← Chapters

အခန်း ၈၀၄

Vol. 54 Ch. 804

အခန်း ၈၀၄

Vol. 54 Ch. 804

အခန်း (၈၀၄) - စုတ်ပြတ်နေသော အဝတ်စ

~ရှန်ယင် မြို့တော်ကြီးသည် သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေသော မှောင်မိုက်မှုကြီးထဲတွင် နစ်မြုပ်နေပြီး နေရာအနှံ့အပြား၌ ဝမ်းနည်းကြေကွဲဖွယ် လေထုက လွှမ်းမိုးထား၏။

အလွန်တရာ အစွမ်းထက်လှသော ဖုန်းဝူချန်ပင်လျှင် ကူကယ်ရာမဲ့ ဖြစ်ရသော အခိုက်အတန့်များ ရှိလာခဲ့တော့သည်။

ဖုန်းဝူချန်သည် သာမန် လူသား တစ်ဦးသာ ဖြစ်ပြီး အရာအားလုံးကို တတ်စွမ်းနိုင်သော နတ်ဘုရား တစ်ပါး မဟုတ်ပါချေ။

“ဝှစ် ဝှစ်”

သေမင်းတမန် တိတ်ဆိတ်နေမှုကို ရုတ်တရက် လေခွင်းသံ နှစ်ချက်က ဖြိုခွင်းလိုက်ပြီး အမည်းရောင် အရိပ်နှစ်ခုသည် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ရှန်ယင် မြို့တော်ဆီသို့ လျှပ်တစ်ပြက် ပြေးဝင်လာတော့သည်။

လူတိုင်းက ရှန်ယင် မြို့တော်၏ ကောင်းကင်ယံသို့ အလျင်အမြန် မော့ကြည့်လိုက်ကြ၏။

“ဆရာ... သူတို့ ပြန်ရောက်လာပြီ”

ကျန်းကျွင့်လန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ ဝင်းလက်လာတော့သည်။

“သူတို့ ပြန်ရောက်လာပြီ... ပြန်ရောက်လာပြီဟေ့”

လူတိုင်းမှာ မျှော်လင့်ချက် တစ်ခုကို မြင်တွေ့လိုက်ရသည့်အလား သူတို့၏ ပြန်အလာကို စိတ်အားထက်သန်စွာဖြင့် စောင့်မျှော်နေကြ၏။

“နန်းတော်သခင်... သွေးမိစ္ဆာ ကြေးစားအဖွဲ့ကို လုံးဝ အမြစ်ပြတ် သုတ်သင်ပြီးသွားပါပြီ၊ ကောင်းကင်ဝံပုလွေ တောင်တန်းကိုလည်း မြေပြင်နဲ့ တစ်ပြေးတည်း ဖြစ်အောင် လုပ်ပစ်ခဲ့ပါတယ်”

ယဲ့ထျန်းဝေက ရိုသေစွာ သတင်းပို့လိုက်၏။

“ဖြေဆေး ပါလား”

ဖုန်းဝူချန်က လိုရင်းကိုသာ တိုက်ရိုက် မေးလိုက်လေရာ လူတိုင်း၏ အကြည့်များက ထိုလူနှစ်ဦးထံတွင် စူးစိုက်နေကြပြီး ကြီးမားသော မျှော်လင့်ချက်များနှင့်အတူ နက်ရှိုင်းသော စိုးရိမ်ပူပန်မှုများလည်း ပြည့်နှက်နေတော့သည်။

“ဖြေဆေးတော့ ရှာမတွေ့ခဲ့ဘူးဗျ”

ပေတိုယန်က ခေါင်းကို အသာအယာ ခါယမ်းရင်း ဖြေလိုက်၏။

ထိုခေါင်းခါယမ်းမှုက လူတိုင်း၏ နားထဲတွင် ကြီးမားသော ဗုံးတစ်လုံး ပေါက်ကွဲသွားသည့်အလား ဖြစ်သွားပြီး အားလုံးကို ကြီးစွာသော စိတ်ပျက်မှုထဲသို့ တွန်းချလိုက်ကာ အဆိပ်သင့်နေသူများမှာလည်း လုံးဝ မျှော်လင့်ချက်မဲ့သွားကြတော့သည်။

ထိုအခြေအနေကို မြင်သောအခါ ယဲ့ထျန်းဝေက အလျင်အမြန်ပင်...

