အခန်း ၈၀၁
Vol. 54 Ch. 801
အခန်း (၈၀၁) - စစ်ပွဲ စတင်ခြင်း
~“သွေးမိစ္ဆာ ကြေးစားအဖွဲ့ ဟုတ်လား”
လုကျဲ့နှင့် လုထျန်းချန်တို့၏ မျက်နှာထားများမှာ သိသိသာသာ ပြောင်းလဲသွားပြီး အပြင်သို့ ကမန်းကတန်း ပြေးထွက်သွားကြ၏။
“သူတို့က တကယ်ကို ရဲတင်းလွန်းတာပဲနော်၊ ငါတို့က သွားပြီး စာရင်းမရှင်းရသေးဘူး... သူတို့က ငါတို့ဆီကို အရင် ရောက်လာတယ်ပေါ့”
လျိုချင်းယန်က အံကို ကြိတ်ကာ ဒေါသတကြီး ရေရွတ်လိုက်သည်။ သူ၏ မှောင်မိုက်နေသော မျက်လုံးများထဲတွင် ဒေါသထွက်နေသော ကျားတစ်ကောင်အလား ကြောက်မက်ဖွယ် လူသတ်ချင်စိတ်များ ပြည့်နှက်နေတော့၏။
ကျန်းကျွင့်လန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အံကို ကြိတ်ပြီး...ဟိန်းဟောက်လိုက်သည်။
“သွေးမိစ္ဆာ ကြေးစားအဖွဲ့”
သွေးမိစ္ဆာ ကြေးစားအဖွဲ့က ဖြန့်ကြဲခဲ့သော ကံဆိုးခြင်း အဆိပ်မြူများကြောင့် ကျန်းကျွင့်လန်မှာ ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်ကို ရှာဖွေရန် နေရာအနှံ့သို့ အပူတပြင်း ပြေးလွှားခဲ့ရပြီး စိတ်ပျက်မှုများစွာနှင့် ကြုံတွေ့ကာ သူ၏ စိတ်ဓာတ်မှာလည်း အကြိမ်ကြိမ် အောက်ဆုံးအထိ ထိုးကျသွားခဲ့ရသည် မဟုတ်ပါလော။
ထိုခံစားချက်ကို ပြန်တွေးမိလိုက်သည့်အခါ ကျန်းကျွင့်လန်မှာ သူ၏ ဒေါသကို လုံးဝ မထိန်းချုပ်နိုင်တော့ပါချေ။
“သူတို့ကို ပညာနည်းနည်းလောက် ပေးရမယ့် အချိန်ရောက်ပြီ”
ယဲ့ထျန်းဝေက ရက်စက်စွာ ပြောလိုက်ပြီး ဖုန်းဝူချန်၏ အမိန့်ကို စောင့်မျှော်ရင်း လှမ်းကြည့်လိုက်၏။
“ဝုန်း ဝုန်း ဝုန်း”
မြို့တံခါး အပြင်ဘက်မှ ဧရာမ မီးလုံးကြီးများ ပစ်ခတ်လာသဖြင့် ရှန်ယင် မြို့တော်၏ ထောင့်လေးထောင့်စလုံးတွင် မီးခိုးငွေ့များ ထောင်းထောင်းထလာပြီး မြို့တော် တစ်ခုလုံး ဆူညံ ပွက်လောရိုက်သွားတော့သည်။
သွေးမိစ္ဆာ ကြေးစားအဖွဲ့မှ လူများမှာ မြို့တွင်းသို့ အတင်း ဝင်ရောက်လာကြပြီ ဖြစ်ပြီး ရှန်ယင် မြို့တော် ကြေးစားတပ်ဖွဲ့ကလည်း ရန်သူများကို ရဲရင့်စွာ ရင်ဆိုင် တိုက်ခိုက်နေကြ၏။
