အခန်း ၂၄၈
Vol. 25 Ch. 248
အခန်း (၂၄၈)
မိုးမိဖူးသူဖြစ်၍ သူတစ်ပါးအတွက် ထီးဆောင်းပေးလိုခြင်း
ဘီမြို့တော်တွင် တစ်နှစ်နီးပါးကြာ နေထိုင်ပြီးနောက် လျန်ထျန်းသည် သူ၏ မူလရည်မှန်းချက်ကို နောက်ဆုံးတွင် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့လေပြီ။ ထိုအရာမှာ ဖန်မိသားစု လက်ထဲတွင်ရှိနေသော အစားအ သောက် ပို့ဆောင်ရေး ကုမ္ပဏီ၏ ရှယ်ယာအားလုံးကို သိမ်းပိုက်ခြင်းပင် ဖြစ်သည်။
ထိုနည်းတူစွာပင် သူသည် ဘီမြို့တော် ဆင်ခြေဖုံးရပ်ကွက်များရှိ အိမ်ဈေးနှုန်းများကိုလည်း အကြီးအကျယ် ကျ ဆင်းသွားစေခဲ့သည်။ အိမ်ရောင်းချမှုအပိုင်းတွင် လျန်ထျန်းအနေဖြင့် အတော်ပင် အရင်းအနှီး စိုက်ထုတ်ခဲ့ ရသည်။
လစဉ် ပို့ဆောင်ရေး အလုပ်ဖြင့် ရရှိသမျှ ငွေကြေးအားလုံးနီးပါးကို ထိုအိမ်ခြံမြေ ကုမ္ပဏီငယ်များထဲသို့ ရင်းနှီး မြှုပ်နှံခဲ့ရာ စုစုပေါင်း ယွမ် (၁) သိန်းနီးပါး ရှိသွားခဲ့ပြီဖြစ်သည်။ ယနေ့ခေတ် ယွမ် (၁) သိန်းမှာ ကမ္ဘာ့ကုန်ဈေးနှုန်း များ အဆတစ်သန်း ပြုတ်ကျသွားခြင်းမရှိမီ ကာလက ယွမ်သန်းပေါင်း (၁၀၀) နှင့် ညီမျှသော တန်ဖိုးဖြစ်သည်ကို သတိပြုရန် လိုပေသည်။
သို့သော် ဤကြိုးပမ်းမှုများမှာ ထိုက်တန်သော အကျိုးကျေးဇူးကို ပြန်လည်ရရှိစေပြီး ဖန်မိသားစုကို သူတို့ပိုင် ဆိုင်သည့် အစားအသောက် ပို့ဆောင်ရေး ရှယ်ယာများကို ရောင်းချလာစေရန် အတင်းအကျပ် ဖိအားပေးနိုင် ခဲ့ပေသည်။ လျန်ထျန်း၏ နောက်ဆုံးရည်မှန်းချက်မှာ ဤအချက်ပင် ဖြစ်သဖြင့် ငွေကြေး အမြောက်အမြား သုံးစွဲ လိုက်ရသော်လည်း သူ အလွန်ပင် ပျော်ရွှင်နေခဲ့သည်။
ထို့အပြင် သူကိုယ်တိုင်လည်း ဤသို့ သုံးစွဲလိုက်ရခြင်းမှာ အလွန်တန်ဖိုးရှိသည်ဟု ခံစားမိသည်။ ဤသို့ပြုလုပ် ခြင်းဖြင့် အိမ်ဝယ်ယူရန် ငွေကြေးမတတ်နိုင်သော်လည်း အိမ်ပိုင်ဆိုင်လိုသည့် ပထမဆုံး အိမ်ဝယ်သူများအား အနည်းငယ်မျှသော လက်ဦးငွေပေးချေမှုဖြင့် အိမ်ပိုင်ဆိုင်နိုင်ခွင့် ရရှိစေမည်ဖြစ်သည်။
