အခန်း ၂၅၀
Vol. 25 Ch. 250
အခန်း (၂၅၀)
သုံးရက် သုံးညတိုင်တိုင် စဉ်းစားခဲ့သော်လည်း မိမိတို့ ဘယ်နေရာ၌ ရှုံးနိမ့်သွားသည်ကို သခင်လေးချန် တစ်ယောက် အဖြေရှာမရ ဖြစ်နေလေသည်။
ဤသခင်လေးချန်မှာ အလွန်ပင် မိမိကိုယ်ကို အထင်ကြီးပြီး မောက်မာသူတစ်ယောက် ဖြစ်သည်။
သူ၏ မိသားစုမှာ ချမ်းသာကြွယ်ဝပြီး ကျောင်းတက်စဉ်ကာလ၌လည်း ကွမ်တုန်းတွင် နှစ်အနည်းငယ် ကြာ အောင် နေခဲ့ဖူးသဖြင့် လူတိုင်း၏ "ချောမောလှပသူ" ဟူသော ခေါ်ဝေါ်မှုများကြား၌ နစ်မွန်းကာ မိမိကိုယ်ကို အစွမ်းထက်မြက်သည်ဟု အထင်ရောက်နေသူဖြစ်သည်။ သို့သော်လည်း အမှန်တကယ်တွင်မူ သူ၏ ပုံပန်း သဏ္ဍာန်မှာ... ဖော်ပြရန်ပင် ခက်ခဲလွန်းလှသဖြင့် စကားလုံးတို့ဖြင့် ထုတ်ဖော်ပြောဆိုရန်ပင် မဖြစ်နိုင်ပေ။
သခင်လေးချန်သည် မိမိကိုယ်ကို အလွန်ပင် မိုက်သည်ဟု ထင်မှတ်နေသော ပုံစံဖြင့် အထွေထွေမန်နေဂျာ ရုံးခန်းရှေ့သို့ ရောက်ရှိလာခဲ့သည်။ သူ မြင်လိုက်ရသည်မှာ ဝမ်ရှောင်ရို့အပြင် အခြားလူတစ်ယောက် ရှိနေ ခြင်းပင် ဖြစ်ပြီး ထိုသူမှာ အမျိုးသားတစ်ဦး ဖြစ်နေသည်။
သခင်လေးချန် ခေတ္တမျှ ကြောင်အသွားသော်လည်း ထိုလူမှာ အစားအသောက် ပို့ဆောင်သူယူနီဖောင်းကို ဝတ် ဆင်ထားသည်ကို မြင်လိုက်ရသည့်အခါတွင်မူ စိတ်အေးသွားတော့သည်။ သူ၏ ဂုဏ်ဒြပ်နှင့်ဆိုလျှင် ထို ပို့ဆောင် ရေးသမားကို အလေးအနက်ထားစရာ မလိုဟု ယူဆလိုက်သည်။
ထို့နောက် သူသည် စိုးရိမ်ပေးဟန်ဆောင်ကာ ဆိုလိုက်သည်။
"အို... ဝမ်ရှောင်ရို့...၊ ဘာကြောင့် အပြင်စာတွေ မှာစားနေရတာလဲ...။"
"အပြင်စာတွေဆိုတာ အလုပ်သမားတွေအတွက် အစားအစာသာဖြစ်မှန်း မသိဘူးလား…။ ဆင်းရဲတဲ့သူတွေမှာ သာ အချိန်မရှိ၊ ပိုက်ဆံမရှိလို့ ဒီလို အမှိုက်တွေကို စားရတာပေါ့...။"
"သူတို့က အချိန်တွေကို ချွေတာပြီး ငါတို့အတွက် ပင်ပင်ပန်းပန်း အလုပ်လုပ်ပေးနေကြတာပါ။ ထွန်စက်ထဲက မြည်းတွေနဲ့ ဘာများထူးခြားလို့လဲ...။"
"ဒါကြောင့် ငါတို့က သူတို့နဲ့ မတူဘူးဆိုတာ ပြသရမယ်၊ အပြင်စာတွေ မစားသင့်ဘူး။ စားလိုက်ရင် ငါတို့ရဲ့ ဂုဏ်သိက္ခာတွေ ကျဆင်းသွားလိမ့်မယ်...။"