ဝင်ပြောလိုက်၏။

“ဖြေဆေးတော့ ရှာမတွေ့ခဲ့ဘူး... ဒါပေမဲ့ ဖြေဆေး ဖော်စပ်တဲ့ ဆေးနည်းကိုတော့ တွေ့ခဲ့တယ်ဗျ”

စကားဆုံးသည်နှင့် ယဲ့ထျန်းဝေက ဆေးနည်းကို ထုတ်ယူကာ ဖုန်းဝူချန်ထံသို့ ကမ်းပေးလိုက်၏။

“ဆေးနည်း ဟုတ်လား”

ဖုန်းဝူချန်၏ စိတ်ဓာတ်များ ချက်ချင်း တက်ကြွလာပြီး ဆေးနည်းကို ကမန်းကတန်း လှမ်းယူလိုက်တော့သည်။

“ဖြေဆေး ဖော်စပ်တဲ့ ဆေးနည်း ရှိတယ် ဟုတ်လား... အရမ်းကောင်းတာပဲဗျာ၊ ငါတို့ အသက်ရှင်ပြီ... အသက်ရှင်ပြီဟေ့”

လုကျဲ့မှာ အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး ငရဲပြည်မှနေ၍ ကောင်းကင်ဘုံသို့ ချက်ချင်း ပြန်လည် ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။

“သေစမ်း... ဘာလို့ အစောကတည်းက မပြောတာလဲ၊ ခင်ဗျားတို့ကြောင့် ကျုပ်တို့တွေ စိတ်ပူလွန်းလို့ သေတော့မလို့”

လျိုချင်းယန်က ဒေါသတကြီး ဆဲဆိုလိုက်သည်။

မြောင်ချင်းချင်းနှင့် လန်ယွဲ့တို့လည်း သက်ပြင်းရှည်ကြီး ချလိုက်နိုင်ကြပြီး ယဲ့ထျန်းဝေနှင့် သူ၏ အပေါင်းအပါကို မထီမဲ့မြင် အကြည့်များဖြင့် စိုက်ကြည့်လိုက်ကြ၏။

“ဟီးဟီး... ငါတို့သာ ဘာမှ ပြန်မယူလာနိုင်ခဲ့ရင် နန်းတော်သခင်ကို ဘယ်လို မျက်နှာပြရဲတော့မလဲ”

ပေတိုယန်က ရယ်ရင်း ပြန်ဖြေလိုက်၏။

ဆေးနည်းကို ရရှိလိုက်ပြီဖြစ်ရာ လူတိုင်းမှာ လုံးဝ စိတ်အေးသွားကြပြီး မျှော်လင့်ချက် ရောင်ခြည်ကို မြင်တွေ့လိုက်ရကာ အတိုင်းအဆမသိ ဝမ်းသာနေကြတော့သည်။

ဆေးနည်းကို ဖတ်ပြီးနောက် ဖုန်းဝူချန်က ဝမ်းသာအားရ ပြုံးလျက်...

“အော်... သိပြီ၊ ကံဆိုးခြင်း အဆိပ်မြူကို ရှေးဟောင်း နွယ်ပင်သစ်ပင်နဲ့ တခြား အလွန်အမင်း အဆိပ်ပြင်းတဲ့ ဆေးပင်တွေ ပေါင်းစပ်ပြီး ဖော်စပ်ထားတာပဲ... ဒါပေမဲ့ ရှေးဟောင်း နွယ်ပင်သစ်ပင် ကိုယ်တိုင်က အလွန်တရာ ကြောက်မက်ဖွယ်ကောင်းတဲ့ အဆိပ်တစ်မျိုးဖြစ်ပြီး အရမ်းကို လွှမ်းမိုးဖိနှိပ်နိုင်တယ်၊ ဖြေဆေး ဖော်စပ်တဲ့ နည်းလမ်းက ရှေးဟောင်း နွယ်ပင်သစ်ပင်ရဲ့ အဆိပ်ကို အသုံးချပြီး ကံဆိုးခြင်း အဆိပ်မြူရဲ့ အဆိပ်ကို တန်ပြန် ချေဖျက်ပစ်တာပဲ” ဟု ရှင်းပြလိုက်၏။

