← Chapters

အခန်း ၈၀၅

Vol. 54 Ch. 805

အခန်း ၈၀၅

Vol. 54 Ch. 805

အခန်း (၈၀၅) - အာရုံစိုက်ခံရသူ

~သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်။

ခရီးတစ်ဝက်ခန့် လျှောက်လှမ်းခဲ့ပြီးနောက် ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သည် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်သို့ ရောက်ရှိလာခဲ့ကြတော့သည်။

"ဒါက တိုက်ကြီးရဲ့ နံပါတ်တစ် ကျောင်းတော်ကြီးလား"

"ဒီနန်းတော်ကြီးက တကယ့်ကို ကြီးမားခမ်းနားလွန်းတယ်၊ နဂါးနတ်ဘုရား နန်းတော်ထက် နှစ်ဆလောက်တောင် ပိုကြီးသေးတယ်"

"သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါပေတယ်... အထဲက လူတိုင်းက ပါရမီရှင်တွေချည်းပဲ၊ သူတို့က အခြေခံအားဖြင့် ကောင်းကင်ဘုံလူသားဘုံမှာ ရှိနေကြပြီး ထျန်းကျီဘုံ ပညာရှင်တွေလည်း အတော်များများ ရှိတာပဲ"

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ ခမ်းနားထည်ဝါသော နန်းတော်ကြီးများရှေ့သို့ ရောက်ရှိသွားသည့်အခါ လျိုချင်းယန်နှင့် အခြားသူများမှာ လုံးဝ ဆွံ့အသွားကြ၏။ ကြီးကျယ်ခမ်းနားလှသော နန်းတော်ကြီးများက မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ရိုသေလေးစားမှုကို ဖြစ်ပေါ်စေတော့သည်။

ကျန်းကျွင့်လန်က တိုးတိုးလေး ရယ်လိုက်ပြီး...

"သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားတွေ အားလုံးက ပါရမီရှင်တွေလေ... ပြီးတော့ သူတို့ထဲက အများစုက တော်တော်လေး မောက်မာကြတယ်" ဟု ဆိုလိုက်၏။

"အားလုံးတော့ မဟုတ်လောက်ပါဘူး... မဟုတ်ရင် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က အစောကြီးကတည်းက ပြိုကျပျက်စီးသွားလောက်ပြီပေါ့"

ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်၏။

"ဒီလောက် လူအများကြီးက သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ထဲကို ဘာလို့ ဝင်ချင်နေကြတာလဲ ဆိုတာ မဆန်းတော့ပါဘူး... ဒီပါရမီရှင်တွေရဲ့ ကျင့်ကြံခြင်းအဆင့်တွေက အရမ်းကို အစွမ်းထက်လွန်းနေတာကိုး၊ တကယ့်ကို ဧရာမ အဖွဲ့အစည်းကြီးပါလား"

ကောင်းဝူရွှမ်က အလွန်အမင်း အံ့အားသင့်နေသော မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ကောင်းဝူရွှမ်ထံသို့ အကြည့်ရွှေ့ကာ...

နောက်ပြောင်လိုက်၏။

"မင်းကော ဘယ်လိုလဲ... သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ထဲကို ဝင်ချင်သေးလား"

ကောင်းဝူရွှမ်က ခေါင်းကို ခပ်သွက်သွက် ခါယမ်းလိုက်သည်။...

"သေအောင် ရိုက်သတ်ရင်တောင် မဝင်ဘူးဗျာ"

"ဟားဟား"

ကောင်းဝူရွှမ်၏ ရယ်စရာကောင်းသော တုံ့ပြန်မှုကြောင့် လျိုချင်းယန်နှင့် အခြားသူများမှာ မနေနိုင်တော့ဘဲ တဟားဟား ရယ်လိုက်ကြတော့သည်။

ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့ ရောက်ရှိလာမှုက ကျောင်းတော်အတွင်း အဝင်အထွက် လုပ်နေကြသော ကျောင်းသားများ၏ စပ်စုချင်စိတ်ကို ဆွဲဆောင်သွား၏။

"သူတို့က ဘယ်သူတွေလဲ... ကျောင်းတော်ထဲကို ဝင်ဖို့များ စဉ်းစားနေကြတာလား၊ ကျောင်းဝင်ခွင့် ရဖို့တော့ သူတို့ အသက်တွေက ကြီးလွန်းနေပြီနော်"