တိုက်ပွဲမှာ ပေါက်ကွဲထွက်ရန် အသင့်ဖြစ်နေတော့သည်။
လုကျဲ့နှင့် လုထျန်းချန်တို့က ရှန်ယင် ကြေးစားအဖွဲ့ကို တန်ပြန် တိုက်ခိုက်ရန် အမိန့်ပေးလိုက်ပြီး သွေးမိစ္ဆာ ကြေးစားအဖွဲ့ကို ဟန့်တားရန် တပ်ဖွဲ့များကို နေရာအနှံ့သို့ ဖြန့်ခွဲလိုက်၏။
“အစ်ကိုဖုန်း... အမိန့်ပေးပါတော့ဗျာ”
လျိုချင်းယန်က တိုက်တွန်းလိုက်၏။ သူသည် အပြင်သို့ ပြေးထွက်ကာ သွေးမိစ္ဆာ ကြေးစားအဖွဲ့မှ လူများကို သတ်ဖြတ်ရန် အလွန်အမင်း စိတ်အားထက်သန်နေတော့သည်။
“နန်းတော်သခင်”
ယဲ့ထျန်းဝေနှင့် အခြားသူများကလည်း ဆက်တိုက် တောင်းဆိုလိုက်ကြ၏။
“သွေးမိစ္ဆာ ကြေးစားအဖွဲ့က ဘယ်ကများ သတ္တိတွေ ရလာပြီး ရှန်ယင် မြို့တော်ကို လာတိုက်ခိုက်ရဲတာလဲဆိုတာ ငါ စဉ်းစားနေတာ အတော်ကြာပြီ... အခုထိ နားမလည်နိုင်သေးဘူး”
ဖုန်းဝူချန်က ခေါင်းကို အသာအယာ ခါယမ်းရင်း ပြောလိုက်၏။ သူ၏ မျက်လုံးများထဲတွင် ရက်စက်သော လူသတ်ချင်စိတ်များ ရုတ်တရက် ဝင်းလက်လာပြီးနောက် ဖုန်းဝူချန်က အေးစက်စွာဖြင့်... အမိန့်ပေးလိုက်လေတော့သည်။
“သူတို့ အကုန်လုံးကို သတ်ပစ်... တစ်ယောက်မှ အရှင်မထားနဲ့”“သတ်”
လျိုချင်းယန်က ပထမဆုံး အော်ဟစ်လိုက်ပြီး တောင်ပေါ်မှ ဆင်းလာသော ကျားတစ်ကောင်အလား ဒေါသတကြီး ပြေးထွက်သွား၏။
“ဒီနေ့ သူတို့ ထွက်ပြေးဖို့ လမ်းမရှိစေရဘူး”
ကျန်းကျွင့်လန်မှာလည်း လူသတ်ချင်စိတ်များ ပေါက်ကွဲထွက်လာပြီး အင်မော်တယ် ဓားကို ဝှေ့ယမ်းကာ ပြေးထွက်သွားတော့သည်။
လျိုချင်းယန်နှင့် အခြားသူများမှာ ရက်ပေါင်းများစွာ ဆာလောင်နေသော ဝံပုလွေများအလား သွေးမိစ္ဆာ ကြေးစားအဖွဲ့ကို သူတို့၏ သားကောင်များအဖြစ် သတ်မှတ်ကာ မည်သည့် သနားညှာတာမှုမျှ မရှိဘဲ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နေကြ၏။
လျိုချင်းယန်နှင့် အခြားသူများ တိုက်ပွဲထဲသို့ ဝင်ရောက်လာပြီး ရမ်းကားစွာ တိုက်ခိုက်ကြရာ သူတို့၏ အင်အားကြီး စွမ်းအားများကြောင့် မြို့တွင်းသို့ ဝင်ရောက်လာသော သွေးမိစ္ဆာ ကြေးစားအဖွဲ့မှ လူများမှာ ထိတ်လန့်တကြား ထွက်ပြေးကုန်ကြတော့သည်။
