← Chapters

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း (၂၅၆)

ယခုအခါ ငါ့ဖခင်မှာ တရုတ်လူမျိုးဖြစ်သည်

မကြာမီပင် ထိုဆူညံသံများကြောင့် ပတ်ဝန်းကျင်ရှိသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိသွားခဲ့လေတော့သည်။ ဤနေရာမှာ နိုင်ငံတကာ အားလပ်ရက်ဖြစ်သည့်အပြင် ခရီးသွားများကြား ရေပန်းစားသော စားသောက်ဆိုင်အနီး တွင် တည်ရှိသော်လည်း ဤနေရာမှာ တရုတ်မြေဖြစ်သည့်အတွက် တရုတ်လူမျိုးများစွာ ရှိနေဆဲပင် ဖြစ်သည်။

လူအများစုမှာ ဟန်ဘာသာစကားကို နားမလည်ကြသဖြင့် လျန်ထျန်းက အနီးအနားရှိသူများကို ရိုးရှင်းစွာ ရှင်းပြ လိုက်လေသည်။

"ကျွန်တော် အစားအစာ သွားယူရင်းနဲ့ ကျွန်တော်တို့လို ပို့ဆောင်ရေးဝန်ထမ်းတွေအပေါ် သူတို့ရဲ့ နားလည်မှု လွဲမှားနေတာကို ကြားလိုက်ရလို့ စေတနာနဲ့ ရှင်းပြပေးလိုက်တာပါ…။"

"ကျွန်တော့်ရည်ရွယ်ချက်က တရုတ်နိုင်ငံအပေါ် သူတို့ နားလည်မှုလွဲတာကို ကာကွယ်ဖို့ပါ၊ ဒါပေမဲ့ သူတို့က ချက်ချင်းပဲ တရုတ်လူမျိုးတွေအပေါ် အပျက်သဘောဆောင်တဲ့၊ ခွဲခြားဆက်ဆံတဲ့ စကားတွေကို ပြောဆိုလာမယ် လို့ မထင်ထားမိဘူး…။"

"ဖြစ်စဉ် တစ်လျှောက်လုံးမှာ သူတို့က မျက်စိစွေကြည့်ပြီး တရုတ်လူမျိုးတွေကို ဘာသာစကား သုံးမျိုးနဲ့ အလှည့် ကျ စော်ကားနေကြတာ။ ကျွန်တော် သည်းမခံနိုင်တော့တဲ့အဆုံး သူတို့ကို ပြန်လည် ချေပဖို့ ကြိုးစားခဲ့တာပါ...။"

လျန်ထျန်းက ဟန်လူမျိုး အမျိုးသမီးနှစ်ဦး တရုတ်လူမျိုးများအပေါ် ခွဲခြားဆက်ဆံခဲ့ပုံကို ပြန်လည် သရုပ်ဖော်ပြ လိုက်သည်။ ထိုအကြောင်းကို ကြားလိုက်ရသောအခါ လူတိုင်းမှာ ဒေါသထွက်သွားကြပြီး အလျင်အမြန်ပင် ရှုတ်ချလိုက်ကြတော့သည်။

"ဟန်လူမျိုးတွေက ငါတို့ တရုတ်လူမျိုးတွေကို ခွဲခြားဆက်ဆံဖို့ ဘာအခွင့်အရေး ရှိလို့လဲ။ သူတို့နိုင်ငံက သမိုင်း ကြောင်း (၇၅) နှစ်ပဲ ရှိသေးတာကို...။"

"ဟားဟားဟား...၊ (၇၅) နှစ် ဆိုတာ ငါ့အဘိုးအရွယ်တောင် မရှိသေးဘူး…၊ သူတို့က ဘယ်ကနေ ဒီလောက် တောင် ယုံကြည်မှုတွေ ရလာတာလဲ…။"

"ဒါမှမဟုတ် သူတို့ခိုးယူထားတဲ့ အမျိုးသားသမိုင်းကြောင်း အနည်းငယ်ထဲက တစ်ခုများလား။ သူတို့က ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဖို့ အရာအားလုံးကို အလုအယက် လျှောက်ထားချင်နေတာ မဟုတ်လား…။"

လူအများစုကလည်း လျန်ထျန်းကို လက်မထောင်၍ ချီးကျူးစကား ဆိုကြသည်။

"ဒီလူက တကယ်တော်တာပဲ….။ ဘာသာစကားတွေ အများကြီး ပြောတတ်တာ၊ ငါတို့ တရုတ်လူမျိုးတွေ အတွက် ဂုဏ်ယူစရာပဲ…။"

