← Chapters

အခန်း ၂၄၃

Vol. 25 Ch. 243

အခန်း ၂၄၃

Vol. 25 Ch. 243

အခန်း (၂၄၃)

ယောက်ျားကောင်းတစ်ယောက်သည် အချိန်ကြာမြင့်စွာ အောက်ခြေ၌ နေ၍မဖြစ်ပေ။

“တရုတ်နိုင်ငံ၏ အရှိန်အဟုန်သည် အံ့ဖွယ်များကို ဖန်တီးနိုင်သည်” ဟူသော စကားရှိသည်။ ယခင်က ကပ်ဆိုက် စဉ်ကာလ၌ ဟော့ရှင်းရှန်းဆေးရုံကြီးကို ဆယ်ရက်ကျော်အတွင်း ဆောက်လုပ်ခဲ့ခြင်းကဲ့သို့ပင် တည်ဆောက်ရေး လုပ်ငန်းများမှာ အချိန်တိုအတွင်း ပြီးစီးနိုင်သည်မှာ မခက်ခဲလှပေ။

ယခင်က အိမ်ခြံမြေစီမံကိန်းများ နှောင့်နှေးကြန့်ကြာခဲ့ရခြင်းမှာ ဆောက်လုပ်ရေးသမားများက တမင်တကာ ဆွဲ

ဆန့်ထားခြင်းကြောင့် ဖြစ်သည်။ အိမ်ဈေးနှုန်းများ အဆမတန် မြင့်တက်နေသည့် ကာလတွင် အိမ်ကို နောက်ကျ မှ အပ်လေလေ၊ ဈေးနှုန်းကို ပို၍ ကစားနိုင်လေလေ ဖြစ်သည်။ အဆောက်အအုံ ပြီးစီးချိန်တွင် ဈေးနှုန်းမှာ သိသိ သာသာ မြင့်တက်နေတတ်ပြီး လူမသိသူမသိ အမြတ်ထုတ်လိုလျှင် ပို၍ပင် အမြတ်ကြီးစားနိုင်ပေသည်။

ကြိုတင်ရောင်းချခြင်း၊ စာချုပ်စာတမ်းများ၊ စာချုပ်ပါ ဂတိကဝတ်များ၊ အမြတ်အစွန်းများရှေ့တွင် ဤအရာ များ မှာ အဓိပ္ပာယ်မဲ့နေတတ်သည်။ အိမ်ခြံမြေဆောက်လုပ်သူက မိမိကိုယ်ကို တရားစွဲကာ နာမည်ပြောင်းပြီး အိမ် များကို ပြန်လည်ရောင်းချသည်ကို ကြားဖူးပါသလော။

အနည်းစုသာ ပြုလုပ်ကြသော်လည်း အမှန်တကယ်ပင် ရှက်ရွံ့ခြင်းမရှိသော သူအချို့ ရှိနေပေသည်။ လိမ်ညာလို စိတ် မရှိသူများပင်လျှင် စီမံကိန်းကို ဆွဲဆန့်ကာ ငွေကြေးများကို အခြားနေရာသို့ ပြောင်းရွှေ့သုံးစွဲတတ်ကြသည်။ မည်သို့ပင်ဖြစ်စေ အိမ်အပ်နှံမှု နှောင့်နှေးခြင်းကြောင့် ဆောက်လုပ်သူအတွက် နစ်နာမှုမရှိဘဲ ဝယ်ယူသူများသာ နစ်နာရသည်မှာ အမှန်တရားပင်။

သို့သော် ယခုအခါ လျန်ထျန်းသည် အိမ်အပ်နှံမှုကို အာမခံပေးသည့် ပုံစံသစ်တစ်ခုကို ဖန်တီးလိုက်သည်။ အိမ်မ အပ်နိုင်လျှင် အောက်ပေးငွေပြီးနောက် ကျန်ငွေကို ရရှိမည်မဟုတ်ပေ။ ထိုအခါ ရန်ပုံငွေ ပြန်လည်ရရှိရန်အတွက် အိမ်များကို မြန်မြန်ဆန်ဆန် ဆောက်လုပ်ပြီး အပ်နှံရန် လိုအပ်လာသည်။

ထို့ကြောင့် “တရုတ်နိုင်ငံ၏ အရှိန်အဟုန်” ဆိုသော အံ့ဖွယ်မှာ နောက်တစ်ကြိမ် ပေါ်ပေါက်လာခဲ့သည်။ သို့သော် မည်သည့်အံ့ဖွယ်မဆို စီးပွားရေးအခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ရသည်။ လူတစ်ယောက်ကို အလုပ်တွင် ကျယ်အောင် ခိုင်းစေလိုပါက လုံလောက်သော လုပ်အားခကို ပေးရမည်မှာ မြင်းကို အလုပ်ခိုင်းလိုပါက အစာ ကျွေးရမည်ဆိုသည့် စကားနှင့် အတူတူပင် ဖြစ်သည်။

