← Chapters

အခန်း ၂၄၉

Vol. 25 Ch. 249

အခန်း ၂၄၉

Vol. 25 Ch. 249

အခန်း (၂၄၉)။

မိန်းကလေး၊ မင်း ငါ့ရဲ့ စိတ်ဝင်စားမှုကို အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်သွားပြီ

ရုံးခန်းအတွင်း၌ လျန်ထျန်းနှင့် ဝမ်ရှောင်ရို့တို့ နှစ်ဦးသား အချစ်စိတ်တက်ကြွနေစဉ် တံခါးအပြင်ဘက်မှ ရုတ်ရုတ် သဲသဲ အသံများကို ရုတ်တရက် ကြားလိုက်ရလေသည်။

ထိုအခါ နှစ်ဦးစလုံး အမြန်ပင် ခွာလိုက်ကြပြီး လျန်ထျန်းက လျှပ်စီးလက်သည့် အမြန်နှုန်းဖြင့် ခြေလှမ်းအနည်း ငယ်အတွင်း တံခါးကို ဖွင့်လိုက်လေ၏။

"အို... အို..."

"ဘုန်း…"

အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ တံခါးဝတွင် နားကပ်၍ ချောင်းနားထောင်နေသူ အချို့မှာ တံခါး ရုတ်တရက် ပွင့်သွားသဖြင့် အတင်းတိုးဝင်မိသလို ဖြစ်သွားလေသည်။ တာဝန်ကျနေသည့် ငယ်ရွယ်သော ဧည့်ကြို မိန်းကလေးမှာ လျန်ထျန်း၏ ကိုယ်ပေါ်သို့ ထပ်မလိုပင် ဖြစ်သွား၏။

ကံကောင်းစွာဖြင့် လျန်ထျန်းမှာ လျင်မြန်စွာ နောက်သို့ ဆုတ်လိုက်သဖြင့် မည်သူမျှ တိုက်မိခြင်း မရှိတော့ပေ။ ဧည့်ကြို မိန်းကလေးသာ ကြမ်းပြင်ပေါ်သို့ တုန်းခနဲ လဲကျသွားသည်။ မလဲကျသူများမှာမူ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ကာ မိမိတို့၏ လုပ်ငန်းခွင်များဆီသို့ အလောတကြီး ပြေးသွားကြ၏။

ကြမ်းပြင်ပေါ် လဲကျသွားသည့် မိန်းကလေးမှာမူ ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။ သူမ ထလိုက်ချိန်တွင် နောက် ကွယ်၌ မည်သူမျှ မရှိတော့။ ထိုအခိုက်တွင် ဝမ်ရှောင်ရို့က လျန်ထျန်းနှင့်အတူ လျှောက်လာပြီး သူမအား မျက် စောင်းထိုးကြည့်လိုက်သည်။

ဧည့်ကြို မိန်းကလေးမှာ ပြင်းထန်စွာ ဒဏ်ရာမရသော်လည်း အခြေအနေမှာမူ အနည်းငယ် တင်းမာနေသည်။ သူမသည် ခေါင်းကို ကုတ်ကာ အခက်တွေ့နေဟန်ဖြင့် ယဉ်ကျေးစွာ ပြောလိုက်သည်။

"မစ္စဝမ်...၊ မစ္စဝမ်ရဲ့ ချစ်သူရှင့်... ၊ ကျွန်မ... ကျွန်မ ဒီနားက ဖြတ်လျှောက်လာတာပါလို့ ပြောရင် ယုံကြမှာ လား...။"

လျန်ထျန်းနှင့် ဝမ်ရှောင်ရို့တို့ နှစ်ဦးစလုံး ဘာမျှ မပြောကြပေ။ သို့သော် သူတို့၏ အကြည့်များမှာ ပို၍ပင် စူးရှ လာခဲ့သည်။ ဤသည်မှာ လူတို့ ပြောလေ့ရှိသည့်အတိုင်းပင် ဖြစ်ပေလိမ့်မည်။

'ငါ မင်းကို ကြည့်လိုက်မယ်၊ ကိုယ့်ဘာသာ နားလည်လိုက်တော့...'