"နိုင်ငံခြားဘာသာစကားတွေ ပိုလေ့လာထားတာက တကယ် အရေးကြီးတာပဲ၊ အထူးသဖြင့် ဆဲဆိုမှု မပါတဲ့ ပြန်လည် ချေပနိုင်စွမ်းပေါ့။ ငါတို့ တရုတ်လူမျိုးတွေက တခြားသူတွေနဲ့ ငြင်းခုံတဲ့အခါ ဘယ်တော့မှ အောက်ကျ မခံရဘူး…။"

ပြည်သူတို့၏ ဒေါသကို နှိုးဆော်မိကြောင်း သိလိုက်ရသောအခါ ဝန်းရံနေသည့် လူအုပ်ကြီးမှာ သူတို့ဆီသို့ ထိုး နှက်လိုက်သည်။ ဟန်လူမျိုး အမျိုးသမီးနှစ်ဦးမှာ တရုတ်စကားကို နားမလည်သော်လည်း လူအုပ်ကြီး၏ လေသံ နှင့် အမူအရာမှတစ်ဆင့် မိမိတို့အပေါ် ရန်လိုနေကြောင်း သိလိုက်ရလေသည်။

ယခုအခါ သူတို့မှာ တိတ်ဆိတ်သွားပြီး တစ်ခွန်းမှ မပြောရဲတော့ပေ။ လူအုပ်ကြီးကြားမှ တိုးထွက်ကာ မည်သူမျှ မသိသော အရပ်သို့ ပုန်းကွယ်သွားခဲ့ကြလေသည်။ သူတို့အား မောင်းထုတ်နိုင်သည်ကို မြင်သောအခါ လူအများ က ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ လျန်ထျန်းလည်း လူအများအား နှုတ်ဆက်ပြီးနောက် အစားအစာ ပို့ဆောင်ခြင်းကို ဆက်လက် လုပ်ဆောင်လိုက်တော့သည်။

ကိစ္စပြီးဆုံးသွားပြီဟု ထင်မှတ်ထားသော်လည်း လမ်းတစ်ဝက်တွင် ထိုဟန်လူမျိုး အမျိုးသမီးနှစ်ဦး သူ့ကို နောက်ယောင်ခံ လိုက်နေကြောင်း သိလိုက်ရပေသည်။ အဝေးမှ နောက်ယောင်ခံလိုက်ရင်း ဟန်လူမျိုး အမျိုး သမီးနှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် တီးတိုး ပြောဆိုနေကြလေသည်။

ဤကဲ့သို့သော လုပ်ရပ်ကို လျန်ထျန်း မည်သို့ သည်းခံနိုင်မည်နည်း။ သူသည် လျှပ်စစ်စကူတာကို ချက်ချင်း လှည့်လိုက်ပြီး အရှိန်မြှင့်ကာ ထိုအမျိုးသမီးနှစ်ဦး၏ ရှေ့တွင် ပိတ်ရပ်လိုက်တော့သည်။

"မင်းတို့ နှစ်ယောက်မှာ ပြောစရာ ရှိသေးရင် အခု ပြောလိုက်တော့၊ မဟုတ်ရင် နောက်ထပ် ပြောခွင့်ရတော့မှာ မဟုတ်ဘူး…။"

လျန်ထျန်း၏ ပြင်းထန်သော ဆူပူကြိမ်းမောင်းမှုကို မိခင်ဘာသာစကားဖြင့် ကြားလိုက်ရသောအခါ ဟန်လူမျိုး အမျိုးသမီးနှစ်ဦးမှာ နောက်ဆုံးတွင် ပါးစပ်ပိတ်သွားသည်။ ဤသည်မှာ သူတို့နှစ်ဦးမှာ အားနည်းသူကို ဖိနှိပ်ပြီး အားကြီးသူကို ကြောက်ရွံ့တတ်သည့်၊ အလွန်ပင် ကပ်စေးနည်းသော လူစားမျိုးဖြစ်ကြောင်း ပြသနေသည်။

လျန်ထျန်းက လူပုံအလယ်တွင် အရှက်ခွဲလိုက်သဖြင့် သူတို့ မည်သို့သော အကောက်ကြံရန် ကြိုးစားနေသည်ကို မည်သူမျှ မသိနိုင်ပေ။ သို့သော် လက်ရှိအချိန်တွင်မူ ထိုအမျိုးသမီးနှစ်ဦးမှာ တိတ်ဆိတ်စွာဖြင့် ကြောက်ရွံ့နေဟန် ရှိပေသည်။ လျန်ထျန်းက ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် အထင်သေးသော အပြုံးဖြင့် ဆိုလိုက်သည်။

