← Chapters

အခန်း ၂၅၇

Vol. 26 Ch. 257

အခန်း ၂၅၇

Vol. 26 Ch. 257

အခန်း (၂၅၇)

ဇာတ်လမ်းရှည်ကြီး တစ်ပုဒ်၏ အစပျိုးခြင်း

လျန်ထျန်း ရင်းနှီးမြှုပ်နှံထားသော အီးဂဲလ်နိုင်ငံသား တမ်ပိုင်ဆိုင်သည့် ကုမ္ပဏီမှာ မူလက အီးဂဲလ်နိုင်ငံတွင် အခြေစိုက်သော အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီတစ်ခု ဖြစ်ပေသည်။ အီးဂဲလ်နိုင်ငံ၏ အစားအသောက် ပို့ဆောင်ရေး ဈေးကွက်မှာ တရုတ်နိုင်ငံနှင့် လုံးဝ ကွဲပြားမှုရှိလေသည်။

တရုတ်နိုင်ငံတွင်မူ အယ်လာမာ က ဈေးကွက်ကို အဓိက လွှမ်းမိုးထားခြင်းဖြစ်သည်။ အီးဂဲလ်နိုင်ငံတွင်မူ ဈေးကွက်ကို ကုမ္ပဏီကြီး အနည်းငယ်က ခွဲဝေယူထားကြပြီး ကုမ္ပဏီငယ်များစွာမှာမူ သီးခြား ဝန်ဆောင်မှု ပေးခြင်းဖြင့်သာ မနည်းရုန်းကန် ရှင်သန်နေကြရသည်။

ယခင်က တရုတ်နိုင်ငံရှိ "ကုမ္ပဏီအဖွဲ့ပေါင်းတစ်ရာ စစ်ပွဲ" လောက် မပြင်းထန်သော်လည်း ယှဉ်ပြိုင်မှုမှာ အတော် ပင် ပြင်းထန်လှသည်။ နှစ်စဉ်နှစ်တိုင်း ကုမ္ပဏီအသစ်များ ပေါ်ထွက်လာသလို ကုမ္ပဏီအဟောင်းများလည်း ပျောက်ကွယ်သွားကြသည်။ စီးပွားရေးလောက၏ သဘောသဘာဝမှာ ဤအတိုင်းပင်ဖြစ်ရာ မည်သူက အမှန် တကယ် လွှမ်းမိုးနိုင်မည်နည်း။ မည်သူက အမှန်တကယ် အောင်မြင်ပြီး မည်သူက ကျရှုံးမည်နည်း။

တမ်၏ကုမ္ပဏီမှာ တစ်ချိန်က အလားအလာ ရှိခဲ့သော်လည်း ယခုအခါတွင်မူ မှေးမှိန်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ် သည်။ တမ်သည် အီးဂဲလ်နိုင်ငံတွင် မအောင်မြင်သဖြင့် အခွင့်အရေးရှာရန် တရုတ်နိုင်ငံသို့ ရောက်လာခဲ့ခြင်း ဖြစ် ပေသည်။ အစားအသောက် ပို့ဆောင်ရေး လုပ်ငန်းအတွက် လူဦးရေ အရေအတွက်မှာ အရေးကြီးဆုံး ဖြစ်သည်။ လူဦးရေအပြင် လူတစ်ဦးချင်းစီ၏ စီးပွားရေး ဝင်ငွေနှင့် ပညာရေး အဆင့်အတန်းတို့မှာလည်း အရေးကြီးသည်။

အကယ်၍ လူဦးရေကိုသာ ကြည့်မည်ဆိုပါက အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံကို ကျော်တက်တော့မည်ဖြစ်သော် လည်း ထိုနိုင်ငံတွင် အစားအသောက် မှာယူသူ မည်မျှ ရှိပါသနည်း။ အိန္ဒိယနိုင်ငံ၏ စုစုပေါင်း လူဦးရေထဲတွင် တစ်ပုံသုံးပုံမှာ ဆင်းရဲနွမ်းပါးသူများ ဖြစ်သည်။ ထိုဆင်းရဲသူများမှာ တဲကုပ်များတွင် နေထိုင်ကာ အစားပင် ကောင်းကောင်း မစားနိုင်သူများ ဖြစ်ရာ အစားအသောက် မှာယူနိုင်ရန်မှာ ဝေးလှသည်။