ထို့အပြင် လျန်ထျန်းသည် သူပေးထားသည့် ကတိအတိုင်း ငွေပြန်အမ်းပေးမည့် အစီအစဉ်ကိုလည်း ဖျက်သိမ်း ရန် မရည်ရွယ်ပေ။ သူသည် အိမ်ဝယ်ယူသူများ၏ အိမ်လခပေးဆပ်မှုကို ကူညီပေးရန်အတွက် လစဉ် ယွမ် (၁,၀၀၀) သို့မဟုတ် (၂,၀၀၀) ကို အမှန်တကယ်ပင် လွှဲပြောင်းပေးရန် ပြင်ဆင်ထားပြီးဖြစ်သည်။ အိမ်တစ်လုံး လုံးအတွက် ငွေကြေးများ ပြန်လည်ပြည့်စုံသွားသည့်အထိ သူ ကူညီသွားမည်ဖြစ်သည်။
သူတို့အနေဖြင့် နေထိုင်ရန်အတွက်သာ အသုံးပြုပြီး 'အိမ်ဆိုသည်မှာ နေထိုင်ရန် ဖြစ်သည်၊ ရင်းနှီးမြှုပ်နှံရန် မဟုတ်' ဟူသော မူဝါဒကို တကယ်တမ်း လိုက်နာမည်ဆိုပါက ၎င်းမှာ သူတို့တစ်ဦးစီတိုင်းကို အိမ်တစ်လုံး အလကား ပေးလိုက်သည်နှင့် တူညီနေသည်။
"သာသနာပိုင်စံအိမ်ပေါင်း ထောင်သောင်းချီ၍သာ ပိုင်ဆိုင်ခွင့်ရှိပါက ဆင်းရဲသားအားလုံးကို နေစရာပေးကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်စေချင်မိသည်...။" ဤသည်မှာ လျန်ထျန်း၏ စိတ်ကူးယဉ် အိပ်မက်တစ်ခု ဖြစ်သည်။
ယခင်က မိမိကိုယ်တိုင် မိုးမိခဲ့ဖူးသူ ဖြစ်သည့်အတွက်ကြောင့် ယခုအခါ သူတစ်ပါးအတွက် ထီးဆောင်းပေးလို ခြင်းဖြစ်သည်။ အတိတ်ကာလက မိမိကိုယ်တိုင်အား ကူညီပေးလိုသည့်အလား အချိန်ကာလကို ကျော်ဖြတ်လာ ခဲ့သကဲ့သို့ ခံစားရသည်။ ထို့အပြင် လျန်ထျန်းတွင် ယခုအခါ လိုအပ်သော အစွမ်းအစများ ပြည့်စုံနေပြီဖြစ်သည်။
အစားအသောက် ပို့ဆောင်ခြင်းဖြင့် ရရှိသည့် ငွေကြေးများ မရှိတော့လျှင်ပင် အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီ၏ ရှယ်ယာမှ ရရှိသည့် (၁၅) ရာခိုင်နှုန်းသော အမြတ်ဝေစုမှာ ဤအိမ်များ၏ အိမ်လခပေးဆပ်မှုများကို ကာမိစေရန် လုံလောက်နေပြီဖြစ်သည်။
စကားစပ်၍ ပြောရမည်ဆိုလျှင် လျန်ထျန်းသည် ယခုအခါ အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီ၏ တတိယ မြောက် အစုရှယ်ယာရှင် အကြီးဆုံး ဖြစ်နေပြီဖြစ်သည်။ သို့သော်လည်း သူသည် လူပုံအလယ်တွင် မျက်နှာပြ လေ့ မရှိပေ။ ကိစ္စတစ်ခုခု ရှိလာပါက အထွေထွေမန်နေဂျာ ဝမ် သို့မဟုတ် ကျင်းတ အိမ်ခြံမြေမှ အထွေထွေမန် နေဂျာ လုတို့ကသာ သူ့ကိုယ်စား ကိုယ်စားပြု ဆောင်ရွက်ပေးသည်။
