အခန်း ၂၆၀
Vol. 26 Ch. 260
အခန်း (၂၆၀)
ဒီနေရာက ငါတို့တရုတ်မြေ၊ မင်းကို ငါတို့ စိတ်ကြိုက်လုပ်လို့ မရဘူးလို့ ထင်နေသလား
လျန်ထျန်းသည် စာရွက်စာတမ်းတစ်ခုကို ကိုင်ဆောင်ကာ တစ်ယောက်တည်း တီးတိုး ပြောဆိုနေသည့် တမ်ကို တွေ့လိုက်ရလေသည်။
"ငါ ချမ်းသာပြီ၊ ငါ ချမ်းသာပြီ...။ တရုတ်နိုင်ငံမှာ ပိုက်ဆံရှာရတာ တကယ်ပဲ လွယ်ကူလွန်းတယ်…။"
"အစကတော့ အမြတ်အစွန်းလေး နည်းနည်းပါးပါး ရရုံနဲ့ ပြန်သွားဖို့ပဲ စိတ်ကူးခဲ့တာ…။ ဒါပေမဲ့ ဘယ်ကရောက် လာမှန်းမသိတဲ့ သူဌေးကြီးက ငါ့ဆီလာပြီး ယွမ် ထောင်ဂဏန်း ရင်းနှီးမြှုပ်နှံပေးလိမ့်မယ်လို့ မထင်ထားမိဘူး…။"
"ဒီငွေတွေကို အသုံးပြုပြီး လုပ်ငန်းလည်ပတ်တဲ့အခါ ငွေအများကြီး ရလိုက်တယ်…။ ယွမ် တစ်ရာကျော်လောက် တောင် ရလိုက်တာ၊ ငါ့မျှော်လင့်ချက်ထက် အများကြီး ပိုသာလွန်နေတယ်။ ဘုရားသခင်က ငါ့ကို ကောင်းချီးပေး တာပဲ…။"
တမ်သည် စာရွက်များကို ကြည့်ကာ ပျော်ရွှင်စွာ ပွတ်သပ်နေရင်း ဆက်ပြောနေခဲ့သည်။
"ဒါပေမဲ့ ငါ လုံးဝ မမျှော်လင့်ထားတာက တခြား တရုတ်နိုင်ငံရဲ့ အင်အားကြီး ကုမ္ပဏီတစ်ခုက ငါ့ဆီကို ရောက် လာပြီး ရှယ်ယာအားလုံးကို ယွမ် နှစ်သောင်းနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းလာတာပဲ…။"
"ကုမ္ပဏီမှာ ရှယ်ယာ (၁၀) ရာခိုင်နှုန်းပဲ ကျန်တော့ပေမဲ့ ယွမ် နှစ်ထောင် ရဦးမှာ…။ ဒါဆိုရင် အီးဂဲလ်နိုင်ငံကို ပြန်ပြီး စိတ်အေးလက်အေးနဲ့ နေလို့ရပြီ…။"
"တကယ်ကို မိုက်တယ်…၊ ဘုရားသခင်က ငါ့ကို အမြဲ စောင့်ရှောက်နေတာပဲ...။"
သို့သော် တမ်၏ စကား မဆုံးမီ လျန်ထျန်း၏ အသံကို သူ၏ နောက်ကျောဘက်မှ ကြားလိုက်ရသည်။
"တမ်ငယ်လေး၊ မင်းကတော့ တကယ်ကို တစ်မျိုးပဲ…။ ငါ ဘာမှတောင် မပြောရသေးဘူး…၊ မင်းက ရှယ်ယာ တွေကို ရောင်းပြီး စိတ်အေးလက်အေး ပြန်နေဖို့ ကြံစည်နေပြီပေါ့လေ…။"
ထိုအသံကို ကြားသောအခါ တမ်မှာ ထိတ်လန့်သွားသည်။ သူသည် ပျော်ရွှင်နေလွန်း၍ ရုံးခန်းတံခါး ဖွင့်သံကိုပင် မကြားလိုက်မိပေ။ လှည့်ကြည့်လိုက်သောအခါ လျန်ထျန်း ရပ်နေသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် မတ်တပ်ရပ်လိုက်သည်။