“တစ်ခုနဲ့တစ်ခု တန်ပြန် ချေဖျက်ပစ်တာလား”

လူတိုင်းမှာ အံ့အားသင့်သွားကြ၏။

“အဲဒါက အဆိပ်ကို အဆိပ်နဲ့ ပြန်တိုက်တာမျိုး မဟုတ်ဘူးလား”

လျိုချင်းယန်က အံ့အားသင့်စွာဖြင့် မေးလိုက်၏။

“ဟုတ်တယ်... ဆေးနည်းထဲမှာ ပါတဲ့ တခြား ဆေးပင်တွေက ရှေးဟောင်း နွယ်ပင်သစ်ပင်ရဲ့ အဆိပ်ကို ပိုပြီး ပြင်းထန်လာအောင် မြှင့်တင်ပေးဖို့ သက်သက်ပဲ၊ တကယ့် ဖြေဆေးက ရှေးဟောင်း နွယ်ပင်သစ်ပင်ရဲ့ အဆိပ် ကိုယ်တိုင်ပဲ”

ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် ရှင်းပြလိုက်လေရာ ဆေးနည်းကို ဖတ်ပြီးနောက် သူ လုံးဝ စိတ်အေးသွားပြီ ဖြစ်ကြောင်း ထင်ရှားလှသည်။

“အရမ်းကောင်းတာပဲ... ရှေးဟောင်း နွယ်ပင်သစ်ပင်ရဲ့ သေစေနိုင်တဲ့ အဆိပ်တွေက ကောင်းကင်ဝံပုလွေ တောင်တန်းရဲ့ နေရာတိုင်းမှာ ရှိနေတာပဲလေ”

လုထျန်းချန်က ဝမ်းသာအားရ ပြုံးလျက် ပြောလိုက်၏။

“အစ်ကိုဖုန်း... ကျေးဇူးတင်လို့ကို မဆုံးနိုင်အောင်ပါပဲဗျာ”

လုကျဲ့က ကျေးဇူးတင်စကား ဆိုလိုက်၏။ အကယ်၍သာ ဖုန်းဝူချန် မရှိခဲ့ပါက ရှန်ယင် မြို့တော်တွင် ကျရောက်ခဲ့သော ဤဘေးဒုက္ခအတွင်း သွေးမိစ္ဆာ ကြေးစားအဖွဲ့၏ လက်ချက်ဖြင့် သူတို့ အားလုံး သေချာပေါက် သေဆုံးသွားနိုင်ကြောင်း သူ ကောင်းစွာ သိရှိထားသောကြောင့်ပင် ဖြစ်ပါ၏။

“အစ်ကိုဖုန်း... ခင်ဗျားရဲ့ အကူအညီသာ မပါခဲ့ရင် ကျွန်တော်တို့ ရှန်ယင် ကြေးစားအဖွဲ့ ဆိုတာ အခုလောက်ဆို ရှိတော့မှာ မဟုတ်ဘူး”

လုထျန်းချန်ကလည်း အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် ကြေးစားစစ်သည် အားလုံးကလည်း တစ်ယောက်ပြီး တစ်ယောက် ကျေးဇူးတင်စကား ပြောကြားလာကြ၏။

“ဒီလောက်ထိ အားနာနေစရာ မလိုပါဘူး ခေါင်းဆောင်လုရာ”

ဖုန်းဝူချန်က အသာအယာ ပြုံးရင်း ပြန်ဖြေလိုက်၏။

“စကားလုံးတွေနဲ့တောင် ဖော်ပြလို့ မရအောင် ကျေးဇူးတင်ပါတယ် အစ်ကိုဖုန်းရာ... နောင်တစ်ချိန်ချိန်မှာ ရှန်ယင် ကြေးစားအဖွဲ့ရဲ့ အကူအညီ လိုအပ်လာရင် တုံ့ဆိုင်းမနေဘဲ ကူညီပေးပါ့မယ်”