"ဟိုနှစ်ယောက်က အရင်တုန်းက ငါတို့ ကျောင်းတော်ကို ရောက်ဖူးတယ် မဟုတ်လား"

"သခင်လေးကျန်းပါလား... ဝူကျိနယ်မြေ ကျန်းမိသားစုရဲ့ သခင်လေးလေ"

ပါရမီရှင် ကျောင်းသား များစွာက ကျန်းကျွင့်လန်ကို ချက်ချင်း မှတ်မိသွားကြလေပြီ။

သူသည် ဝူကျိနယ်မြေ ကျန်းမိသားစု၏ သခင်လေး ဖြစ်ကြောင်း သိလိုက်ရသည့်အခါ ကျောင်းသားများ၏ မျက်နှာထားများမှာ ရိုသေလေးစားမှုများဖြင့် ပြည့်နှက်သွားတော့သည်။

သို့သော် သူတို့ကို ဇဝေဇဝါ ဖြစ်စေသည်မှာ ဤအဖွဲ့တွင် ဦးဆောင်လာသူမှာ ကျန်းကျွင့်လန် မဟုတ်ဘဲ အခြား လူငယ်တစ်ဦး ဖြစ်နေခြင်းပင် ဖြစ်၏။ ကျန်းမိသားစု၏ သခင်လေး တစ်ယောက်အနေဖြင့် အခြားလူတစ်ယောက်၏ အနောက်မှ လိုက်ပါလာရသည် ဟုတ်လား။

စပ်စုချင်စိတ်ဖြင့် ကြည့်နေသော အကြည့်များမှာ ကျန်းကျွင့်လန်ထံမှ ဖုန်းဝူချန်ထံသို့ ချက်ချင်း ရွှေ့ပြောင်းသွားကြ၏။

လူတစ်ဒါဇင်ကျော် ပါဝင်သော အဖွဲ့ကို ဖုန်းဝူချန်က ဦးဆောင်လာကြောင်း ထင်ရှားလှသည်။

"အဲဒီကောင်လေးက တော်တော် သတ္တိကောင်းတာပဲ... သခင်လေးကျန်းရဲ့ ရှေ့ကနေ ရပ်ရဲတယ်ပေါ့လေ"

"သူ့ရဲ့ အဆင့်အတန်းက သခင်လေးကျန်းထက်တောင် ပိုပြီး ကြီးကျယ်မြင့်မြတ်နေလို့များလား... သူက အင်မော်တယ်လက်နက် အဆောက်အအုံက လူများလား"

"အင်မော်တယ်လက်နက် အဆောက်အအုံကတော့ မဖြစ်နိုင်ဘူး... မင်း မကြားဖူးဘူးလား၊ အင်မော်တယ်လက်နက် အဆောက်အအုံနဲ့ ကျန်းမိသားစုက ရန်သူတွေလေ... အဲဒီက လူတစ်ယောက်က သခင်လေးကျန်းနဲ့ ဘယ်လိုလုပ် အတူတူ ရှိနေနိုင်မှာလဲ"

"သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲဆိုတာ မင်း ခန့်မှန်းလို့ရလား... သေချာ ဖုံးကွယ်ထားတာပဲ"

ပါရမီရှင် ကျောင်းသားများက ဖုန်းဝူချန်၏ နောက်ခံကို အကဲခတ်ရင်း တိုးတိုးတိတ်တိတ် ဝေဖန် ဆွေးနွေးနေကြ၏။ သူက ပို၍ ဖုံးကွယ်ထားလေလေ၊ သူတို့က ပို၍ စပ်စုချင်လာလေလေ ဖြစ်နေတော့သည်။

"ဝင်ကြစို့"

ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်၏။

ဧည့်ခံကြိုဆိုရေးကို ယခင်က ထျန်းကျီဘုံ အဆင့် (၆) အဘိုးအိုကပင် ဆက်လက် တာဝန်ယူထား၏။

ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့ စကားမပြောနိုင်မီမှာပင် အဘိုးအိုက...