ဤစကားကို ကြားသောအခါ လျန်ထျန်းမှာ မျက်မှောင်ကြုတ်ကာ ပြန်လည် တုံ့ပြန်လိုက်သည်။
"အပြင်စာမမှာစားရုံနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် အထက်တန်းစားလို့ ထင်နေတာလား၊ ဘယ်လောက်တောင် မောက်မာ လိုက်သလဲ...။"
"ဒါတွေက လူတွေ စားတဲ့ အစာတွေချည်းပါပဲ။ တကယ်လို့ မင်းသာ အစာငတ်နေပြီး တစ်ယောက်ယောက်က ဒီအပြင်စာကို ပေးလိုက်ရင်တောင် မင်းက ဝမ်းသာအားရ စားမိမှာ အသေအချာပါပဲ...။"
ထိုအခါ သခင်လေးချန်၏ အေးစက်စက် အကြည့်တို့မှာ သူတို့ထံသို့ ရောက်ရှိလာသည်။
"မင်းက ဘယ်သူမို့လို့ ငါ့ကို ဒီလို ပြောရဲတာလဲ...။"
"မင်းတို့လို ပို့ဆောင်ရေးသမားတွေကတော့ အလုပ်သမားတွေထဲမှာ အောက်တန်းအကျဆုံးပဲ...။"
"ငါကတော့ နေ့တိုင်း ပင်ပန်းကြီးစွာ အလုပ်လုပ်ပြီး ဟိုပြေးဒီပြေးနဲ့ ဝင်ငွေနည်းနည်းပဲ ရတာပါ။ တစ်လဆိုရင် တစ်ခါတောင် ကောင်းကောင်း မစားရဘူး...။"
"မင်းတို့လို အောက်ခြေလူတန်းစားတွေကတော့ အသက်ရှင်ဖို့ စားနိုင်ရင်ကို ကျေးဇူးတင်ရမှာ။ ပို့စရာရှိတာ ပို့ပြီးရင် အမြန်ဆုံး ထွက်သွားစမ်း၊ ငါ့လမ်းကို မပိတ်နဲ့...။"
ထိုအချိန်တွင် ဘေး၌ ရှိနေသော ဝမ်ရှောင်ရို့မှာ သည်းမခံနိုင်တော့ဘဲ ဆိုလိုက်သည်။
"ချန်လန်...၊ ကျွန်မရဲ့ ချစ်သူကို အဲ့ဒီလို မပြောဖို့ ပြောထားတယ်...။"
ထိုစကား ထွက်ပေါ်လာသည့်အခါ အခန်းထဲတွင် သုံးစက္ကန့်မျှ တိတ်ဆိတ်သွားခဲ့ပြီး အပ်ကျသံပင် ကြားနိုင် လောက်အောင် ဖြစ်သွားခဲ့လေသည်။ ထို့နောက် လျန်ထျန်းကို အထင်သေးစွာ ကြည့်ခဲ့သည့် သခင်လေး ချန်လန်မှာ အံ့အားသင့်သွားကာ စကားများပင် ထစ်အသွားတော့သည်။
"ဘာ...၊ ဘာပြောလိုက်တယ်...။ ဝမ်ရှောင်ရို့...၊ မင်း...၊ မင်း အဲ့ဒီပို့ဆောင်ရေးသမားကို မင်းရဲ့ ချစ်သူလို့ ပြော လိုက်တာလား...။"
ဝမ်ရှောင်ရို့က ခေါင်းညိတ်ကာ လေးနက်စွာ ဖြေလိုက်လေသည်။
"ဟုတ်တယ်...၊ သူက ကျွန်မရဲ့ ချစ်သူပဲ...။ ပို့ဆောင်ရေးသမား ဖြစ်နေရင်ကော ဘာဖြစ်လဲ။ ကျွန်မ သူ့ကို ကြိုက်ရင် ပြီးတာပဲ...။"
