← Chapters

အခန်း ၁၁၄၂

Vol. 77 Ch. 1142

အခန်း ၁၁၄၂

Vol. 77 Ch. 1142

အခန်း (၁၁၄၂) အဓိကရလာဒ်

"အဲ၊ ဟုတ်တယ်။ သခင်လေးရဲ့ အကြံကောင်းတယ်။ ငါဘာလို့ ဒါကိုမစဉ်းစားမိတာလဲ"

ထိုနည်းလမ်း အလုပ်ဖြစ်နိုင်ကြောင်း ကျင်းချိုင်ဝေ ချက်ချင်းနားလည်လာသည်။ တံဆိပ်တစ်ခုထုတ်ပြီး ချုန်းချီမျိုးနွယ်ခေါင်း‌ဆောင်ကို ဆက်သွယ်၍ ဗုဒ္ဓနိုင်ငံမှ ချုန်းချီမျိုးနွယ်တာဝန်ခံကို လာတွေ့ဖို့ပြောသည်။

သခင်ရှီ တံတွေးကိုကျိတ်မျိုချသည်။ ဘိုးဘေးငယ် ခုနက သူ့ရှေ့မှလူကို ဘယ်လိုခေါ်လိုက်သည်မသိ။ သခင်လေး...

အပြင်လောကတွင် နာမည်ကြီးနေသည့် ကောင်းကင်ရုံးတော်သခင်လေးလားမသိ။

"ရပြီ၊ ဒီမှာ နင်လုပ်စရာဘာမှမရှိတော့ဘူး။ သွားလို့ရပြီ"

ကျင်းချိုင်ဝေ သခင်ရှီကို နှင်ထုတ်လိုက်သည်။

"ဟုတ်ကဲ့ပါ"

ကျင်းအန်းမြို့တော်တွင် သခင်ရှီသည် ထိပ်တန်းစွမ်းအားရှင်ငါးယောက်ထဲတွင် အပါအဝင်ဖြစ်သည်။ လေနှင့်မိုးကိုဆင့်ခေါ်နိုင်သည်။ သို့သော် ဘိုးဘေးငယ်ဖြစ်စေ လုယန်ဖြစ်စေ သူ့ထက်အဆင့်များစွာမြင့်သည်။

သူတို့ဘေးတွင်နေရသည်မှာ သခင်ရှီအတွက် အတော်ဖိအားများသည်။ ထွက်သွားခွင့်ရသည်က ပိုကောင်းသည်။

လုယန်ခေါင်းခါသည်။ သခင်ရှီ၏စိတ်ဓာတ်သည် မခိုင်မာသေး။ ရွှေသန္ဓေအဆင့်တွင် ရပ်နေသည်မှာ မဆန်းလှ။

သူအခြေတည်အဆင့်တွင် ရှိခဲ့စဉ်က နတ်မယ်နှင့် နေ့တိုင်းအတူနေသည်။ ဘာဖိအားမှမခံစားရ။

ချုန်းချီခေါင်း‌ဆောင်ကျင်းချွဲ့က အတော်စွမ်းဆောင်ရည်ကောင်းသည်။ ကျိန်စာပေါ်ခဲ့သည့်အချိန်တစ်ဝိုက်မှ မှော်ဖန်လုံးဝယ်ယူသူစာရင်းကို ချက်ချင်းရသည်။

"အဲဒီအချိန်က မှော်ဖန်လုံးအများကြီးဝယ်တဲ့လူ ခုနစ်ယောက်ရှိတယ်"

စာရင်းကိုရပြီးနောက် လုယန် စဉ်းစားသည်။ တစ်ခြားဘာမှရွေးချယ်စရာမရှိ။ တစ်ယောက်ချင်းစုံစမ်းဖို့သာရှိသည်။

"ဒီနေရာနဲ့ အနီးဆုံးက ဘယ်သူဖြစ်မလဲ။ အင်း..ဒီတစ်ယောက်ဖြစ်မယ်။ ဟုန်ဖာဘုံကျောင်းက ကိုယ်တော်တစ်ယောက် မှော်ဖန်လုံးငါးရာ ဝယ်ခဲ့တယ်"