နှုတ်ဆက်လာပါသည်။

"ဒီအဘိုးကြီးက မင်းတို့ကို စောင့်နေတာ အတော်ကြာပြီ... ဝင်လာကြပါ"

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

ဖုန်းဝူချန်က ယဉ်ကျေးစွာ ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် အဘိုးအိုနောက်မှ လိုက်ကာ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် အတွင်းသို့ ဝင်ရောက်သွားလိုက်၏။

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် အတွင်း၌ နေရာတိုင်းတွင် ကျောင်းသားများ ရှိနေပြီး သူတို့၏ အရေအတွက်မှာ သောင်းနှင့်ချီ၍ ရှိနေသည်။

"အဲဒါ အရင်တစ်ခေါက်က ငါတို့ ကျောင်းတော်ကို လာသွားတဲ့ အဖွဲ့မလား... ဘာလို့ ထပ်လာကြပြန်တာလဲ၊ ပြီးတော့ လူတွေလည်း အများကြီး ခေါ်လာသေးတယ်"

"သခင်လေးကျန်း ပြန်ရောက်လာတာပါလား... ဟင်၊ အဲဒါ ကျောင်းတော်ကို ဝင်ခွင့်မရခဲ့တဲ့ ကောင်းဝူရွှမ် မဟုတ်ဘူးလား... ဘုရားရေ၊ သူက တကယ်ကြီး ကောင်းကင်ဘုံလူသားဘုံ အဆင့် (၂) ကို ချိုးဖြတ်သွားပြီပါလား... ဘယ်လောက်တောင် မြန်တဲ့ အမြန်နှုန်းလဲ"

"သူ တကယ်ကြီး ကောင်းကင်ဘုံလူသားဘုံ အဆင့် (၂) ကို ရောက်နေတာပဲ... ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ကျင့်ကြံခြင်း အမြန်နှုန်းလဲ၊ ငါတို့တောင် ကောင်းကင်ဘုံလူသားဘုံကို မချိုးဖြတ်ရသေးဘူးလေ"

ကျောင်းတော် အတွင်း၌ ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့ ရောက်ရှိလာမှုက ပိုမိုများပြားသော ကျောင်းသားများ၏ အာရုံစိုက်မှုကို ရရှိသွား၏။

"အစ်ကိုကြီး ချီကျွယ်... ကြည့်ပါဦး၊ ကျန်းကျွင့်လန်က ဟိုကောင်လေး နောက်ကနေ လိုက်လာတာနော်... သူကများ ကျန်းကျွင့်လန်ရဲ့ ဆရာ ဖြစ်နေမလား၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ငါ လုံးဝ ခန့်မှန်းလို့ မရဘူး"

ကျောင်းသားတစ်ဦးက ချီကျွယ်အား လှမ်းမေးလိုက်၏။

ချီကျွယ်၏ အကြည့်များက ဖုန်းဝူချန်ကို အကဲခတ်နေသော်လည်း စကားတစ်ခွန်းမျှ မဟပါချေ။

တစ်ဒါဇင်ကျော် မြင့်မားသော သံမဏိ မျှော်စင်ကြီးတစ်ခုပေါ်တွင် လူငယ် အမျိုးသား အမျိုးသမီး အချို့ကလည်း ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့ကို အာရုံစိုက်နေကြသည်။

"ဒီလူက သူ့ကိုယ်သူ အတော်လေး.. ဖုံးကွယ်ထားတာပဲ... သာမန်လူတော့ မဖြစ်နိုင်ဘူး"

သူတို့ထဲမှ တစ်ယောက်က ဖုန်းဝူချန်ကို စူးစိုက်ကြည့်ရင်း ခပ်အေးအေးပင် မှတ်ချက်ချလိုက်၏။

အခြား တစ်ယောက်ကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ပြီး...

"တိုက်ကြီးရဲ့ နံပါတ်တစ် ပါရမီရှင် အင်မော်တယ်လက်နက် သွန်းလုပ်သူကတောင် သူ့နောက်ကနေ လိုက်လာရတယ် ဆိုတော့... ဒီလူက တကယ်ကို သာမန် မဟုတ်ဘူး၊ ငါတို့တောင် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်ဘူးလေ... ငါ သူ့ရဲ့ စွမ်းအားကို တကယ် စမ်းသပ်ကြည့်ချင်နေပြီ" ဟု ဆိုလိုက်၏။

"မင်း သွားမရှုပ်တာ အကောင်းဆုံးပဲ... ကုန်းအဘိုးအို ကိုယ်တိုင်က သူ့ကို လာကြိုတယ်ဆိုကတည်းက သူ့ရဲ့ အဆင့်အတန်းက သာမန် မဟုတ်ဘူးဆိုတာ ထင်ရှားနေပြီလေ၊ အကြီးအကဲတွေကို မင်း ဒေါသထွက်အောင် မလုပ်ချင်ဘူး မဟုတ်လား"

အမျိုးသမီး တစ်ဦးက အေးစက်စွာ သတိပေးလိုက်သည်။

ထိုအခါ၊ အမျိုးသားက ပခုံးတွန့်ပြလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် မထီမဲ့မြင် အရိပ်အယောင်များ ဝင်းလက်သွားလေသည်။

...