သူသည် အလေ့အကျင့်အတိုင်း ခါးကိုင်းရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကို သတိရသွားကာ တစ်ဝက်တစ် ပျက်နှင့် ရပ်တန့်လိုက်သည်။ ထို့နောက် လျန်ထျန်းကို ကြည့်ကာ မောက်မာစွာ ရယ်မောလိုက်လေသည်။
"လျန်...၊ ဒီတစ်ခါတော့ မင်းပဲ အမြတ်အများဆုံး ရသွားတာပေါ့…၊ မင်း တကယ်ကို ကံကောင်းတာပဲ…။"
"ယွမ် ထောင်ဂဏန်း ရင်းနှီးပြီး ယွမ် နှစ်သောင်းနီးပါး ရသွားပြီ၊ မင်း တကယ်ပဲ ဝမ်းသာနေမှာပေါ့…။"
"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ လိမ္မာပါးနပ်မှုဆိုရင်တော့ မင်းတို့ တရုတ်လူမျိုးတွေက ပိုကျွမ်းကျင်ကြတယ်…။ အရင်က မင်းကို ရှယ်ယာတွေ အများကြီး ရောင်းမိတာ ငါ နောင်တ ရနေပြီ…၊ ဟားဟားဟား...။"
တမ်၏ ရယ်မောသံ မဆုံးမီ လျန်ထျန်းက အသံကို တိုးဖျော့စွာဖြင့် ဖြတ်ပြောလိုက်သည်။
"ငါက ရှယ်ယာတွေကို မရောင်းဘူးလို့ ပြောရင်ကော...။"
ထိုစကားကြောင့် တမ်မှာ အံ့ဩသွားပြီး မယုံကြည်နိုင်စွာဖြင့် ရယ်မောလိုက်သည်။
"လျန်... မင်း နောက်နေတာ မဟုတ်ဘူးမလား…။ အဲဒါ ယွမ် နှစ်သောင်းနော်…။"
လျန်ထျန်းက တည်ကြည်စွာဖြင့် ဆက်ပြောသည်။
"ငါ နောက်နေတာ မဟုတ်ဘူး..၊ ငါ မရောင်းဘူး…။ မင်းကိုလည်း ရောင်းခွင့် မပြုဘူး…။"
တမ်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားသည်။ သူသည် မျက်လုံးကို ကျဉ်းမြောင်းစွာ ကြည့်လိုက်ပြီး..၊
"ရှယ်ယာတွေက ငါ့လက်ထဲမှာ ရှိတာ…၊ မင်းရဲ့ အကြံဉာဏ်က အရေးမပါဘူး…။"
"မင်း ဘာတွေ တွေးနေတာလဲ ငါ နားမလည်ဘူး…။ အခွင့်အရေး ရနေတာကို ဘာလို့ ငွေမရှာချင်ရတာလဲ…။"
"မင်း ငါ့ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံတုန်းကလည်း ငွေရှာဖို့ မဟုတ်ဘူးလား…၊ အခု အခွင့်အရေး ရနေတာကို ဘာလို့ လက်လွှတ်ရမှာလဲ….။"
"ငါ့ကုမ္ပဏီ မရှိရင် မင်းအနေနဲ့ အစားအသောက် ပို့ဆောင်ရေး လုပ်ငန်းကို သုညကနေ စတင်ဖို့ လွယ်မှာ မဟုတ် ဘူးဆိုတာ မမေ့နဲ့…။"
"ငါ့ရဲ့ အခြေခံ အုတ်မြစ်နဲ့ အတွေ့အကြုံတွေ ရှိလို့သာ မင်း ဒီလောက် မြန်မြန် ချဲ့ထွင်နိုင်ပြီး အဲဒီ အင်အားကြီး သူရဲ့ အာရုံစိုက်မှုကို ခံရတာလေ…။"
"မင်းတို့ တရုတ်စကားနဲ့ ပြောရရင်တော့ မင်းအတွက် မရှိမဖြစ်တဲ့ အလုပ်ကို ငါ လုပ်ပေးခဲ့တာပဲ...။"
တမ်က ခေတ္တမျှ ရပ်နားပြီးနောက် လေသံကို လျှော့ချကာ ဆက်ပြောသည်။
