← Chapters

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း (၂၄၂)

အိမ်ခြံမြေဘုရားသခင် မဟုတ်ပါ (အပိုင်း ၂)

လျန်ထျန်း ယခုကဲ့သို့ ရဲတင်းစွာ လုပ်ဆောင်နိုင်ခြင်း၏ အကြောင်းရင်းတစ်ခုမှာ သူ၏ မိတ်ဆွေဟောင်း တန်ကော်ဟွာမှာ ရာထူးအသစ်သို့ ပြောင်းရွှေ့တာဝန်ပေးခြင်း ခံခဲ့ရသောကြောင့် ဖြစ်သည်။

ထိုသို့ ရာထူးပြောင်းရွှေ့ရခြင်း၏ အကြောင်းရင်းမှာ လျန်ထျန်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ ဦးစီးပြုလုပ်သော စီမံ ကိန်းကြီးမှာ နောက်ဆုံးတွင် သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိကာ အောင်မြင်မှု သရဖူဆောင်းခဲ့သော ကြောင့် ဖြစ်လေသည်။

ဤစီမံကိန်း၏ အောင်မြင်မှုသည် နိုင်ငံအတွက် ကြီးမားသော တိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်ခဲ့သဖြင့် တန်ကော်ဟွာမှာ အဓိက တာဝန်ခံသူအဖြစ် အကြီးမားဆုံးသော ဂုဏ်ကျေးဇူးကို ရရှိထိုက်ပေသည်။

ဤအချက်ကို ပိုမိုရှင်းလင်းအောင် ဥပမာတစ်ခုဖြင့် ပြသရမည်ဆိုလျှင်...၊ တက္ကသိုလ်တောင် မတက်ရသေးသည့် ကျောင်းသားတစ်ဦးက နျူကလီးယား ပေါင်းစပ်မှုဆိုင်ရာ သုတေသနကို အောင်မြင်အောင် လုပ်ဆောင်နိုင်သည် ဟု ဆိုကြပါစို့။

ထို့နောက် သူက၊

"ဒီသုတေသနက ကျွန်တော့်ကို ကျင်းဟွာတက္ကသိုလ်ကို တက်ခွင့်ပေးနိုင်မလား...။" ဟု မေးမြန်းလိုက်လေသည်။

ထိုအခါ ကျင်းဟွာတက္ကသိုလ် ကျောင်းအုပ်ကြီးက ပြုံးရွှင်စွာဖြင့် ပြန်ဖြေလိုက်လေသည်၊

"သုတေသနပညာရှင်ကြီး... ဒါ ဘာစကားလဲ။ ခင်ဗျားပဲ ကျောင်းအုပ်လုပ်ပါလား၊ ကျွန်တော်ကပဲ အတွင်းရေးမှူး လုပ်ပေးပါ့မယ်...။"

ကျောင်းသားက၊

"ဒါဆို ကျွန်တော် ရူပဗေဒ နိုဘယ်ဆုအတွက် လျှောက်ထားလို့ ရမလား...။"

ကျောင်းအုပ်ကြီးက၊

"ရတာပေါ့၊ ဒါပေမဲ့ နိုဘယ်ဆုဆိုတာ ကမ္ဘာ့ဒုတိယအမြင့်ဆုံးပဲ ရှိသေးတယ်။ ခင်ဗျား ပေါ်လာတဲ့အတွက် အခု တော့ ခင်ဗျားနာမည်နဲ့ ချီးမြှင့်မယ့် 'တန်ကော်ဟွာ ရူပဗေဒဆု' ကပဲ ကမ္ဘာ့အမြင့်ဆုံး ဖြစ်သွားပြီ...။"

ကျောင်းသားက -

"ဒါက...၊ ရိုင်းရာမရောက်ဘူးလား...။"

ကျောင်းအုပ်ကြီးက -

"ရိုင်းပါတယ်၊ ဒါပေမဲ့ နိုဘယ်ကို နောက်ကြောင်းပြန်ပြီး ဆုတစ်ခုလောက် ပေးလိုက်ဖို့ပဲ အကြံပေးချင်တယ်။ သူ့ အတွက်တော့ ဒါ အကြီးမားဆုံး ဂုဏ်ယူစရာပဲ...။"