အယ်လ်မြို့တော်သို့ ပြန်ရောက်သည့်အခါ လျန်ထျန်း၏ ပထမဆုံး စဉ်းစားမိသည့်အရာမှာ ဝမ်ရှောင်ရို့ကို ချကချင်း သွားတွေ့ရန်ပင် ဖြစ်သည်။ တစ်နှစ်နီးပါးကြာအတွင်း သူတို့နှစ်ဦးစလုံးမှာ မိမိတို့၏ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများဖြင့် အလွန် အလုပ်များနေခဲ့ကြသည်။ သို့သော်လည်း အခါအားလျော်စွာ အဆက်အ သွယ် ပြုလုပ်ခြင်းနှင့် ဗီဒီယို ဖုန်းခေါ်ဆိုခြင်းများဖြင့် တစ်ဦးနှင့်တစ်ဦး၏ အလုပ်နှင့် ဘဝအခြေအနေများကို သိရှိနေခဲ့ကြသည်။
ဝေးကွာနေခြင်းကြောင့် သူတို့၏ ချစ်ခြင်းမေတ္တာများ လျော့ပါးသွားခြင်း မရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် ပိုမို ခိုင်မြဲလာကာ ပြင်းထန်လာခဲ့သည်။ ၎င်းကို ဖော်ပြရမည်ဆိုလျှင်... 'ခေတ္တခဏ ဝေးကွာသွားခြင်းက ချစ်ခြင်း မေတ္တာကို ပိုမို နက်ရှိုင်းစေသည်' ဟု ဆိုရမည်ပင်။
ဝမ်ရှောင်ရို့အကြောင်းကို လျန်ထျန်း နားလည်ထားသည့်အတိုင်းဆိုလျှင် ရှောင်ရို့မှာ ဤအချိန်တွင် ကုမ္ပဏီ၌ ရှိနေဦးမည် ဖြစ်သည်။ ဝမ်ရှောင်ရို့သည် ကိုယ်ပိုင်ကုမ္ပဏီတစ်ခုကို စတင် တည်ထောင်ခဲ့ပြီး မိသားစု၏ အကူ အညီ သို့မဟုတ် လျန်ထျန်း၏ ဝင်ရောက်စွက်ဖက်မှုမပါဘဲ အတော်ပင် အောင်မြင်နေသည်။ ကုမ္ပဏီမှာ အလွန် မကြီးမားလှသော်လည်း ဝန်ထမ်း (၂၀) သို့မဟုတ် (၃၀) ခန့် ရှိပြီး လစဉ် ဝင်ငွေနှင့် အမြတ်ငွေ အချို့ကို အေး ဆေးစွာ ရှာဖွေနိုင်နေသည်။
ယခုအခါ လျန်ထျန်းတစ်ယောက် စက္ကန့်ပိုင်းမျှပင် စောင့်ဆိုင်းလိုစိတ် မရှိတော့ဘဲ တမ်းတနေခဲ့ရသည့် ဝမ်ရှောင်ရို့ ကို အမြန်ဆုံး တွေ့ဆုံချင်နေမိသည်။ ထို့ကြောင့် သူသည် ဝမ်ရှောင်ရို့ကို အံ့အားသင့်သွားစေရန် ပို့ဆောင်ရေး ဝတ်စုံကိုပင် ဝတ်ဆင်ကာ ဝမ်ရှောင်ရို့၏ ကုမ္ပဏီသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။
လျန်ထျန်း ကုမ္ပဏီရှေ့သို့ ရောက်သည့်အခါ ဧည့်ကြို မိန်းကလေးက အော်ဒါကို ထားခဲ့ပြီး ပြန်သွားနိုင်ကြောင်း ပြောလိုက်သည်။ လျန်ထျန်းက ပြုံးလျက် ပြောလိုက်သည်။
"ဒါက ကစ္စဝမ်ရဲ့ အော်ဒါပါဗျ….။ သူမက ဒါကို ကိုယ်တိုင်လာပို့ဖို့ မှာထားလို့ပါ...။"
ထိုစကားကို ကြားသောအခါ ဧည့်ကြို မိန်းကလေးမှာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် အမြန်ဆုံး ပြန် လည် ပြောဆိုလိုက်သည်။
