← Chapters

အခန်း ၂၄၄

Vol. 25 Ch. 244

အခန်း ၂၄၄

Vol. 25 Ch. 244

အခန်း (၂၄၄)

အရင်းအနှီး တိုက်ပွဲနှင့် ပြည်သူတို့၏ အကျိုးစီးပွား

"ခေါ်လိုက်စမ်း…၊ အကုန်လုံး ခေါ်လိုက်စမ်း…။"

"သူက အိုးထဲမှာ မစင်စွန့်နေတာ မဟုတ်လား။ ဒါဆိုရင် ငါက အိုးကို မှောက်လှန်ပစ်လိုက်ရုံပေါ့…။"

"အိမ်တစ်စတုရန်းမီတာကို (၁) ဖန်နှုန်းအထိ ဈေးလျှော့ချလိုက်မယ်ဆိုရင် သူ ဘောင်းဘီတောင် ဆွဲမတင်နိုင် လောက်အောင် ရှုံးနိမ့်သွားစေရမယ်…။"

ဖန်တွမ့်ကျန်းမှာမူ အတော့်ကို လွန်ကဲနေပြီ ဖြစ်သည်။ သူသည် အစားအသောက် ပို့ဆောင်ရေးကုမ္ပဏီရှိ မိမိ၏ ရှယ်ယာတစ်ဝက်ကို ရောင်းချလိုက်ပြီးနောက် ရရှိလာသော ငွေများဖြင့် ရူးမိုက်လှသော အမိန့်ကို ထုတ်ပြန်လိုက် လေသည်။ သို့သော် သူ၏ လက်အောက်ခံ အထွေထွေမန်နေဂျာတစ်ဦးက စိုးရိမ်တကြီးဖြင့် ဝင်ရောက်ပြော ဆိုလေသည်။

"ဥက္ကဋ္ဌကြီး... အကယ်၍ ကျွန်တော်တို့သာ တစ်စတုရန်းမီတာကို (၁) ဖန်နှုန်းနဲ့ ရောင်းချလိုက်မယ်ဆိုရင် ကျွန်တော်တို့ ဘောင်းဘီတောင် မကျန်တော့ဘဲ ရှုံးနိမ့်သွားပါလိမ့်မယ်...။"

စကားပင် မဆုံးသေးမီ မန်နေဂျာမှာ ဖန်တွမ့်ကျန်း၏ စူးရဲသော အကြည့်ကို ခံလိုက်ရသဖြင့် စကားကို ချက်ချင်း ပြောင်းလဲလိုက်သည်။

"ပြီးတော့ တစ်ဖက်လူက ကျွန်တော်တို့ရဲ့ အိမ်တွေကို ဈေးပေါပေါနဲ့ ဝယ်ယူသွားပြီး ဈေးတင်ပြီး ပြန်ရောင်း မှာကိုလည်း ကြိုတင်ကာကွယ်ထားရပါမယ်…။။"

"ဒီလိုဆိုရင် အမှန်တကယ် လိုအပ်နေတဲ့ အိမ်ဝယ်သူတွေအတွက်ပဲ ဝယ်ယူခွင့် ကန့်သတ်ပေးတဲ့ နည်းလမ်းပဲ ကျန်တော့တယ်။ ဒါပေမဲ့ ဒါကလည်း လုပ်ငန်းရဲ့ အနာဂတ် အမြတ်အစွန်းတွေကို ပေါင်နှံထားသလို ဖြစ်နေပါ လိမ့်မယ်…။"

"ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ အိမ်ဝယ်သူတွေလည်း သိပ်မကျန်တော့ပါဘူး။ အမြစ်ပါမကျန် ရိတ်သိမ်းလိုက်ရင် နောက်ပိုင်းမှာ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး…။ ကျွန်တော်တို့ နည်းနည်းလောက် စောင့်ကြည့်သင့်လား...။"