ထို့ကြောင့် လက်ရှိတွင် အစားအသောက် ပို့ဆောင်ရေး လုပ်ငန်းအတွက် အကြီးမားဆုံး ဈေးကွက်မှာ တရုတ် နိုင်ငံသာ ဖြစ်သည်။ ဤမျှ ကြီးမားသည့် ကိတ်မုန့်ကြီးကို မည်သူက မက်မောခြင်း မရှိပါသနည်း။

အတိတ်ကာလက "ကုမ္ပဏီအဖွဲ့ပေါင်းတစ်ရာ စစ်ပွဲ" တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများစွာ ပါဝင်ခဲ့သော်လည်း အယ်လာမာ၏ ရူးသွပ်လောက်အောင် ငွေကြေးသုံးစွဲမှုကြောင့် အားလုံး ရှုံးနိမ့်ခဲ့ရလေသည်။ သို့သော် ထိုသို့ ရူးသွပ်လောက်အောင် ငွေသုံးစွဲခဲ့ခြင်းကြောင့်ပင် ယွမ် ထရီလီယံနှင့်ချီ တန်ဖိုးရှိသည့် ယူနီကွန်း ကုမ္ပဏီတစ်ခု ဖြစ်ပေါ်လာခဲ့ပေသည်။

ယနေ့ခေတ်ကာလတွင် ကုန်ဈေးနှုန်းများ အဆတစ်သန်း ပြုတ်ကျသွားသော်လည်း အယ်လာမာ၏ တန်ဖိုးမှာမူ သန်းနှင့်ချီ ရှိနေဆဲပင် ဖြစ်သည်။ ယခင်က တရုတ်၏ အစားအသောက် ပို့ဆောင်ရေး ဈေးကွက်ကို မည်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမျှ မထိုးဖောက်နိုင်ခဲ့သလို ယခုအခါတွင်လည်း ပို၍ပင် မဖြစ်နိုင်တော့ပေ။ ပြည်တွင်း ကုမ္ပဏီများပင် အယ်လာမာ၏ နေရာကို မလှုပ်ခါနိုင်တော့ပေ။ နှစ်ပေါင်းများစွာ ကြာမြင့်လာသည့်အခါ အယ်လာမာ သည် လူတို့၏ စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ပြီ ဖြစ်သည်။

လျန်ထျန်းသည် အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီအသစ်ကို မထောင်ဘဲ ရှိပြီးသား ကုမ္ပဏီကို ဝယ်ယူရန် ရည်ရွယ်ခြင်းမှာလည်း ဤအချက်ကြောင့် ဖြစ်သည်။ သို့သော် ဈေးကွက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး လွှမ်းမိုးနိုင်ရန်မှာ မလွယ်ကူပေ။

လျန်ထျန်းသည် အင်န်မြို့တော်တွင် ရှယ်ယာ (၁၅) ရာခိုင်နှုန်းကို ရရှိရန်ပင် အလွန်တရာ အပင်ပန်းခံခဲ့ရပေသည်။ ကျန်ရှိနေသော (၈၀) ရာခိုင်နှုန်းကျော်ကို အစုရှယ်ယာရှင်ငယ်များက ပိုင်ဆိုင်ကြပြီး (၇၀) ရာခိုင်နှုန်းကိုမူ အဓိက အစုရှယ်ယာရှင်ကြီး နှစ်ဦးက ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ဖန်မိသားစုကို အသုံးပြုခဲ့သည့် နည်းလမ်းများကို ဤနေရာတွင် အသုံးမပြုနိုင်ပေ။ အကယ်၍ တိုက်ရိုက် ရင်ဆိုင်မည်ဆိုပါက လျန်ထျန်း၏ ပိုင်ဆိုင်မှုများမှာ သန်းနှင့်ချီ ရှိနေသော်လည်း နှစ်ဦးနှစ်ဖက် ရှုံးနိမ့်မည့် ရလဒ်သာ ထွက်ပေါ်လာမည် ဖြစ်သည်။