သဘောတရားမှာ ကွဲပြားသော်လည်း ဤအခြေအနေနှင့် ဆင်တူလှပေသည်။

ထိုကာလက နိုင်ငံ၏ အာဏာ အရှိဆုံး မြို့တော် ဘီမြို့တွင် ထိပ်တန်း ခေါင်းဆောင်ကြီးက တန်ကော်ဟွာကို ပေကျင်း သို့ တိုက်ရိုက် ခေါ်ယူကာ သူကြိုက်နှစ်သက်ရာ ရာထူးကို ရွေးချယ်ခိုင်းခဲ့သည်။

တန်ကော်ဟွာဆိုသည်မှာ မည်သူနည်း။ သူသည် နောက်ခံအထောက်အပံ့ လုံးဝမရှိဘဲ မိမိကိုယ်ပိုင် အရည်အချင်း ဖြင့် အယ်လ်မြို့ ရဲဌာနချုပ်၏ ညွှန်ကြားရေးမှူးအဖြစ် အဆင့်ဆင့် တက်လှမ်းလာခဲ့သူ ဖြစ်သည်။ ငယ်စဉ်က တည်းက ကြုံတွေ့ခဲ့ရသော ဘဝအတွေ့အကြုံများက သူ၏ ကိုယ်ပိုင် ယုံကြည်ချက်နှင့် စံနှုန်းများကို ပုံဖော်ပေးခဲ့ လေသည်။

ထို့ကြောင့် ရာထူးကို ရွေးချယ်ရာတွင် သူသည် အာဏာအကြီးဆုံး ရာထူးကို မရွေးချယ်သကဲ့သို့ အကျိုးအမြတ် အများဆုံး ရာထူးကိုလည်း မရွေးချယ်ခဲ့ပေ။ ယင်းအစား လူအများ၏ အမုန်းခံရဆုံး ဖြစ်နိုင်သည့် ရာထူးတစ်ခု ကိုသာ ရွေးချယ်ခဲ့သည်၊ ထိုရာထူးမှာ အကျင့်ပျက်ခြစားမှုများကို နှိမ်နင်းရမည့် အစိုးရဌာန၏ အကြီးအကဲ ဖြစ် သည်။

ထို့ပြင် တန်ကော်ဟွာသည် ဤအောင်မြင်မှုအတွက် လျန်ထျန်း၏ ကိုယ်ကျိုးမဖက်သည့် ကူညီမှုမပါဝင်လျှင် မည်သို့မျှ မဖြစ်နိုင်ကြောင်း ကောင်းစွာ သိရှိသည်။ မည်သည့် စီးပွားရေးသမားကမှ အမြတ်မရနိုင်သည့် စီမံကိန်း တွင် ရင်းနှီးမြှုပ်နှံလိုမည်နည်း။ ဤမျှအရေးကြီးသော နိုင်ငံတော် စီမံကိန်းမှာ အမြတ်မရုံသာမက လျှို့ဝှက်ထား ရန် လိုအပ်ပြီး အနာဂတ်မှာလည်း မရေရာလှပေ။ လျန်ထျန်းမှလွဲ၍ အခြားမည်သူမျှ တုံ့ပြန်မှုမမျှော်လင့်ဘဲ ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံမည် မဟုတ်ကြောင်း တန်ကော်ဟွာ အမြဲတမ်း အမှတ်ရနေခဲ့သည်။

ထို့အပြင် လျန်ထျန်း ယခုလုပ်ဆောင်နေသည်များကိုလည်း တန်ကော်ဟွာက အပြည့်အဝ ထောက်ခံလေသည်။ လျန်ထျန်းကို ဆန့်ကျင်သူများ လုပ်ဆောင်ခဲ့သော အပြုအမူများသည် တန်ကော်ဟွာ၏ လုပ်ပိုင်ခွင့်နယ်ပယ် ထဲတွင် ရှိနေသည်။ ဤအကြောင်းရင်းများကြောင့် တန်ကော်ဟွာ ရာထူးတက်ပြီးပြီးချင်း ပထမဆုံး ဖမ်းဆီးခဲ့သူ မှာ ဒုတိယဝန်ကြီးတစ်ဦး ဖြစ်ပေသည်။

ဒုတိယဝန်ကြီးမှာ အဖမ်းခံရချိန်တွင် တန်ကော်ဟွာ စုဆောင်းထားသည့် သက်သေအထောက်အထားများကြောင့် အစပိုင်းတွင် မောက်မာစွာဖြင့် ပြောလိုက်လေသည်။

