← Chapters

အခန်း ၁၁၄၃

Vol. 77 Ch. 1143

အခန်း ၁၁၄၃

Vol. 77 Ch. 1143

အခန်း (၁၁၄၃) ကျိန်စာသုံနည်းနောက်တစ်နည်း

လုယန် အနောက်မိုးပျံဘုံကျောင်းတွင် အသိမိတ်ဆွေ များများမရှိ။ အချိန်မသေမျိုးတော့ရှိသည်။ သို့သော် ယခုလိုအသေးအဖွဲကိစ္စအတွက် အချိန်မသေမျိုးကို ဒုက္ခပေး၍ မသင့်တော်။

ထို့ကြောင့် ကျောင်းထိုင်မိန်ယုကို တိုက်ရိုက်သွားတွေ့သည်။ မိန်ယုက အချိန်မသေမျိုးမှတစ်ဆင့် လုယန်၏သရုပ်မှန်ကို သိထားပြီးဖြစ်သည်။

အစပိုင်း၌ အနောက်မိုးပျံဘုံကျောင်းသို့ လုယန် လူများစပို့ချိန်တွင် သူအတော်ကျေးဇူးတင်မိသည်။ ဗုဒ္ဓနိုင်ငံ၏ လျှို့ဝှက်အန္တရာယ်များကို လုယန်က ကူညီရှင်းလင်းပေးသောကြောင့်ဖြစ်သည်။

သို့သော် လုယန်ပို့သည့်လူက တဖြေးဖြေးများလာသည်။ လုယန်ကို မိန်ယုကြည့်သည့် အကြည့်လည်း တဖြေးဖြေးထူးဆန်းလာသည်။ ဗုဒ္ဓနိုင်ငံကို လုယန်မကျေနပ်ချက်တစ်ခုခုရှိ၍ အဆက်မပြတ်လူများဖမ်း၍ ပို့နေသလားဟု တွေးမိသည်။

ထိုကိစ္စသည် ဗုဒ္ဓနိုင်ငံ၏အုပ်ချုပ်ရေးစနစ် ညံ့ဖျင်း၍ဖြစ်ကြောင်း၊ သူနှင့်မဆိုင်ကြောင်း လုယန်တစ်ခါရှင်းပြဖူးသည်။ သို့သော် ကျောင်းထိုင်မိန်ယုယုံကြည်အောင် သူမလုပ်နိုင်ခဲ့။

ကံကောင်းထောက်မစွာဖြင့် တရားခံအစစ်ဖြစ်သည့် ခုနစ်ယောက်မြောက်လူ၏ သဲလွန်စကို လုယန်ခြေရာခံနိုင်ခဲ့သည်။ အဓိကလူကို ရှာတွေ့ခဲ့သည်။

ထိုလူက မိုးပျံဘုံကျောင်းနှင့် တိုက်ရိုက်ပတ်သက်နေမည်ကို လုယန်စိုးရိမ်ခဲ့သည်။ အကယ်၍ ထိုသို့သာဖြစ်ခဲ့လျှင် မိန်ယုကို သူအတော်ရှင်းပြရခက်လိမ့်မည်။

"ဟုတ်တယ်။ ဗုဒ္ဓနိုင်ငံရဲ့ အများပြည်သူလုံခြုံရေးစနစ်က အဆင့်မမီတာပါ"

နတ်မယ်က လုယန်ကိုကာကွယ်ပြီး တစ်ခြားလူများကို နားချသည်။

"ဗုဒ္ဓနိုင်ငံရောက်ရောက်ချင်း ကျိန်စာပြဿနာကို စုံစမ်းရတယ်။ ပါဝင်ပတ်သက်နေတဲ့ လူတွေအများကြီး ဖော်ထုတ်ခဲ့ရတယ်။ မဟာရှားမှာနေတုန်းက ဒီလိုအခြေအနေမျိုး ဘယ်တုန်းကကြုံဖူးလို့လဲ"

"ဟုတ်တယ် ဟုတ်တယ်"

ဝတ်ရုံဖြူပေါ်မှ အရုပ်များက နတ်မယ်၏အမြင်ကို အလေးအနက်ထောက်ခံကြသည်။

....