“ခေါင်းဆောင်... ကျွန်တော်တို့လူတွေ သူတို့ကို သိပ်ပြီး မတောင့်ခံနိုင်တော့ဘူး”
ချိုးယွမ်ရှန်က အပူတပြင်း အော်ဟစ်လိုက်၏။ ဤမျှ ကြောက်စရာကောင်းသော သတ်ဖြတ်မှုမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပါချေ။
“ဘာတွေ ပြာယာခတ်နေတာလဲ... သူတို့က လူရွှင်တော်လေးတွေပါကွာ၊ မကြာခင် အားကုန်သွားလိမ့်မယ်”
ကျန်းလန်ယွဲ့က သူ၏ လက်အောက်ငယ်သားများ၏ အသက်ကို အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ ခပ်အေးအေးပင် ပြောလိုက်သည်။
“ခွေးမသားလေး... အပြင်ထွက်ခဲ့စမ်း၊ သေဖို့သာ ပြင်ထားတော့”
ရှန်ယင် မြို့တော်၏ အထက် ကောင်းကင်ယံမှ နေ၍ ကျန်းလန်ယွဲ့က မောက်မာစွာ ဟိန်းဟောက်လိုက်ရာ သူ၏ အသံက ရှန်ယင် မြို့တော် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး ကြောက်မက်ဖွယ် ဖိအားကြီးက လူတိုင်းကို တုန်လှုပ်သွားစေတော့သည်။
“ကျန်းလန်ယွဲ့”
လုကျဲ့က အံကို ကြိတ်ကာ လူသတ်ချင်စိတ်များဖြင့် ကျန်းလန်ယွဲ့ကို ရက်စက်စွာ စိုက်ကြည့်လိုက်၏။
ကျန်းလန်ယွဲ့က လုကျဲ့ကို မထီမဲ့မြင် တစ်ချက်ကြည့်ကာ လှောင်ပြောင်လိုက်ပြီး...ဆိုလိုက်သည်။
“လုကျဲ့... မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး၊ မင်းက အစောနဲ့ အနှောင်း သေရမှာပဲ... လောမနေပါနဲ့၊ ဒီနေ့ ငါ စိတ်အခြေအနေ ကောင်းနေလို့ မင်းကို ဖြည်းဖြည်းချင်း ကစားပေးမယ်”
ဖုန်းဝူချန်သည် ခန်းမဆောင် အတွင်းမှ ထွက်လာပြီး ကောင်းကင်ယံသို့ ဖြည်းညင်းစွာ ပျံတက်သွားကာ ကျန်းလန်ယွဲ့ကို မည်သည့် အမူအရာမျှ မရှိဘဲ စိုက်ကြည့်လိုက်၏။
“ခေါင်းဆောင်လု... ခင်ဗျားတို့က ဒဏ်ရာရထားသေးတယ်လေ၊ ဒါကို ကျွန်တော့်ကိုပဲ လွှဲထားလိုက်ပါ... ဟိုအဘိုးကြီးကို ခင်ဗျားတို့ပဲ ကိုင်တွယ်လိုက်ကြ”
ဖုန်းဝူချန်က ရေခဲပမာ အေးစက်သော လေသံဖြင့် ပြောလိုက်၏။ သူ၏ မျက်လုံးများမှာ မိစ္ဆာတစ်ကောင်အလား ခြောက်ခြားဖွယ်ကောင်းလှသည်။
“အစ်ကိုဖုန်း... အရမ်း သတိထားပါနော်”
လုကျဲ့က သတိပေးလိုက်၏။
“ဝီ... ဝီ...”
