← Chapters

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း (၂၅၃)

(၁၈) ကြိမ်မြောက်

လျန်ထျန်းသည် ဖုန်းကို ချန်လန်ထံသို့ ကမ်းပေးလိုက်သည်။ ချန်လန်မှာ တံတွေးကို အနိုင်နိုင် မြိုချကာ တုန်ရီ နေသော လက်ဖြင့် ဖုန်းကို လှမ်းယူလိုက်လေသည်။

"ဖေဖေ...၊ ဖေဖေ...။ တကယ်ပဲ ဖေဖေလားဗျာ...။"

သားဖြစ်သူ၏ စကားကို ကြားလိုက်ရသော်လည်း ချန်ရှူမှာ ဒေါသတကြီးဖြင့် ဆဲဆိုတော့သည်။

"ဒီသားမိုက်…။ ဟိုးအရင်တုန်းက နိမိတ်ဖတ်တဲ့သူက မင်းနဲ့ ငါနဲ့ ရာသီခွင် မတည့်ဘူးလို့ ပြောတုန်းက ငါမယုံ ခဲ့ဘူး...။ အခုတော့ ငါ တကယ် နောင်တရမိပြီ…။ အဲ့ဒီတုန်းက မင်းကို နံရံမှာပဲ ချေမွပစ်လိုက်ရမှာ...၊ ဒီကောင် စုတ်ပလုတ်ကောင်...။"

ထိုစကားကို ကြားရသောအခါ ချန်လန်မှာ မျက်ရည်ပင် လည်လာတော့သည်။

"ဖေဖေ...၊ သား ငယ်ငယ်ကတည်းက အခုချိန်ထိ ဖေဖေ သားကို ဒီလိုစကားမျိုး တစ်ခါမှ မပြောခဲ့ဖူးဘူး...။ နောက်ပြီး ဒီလောက် ငယ်ရွယ်တဲ့သူက အဓိက အစုရှယ်ယာရှင် ဖြစ်နေမယ်လို့ သားက ဘယ်လိုလုပ် သိမှာလဲ ဗျာ...။ နောက်ပြီး ဖေဖေ မယုံလောက်ဘူး…၊ သူက အစားအသောက် ပို့တဲ့ ယူနီဖောင်းကို ဝတ်ထားတာ…၊ ရွံစရာကောင်းတဲ့ ပို့ဆောင်ရေးသမားတစ်ယောက်လိုပဲ...။"

ထိုစကားအဆုံးတွင် ချန်ရှူမှာ ပို၍ ဒေါသထွက်သွားပြီး ဆဲဆိုလေတော့သည်။

"မင်း ဘာတွေ ပြောနေတာလဲ ဒီသားမိုက်ရဲ့...။ သူများပိုက်ဆံနဲ့ လုပ်ကိုင်စားသောက်နေတဲ့သူကို သွားပြီး ရွံစရာ ပို့ဆောင်ရေးသမားလို့ ခေါ်ရဲသေးတယ်ပေါ့လေ…။ ငါသာ အဲ့ဒီမှာ ရှိနေရင် မင်းကို အဲ့ဒီနေရာမှာတင် ရိုက်သတ် ပစ်လိုက်မှာ...။"

"အခုချက်ချင်း အဓိက အစုရှယ်ယာရှင်ဆီသွားပြီး တောင်းပန်လိုက်စမ်း။ သူတို့ ခွင့်မလွှတ်မချင်း ငါ့ဆီကို ပြန်မ လာနဲ့…၊ ငါ့ကိုလည်း ဖေဖေလို့ မခေါ်နဲ့တော့...။"

ပြောပြီးသည်နှင့် ချန်ရှူက ဖုန်းကို ချလိုက်လေသည်။ ချန်လန်မှာ ဖုန်းကို ကိုင်လျက် အချိန်အတော်ကြာအောင် ကြောင်တောင်တောင် ဖြစ်နေပြီးနောက် လျန်ထျန်းထံသို့ လေးစားစွာ ပြန်ပေးလိုက်သည်။ ထို့နောက် သူက နူးညံ့သိမ်မွေ့သော လေသံဖြင့် ပြောလိုက်လေသည်။

"အဓိက အစုရှယ်ယာရှင်ခင်ဗျာ...၊ ကျွန်တော် မှားသွားပါတယ်။ ကျွန်တော် မျက်စိကန်းပြီး ခင်ဗျားရဲ့ တန်ဖိုးကို မမြင်ခဲ့မိပါဘူး…။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ...။"