"မင်း ငါ့ကို ဖမ်းရဲသလား၊ ငါ့နောက်ကွယ်က ဘယ်သူလဲဆိုတာ သိရဲ့လား...။"

"ငါ အကြံပေးမယ်၊ မျက်စိတစ်ဖက် မှိတ်ထားလိုက်ပြီး လမ်းတစ်ခု ချန်ထားပေးပါ။ နောင်တစ်ချိန် ပြန်တွေ့ကြ တာပေါ့...။"

တန်ကော်ဟွာက မဲ့ပြုံး ပြုံးလျက်၊

"နောက်တစ်ယောက် ကျွန်တော်တို့ ဖမ်းရမယ့်သူက ခင်ဗျားရဲ့ နောက်ကွယ်က လူပဲ...။" ဟု ပြန်ပြောလိုက်သည်။

"ခင်ဗျားရဲ့ သက်သေတွေကို ရှာဖွေရတာ အခက်အခဲတွေ အများကြီး ကြုံခဲ့ရပေမဲ့ ကျွန်တော် ရာထူးယူတဲ့နေ့က ထိပ်တန်း ခေါင်းဆောင်ကြီးက ပြောခဲ့တယ်...။"

"ရာဇဝတ်သားတွေရဲ့ နောက်ကွယ်မှာ ဘယ်သူပဲရှိရှိ၊ ဘယ်လိုနည်းလမ်းတွေပဲ သုံးသုံး ကျွန်တော်တို့ မကြောက် ဘူး။ သူတို့ကို ဥပဒေအမိန့်အတိုင်း ဖမ်းဆီးမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်နောက်မှာ နိုင်ငံနဲ့ ပြည်သူလူထု ရှိနေလို့ပဲ...။"

မကြာမီပင် ဝန်ကြီးဖြစ်သူပါ အဖမ်းခံလိုက်ရလေသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဒုတိယဝန်ကြီးမှာ ခြေကုန်လက်ပန်းကျကာ ဒူးထောက်လျက် ငိုယိုတောင်းပန်လေတော့သည်။

"ကျွန်တော် မှားခဲ့ပါတယ်...။ ကျွန်တော် မှားခဲ့ပါတယ်...။"

"စစချင်းတုန်းကတော့ ကျွန်တော် သိပ်သတိမထားမိခဲ့ဘူး။ တစ်ယောက်ယောက်က ထမင်းဖိတ်ကျွေးတာ၊ တစ်ခုခု လုပ်ပေးဖို့ အကူအညီတောင်းတာ၊ လက်ဆောင်ပေးတာ ဒါမှမဟုတ် ခရက်ဒစ်ကတ်လေး ပါးသွား တာမျိုးလောက်ပါပဲ...။"

"နောက်ပိုင်းမှာတော့ ကျွန်တော့်ရဲ့ လောဘက ကြီးသထက် ကြီးလာခဲ့ပါတယ်။ ဒါက ကျွန်တော့်ရဲ့ ဆန္ဒတွေကနေ ဖြစ်လာတဲ့ ဘေးအန္တရာယ်ပဲ...။"

"လောဘဆိုတာ ထိန်းချုပ်လို့ မရဘူး။ ကျွန်တော်က လောဘဆန္ဒတွေကို ဦးဆောင်ခွင့် ပေးလိုက်တဲ့အချိန်မှာပဲ ကျွန်တော် ရှုံးနိမ့်ခဲ့တာပါ...။"

"အခုတော့ ကျွန်တော် သိလိုက်ပါပြီ၊ တစ်ခုခုက မကောင်းဘူးဆိုရင် တစ်ခါတောင် မလုပ်သင့်သလို ခြေလှမ်းအ နည်းငယ်တောင် မလှမ်းသင့်ဘူးဆိုတာကို...။"

"မဟုတ်ရင် ပြန်လှည့်ကြည့်တဲ့အခါ ကိုယ်အထိနာဆုံး ဖြစ်နေလိမ့်မယ်...။"

