← Chapters

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း (၂၅၂)

စီးပွားရေးလောကမှ စေတနာအလျောက် နုတ်ထွက်ခြင်း

စိန်ပညာရှင်မှာ စိန်လုံးအားလုံးကို စစ်ဆေးပြီးသည့်တိုင် စိတ်လှုပ်ရှားမှု မပြေသေးဘဲ မိမိကိုယ်ကို တိုးတိုးလေး ရေရွတ်နေမိသည်။

"ဒီစိန်တွေရဲ့ အရည်အသွေးကတော့ အထွတ်အထိပ်ပါပဲ...။ တစ်လုံးချင်းစီက သခင်လေးချန်ရဲ့ (၉၉.၉) ကရက် စိန်လုံးထက် အဆပေါင်းများစွာ သာလွန်နေတယ်။ ဒီစိန်တွေထဲက တစ်လုံးချင်းစီဟာ လေလံပွဲမှာဆိုရင် အဖိုး မဖြတ်နိုင်တဲ့ တန်ဖိုးတစ်ခုကို ရရှိမှာ အသေအချာပါပဲ...။ သခင်...၊ ခင်ဗျားသာ တကယ်ပဲ ချမ်းသာကြွယ်ဝတဲ့ မိသားစုက ဖြစ်မယ်ဆိုရင် ကျွန်တော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စဉ်းစားပေးနိုင်မလားခင်ဗျာ...။"

နောက်ဆုံးစကားကို လျန်ထျန်းထံသို့ လေးစားသမှုဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ယခင်က ပြသခဲ့သော မထီမဲ့မြင်ပြုသည့် အကြည့်မျိုး တစ်စက်မျှ မကျန်တော့ပေ။ သို့သော် လျန်ထျန်းကမူ မျက်နှာသာ မပေးဘဲ အေးစက်စက် ပြန်ပြောလိုက်သည်။

"ခင်ဗျား ဘာကို ဆိုလိုချင်လဲဆိုတာ ကျွန်တော် သိပါတယ်…။ ဒီနယ်ပယ်ရဲ့ ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ ခင်ဗျားက စိန်လောကရဲ့ ဧရာမလုပ်ငန်းစုကြီးတစ်ခုခုအတွက် အလုပ်လုပ်ပေးနေတာ မဟုတ်လား...။"

"စိန်လောကရဲ့ ဧရာမလုပ်ငန်းစု (၅) ခုလုံးက လူတွေကို စေလွှတ်ပြီး ကျွန်တော့်ကို လာရောက် ချဉ်းကပ်ဖူး ပါတယ်…။ ကျွန်တော့် စိန်တွင်းကို ဝယ်ယူဖို့အတွက် အလွန်ဆွဲဆောင်မှုရှိတဲ့ ဈေးနှုန်းတွေကိုလည်း ကမ်းလှမ်း ခဲ့ကြတယ်...။"

"ဒါပေမဲ့ ကျွန်တော် အကုန်လုံးကို ငြင်းပယ်ခဲ့ပါတယ်…။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် စိန်တွင်းကို ကျွန်တော်ကိုယ်တိုင်ပဲ ထုတ်လုပ်ချင်လို့ပါ။ ဒါကြောင့် ခင်ဗျား အချိန်ကုန်ခံပြီး စကားပြောနေဖို့ မလိုတော့ ပါဘူး...။"

ထိုစကားကို ကြားသောအခါ စိန်ပညာရှင်မှာ အံ့အားသင့်သွားပြီး ယခင်က စိန်အရည်အသွေးကို မြင်တွေ့လိုက် ရစဉ်ကထက်ပင် ပိုမို တုန်လှုပ်သွားရသည်။

"သခင်... ခင်ဗျားက မိသားစုပိုင်ဆိုင်မှုတွေ တကယ်ပဲ ရှိနေတာလား...။"