"လျန်...၊ မင်းကို ငါ ရိုးသားစွာ အကြံပေးချင်တာက ရောင်းလိုက်ပါ…။ အဲဒီငွေက မင်း တစ်သက်လုံး သုံးလို့ မကုန်နိုင်ပါဘူး။"
"မင်း တကယ်ပဲ အရင်းရှင်ကြီးတွေနဲ့ ရင်ဆိုင်ပြီး တရုတ်ဈေးကွက် တစ်ခုလုံးကို သိမ်းပိုက်ဖို့ ကြိုးစားနေတာ လား…။ မင်း ရှုံးဖို့ပဲ ရှိတာပါ…၊ ဘာအဓိပ္ပာယ် ရှိလို့လဲ…။"
"ငါ ပြောတာ မင်းကောင်းဖို့အတွက်ပါ...။"
လျန်ထျန်းက အေးစက်စွာ ရယ်မောပြီး ဖြတ်ပြောလိုက်သည်။
"မင်း ငါ့အတွက် အများကြီး လုပ်ပေးခဲ့တယ်….။ အကုန်လုံး ငါ့ကောင်းဖို့အတွက်လား…။"
"မင်း ငါ့ရင်းနှီးမြှုပ်နှံငွေကို သုံးပြီး ငွေကြေးဈေးကွက်မှာ လောင်းကစား လုပ်ခဲ့တာ မဟုတ်လား…။ အဲဒီကနေ မင်း ကိုယ်ပိုင် အမြတ်အများကြီး ရခဲ့တယ် မဟုတ်ဘူးလား…။"
"အကယ်၍သာ ကုမ္ပဏီကြီးတစ်ခုက ရှယ်ယာတွေကို ဈေးကောင်းပေးပြီး ဝယ်မချင်ရင် မင်းက ဒီထက် ပိုဆိုး တဲ့ ကောက်ကျစ်မှုတွေကို ဆက်လုပ်နေဦးမှာပဲ…။"
လျန်ထျန်းက အသံကို မြှင့်လိုက်သည်။
"ဒါပေမဲ့ ငါ အခု ပြောမယ်၊ တရုတ်ပြည်က ပိုက်ဆံဆိုတာ မင်းတို့ နိုင်ငံခြားသားတွေ ယူဖို့ လွယ်တဲ့အရာ မဟုတ် ဘူး…။"
"မင်းကို အရင်က ဒီအတိုင်း လွှတ်ထားပေးတာက ဒီအချိန်အတွက်ပဲ…။ အစ်ကိုလီ...၊ ဝင်လာခဲ့ပါ…။"
လျန်ထျန်း ပြောပြီးသည်နှင့် တံခါးပွင့်လာပြီး ရဲအရာရှိများ ဝင်ရောက်လာကြသည်။ လျန်ထျန်းနှင့် ရင်းနှီးသည့် ရဲမှူးကြီး လီက ရှေ့ဆုံးမှ ဦးဆောင်လာသည်။ ရဲအရာရှိများက တမ်အား ဝိုင်းဝန်း ဖမ်းဆီးလိုက်ပြီး လက်ထိတ် ခတ်လိုက်တော့သည်။ တမ်မှာ အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း မကြာမီပင် ဒေါသထွက်ကာ အော်ဟစ် လိုက်လေသည်။
"ခင်ဗျားတို့ ဘာလုပ်တာလဲ….။ ကျွန်တော်က အီးဂဲလ်နိုင်ငံသား…၊ ခင်ဗျားတို့ ကျွန်တော့်ကို ဖမ်းလို့မရဘူး…။"
"ခင်ဗျားတို့ တရုတ်စည်းမျဉ်းတွေက ကျွန်တော့်ကို မထိန်းချုပ်နိုင်ဘူး…၊ ကျွန်တော့်ကို လွှတ်ပေး…။"
နိုင်ငံခြားသား အနည်းငယ်မှာ တရုတ်နိုင်ငံအပေါ် နားလည်မှုလွဲမှားနေတတ်ကြလေသည်။ သူတို့မှာ နိုင်ငံခြားသား ဖြစ်သည့်အတွက် အထူးအခွင့်အရေး ရသင့်သည်ဟု ထင်နေကြခြင်းဖြစ်သည်။ ရဲမှူးကြီး လီက သူ့ကို အေးစက် စွာ ကြည့်လိုက်လေသည်။