ဖမ်းဆီးခံရသည့် အကျင့်ပျက် ဝန်ထမ်းတိုင်းမှာ ရုတ်တရက် နောင်တရပြီး အမှန်တရားကို ပေါက်ကွဲထွက်လာ တတ်ကြသည်မှာ ထူးဆန်းလှသည်။ ဤဖြစ်ရပ်ကို နောက်ပိုင်းတွင် ဝန်ထမ်းအားလုံး သတိပြုမိစေရန် ပညာပေး ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ကြသည်။ ပထမဆုံး ခြေလှမ်းကိုသာ လှမ်းမိပါက ဒုတိယ၊ တတိယ ခြေလှမ်းများ ဆက် တိုက် ဖြစ်ပေါ်လာမည်ဖြစ်ပြီး၊ သတိပြုမိချိန်တွင်မူ သင်သည် ငရဲတွင်းထဲ ရောက်နေပေလိမ့်မည်။

ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့၏ ပြုတ်ကျမှုမှာ ယခင်က ထုတ်ပြန်ထားသည့် ကြေညာချက်များကို အဓိပ္ပာယ်မဲ့ သွားစေခဲ့ပေသည်။ ဖန်မိသားစု၏ ခေါင်းဆောင် ဖန်တွမ့်ကျန်းလည်း သူ့ပြိုင်ဘက်မှာ သူထင်ထားသလောက် မရိုးရှင်းကြောင်း၊ နောက်ကွယ်တွင် သူ မထိရဲသည့် အင်အားစုကြီး တစ်ခုခု ရှိနေနိုင်ကြောင်း သဘောပေါက်သွား ခဲ့လေသည်။ သို့ဖြင့် အမြဲတမ်း "သူတို့ မခံနိုင်ဘူး" ဟု ကြွေးကြော်ခဲ့သည့် ဖန်တွမ့်ကျန်းကိုယ်တိုင်ပင် ကျရှုံးခြင်း ၏ အရသာကို ခံစားလိုက်ရပေသည်။

ဈေးသက်သာသော အိမ်များကို တစ်ဖန်ပြန်လည် ရောင်းချနေပြီဖြစ်သည်။ ဈေးနှုန်းတူ၊ ပေးအပ်မှု အာမခံချက် တူ၊ အိမ်လိုအပ်သူများအတွက် ဦးစားပေးမှုအတူတူ ဖြစ်သည်။ ဈေးနှုန်းမှန်ဖြင့် အိမ်ဝယ်လိုက်ရသူများမှာ အင်တာနက်တွင် ဝမ်းမြောက်ဝမ်းသာ မျှဝေခဲ့ကြပြီး၊ ထိုဆော့ဖ်ဝဲရေးသူ လူငယ်လေး၏ နောက်ကွယ်တွင် ကြီးမားသည့် ပုဂ္ဂိုလ်ကြီး ရှိနေကြောင်း သိရှိသွားကြသည်။

မကြာမီပင် သူသည် "အိမ်ခြံမြေဘုရားသခင်" ဟူသော ဘွဲ့နာမဖြင့် အင်တာနက်တွင် ရေပန်းစားလာခဲ့ပြီး ဤ ကာလ၏ အထင်ရှားဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ လျန်ထျန်းက "ကျွန်တော် အိမ်ခြံမြေဘုရားသခင် မဟုတ်ပါ" ဟူသော စာသားကို တင်ခိုင်းလိုက်ချိန်တွင် ထိုခေါင်းစဉ်မှာ အင်တာနက် အဆင့်မြင့်ဆုံး ရေပန်းစားမှု အဖြစ် ကြာရှည်စွာ တည်ရှိနေခဲ့ပေသည်။

အိမ်ဈေးနှုန်းများကို နှိမ့်ချရန် ပထမဆုံး ပစ်ခတ်လိုက်သည့် ကျည်ဆန်မှာ အောင်မြင်မှု ကြီးမားစွာ ရရှိခဲ့ပေသည်။ သို့သော် လျန်ထျန်းတွင် နောက်ထပ် ရည်ရွယ်ချက် တစ်ခုရှိသေးသည်၊ ၎င်းမှာ ဖန်မိသားစုကို ပြင်းပြင်းထန်ထန် ထိခိုက်စေရန် ဖြစ်သည်။