"ဒါဆိုရင် မစ္စဝမ်ကို အရင် သွားမေးလိုက်ပါ့မယ်…။ ခဏလောက် စောင့်ပေးပါဦးနော်...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။
"မဆိုးဘူး၊ မင်းက အလွန် စိတ်ကူးဉာဏ်ရှိပြီး တာဝန်သိတတ်တာပဲ။ ကောင်းပြီလေ၊ မင်းကို အမှန်အတိုင်း ပြောပြမယ်။ ဒါကို ကြည့်လိုက်ဦး...။"
လျန်ထျန်းက ဖုန်းထဲရှိ သူနှင့် ဝမ်ရှောင်ရို့တို့၏ ဓာတ်ပုံအချို့ကို ပြသပြီးနောက် သူ၏ အထောက်အထားနှင့် ရည်ရွယ်ချက်ကို တိုးတိုးလေး ရှင်းပြလိုက်သည်။ ဧည့်ကြို မိန်းကလေးမှာ အံ့အားသင့်သွားပြီး မျက်လုံးများ ပြူးကျယ်ကာ သူမ၏ အသံကို ထိန်းချုပ်ရန် ပါးစပ်ကို လက်ဖြင့် အုပ်ထားလိုက်သည်။
"အို..၊ ရှင်...၊ အို...၊ ရှင်က မစ္စဝမ်ရဲ့ ချစ်သူဖြစ်နေတာကိုး…။ မစ္စဝမ်ကို အံ့အားသင့်သွားစေဖို့ ပို့ဆောင်ရေးသမား လို အသွင်ယူပြီး လာခဲ့တာပေါ့နော်…။"
"ကောင်းပါပြီ၊ ဒါဆိုရင် အမြန်ဆုံး ဝင်သွားလိုက်ပါတော့…၊ မစ္စဝမ်ကို စောင့်မနေပါစေနဲ့တော့...။"
လျန်ထျန်း ပြုံးလိုက်ပြီး -
"ကျေးဇူးပါ၊ ဒါဆိုရင်တော့ ပြောထားတဲ့အတိုင်းပဲ လျှို့ဝှက်ထားပေးပါဦးနော်...။"
ဧည့်ကြို မိန်းကလေးမှာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာတစ်ခုလုံး နီရဲသွားကာ၊
"စိတ်ချပါ၊ ကျွန်မက ပါးစပ် လုံပါတယ်၊ ဘယ်သူ့ကိုမှ လျှောက်မပြောပါဘူး…။"
ထိုသို့ပြောပြီးနောက် လျန်ထျန်းမှာ စိတ်အေးလက်အေးဖြင့် အတွင်းသို့ ဝင်သွားလိုက်သည်။ သို့သော် သူ ထွက် သွားသည်နှင့် တစ်ပြိုင်နက် ထိုမိန်းကလေးမှာ ဖုန်းကို ကောက်ကိုင်ကာ သူမ၏ လုပ်ဖော်ကိုင်ဖက်များနှင့် သူငယ်ချင်းများထံသို့ မက်ဆေ့ချ်များ ပို့လိုက်တော့သည်။
[ဟေ့...၊ သိပြီးပြီလား။ မစ္စဝမ်ရဲ့ ချစ်သူက ကုမ္ပဏီကို ရောက်လာတယ်…။ သူက အံ့အားသင့်သွားစေဖို့ ပို့ဆောင် ရေးသမားလို ဝတ်လာတာ…။ အရမ်း ရိုမန်တစ်ဆန်ပြီး အရမ်းလဲချောတယ်...။]
အခြားတစ်ဖက်တွင် လျန်ထျန်းမှာ အထွေထွေမန်နေဂျာ ရုံးခန်းတံခါးရှေ့သို့ ရောက်ရှိလာပြီး တံခါးကို ခေါက်ကာ အသံကို တမင် နှိမ့်ချ၍ လေသံကို ပြောင်းလဲလိုက်သည်။
"မစ္စဝမ်...၊"