"သူတို့ရဲ့ ဈေးပေါတဲ့ အိမ်တွေ အကုန် ရောင်းထွက်သွားပြီဆိုမှ ကျွန်တော်တို့ ဈေးကို ပြန်ဆွဲတင်လိုက်မယ် လေ...။"

ထိုစကားကို ကြားသောအခါ ဖန်တွမ့်ကျန်းမှာ အနည်းငယ် အေးဆေးသွားပြီး ခေတ္တမျှ စဉ်းစားကာ ခေါင်းညိတ် လိုက်လေသည်။

"အဲဒါလည်း ဟုတ်တာပါပဲ...။ ပြီးတော့ တစ်ဦးချင်း ပိုင်ဆိုင်သွားတဲ့ အိမ်တွေကလည်း သူတို့လက်ထဲမှာ ရှိမနေ တော့ဘူး…။"

"အကယ်၍ ငါ ငွေနည်းနည်း ထပ်သုံးပြီးတော့ အဲဒီလူတွေဆီကနေ အိမ်တွေကို ပြန်ဝယ်လိုက်မယ်ဆိုရင် ဒီနယ် ပယ်မှာ ငါပဲ အမိန့်ပေးနိုင်တော့မှာပါ…။"

"ပြီးတော့ အခု ငါ့လက်ထဲမှာ ငွေရှိနေပြီဆိုတော့ ငွေသားစီးဆင်းမှု ပြတ်တောက်သွားမှာကို စိုးရိမ်စရာ မလို တော့ဘူး…။ ဒီနည်းလမ်းက တကယ်ပဲ အလုပ်ဖြစ်တယ်…။"

"ဘယ်သူပြောလဲ ငါတို့မှာ အင်အားမရှိဘူးလို့။ ငွေ (၇) သောင်းအပြည့်နဲ့ သူ့ကို ငါ ဖိနှိပ်ပစ်လိုက်မယ်…။ ဟား.. ဟား… ဟား…။"

စဉ်းစားပြီးနောက် ဖန်တွမ့်ကျန်းမှာ ရယ်မောလိုက်ပြီး ထိုနည်းအတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

...

ခြောက်လအတွင်းမှာပင် ဈေးသက်သာသော အိမ်ခြံမြေစီမံကိန်း တစ်ဒါဇင်ကျော်မှာ ရောင်းကုန်သွားပြီး အဆောက်အအုံများမှာလည်း ပြီးစီးကာ နေထိုင်သူများထံ အပ်နှံပေးခဲ့သည်။ အိမ်သစ်သို့ ပြောင်းရွှေ့နေထိုင်ခွင့် ရရှိသော အိမ်ဝယ်သူများမှာ အလွန်ပင် ပျော်ရွှင်နေကြပြီး အင်တာနက်ပေါ်တွင် "အိမ်ရာနတ်ဘုရား" ကို ထပ်မံ ချီးကျူးဂုဏ်ပြုကြလေသည်။

သို့သော် မကြာမီအချိန်အတွင်းမှာပင် ဤလူနေရပ်ကွက် တစ်ဒါဇင်ကျော်အတွင်းမှ အသံချဲ့စက်ဖြင့် အော်ဟစ် နေသော အသံများ ထွက်ပေါ်လာသည်။

"အိမ်တွေ ဈေးကြီးပေးပြီး ဝယ်မယ်….၊ အိမ်တွေ ဈေးကြီးပေးပြီး ဝယ်မယ်…။ တစ်စတုရန်းမီတာကို (၂.၅)နှုန်းနဲ့ ဝယ်မယ်…။ ပြန်ရောင်းရင် တစ်စတုရန်းမီတာကို (၅) ဖန်အမြတ် ရနိုင်ပါတယ်…။"