ဤအစီအစဉ်မှာ အလွန်ပင် အောင်မြင်သည်။ သတိပြုရမည်မှာ ဖန်မိသားစုသည် ဆင်ခြေဖုံး ဒေသများတွင် အိမ်ဈေးနှုန်းများကို မြှင့်တင်ရန်အတွက် မြေနေရာ၏ (၆၀) ရာခိုင်နှုန်းကျော်ကို ဝယ်ယူထားရုံသာမက ပတ်ဝန်း ကျင်ရှိ အိုဟောင်းနေသော အိမ်ငယ်များကိုပါ တစ်ခါတည်း ဝါးမြိုထားခြင်း ဖြစ်သည်။ ထို့ပြင် ကြော်ငြာစရိတ်၊ မားကတ်တင်းနှင့် လူမှုကွန်ရက် လှုံ့ဆော်မှုများအတွက် ကုန်ကျစရိတ်မှာလည်း ကြီးမားလှသဖြင့် သူတို့ မိသား စု၏ တစ်သက်တာ စုဆောင်းငွေ အများစုကို မြှုပ်နှံထားသည်ဟု ဆိုနိုင်ပေသည်။

အကယ်၍သာ တစ်စတုရန်းမီတာလျှင် (၂) ဖန်ဖြင့် ရောင်းချပါက ရင်းနှီးငွေပင် မကျေနိုင်ဘဲ ရောင်းလိုက်တိုင်း ထက်ဝက်စီ ဆုံးရှုံးနေမည် ဖြစ်သည်။ သို့သော် ထိုဈေးနှုန်းဖြင့် မရောင်းပါကလည်း ဝယ်သူရှိမည် မဟုတ်ပေ။ ကုန်ပစ္စည်း မရောင်းရပါက ငွေပြန်မပေါ်လာနိုင်၊ ငွေမပေါ်ပါက ငွေသားစီးဆင်းမှု ပြတ်တောက်သွားမည်၊ ငွေ သားစီးဆင်းမှု ပြတ်တောက်ပါက ဒေဝါလီခံရမည့် အခြေအနေသို့ ရောက်သွားမည် ဖြစ်သည်။ လိပ်ပြာ အကျိုး သက်ရောက်မှု ကဲ့သို့ပင် ကွင်းဆက်တုံ့ပြန်မှုများက ဤကြီးမားသော စီးပွားရေး မိသားစုကို အဆက်မပြတ် လွှမ်း မိုးနေလိမ့်မည်။

နောက်ဆုံးတွင် ဖန်မိသားစုမှာ အံကိုကြိတ်ကာ အိမ်များကို (၂) ဖန်ဈေးဖြင့်သာ ရောင်းချရတော့သည်။ သေဆုံး ခြင်းထက်စာလျှင် မိမိ၏ အသားကိုလှီးထုတ်ရသည်က ပိုကောင်းသည် မဟုတ်ပါလား။ သို့သော် အသားလှီး ထုတ်ရသည့် နာကျင်မှုကို ခံစားရသူမှာ ဖန်တွမ့်ကျန်း ဖြစ်သည်။ သူသည် ဖန်မိသားစု၏ ဗီလာတွင် ဒေါသတကြီး ဖြင့် အော်ဟစ်နေလေတော့သည်။

"အဓမ္မသမား၊ ရူးနေတဲ့ကောင်…။"

"ဘာလို့ စီးပွားရေးကို မှန်မှန် မလုပ်ဘဲ ဒီလို လူမိုက်တွေကို ငွေသွန်ပေးနေရတာလဲ…။"

"ဒီကိစ္စရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေတာလဲ၊ ဘာလို့ ငါ့ကိုပဲ ပစ်မှတ်ထားနေတာလဲ။ မြေနေရာရဲ့ (၃၀) ရာခိုင် နှုန်းကို ဒီလို ရောင်းထုတ်ဖို့အတွက် ငွေဘယ်လောက် ကုန်ကျမလဲဆိုတာ မသိဘူးလား။ သူတို့ ပိုက်ဆံတွေက ဘယ်ကလာတာလဲ…။"

"ဒါမှမဟုတ် တခြား ကော်ပိုရေးရှင်းကြီး တစ်ခုခုက ငါ့ကို မျက်စိကျနေတာလား...။"

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖန်တွမ့်ကျန်းမှာ အခြေအနေကို အေးဆေးစွာ ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားလိုက် လေသည်။

"မဖြစ်နိုင်ဘူး၊ ငွေတွေကို ဒီလောက်အထိ အလဟဿ မီးရှို့ပစ်တာမျိုးက ကော်ပိုရေးရှင်းကြီးတွေ လုပ်လေ့ရှိတဲ့ အရာမဟုတ်ဘူး…။"