"ထပ်ပြောစရာ မရှိတော့ဘူးလား။ ကျေးဇူးပဲ၊ ကောင်းသောနေ့လေး ဖြစ်ပါစေ…။"

ထိုသို့ ပြောပြီးနောက် လျန်ထျန်း ထွက်ခွာရန် ပြင်လိုက်သည်။ ထိုအချိန်တွင် အီးဂဲလ်နိုင်ငံသား ရွှေရောင်ဆံပင်၊ အပြာရောင်မျက်လုံးနှင့် အမျိုးသားတစ်ဦး ပေါ်လာခဲ့လေသည်။ သူက ထိုအမျိုးသမီးနှစ်ဦးကို မှတ်မိဟန်ဖြင့် လှမ်းခေါ်လိုက်လေ၏။ ချက်ချင်းဆိုသလိုပင် အရင်က တိတ်ဆိတ်နေသော အမျိုးသမီးနှစ်ဦးမှာ နောက်ခံလူ ရောက်လာသည့်အလား ထိုအီးဂဲလ်နိုင်ငံသားဆီသို့ အပြေးသွားလိုက်ကြတော့သည်။

အီးဂဲလ် အမျိုးသားများအပေါ် သူတို့၏ ဖားယားဟန်မှာ တရုတ်လူမျိုးများအပေါ် ပြုမူသည့်ပုံစံနှင့် လုံးဝ ကွဲပြား ခြားနားနေသည်။ လမ်းဘေးက စကူတာကဲ့သို့ ချိုသာစွာ ဖားယားပြီး လျန်ထျန်းကို လက်ညှိုးထိုးကာ လက်ဟန် ခြေဟန်ဖြင့် ပြောဆိုနေကြလေသည်။

သူတို့ ပြောသည်ကို ကြားလိုက်ရသည်မှာ -

"တမ် အစ်ကို….၊နောက်ဆုံးတော့ ရောက်လာပြီ…။ တရုတ် ပို့ဆောင်ရေးဝန်ထမ်း တစ်ယောက်က ကျွန်မတို့ကို စော်ကားနေလို့၊ ခုနကတောင် ကျွန်မတို့ကို ဆဲဆိုနေသေးတယ်…။"

"ဟုတ်တယ်…၊ တမ် အစ်ကို….၊ တရုတ်လူမျိုးတွေက တကယ်ကို ရိုင်းစိုင်းပြီး ဂုဏ်ယူပြတတ်ကြတာ။ ရှင့်အနေနဲ့ ကျွန်မတို့အတွက် တရားမျှတမှု ယူပေးရမယ်…။"

ဟန်လူမျိုး အမျိုးသမီးနှစ်ဦးမှာ တစ်စုံတစ်ယောက်ကို ခေါ်ထားသဖြင့် လျန်ထျန်းကို နောက်ယောင်ခံ လိုက်လာ ခြင်းဖြစ်ကြောင်း ပေါ်လွင်သွားသည်။ သူတို့ ရှာနေသည့်သူ မရောက်လာခင်က ကြောက်ရွံ့နေဟန် ရှိသော်လည်း ယခုအခါတွင်မူ ထိုသူ၏ လက်ကို တွဲကိုင်ကာ ယုံကြည်မှုများ ပြန်လည် ရရှိသွားသည်။ သူတို့၏ ချိုမြိန်သော စကားများအောက်တွင် အီးဂဲလ်နိုင်ငံသားမှာ မောက်မာစွာ ရယ်မောလိုက်သည်။

"ပြဿနာ မရှိပါဘူး၊ မင်းတို့အတွက် တရားမျှတမှု ယူပေးဖို့ဆိုတာ လွယ်ပါတယ်ကွာ…။"

"ငါ့ကုမ္ပဏီက ဒီနေရာမှာ စတင် လုပ်ကိုင်နေပြီး အယ်လ်မြို့တော် စီးပွားရေးလုပ်ငန်းရှင်များအသင်းရဲ့ အဓိက အသိုင်းအဝိုင်းထဲကိုလည်း ဝင်ရောက်ထားပြီးပြီ…။"

