အခန်း ၂၅၈
Vol. 26 Ch. 258
အခန်း (၂၅၈)
အရင်းရှင်တို့၏ သဘောသဘာဝ
အယ်လာမာအဖွဲ့၏ အစည်းအဝေး ပြီးဆုံးသွားသည့်နောက် အထွေထွေမန်နေဂျာ ဝမ်မှာ အယ်လ်မြို့တော်သို့ လေကြောင်းဖြင့် ပြန်လည် ရောက်ရှိလာခဲ့သည်။ လေယာဉ်ပေါ်မှ ဆင်းသည်နှင့် လျန်ထျန်းက သူ့ကို ကိုယ်တိုင် လာရောက် ကြိုဆိုနေသည်ကို တွေ့လိုက်ရလေသည်။ နှစ်ဦးသား ကားပေါ်တက်ကာ ယာဉ်မောင်းအား အမိန့်ပေး လိုက်ပြီးနောက် နောက်ခန်းတွင် အကျိုးအကြောင်း စကားစမြည် ပြောဆိုလာခဲ့ကြသည်။
လျန်ထျန်းက ဦးစွာ ကျေးဇူးတင်စကား ပြောလိုက်လေသည်။
"အစ်ကိုဝမ်...၊ တကယ့်ကို ပင်ပန်းသွားပါပြီ…။ ဘီမြို့တော် ရုံးချုပ်မှာ အစည်းအဝေး တက်ဖို့အတွက် အခက် အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရမှာပါ...။"
"အစ်ကို့ကို အမြဲတမ်း ဒုက္ခပေးနေရလို့ တကယ်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမဲ့ တခြားသူကို လွှတ်ရ မှာလည်း စိတ်မချနိုင်လို့ပါ...။"
လျန်ထျန်း၏ စကားကို ကြားသောအခါ အထွေထွေမန်နေဂျာ ဝမ်က အပြုံးဖြင့် ပြန်ပြောသည်။
"ရပါတယ် ညီလေးလျန်။ ညီလေးရဲ့ ကိစ္စက ကိုယ့်ကိစ္စပါပဲ။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ညီလေးရဲ့ ရင်းနှီးမြှုပ်နှံမှုသာ မရှိခဲ့ရင် ဖော်ကျွန်းကော်ပိုရေးရှင်းက ကျဆင်းသွားခဲ့မှာပါ…။"
"ညီလေးကတော့ တကယ်ပဲ ရဲရင့်သူပါပဲ…။ တန်ဖိုးသန်းနဲ့ချီတဲ့ အုပ်စုကြီးကိုတောင် ပစ်မှတ်ထားရဲတယ်…။ မြေမြှုပ်ခံခါနီးဖြစ်နေတဲ့ အဖိုးကြီးတစ်ယောက်အနေနဲ့ ညီလေးရဲ့ သတ္တိကို ချီးကျူးရမှာပါ...။"
"ဒီအရွယ်ရောက်မှ ဒီလို စိတ်လှုပ်ရှားစရာ စီးပွားရေးစစ်ပွဲထဲ ပြန်ပါဝင်ရမယ်လို့ မထင်ထားခဲ့မိဘူး…။ စစ်မြေ ပြင်ကို ပြန်သွားတဲ့ စစ်သူကြီးဟောင်းတစ်ယောက်လိုပဲ ရှေ့တန်းကနေ တိုက်ပွဲဝင်ရသလိုပဲ…။"
"ဒါပေမဲ့ ညီလေး တကယ်ပဲ စိတ်မကောင်းဖြစ်နေရင်တော့ နောင်တစ်ချိန်မှာ အယ်လာမာအဖွဲ့ကို ညီလေး ထိန်း ချုပ်နိုင်ခဲ့တဲ့အခါ ရှယ်ယာအနည်းငယ်လောက်တော့ ချီးမြှင့်ပေးပါဦး…၊ ဟားဟားဟား...။"
မစ္စတာဝမ်၏ နောက်ဆုံးစကားမှာ နောက်ပြောင်ခြင်းသာ ဖြစ်သော်လည်း လျန်ထျန်းကမူ တည်ကြည်စွာဖြင့် ပြန်ပြောလိုက်လေသည်။