"မင်းနာမည် ရှီကျိုးနော်၊ ဟုတ်တယ်မဟုတ်လား။ လုပ်ခဲ့တဲ့ကိစ္စတွေကို မင်းဘာသာဝန်ခံမလား။ ဒါမှမဟုတ် မင်းဝန်ခံလာအောင် ငါရိုက်ရမလား"

"မင်းက စုစည်းခြင်းအဆင့်စွမ်းအားရှင်တွေကို ဖမ်းခဲ့တယ်တဲ့လား။ မင်းဘယ်သူ့ကိုလာပြီးအရူးလုပ်နေတာလဲ"

လုယန်စကားကိုကြားကြားချင်း ရှီကျိုး မင်သက်မိသွားသည်။ ထို့နောက် ဒေါသထွက်လာသည်။

ဘယ်လိုဖြစ်နိုင်မည်နည်း။ စုစည်းခြင်းအဆင့်ဆိုသည်မှာ အလွန်ရှားသည်။ သူတွေ့ဆုံဖို့ အိပ်မက်ပင်မမက်ဖူးသည့် စွမ်းအားရှင်မျိုးဖြစ်သည်။ ထိုပုဂ္ဂိုလ်မျိုးကို ဖမ်းဖို့မဆိုထားနှင့်။ တွေ့ဖို့ပင်မလွယ်။ ယခု လုယန်က ခြောက်ယောက်တစ်ဆက်တည်းဖမ်းခဲ့သည်ဟု ပြောနေသည်။

ရှီကျိုး၏ ခေါင်းလောင်းမြည်သံ ကျယ်သထက်ကျယ်လာပြီး နားကွဲမတတ်ဖြစ်လာသည်။ ဝိညာဉ်ပြောင်းအခြေခံအဆင့်သာရှိသော်လည်း ရှားပါးသည့်အဆင့်မြင့်ကျိန်စာတစ်ခု သူတတ်ထားသည်။

ဝိညာဉ်ပြောင်းနောက်ဆုံးအဆင့်များပင် သူ့ကိုရင်မဆိုင်ချင်ကြ။

လက်ရှိတွင် မှော်ဖန်လုံးမှတစ်ဆင့် သူ့ကျိန်စာကိုဖြန့်နေသည်။ ကျိန်စာနောက်ဆက်တွဲ တုံ့ပြန်မှုများကို လေ့လာနေသည်။ အတွေးအမြင်သစ်များရလာပြီး သူ့ကျိန်စာကိုအဆင့်မြှင့်နိုင်ခဲ့သည်။ ဝိညာဉ်ပြောင်းအဆင့်များကြားတွင် ပြိုင်ဘက်ကင်းဖြစ်လာသည်။

သို့သော် လုယန်က ကျိန်စာပညာကို လုံးဝမကြောက်။ သူမသေမျိုးအဖြစ် ရှိမနေလျှင်ပင်'ကောင်းကင်ဆန့်ကျင်'ပညာဖြင့် ကံကြမ္မာပြောင်း၍ ကျိန်စာကိုရှောင်နိုင်သည်။

"မင်းကို ကံကြမ္မာဆိုးက ဖျက်ဆီးလိမ့်မယ်"

ရှီကျိုး ခေါင်းလောင်းကို အပြင်းအထန်လှုပ်ခါ၍ ကျိန်စာစွမ်းအား ထုတ်လွှတ်လိုက်သည်။

သို့သော် ခေါင်းလောင်းမှထွက်လာသည့် စွမ်းအားက လုယန်ကိုထိသည်နှင့် ပျက်စီးသွားသည်။ ခေါင်းလောင်းလည်း နှစ်ခြမ်းကွဲသွားသည်။

"မဖြစ်နိုင်ဘူး"

ရှီကျိုး ထိတ်လန့်သွားသည်။ သွေးများအဆက်မပြတ်အန်သည်။ သူ့အသက်နှောင်မှော်ရတနာထံမှ တန်ပြန်သက်ရောက်မှုဖြစ်သည်။

တစ်ဘက်လူ၏ကံကြမ္မာက သူလက်လှမ်းမမီလောက်အောင် မြင့်နေသည့်သဘောရှိသည်။

လုယန်မလှုပ်ရှားမီပင် သူ့ဝတ်ရုံပေါ်မှ ချုန်းချီအရုပ်က ရင်ဘတ်ဆီရွေ့လာပြီး မျက်လုံးများအရောင်တောက်လာသည်။ ရှီကျိုးတစ်ကိုယ်လုံး တောင့်တင်းသွားပြီး ဆံပင်များထောင်လာသည်။

ရှေးဟောင်းသားရဲတစ်ကောင် စိုက်ကြည့်နေသလို ခံစားရသည်။ လုံးဝမလှုပ်ရှားနိုင်တော့။

သူ့စိတ်ဝိညာဉ်ထဲထိ ကြောက်ရွံ့နေသည်။ လုံးဝမလှုပ်ရဲ။ သူ့စိတ်ထဲတွင် ကြိတ်အော်နေသည်။ တစ်ဘက်လူက ဘယ်လိုပညာမျိုးသုံးလိုက်သည်မသိ။ သူတစ်ခါမှမကြုံဖူး။

