← Chapters

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း (၂၅၉)

ပြီးပြည့်စုံသော ပိတ်ဆို့စက်ဝန်း

ပို့ဆောင်ရေးဝန်ထမ်းများ အစားအသောက် ပို့ဆောင်ပေးခြင်းမှာ အဆုံးစွန်အားဖြင့် မိမိတို့၏ လုပ်အားဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေကြခြင်းသာ ဖြစ်သည်။ တခြားကောင်းမွန်သော အခြားရွေးချယ်စရာ လမ်းကြောင်းများသာ ရှိခဲ့မည်ဆိုပါက မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ နေ့စဉ်ရက်ဆက် အစားအသောက် ပို့ဆောင်နေရန် မည်သူမျှ မလိုလားပေ။

သို့သော် အရင်းရှင်တို့၏ ရက်စက်စွာ အမြတ်ထုတ်မှုကို ခံနေရသည့်တိုင် အသက်မွေးရန်အတွက် မဖြစ်မနေ လုပ်ဆောင်နေကြရသည်။ အကယ်၍ မလုပ်ချင်ပါကလည်း ထွက်ခွာသွားနိုင်သည်၊ အစားထိုးမည့်သူများမှာ အမြဲတမ်း ပေါများနေတတ်သည်။ ထို့ကြောင့် အယ်လာမာက ဝန်ထမ်းများကို အမျိုးမျိုးသော နည်းလမ်းများဖြင့် အနိုင်ကျင့်နေခြင်းမှာ ထူးဆန်းသည့် ကိစ္စတော့ မဟုတ်ပေ။

အချို့သော အခြေအနေမျိုးတွင်သာ ထိုသို့ အမြတ်ထုတ်ခြင်း ရပ်တန့်သွားလေ့ရှိပြီး "ပြန်လှန်အမြတ်ထုတ်ခြင်း" သို့မဟုတ် "သိုးမွေး အမြတ်ထုတ်ခြင်း" ဟု ခေါ်ဆိုသည့် ဖြစ်ရပ်များ ပေါ်ပေါက်လာတတ်သည်။ လျန်ထျန်း၏ ရင်းနှီးမြှုပ်နှံမှုဖြင့် တမ်၏ ပို့ဆောင်ရေးကုမ္ပဏီ တရုတ်ဈေးကွက်သို့ ဝင်ရောက်လာခြင်းမှာ ထိုဖြစ်ရပ်ကို ပိုမို ပြင်းထန်လာစေသည်။

ယှဉ်ပြိုင်မှု ရှိလာသည့်အခါ ရွေးချယ်ပိုင်ခွင့်မှာ ပြည်သူလူထုလက်သို့ ပြန်လည် ရောက်ရှိသွားသည်။ တစ်ဖက် တွင် အယ်လာမာ၏ အမြတ်ထုတ်ခြင်း၊ လျှော့ချခြင်း၊ ဖိနှိပ်ခြင်းတို့ ရှိနေသလို၊ တစ်ဖက်တွင်လည်း ကုမ္ပဏီ အသစ်၏ ထောက်ပံ့ကြေးများ ရှိနေသည်။

ဤအခြေအနေမျိုးတွင် ဝန်ထမ်းများကို သစ္စာရှိရန် သို့မဟုတ် ပိုမိုကြိုးစားရန် ပြောဆိုခြင်းမှာ တရားမျှတမှု မရှိ ပေ။ လူတိုင်းမှာ အသက်မွေးရန် လိုအပ်နေကြသည်မဟုတ်ပါလား။ ရလဒ်အနေဖြင့် ငွေကြေးပိုပေးသည့်နေရာ တွင်သာ ဝန်ထမ်းများ လုပ်ကိုင်ကြလိမ့်မည်။

အလားတူပင် အယ်လာမာကဲ့သို့သော ပလက်ဖောင်းများတွင် အစားအသောက်မှာယူခ ပိုမိုမြင့်တက်လာသည့် အခါ တူညီသော အစားအစာကို ဈေးသက်သာစွာ ပေးဆောင်သည့် အက်ပလီကေးရှင်းအသစ် ပေါ်လာပါက ဖောက်သည်များအနေဖြင့် မည်သည့်အရာကို ရွေးချယ်မည်နည်း။ ကုန်သည်များအတွက်မူ အယ်လာမာ၏ ကော်မရှင်ခမှာ တဖြည်းဖြည်း မြင့်တက်လာသဖြင့် အမြတ်အစွန်းမှာလည်း နည်းပါးလာခဲလေသည်။