ဤအခြေအနေတွင် အခွင့်အလမ်းတစ်ခု လိုအပ်နေချိန်တွင် တမ် ရောက်ရှိလာသည်။ တမ်မှာ အခွင့်အလမ်းရှာ ရန် လာရောက်ခြင်းဖြစ်ပြီး အယ်လာမာ၏ နယ်မြေကို သိမ်းပိုက်ရန် ကြိုးပမ်းခြင်းမှာ ကျား၏ ပါးစပ်ထဲမှ အသားကို လုယူသကဲ့သို့ ဖြစ်ပေလိမ့်မည်။

တမ်၏ မူလ အစီအစဉ်မှာ အီးဂဲလ်နိုင်ငံမှ အတွေ့အကြုံများကို အသုံးချကာ တရုတ်နိုင်ငံရှိ အသေးစား ဈေး ကွက် တစ်ခုတွင်သာ အခြေချရန် ဖြစ်သည်။ သို့သော် တရုတ်ဈေးကွက်၏ အင်အားကို တမ် လျှော့တွက်မိ သည်။

သူ ရင်းနှီးမြှုပ်နှံသူ ရှာဖွေရာတွင် အကြိမ်ကြိမ် အခက်အခဲ ကြုံခဲ့ရသည်။ အီးဂဲလ်လူမျိုးတို့၏ မာန်မာနကို လျန်ထျန်း ပေါ်လာချိန်တွင် ချိုးနှိမ်လိုက်နိုင်ခဲ့သည်။ လျန်ထျန်းက ယွမ် (၁,၀၀၀) ရင်းနှီးမြှုပ်နှံပေးလိုက်ခြင်းမှာ တမ်ကို အသက်ဆက်ပေးလိုက်ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် လျန်ထျန်းက တမ်ကို လုပ်ငန်းတိုးချဲ့ရန် ပြောသော်လည်း တမ်မှာ တမင်တကာ နှောင့်နှေးနေခဲ့ ပေသည်။ လျန်ထျန်း ရင်းနှီးမြှုပ်နှံထားသည့် ငွေများကို တမ်က ကိုယ်ပိုင်ကုမ္ပဏီ၏ ရှယ်ယာဈေးကို မြှင့်တင်ရန် နှင့် အမြတ်ထုတ်ရန် အသုံးပြုနေကြောင်း တွေ့ရှိလိုက်သည်။

အီးဂဲလ်နိုင်ငံမှ စီးပွားရေးသမားများ၏ ထုံးစံအတိုင်း ငွေကြေး လောင်းကစားခြင်းဖြင့် အမြတ်ထုတ်ခြင်း ဖြစ် သည်။ ဤသို့ လုပ်ဆောင်ခြင်းမှာ စီးပွားရေး တည်ငြိမ်မှုကို ပျက်စီးစေသည်။ လျန်ထျန်းမှာ တမ်၏ ကျေးဇူးကန်း သော ဝံပုလွေစိတ်ကို သိရှိသွားသော်လည်း ရန်သူကို သတိမပေးမိစေရန် အသာလေး နေခဲ့သည်။ တမ်၏ ကုမ္ပဏီကို အသုံးချကာ အယ်လာမာနှင့် ရင်ဆိုင်ရန် အစီအစဉ်ဆွဲလိုက်သည်။

ပထမဆုံး တမ်၏ ကုမ္ပဏီကို ဈေးကွက်အတွင်း အရှိန်အဟုန်ဖြင့် တိုးဝင်လာစေပြီးနောက် ငွေကြေးသုံးစွဲမှု အများအပြားဖြင့် ဈေးကွက်ကို ထိုးဖောက်လိုက်လေသည်။ အယ်လာမာ၏ စီမံခန့်ခွဲမှု အဖွဲ့မှာ ချက်ချင်းပင် အစည်းအဝေး ခေါ်ယူလိုက်တော့သည်။

"ဘယ်ကောင်က ငါတို့ နယ်မြေမှာ လာပြီး ရိုင်းစိုင်းနေတာလဲ…။"