ကမ္ဘာဖျက် စွမ်းအားနှင့် အမြင့်မြတ်ဆုံး ခန္ဓာကိုယ် ဒုတိယအဆင့်တို့ ပေါင်းစပ်လိုက်ရာ ချီလင် စစ်ဝတ်တန်ဆာနှင့် နဂါးနတ်ဘုရား လက်အိတ်များ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာ၏။ လွှမ်းမိုးဖိနှိပ်နိုင်သော အရှိန်အဝါကြီးက ဒီရေလှိုင်းများအလား ပျံ့နှံ့သွားကာ ဖျက်ဆီးခြင်း စွမ်းအင်များက ဖုန်းဝူချန်၏ ခန္ဓာကိုယ်မှနေ၍ မီးတောင်တစ်ခု ပေါက်ကွဲထွက်လာသည့်အလား ထွက်ပေါ်လာတော့သည်။
“ထျန်းကျီဘုံ အဆင့် (၆)”
“ထျန်းကျီဘုံ အဆင့် (၇)”
“ထျန်းကျီဘုံ အဆင့် (၈)”
“ထျန်းကျီဘုံ အဆင့် (၉)”
မျက်တောင်တစ်ခတ်အတွင်း လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ဖုန်းဝူချန်၏ အရှိန်အဝါမှာ ထျန်းကျီဘုံ အဆင့် (၅) မှ အဆင့် (၉) သို့ တစ်ဟုန်ထိုး မြင့်တက်သွား၏။
သူ၏ အင်အားကြီး စွမ်းအားမှာ ယခုအခါ ကျန်းလန်ယွဲ့ထက် အဆင့်နှစ်ဆင့် အပြည့် သာလွန်သွားခဲ့တော့သည်။
“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
ဤအခိုက်အတန့်တွင် ကျန်းလန်ယွဲ့၏ မျက်နှာထားမှာ လုံးဝ တောင့်တင်းသွားပြီး ကြောက်ရွံ့မှုများဖြင့် အစားထိုး ဝင်ရောက်လာတော့သည်။
“သူ... သူက မိစ္ဆာကောင်များလား”
ချိုးယွမ်ရှန်မှာ လုံးဝ ဆွံ့အသွားပြီး သစ်သားရုပ်ကြီး တစ်ရုပ်ပမာ မှင်သက်နေတော့သည်။
“ထျန်းကျီဘုံ အဆင့် (၉) တဲ့လား”
လုကျဲ့၏ မျက်လုံးများပင် ပြူးထွက်မလို ဖြစ်သွားရ၏။
“ဘုရားရေ... အစ်ကိုဖုန်းက တကယ်ကြီး ကောင်းကင်ဘုံကို အန်တုနိုင်တဲ့ စွမ်းအားမျိုး ပိုင်ဆိုင်ထားတာလား... ချက်ချင်းကြီး အဆင့်လေးဆင့်တောင် တက်သွားတာပါလား”
လုထျန်းချန်မှာ အလွန်အမင်း ထိတ်လန့်သွားပြီး သူ၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီနေတော့သည်။
ဤအခိုက်အတန့်တွင် နေရာတစ်ခုလုံး အပြင်းအထန် တုန်လှုပ်သွားရ၏။
“မင်းတို့က တကယ့်ကို နားလည်ရ ခက်တာပဲ... သွေးမိစ္ဆာ ကြေးစားအဖွဲ့ကို ငါ့ဆီလာပြီး သေတွင်းတူးအောင် ခေါ်လာဖို့ မင်းတို့ ဘယ်ကများ သတ္တိတွေ ရလာလဲဆိုတာ ငါ တကယ် မသိဘူး၊ မင်းတို့ကို သုံးရက် အသက်ရှင်ခွင့် ပေးထားတာတောင်မှ အရမ်း ကြာလွန်းတယ်လို့ ထင်နေကြတာလား”