အိမ်ခြံမြေစီမံကိန်းတစ်ဒါဇင်ကျော်အတွက် လျန်ထျန်းသည် နေ့စဉ် (၃) ရာမှ (၄) ရာအထိ ရင်းနှီးမြှုပ်နှံနေခဲ့ပေ သည်။ ငွေကြေးတန်ဖိုး မကျဆင်းမီကဆိုလျှင် သန်းပေါင်း သုံးလေးရာနှင့် ညီမျှပေမည်။ ဤငွေပမာဏမှာ လျန်ထျန်း အစားအသောက်ပို့ဆောင်ခြင်းဖြင့် နေ့စဉ် ရရှိနိုင်သည့် အမြင့်ဆုံးပမာဏဖြစ်သည်။

ပင်ပန်းသော်လည်း လက်ရှိတွင်တော့ ထိန်းကျောင်းနိုင်သေးသည်။ ဆောက်လုပ်ရေး အရှိန်အဟုန်ကို မျက်မြင် ကိုယ်တွေ့ မြင်နိုင်သဖြင့် ဖန်မိသားစု၏ အိမ်ခြံမြေနေရာတွင် အုတ်မြစ်ပင် မပြီးသေးခြင်းနှင့် ကွာခြားလှသည်။ ထို့ကြောင့် ဖန်မိသားစုပင်လျှင် တစ်စတုရန်းမီတာလျှင် (၂) ဖန်နှုန်းဖြင့် အာမခံချက်ရှိသော ပုံစံကို လိုက်လုပ်ရ တော့သည်။

သို့သော် လူထုမှာ အမြော်အမြင်ရှိကြ၏။ မည်သူကများ အိမ်သစ်သို့ အမြန်ဆုံး မပြောင်းရွှေ့ချင်ဘဲ ရှိပါ့မည် လား။ ထို့ကြောင့် သူတို့အားလုံး လျန်ထျန်း၏ အိမ်ခြံမြေစီမံကိန်းများဆီမှသာ ဝယ်ယူခဲ့ကြသည်။ ဖန်မိသားစု မှာလည်း သူတို့၏ စီမံကိန်းမှ ရန်ပုံငွေ ပြန်မရနိုင်သဖြင့် မိသားစု၏ ငွေသားစီးဆင်းမှုမှာ ကျပ်တည်းလာတော့ သည်။

ဤအခြေအနေမှာ လောင်းကစားဝိုင်း၌ မိမိ၏ လောင်းကြေးပြားများက ပြိုင်ဘက်၏ လောင်းကြေးပြားများကို မမီတော့ခြင်းနှင့် တူသည်။ ဤအတိုင်းသာ ဆက်သွားပါက ရှုံးနိမ့်ခြင်းဖြင့်သာ အဆုံးသတ်ရမည်မှာ သေချာနေ သည်။

နောက်ဆုံးတွင် ဖန်တွမ့်ကျန်း တစ်ယောက် စိတ်ခိုင်မာလိုက်တော့သည်။ ဖန်မိသားစုတွင် ငွေသားကျန်မရှိတော့ သော်လည်း အခြားပိုင်ဆိုင်မှုများ ရှိနေသေးသည်။ အထူးသဖြင့် အစားအသောက် ပို့ဆောင်ရေးကုမ္ပဏီ၏ မိခင် ကုမ္ပဏီတွင် (၁၅) ရာခိုင်နှုန်းသော ရှယ်ယာများကို ပိုင်ဆိုင်ထားပြီး တန်ဖိုးအားဖြင့် (၁) သိန်းခွဲကျော် ရှိသည်။ ကမ္ဘာ့ငွေကြေးတန်ဖိုး မကျဆင်းမီက ဤ (၁) သိန်းခွဲဆိုသည်မှာ (၁၅၀) ဘီလီယံနှင့် ညီမျှသည်။

*ငါးသောင်းလောက်ဆိုရင် အဆင်ပြေလောက်မှာပါ...။*

ဖန်တွမ့်ကျန်း တွက်ချက်လိုက်သည်။

*မဟုတ်သေးဘူး….၊ သေချာအောင် တစ်ဝက်လောက် ရောင်းလိုက်မယ်။ အဆင်မပြေရင် နောက်မှ ရှယ်ယာ တွေ ပြန်ဝယ်လိုက်တာပေါ့…။*