နောက်တစ်ခဏတွင် ဝမ်ရှောင်ရို့မှာ လျန်ထျန်း၏ အမှန်တကယ် အဆင့်အတန်းကို မည်သို့ ဖုံးကွယ်ရမည်ကို စဉ်းစားနေဆဲ ဖြစ်သော်လည်း ဤအချက်မှာ ချန်လန်အတွက်မူ ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်လာပြီး အပူတပြင်း အော်ဟစ်လိုက်တော့သည်။
"ဝမ်ရှောင်ရို့...၊ မင်း ရူးနေပြီလား...။"
"မင်းက ဝမ်မိသားစုရဲ့ သမီးဦးဖြစ်ပြီးတော့ အစားအသောက် ပို့ဆောင်သူတစ်ယောက်နဲ့ တွဲမယ်ပေါ့လေ...။"
"သူက မင်းကို ဘာများ ပေးနိုင်မှာမို့လို့လဲ။ ငါကရော သူ့ထက် ဘာများ လိုအပ်နေလို့လဲ။ သုံးရက် သုံးညတိုင်တိုင် စဉ်းစားလည်း အဖြေမရဘူး...။"
ခေတ္တမျှ ရပ်နားပြီးနောက် ချန်လန်မှာ အိတ်ကပ်ထဲမှ သေတ္တာတစ်လုံးကို အမြန်ထုတ်ကာ ဖွင့်ပြလိုက်သည်။
"ကြည့်...၊ ကြည့်လိုက်စမ်း…၊ ဒါက မင်းအတွက် အိတ်စ်ဂျီမြို့တော်က လေလံပွဲမှာ အထူးသီးသန့် ဝယ်လာခဲ့တဲ့ ချိုးငှက်ဥအရွယ် စိန်ဆွဲကြိုးပဲ…။"
"အပေါ်က စိန်က (၉၉.၉) ကာရက် ရှိပြီး (၁၀၀) ယွမ်တန်ဖိုးရှိတယ်။ အဲ့ဒီ ပို့ဆောင်ရေးသမားတစ်သက်လုံး ရှာရင်တောင် မရနိုင်တဲ့ ဥစ္စာဓနမျိုးပဲ...။"
သေတ္တာအတွင်း၌ တောက်ပနေသော စိန်ဆွဲကြိုးကို မြင်လိုက်ရပြီး မီးရောင်အောက်တွင် အရောင်အသွေး စုံလင် စွာ တောက်ပနေပေသည်။ အမျိုးသမီးတို့မှာ တောက်ပသော အရာများကို မခုခံနိုင်ဟု ဆိုကြသည်မှာ မှန်ကန်ပေ မည်။ ဝမ်ရှောင်ရို့၏ မျက်လုံးများမှာ နှစ်စက္ကန့်မျှ ရပ်တန့်သွားသည်။ သို့သော် နှစ်စက္ကန့်သာ ကြာမြင့်ပြီးနောက် သူမသည် ချက်ချင်းပင် အကြည့်လွှဲလိုက်ကာ အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။
"ပြောပြီးပြီလေ...၊ ကျွန်မ ရှင့်ဆီက ဘာမှ မလိုချင်ဘူး။ အခု ယူပြီး ထွက်သွားတော့...။"
ဤမျှ ပြတ်သားစွာ ငြင်းပယ်ခံရသော်လည်း ချန်လန်မှာ လက်မလျှော့သေးပေ။
"ဝမ်ရှောင်ရို့... မင်း မပြောခင် ဒီစိန်ဆွဲကြိုးကို သေချာ ကြည့်ဖို့ မရဲဘူးလား...။"
"(၉၉.၉) ကာရက်စိန်ဆိုတာ ဘာကို ကိုယ်စားပြုလဲ သိလား။ သူ့ရဲ့ ရှားပါးမှုက ကန့်သတ်ထုတ်ကုန် စူပါကားတွေ ထက် မနိမ့်ကျဘူး…။"