"ဒီကိုယ်တာ်က ဘာလို့ဒီလောက်အများကြီးဝယ်တာလဲ"

"သွားစစ်ဆေးကြည့်တာပေါ့"

"ကောင်းကောင်းနေပါ။ လူတွေကို သရဲမနဲ့ နေ့တိုင်းခြောက်လှန့်မနေနဲ့"

ကျင်းချိုင်ဝေက သခင်ရှီကို သတိပေးပြီး ကျားရုပ်အသွင်ပြောင်း၍ လုယန်ဝတ်ရုံဖြူပေါ် ပြန်ဝင်သွားသည်။ သခင်ရှီ အထပ်ထပ်ခေါင်းငြိမ့်သည်။

"ဒါပေမယ့် ကြောက်စရာအိပ်မက်ရေပွက်ဇာတ်လမ်းတွေ ဖန်တီးမယ့်စိတ်ကူးကတော့ ကောင်းပါတယ်။ အဲဒီ့အပိုင်းကို ဆက်လေ့လာပါ"

လုယန်က ပြောသည်။ သခင်ရှီ၏စိတ်ကူးက တကယ်ကောင်းသည်။ သူရသည့်ဝိညာဉ်ကျောက်ကောက်မရှင်ကြေးဖြင့်ပင် နတ်ဝိညာဉ်အဆင့်သို့ တက်နိုင်လောက်သည်။

...

ဟုန်ဖာဘုံကျောင်း။ လျှို့ဝှက်ခန်း။

"ညီလေးကျစ်ကျဲ။ ဒီတစ်ခါ ကျောင်းထိုင်ကိုယ်တော်ရွေးပွဲမှာ မင်းအလိုက်တသိနဲ့ ကိုယ့်ဘာသာထွက်သွားရင်ကောင်းမယ်။ မင်းရမယ့်နေရာ ငါ့ကိုအသာတကြည့်လွှဲပေးရင် မင်းရဲ့အဆင့်မြင့်ဗုဒ္ဓကိုယ်တော်ပုံရိပ်ကိုလည်း ဆက်ထိန်းထားနိုင်မှာပါ"

ထိုစကားကြောင့် ကိုယ်တော်ကျစ်ကျဲ အံ့အားသင့်သွားသည်။ ထို့နောက် ဟာသတစ်ခု ကြားလိုက်ရသကဲ့သို့ အော်ဟစ်ရယ်မောနေသည်။

"ကျုပ်က နေရာဖယ်ပေးရမယ်ပေါ့။ အကိုကျစ်ခိုင်နဲ့ ရင်းနှီးတာကြာခဲ့ပြီ။ အကိုဒီလောက် ဟာသဉာဏ်ရွှင်မယ်လို့ ထင်မထားဘူး။

ကျုပ်တို့ကျင့်စဉ်အဆင့်ချင်း အတူတူပဲလေ။ စုစည်းခြင်းအခြေခံအဆင့်တွေပါ။ အကို့ရဲ့ ဗုဒ္ဓကျမ်းစာအသိက ကျုပ်ထက်ဘယ်တုန်းက သာခဲ့ဖူးလို့လဲ။

ဟုန်ဖာဘုံကျောင်းမှာ အကို့ကိုထောက်ခံတဲ့ကိုယ်တော် ဘယ်လောက်များများရှိလို့လဲ။ ကျောင်းထိုင်နေရာက သေချာပေါက် ကျုပ်ပဲရမှာပါ"

"ဟာသတဲ့လား...။ ညီလေးကျစ်ကျဲက မှတ်ဉာဏ်မကောင်းဘူးထင်တယ်။ ငါသတိပေးဖို့လိုသေးလား။ လွန်ခဲ့တဲ့တစ်လက ကိုယ့်ကျင့်သီလချိုးဖျက်ပြီး လူချမ်းသားမိသားစုက သခင်မလေးတစ်ယောက်နဲ့ မင်းဖောက်ပြန်ခဲ့တယ်လေ"