"နောက်ပြီး ငါ့ကုမ္ပဏီထဲကို ရင်းနှီးမြှုပ်နှံထားတဲ့ လျှို့ဝှက်ရင်းနှီးမြှုပ်နှံသူ တစ်ယောက် ရှိသေးတယ်။ သူက အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်ပဲ၊ အယ်လ်မြို့တော်မှာ သူ မဖြေရှင်းနိုင်တဲ့ ကိစ္စဆိုတာ မရှိဘူး…။"

အီးဂဲလ်နိုင်ငံသား၏ စကားကို ကြားသောအခါ ဟန်လူမျိုး အမျိုးသမီးနှစ်ဦးမှာ ပို၍ပင် ဖားယားလာပြီး ထိုသူ၏ ရင်ခွင်ထဲသို့ ပြေးဝင်ချင်လောက်အောင်ပင် ဖြစ်နေသည်။ နောက်တစ်ခဏတွင် တမ်က လျန်ထျန်းထံသို့ လာ ရောက်ပြီး မောက်မာစွာ ပြောလိုက်သည်။

"ဒါဆို မင်းက ငါ့ရဲ့ လှပသူ နှစ်ယောက်ကို စော်ကားတဲ့ ကောင်ပေါ့…၊ သူတို့က မကြာခင် ငါ့ကုမ္ပဏီရဲ့ ဝန်ထမ်း တွေ ဖြစ်လာတော့မှာ…။"

"ငါ့ကုမ္ပဏီက လုပ်ငန်းကြီးတစ်ခု၊ မင်းလို ပို့ဆောင်ရေးသမားလေးနဲ့ မပတ်သက်သင့်ဘူးဆိုတာ နားလည် လား…။"

လျန်ထျန်းက ရှေ့ရှိ အီးဂဲလ်နိုင်ငံသားကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် မနှစ်မြို့သော လေသံဖြင့် ပြောလိုက်လေသည်။

"တမ် ငယ်လေး၊ မျက်လုံးကို သေချာဖွင့်ပြီး ကြည့်စမ်း…။ မင်း ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ရထားတာ မကြာသေးဘူး လေ၊ အခုတော့ ငါ့ကို ဒီလို ပြောနေတာလား…။"

ထိုစကားကို ကြားသောအခါ အီးဂဲလ်နိုင်ငံသားမှာ အံ့အားသင့်သွားပြီး မျက်လုံးကို ပွတ်သပ်ကာ လျန်ထျန်းကို သေချာကြည့်လိုက်သည်။ သုံးစက္ကန့်အကြာတွင် သူ တုန်လှုပ်သွားခဲ့လေတော့သည်။

"ခင်... ခင်ဗျား...။ အို၊ မဖြစ်နိုင်တာ၊ ခင်ဗျားက မစ္စတာလျန် မဟုတ်လား…။"

အီးဂဲလ်ဘာသာစကားမှ အလွယ်တကူ ပြောင်းလဲသွားသော တရုတ်စကားသံကြောင့် ထိုသူ၏ အမူအရာမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်။ သူသည် လေးစားသမှုဖြင့် လျန်ထျန်းကို ရှင်းပြသည်။

"တောင်းပန်ပါတယ် မစ္စတာလျန်၊ ခင်ဗျားမှန်း မသိလိုက်မိပါဘူး...။"

"အီးဂဲလ်နိုင်ငံသားတွေ အမြင်မှာ တရုတ်လူမျိုးတွေအားလုံးက ရုပ်ချင်း ဆင်တူနေကြလို့ပါ...။"

"ကျွန်တော် တရုတ်လူမျိုးတွေကို အထင်သေးတာ မဟုတ်ပါဘူး…၊ လူတွေကို အကဲဖြတ်တဲ့အခါ ကွာခြားချက် ရှိတယ်ဆိုတာ ပြောပြချင်ရုံသက်သက်ပါ...။"

"ဒီတစ်ခေါက်တော့ ခွင့်လွှတ်ပေးပါ…၊ ပထမဆုံးအကြိမ်မို့လို့ပါ...။"

သူ ရှင်းပြနေစဉ်တွင် အီးဂဲလ်နိုင်ငံသားမှာ ရိုးသားစွာပင် ဖြစ်ပြီး လျန်ထျန်းကို ကြောက်ရွံ့နေဟန် ရှိသည်။ သို့သော် သူ ပြောသည်မှာ အမှန်ပင် ဖြစ်သည်။ အီးဂဲလ်နိုင်ငံသားများ အမြင်တွင် တရုတ်လူမျိုးများမှာ အရပ် အမောင်းနှင့် ကိုယ်အလေးချိန်မှလွဲ၍ အားလုံး ဆင်တူနေသကဲ့သို့ ရှိသည်။ ကျွန်ုပ်တို့ကိုယ်တိုင်လည်း နိုင်ငံခြား ရုပ်ရှင်များကို စတင်ကြည့်ရှုသည့်အချိန်တွင် ဘယ်သူက ဘယ်သူမှန်း ခွဲခြားရန် ခက်ခဲခဲ့သည် မဟုတ် ပါလား။