လျန်ထျန်းက ဖုန်းကို ပြန်ယူလိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကို ဆက်လက် ဆင်မြန်းထားသည်။

"တောင်းပန်ရုံနဲ့ ပြီးသွားပြီလား...။ ကျွန်တော် တစ်နှစ်လောက် ဝေးကွာနေတဲ့အချိန်မှာ ကျွန်တော့်ရဲ့ ရှောင်ရို့ အပေါ် ခင်ဗျားတို့ လုပ်ခဲ့တဲ့ ကိစ္စတွေက အများကြီးပဲ...။"

"ဒါက ကျွန်တော့်အတွက် အရေးအကြီးဆုံးပဲ။ ခင်ဗျား ကျွန်တော့်ကို မလေးမစား လုပ်တာထက် ကျွန်တော့် မိန်းကလေးကို ဒုက္ခပေးတာက အဆတစ်ထောင် ပိုပြီး ဒေါသထွက်ဖို့ ကောင်းတယ်...။"

လျန်ထျန်း၏ ဒေါသမာန်ကြောင့် ချန်လန်မှာ ဖိအားတစ်ခုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရလေတော့သည်။ ထိုအခိုက်တွင် ချန်လန်မှာ မသိစိတ်ဖြင့် ဒူးထောက်လိုက်ပြီး ငိုယိုကာ ခေါင်းချ၍ တောင်းပန်တော့သည်။

"အဓိက အစုရှယ်ယာရှင်...၊ ကျွန်တော် တကယ်ပဲ မှားမှန်းသိပါပြီ…။ ကျွန်တော်က ခင်ဗျားရဲ့ ချစ်သူကို အချိန် အကြာကြီး ဒုက္ခပေးခဲ့မိတာ...၊ ကျွန်တော် အသေဆိုးနဲ့ သေသင့်ပါတယ်...။"

ထို့နောက် ချန်လန်က ဝမ်ရှောင်ရို့ဘက်သို့ လှည့်ကာ၊

"ညီမလေးခင်ဗျာ...၊ ကျွန်တော် အချိန်အကြာကြီး ဒုက္ခပေးခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော်က တကယ့်ကို လူမိုက်ပါ...။ ကျွန်တော့်ကို ရိုက်မလား၊ ဆဲမလား... ကြိုက်သလို လုပ်ပါ...။"

လျန်ထျန်းက ဝမ်ရှောင်ရို့ကို သူ၏ နောက်ကွယ်တွင် ကာကွယ်ပေးထားလိုက်ပြီး ချန်လန်ကို ငုံ့ကြည့်၍ ပြော လိုက်လေသည်။

"ကျွန်တော့် ရှောင်ရို့ရဲ့ ပါးစပ်ကို ညစ်ပတ်သွားမှာ စိုးလို့ ခင်ဗျားကို ဆဲဖို့ မလိုဘူး၊ ခင်ဗျားကို ရိုက်ရင်လည်း ကျွန်တော့် ရှောင်ရို့ လက်တွေ ညစ်ပတ်သွားမှာ စိုးတယ်။ ခင်ဗျား ပြောတဲ့အတိုင်းဆိုရင် ခင်ဗျားက မိန်းကလေး တွေကို လိုက်လံ ပူဆာတတ်သူ ဖြစ်ပုံရတယ်နော်...။ ဒါဆိုရင် ခင်ဗျားကို အဲ့ဒီအပိုင်းနဲ့ ပတ်သက်ပြီး နည်းနည်း လောက် အပြစ်ပေးရမှာပေါ့...။"

ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် လျန်ထျန်းမှာ အတွေးတစ်ခု ရလိုက်သည်။

"ခင်ဗျားကို အရေပြားအစားထိုးခွဲစိတ်မှု လုပ်ဖို့ အပြစ်ပေးမယ်…။ ဒါပေမဲ့ ခွဲစိတ်ဆရာဝန်ကို တစ်ခါခွဲတိုင်း နည်းနည်းလေးပဲ ဖယ်ထုတ်ဖို့ ပြောထားမယ်...။"

"သက်သာလာတာနဲ့ ဆက်ပြီး လုပ်ရမယ်၊ အဲ့ဒီလိုမျိုး (၁၈) ကြိမ် ဆက်တိုက် လုပ်ရမယ်။ တစ်နှစ်ခွဲကနေ နှစ်နှစ် လောက်တော့ ကြာလိမ့်မယ်...။"