ကျစ်ကျဲ အံ့အားသင့်သွားသည်။ ကိုယ်တော်ကျစ်ခိုင်ကို မယုံနိုင်သည့်မျက်လုံးများဖြင့် ကြည့်နေသည်။

"မဖြစ်နိုင်ဘူး။ မင်းဒီအကြောင်းဘယ်လိုသိတာလဲ"

"သိရုံတင်ဘယ်ကမလဲ။ မှော်ဖန်လုံးနဲ့ပါ မှတ်တမ်းယူထားတယ်။ မင်းကြည့်ချင်လား"

ကျစ်ကျဲပြန်အဖြေကို မစောင့်တော့ဘဲ ကျစ်ခိုင်က အင်္ကျီလက်ထဲမှ မှော်ဖန်လုံးတစ်ခု ထုတ်လိုက်သည်။ ကျစ်ကျဲ၏ ဖောက်ပြန်နေသည့်မြင်ကွင်း ပေါ်လာသည်။

သက်သေက ငြင်းမရ။

ဤမှော်ဖန်လုံးရှိနေလျှင် ကျောင်းထိုင်ကိုယ်တော်နေရာကို ကျစ်ကျဲဝင်ပြိုင်နိုင်တော့မည်မဟုတ်။

"ဖျောင်း"

မှော်ဖန်လုံးကို ကျစ်ကျဲ ဒေါသတကြီးရိုက်ခွဲလိုက်သည်။

"ငါ့မှာ ဒီမှော်ဖန်လုံးတစ်ခုတည်းရှိတယ်လို့ မင်းတွေးနေတာတော့ မဟုတ်ဘူးမို့လား"

ကျစ်ခိုင် ခပ်ညှင်းညှင်းရယ်လိုက်သည်။ မှော်လက်စွပ်ထဲမှ မှတ်တမ်းမှော်ဖန်လုံးတစ်ရာ ထွက်လာသည်။ ဖောက်ပြန်သည့်မြင်ကွင်းကို တစ်ပြိုင်တည်းပြနေသည်။

"တစ်လုံးခွဲလို့ အားမရသေးရင် ဒီဟာတွေအားလုံး မင်းရိုက်ခွဲလို့ရပါတယ်။ ငါ့မှာမှော်ဖန်လုံး ဘယ်လောက်ရှိနေလဲ မင်းမှန်းကြည့်ပေါ့"

ကျစ်ခိုင် ခပ်အေးအေးလေသံဖြင့်ပြောသည်။

ကျစ်ကျဲက ဒေါသထွက်နေသည့်နွားရိုင်းတစ်ကောင်လို နီရဲနေသည့်မျက်လုံးများဖြင့် ကျစ်ခိုင်ကို စိုက်ကြည့်သည်။

"ကောင်းပြီလေ၊ ငါအရှုံးပေးပါတယ်။ ဒါပေမယ့် ဒီမှော်ဖန်လုံးတွေတော့ အပြင်ကိုမပြန့်စေနဲ့"

"ကောင်းပါပြီ"

ကျစ်ခိုင် ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။ ကျစ်ကျဲထိုသိုလုပ်မည်ကို သူကြိုတင်ခန့်မှန်းမိပြီးဖြစ်သည်။ ထိုသို့ဖြစ်အောင်လည်း သူ့တပည့်ကိုယ်တော်လေးတစ်ယောက်ကို မှော်ဖန်လုံးမှတ်တမ်းများရာချီ၍ မိတ္တူပွားခိုင်းထားခြင်းဖြစ်သည်။

"မင်းမှာ မှော်ဖန်လုံးလေးရာကျန်သေးတယ်ထင်တယ်"

တတိယစကားသံ လျှို့ဝှက်ခန်းထဲတွင် ဟိန်းထွက်သွားသည်။

"ဘယ်သူလဲကွ"

ကိုယ်တော်နှစ်ယောက် ရင်ထိတ်သွားသည်။ ဤနေရာသည် ဟုန်ဖာဘုံကျောင်း၏ လျှို့ဝှက်ခန်းဖြစ်သည်။ အပြင်လူက ဘယ်လိုဝင်လာသည်မသိ။