တမ်မှာ လျန်ထျန်းနှင့် တစ်ကြိမ်သာ တွေ့ဖူးသည်။ ထိုအချိန်က လျန်ထျန်းမှာ ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး အစည်းအဝေးကို ဦးဆောင်နေခြင်း ဖြစ်သည်။ ယခုအခါ ပို့ဆောင်ရေး ယူနီဖောင်းနှင့် ဖြစ်နေသဖြင့် တစ်ချက် ကြည့်ရုံဖြင့် မမှတ်မိခြင်းမှာ သဘာဝကျသည်။ သို့သော် သူ၏ ကြောက်ရွံ့မှုမှာမူ အမှန်ပင် ဖြစ်သည်။

အကယ်၍ လျန်ထျန်းက သူ၏ ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှု မပြုခဲ့လျှင် သူတို့မှာ အလုပ်မဖြစ်နိုင်တော့ပေ။ ယခု လက်ရှိ ယွမ် (၁,၀၀၀) ဆိုသည်မှာ ငွေကြေးတန်ဖိုး အဆတစ်သန်း ပြုတ်ကျခြင်း မတိုင်မီက ယွမ် (၁) ဘီလီယံ နှင့် ညီမျှပေသည်။ လျန်ထျန်းမှာ သူတို့၏ ကုမ္ပဏီ အသက်သွေးကြောကို ကိုင်ထားသည်ဟု ဆိုရမည်။

အီးဂဲလ်နိုင်ငံသား ခါးကိုင်းသွားသည်ကို မြင်သောအခါ လျန်ထျန်းက အေးစက်စွာဖြင့် ဆိုလိုက်သည်။

"တမ်ငယ်လေး၊ မင်းရဲ့ ကုမ္ပဏီက မင်းတို့နိုင်ငံမှာ မရပ်တည်နိုင်လို့ တရုတ်နိုင်ငံကို လာရတာဆိုတာ မမေ့နဲ့…။"

"ရင်းနှီးမြှုပ်နှံသူ ရှာတဲ့အချိန်တုန်းက မင်း အကြိမ်ကြိမ် အခက်အခဲ ကြုံခဲ့ရတယ်…။ နောက်ဆုံးမှာ ငါ မင်းကို အခွင့်အရေး ပေးခဲ့လို့သာ ဒီနေ့ အခြေအနေ ရောက်လာတာ…။"

"တရုတ်နိုင်ငံရဲ့ အရင်းအမြစ်တွေကို အသုံးချပြီး ပြန်တောင် မလုပ်ပါနဲ့…၊ နောင်တ ရလိမ့်မယ်။ ငါ လုပ်နိုင်စွမ်း ရှိတယ်ဆိုတာ ယုံထားလိုက်…။"

ထိုစကားကို ကြားသောအခါ တမ်မှာ နဖူးမှ ချွေးများကို သုတ်ရင်း ခါးကိုင်းကာ ဖြေကြားသည်။

"သေချာပေါက် ယုံကြည်ပါတယ် မစ္စတာလျန်။ ခင်ဗျားရဲ့ ရင်းနှီးမြှုပ်နှံမှု မရှိရင် ကျွန်တော့်ကုမ္ပဏီက တစ်ရက် တောင် မရပ်တည်နိုင်ပါဘူး...။"

"ဒီတစ်ခါ ကျွန်တော့်အမှားပါ။ မိုက်မဲသူနှစ်ယောက်ကို ခေါ်လာမိပြီး မစ္စတာလျန်ကို စိတ်အနှောင့်အယှက် ဖြစ်စေ မိပါတယ်။ ကျွန်တော် သူတို့ကို ချက်ချင်း မောင်းထုတ်ပြီး သူတို့ရဲ့ အသိဉာဏ်မဲ့တဲ့ နိုင်ငံငယ်လေးဆီ ပြန်ပို့လိုက် ပါ့မယ်…။"