ဝမ်ရှောင်ရို့၏ အသံမှာ ချက်ချင်း ထွက်ပေါ်လာသည်။
"ဝင်ခဲ့ပါ...၊"
ခွင့်ပြုချက် ရရှိပြီးနောက် လျန်ထျန်းမှာ တံခါးကို ဖွင့်လိုက်သည်။ စားပွဲခုံနောက်တွင် ဝမ်ရှောင်ရို့မှာ ခေါင်းမော့ ကြည့်ခြင်းမရှိဘဲ စာရွက်စာတမ်းများတွင်သာ အာရုံစိုက်နေပြီး သူမ၏ အာရုံစိုက်နေသော အမူအရာမှာ ပညာ ဉာဏ်ဖြင့် ပြည့်စုံသော အလှတရားတစ်ခုကို ဖော်ပြနေသည်။ ၎င်းကို မြင်သောအခါ လျန်ထျန်းမှာ ခြေသံလုံ အောင် ဖြည်းဖြည်းချင်း လျှောက်သွားလိုက်လေသည်။
"ဘာကိစ္စလဲ...၊"
ဝမ်ရှောင်ရို့က ပြောရင်း ခေါင်းမော့ကြည့်လိုက်သည်။
စကားသံမှာ ရုတ်တရက် ရပ်တန့်သွားပြီး နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားသည်။ ထို့နောက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ အော်ဟစ်လိုက်သည်။
"အို….၊ ငါ့ရဲ့ ချစ်ရတဲ့ ဒါထျန်းထျန်း….၊ ဘယ်လို ပြန်ရောက်လာတာလဲ...။"
ချက်ချင်းဆိုသလိုပင် လှပပြီး ဉာဏ်ရည်ထက်မြက်သည့် အမျိုးသမီး စီအီးအိုမှာ ချစ်စရာကောင်းပြီး ပျော်ရွှင်နေ သည့် ကလေးမလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူမသည် စားပွဲခုံနောက်မှ အမြန်ဆုံး ပြေးထွက်လာပြီး အသိုက်သို့ ပြန်လာသော ငှက်ကလေးတစ်ကောင်ကဲ့သို့ လျန်ထျန်း၏ ရင်ခွင်ထဲသို့ ခုန်ဝင် လိုက်လေတော့သည်။
ကံကောင်းသည်မှာ လျန်ထျန်းက လာစဉ်ကတည်းက တံခါးကို သေချာစွာ ပိတ်ခဲ့ပြီး ရုံးခန်း၏ အသံလုံမှုမှာ လည်း အတော်ပင် ကောင်းမွန်လှသည်။ သို့သော်လည်း လျန်ထျန်း မသိလိုက်သည်မှာ သူ ရုံးခန်းထဲသို့ ဝင်သွား ပြီးနောက် လူအုပ်ကြီးတစ်စုမှာ တံခါးရှေ့သို့ အလုအယက် ပြေးလာကြခြင်းပင် ဖြစ်သည်။ သူတို့အားလုံးမှာ ဧည့်ကြို မိန်းကလေးကို ဦးဆောင်စေလျက် နားထောင်ရန် တံခါးဝတွင် စုရုံးနေကြသည်။
ရုံးခန်းအတွင်း၌ လျန်ထျန်းမှာလည်း ဝမ်ရှောင်ရို့ကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး သူမ၏ နားထဲသို့ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ရှောင်ရို့...၊ ကိုယ် မင်းကို အရမ်း သတိရနေတာ...။"
ဝမ်ရှောင်ရို့က နွေးထွေးစွာ ပြန်ပြောလိုက်သည်။