"ငါ အိတ်စ်ဂျီမြို့တော်ကို (၁၀၀) ယွမ်နဲ့ သွားခဲ့တာက ငါ ကြိုက်နေတဲ့ ကန့်သတ်ထုတ်ကုန် စူပါကားကို ဝယ်ချင် လို့။ ဒါပေမဲ့ ဒီစိန်ဆွဲကြိုးကို မြင်တော့ မင်းကို သတိရသွားတယ်။ ဒါကြောင့် စူပါကားကို စွန့်လွှတ်ပြီး ဒီဟာကို ဝယ်လာခဲ့တာ...။"
ဤနေရာ၌ သခင်လေးချန်မှာ အမှန်တကယ်ပင် ချစ်သူကို ဂရုစိုက်သူဟု ထင်ရသော်လည်း သူ၏ နောက်ထပ် စကားများက အခြေအနေကို ပျက်စီးသွားစေသည်။
"စိန်ဆွဲကြိုးကို (၁၀၀) ယွမ်နဲ့ ဝယ်လိုက်ပြီးတာနဲ့ အမျိုးသမီး အများကြီးက ဒီဟာကို ဝယ်ဖို့ ကမ်းလှမ်းကြတယ်။ ဒါပေမဲ့ မင်းအတွက်ကြောင့် အဲ့ဒီအမျိုးသမီး အကုန်လုံးကို ငါ ငြင်းခဲ့တာ။ သူတို့ထဲမှာ နာမည်ကြီး ကြယ်ပွင့်တွေ လောက် လှတဲ့သူတွေတောင် ပါတယ်...။"
"အရင်ကဆိုရင် အဲ့ဒီထဲက တစ်ယောက်ယောက်နဲ့ ပျော်ပါးမိမှာ အသေအချာပဲ၊ ဒါပေမဲ့ အခုတော့ မင်းအတွက် ပြောင်းလဲလိုက်တာပါ...။"
"ဝမ်ရှောင်ရို့... ငါ မင်းအတွက် ဒီလောက်ထိ လုပ်ပေးတာကို မင်း စိတ်မလှုပ်ရှားမိဘူးလား...။"
"ဒီ (၉၉.၉) ကာရက်စိန်ဆွဲကြိုးကို ကြည့်ပြီး ဘာမှ မခံစားရဘူးလို့ ပြောရဲတာလား...။"
ထိုစကားများကြားပြီးနောက် ဝမ်ရှောင်ရို့၏ မျက်နှာမှာ မည်းမှောင်သွားပြီး စကားပင် မပြောနိုင်တော့ပေ။ လျန်ထျန်း မှာ ရုတ်တရက် ရင်ဘတ်ကို ဖိကာ သရုပ်ဆောင်လိုက်သည်။
"အို... မဟုတ်ပါဘူး၊ မင်း ပြောတော့မှပဲ ငါ့ရင်ထဲမှာ တစ်မျိုးဖြစ်လာသလိုပဲ...။ နှလုံးရောဂါ ရတော့မလိုပါပဲ...။"
သခင်လေးချန်၏ အချစ်စကားများမှာ လျန်ထျန်း၏ ခနဲ့သည့် စကားများကြောင့် အမြဲ အနှောင့်အယှက် ဖြစ်နေ ရပြီး ဒေါသတို့မှာ လျန်ထျန်းဆီသို့ ပြောင်းသွားတော့သည်။
"မင်း ဘာသိလို့လဲ ပို့ဆောင်ရေးသမား...၊ ပါးစပ်ပိတ်ထားစမ်း...။"
"(၉၉.၉) ကာရက်စိန်ဆွဲကြိုး မပြောနဲ့၊ မင်း တစ်ကာရက်စိန်ရော ဝယ်နိုင်လို့လား...။"
"ဝမ်ရှောင်ရို့ကို တကယ် ဂရုစိုက်ရင် သူ့ဆီကနေ အမြန်ဆုံး ထွက်သွားဖို့ ကိုယ့်ကိုယ်ကိုယ် သိသင့်တယ်။ မဟုတ် ရင် မင်း ဘာပေးနိုင်မှာမို့လို့လဲ...။"
"နေ့တိုင်း အပြင်စာတွေပဲ ပို့ပေးမှာလား၊ ဒါမှမဟုတ် လမ်းဘေးဈေးသည်တွေဆီက ဈေးပေါတဲ့ ပစ္စည်းတွေပဲ ဝယ်ပေးနိုင်မှာလား...။"