ဤဝတ်ရုံဖြူလူငယ် ဘယ်သူနည်း။ ဘာကြောင့်သူ့နောက်ကို လိုက်လာသနည်း။

လုယန် ရှီကျိုးကို အရေးမစိုက်ဘဲ အပြစ်ပေးသည့်အနေဖြင့် ဆက်၍မတ်တပ်ရပ်ခိုင်းထားလိုက်သည်။ လှိုဏ်ဂူထဲ လှည့်ပတ်စစ်ဆေးကြည့်သည်။ လှိုဏ်ဂူက ရှုပ်ပွနေသည်။ ရှီကျိုးသည် သူနေထိုင်သည့်နေရာကို သိပ်ဂရုမစိုက်ကြောင်း ထင်ရှားနေသည်။

စားပွဲပေါ်မှ စာအုပ်တစ်အုပ်ကို ကောက်ကိုင်၍ သုံးလေးမျက်နှာလှန်ကြည့်သည်။

"ဒါက ကျိန်စာပညာနဲ့ပတ်သက်တဲ့ မင်းရဲအတွေးအမြင်မှတ်စုတွေဖြစ်မယ်"

"သေချာတယ်။ သုံးဘက်မြင်မှော်ဖန်လုံးကနေ ကျိန်စာဖြန့်တဲ့နည်းပဲ"

ချင်ဟဲက ဝိညာဉ်အာရုံဖြင့် စာအုပ်ကိုစစ်ဆေးကြည့်ပြီးနောက် ချက်ချင်းနားလည်သွားသည်။ အလိုမကျဟန်ဖြင့် မျက်မှောင်ကျုံ့သည်။

"ဒီနည်းလမ်းသာ မသမာသူလက်ထဲရောက်သွားရင် ချက်ချင်းပျံ့နှံ့ပြီး အကြီးအကျယ်ဒုက္ခဖြစ်မှာ"

ကျင်းချိုင်ဝေ စာအုပ်ကို ဒေါသဖြင့်စိုက်ကြည့်နေသည်။ ချုန်းချီမျိုးနွယ်သည် ယခုမှ မှော်ဖန်လုံးမှလုပ်ငန်းဖြင့် ငွေနည်းနည်းရှာနိုင်ရုံရှိသေးသည်။

လူတစ်ယောက်က မကောင်းသည့်လမ်းစဉ်အတွက်အသုံးချသည်။ သူတို့လုပ်ငန်းကို အနှောက်အယှက်ပေးသည်။ တကယ်ရွံစရာကောင်းသည်။

သိက္ခာထိန်းနေ၍သာမဟုတ်လျှင် ကျားဖြူအသွင်ပြောင်းပြီး အော်ဟစ်ဟိန်းဟောက်၍ ထိုစာအုပ်ကို အစိတ်စိတ်အမွှာမွှာကိုက်ဖြတ်ပစ်မိပေလိမ့်မည်။

"အဲဒါပဲ အဲဒါပဲ အမချိုင်ဝေ။ ဒီစာအုပ်ဟာ တကယ့်ရတနာအစစ်ပဲ"

ကျင်းချိုင်ဝေ ဒေါသထွက်နေမှန်းသိသဖြင့် လုယန်က နှစ်သိမ့်သည်။

"ဘယ်လို၊ ရတနာ...ဟုတ်လား။ ဘာကိုပြောချင်တာလဲ"

လုယန်စကားကို ကျင်းချိုင်ဝေနားမလည်။

"ကျိန်စာဖြန့်ဖို့ မှော်ဖန်လုံးသုံးတာကိုပြောတာပါ။ အဲဒီ့စိတ်ကူးက ကောင်းမယ့်ပုံပဲ"

"ဘာရယ်"

ချင်ဟဲ နားကြားမှားလိုက်သလို ထင်မိသည်။

"အမချင်ဟဲ၊ ကျိန်စာပညာက လူတွေကို ရောဂါဖြစ်အောင်လုပ်နိုင်တဲ့ အာနိသင်ရှိတယ်မဟုတ်လား"

"ဟုတ်တယ်လေ။ အဲတော့ဘာဖြစ်လဲ"

လုယန် မေးကိုသပ်လျက်စဉ်းစားသည်။

"မှော်ကျိန်စာတွေဟာ အကောင်းအဆိုးမရှိဘူးလို့ ပြောကြတယ်။ ဒီတော့ ကျိန်စာကို ပြောင်းပြန်အသုံးချပြီး လူတစ်ယောက်ကို အသက်ရှည်အောင်လုပ်လို့ရနိုင်လား"

ချင်ဟဲ တွေးရခက်သွားသည်။ ကျိန်စာပညာများသည် တစ်ခြားလူကို ကံဆိုးအောင်လုပ်ဖို့သာ သုံးလေ့ရှိသည်။