ယခင်က ဤကဲ့သို့ အသံချဲ့စက်သံများ ကြားရလျှင် အဟောင်းပစ္စည်း လိုက်ဝယ်သူများဟုသာ ထင်မှတ်ကြ သည်။ အိမ်အပ်နှံချိန်တွင် ဤသို့ အော်ဟစ်နေကြလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားပေ။ ရုတ်တရက်ဆိုသလို အိမ်ဈေးနှုန်းများမှာ ဟင်းသီးဟင်းရွက်များသဖွယ် ဈေးပေါသွားသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော်လည်း အိမ်ဟူသည် အိမ်ပင် ဖြစ်သည်။ ဝယ်ယူစဉ်က တစ်စတုရန်းမီတာလျှင် (၂) ဖန်နှုန်းဖြင့် ဝယ်ယူရ ပြီး ဤမြို့တော်၏ နေရာဒေသနှင့် ကြည့်လျှင် ဈေးနှုန်းမှာ အတော်အတန် သင့်လျော်လှသည်။ မြေဈေးနှင့် ဆောက်လုပ်ရေးစရိတ်တို့ကို တွက်ချက်လျှင် ဆောက်လုပ်သူမှာ အမြတ်မရသည့်အပြင် အရှုံးပင် ပေါ်နိုင်ပေ သည်။

ပို၍ ထူးခြားသည်မှာ အိမ်အပ်နှံပြီးသည်နှင့် အသံချဲ့စက်ဖြင့် အိမ်ပြန်ဝယ်မည်ဟု ဆိုကာ တစ်စတုရန်းမီတာလျှင် (၂.၅) ဖန်နှုန်းအထိ ပေးမည်ဟု ဆိုလာခြင်းပင်။ တွက်ချက်ကြည့်လျှင် (၀.၅) ဖန်နှုန်း အမြတ်ရသည်မှာ အမှန်ပင် ဖြစ်သည်။ (၁၀၀) စတုရန်းမီတာရှိ အိမ်တစ်လုံးဆိုလျှင် (၅၀) ဖန်အမြတ် ရရှိမည်ဖြစ်သည်။ ခြောက်လအတွင်း မှာပင် (၅၀) ဖန် ရရှိခြင်းမှာ သာမန်လူများအတွက် မနည်းလှသော ပမာဏ ဖြစ်သည်။

သို့သော် ဖန်မိသားစုမှာ အောင်နိုင်သူဟု ယုံကြည်နေချိန်တွင် အစီအစဉ် ထုတ်ပေးသူ မန်နေဂျာမှာ အမောတ ကော ပြေးလာလေသည်။ ချွေးပြန်နေသော သူ့ကို မြင်သောအခါ ဖန်တွမ့်ကျန်းက ပြုံး၍ ပြောလိုက်သည်။

"အလုပ်များနေတာလား…။ အိမ်တွေ အများကြီး ဝယ်နိုင်ခဲ့ပုံပဲ။ ဘယ်လောက်တောင် ရခဲ့လဲ အသေးစိတ် ပြော ပြစမ်း…။"

ချွေးကို သုတ်ပြီးနောက် မန်နေဂျာမှာ တုန်ရီစွာဖြင့် ပြန်ဖြေသည်။

"ဥက္ကဋ္ဌကြီး... ကျွန်တော်တို့ တစ်လုံးမှ မရလိုက်ဘူး...။"

ထိုစကားကို ကြားသောအခါ ဖန်တွမ့်ကျန်း မှင်သက်သွားပြီးမှ ပြုံး၍ ပြောသည်။

"မင်း နောက်နေတာလား…။ တစ်လုံးမှ မရဘူးဆိုတာ ဖြစ်နိုင်ပါ့မလား…။"

"အဲဒီအိမ်ဝယ်သူတွေကို ငါ အသိဆုံးပဲ။ သူတို့က ရေတိုအမြတ်ကိုပဲ မြင်တတ်တာ။ ငါပေးတဲ့ဈေးက သူတို့ အတွက် အမြတ် (၅၀) ဖန် ရနိုင်တာပဲလေ…။"