"စိန်တွင်းတစ်ခုကို ထုတ်လုပ်တယ်ဆိုတာ ကုန်ကျစရိတ် အလွန်များသလို ကျွမ်းကျင်တဲ့ စက်ကိရိယာတွေလည်း အများကြီး လိုအပ်ပါတယ်။ နည်းပညာပိုင်းအရလည်း အလွန်ခက်ခဲပါလိမ့်မယ်...။ ဘာဖြစ်လို့လဲဆိုတော့ စိန် ဈေးကွက်ကို ထိန်းချုပ်ထားတဲ့ လုပ်ငန်းစု (၅) ခုက ခင်ဗျားကို အောင်မြင်အောင် ဘယ်တော့မှ လက်ပိုက်ကြည့် နေမှာ မဟုတ်လို့ပါ...။"

စိန်ပညာရှင် စကားမဆုံးခင်မှာပင် လျန်ထျန်းက ပြတ်သားစွာဖြင့် ဖြတ်ပြောလိုက်လေသည်။

"ကျွန်တော် ဒါတွေကို ကောင်းကောင်း သိပါတယ်...။ ပြီးတော့ တစ်ခါတည်းနဲ့ အရာအားလုံးကို အောင်မြင် မယ်လို့လည်း မမျှော်လင့်ထားပါဘူး...။"

"အရာရာကို ခြေလှမ်းတစ်လှမ်းချင်းစီနဲ့ပဲ လုပ်ဆောင်ရမှာပါ…။ အခု မလုပ်နိုင်သေးဘူးဆိုတာက အနာဂတ်မှာ မလုပ်နိုင်တော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး...။"

"ကျွန်တော် ထပ်ပြောပါမယ်။ ခင်ဗျား အချိန်ကုန်ခံပြီး စကားတွေ ပြောမနေပါနဲ့တော့။ အနာဂတ်မှာ ဖြစ်လာမယ့် အရာတွေက ခင်ဗျားရဲ့ မျှော်လင့်ချက်တွေထက် ပိုမိုများပြားနေလိမ့်မယ်ဆိုတာကို စောင့်ကြည့်နေလိုက်ပါ...။"

ထိုစကားကို ကြားသောအခါ စိန်ပညာရှင်မှာ ဆက်ပြောစရာ စကားစမဲ့သွားပြီး အတွေးများစွာဖြင့် ခေါင်းငြိမ့်ကာ ထွက်ခွာသွားလေသည်။

ရုံးခန်းထဲတွင် လျန်ထျန်း၊ ဝမ်ရှောင်ရို့နှင့် ချန်လန်တို့ (၃) ဦးသာ ကျန်ရှိတော့သည်။ ချန်လန်မှာ အချိန်အတော် ကြာသည်အထိ ဘာဖြစ်မှန်း မသိဘဲ ကြက်သေသေနေခဲ့သည်။ စိန်ပညာရှင် ထွက်ခွာသွားပြီး တစ်မိနစ်ခန့် ကြာ မှသာ သတိပြန်ဝင်လာပြီး ဒေါသတကြီးဖြင့် စတင်အော်ဟစ်တော့သည်။

"မင်းမိသားစုမှာ စိန်တွင်းရှိရင်တော့ ဘာဖြစ်လဲ...။ ငါ့နောက်ကွယ်မှာ ချန်ယဲ့အုပ်စု ရှိတယ်ဆိုတာ မေ့မသွားနဲ့...။ ပြီးတော့ ငါက အယ်လ်မြို့တော် စီးပွားရေးလုပ်ငန်းရှင်များအသင်းရဲ့ အဓိက အဖွဲ့ဝင်တစ်ယောက်ပဲ...။"

"ငါတို့ အသင်းရဲ့ အဓိက အဖွဲ့ဝင်တွေက ဘယ်လောက်တောင် အင်အားကြီးတယ်ဆိုတာ မင်း သိလား...။ ငါတို့ နောက်ကွယ်မှာ လျှို့ဝှက် ရင်းနှီးမြှုပ်နှံသူတစ်ယောက် ရှိနေတယ်…။ သူ့ရဲ့ အရင်းအနှီးတွေက တကယ်ကို ထိပ်တန်းပဲ...။"