လုကျဲ့က ရိုးသားပွင့်လင်းစွာ အာမခံနေလေသည်။

“အကူအညီ လိုအပ်လာရင်တော့ ခေါင်းဆောင်လုကို ကျွန်တော် အားနာနေမှာ မဟုတ်ဘူးနော်”

ဖုန်းဝူချန်ကလည်း ပြုံးလျက် ဆိုလိုက်၏။

သူသည် အခြားသူများ၏ စေတနာကို ငြင်းဆန်လေ့ မရှိပါချေ။ မည်သို့ပင်ဆိုစေကာမူ သူတစ်ပါး၏ မျက်နှာကို မထောက်ထားခြင်းက မကောင်းဘူး မဟုတ်ပါလော။

လုကျဲ့က လက်ဖဝါးကို လှန်လိုက်ရာ ဟင်းလင်းပြင်ထဲမှ အရာဝတ္ထု တစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ အလွန်တရာ ရှေးကျဟောင်းနွမ်းနေပုံ ရသော စုတ်ပြတ်နေသည့် အထူး အဝတ်စ တစ်ခု ဖြစ်၏။

“ဒါက...”

စုတ်ပြတ်နေသော အဝတ်စပေါ်ရှိ အင်းကွက်များကို မြင်လိုက်ရသည့်အခါ ဖုန်းဝူချန်၏ မျက်နှာထားမှာ ရုတ်တရက် သိသိသာသာ ပြောင်းလဲသွား၏။

ဖုန်းဝူချန်မှာ အနည်းငယ် အံ့အားသင့်ကာ မယုံကြည်နိုင်ဖြစ်နေပြီး ထိုစုတ်ပြတ်နေသော အဝတ်စပေါ်ရှိ အထူး အင်းကွက်များကို သူ မှတ်မိနေ သလိုပါပင်။

“အစ်ကိုဖုန်း... ဒီရှေးဟောင်း အဝတ်စကို ရှုမီ ချောက်ကမ်းပါးထဲကနေ ကျွန်တော် ရခဲ့တာပါ... ဒါ ဘာရတနာလဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး၊ သူ့ပေါ်မှာ ရှေးဟောင်း အင်းကွက်တွေ ပါတယ်လေ... နှစ်ပေါင်းများစွာ သုတေသန လုပ်ကြည့်ခဲ့ပေမဲ့ ဘာမှ အကျိုးမထူးခဲ့ဘူး၊ ရှုမီ ချောက်ကမ်းပါးထဲက ရလာတဲ့ ရှေးဟောင်း ပစ္စည်းတွေ အကုန်လုံးက ရတနာတွေချည်းပါပဲ”

လုကျဲ့က ရှင်းပြလိုက်ပြီးနောက် ၎င်းကို ဖုန်းဝူချန်ထံသို့ ကမ်းပေးလိုက်၏။

“ခေါင်းဆောင်လု... ဒါက ကျွန်တော့်အတွက်လား”

ဖုန်းဝူချန်မှာ အနည်းငယ် မှင်သက်သွားပြီး အလွန်အမင်း အံ့အားသင့်သွားရသည်။

“ဒါပေါ့ဗျာ... ကျွန်တော့်ဆီမှာ ထားထားလည်း အလကားပါပဲ၊ အစ်ကိုဖုန်းကများ အဖြေရှာနိုင်မလားလို့ပါ... ဒီပစ္စည်းက သာမန်တော့ မဖြစ်နိုင်ဘူး”

လုကျဲ့က ရယ်လိုက်၏။

သူ နားမလည်နိုင်သော်လည်း ထိုစုတ်ပြတ်နေသော အဝတ်စမှာ သာမန် ပစ္စည်းတစ်ခု မဟုတ်ကြောင်း သူ၏ ပင်ကိုယ် အသိစိတ်က ပြောပြနေသောကြောင့်ပင် ဖြစ်ပါသည်။

ဖုန်းဝူချန်က ကမန်းကတန်း လှမ်းယူလိုက်ပြီး စုတ်ပြတ်နေသော အဝတ်စပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော အင်းကွက်များကို စူးစိုက်ကြည့်နေတော့သည်။ လျိုချင်းယန်နှင့် အခြားသူများကလည်း သူ့ဘေးနားသို့ စုရုံးရောက်ရှိလာကြ၏။