"အယ်လာမာအဖွဲ့ကို သိမ်းပိုက်ပြီးတဲ့အခါ ညီလေးက အစ်ကိုဝမ်ကို ရှယ်ယာ (၂၀) ရာခိုင်နှုန်း ပေးဖို့ စီစဉ်ထားပြီး သားပါ…။"
"ဒါတင်မကသေးဘူး၊ နောင်လာမည့် စီမံခန့်ခွဲမှုပိုင်းမှာလည်း အစ်ကို့ရဲ့ အကူအညီ လိုအပ်ပါသေးတယ်…။ အမှုဆောင်အရာရှိချုပ် နေရာကတော့ အစ်ကို့အတွက်ပဲ ဖြစ်ရပါမယ်…။"
ထိုစကားကို ကြားသောအခါ မစ္စတာဝမ်မှာ အံ့ဩသွားပြီး မျက်လုံးအဝိုင်းသားဖြင့် လျန်ထျန်းကို ကြည့်လိုက် လေသည်။
"ညီလေးလျန်...၊ ညီလေး... တကယ် ပြောနေတာလား…။"
"အယ်လာမာအဖွဲ့ရဲ့ ဈေးကွက်တန်ဖိုးက တစ်သန်းကျော်တယ်။ (၂၀) ရာခိုင်နှုန်းဆိုတာ နှစ်သိန်းကျော်တန်ဖိုးရှိ တာလေ…။"
"ညီလေးရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့တင် ဖော်ကျွန်းကော်ပိုရေးရှင်းရဲ့ တန်ဖိုးက (သောင်း) ဂဏန်းလောက်ပဲ ရှိတာကို ပဲ အစ်ကိုက ကျေနပ်နေတာပါ…။"
"အခုတော့ ဒီကိစ္စပြီးရင် ရှယ်ယာ နှစ်သိန်းဖိုးလောက်ကို တန်းပေးမယ်တဲ့လား…။ ညီလေး နောက်နေတာ မလား…။"
လျန်ထျန်းက ပြုံး၍ ပြန်ပြောလိုက်သည်။
"ညီလေး နောက်နေတာ မဟုတ်ပါဘူး။ စီးပွားရေးလောကမှာ အစ်ကိုက အတွေ့အကြုံရှိတဲ့ သူတစ်ယောက်ပါ..။"
"သူတို့တွေနဲ့ မတူတာက အစ်ကိုက ဘာမှမရှိရာကနေ စတင်ပြီး အယ်လ်မြို့တော်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာတဲ့အထိ ကိုယ်တိုင် ကြိုးစားလာတဲ့သူပါ…။"
"တချို့လူတွေလို သူတစ်ပါးရဲ့ ပခုံးပေါ်မှာ တက်ရပ်ပြီး မောက်မာပြီး သူတစ်ပါးကို အထင်သေးတတ်တဲ့သူတွေနဲ့ လုံးဝ မတူပါဘူး…။"
"သူတို့က ညီတို့ထက် ပိုမြင့်တဲ့ နေရာကနေ စတင်နိုင်ခဲ့လို့ ကံကောင်းတာပါ။ ဘယ်နေရာမှာပဲ ရောက်နေပါစေ၊ အလုပ်ကြိုးစားသူတိုင်းက လေးစားထိုက်သူတွေပါပဲ…။"
ထိုစကားများကို ကြားသောအခါ မစ္စတာဝမ်၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာသည်။
"ကောင်းလိုက်တဲ့ စကား...၊ ကောင်းလိုက်တာ...။"
"အယ်လာမာအဖွဲ့ရဲ့ အဓိက အစုရှယ်ယာရှင် နှစ်ဦးက ဒီအစည်းအဝေးမှာ ကိုယ်တိုင် တက်ရောက်လာကြ တယ်…။"
"အရင်က အစ်ကိုတို့ရဲ့ ရှယ်ယာတွေကို ဝယ်ချင်တဲ့အချိန်တုန်းက သူတို့က ကိုယ်စားလှယ်တွေကိုပဲ လွှတ်ပြီး အထင်ကြီးစရာ ကောင်းလောက်အောင် မောက်မာခဲ့ကြတာ…။"