အမြတ်အစွန်း ရရှိနိုင်မည့် ပလက်ဖောင်းသစ်တစ်ခု ပေါ်လာပါက မည်သို့ ရွေးချယ်မည်ကို အထူးပြောရန် လို မည်မဟုတ်ပေ။ ဤသို့သော ပြည်သူတို့အတွက် အကျိုးရှိသည့် ပုံစံမျိုးဖြင့် ဈေးကွက်ကို ဖြည်းဖြည်းချင်း ချဲ့ထွင် ရန်မှာ မလွယ်ကူပေ။ အကြောင်းမှာ ငွေကြေးသုံးစွဲမှု အလွန် မြန်ဆန်လွန်းသောကြောင့် ဖြစ်သည်။

ယနေ့ခေတ်ကာလတွင် ယွမ် သောင်းဂဏန်း သုံးစွဲခြင်းမှာ ကုန်ဈေးနှုန်း မပြုတ်ကျမီက ယွမ် ဘီလီယံဂဏန်းနှင့် ညီမျှသည်။ သို့သော် လျန်ထျန်းမှာ စိုးရိမ်ခြင်း မရှိပေ။ အကြောင်းမှာ သူရရှိသည့် အစားအသောက် ပို့ဆောင်ခ မှာ ငွေကြေးတန်ဖိုး ကျဆင်းမှု၏ သက်ရောက်မှု မရှိသောကြောင့် ဖြစ်သည်။

ထို့ပြင် အယ်လာမာက ပြန်လည် တုံ့ပြန်သည့်အနေဖြင့် ဝန်ထမ်းများ၏ လုပ်ခလစာကို တိုးမြှင့်ပေးလိုက်ရသည်။ ဝန်ထမ်းများ မရှိပါက အမှာစာများ ပို့ဆောင်ပေးမည့်သူ မရှိတော့မည်ဖြစ်ရာ ဝန်ထမ်းများမှာ အရေးအကြီးဆုံး ဖြစ်သည်။ ဤအခြေအနေတွင် လျန်ထျန်း၏ ဝင်ငွေမှာလည်း တိုးတက်လာခဲ့လေသည်။

ဆိုလိုသည်မှာ လျန်ထျန်းသည် အယ်လာမာမှ ရရှိသည့် ငွေကြေးကို အခြားကုမ္ပဏီတစ်ခုတွင် ရင်းနှီးမြှုပ်နှံကာ ယှဉ်ပြိုင်မှု ပြုလုပ်လိုက်ခြင်း ဖြစ်သည်။ ယှဉ်ပြိုင်မှုကြောင့် အယ်လာမာက ဝန်ထမ်းများ၏ ဝင်ငွေကို တိုးပေးရ မည်၊ လျန်ထျန်း၏ ဝင်ငွေမှာလည်း တိုးလာပေမည်၊ ထိုငွေဖြင့်ပင် ထပ်မံ ရင်းနှီးမြှုပ်နှံမည်။ ဤသည်မှာ ပြီးပြည့် စုံသော ပိတ်ဆို့စက်ဝန်းပင် ဖြစ်သည်။

လျန်ထျန်းသည် ကိုယ်တိုင် ကုမ္ပဏီတွင် အဘယ်ကြောင့် မပို့ဆောင်သနည်းဟု မေးစရာ ရှိသည်။ သူ စမ်းသပ် ကြည့်ပြီးသော်လည်း အလုပ်မဖြစ်ခဲ့ပေ။ သူတွင် ရှိသည့် အယ်လာမာ အကောင့်တစ်ခုတည်းသာ အကျိုးသက် ရောက်မှု ရှိနေပေသည်။ အမှန်တကယ်တွင် ဖြတ်လမ်းဖြင့် ငွေရှာရန်မှာ မလွယ်ကူဘဲ ကြိုးစားအားထုတ်မှသာ အကျိုးအမြတ် ရရှိနိုင်မည် ဖြစ်သည်။ သို့