"ဘယ်အင်အားကြီးသူကများ ငါတို့ကို ဒုက္ခပေးဖို့ ကြိုးစားနေတာလဲ…။"

အစည်းအဝေးခန်းအတွင်း အယ်လာမာ၏ အဓိက အစုရှယ်ယာရှင် ဖြစ်သူ ရှန်းဝမ် ရောက်ရှိလာသည်။ သူသည် (၃၆) ရာခိုင်နှုန်း ရှယ်ယာကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး အယ်လာမာ၏ အဓိက တည်ထောင်သူလည်း ဖြစ်သည်။ ရှန်းဝမ်က ပတ်ဝန်းကျင်ကို အေးစက်စွာ ကြည့်လိုက်ပြီးနောက်၊

"ငါတို့ရဲ့ ရှယ်ယာရှင်သစ် ဘယ်မှာလဲ…။"

ဘေးတွင် ရှိနေသူတစ်ဦးက ဖြေကြားသည်။

"သူ အစည်းအဝေးကို တစ်ခါမှ ကိုယ်တိုင် မတက်ရောက်ဖူးပါဘူး၊ အမြဲတမ်း ကိုယ်စားလှယ်ပဲ လွှတ်ပါတယ်...။"

ထိုသို့ ပြောပြီးနောက် မစ္စတာဝမ်ကို ကြည့်လိုက်သည်။ မစ္စတာဝမ်က အပြုံးဖြင့် မိတ်ဆက်လိုက်လေသည်။

"ကျွန်တော်က သူ့ရဲ့ ကိုယ်စားလှယ်ပါ။ အယ်လ်မြို့တော်ရဲ့ အချမ်းသာဆုံး ကုမ္ပဏီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။"

ရှန်းဝမ်က ခေါင်းညိတ်ပြလိုက်လေသည်။

"နားလည်ပါပြီ။ သူက နာမည်ခံ သက်သက်ပဲပေါ့…။ မင်းကပဲ အမှန်တကယ် ပိုင်ရှင် ဖြစ်မှာပေါ့…။ မြို့ငယ်လေး တွေက စီးပွားရေးသမားတွေ အမြဲ လုပ်နေကျ အကွက်တွေပါပဲ။ တာဝန်ခံရမှာ ကြောက်လို့ တစ်ဖက်လူကို နာမည်ခံခိုင်းထားတာလေ၊ တကယ်ကို မောက်မာတဲ့ ကောက်ကျစ်သူတွေပဲ…။"

ရှန်းဝမ်၏ စကားသံမှ မြို့ငယ်လေးမှ လာသူများအပေါ် အထင်သေးသည့် အရိပ်အယောင် ထင်ရှားနေခဲ့ပေသည်။ အခြားသော အရာရှိများကလည်း ရှန်းဝမ်ကို ဖားယားရန် ကြိုးစားကြသည်။ အယ်လာမာအဖွဲ့မှာ မစ္စတာဝမ်ကို လုံးဝ အထင်သေးစွာ ဆက်ဆံခဲ့လေသည်။

ပန်တွမ့်ကျန်းက ရှယ်ယာများကို ရောင်းချလိုက်ပြီးနောက် ရှန်းဝမ်သည် ရှယ်ယာများကို ဝယ်ယူရန် ကြိုးစား သော်လည်း အကြိမ်ကြိမ် ငြင်းပယ်ခံခဲ့ရသည်။ ရှန်းဝမ်မှာ ယွမ်(၁၈၀,၀၀၀) အထိ ဈေးပေးသော်လည်း မရရှိခဲ့ ပေ။ ယနေ့ အစည်းအဝေးတွင် မစ္စတာဝမ်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဒုက္ခပေးရန် ကြိုးစားနေခြင်း ဖြစ်သည်။ အယ်လာမာ အဖွဲ့၏ ယနေ့ အစည်းအဝေးမှာ အတော်ပင် ထူးခြားသည့် ပြဇာတ်တစ်ခု ဖြစ်လာတော့မည် ဖြစ် သည်။

All Chapters