သူသည် အစားအသောက် ပို့ဆောင်ရေးကုမ္ပဏီရှိ ရှယ်ယာတစ်ဝက်ကို ရောင်းချကာ ပင်မလုပ်ငန်းကို ထောက်ပံ့ ရန် ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ အမှန်တကယ်ပင် ဘီလီယံပေါင်းများစွာကို ထောက်ပံ့ခြင်းဖြစ်သည်။

သို့သော် စိတ်ဆုံးဖြတ်လိုက်ပြီးနောက် ပြဿနာတစ်ခု ပေါ်လာခဲ့ပေသည်။ ဤရှယ်ယာများကို မည်သူ့ကို ရောင်း ရမည်နည်း။ ဈေးကွက်တန်ဖိုးအရ ဤမျှတန်ဖိုးရှိသော်လည်း ဝယ်သူရှိမှသာ တန်ဖိုးရှိပေမည်။ (၇၅) ဘီလီယံ ဆိုသည်မှာ သေးငယ်သော ပမာဏ မဟုတ်ပေ။ ဤမျှငွေကို တစ်ပြိုင်နက် ပေးနိုင်သောသူမှာ တစ်နိုင်ငံလုံးတွင် လက်ချိုးရေတွက်ရလောက်အောင်ပင် ရှားပါးလှသည်။

ဖန်တွမ့်ကျန်းသည် ပထမဦးစွာ အစားအသောက် ပို့ဆောင်ရေးကုမ္ပဏီ၏ အဓိကရှယ်ယာရှင်နှင့် ဒုတိယရှယ်ယာ ရှင်တို့ကို ချန်လှပ်လိုက်သည်။ အကြောင်းမှာ ၎င်းတို့နှစ်ဦးထံ ရောင်းလိုက်ပါက နောက်ပိုင်းတွင် ပြန်ဝယ်ရန် ခက် ခဲလိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း အဓိကရှယ်ယာရှင်နှစ်ဦးစလုံးသည် ကုမ္ပဏီ တစ်ခုလုံးကို ဝါးမြိုရန် ကြိုးပမ်းနေခဲ့ကြသည်။

လက်ရှိတွင် သူတို့၏ ရှယ်ယာပမာဏမှာ အလွန်နုနယ်သော မျှခြေတွင် ရှိနေသည်။ တစ်ဦးက (၃၆) ရာခိုင်နှုန်း၊ နောက်တစ်ဦးက (၃၄) ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး (၂) ရာခိုင်နှုန်းသာ ကွာခြားသည်။ ကြားတွင်ညပ်နေသော ဖန် မိသားစုမှာ အမြဲလိုလို မျှခြေညှိပေးရသူ ဖြစ်နေသည်။ ဒုတိယရှယ်ယာရှင်က အကြိမ်ကြိမ် ချဉ်းကပ်သလို အဓိကရှယ်ယာရှင်ကလည်း မကြာခဏ ရောက်လာတတ်လေသည်။

သို့သော် ဖန်တွမ့်ကျန်း တစ်ကြိမ်မျှ မတွေ့ခဲ့ပေ။ အကြောင်းမှာ ဖန်မိသားစုခေါင်းဆောင်တွင်လည်း ကိုယ်ပိုင် ရည်မှန်းချက်များ ရှိနေ၍ ဖြစ်သည်။ ယောက်ျားကောင်းတစ်ယောက်သည် ကောင်းကင်နှင့် မြေကြီးကြားတွင် နေထိုင်သူဖြစ်ရာ မည်သို့လျှင် သူတစ်ပါးအောက်၌ အချိန်ကြာမြင့်စွာ ခယနေနိုင်ပါ့မည်တဲ့လား…။

"ဒီမြေခွေးအိုကြီးနှစ်ကောင်...၊ ကုမ္ပဏီအဖွဲ့ပေါင်းတစ်ရာ စစ်ပွဲအတွင်းမှာ အောင်မြင်နိုင်ခဲ့တာက အားလုံးရဲ့ စုပေါင်းရင်းနှီးမြှုပ်နှံမှုကြောင့်ပဲ။ နောက်ပိုင်းမှာတော့ သူတို့က နည်းမျိုးစုံနဲ့ တခြားသူတွေရဲ့ ရှယ်ယာတွေကို ဝါးမြိုသွားကြတာပဲ။ အား…၊ အဲဒီတုန်းက ငါ နောက်ကျခဲ့တာ ငါ့အမှားပါပဲ၊ မဟုတ်ရင် အခုလို ကွာဟချက်တွေ ဖြစ်မလာဘူး။ အစက ငါ့ရှယ်ယာတွေက အခုထက် ပိုများပါသေးတယ်။ အဲဒါကြောင့် ရှယ်ယာရောင်းရရင် တောင် သူတို့နှစ်ယောက်လက်ထဲတော့ မရောက်စေရဘူး။ ဒါပေမဲ့ သူတို့မဟုတ်ရင် ဘယ်သူ့ကို ရောင်းရမလဲ...။"