"ကျွန်မလည်း...၊ ရှင်ကို အရမ်း သတိရနေတာ...။"
သို့သော် ဤကြည်နူးဖွယ် မြင်ကွင်းမှာ နောက်တစ်စက္ကန့်တွင် ရုတ်တရက် ရပ်တန့်သွားသည်။ ဝမ်ရှောင်ရို့က သူမ၏ နူးညံ့သော လက်များဖြင့် လျန်ထျန်းကို တွန်းထုတ်လိုက်ပြီး ဒေါသထွက်နေသည့်အလား စူးစူးဝါးဝါး ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
"ရှင် ဘယ်တုန်းက ပြန်ရောက်တာလဲ…။ ဘာလို့ ကြိုမပြောတာလဲ...။"
"ရှင် ထွက်မသွားခင်က အမြန်ဆုံး ပြန်လာမယ်လို့ ပြောခဲ့ပေမဲ့ တစ်နှစ်နီးပါးလောက် ကြာသွားပြီ…။ အခု ပြန်ရောက်လာတဲ့အခါမှာလည်း ကြိုမပြောဘူး…။ ရှင် မှားတယ်ဆိုတာ သိရဲ့လား…။"
ဝမ်ရှောင်ရို့၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကြောင့် လျန်ထျန်းမှာ လုံးဝ ပြင်ဆင်ထားခြင်း မရှိဘဲ ခေတ္တမျှ မှင်တက်သွားရသည်။ ကံကောင်းစွာဖြင့် သူက အမြန်ဆုံး တုံ့ပြန်လိုက်ပြီး ရှင်းပြလိုက်သည်။
"ရှောင်ရို့...၊ ကိုယ်က မင်းကို အံ့အားသင့်သွားစေချင်လို့ပါ၊ ဒါကြောင့် ကြိုမပြောတာပါ...။"
ဝမ်ရှောင်ရို့က မျက်နှာကို တည်ထားလျက် အလွယ်တကူ ခွင့်မလွှတ်ပေးပေ။
"ကျွန်မ အခု မေးနေတယ်…၊ ရှင် မှားတယ်ဆိုတာ သိရဲ့လား…။"
ဝမ်ရှောင်ရို့၏ လေးနက်သော အမူအရာကို မြင်သောအခါ လျန်ထျန်းမှာ နောက်ပြောင်ရန်ပင် မဝံ့ရဲတော့ပေ။
"သိပါတယ်…၊ သိပါတယ်…၊ ကိုယ် မှားပါတယ်…။"
ဝမ်ရှောင်ရို့က အသာစီးရယူလျက်၊
"ဘာက မှားတာလဲ…။"
လျန်ထျန်းမှာ စကားပြောရခက်ခဲသွားသည်။
"ဟို... ကိုယ်...။"
လျန်ထျန်း၏ နဖူးတွင် ချွေးစများ စတင် ထွက်ပေါ်လာချိန်မှာပင် ဝမ်ရှောင်ရို့မှာ ရုတ်တရက် ရယ်မောလိုက်ပြီး သူမ၏ လေးနက်သော အမူအရာမှာ အတုအယောင်သာ ဖြစ်ကြောင်း ပေါ်လွင်သွားသည်။ နောက်တစ်စက္ကန့်တွင် နူးညံ့သိမ်မွေ့သော ပွေ့ဖက်မှုတစ်ခုမှာ သူ၏ ရင်ခွင်ထဲသို့ ပြန်လည် ရောက်ရှိလာပြီး နူးညံ့သောအသံမှာ သူ၏ နားထဲသို့ ဝင်ရောက်လာသည်။
"အရူးလေးရယ်၊ ရှင် ပြန်ရောက်တာနဲ့ ကျွန်မကို လာရှာပြီး အံ့အားသင့်သွားစေချင်တာလေ…၊ ဒါ ဘယ်လိုလုပ် မှားရမှာလဲ...။"
"တကယ်တော့ ရှင် ပြန်ရောက်လာတာက ကျွန်မအတွက် အကြီးမားဆုံးသော အံ့အားသင့်စရာပါ...။"