“အစ်ကိုဖုန်း... ဒီအင်းကွက်တွေက ရင်းနှီးနေသလိုပဲနော်”

လျိုချင်းယန်က ပြောလိုက်သည်။

“ဟုတ်တယ်... ငါလည်း မြင်ဖူးတယ်၊ အရမ်းကို ရင်းနှီးနေတာ... ဒါက ကမ္ဘာဦး အချိန်စက်သွား ပေါ်က အင်းကွက်တွေနဲ့ တူတယ်နော်”

ကျန်းကျွင့်လန်က သေချာပေါက် ဆိုလိုက်၏။

မြောင်ချင်းချင်းက တိုးတိုးလေး ခန့်မှန်းလိုက်ပြီး...

“အချိန်စွမ်းအားနဲ့များ ပတ်သက်နေမလား” ဟု မေးလိုက်၏။

“ဖြစ်နိုင်တယ်”

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။

လုကျဲ့ထံတွင် အချိန်စွမ်းအားနှင့် ပတ်သက်သော ရတနာတစ်ခု ရှိနေလိမ့်မည်ဟု သူ.. တစ်ခါမှ မထင်မှတ်ထားခဲ့ပါချေ။

ဤစုတ်ပြတ်နေသော အဝတ်စက သူတို့၏ အချိန်စွမ်းအား ရှာဖွေရေး ခရီးစဉ်အတွက် ကြီးမားသော အထောက်အကူ တစ်ခု ဖြစ်လာနိုင်သည်။

လုကျဲ့က ဖုန်းဝူချန်နှင့် အခြားသူများကို အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် ရယ်လိုက်သည်။...

“ခင်ဗျားတို့က ဒါကို သိနေတာကိုး... ကြည့်ရတာ ဒီရတနာက သူ့ပိုင်ရှင် အစစ်ကို တွေ့သွားပြီ ထင်တယ်”

“ခေါင်းဆောင်လု... တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ၊ ဒီအဝတ်စက ကျွန်တော်တို့အတွက် တကယ်ကို အရေးကြီးပါတယ်”

ဖုန်းဝူချန်က ကျေးဇူးတင်စကား ပြောကြားလိုက်၏။ ဤကဲ့သို့သော ရတနာမျိုးကို သူ သေချာပေါက် ငြင်းဆန်မည် မဟုတ်ပါချေ။

“အစ်ကိုဖုန်းက အရမ်း အားနာလွန်းနေပါပြီ... ခင်ဗျား ကျွန်တော်တို့ အားလုံးရဲ့ အသက်ကို ကယ်ပေးခဲ့တာနဲ့ ယှဉ်ရင် ဒါက ဘာမှမဟုတ်ပါဘူးဗျာ”

လုကျဲ့က လက်ကာပြရင်း ပြောလိုက်၏။

”

ဤအခိုက်အတန့်တွင် ကျန်းကျွင့်လန်က သတိပေးလိုက်၏။

“ဆရာ... ကျွန်တော်တို့ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို တစ်ခေါက် သွားရဦးမယ်နော်၊ ဆရာ့ကိုယ်စား ကျောင်းတော်ရဲ့ ပထမ အကြီးအကဲကို ကျွန်တော် ကတိပေးထားခဲ့တယ်လေ

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး...

နှုတ်ဆက်လိုက်၏။

“ခေါင်းဆောင်လု... အစ်ကိုကြီးလု၊ ကျွန်တော်တို့မှာ တခြား ကိစ္စလေးတွေ ရှိသေးလို့ ဒီကနေပဲ နှုတ်ဆက်ခွင့်ပြုပါဦးဗျာ”

ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သည် အချိန်စွမ်းအားကို ရှာဖွေရန် ရှုမီ ချောက်ကမ်းပါးသို့ ရောက်ရှိလာခြင်း ဖြစ်သော်လည်း ဤကိစ္စများကြောင့် သူတို့ အချိန်အတော်ကြာ နှောင့်နှေးခဲ့ရပြီ ဖြစ်ရာ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်သို့ သွားရောက်ရန် လိုအပ်သော အချိန်ကိုမူ ဆိုဖွယ်ရာပင် မရှိတော့ပါချေ။