"ဒီနေ့ သူတို့ကို တွေ့လိုက်ရတဲ့အခါ ပိုပြီးတောင် မောက်မာနေကြတယ်။ အစ်ကိုက အကြိမ်အနည်းငယ် ငြင်းပယ် လိုက်မိတာကိုပဲ အထင်သေးတဲ့ စကားလုံးတွေနဲ့ စော်ကားခဲ့ကြတယ်…။"
"အစ်ကို့ ကို မြို့ငယ်လေးက စီးပွားရေးလုပ်ငန်းရှင်လို့ ခေါ်ဝေါ်ပြီး အထင်သေးကြတယ်…။ အဲဒီအချိန်မှာ အစ်ကို ဘာမှ ပြန်မပြောနိုင်ဘဲ သည်းခံနေခဲ့ရတာပါ...။"
ခေတ္တမျှ ရပ်နားပြီးနောက် မစ္စတာဝမ်မှာ အသက်ကို ဝအောင် ရှူသွင်းလိုက်လေသည်။
"ငါတို့က သူတို့လို ကုမ္ပဏီကြီးကို ဘယ်လို ဝါးမြိုပစ်နိုင်တယ်ဆိုတာ လက်တွေ့ပြသဖို့ လိုအပ်နေပြီ…။"
လျန်ထျန်းက မစ္စတာဝမ်၏ ဆုံးဖြတ်ချက်ကို ခံစားမိပြီး ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်၊ ဒီအချိန်ကာလမှာ ဘယ်သူကမှ ဘယ်သူ့ထက် မနိမ့်ကျပါဘူး…။ ကျွန်တော်တို့လို မြို့ငယ်လေးက လာသူတွေလည်း အောင်မြင်မှု ကြီးကြီးမားမား ရနိုင်ပါတယ်…။"
ဖော်ကျွန်းကော်ပိုရေးရှင်း၏ ရုံးခန်းသို့ ရောက်သောအခါ မစ္စတာဝမ်က အစည်းအဝေးအတွင်း ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်ပြောပြခဲ့လေသည်။ လျန်ထျန်းက အာရုံစိုက် နားထောင်ပြီးနောက် စဉ်းစားဟန်ဖြင့် ပြောလိုက် သည်။
"ဒါဆိုရင်...၊ သူတို့က အစ်ကိုဝမ်ကိုပဲ အမှန်တကယ် ပိုင်ရှင်လို့ ယုံကြည်သွားတာပေါ့…။"
"ဒါဆိုရင်တော့ ကောင်းပါတယ်။ ညီလေးက နောက်ကွယ်မှာပဲ ဆက်လက် ပုန်းကွယ်နေပြီး အလုပ်တွေကို လုပ်ဆောင်နိုင်ပြီပေါ့…။"
"ဒါပေမဲ့ တစ်ခုတော့ ရှိသေးတယ်...။"
ခေတ္တမျှ စဉ်းစားပြီးနောက် လျန်ထျန်းက ဆက်ပြောသည်။
"သူတို့က ကျွန်တော်တို့ကို ဈေးကွက်ထဲကနေ ဖယ်ထုတ်ဖို့ ကြိုးစားကြလိမ့်မယ်…။ ရှယ်ယာတွေကို ရောင်းချဖို့ ဖိအားပေးတဲ့ နည်းလမ်းမျိုးစုံကိုလည်း သုံးလာနိုင်တယ်….။"
"အဲဒီအတွက် ကျွန်တော် တမ်ရဲ့ ကုမ္ပဏီကို အသုံးချပြီး အယ်လာမာအဖွဲ့အပေါ် ဖိအားပေးခိုင်းထားမယ်…။ သူတို့လည်း အလုပ်ရှုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့က အခွင့်အရေး ရသွားလိမ့်မယ်…။"
"အတွင်းကနေ ထောက်လှမ်းပြီး အပြင်ကနေ တိုက်ခိုက်ရင် ကျွန်တော်တို့က သူတို့ထက် မညံ့ပါဘူး။ ဒီတိုက်ပွဲမှာ ကျွန်တော်တို့ပဲ အနိုင်ရမှာပါ…။"
မစ္စတာဝမ်မှာ ခေတ္တမျှ စဉ်းစားပြီးမှ ပြောလိုက်လေသည်။