ဧည့်ကြို မိန်းကလေးမှာ ဖိအားကို မခံနိုင်တော့ဘဲ မျက်နှာကို လက်ဖြင့် အုပ်၍ အော်ဟစ်လိုက်သည်။

"ကျွန်မ ဘာမှ မမြင်ပါဘူး…၊ ဘာမှလည်း မကြားပါဘူး…။ မစ္စဝမ်ရဲ့ ချစ်သူက အံ့အားသင့်အောင် လာတယ်ဆို တာလည်း ဘယ်သူ့ကိုမှ မပြောပါဘူး..။ ရှင်တို့ ဆက်လုပ်ကြပါတော့…၊ ကျွန်မ သွားတော့မယ်...။"

အော်ပြောပြီးနောက် သူမသည် မျက်နှာကို လက်ဖြင့် အုပ်ကာ ပြေးထွက်သွားတော့သည်။ ထိုမြင်ကွင်းကို မြင်သောအခါ ဝမ်ရှောင်ရို့နှင့် လျန်ထျန်းတို့မှာ အားမလိုအားမရဖြင့် တစ်ဦးကိုတစ်ဦး ပြုံးပြကာ တံခါးကို ပိတ်လိုက်ရလေသည်။

သို့သော်လည်း ယခင်က ရှိနေခဲ့သည့် ချစ်ခင်မြတ်နိုးဖွယ် အငွေ့အသက်များမှာ ပျောက်ကွယ်သွားပြီး ဝမ်ရှောင်ရို့ ကပင် လျန်ထျန်းကို အပြစ်တင်လိုက်လေသည်။

"တကယ်ပါပဲ...၊ ဘာလို့ အကုန်လုံးကို လျှောက်ပြောနေရတာလဲ။ အဲ့ဒီကောင်မလေးက ကျွန်မတို့ ကုမ္ပဏီမှာ အတင်းပြော ဝါသနာပါသူလို့ နာမည်ကြီးတာလေ....။"

လျန်ထျန်းက ပခုံးတွန့်ကာ အားကိုးရာမဲ့သည့်ဟန်ဖြင့် ပြောလိုက်သည်။

"ကိုယ် ဘယ်လိုလုပ် သိမလဲ။ စစချင်းတုန်းက သူက တော်တယ်လို့ ထင်ခဲ့တာ၊ အဲ့လောက်တောင် ပါးစပ်ဖွာလိမ့် မယ်လို့ မထင်ထားမိဘူး...။"

ဝမ်ရှောင်ရို့က လျန်ထျန်းကို တစ်ချက် စူးစူးဝါးဝါး ကြည့်လိုက်သည်။ သို့သော် သူမ၏ ဘေးရှိ စားပွဲခုံပေါ်မှ သေတ္တာတစ်လုံးကို မြင်လိုက်ရသည့်အခါ အာရုံများ ချက်ချင်း ပြောင်းသွား၏။

"ဟိုမှာ...၊ ရှင် လာတုန်းက အဲ့ဒီသေတ္တာကို ကိုင်လာတာ တွေ့တယ်။ အထဲမှာ ဘာတွေ ပါတာလဲ...။"

အခွင့်အရေးရစဉ် လျန်ထျန်းက အမြန်ပင် ပြောလိုက်သည်။

"အော်... ဟုတ်သားပဲ၊ ကိုယ် မင်းကို အံ့အားသင့်သွားအောင် လုပ်မယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ဒါက အဲ့ဒီ အံ့အားသင့်စရာပဲ…။ ဖွင့်ကြည့်လိုက်ပါဦး...။ "

လျန်ထျန်း၏ စကားကို ကြားသောအခါ ဝမ်ရှောင်ရို့မှာ စိတ်ဝင်စားသွားပြီး သေတ္တာကို ကောက်ကိုင်ကာ ဖွင့်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် တံခါးအပြင်ဘက်မှ နောက်ထပ် ရုတ်ရုတ်သဲသဲ အသံများ ထပ်မံ ထွက်ပေါ်လာ ပြန်သည်။ လျန်ထျန်းမှာ စိတ်ရှည်သူဖြစ်သော်လည်း မျက်မှောင်ကြုတ်ကာ တံခါးဆီသို့ လျှောက်သွားလိုက် သည်။

"ဘာဖြစ်လို့ ဒီလိုတွေ ဖြစ်နေရတာလဲ။ တစ်ခါ သင်ခန်းစာယူဖို့ မလုံလောက်သေးဘူးလား။ မင်းတို့ရဲ့ အတင်း ပြောချင်စိတ်က တကယ်ပဲ ကြီးမားလွန်းတယ်...။"