ဖုန်းဝူချန်က မည်သည့် ခံစားချက်မျှ မပါဘဲ ပြောလိုက်၏။
ကျန်းလန်ယွဲ့မှာ အလွန်အမင်း ကြောက်လန့်နေပြီး ဤအခိုက်အတန့်တွင် သူသည် ငရဲပြည် အထပ် (၁၈) သို့ ကျဆင်းသွားကာ ဖုန်းဝူချန်၏ တရားစီရင်မှုကို စောင့်ဆိုင်းနေရသကဲ့သို့ ခံစားနေရတော့သည်။
“ကံဆိုးခြင်း အဆိပ်မြူတွေကို မြန်မြန်သုံးကြ”
သွေးမိစ္ဆာ ကြေးစားအဖွဲ့၏ ဒုတိယ တပ်မှူးက ရုတ်တရက် အော်ဟစ်လိုက်ပြီး လုကျဲ့ထံသို့ ကျောက်စိမ်းပုလင်း တစ်လုံးကို ပထမဆုံး ပစ်ပေါက်လိုက်၏။
“ဝုန်း”
ဒုတိယ တပ်မှူးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး လေထဲတွင်ပင် ကျောက်စိမ်းပုလင်းကို ခွဲပစ်လိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အရောင်အသွေး စုံလင်သော အလင်းတန်းများ ဖြာထွက်လာတော့သည်။
“အစ်ကိုကြီး... သတိထား”
လုထျန်းချန်က ကြောက်လန့်တကြား အော်ဟစ်လိုက်၏။
“မကောင်းတော့ဘူး”
လုကျဲ့မှာ ထိတ်လန့်သွားပြီး အပူတပြင်း နောက်သို့ ဆုတ်လိုက်သည်။
“ကံဆိုးခြင်း အဆိပ်မြူတွေလား”
ကျန်းကျွင့်လန်နှင့် အခြားသူများ၏ မျက်နှာထားများမှာ ရုတ်တရက် ပြောင်းလဲသွား၏။
မြို့တွင်း နေရာအနှံ့ရှိ သွေးမိစ္ဆာ ကြေးစားအဖွဲ့ဝင်တိုင်းက ကျောက်စိမ်းပုလင်း တစ်လုံးစီကို ထုတ်ယူကာ တုံ့ဆိုင်းခြင်းမရှိဘဲ ပစ်ပေါက်လိုက်ကြတော့သည်။
“ဝုန်း ဝုန်း ဝုန်း”
ပုလင်းများ ပစ်ပေါက်ခံရပြီး ကွဲအက်သွားကာ အရောင်အသွေး စုံလင်သော အလင်းတန်းများက မီးရှူးမီးပန်းများအလား ပေါက်ကွဲထွက်လာပြီး ကျယ်ဝန်းသော နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ရှန်ယင် ကြေးစားအဖွဲ့ဝင်များထံသို့ လွင့်ပျံ့သွားတော့သည်။
“မြန်မြန် နောက်ဆုတ်ကြ”
ကျန်းကျွင့်လန်က အော်ဟစ်လိုက်ရာ လူတိုင်းက ကမန်းကတန်း နောက်သို့ ဆုတ်ခွာလိုက်ကြ၏။
ကံဆိုးခြင်း အဆိပ်မြူမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။
သို့သော် ရှန်ယင် ကြေးစားအဖွဲ့မှ လူများစွာမှာ အရောင်အသွေး စုံလင်သော အလင်းတန်းများ အဖျန်းခံလိုက်ရသဖြင့် သူတို့ကြားတွင် အလွန်အမင်း ထိတ်လန့်မှုများ ဖြစ်ပေါ်လာတော့၏။
“အား...”