သော် ထိုကြိုးစားမှုမှာ မှန်ကန်သော လမ်းကြောင်းနှင့် နည်းလမ်းရှိရန် လိုအပ်ပေသည်။ လျန်ထျန်းသည် အယ်လ် မြို့တော်တွင် နေ့ညမပြတ် ရုန်းကန်ခဲ့သော်လည်း တစ်လလျှင် ယွမ် (၁၀,၀၀၀) ကျော် ရရှိရန် ခက်ခဲခဲ့သည်။ ဤ သည်မှာ အရင်းရှင်တို့၏ စနစ်ကြောင့်သာ ဖြစ်သည်။

လျန်ထျန်း၏ နည်းလမ်းမှာ ဝန်ထမ်းများ၏ ဝင်ငွေကို တိုးမြှင့်ပေးခြင်း၊ ဖောက်သည်များအတွက် ဈေးသက်သာ ခြင်း၊ ကုန်သည်များအတွက် အမြတ်ပိုရခြင်းဟူ၍ အားသာချက် သုံးခု ဖြစ်ပေါ်စေသည်။ အယ်လာမာမှာမူ စတင် ချိန်တွင် ပြိုင်ဘက်ကို လျှော့တွက်ခဲ့သည်။

အမှုဆောင်အရာရှိ ရှန်းဝမ်မှာ "ရက်သုံးဆယ်အတွင်း အဲဒီကုမ္ပဏီကို ပြိုလဲသွားစေရမယ်…။" ဟု ကြွေးကြော်ခဲ့ သည်။

သို့သော် သုံးလကြာပြီးနောက် ပြိုင်ဘက်မှာ တည်ငြိမ်စွာ ရှိနေဆဲ ဖြစ်သည်။ သူတို့ ငွေကြေး အများအပြား သုံးစွဲ ခဲ့ရသော်လည်း ပြိုင်ဘက်မှာလည်း မလျှော့တမ်း ရင်ဆိုင်နေခဲ့သည်။ အယ်လာမာအနေဖြင့် အခြေအနေမှာ ပိုမို ဆိုးရွားလာသည်ဟု ခံစားနေရတော့သည်။ ထို့ကြောင့် တမ်၏ ကုမ္ပဏီကို တိုက်ရိုက် ဝယ်ယူရန် ကြိုးပမ်းလာ ကြလေသည်။ ဤသည်မှာ ကုမ္ပဏီကြီးများ၏ အမြဲတမ်း သုံးသည့် နည်းဗျူဟာ ဖြစ်သည်။

အယ်လာမာက ယွမ် (၁၂၀,၀၀၀) အထိ ဈေးပေးခဲ့လေသည်။ ဤပမာဏမှာ ယခင်က ယွမ် ဘီလီယံ (၁၂၀) နှင့် ညီမျှပေသည်။ တမ်အတွက်မူ အလွန်တရာ ဆွဲဆောင်မှု ရှိသော ပမာဏ ဖြစ်သည်။ တမ်မှာ ရှယ်ယာ (၁၀) ရာခိုင်နှုန်းသာ ပိုင်ဆိုင်သော်လည်း ဤပမာဏ ရရှိပါက အီးဂဲလ်တွင် စိတ်အေးလက်အေး နေထိုင်နိုင်ပြီ ဖြစ်သည်။

မစ္စတာဝမ် စိုးရိမ်နေသည့် ကိစ္စမှာ ဖြစ်လာတော့မည်လော။ တမ်သာ ရှယ်ယာများကို ရောင်းချလိုက်ပါက အယ်လာမာတို့သည် ထိုရှယ်ယာကို အကြောင်းပြု၍ စာရင်းစစ်ရန် ဖိအားပေးလာလိမ့်မည်။ အရင်းရှင်တို့၏ ရက်စက်သော နည်းလမ်းများဖြင့် ဖျက်ဆီးခံလိုက်ရသည့် ပြည်တွင်း ကုမ္ပဏီများစွာ ရှိခဲ့သကဲ့သို့ လျန်ထျန်း မှာလည်း ဤအကျပ်အတည်းကို မည်သို့ ဖြေရှင်းမည်နည်း။

All Chapters