"တစ်ကြိမ်ပြီးတိုင်း ကျွန်တော် လူလွှတ်ပြီး စစ်ဆေးမယ်။ အဲ့ဒီလိုမှသာ ခင်ဗျား ဒီကာလအတွင်းမှာ ဘယ် မိန်းကလေးကိုမှ မထိတွေ့နိုင်တာကို ကျွန်တော် အာမခံနိုင်မှာ...။"

"ခင်ဗျားက သေတူရှင်တူ တိုက်ခိုက်ချင်တာ ဒါမှမဟုတ် ကျွန်တော့်စကားကို နားမထောင်ချင်ဘူးဆိုရင်တော့ ကျွန်တော် ချန်ယဲ့အုပ်စုမှာ ရင်းနှီးမြှုပ်နှံထားတာတွေကို ချက်ချင်း ရုပ်သိမ်းလိုက်မယ်။ အဲ့ဒီအခါ ခင်ဗျားတို့ ကုမ္ပဏီက အယ်လ်မြို့တော်မှာ ရှင်သန်နိုင်မှာ မဟုတ်တော့ဘူး...။"

ထိုပြစ်ဒဏ်ကို ကြားသောအခါ ချန်လန်၏ မျက်နှာမှာ ဖြူဖျော့သွားပြီး၊

"အာ... အဓိက အစုရှယ်ယာရှင်...၊ (၁၈) ကြိမ်တောင်လား...။ ဒါက အရမ်း ရက်စက်လွန်းပါတယ်ဗျာ...။"

လျန်ထျန်းက သူ့ပခုံးကို ပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။

"စဉ်းစားကြည့်လေ...၊ ကျွန်တော်က ခင်ဗျားတို့ ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံတာကို ရုပ်သိမ်းလိုက်ရင် ခင်ဗျားတို့ ချန်ယဲ့အုပ်စုက ပြီးဆုံးသွားမှာပဲ...။"

"အဲ့ဒီအခါ ပိုက်ဆံမရှိတဲ့သူနဲ့ ဘယ်မိန်းကလေးက တွဲချင်မှာလဲ...။"

"ဒါ (၁၈) ကြိမ်ပဲ ရှိပါသေးတယ်။ နှစ်နှစ်တောင် မပြည့်ပါဘူး...။ ပြီးသွားမှာပါ…။"

"ဘဝဆိုတာ ရှည်လျားတယ်…။ တစ်ခါတည်း အငတ်ခံမလား၊ ဒါမှမဟုတ် အမြဲတမ်း အငတ်ခံမလားဆိုတာ ခင်ဗျား ကိုယ်တိုင် ရွေးချယ်နိုင်မှာပါ...။"

လျန်ထျန်း၏ စကားကို ကြားသောအခါ ချန်လန်မှာ အလွန်တရာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် အံကြိတ်ကာ ခေါင်းညိတ်လိုက်လေတော့သည်။

ချန်လန် ထွက်ခွာသွားတော့မည့်အချိန်တွင် လျန်ထျန်းက သူ့ကို ပြန်ခေါ်လိုက်သည်။

"ခဏနေဦး...။"

ချန်လန်မှာ ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ အလွန်လျင်မြန်စွာ ပြန်လှည့်လာပြီး ဒူးထောက်လိုက်ပြန်သည်။

"အဓိက အစုရှယ်ယာရှင်...၊ စိတ်ပြောင်းသွားလို့ အကြိမ်အရေအတွက်ကို လျှော့ပေးတော့မလို့လားခင်ဗျာ...။"

လျန်ထျန်းက ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး။ ကျွန်တော် ပြောချင်တာက ကျွန်တော့်ရဲ့ အထောက်အထားကို ဘယ်သူ့ကိုမှ မပြောနဲ့။ ပြောမိရင် (၁၈) ကြိမ် မဟုတ်တော့ဘဲ (၁၈၀) ကြိမ် ဖြစ်သွားမယ်...။"