မကြာမီမှာပင် နှလုံးသားကို ခွဲထုတ်မလို နာကျင်စွာ အော်ဟစ်သံများက ရှန်ယင် မြို့တော်၏ လမ်းမများထက်တွင် ပဲ့တင်ထပ်သွားလေရာ သေစေနိုင်သော အဆိပ်များမှာ သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ စတင် ဝင်ရောက်နေပြီ ဖြစ်ကြောင်း ထင်ရှားလှသည်။
“ပြီးပြီ... အကုန်ပြီးပြီ၊ ယွင်ရှန်တို့ကို ကယ်ဖို့အတွက် တစ်ခုတည်းသော ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်ကို သုံးလိုက်ရတာ”
လုထျန်းချန်မှာ လူဒါဇင်နှင့်ချီ၍ အဆိပ်သင့်နေသည်ကို ကြည့်ရင်း စိုးရိမ်တကြီး ရေရွတ်လိုက်၏။
“တိုက်ခိုက်ကြ”
သွေးမိစ္ဆာ ကြေးစားအဖွဲ့ဝင်များက ထိုအခွင့်အရေးကို အသုံးချကာ ရှန်ယင် မြို့တော်ကို နောက်တစ်ကြိမ် ဝင်ရောက် တိုက်ခိုက်ကြပြန်၏။
“ငါတို့က ကြိုတင်ပြီး ဖြေဆေး သောက်ထားပြီးသား... သေစေနိုင်တဲ့ အဆိပ်က ငါတို့ကို ဘာမှလုပ်လို့ မရဘူး၊ မင်းတို့ထဲက ဘယ်နှစ်ယောက် သေမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”
သွေးမိစ္ဆာ ကြေးစားအဖွဲ့၏ ဒုတိယ တပ်မှူးက ရက်စက်စွာ ကြေညာလိုက်၏။
“အော်... ကံဆိုးခြင်း အဆိပ်မြူ ရှိနေလို့ မင်းတို့က ရှန်ယင် မြို့တော်ကို လာတိုက်ရဲတာကိုး”
ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်ရာ သူ၏ လူသတ်ချင်စိတ်များမှာ အဆပေါင်းများစွာ မြင့်တက်လာတော့သည်။
“ဝုန်း”
ကျန်းလန်ယွဲ့က ကျောက်စိမ်းပုလင်း တစ်လုံးကို အလျင်အမြန် ခွဲပစ်လိုက်ပြီး အလင်းတန်းများကို သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်စေလိုက်၏။
“ခွေးမသားလေး... သတ္တိရှိရင် လာခဲ့လေ၊ ကံဆိုးခြင်း အဆိပ်မြူရဲ့ အရသာကို မြည်းစမ်းကြည့်လိုက်စမ်း”
ကျန်းလန်ယွဲ့က ခြိမ်းခြောက်လိုက်၏။ သူတို့သည် ဖုန်းဝူချန်အား တိုက်ခိုက်ရန် ကံဆိုးခြင်း အဆိပ်မြူကို အသုံးပြုရန် အစကတည်းက စီစဉ်ထားခဲ့သော်လည်း ဖုန်းဝူချန်၏ စွမ်းအားက ဤမျှ ကြောက်စရာကောင်းနေမည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ကြပါချေ။
ကံဆိုးခြင်း အဆိပ်မြူ၏ ကာကွယ်မှုကြောင့် ကျန်းလန်ယွဲ့မှာ ဖုန်းဝူချန် အနီးသို့ ချဉ်းကပ်လာမည်ကို အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိတော့ပါချေ။
“မင်းက ကံဆိုးခြင်း အဆိပ်မြူကို အရမ်း အထင်ကြီးလွန်းနေတာပဲ”
ဖုန်းဝူချန်က ရေခဲပမာ အေးစက်စွာ ပြောလိုက်ပြီး ဝူမီးတောက်များကို သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် လှည့်ပတ်စေလိုက်၏။
နောက်တစ်စက္ကန့်တွင် ဖုန်းဝူချန်သည် အဟုန်ပြင်းစွာဖြင့် ရုတ်တရက် ပြေးထွက်သွားတော့သည်။
“ဟွန့်... မင်းက သေချင်နေတာပဲ”
ကျန်းလန်ယွဲ့က ကြောက်ရွံ့မှု လုံးဝမရှိဘဲ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
“ဖျက်ဆီးခြင်း”
ဖုန်းဝူချန်သည် မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာပြီး သူ၏ လက်ဝါးမှာ ကျန်းလန်ယွဲ့၏ ရှေ့တွင် ပေါ်ထွက်လာကာ အလွန်တရာ အင်အားကြီး စွမ်းအားကြီးတစ်ခု စုစည်းလာတော့သည်။
--