လျန်ထျန်း ခေါင်းညိတ်လိုက်လေသည်။

"ဟုတ်တယ်၊ အခုခေတ်မှာ 'အသိဉာဏ်မဲ့သူ' များပြားနေပေမဲ့ နိုင်ငံနှစ်ခုလုံးက လူတွေက မင်းတို့လို အီးဂဲလ်နိုင်ငံ သားတွေကိုပဲ ဖားယားနေကြတာပဲ…။"

"မင်းကို သတိပေးချင်တာက ကိုရီးယားက သူဌေးတွေလို အလှအပတွေပဲ စိတ်ကူးမယဉ်ပါနဲ့။ မင်းရဲ့ အသက် မွေးဝမ်းကျောင်းက အရေးကြီးဆုံးပဲ…။"

"ငါ ပေးထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက မင်းတို့ ဖြုန်းတီးဖို့ မဟုတ်ဘူး…။ လုံလောက်တဲ့ အမြတ်အစွန်း ပြန်ပေး ရမယ်၊ မဟုတ်ရင် ငါ အရေးယူရလိမ့်မယ်…။"

လျန်ထျန်း၏ ဆုံးမစကားကို တမ်မှာ ခေါင်းညိတ်၍ လက်ခံလိုက်သည်။ သို့သော် ဤအခြေအနေကြောင့် ဟန်လူ မျိုး အမျိုးသမီးနှစ်ဦးမှာ စိုးရိမ်တကြီးဖြင့် တမ်၏ လက်မောင်းကို ဖက်တွယ်လိုက်လေသည်။

"တမ် အစ်ကို…၊ ဒါက ဘာကို ဆိုလိုတာလဲ…။ ရှင် ကျွန်မတို့ကို မလိုချင်တော့တာလား…။"

"ဟုတ်ပါတယ် အစ်ကို….၊ ကျွန်မတို့က ရှင့်ကြောင့် တရုတ်နိုင်ငံကို လာပြီး အလုပ်လုပ်နေတာလေ…။"

"ဟုတ်တယ်၊ ကျွန်မတို့ အလုပ်တွေ အကုန် ထွက်ခဲ့တာ၊ အခုလို လုပ်လို့ မရဘူး...။"

တမ်၏ အမူအရာမှာ သူတို့အပေါ် လုံးဝ ပြောင်းလဲသွားသည်။

"မင်းတို့ စိတ်ရှုပ်စရာတွေ လုပ်လို့ မဟုတ်ဘူးလား…။ ငါ့ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားတဲ့ အဓိက အစုရှယ်ယာရှင် ကို စော်ကားမိတာလေ…။"

"ငါ ပြောမယ်၊ တရုတ်လူမျိုးတွေက အခု ငါ့ရဲ့ ကျေးဇူးရှင်တွေပဲ…။ မင်းတို့က ငါ့ရဲ့ ဖခင်ကို ခွဲခြားဆက်ဆံ တဲ့အတွက် ငါ မင်းတို့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး…။"

ထိုသို့ဖြင့် ဟန်လူမျိုး အမျိုးသမီးနှစ်ဦးမှာ မောင်းထုတ်ခံလိုက်ရသည်။ သူတို့မှာ ငိုယိုရင်း ထွက်ပြေးသွားကြ သည်။ လျန်ထျန်းလည်း တမ်ကို လွှတ်ပေးလိုက်ပြီး အမှာစာများကို ဆက်လက် ပို့ဆောင်လိုက်သည်။ လမ်း တစ်လျှောက်တွင် လျန်ထျန်းမှာ မိမိကိုယ်ကို တီးတိုး ပြောဆိုနေခဲ့လေသည်။

"အခုလို အီးဂဲလ်နိုင်ငံသားတွေရဲ့ ဖော်ရွေတဲ့ အပြုအမူတွေကို မယုံပါနဲ့၊ သူတို့က တကယ်တော့ ကျေးဇူးကန်းတဲ့ ဝံပုလွေတွေပဲ…။"

"အသား ရတဲ့အချိန်ဆို အမြီးနံ့ပြီး အသား မရှိတော့ရင် ကိုက်စားဖို့ ကြိုးစားကြမှာပဲ…။"

"သူတို့ကို အသုံးချလို့ ရနေသေးလို့သာ…၊ မဟုတ်ရင် အကြာကြီး မထားဘူး...။"

တမ်၏ ကုမ္ပဏီမှာ လျန်ထျန်း၏ အစီအစဉ်အတွက် လိုအပ်သော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ မကြာမီပင် ဤခြေလှမ်းသည် အကျိုးသက်ရောက်မှု စတင်တော့မည် ဖြစ်သည်။

All Chapters