သို့သော် လျန်ထျန်း တံခါးကို ဖွင့်လိုက်သောအခါ ယခင်ကဲ့သို့ လူအုပ်စု စုရုံးနေခြင်းမျိုး မရှိတော့ပေ။ အစားတွင် ဧည့်ကြို မိန်းကလေး ရှိရာနေရာမှ ငြင်းခုံနေသည့် အသံများကိုသာ ကြားလိုက်ရလေသည်။

"ကျွန်မတို့ရဲ့ စီအီးအို မစ္စဝမ်က ရှင် ဒီကို လာဖို့ မလိုဘူးလို့ ပြောထားတယ်မဟုတ်လား၊ ဘာလို့ ထပ်လာတာလဲ …။"

ဧည့်ကြို မိန်းကလေး၏ အသံ ဖြစ်သည်။

"ဟဲ့...၊ မင်းလို အလုပ်သမားလေးက ငါ့ကို တားရဲတယ်ပေါ့လေ။ သတိထားပါ၊ မင်းတို့ရဲ့ အထွေထွေမန်နေဂျာ ဝမ် ကို ငါ သိမ်းပိုက်လိုက်တဲ့အခါ မင်းကို အလုပ်ထုတ်ပစ်မယ်….။"

အမျိုးသားတစ်ဦး၏ အသံ ဖြစ်သည်။

ဧည့်ကြို မိန်းကလေးက သူမ၏ ပုံပန်းသဏ္ဌာန်နှင့် မလိုက်ဖက်သော ခွန်အားနှင့် လေသံဖြင့် ပြန်ပြောလိုက်သည်။

"တော်လိုက်စမ်း….၊ အရှက်မရှိတဲ့လူ…။"

"ကျွန်မတို့ စီအီးအိုဝမ်က ရှင့်ကို အကြိမ် ရှစ်ရာတောင် ငြင်းပယ်ထားပြီးပြီ။ ရှင့်ကို ချစ်သူရှိတယ်လို့လည်း ရှင်းရှင်း လင်းလင်း ပြောထားတယ်မဟုတ်လား…။"

"ပြီးတော့ သူမရဲ့ချစ်သူက ရှင့်ထက် အများကြီး ပိုချောတယ်။ ဘယ်လိုလုပ်ပြီး အရှက်မရှိဘဲ ကျွန်မတို့ စီအီးအိုဝမ် ကို ထပ်ခါတလဲလဲ လာနှောင့်ယှက်နေရတာလဲ…။"

ထိုလူမှာ တကယ်ပင် အရှက်မဲ့သူ ဖြစ်သည်။ မိန်းကလေးတစ်ယောက်၏ အပြောကို ခံရသော်လည်း သူက ရယ်မောလျက်ပင် ပြန်ပြောနေသေး၏။

"အရူးအမ...၊ ဒီကမ္ဘာပေါ်မှာ ငါ့ထက် ပိုချောတဲ့သူ ရှိသေးလို့လား...။"

"ပြီးတော့ ငါ့အဖေက ချန်ယဲ့အုပ်စုရဲ့ ဥက္ကဋ္ဌပဲ…။ ချန်ယဲ့အုပ်စုက နောင်ကျရင် ငါ့ပိုင်ဆိုင်မှု ဖြစ်လာမှာ….။ ဒါက ဝမ်မိသားစုအတွက် မလုံလောက်သေးဘူးလား...။"

"ပြီးတော့ ဝမ်ရှောင်ရို့က ချစ်သူရှိတယ်လို့ ခဏခဏ ပြောနေပေမဲ့ တစ်နှစ်နီးပါး ရှိနေပြီ၊ တစ်ခါမှ သူမရဲ့ ချစ်သူ ကို မမြင်ဖူးဘူး…။ သူမက ဘယ်သူ့ကိုမှလည်း တိတိကျကျ မပြောပြဘူး…။ ဒါက သူမ လိမ်ပြောနေတာလို့ ငါထင်တယ်…။ အဲ့ဒီ ချစ်သူဆိုတာ တကယ်မရှိတာ….၊"