ချန်လန်၏ စိန်ခေါ်မှုကို လျန်ထျန်းမှာ ပခုံးတွန့်ကာ ဆိုလိုက်သည်။
"တကယ်တော့ စိန်ဆိုတာ ဉာဏ်ရည်အတွက် အခွန်တစ်မျိုးပါပဲ။ ကမ္ဘာ့သဘာဝစိန် ထုတ်လုပ်မှုက တစ်နှစ်ကို သန်းတစ်ရာလောက် ရှိတယ်…။"
"ကမ္ဘာ့ထိပ်တန်း စိန်တွင်းလုပ်ငန်းစု ငါးခုရဲ့ ဈေးကွက်ဝေစုက (၇၀) ရာခိုင်နှုန်း ရှိပြီး ဒါက သူတို့ရဲ့ ထုံးစံပါပဲ။"
"နယ်မြေတစ်ခုမှာ စိန်တွင်းတွေ့လိုက်တာနဲ့ ချက်ချင်းပဲ ဝယ်ယူမှုတွေ၊ ထုတ်လုပ်မှု လျှော့ချမှုတွေ လုပ်ကြတယ်.။ ဒါက 'ငါ့မှာ စိန်တွင်းရှိတယ်၊ ဒါပေမဲ့ မတူးဘူး၊ ကစားနေတာ' ဆိုတဲ့ ဂန္ထဝင်ဖြစ်ရပ်ပါပဲ...။"
"ဒါကြောင့် စိန်တွေက မင်းထင်သလောက် မရှားပါဘူး။ အမြတ်ကြီးစား ကုန်သည်တွေက ဈေးကွက်ကို စိန်တွေ လွှမ်းမိုးပြီး ဈေးနှုန်းစနစ် ပျက်စီးမှာ ကြောက်လို့ ထုတ်လုပ်မှုကို ထိန်းချုပ်ထားတာပါ...။"
လျန်ထျန်း၏ စကားကို ကြားသောအခါ ချန်လန်မှာ ချက်ချင်း ခနဲ့သည့် လေသံဖြင့် ဆိုလိုက်သည်။
"မင်းတို့လို ဝယ်နိုင်တဲ့ စွမ်းအားမရှိတဲ့ ဆင်းရဲသားတွေကပဲ ဒါကို အခွန်တစ်မျိုး၊ ဟိုဟာကို အခွန်တစ်မျိုးလို့ ပြောနေကြတာ...။"
"ငါတို့ ချမ်းသာတဲ့သူတွေက ပစ္စည်းဝယ်ရင် တန်ဖိုးနဲ့ အသုံးဝင်မှုကို စဉ်းစားစရာ မလိုဘူး၊ ကြိုက်တာ ဝယ် တာပဲ...။"
"ဒါက မင်းတို့ ဆင်းရဲသားနဲ့ ငါတို့ သူဌေးတွေရဲ့ ကွာခြားချက်ပဲ၊ နားလည်လား...။"
"မင်းရဲ့ တန်ဖိုးထားမှုက ဝမ်ရှောင်ရို့နဲ့ မထိုက်တန်ဘူး၊ ဒါကြောင့် ထွက်သွားတော့...။"
လျန်ထျန်းမှာ ခေါင်းခါလိုက်သည်။
"မင်း နားလည်မှု လွဲနေပြီ။ ငါပြောချင်တာက စိန်တွေက တကယ် မရှားဘူးဆိုတာပါ…။"
"(၉၉.၉) ကာရက်စိန်ဆိုတာ စိန်တစ်လုံးသာ ဖြစ်တယ်...။ ရှောင်ရို့၊ ငါပေးတဲ့ လက်ဆောင်ကို ဖွင့်ကြည့်လိုက် ပါဦး...။"
လျန်ထျန်း၏ စကားကို ကြားသောအခါ ဝမ်ရှောင်ရို့မှာ သူ့ကို အပြည့်အဝ ယုံကြည်သဖြင့် ဖွင့်ကြည့်လိုက်သည်။ လျန်ထျန်း ယူလာသော သေတ္တာအတွင်းမှ အရာကို မြင်လိုက်ရသည့်အခါ အမြဲတမ်း တည်ငြိမ်တတ်သော ဝမ်ရှောင်ရို့ပင်လျှင် တုန်လှုပ်သွားကာ ပါးစပ်ကို အုပ်လိုက်သည်။
"ဒါ...၊ ဒါက...။ စိန်တွင်းကြီး တစ်ခုလုံးပါလား...။"