"အဲဒီ အီးဂဲလ်နိုင်ငံသားကိုတော့ သတိထားဖို့ လိုမယ်…။ သူက ရိုးရှင်းတဲ့သူ မဟုတ်ဘူး…။ သူက အစ်ကိုတို့နဲ့ လွယ်လွယ်ကူကူ ပူးပေါင်းပါ့မလား…။"
"အသုံးပြုပုံ မမှန်ရင် သူတို့ဆီက ပြဿနာတွေ တက်လာနိုင်တယ်။ အဲဒီအတွက် အမြဲတမ်း စိုးရိမ်နေမိတယ်...။"
မစ္စတာဝမ်၏ စိုးရိမ်မှုကို နားလည်သော လျန်ထျန်းက ပြုံးလျက် ပြန်ဖြေလိုက်လေသည်။
"စိတ်မပူပါနဲ့ အစ်ကိုဝမ်…။ အီးဂဲလ်နိုင်ငံသားတွေက ငွေကြေးလောင်းကစားတာကို နှစ်သက်ကြတယ်…။ သူတို့ ကိုယ်သူတို့ အတော်ဆုံးလို့ ထင်နေကြတာ…။"
"ဒါပေမဲ့ ကျွန်တော်တို့ တရုတ်စကားမှာ 'အီးဂဲလ်ကို တစ်သက်လုံး ကစားရင်တောင် နောက်ဆုံးမှာ မျက်စိကန်း သွားလိမ့်မယ်' ဆိုတဲ့ စကားပုံ ရှိတာ သူတို့ မသိကြဘူး…။"
ရက်အနည်းငယ်အကြာတွင် လျန်ထျန်းက တမ်၏ ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှု ထပ်မံ ပြုလုပ်လိုက်သည်။ ဈေး ကွက်ကို လျင်မြန်စွာ ချဲ့ထွင်နိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ ငွေကြေးသုံးစွဲခြင်းနှင့် ပို့ဆောင်ရေး ဝန်ထမ်း များကို အကျိုးအမြတ် ပေးခြင်းပင် ဖြစ်သည်။ မြင်းကို ပြေးစေချင်လျှင် မြင်းစာ ကျွေးရမည်ဆိုသည့် စကားအ တိုင်းပင်။
နှစ်ပေါင်းများစွာအတွင်း အယ်လာမာက ဝန်ထမ်းများ၏ သည်းခံနိုင်စွမ်းကို စမ်းသပ်လာခဲ့သည်။ အစပိုင်းတွင် ထောက်ပံ့ကြေးများ ပေးသော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း လျှော့ချခဲ့သည်။ နွေရာသီနှင့် ဆောင်းရာသီ တွင် ပေးရမည့် ထောက်ပံ့ကြေးများမှာလည်း တန်ဖိုး ကျဆင်းသွားခဲ့သည်။ ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ် သန်း ပြုတ်ကျသွားသည့် လက်ရှိကာလတွင်မူ ထိုထောက်ပံ့ကြေးများမှာ အလွန်တရာ အဓိပ္ပာယ်မဲ့သွားခဲ့ပြီ ဖြစ်သည်။
အစားအသောက် ပို့ဆောင်ရေးခမှာလည်း လျော့နည်းလာသည်။ အရင်က (၅) လီ၊ (၆) လီ ရရှိရာမှ (၃) လီ၊ (၄)လီ အထိ လျော့ကျသွားခဲ့လေသည်။ အယ်လာမာက ဝန်ထမ်းများကို အမြဲတမ်း စမ်းသပ်နေခဲ့ပေသည်။ အလုပ်သမားများ၏ သည်းခံနိုင်စွမ်းကို စမ်းသပ်ပြီးနောက် အမြတ်ထုတ်ခြင်းမှာ အရင်းရှင်တို့၏ သဘော သဘာဝသာ ဖြစ်သည်။ အလုပ်သမားများမှာမူ မမျှတသော ဆက်ဆံမှုကို သည်းခံနေရဆဲပင် ဖြစ်သည်။