချာပေါက် ရောက်လာပါလိမ့်မယ်”

ကျန်းကျွင့်လန်က အာမခံလိုက်သည်။

“ဒါဆိုရင်တော့ ငါ စိတ်အေးရပြီ၊ သွား... မြန်မြန်သွားကယ်လိုက်ကြတော့”

ဝမ်ကျိုကျုံးက ခေါင်းညိတ်လိုက်၏။ ဖုန်းဝူချန်က စီမံအုပ်ချုပ်ရေး အကြီးအကဲ၏ အအေးဓာတ်အဆိပ်ကို မည်သို့အမြစ်ပြတ်ကုသမည်နည်း ဆိုသည်ကို သူ အလွန်ပင် စပ်စုချင်နေမိတော့သည်။

“ကျေးဇူးတင်ပါတယ် အကြီးအကဲ... တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ”

ကျန်းကျွင့်လန်က လက်နှစ်ဖက်ကို ယှက်ကာ ရိုသေစွာ ဂါရဝပြုလိုက်၏။ ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ၏ ရင်ထဲ၌ ဝမ်းသာမှုများ လျှံကျလာတော့သည်။

ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်ကို ရရှိရန် မည်မျှ ခက်ခဲခဲ့ရသနည်း၊ ကျန်းကျွင့်လန်၏ ထိုအခိုက်အတန့်မှ စိတ်လှုပ်ရှားမှုကို စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲလှသည်။

“အရမ်းကောင်းတာပဲ... နောက်ဆုံးတော့ ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်ကို ရပြီဟေ့”

လုထျန်းချန်မှာလည်း စိတ်လှုပ်ရှားမှုများကို မထိန်းနိုင်တော့ဘဲ သူ၏ မျက်ဝန်းများမှာပင် အနည်းငယ် စိုစွတ်လာတော့သည်။

ဤဆေးပင် တစ်ပင်တည်းအတွက် သူတို့ သုံးဦးမှာ ဒုက္ခပေါင်းမည်မျှ ခံခဲ့ရသနည်း။

ကျေးဇူးတင်စကားကို ထပ်မံပြောဆိုပြီးနောက် သူတို့ သုံးဦးသည် ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံတက်သွားကြပြီး ရှန်ယင် မြို့တော်ဆီသို့ အပြည့်အဝ အရှိန်ဖြင့် ပြန်သွားကြလေတော့သည်။

ကျန်းကျွင့်လန်တို့အဖွဲ့ ပျံသန်းထွက်ခွာသွားသည်ကို ကြည့်ရင်း ရှန်ကွမ်းယွင်ယွင်က မေးလိုက်၏။

“အကြီးအကဲ... ဖုန်းဝူချန်က စီမံအုပ်ချုပ်ရေး အကြီးအကဲရဲ့ အအေးဓာတ်အဆိပ်ကို တကယ် အမြစ်ပြတ်ကုသပေးနိုင်မယ်လို့ ယုံလား၊ အဲဒါက ကျောင်းတော်အုပ်တောင် မကုသနိုင်တဲ့ အရာလေ”

ထိုစကားကို ကြားသောအခါ ဝမ်ကျိုကျုံးက ခပ်ပြုံးပြုံးဖြင့် ပြန်ဖြေလိုက်၏။

“ကျန်းကျွင့်လန်က ငါ့ကို လိမ်မှာ မဟုတ်ပါဘူး၊ ငါကိုယ်တိုင်လည်း ယုံရခက်နေပေမဲ့ တကယ်ကို မျှော်လင့်နေမိတယ်... ဒီဖုန်းဝူချန် ဆိုတဲ့သူက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတဲ့သူပဲ”

ခဏရပ်ပြီးနောက် ဝမ်ကျိုကျုံးက ဆက်လက်၍... ဆိုလိုက်၏။

“ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အဆင့် (၇) ဆေးဆရာ ဖြစ်နေတယ်ဆိုတော့ သူက ဘယ်လို ပါရမီရှင်မျိုး ဖြစ်နေမလဲဆိုတာ ငါ တကယ်ကို သိချင်နေပြီ”

“ဟုတ်တယ် အကြီးအကဲ... မိုချင်းယွင် ပြောတာတော့ ဝူကျိနယ်မြေမှာ တခြားသူတွေက ဖုန်းဝူချန်ကို ‘ဆေးဧကရာဇ်’ လို့ ခေါ်ကြတယ်တဲ့”

ရှန်ကွမ်းယွင်ယွင်က ဖြည့်စွက်ပြောလိုက်သည်။

“ဘာ... ဆေးဧကရာဇ် တဲ့လား”

ထိုစကားလုံးကို ကြားလိုက်ရသည့်အခါ ဝမ်ကျိုကျုံး၏ အိုမင်းနေသော မျက်နှာကြီးမှာ ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားပြီး အံ့ဩထိတ်လန့်မှုများဖြင့် သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားရ၏။

“ဟုတ်ပါတယ်... ဆေးဧကရာဇ်ပါ”