"ဒါပေမဲ့ ဘယ်လောက်ပဲ ကြီးမားတဲ့ ကုမ္ပဏီဖြစ်ပါစေ၊ သူတစ်ပါးကို ဒုက္ခပေးပြီး ကိုယ်လည်း ဘာမှ အကျိုးမ ရမယ့် ဒီလို အလုပ်မျိုးကို ဘယ်သူ လုပ်မှာလဲ…။"

"ငါတို့ လူလွှတ်ပြီး စုံစမ်းခိုင်းတာမှာ အဲဒီ ကုမ္ပဏီငယ်လေးတွေက စီမံကိန်း ဆက်လုပ်ဖို့ နေ့စဉ် ရာနဲ့ချီတဲ့ ယွမ်ငွေ တွေကို လက်ခံနေရတယ်တဲ့…။"

"ရာနဲ့ချီတဲ့ ယွမ်ဆိုတာ သာမန်ဆိုရင်တော့ အရေးမကြီးပေမဲ့၊ နေ့တိုင်း ဆက်တိုက်ဆိုရင်တော့ မရိုးရှင်းဘူး။ ဘယ်သူလဲ၊ ဒီလောက်ထိ ငွေကြေးကို ထောက်ပံ့နိုင်တဲ့ စွမ်းအားက ဘယ်ကလာတာလဲ…။"

ဖန်တွမ့်ကျန်း၏ ခွဲခြမ်းစိတ်ဖြာမှုမှာ မှန်ကန်သည်။ နေ့စဉ် ရာနဲ့ချီသော ယွမ်ငွေမှာ အဆတစ်သန်း မကျဆင်းမီက တည်းက နေ့စဉ် သန်းပေါင်းများစွာနှင့် ညီမျှနေခြင်းဖြစ်သည်။ ဖန်မိသားစုမှာ တစ်ကြိမ်တည်းဆိုလျှင် ထုတ်ပေး နိုင်ကောင်းပါလိမ့်မည်။ သို့သော် နေ့စဉ်ရက်ဆက်ဆိုပါက နိုင်ငံ၏ အချမ်းသာဆုံးသူပင် မခံနိုင်ပေ။

ဖန်တွမ့်ကျန်း မစဉ်းစားရသေးခင်မှာပင် ဖန်မိသားစုနှင့် ပူးပေါင်း၍ မြေဝယ်ထားသော ဘီမြို့မှ အဓိက လုပ်ငန်း ရှင်ကြီးများ ရောက်ရှိလာခဲ့ကြသည်။ အကျိုးအမြတ် ရစဉ်ကတော့ "မန်နေဂျာ ဖန်" ဟု လေးစားစွာ ခေါ်ခဲ့ ကြသော်လည်း ယခု ဆုံးရှုံးမှုများ ရှိလာသောအခါ အခေါ်အဝေါ်နှင့် သဘောထားများမှာ ချက်ချင်း ပြောင်းလဲ သွားလေတော့သည်။

"ဖန်အိုကြီး….၊ အပြင်ထွက်ခဲ့စမ်း…။ မင်းမှာ သတ္တိရှိရင် အိမ်ထဲမှာ ပုန်းမနေနဲ့…။"

"မှန်တယ်…။ ဖန်တွမ့်ကျန်း၊ ဒီကိစ္စအတွက် အကြောင်းပြချက်ကောင်းကောင်း ပေးရမယ်။ မဟုတ်ရင်တော့ ငါတို့ လွှတ်ပေးမှာ မဟုတ်ဘူး…။"

"ဒီအရူး…၊ မင်းကြောင့် ငါတို့ ငွေတွေ အများကြီး ဆုံးရှုံးခဲ့ရတယ်၊ မင်းရဲ့ အရှုံးတွေကို လျော်ပေးရမယ်...။"

ဆဲဆိုသံများ အဆက်မပြတ် ကြားနေရသော်လည်း ဖန်တွမ့်ကျန်းမှာ အိမ်ထဲတွင်သာ တိတ်တိတ်ကလေး နေနေ ခဲ့ပေသည်။ သူ အခြေအနေ အနည်းငယ် နားလည်လာသောအခါမှ ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး အပြင်တွင် အော်ဟစ်နေသူများကို ပြန်လည် ကြိမ်းဝါးလိုက်လေသည်။