ဖန်တွမ့်ကျန်း စိုးရိမ်ပူပန်နေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ သို့သော် လျှို့ဝှက်ချက်ဟူသည် ကြာရှည်မမြုပ်နိုင်ပေ။ ဖန်မိသားစုသည် ရှယ်ယာ (၇.၅) ရာခိုင်နှုန်းကို ရောင်းချရန် စီစဉ်နေကြောင်း သိလိုက်ရသည့်အခါ လျန်ထျန်း ပြုံးလိုက်သည်။

"ဒါက ငါလိုချင်တာပဲ…။"

"သူတို့ အလောင်းအစား မှန်သွားပုံရတယ်။ ပင်မလုပ်ငန်းကို ကာကွယ်ဖို့အတွက် ဖန်မိသားစုမှာ အခြားရွေးချယ် စရာ မရှိတော့ဘူး။ အစ်ကိုလန်ပြောသလိုဆိုရင် ဖန်မိသားစုက အဓိကရှယ်ယာရှင်နှစ်ယောက်ကို အကြာကြီး ကတည်းက မကျေနပ်ခဲ့တာ။ သူတို့မှာလည်း ရည်မှန်းချက်တွေ ရှိတယ်။ အဲဒီနှစ်ယောက်ကို မရောင်းဘူးဆိုရင် ဖန်မိသားစုက ဒီလောက်များတဲ့ ရှယ်ယာတွေကို အမြန်ဝယ်နိုင်မယ့်သူကို ရှာနိုင်မှာ မဟုတ်ဘူး။ အခုတော့ ငါ့ အလှည့်ပဲ…။"

အရင်က ပြောခဲ့သလိုပင် လျန်ထျန်းသည် ကုမ္ပဏီများစွာတွင် ရင်းနှီးမြှုပ်နှံထားပြီး နှစ်နှစ်အတွင်း အမြတ်ဝေစု (၃) သိန်းကျော် ရရှိထားသည်။ ငွေအများစုကို ပြန်လည်ရင်းနှီးမြှုပ်နှံသော်လည်း အရေးပေါ်အတွက် (၁) သိန်း ကျော်ကို ချန်ထားခဲ့သည်။ ယခုအခါ ဤငွေကို အသုံးချရမည့်အချိန် ဖြစ်သဖြင့် လျန်ထျန်းသည် အချမ်းသာဆုံး ကော်ပိုရေးရှင်းမှ မစ္စတာဝမ်ထံ ဖုန်းဆက်လိုက်လေသည်။

"အစ်ကိုဝမ်...၊ ဒီတစ်ခါ ကျွန်တော့်ကို ကူညီပေးပါဦး...။"

ရက်အနည်းငယ်အကြာတွင် မစ္စတာဝမ်သည် ငွေသား (၇) သောင်းကို ယူဆောင်၍ ဖန်တွမ့်ကျန်းထံ ရောက်လာ ခဲ့လေသည်။ မစ္စတာဝမ်၏ နောက်ကြောင်းကို စုံစမ်းပြီးနောက် ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ကိုင်နေသူဖြစ်ကြောင်း၊ အစားအသောက်ပို့ဆောင်ရေးကုမ္ပဏီမှ ရှယ်ယာရှင်များ နှင့် ပတ်သက်မှုမရှိကြောင်း သိရသဖြင့် ဖန်တွမ့်ကျန်း ဝမ်းသာအားရ အရောင်းအဝယ်ပြုလုပ်လိုက်လေသည်။

သူ၏အမြင်တွင် မစ္စတာဝမ်မှာ အသေးစားမြို့လေးမှ သူဌေးဖြစ်ပြီး သူကဲ့သို့သော အမြော်အမြင်မျိုး မရှိဟု ထင်မှတ်နေခဲ့သည်။ သို့သော် ရောင်းချလိုက်သည့်အခါတွင်တော့ တစ်သက်လုံး ပြန်မရနိုင်တော့မည်ကို သူ မသိခဲ့ပေ။ ယခုအခါ ငွေအနည်းငယ် ရသွားသဖြင့် ဖန်မိသားစုမှာ ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေသည်။ သူ မသိလိုက်သည်မှာ သူရရှိလိုက်သော 'ကျည်ဆံ' များမှာ ပြိုင်ဘက်က တမင်တကာ ပေးလိုက်ခြင်း ဖြစ်သည်ဆို သည့်အချက်ပင်။

All Chapters