"သူတို့ကတော့ ဘယ်လိုလုပ်ပြီး အမြော်အမြင် ကြီးမားပါ့မလား။ သူတို့ကို နှမ်းစေ့လေး တစ်စေ့လောက် ပေး လိုက်ရင် ဖရဲသီးကိုတောင် စွန့်လွှတ်ပြီး ယူကြမယ့်သူတွေပဲ…။"

"အမှန်အတိုင်း ပြောစမ်း။ ဘယ်လောက်ရလဲ….။ အိမ်မရောင်းတဲ့သူရှိရင် ဈေးနည်းနည်း ထပ်တိုးလိုက်...။"

မန်နေဂျာမှာ ငိုမဲ့မဲ့ဖြင့် ပြောသည်။

"ဥက္ကဋ္ဌကြီး...၊ ကျွန်တော်တို့ တစ်လုံးမှ မရလိုက်တာ အမှန်ပါပဲ...။ အဲဒီလူတွေက ဒီလောက် အမြတ်လေးကို ဂရုမစိုက်ဘူးလို့ ပြောပါတယ်…။"

" 'အိမ်ရာနတ်ဘုရား' က အိမ်မှာ ကိုယ်တိုင်နေမယ်ဆိုရင် ရောင်းဖို့၊ ငှားဖို့ မလိုဘူးလို့ ကတိပေးထားလို့ပါတဲ့…။ အိမ်ဝယ်ဖို့ သုံးတဲ့ငွေကို လစဉ် အရစ်ကျ ပြန်ပေးပြီး အဲဒီငွေက အိမ်လခပေးရမယ့် ငွေနဲ့ အတူတူပဲ ဖြစ်နေလို့ ပါ…။"

" 'အိမ်ရာနတ်ဘုရား' က သူတို့ကို အိမ်အခမဲ့ ပေးနေတာနဲ့ တူတူပါပဲ…။"

ထိုစကားကို ကြားသောအခါ ဖန်တွမ့်ကျန်းမှာ မှင်သက်သွားတော့သည်။ သူသည် ယုံကြည်နိုင်စွမ်း မရှိတော့ဘဲ ရေရွတ်လိုက်သည်။

"ငါ အိပ်မက်မက်နေတာလား…။ ကမ္ဘာပေါ်မှာ ဒီလောက် အရူးအမူး လုပ်တဲ့သူ ရှိပါ့မလား…။ အိမ်တွေကို အခမဲ့ ပေးနေတာ ဟုတ်လား…။"

"ဒါ အလိမ်အညာ စီမံကိန်း ဖြစ်ရမယ်…။ သူ တစ်ခုခုတော့ ကြံစည်နေတာ သေချာတယ်…။"

သူသည် ဒေါသတကြီးဖြင့် ရူးသွပ်သကဲ့သို့ အော်ဟစ်လိုက်သည်။ သူသည် ပရဟိတလုပ်နေသကဲ့သို့ စီးပွားရေး လုပ်သည့်သူကို လုံးဝ မယုံကြည်နိုင်ပေ။ သို့သော် သူ မေ့လျော့နေသည့်အချက်မှာ လျန်ထျန်း၏ လုပ်ရပ်တိုင်း သည် အိမ်ဝယ်သူများအတွက် မဟုတ်ဘဲ ဖန်မိသားစုကိုသာ ပစ်မှတ်ထားခြင်း ဖြစ်သည်ဆိုသည့်အချက်ပင်။

လျန်ထျန်းမှာ ဖန်မိသားစု၏ (၁၅) ရာခိုင်နှုန်း ရှယ်ယာများကိုသာ သိမ်းပိုက်လိုခြင်း ဖြစ်သည်။ ဤသည်မှာ အရင်းအနှီး တိုက်ပွဲတစ်ခုတွင် ပြည်သူများအတွက်ပါ အကျိုးရှိသွားခြင်းပင် မဟုတ်ပါလော။

All Chapters