"စိတ်မပူပါနဲ့... ငါက တွေးကြည့်ရုံ သက်သက်ပါ၊ အဲဒီကောင်လေးက ထျန်းကျီဘုံကိုတောင် မချိုးဖြတ်ရသေးတာလည်း ဖြစ်နိုင်တာပဲလေ"

ဤအမျိုးသား အမျိုးသမီး အချို့မှာ အလွန်တရာ အစွမ်းထက်သော ကျင့်ကြံခြင်းအဆင့်များ ရှိကြပြီး အားလုံးမှာ ထျန်းကျီဘုံတွင် ရှိနေကြ၏။

တစ်ယောက်ဆိုလျှင် ထျန်းကျီဘုံ အဆင့် (၆) သို့ပင် ရောက်ရှိနေပြီ ဖြစ်ရာ ကျောင်းတော်တွင် သူတို့၏ အဆင့်အတန်း မြင့်မားမှုကို ဖော်ပြနေသည်။

သူတို့ စကားပြောနေစဉ်မှာပင် ဖုန်းဝူချန်၏ ထက်မြက်သော အကြည့်များက သူတို့ကို သတိပြုမိသွားခဲ့တော့သည်။

ထျန်းကျီဘုံ အဆင့် (၆) ရှိ ကျောင်းသားက မျက်မှောင် အနည်းငယ် တွန့်ချိုးလိုက်ပြီး.. တိုးတိုးလေး ရေရွတ်လိုက်မိ၏။

"ဘယ်လောက်တောင် ထက်မြက်တဲ့ အကြည့်လဲ"

ဖုန်းဝူချန် ရောက်ရှိလာမှုကြောင့် ကျန်းကျွင့်လန်မှာ အာရုံစိုက်ခံရသူ မဟုတ်တော့ပါချေ။

နန်းတော် လှေကားထစ်များပေါ်တွင် သတင်းကြားသဖြင့် ရောက်လာကြသော ကျောင်းတော်မှ ဆရာအချို့ကို မြင်တွေ့လိုက်ရပြီး ထိုအထဲတွင် ရှန်ကွမ်းယွင်ယွင်နှင့် ယန်ယီယွင်တို့လည်း ပါဝင်၏။

"ဆရာမ ရှန်ကွမ်း... ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီနော်"

ဖုန်းဝူချန်က ဆရာများကို ပေါ့ပေါ့ပါးပါး အကြည့်တစ်ချက်ဖြင့် အကဲခတ်လိုက်ပြီး ယဉ်ကျေးသော အပြုံးဖြင့် နှုတ်ဆက်လိုက်၏။

သူမရှေ့ရှိ မိစ္ဆာတစ်ကောင်အလား ပါရမီထူးခြားလှသော လူငယ်လေးကို ကြည့်ရင်း ထိုချောမောပြီး တက်ကြွနေသော မျက်နှာလေးကြောင့် ရှန်ကွမ်းယွင်ယွင်၏ နှလုံးသားမှာ ရုတ်တရက် ခုန်ပေါက်မှု မြန်ဆန်သွားရ၏။

"ဒီအဘိုးကြီးက ဒီအထိပဲ လိုက်ပို့ပေးတော့မယ်"

ဂုန်းအဘိုးအိုက ခပ်အေးအေးပင် ပြောလိုက်ပြီးနောက် လှည့်ထွက်သွား၏။

"ဆရာမ ရှန်ကွမ်း"

ကောင်းဝူရွှမ်က ဖုန်းဝူချန်၏ အနောက်မှနေ၍ လှမ်းနှုတ်ဆက်လိုက်၏။

"ကောင်းဝူရွှမ်လား"

ရှန်ကွမ်းယွင်ယွင်မှာ အစပိုင်းတွင် အနည်းငယ် အံ့အားသင့်သွားပြီးနောက် သူမ၏ ပါးပြင်ပေါ်တွင် ထိတ်လန့်မှုများ အလျင်အမြန် ဖုံးလွှမ်းသွားကာ...