"ငါ့ရဲ့ ချန်ယဲ့အုပ်စုကို အခု လျှို့ဝှက် ရင်းနှီးမြှုပ်နှံသူက (၆၀) ရာခိုင်နှုန်း ပိုင်ဆိုင်ထားတယ်။ မင်း ငါ့ကို စော်ကား တယ်ဆိုတာ အဲဒီ လျှို့ဝှက် ရင်းနှီးမြှုပ်နှံသူကို စော်ကားတာနဲ့ အတူတူပဲ...။"

အသက်ကို မနည်းရှူပြီး ချန်လန်က ဆက်ပြောသည်။

"ပြီးတော့ ခုနကလူ စကားမဆုံးပေမဲ့ ငါ နားလည်ပါတယ်..။ စိန်တွင်းလုပ်ငန်းဆိုတာ ဘယ်တော့မှ လွယ်ကူမှာ မဟုတ်ဘူး...။ အဲဒီ လုပ်ငန်းစုကြီးတွေက မင်းကို ထိန်းချုပ်ဖို့ ကြိုးစားမှာ အသေအချာပဲ...။"

"စီးပွားရေးလောကဆိုတာ ဒီအတိုင်းပဲ။ ဒါပေမဲ့ မင်းရဲ့ ပြိုင်ဘက်က ပိုပြီး ကြောက်စရာကောင်းတယ်။ ငါကတော့ မင်းကို လုံးဝ မကြောက်ဘူး။ မင်းကိုယ်တိုင်တောင် မင်းကို မကာကွယ်နိုင်တော့မယ့် အခြေအနေရောက်နေ တာ...။"

လျန်ထျန်းက တည်ငြိမ်စွာပင် ရယ်မောလိုက်သည်။

"ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မနိုင်တော့ မသိဘူး...။ ဒါပေမဲ့ ခင်ဗျား မကြာခင် အန္တရာယ်နဲ့ ကြုံရ တော့မယ်ဆိုတာတော့ သေချာတယ်...။"

ချန်လန်က ခေါင်းစောင်းကာ မယုံကြည်သည့် အပြုံးဖြင့် ပြန်လည် ရယ်မောလိုက်သည်။

"မင်း ငါ့ကို ဘယ်လို လုပ်မလို့လဲ...။ ငါတို့ ချန်ယဲ့အုပ်စုက စိန်လုပ်ငန်းနဲ့ ဘာမှ မသက်ဆိုင်ဘူး…။ ငါတို့က လမ်းကြောင်းချင်း မတူဘူးလေ...၊ မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ...။"

လျန်ထျန်းက ဖုန်းကို ထုတ်ကာ အဆက်အသွယ်စာရင်းကို ကြည့်ရင်း ပြောလိုက်သည်။

"မကြာခင် သိရမှာပါ…။ ခင်ဗျား ခုနက အသင်းထဲက လျှို့ဝှက် ရင်းနှီးမြှုပ်နှံသူအကြောင်း အကြီးအကျယ် ကြွားဝါခဲ့တယ် မဟုတ်လား...။"

ချန်လန်က ခါးထောက်ပြီး မောက်မာစွာ ပြောလိုက်လေသည်။

"ဟုတ်တယ်...။ မင်း မယုံဘူးလား...။"

"ဒါဆို ငါ ပြောပြမယ်…။ မင်း မယုံရင်တော့ အကြီးအကျယ် ဒုက္ခရောက်လိမ့်မယ်။ အဲဒီလူကြီးက မင်း ထင်ထား တာထက် ပိုပြီး အင်အားကြီးတယ်။ ငါ့အဖေ၊ ချန်ယဲ့အုပ်စုရဲ့ ဥက္ကဋ္ဌတောင်မှ သူ့ကို အရိုအသေပေးရတယ်။ သူက ငါတို့ ကုမ္ပဏီရဲ့ အဓိက အစုရှယ်ယာရှင်ပဲ...။"