ရှန်ကွမ်းယွင်ယွင်က ခေါင်းညိတ်လိုက်၏။

သို့သော် ဝမ်ကျိုကျုံး၏ အလွန်အမင်း ထိတ်လန့်နေသော အမူအရာကို မြင်လိုက်ရသည့်အခါ ‘ဆေးဧကရာဇ်’ ဟူသော ဘွဲ့နာမမှာ သေးငယ်သော ကိစ္စမဟုတ်ကြောင်း သူမ ခန့်မှန်းမိလိုက်သည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒဏ္ဍာရီလာ နယ်ပယ်ကြီးပါလား၊ သူက အဆင့် (၇) ဆေးဆရာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ဆေးဧကရာဇ်လို့ ခေါ်ခံရတာလဲ”

ဝမ်ကျိုကျုံးမှာ မှင်သက်နေရင်း မယုံကြည်နိုင်သော အမူအရာဖြင့် နန်းတော်ဆီသို့ လျှောက်သွားလေတော့သည်။

“အကြီးအကဲ... အကြီးအကဲ”

ရှန်ကွမ်းယွင်ယွင်က လှမ်းခေါ်လိုက်သော်လည်း ဝမ်ကျိုကျုံးမှာ အသိစိတ် လွတ်နေပုံ ရပြီး ဘာမှပြန်မပြောပါချေ။

---

ကျန်းကျွင့်လန်နှင့် သူ၏ အပေါင်းအပါ နှစ်ဦးမှာ အတိုင်းအဆမသိ ဝမ်းသာနေကြသော်လည်း ပြန်အလာ လမ်းခရီးတွင် လူအချို့ဖြင့် ပိတ်ဆို့ခံလိုက်ရ၏။

“ကျန်းကျွင့်လန်... မင်းက ဒီအတိုင်းပဲ ပြန်သွားတော့မလို့လား၊ တစ်ခုခု လိုနေတယ်လို့ မထင်ဘူးလား”

လမ်းပိတ်ထားသူက အေးစက်စွာ မေးလိုက်ပြီး သူ၏ ရေခဲပမာ အေးစက်သော အကြည့်များက ကျန်းကျွင့်လန်ထံတွင် စွဲထင်နေတော့သည်။

လမ်းပိတ်ထားသူ သုံးဦး ရှိ၏။ သူတို့၏ ဝတ်စုံများကို ကြည့်ခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ဖြစ်ကြောင်း ထင်ရှားလှ၏။

သူတို့၏ ပုံစံမှာ ကျန်းကျွင့်လန်နှင့် စကားကောင်း ပြောဆိုရန် လာခြင်း မဟုတ်ဘဲ မကောင်းသော ရည်ရွယ်ချက်များ ရှိနေကြောင်း သိသာလှသည်။

“ချီကျွယ်လား”

ကျန်းကျွင့်လန်က မျက်မှောင် အနည်းငယ် တွန့်ချိုးလိုက်ပြီး လမ်းပိတ်ထားသူကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွား၏။

“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားတွေလား”

ယဲ့ထျန်းဝေက သူတို့၏ ရန်လိုသော အမူအရာများကို သတိပြုမိသွားသဖြင့် အံ့အားသင့်စွာ ပြောလိုက်၏။ ယဲ့ထျန်းဝေ၏ မျက်နှာထားမှာ လေးနက်တည်ကြည်သွားတော့သည်။

သူတို့ရှေ့ရှိ လူလေးဦးစလုံးမှာ ထျန်းကျီဘုံသို့ ရောက်ရှိနေကြသူများဖြစ်ပြီး သူတို့၏ ခွန်အားမှာ ယဲ့ထျန်းဝေထက် သာလွန်ကာ အလွန်တရာ အစွမ်းထက်လှသည်။

“အစ်ကိုလု... ဆေးပင်ကို အရင်ဆုံး ပြန်ယူသွားလိုက်ပါ”

ကျန်းကျွင့်လန်က ဆေးပင်ကို လုထျန်းချန်အား ကမ်းပေးလိုက်ပြီး သူ့ကို အရင်ဆုံး ပြန်သွားရန် အချက်ပြလိုက်၏။

“သခင်လေးကျန်း... ဒါက ဘယ်လိုလုပ် အဆင်ပြေမှာလဲ၊ သူတို့က...”

လုထျန်းချန်က စိုးရိမ်တကြီးဖြင့် စတင် ပြောဆိုလိုက်၏။

သို့သော် သူ စကားမဆုံးမီမှာပင် ကျန်းကျွင့်လန်က ပြုံးလျက်... ဆိုလိုက်လေတော့သည်။

“စိတ်မပူပါနဲ့... သူတို့က လက်စားချေချင်ရုံ သက်သက်ပါ၊ ကျွန်တော့်ကို သတ်မှာ မဟုတ်ပါဘူး... သူတို့မှာ အဲဒီလောက် သတ္တိ မရှိပါဘူးဗျာ”

--

All Chapters