ရေရွတ်လိုက်မိ၏။

"ကောင်းကင်ဘုံလူသားဘုံ အဆင့် (၂) တဲ့လား... မင်း... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ကျောင်းတော်က ပါရမီရှင်တွေကို ကျွန်တော် အရှုံးပေးမှာ မဟုတ်ပါဘူး"

ကောင်းဝူရွှမ်က ယုံကြည်ချက် အပြည့်ဖြင့် ဆိုလိုက်လေရာ သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်က အကောင်းဆုံး သက်သေပင် ဖြစ်ပါသည်။

"နဂါးနတ်ဘုရား နန်းတော်ရဲ့ သခင်... ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ၊ ပထမ အကြီးအကဲက ခန်းမဆောင်ကြီး ထဲမှာ စောင့်နေပါတယ်"

ရှန်ကွမ်းယွင်ယွင်က သူမ၏ ရင်တွင်းမှ အံ့အားသင့်မှုများကို ဖိနှိပ်ထားလိုက်ပြီး သူမ၏ လှပသော မျက်ဝန်းများကို အနည်းငယ် လွှဲဖယ်ကာ ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်၏။ သူမ၏ မျက်နှာလေးမှာပင် အနည်းငယ် နီရဲလာသကဲ့သို့ ခံစားလိုက်ရသည်။

'ဘာတွေ ဖြစ်နေတာလဲ... ဘာလို့ ရုတ်တရက်ကြီး စိတ်လှုပ်ရှားလာရတာလဲ'

ရှန်ကွမ်းယွင်ယွင်က စိတ်ထဲမှ တွေးလိုက်မိ၏။ ထိုခံစားချက်မှာ ခဏတာမျှသာ ဖြစ်ပြီး အလျင်အမြန် ပျောက်ကွယ်သွား၏။

သို့သော် ရှန်ကွမ်းယွင်ယွင် ပိုတွေးမိလေလေ၊ သူမ၏ ပါးပြင်များမှာ ပိုမို ပူထူလာပြီး နီရဲလာလေလေ ဖြစ်နေတော့သည်။

ခန်းမဆောင်ကြီး အတွင်း၌ အကြီးအကဲ ငါးဦး ရှိနေပြီး ပထမ အကြီးအကဲ လေးဦးနှင့် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ စီမံအုပ်ချုပ်ရေး အကြီးအကဲတို့ ဖြစ်ကြ၏။

အကြီးအကဲ ငါးဦးစလုံးထံမှ အလွန်တရာ အင်အားကြီး အရှိန်အဝါများ ရစ်သိုင်းနေတော့သည်။

"လူငယ်လေး ဖုန်းဝူချန်က ကျောင်းတော်ရဲ့ အကြီးအကဲ ငါးယောက်ကို အရိုအသေ ပေးပါတယ်ဗျာ"

ဖုန်းဝူချန်က ခေါင်းညွတ်၍ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ရာ ကျန်းကျွင့်လန်နှင့် အခြားသူများကလည်း အနောက်မှ လိုက်လံ ဂါရဝပြုလိုက်ကြ၏။

အကြီးအကဲ ငါးဦး၏ အကြည့်များက ဖုန်းဝူချန်ထံသို့ ရောက်ရှိသွားပြီး သူ့ကို အပေါ်အောက် အကဲခတ်ကာ သေချာစွာ စူးစမ်းကြည့်ရှုနေကြတော့သည်။

'ဒီလူငယ်လေးက သူ့ကိုယ်သူ သေချာ ဖုံးကွယ်ထားတာပဲ... သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို လုံးဝ ခန့်မှန်းလို့ မရဘူး၊ သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအား အရိပ်အယောင်လေး တစ်ခုကိုတောင် အာရုံခံလို့ မရပါလား'

ဝမ်ကျိုကျုံးက အလန့်တကြား တွေးလိုက်မိသော်လည်း သူ၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ မပြပါချေ။

ကျန်အကြီးအကဲ လေးဦးမှာလည်း အလားတူပင် နက်နက်ရှိုင်းရှိုင်း အံ့အားသင့်နေကြ၏။

"ဒါဆို မင်းက ဝူကျိနယ်မြေ နဂါးနတ်ဘုရား နန်းတော်ရဲ့ သခင် ဖုန်းဝူချန်ပေါ့... မင်းအကြောင်းကို ဆရာမ ရှန်ကွမ်းနဲ့ တခြားသူတွေဆီကနေ ငါ ကြားဖူးပါတယ်၊ အခုတော့ နောက်ဆုံးမှာ လူချင်း တွေ့ရပြီပေါ့"

ဝမ်ကျိုကျုံးက ပြုံးလျက် ခေါင်းညိတ်ကာ ဆိုလိုက်လေတော့သည်။

--

All Chapters