"သူက ဖော်ကျွန်းကော်ပိုရေးရှင်းနဲ့ ကျင်းတ အိမ်ခြံမြေလုပ်ငန်းလိုမျိုး ပိုင်ဆိုင်မှု (၁) သိန်းကျော်တဲ့ ကုမ္ပဏီတွေရဲ့ နောက်ကွယ်က အဓိက ရှယ်ယာရှင်ပဲ။ သူ့ရဲ့ စုစုပေါင်း ပိုင်ဆိုင်မှုက အနည်းဆုံး သန်းဂဏန်း ရှိတယ်လို့ ပြောကြ တယ်...။"

"သန်းဂဏန်းဆိုတာ ဘာလဲဆိုတာ မင်း နားလည်လား...။ အဲဒါက ထိပ်တန်း အရင်းအနှီးပဲ။ သူတို့က ကုမ္ပဏီ တစ်ခုရဲ့ အသက်အိုးအိမ်ကို လက်တစ်ချောင်းစာနဲ့ ထိန်းချုပ်နိုင်တယ်...။ တစ်ချက်နင်းလိုက်ရင် အယ်လ်မြို့ တော်တစ်ခုလုံး တုန်လှုပ်သွားနိုင်တယ်...။"

ထိုအချိန်တွင် လျန်ထျန်းက အဆက်အသွယ်စာရင်းကို ရှာဖွေနေရာမှ ရပ်တန့်လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။

"တွေ့ပြီ...။"

ဖုန်းခေါ်ဆိုမှု ခလုတ်ကို နှိပ်လိုက်ပြီးနောက် လျန်ထျန်းက ချန်လန်ကို ကြည့်ကာ ပြောလိုက်လေသည်။

"ခင်ဗျားတို့ ချန်ယဲ့အုပ်စုက ပိုင်ဆိုင်မှု (၁) သောင်းရှိတဲ့ ကုမ္ပဏီ ဟုတ်တယ်မလား...။"

"ဒါဆိုရင် ခင်ဗျားတို့ ကုမ္ပဏီရဲ့ အသက်အိုးအိမ်ကို ကျွန်တော် လက်တစ်ချောင်းစာနဲ့ ထိန်းချုပ်နိုင်မနိုင် ခန့်မှန်း ကြည့်ပါဦး...။"

ထိုစကားကို ကြားသောအခါ ချန်လန်မှာ သဘောကျစွာ ရယ်မောလိုက်သည်။

"ငါ ပြောတာက အဲဒီ လျှို့ဝှက် ရင်းနှီးမြှုပ်နှံသူအကြောင်းကို...၊ မင်းက မင်းကို အဲဒီလူကြီးနဲ့ ယှဉ်နေတာလား...။"

"ဒါဆိုရင်တော့ မင်း အိပ်မက်လှလှလေးတစ်ခု မက်ဖို့ပဲ ပြင်ထားတော့...၊ ဟားဟားဟား...။"

ချန်လန်၏ ရယ်သံ မဆုံးခင်မှာပင် လျန်ထျန်း၏ ဖုန်းစပ်သွားပြီး အလယ်အလတ်အရွယ် အမျိုးသားတစ် ယောက်၏ ရိုသေသော အသံကို ကြားလိုက်ရလေသည်။

"အဓိက အစုရှယ်ယာရှင်...၊ ခင်ဗျား ဖုန်းဆက်လာတာပါလား…။ ကျွန်တော် တကယ်ပဲ ဂုဏ်ယူမိပါတယ်...။"

"ဘာများ အမိန့်ရှိပါသလဲ...၊ ကျွန်တော် ချန်ရှု၊ မီးထဲဖြစ်ဖြစ် ရေထဲဖြစ်ဖြစ် ဝင်ရဲပါတယ်...။"

လျန်ထျန်းက ဖုန်းကို စပီကာဖွင့်ထားသဖြင့် ရုံးခန်းထဲရှိ လူတိုင်း ကြားနေရသည်။ ချန်ရှု ကိုယ်တိုင် မိတ်ဆက် လိုက်သည်ကို ကြားသောအခါ ချန်လန်၏ ရယ်သံမှာ ရုတ်တရက် ရပ်တန့်သွားပြီး မျက်နှာမှာလည်း ထူးဆန်း သွားခဲ့လေသည်။ သူက မယုံနိုင်စွာဖြင့် စကားအထစ်ထစ်အငေါ့ငေါ့ ဖြင့်ပြောလိုက်လေသည်။

"..."