"ငါတို့ မြေပေါ်မှာ ငါတို့ မင်းကို ဘာမှ လုပ်လို့ မရဘူးလို့ ထင်နေတာလား…။ တရုတ်ပြည်က ဥပဒေမဲ့တဲ့ နေရာ လို့ ထင်နေတာလား…။"
"မင်းကို ငွေကြေးဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်မှုနဲ့ တရားဝင် ဖမ်းဆီးကြောင်း ကြေညာလိုက်တယ်…။"
တမ်မှာ နောက်ဆုံးအနေဖြင့် အော်ဟစ်နေသေးသည်။
"ငါ အီးဂဲလ် သံရုံးကို ဆက်သွယ်မယ်….၊ သူတို့ ငါ့ကို လွှတ်ပေးလိမ့်မယ်။ ခင်ဗျားတို့ တရုတ်တွေမှာ အီးဂဲလ် နိုင်ငံသားကို ဖမ်းဖို့ အခွင့်အရေး မရှိဘူး…။"
လျန်ထျန်းက တမ်၏ ပခုံးကို ပုတ်ကာ ဖုန်းထဲမှ အထောက်အထားများကို ပြသလိုက်လေသည်။
"ဒီမှာ ကြည့်၊ ဒါ မင်း ကျူးလွန်ခဲ့တဲ့ အထောက်အထားပဲ…။ ဘယ်သူက မင်းကို ကာကွယ်ရဲမှာလဲ….။"
"မင်း လုပ်ရပ်က ဘာနဲ့ တူလဲ သိလား…၊ အိမ်ထဲဝင်ပြီး ခိုးတဲ့ သူခိုးနဲ့ ဘာမှ မခြားနားဘူး…။"
"မင်းတို့နိုင်ငံမှာ အိမ်ထဲ တရားမဝင် ဝင်လာရင် ပိုင်ရှင်က သတ်ပစ်ရင်တောင် တရားဝင်တယ် မဟုတ်လား…။"
"အခု တရုတ်ပြည်မှာ ရောက်နေတာကိုပဲ ကျေးဇူးတင်လိုက်ပါ။ ငါတို့က ယဉ်ကျေးတဲ့သူတွေမို့ မင်း အသက်ရှင် နေရတာ…။ ဒါပေမဲ့ ထောင်ကျဖို့တော့ သေချာတယ်….။"
"မင်း နောက်ဘဝမှာလည်း တရုတ် ပညာရေးစနစ်ထဲမှာပဲ ဆက်နေပြီး 'အီးဂဲလ်နိုင်ငံ' ကို မပြန်မိဖို့ ကြိုးစား တော့…။"
အထောက်အထားများကို မြင်လိုက်ရသောအခါ တမ်မှာ ကြောက်ရွံ့လာသည်။ သူသည် လျန်ထျန်းကို တောင်းပန် စပြုလာခဲ့လေသည်။
"မစ္စတာလျန်...၊ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ...။"
"ကျွန်တော့်ကို ဒီတစ်ခါလွှတ်ပေးပါ….။ ကျွန်တော့် ရှယ်ယာတွေကို ပေးပါ့မယ်…၊ ကျွန်တော် ခိုးထားတဲ့ ပိုက်ဆံ တွေကိုလည်း ပြန်ပေးပါ့မယ်...။ ထောင်ထဲတော့ မပို့ပါနဲ့...။"
လျန်ထျန်းက ခေါင်းခါလိုက်သည်။
"မင်းကို ထောင်ထဲ မပို့ဘဲ မနေနိုင်ဘူး။ ရာဇဝတ်မှုက ကျူးလွန်ပြီးသွားပြီ။ လူတိုင်းက ကိုယ့်လုပ်ရပ်အတွက် ပေးဆပ်ရမှာပဲ….။"
"မင်းသာ တကယ် နောင်တရရင်တော့ ပြစ်ဒဏ် လျော့ပေါ့ပေးဖို့ စဉ်းစားပေးလို့ ရပါတယ်…။"
အထောက်အထားများ ပေါ်လာသောအခါ တမ်မှာ အခြားရွေးချယ်စရာ မရှိတော့ပေ။ ထိုသို့ဖြင့် လျန်ထျန်းသည် ပို့ဆောင်ရေးကုမ္ပဏီ၏ ရှယ်ယာအားလုံးကို ရရှိသွားခဲ့ပြီး အယ်လာမာနှင့် စစ်ပွဲကို ဆက်လက် ဆင်နွှဲတော့သည်။