(၁၈၀) ကြိမ်ဆိုသည့် စကားကို ကြားလိုက်ရသောအခါ ချန်လန်မှာ ရေခဲရေလောင်းချလိုက်သကဲ့သို့ တစ်ကိုယ် လုံး တုန်ရီသွားတော့သည်။ ထို့နောက် သူသည် လျန်ထျန်း၏ အထောက်အထားကို ဘယ်တော့မှ မဖော်ပြပါဟု ကျိန်ဆိုလိုက်သည်။ တစ်ချိန်တည်းမှာပင် (၁၈၀) ကြိမ်နှင့် ယှဉ်လျှင် (၁၈) ကြိမ်မှာ နည်းသည်ဟုပင် သူ တွေး လိုက်မိတော့သည်။

နောက်ပိုင်းတွင် ချန်ရှူက လျန်ထျန်းထံ ဖုန်းဆက်၍ တောင်းပန်ခဲ့လေသည်။

"အဓိက အစုရှယ်ယာရှင်...၊ ကျွန်တော့်သားအတွက် စိတ်မကောင်းပါဘူး။ သူခံရမယ့် ပြစ်ဒဏ်ကို ကျွန်တော် သိပြီးပါပြီ…။"

"ဒါက ကောင်းတဲ့ အကြံဉာဏ်ပါပဲ…။ စိတ်မပူပါနဲ့…၊ ဒီညပဲ ကျွန်တော် သူ့ကို ဆေးရုံကိုယ်တိုင် ခေါ်သွားပြီး ခွဲစိတ်ခိုင်းလိုက်ပါမယ်…။ အဲ့ဒီလိုဆိုမှ သူ အပြင်မှာ လျှောက်လုပ်နေတာတွေ ရပ်တန့်သွားမှာ...။"

"ကျွန်တော် သူ့နာမည်ကို ချန်ယွီလို့ ပြောင်းပေးဖို့ စီစဉ်ထားတယ်။ အဲ့ဒီနာမည်နဲ့ဆိုရင် သူ့ရဲ့ ဆိုးသွမ်းမှုတွေ လျော့သွားမလားလို့ပါ...။"

လျန်ထျန်း ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်၊

"နာမည်ကို နောက်တစ်ခါ ထပ်ပြောင်းလိုက်ပါဦး။ အဲ့ဒီနာမည်က ခင်ဗျားတို့နဲ့ ဆက်စပ်နေဦးမှာမို့လို့ပါ...။"

ချန်ရှူက အလျင်အမြန် ပြန်ဖြေသည်။

"ဟုတ်ကဲ့ပါ... အဓိက အစုရှယ်ယာရှင် ပြောသလိုပဲ လုပ်ပါမယ်။ သူ့ကို ချန်ချုံးလို့ပဲ ခေါ်လိုက်ရင်ရော...။"

လျန်ထျန်းမှာ စကားမပြောနိုင်အောင် ဖြစ်သွားရပြီး၊

"ခင်ဗျားသားပဲလေ... ခင်ဗျား သဘောအတိုင်းသာ လုပ်ပါတော့...။"

ထိုညတွင် ချန်လန်... မဟုတ်ပါ၊ ယခုအခါ ချန်ချုံး ဖြစ်သွားသော သူကို ဖခင်ဖြစ်သူ ချန်ရှူက ဆေးရုံသို့ ခေါ် ဆောင်သွားခဲ့လေသည်။ လျန်ထျန်းနှင့် ဝမ်ရှောင်ရို့တို့မှာမူ သူတို့၏ ချိုမြိန်သော ဘဝကို ပျော်ရွှင်စွာ ဆက်လက် ဖြတ်သန်းနေကြတော့သည်။

နောက်သုံးရက်အကြာတွင် ဝမ်ရှောင်ရို့က အလုပ်သို့ တက်ကြွစွာ သွားရောက်ခဲ့သော်လည်း လျန်ထျန်းမှာမူ မျက်ကွင်းညိုလျက် ခါးကို ကိုင်ကာ ခက်ခက်ခဲခဲ လမ်းလျှောက်နေခဲ့ရလေသည်။ အခြားရွေးချယ်စရာ မရှိ တော့သည့်အတွက် လျန်ထျန်းမှာ တစ်ရက်ထပ်နားပြီး အာဟာရဖြစ်စေမည့် အစားအသောက်များကိုသာ မှာယူစားသောက်တော့သည်။

စတုတ္ထမြောက်နေ့တွင် လျန်ထျန်းမှာ အနည်းငယ် သက်သာလာပြီးနောက် ပို့ဆောင်ရေးအလုပ်သို့ ပြန်လည် ထွက်ခွာလာခဲ့သည်။ အယ်လ်မြို့တော်၏ လမ်းကြောင်းများကို သူ အကျွမ်းကျင်ဆုံး ဖြစ်သဖြင့် ပို့ဆောင်ရေး တွင်လည်း အမြန်ဆုံး ဖြစ်နေသည်။