"ဖုန်းထဲက လူက သူ့နာမည်ကို ဘာလို့ ချန်ရှုလို့ ပြောလိုက်တာလဲ...။"

"ဟား...၊ တိုက်ဆိုင်လိုက်တာ...။ ငါ့အဖေနဲ့ နာမည်တူနေတာလား...၊ အသံကလည်း ဆင်နေသလိုပဲ...။"

ချန်လန်မှာ ရယ်ချင်ရက်နဲ့ မရယ်နိုင်ဖြစ်နေသည်။ ဖုန်းထဲမှ လူကလည်း ချန်လန်၏ အသံကို ကြားသောအခါ အံ့အားသင့်သွားပြီး တုံ့ဆိုင်းစွာ မေးလိုက်သည်။

"အင်း...၊ ဒီအသံက ငါ့သားနဲ့ ဘာလို့ ဒီလောက်ဆင်တူနေရတာလဲ...။"

"အဓိက အစုရှယ်ယာရှင်...၊ ကျွန်တော့်သား ချန်လန် ခင်ဗျားဆီမှာ ရှိနေတာလား...။ သူ...၊ သူ ခင်ဗျားကို စော်ကားမိတာများ ရှိသလား...။"

မိဘများက သားသမီးကို အသိဆုံး ဖြစ်သည်။ ချန်ရှုက သူ့သား၏ စရိုက်ကို သိသဖြင့် အလွန် စိုးရိမ်နေမိသည်။ လျန်ထျန်းက ဖုန်းထဲသို့ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

"သခင်လေးချန်က အရမ်း မောက်မာနေတာပဲ...။ သူက အသင်းရဲ့ အဓိက အဖွဲ့ဝင်တွေထဲက လျှို့ဝှက် ရင်းနှီး မြှုပ်နှံသူကို စော်ကားရင် သူကိုယ်တိုင်ကို စော်ကားတာနဲ့ အတူတူပဲလို့ ပြောနေတယ်...။"

"ဒီစကားတွေကို ကြားရတော့ ကျွန်တော် တကယ်ပဲ နားလည်မှု လွဲနေတာလားလို့ တွေးမိတယ်။ ကျွန်တော်က ဘယ်တုန်းက ခင်ဗျားတို့ဆီမှာ ရင်းနှီးမြှုပ်နှံပြီး ဒီလိုလူမျိုးတွေကို ဖျက်ဆီးပေးနေရတာလဲ...။"

"ဒီလို စရိုက်မျိုးနဲ့တော့ ခင်ဗျားတို့ ချန်ယဲ့အုပ်စုရဲ့ အဓိက အစုရှယ်ယာရှင်အဖြစ် ဆက်မလုပ်ရဲတော့ပါဘူး…။ မနက်ဖြန်ကျရင် ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည် ရုပ်သိမ်းပါမယ်။ အသင်းထဲကနေလည်း ဆန္ဒအလျောက် ထွက်သွားလိုက်ပါတော့...။"

ထိုစကားကို ကြားသောအခါ ဖုန်းထဲမှ ချန်ရှုမှာ တုန်လှုပ်သွားပြီး လျန်ထျန်းထံ အမြန် တောင်းပန်လိုက်သည်။

"အဓိက အစုရှယ်ယာရှင်...၊ တောင်းပန်ပါတယ်...။ ကျွန်တော့်သားကို ကောင်းကောင်း မဆုံးမမိတဲ့ ကျွန်တော့် အပြစ်ပါ...။ ကျေးဇူးပြုပြီး ဖုန်းကို ကျွန်တော့်သားဆီ ပေးလိုက်ပါ...။ ကျွန်တော် သူနဲ့ စကားပြောပါရစေ...။"

All Chapters