"ငါတို့အားလုံး စီးပွားရေးသမားတွေပဲ၊ ရှုံးလိုက် မြတ်လိုက် ဆိုတာ သဘာဝပဲ။ အမြတ်ရတုန်းကတော့ ငါ့ကို တစ်ပြားမှ မပေးခဲ့ဘဲ၊ ရှုံးမှ လာပြီး လျော်ကြေးတောင်းနေကြတာလား….။"

"ဒီကိစ္စမှာ ငါတို့နောက်ကွယ်က လူတွေ ရှိနေတာကို မမြင်ကြဘူးလား။ ဒါက သူတို့ ဖြစ်စေချင်တဲ့ အခြေအနေ ပဲ…။"

"ငါ့ကို မဟုတ်မမှန် စွပ်စွဲတာ ရပ်လိုက်ကြစမ်း…။ ငါလည်း အသက်ကြီးနေပြီ၊ အလုပ်လုပ်ရတာ မလွယ်ဘူး…။"

"နှစ်ပေါင်းများစွာ ထိန်းသိမ်းလာတဲ့ ငါ့ ဂုဏ်သိက္ခာတွေကို ဒီမှာတင်ပဲ အဆုံးသတ်လိုက်ပါတော့။ ငါ့ကို သွားခွင့် ပေးကြပါ…။"

ဖန်တွမ့်ကျန်း၏ ခိုင်မာပြီး ဆွဲဆောင်မှုရှိသော စကားများကို ကြားသောအခါ လုပ်ငန်းရှင်ကြီးများမှာ ပြောဆိုနေ သည်များ ရပ်တန့်သွားကြလေသည်။ ဖန်မိသားစုထံမှ ဘာမှ ရစရာမရှိတော့မှန်း သိလိုက်သောအခါ ဆဲဆိုရင်း ဖြင့်သာ နောက်ဆုတ်သွားကြတော့သည်။

ဖန်တွမ့်ကျန်းက သူတို့၏ ကျောပြင်ကို ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"ကံကောင်းလို့ ငါ့မှာ အစီအစဉ် (B) ရှိနေသေးတယ်။ ငါ သူတို့ကို ခေါ်သွားတုန်းက တကယ်ပဲ သူတို့အတွက် ကောင်းစားစေချင်တယ်လို့ ထင်နေတာလား…။"

"အမြတ်ခွဲဝေရာမှာ အန္တရာယ်ကိုလည်း အတူခံရမှာပဲ။ ဒီလူတွေကသာ တရားခံ ဖြစ်မသွားရင် ငါ တကယ်ပဲ ဒုက္ခရောက်တော့မှာ….။"

"ဒါပေမဲ့...၊ အရှုံးတွေကတော့ အများကြီးပဲ၊ အထူးသဖြင့် အိမ်ပေးအပ်မှု အာမခံပုံစံက ငါ့ရဲ့ ငွေရင်းတွေကို ပြန်မဖော်နိုင်အောင် ဖြစ်နေတယ်….။"

"အဲဒီ ရူးမိုက်တဲ့ကောင်ကို ဆက်တိုက်ခိုက်ဖို့ဆိုရင် အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီက ရှယ်ယာတွေကိုပဲ သုံးရတော့မယ် ထင်တယ်…။"

"ဒါက တကယ်ပဲ ဒီလောက်အထိ ဖြစ်ရတော့မှာလား၊ ဒါ ဖန်မိသားစုရဲ့ နောက်ဆုံး အနိုင်ကတ်ပဲ…။"

"အရေးမကြီးတဲ့ အခြေအနေမဟုတ်ရင် ငါ ဒါကို မသုံးချင်ဘူး၊ ဒါပေမဲ့…။"

ဖန်တွမ့်ကျန်းမှာ အံကို ကြိတ်လိုက်သည်။

"ဒီကောင်က တကယ်ကို ငါ့ကို ဒေါသထွက်အောင် လုပ်နေပြီကွာ…။"

"ငါ့ကို ဒီလောက်အထိ အရှုံးကြီးရှုံးအောင် ဘယ်သူမှ မလုပ်ဖူးဘူး…။"

"ဒါကြောင့် ဘယ်နည်းလမ်းကိုပဲ သုံးရ သုံးရ၊ သူ ပေးဆပ်ရမယ့် အတိုင်းအတာကို ငါ မြင်တွေ့စေရမယ်...။"

All Chapters