ည (၁၁) နာရီကျော်သည့်တိုင် အမှာစာများ ရှိနေဆဲ ဖြစ်သည်။ ဗီဒီယိုချတ်တွင် ဝမ်ရှောင်ရို့ အိပ်ပျော်နေသည်ကို မြင်လိုက်ရသောအခါ လျန်ထျန်းမှာ နောက်ဆုံးအမှာစာကို ပို့ပြီးလျှင် အိမ်သို့ ပြန်ရန် ပြင်ဆင်လိုက်သည်။

သို့သော် ထိုနောက်ဆုံးအမှာစာမှာ ထူးဆန်းနေခဲ့လေသည်။

[ဟေ့... ပို့ဆောင်ရေးသမား၊ ငါ့ကလေးရဲ့ လှပတဲ့ ဆရာမလေးဆီ တစ်ခုခု သွားပို့ပေးပါဦး။ မဖြစ်မနေ ရောက် အောင်ပို့ပါ။ တံခါးဖွင့်မပေးမချင်း ခေါက်နေလိုက်...။]

ချက်ချင်းပင် လျန်ထျန်းက အမှာစာ ပိုင်ရှင်ထံမှ ပုဂ္ဂလိက စာတိုများကို လက်ခံရရှိလိုက်သည်။ ထိုစာများကို ဖတ်ပြီးနောက်တွင် လျန်ထျန်းမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။

*သူတို့ကတော့ ကျွန်တော်တို့ကို အရာရာ လုပ်နိုင်တယ်လို့ ထင်နေကြတာပဲ။ ဒီအမှာစာကတော့ နည်းနည်းတော့ မသင့်တော်ဘူး...။*

*ဒါပေမဲ့ ပြောတဲ့အတိုင်းလည်း မဟုတ်သေးပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါက နောက်ဆုံးအမှာစာမို့လို့ လုပ်ပေးလိုက်ပါ တော့မယ်...။*

လျန်ထျန်းမှာ လျှပ်စစ်စကူတာကို စီးကာ လိပ်စာအတိုင်း သွားရောက်ခဲ့သည်။ တံခါးကို ခေါက်ပြီး မကြာမီ အတွင်းမှ လှပသော အမျိုးသမီးတစ်ဦး၏ အသံထွက်ပေါ်လာသည်။

"ဒီအချိန်ကြီး ဘယ်သူလဲ...။"

လျန်ထျန်းက ရိုးသားစွာ ဖြေလိုက်လေသည်။

"ဟယ်လို...၊ အစားအသောက် ရောက်ပါပြီခင်ဗျာ...။"

အမျိုးသမီးက တံခါးမဖွင့်သေးဘဲ သတိကြီးစွာဖြင့် မေးသည်။

"ဟင်... ကျွန်မ အစားအသောက် မမှာထားပါဘူး...။"

လျန်ထျန်းက ထပ်ပြောလိုက်လေသည်။

"ကျောင်းသားမိဘတစ်ယောက်က မှာပေးလိုက်တာပါ…။ သူက တစ်ခုခု မှာစရာရှိတယ်လို့လည်း ပြောပါ တယ်…။ အာ... မဟုတ်ပါဘူး၊ ပို့စရာရှိတာ မဟုတ်ဘူး၊ စကားလေး တစ်ခွန်းလောက် လွှဲပေးခိုင်းလိုက်တာ ပါ...။"

ထိုအခါမှ လှပသော ဆရာမလေးက တံခါးကို အနည်းငယ် ဖွင့်ပေးလိုက်သည်။

"ဘာပြောလိုက်တာလဲ။ ဘယ်ကျောင်းသားမိဘလဲ...။"

လျန်ထျန်းက ပြုံး၍ ခေါင်းခါလိုက်လေသည်။

"အဲ့ဒါကိုတော့ ကျွန်တော် မပြောနိုင်ပါဘူး၊ သူက လျှို့ဝှက်ထားဖို့ မှာထားလို့ပါ။ ကဲ... အခု ကျွန်တော် သူ မှာလိုက်တဲ့ စကားကို လွှဲပြောပေးပါတော့မယ်...။"

All Chapters