အမှန်စင်စစ် လျန်ထျန်းမှာ သူ၏ အထောက်အထားကို လျှို့ဝှက်ထားလိုသဖြင့် ဝမ်မိသားစုကိုလည်း သူနှင့် ဝမ်ရှောင်ရို့တို့ စေ့စပ်ထားကြောင်း သတင်းမဖြန့်စေခဲ့ပေ။ ဝမ်ရှောင်ရို့မှာလည်း လျန်ထျန်းကို ပို၍ နားလည် ပေးသူ ဖြစ်သည်။ အထူးသဖြင့် ဖန်မိသားစုနှင့် လျန်ထျန်းတို့ ပဋိပက္ခဖြစ်ချိန်နှင့် လန်အစ်ကိုတို့က လျန်ထျန်းကို အရေးယူရန် ကြိုးပမ်းချိန်များတွင် ဝမ်ရှောင်ရို့သည် လျန်ထျန်း၏ အထောက်အထားကို ဘယ်သောအခါမျှ မပေါက်ကြားစေခဲ့ပေ။ သူမသည် ၎င်းကို ကောင်းစွာ လျှို့ဝှက်ထားခြင်းဖြင့် လျန်ထျန်းကို ကာကွယ်ပေးနေခြင်း ဖြစ်မှန်း သိရှိထားသည်။

ချန်ယဲ့အုပ်စု၏ သခင်လေး၏ နှောင့်ယှက်မှုကို ခံရမှသာ ဝမ်ရှောင်ရို့သည် သူမတွင် ချစ်သူရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ချန်သခင်လေးမှာ လက်မလျှော့ပေ။ သူသည် ဝမ်ရှောင်ရို့ကို မြင်မြင် ချင်း စွဲလမ်းသွားခဲ့ပြီး ထိုအချိန်မှစ၍ မနားမနေ လိုက်လံ ပူဆာနေခြင်း ဖြစ်သည်။

သူတို့နှစ်ဦး စတင်တွေ့ဆုံခဲ့ပုံမှာလည်း အတော်လေး တိုက်ဆိုင်လွန်းသည်။ ချန်ယဲ့အုပ်စုနှင့် ဝမ်ရှောင်ရို့၏ ကုမ္ပဏီ မှာ လုပ်ငန်းသဘောအရ အနည်းငယ် ဆက်ဆံရေး ရှိကြသည်။ ဝမ်ရှောင်ရို့က လုပ်ငန်းကိစ္စအတွက် သွားရောက်ရာမှ တိုက်ဆိုင်စွာပင် ချန်သခင်လေးနှင့် ဆုံခဲ့ရသည်။

ချန်ယဲ့အုပ်စု ဥက္ကဋ္ဌ၏ တစ်ဦးတည်းသော သားဖြစ်သူ ချန်သခင်လေးသည် ကုမ္ပဏီသို့ အလုပ်သွားလုပ်ရန် စိတ် ဝင်စားသူ မဟုတ်ပေ။ သို့သော် ဝမ်ရှောင်ရို့ သွားရောက်သည့်နေ့တွင် သူပါ တိုက်ဆိုင်စွာ ရောက်နေခဲ့သည်။ အစ ပိုင်းတွင် ချန်သခင်လေးမှာ အခြားမိန်းကလေးများကို ပိုက်ဆံဖြင့် သိမ်းပိုက်သကဲ့သို့ ဝမ်ရှောင်ရို့ကိုလည်း အလွယ်တကူ သိမ်းပိုက်နိုင်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူ စိတ်အနှောင့်အယှက် ဖြစ်ရုံသာမက နှလုံးသားထဲတွင် ထူးဆန်းသော ခံစားမှုများ ဖြစ်ပေါ်လာခဲ့၏။

"မိန်းကလေး...၊ မင်း ငါ့ရဲ့ စိတ်ဝင်စားမှုကို အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်သွားပြီ...။"

နောက်ပိုင်းတွင် သူမသည် ဝမ်မိသားစု၏ သမီးဦး ဖြစ်မှန်း သိရှိသွားခဲ့သည်။ ဝမ်မိသားစု ပြန်လည် နိုးထလာပြီး နောက်ပိုင်းတွင် သူတို့၏ အရှိန်အဝါမှာ အလွန် ပြင်းထန်လာပြီး ရှေးဟောင်းမိသားစုများကြားတွင် ထိပ်ဆုံးသို့ ရောက်ရှိလာသည်။ ချန်ယဲ့အုပ်စုမှာလည်း အယ်လ်မြို့တော်တွင် ထိပ်တန်းဆယ်ခုအတွင်း၌ ပါဝင်ပြီး စီးပွားရေး လုပ်ငန်းရှင်များအသင်း၏ အဓိက အဖွဲ့ဝင် ဖြစ်သည်။