ကျန်းကျွင့်လန်က ကတိပေးထားပြီးဖြစ်ရာ သဘာဝကျကျပင် ရုပ်သိမ်း၍ မရနိုင်တော့ပေ။

ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့ ထွက်ခွာသွားကြရာ လုကျဲ့နှင့် လုထျန်းချန်တို့ ကိုယ်တိုင်ကိုယ်ကျ လိုက်လံ နှုတ်ဆက်ကြ၏။ အဆိပ်ဖြေသည့် ကိစ္စကိုမူ သူတို့ဘာသာ ကိုင်တွယ် ဖြေရှင်းနိုင်ပြီ ဖြစ်ပါ၏။

အလျင်အမြန် ပျောက်ကွယ်သွားသော ဖုန်းဝူချန်၏ ကျောပြင်ကို ကြည့်ရင်း လုကျဲ့က...ချီးကျူးလိုက်သည်။

“ထျန်းကျီဘုံ အဆင့် (၉) ရဲ့ စွမ်းအားနဲ့ဆိုတော့ သူက တကယ့်ကို ထူးခြားတဲ့ ပါရမီရှင် တစ်ယောက်ပဲ... သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားတွေတောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

“လူတစ်သန်းမှာမှ တစ်ယောက် ပေါ်လာနိုင်တဲ့ ပါရမီရှင်ပဲ”

လုထျန်းချန်ကလည်း အံ့ဩတကြီး ရေရွတ်လိုက်တော့သည်။

---

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်သို့ အသွား လမ်းခရီးတွင် ကျန်းကျွင့်လန်က မေးလိုက်၏။

“ဆရာ... စုတ်ပြတ်နေတဲ့ အဝတ်စက အချိန်စွမ်းအားနဲ့ တကယ် ပတ်သက်နေလို့လား၊ သူ့ပေါ်က အင်းကွက်တွေက ဘာလို့ ကမ္ဘာဦး အချိန်စက်သွား ပေါ်က အင်းကွက်တွေနဲ့ တစ်ပုံစံတည်း တူနေရတာလဲ”

ဖုန်းဝူချန်က အဝတ်စကို သေချာစွာ စစ်ဆေးကြည့်ပြီးနောက် ခေါင်းခါယမ်းကာ...ပြန်ဖြေလိုက်၏။

“ငါလည်း မသိဘူး... ဒါပေမဲ့ တစ်ခုခုတော့ ပတ်သက်နေမှာ သေချာတယ်၊ အချိန်စွမ်းအားကို ရှာဖွေတဲ့ နေရာမှာ ဒါက ငါတို့ကို ကူညီပေးနိုင်ကောင်း ကူညီပေးနိုင်လိမ့်မယ်”

“နန်းတော်သခင်... ဒီစုတ်ပြတ်နေတဲ့ အဝတ်စ တစ်ခုတည်းကိုပဲ အားကိုးပြီးတော့ အချိန်စွမ်းအားကို ရှာတွေ့ဖို့ဆိုတာ မလွယ်လောက်ဘူး၊ တခြား အဝတ်စတွေလည်း ရှိနေနိုင်သေးတယ်”

ဟု ယီထျန်းချင်းကလာ်း ဝင်ရောက်.. ခန့်မှန်းလိုက်၏။

“ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ တိုးတက်မှု အသစ်လေး ရလာတာပေါ့... ပြီးတော့ သေချာသွားတဲ့ အချက်တစ်ခုက အချိန်စွမ်းအားက ရှုမီ ချောက်ကမ်းပါးထဲမှာ သေချာပေါက် ရှိနေတယ် ဆိုတာပဲ”

ဖုန်းဝူချန်က ပြုံးရင်း ပြန်ပြောလိုက်၏။

၎င်းမှာ သူတို့အတွက် အကောင်းဆုံး သတင်းတစ်ခု ဖြစ်ကြောင်း သေချာလှပေတော့သည်။

--

All Chapters