ဟုန်ဖာဘုံကျောင်းကိုယ်တော်လေး၏ သဲလွန်စနောက်လိုက်ရင်း သူဤနေရာသို့ ရောက်လာခြင်းဖြစ်သည်။

"မင်းတို့နှစ်ယောက် ငါနဲ့အတူ အနောက်မိုးပျံဘုံကျောင်းကို လိုက်ခဲ့ပါ"

လုယန်ကပြောသည်။ ဗုဒ္ဓနိုင်ငံနှင့်ပတ်သက်သည့်ကိစ္စဖြစ်၍ မိုးပျံဘုံကျောင်း ကိုင်တွယ်ဖြေရှင်းသည်က အကောင်းဆုံးဖြစ်လိမ့်မည်။

လုယန်အကြည့်က ကျစ်ခိုင်ဆီရောက်သွားသည်။ မှတ်တမ်းရိုက်ကူးထားသည့် ရှုထောင့်အရ ဤကိစ္စသည် ကျစ်ကျဲသီလပျက်အောင် ကြိုတင်ကြံံစည်ထားခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။

ထိုကဲ့သို့ကိုယ်တော်မျိုးက ကျောင်းထိုင်ဖြစ်လာလျှင် အဆင်မပြေနိုင်။

"စကားကြီးစကားကျယ်ပြောနေတာပဲ"

ကိုယ်တော်နှစ်ယောက်လုံး ထိတ်လန့်သွားသည်။ ဤကိစ္စ မိုးပျံဘုံကျောင်းသိသွား၍ လုံးဝမဖြစ်။

သူတို့ကျင့်စဉ်စွမ်းအားကို အပြည့်အဝထုတ်လွှတ်လိုက်သည်။ လျှို့ဝှက်ခန်း တုန်ခါလာသည်။

"စန်ဟွမ်ကောင်းကင်လက်သီး"

"နတ်ဆိုးချုပ် ဆယ့်ရှစ်ကွက်"

"နှစ်ယောက်လုံး စုစည်းခြင်းအခြေခံအဆင့်တွေလား။..ဟား.."

လုယန်လေသံက အတက်အကျမရှိ။

"ဒီနေရာမှာ စည်းမျဉ်းသတ်မှတ်မယ်။ - ဒီလျှို့ဝှက်ခန်းထဲမှာ ဝိညာဉ်စွမ်းအား မသုံးနိုင်စေရ"

ဝိညာဉ်စွမ်းအား အထောက်အပံ့မရှိသဖြင့် ကိုယ်တော်နှစ်ယောက်၏တိုက်ကွက်များ လမ်းခုလတ်တွင် ပျက်စီးသွားသည်။ အခန်းတစ်ခုလုံး ပြန်လည်ငြိမ်သက်လာသည်။

ကိုယ်တော်နှစ်ယောက် မျက်လုံးပြူးသွားသည်။

"ဒီလိုစွမ်းအင်ဖိအားမျိုးက...မင်း မင်းက စုစည်းခြင်းအဆင့်မဖြစ်နိုင်ဘူး။ မင်းဘယ်သူလဲ"

....

"ဒုတိယသူတော်။ ဒီတစ်ခါဝယ်လိုက်တဲ့ မှော်ဖန်လုံးတွေက ပုံမှန်ဈေးပဲ။ ချုန်းချီမျိုးနွယ်က ငွေပြေစာမှာ ဈေးနှုန်းအပြည့်ရေးထားတယ်။ ဒါပေမယ့် တကယ်ဝယ်ခဲ့တုန်းက နှစ်ဆယ်ရာနှုန်းဈေးလျှော့ပေးတယ်။ အဲဒါကျုပ်တို့အတွက်ပဲ"

"ဒီအကြောင်း ဘယ်သူမှမသိဘူးမဟုတ်လား"

"လုံးဝမသိဘူး"