ထိုသို့သော နောက်ခံအရှိန်အဝါများကြောင့် ချန်သခင်လေးမှာ အယ်လ်မြို့တော်တွင် မိမိနှစ်သက်သလို ပြုမူနေ ထိုင်နိုင်သူ ဖြစ်သည်။ ထို့အပြင် အဖေဖြစ်သူက သူ့ကိုသာ ချစ်မြတ်နိုးသဖြင့် ငယ်စဉ်ကတည်းက အလိုလိုက်ခဲ့ သည်။ အလိုလိုက်ခံထားရသည့် လူမိုက်မျိုးမှာ မိမိလိုချင်သည့်အရာကို မရမချင်း လက်မလျှော့သူမျိုး ဖြစ်သည်။

ဧည့်ကြို မိန်းကလေးမှာ "အသံလွှင့်သူလေး" ဟု အမည်ပြောင်တွင်သည်။ သူမ၏ ကြောက်ရွံ့ခြင်းမရှိသော စရိုက်သာ မရှိပါက ချန်မျိုးရိုးရှိသူကို မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့်လည်း ထိုသို့ အတင်း ပြော ဝါသနာပါသော်လည်း ကုမ္ပဏီတွင် ဆက်ရှိနေနိုင်ခြင်းမှာ သူမ၏ ထိုစရိုက်ကြောင့်ပင် ဖြစ်နိုင်သည်။

သို့သော် ဤတစ်ကြိမ်တွင် ချန်သခင်လေးမှာ အတင်းအကျပ် ဝင်ရောက်ရန် ဆုံးဖြတ်ထားပုံရသည်။

"ငါ့လမ်းက ဖယ်ပေးစမ်း….။ ဒီနေ့ ဝမ်ရှောင်ရို့ကို ငါ သိမ်းပိုက်ရမယ်။ မဟုတ်ရင် ငါ့ကို အယ်လ်မြို့တော်ရဲ့ အချစ်ဘုရင် ချန်သခင်လေးလို့ မခေါ်နဲ့တော့…။"

သူ ပြောနေရင်းပင် အသံမှာ ပို၍ နီးကပ်လာခဲ့လေသည်။ ဧည့်ကြို မိန်းကလေး၏ တားဆီးမှုကို ကျော်ဖြတ်ကာ အတွင်းသို့ ဝင်လာပြီ ဖြစ်ကြောင်း သိသာနေသည်။

"ဝမ်ရှောင်ရို့...၊ ဒီတစ်ခါ မင်းအတွက် ငါ ပြင်ဆင်လာတဲ့ လက်ဆောင်ကို ကြည့်လိုက်ပါဦး။ မင်း ဝမ်မိသားစုရဲ့ သမီးဦး ဖြစ်နေပါစေဦးတော့၊ ဒါကို မငြင်းနိုင်လောက်ဘူးလို့ ငါ အာမခံတယ်...။"

"မင်း ငါ့စကားကို နားထောင်ပြီး အခုပဲ လက်ခံလိုက်ရင် ပိုကောင်းမယ်…။ မင်းအပေါ်မှာ ငါ ဘယ်လောက်ထိ ရိုးသားမှု ရှိသလဲဆိုတာ သိရဲ့လား...။"

"အရင်က ဘယ်မိန်းကလေးကိုမှ ဒီလောက်ထိ အချိန်ကုန်ခံပြီး လိုက်လံ ပူဆာခဲ့ရတာမျိုး မရှိဘူး...။"

"ပြီးတော့ ကျွန်တော်တို့ မိသားစုနှစ်ခုကလည်း တူညီတဲ့ ဂုဏ်ရှိန်ရှိကြပါတယ်။ ကျွန်တော့် မိသားစုက ပိုပြီး တောင် ချမ်းသာပါသေးတယ်..."

"မင်း ငါ့အမြင်မှာ ပါသွားတာကို ဂုဏ်ယူသင့်တယ်…။ ကျေးဇူးကန်းတဲ့သူ မဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်...။"

All Chapters