"ကောင်းတယ်။ မင်းလုပ်တာကိုင်တာကို ငါယုံကြည်ပြီးသားပါ"

ဒုတိယသူတော် ခေါင်းငြိမ့်သည်။

"မင်းတို့နှစ်ယောက်လည်း ငါနဲ့အတူ အနောက်မိုးပျံဘုံကျောင်းကို လိုက်ခဲ့ပါ"

နဂါးဖီးနစ်ရုပ်ပုံများပါသည့် ဝတ်ရုံဖြူနှင့် လူငယ်တစ်ယောက် ရုတ်တရက်ပေါ်လာသည်။

"မင်းဘယ်သူလဲ"

ဒုတိယသူတော် ထိတ်လန့်သွားပြီး လုယန်ဆီ ကျင့်စဉ်စွမ်းအား ထုတ်လွှတ်လိုက်သည်။

"စုစည်းခြင်းအလတ်တန်းဆင့်လား...မဆိုးပါဘူး"

...

"ခေါင်းဆောင်၊ ဒါက ဒီတစ်ခေါက်မှောင်ခိုသွင်းလို့ရလာတဲ့ အမြတ်ငွေပါ"

"မင်းတို့နှစ်ယောက်လည်း ငါနဲ့အတူ အနောက်မိုးပျံဘုံကျောင်းကို လိုက်ခဲ့ပါ"

"မင်းကများငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့။ သေချင်နေတာပဲ"

"စုစည်းခြင်းနောက်ဆုံးအဆင့်လား...ဒါလည်းမဆိုးဘူး"

.....

စိုစွတ်ထိုင်းမှိုင်းနေသည့် လှိုဏ်ဂူတစ်ခုတွင် ဖရိုဖရဲဖြစ်နေသည့် ကျင့်ကြံသူတစ်ယောက် မှော်ဖန်လုံးတစ်ခုပိုက်၍ အရူးတစ်ယောက်လိုရယ်မောနေသည်။

"ဒါပဲလေ။ ဒါပဲပေါ့။ ငါ့ကျိန်စာပညာက အဆင့်သစ်တစ်ခုကို ‌ရောက်လာပြီ။ အခု ဒီလောကမှာ ငါ့ကိုယှဉ်နိုင်တဲ့လူ ဘယ်သူရှိသေးလဲ"

"အခုမှပဲ လူအမှန်တွေ့တော့တယ်"

ဝတ်ရုံဖြူလူငယ်ပေါ်လာသည်။ ဉာဏ်အလင်းရထားသည့် မသေမျိုးတစ်ယောက်နှင့်တူသည်။ စိုထိုင်းညစ်ပေနေသည့် လှိုဏ်ဂူပတ်ဝန်းကျင်နှင့် လုံးဝမလိုက်ဖက်။

"မင်းဘယ်သူလဲကွ"

ဖရိုဖရဲဖြစ်နေသည့် ကျင့်ကြံသူ ဒေါသတကြီးအော်ဟစ်၍ သူ့လက်ထဲမှ ခေါင်းလောင်းကိုလှုပ်ခါလိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ခြောက်ခြားစရာခေါင်းလောင်းသံများ ပြည့်နက်သွားသည်။

ထိုလူ၏ကျင့်စဉ်အဆင့်ကို လုယန်တစ်ချက်ကြည့်ရုံဖြင့်သိသည်။ သူသက်ပြင်းချလိုက်သည်။

"ဪ.ဝိညာဉ်ပြောင်းအခြေခံအဆင့်တဲ့လား။..မင်းကိုဖမ်းဖို့ကြိုးစားရင်း ငါလူဘယ်နှယောက်မှားဖမ်းခဲ့လဲသိလား။

ဒီကိုလာတဲ့လမ်းမှာ လေဟာနယ်သန့်စင်အဆင့်တစ်ယောက်၊ စုစည်းခြင်း အခြေခံအဆင့်သုံးယောက်၊ အလတ်တန်းအဆင့်သုံးယောက်၊ နောက်ဆုံးအဆင့်တစ်ယောက် ရှိသွားပြီ"

********************************

All Chapters