သို့သော် လုယန်စဉ်းစားသည့်အချက်ကလည်း ယုတ္တိကျသည်။ ကျိန်စာပညာသဘောတရားအရ တစ်ခြားလူများကံကောင်းဖို့အတွက် သုံးနိုင်လောက်သည်။

"ဖြစ်..ဖြစ်နိုင်ပါတယ်"

ချင်ဟဲအတည်ပြုချက်ကြောင့် လုယန်အားတက်သွားသည်။

"ဒါဆို မှော်ဖန်လုံးနဲ့ ကျိန်စာစွမ်းအားဖြန့်ပြီး တစ်ခြားလူတွေ ကျန်းမာအောင် အသက်ရှည်အောင် လုပ်ပေးလို့ရနိုင်တယ်မဟုတ်လား"

ချင်ဟဲ ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ သူ့မျက်နှာ လေးနက်တည်ကြည်လာသည်။

"ဒါလည်း...ဖြစ်နိုင်ပါတယ်"

.....

"ကိုယ်တော်။ တရားခံကို ကျုပ်ဖမ်းလာပြီ"

လုယန် ရှီကျိုးကို အနောက်မိုးပျံဘုံကျောင်းသို့ ခေါ်လာသည်။

မိန်ယု မျက်ခုံးလှုပ်သွားသည်။ လုယန်ဖမ်းခဲ့သည့်လူများ ဘယ်နှယောက်ရှိမှန်းပင် မရေနိုင်တော့။ မဝံ့မရဲ သူပြန််မေးလိုက်သည်။

"ဒါအကုန်ပဲနော်၊ ဟုတ်တယ်မို့လား"

"အကုန်ပါပဲ"

"တော်သေးတာပေါ့"

မိန်ယွဲ့ သက်ပြင်းချလိုက်သည်။ လုယန်ရောက်လာတိုင်း လူတစ်ယောက် သို့မဟုတ် နှစ်ယောက်ဖမ်းလာသည်။ ပြဿနာရင်းမြစ်ရှိသည့်နေရာကို အတိအကျသိနေသကဲ့သို့ ပစ်မှတ်များဆီ ချက်ချင်းသွားဖမ်းသည်။

"တကယ်ကောင်းပါတယ်။ ကျိန်စာဖြန့်တဲ့ကိစ္စ...အင်း ဒကာလု စိတ်ချပါ။ ဒီလူကို ကျုပ်တို့ဘုံကျောင်းက ကိုင်တွယ်ပါ့မယ်"

...

"ငါတို့ညီအကို လျှို့ဝှက်ခန်းထဲမှာ စကားပြောနေကြတာပါ။ ငါတို့ကို သူဘယ်လိုရှာတွေ့တာလဲမသိဘူး"

အဖမ်းခံရသူများ ယခုထိ သူတို့ကို ဖမ်းဆီးခဲ့သည့်လူအကြောင်း မသိသေး။

"ဘယ်ထင်ထားမလဲ။ ဒီလောက် ပြေစာတွေအများကြီးကိုင်ထားပြီး ငွေဖျောင်ခဲ့တာ အကြိမ်ပေါင်းမနည်းဘူး။ တစ်ခါမှ လူမမိဘူး။ ဒါပေမယ့် ဒီတစ်ခါတော့ မိသွားတယ်"

"ငါအဖမ်းခံရတုန်းက အဲဒီ့လူ သူ့ဘာသာပြောနေတာကြားတယ်။ ကျိန်စာမှော်ဖန်လုံးဖြန့်တဲ့လူကို ရှာနေတာတဲ့။ မှော်ဖန်လုံး အမြောက်အများဝယ်ယူတဲ့ လူစာရင်းကနေ ခြေရာခံလိုက်လာရင်း ငါတို့ကိုတွေ့တာလို့ ပြောတယ်"

"ဒါဆို ငါတို့က မဆီမဆိုင်ကြားညပ်ခဲ့တာပေါ့"

"ဆိုးလိုက်တဲ့ကံကွာ။ အင်း..ကံကြမ္မာကို လက်ခံရုံကလွဲပြီး ဘာတတ်နိုင်မှာလဲလေ"

အချုပ်ခန်းတံခါး ကျီခနဲပွင့်သွားပြီး ရှီကျိုး တွန်းထည့်ခံလိုက်ရသည်။

"ဪ၊ အသစ်တစ်ယောက် ရောက်လာပြီပဲ။ မင်းကျင့်စဉ်အဆင့်က အတော်နိမ့်နေသလိုပါလား။ ဘာတွေလုပ်ခဲ့လို့ မင်းအဖမ်းခံရတာလဲ"

ကိုယ့်ကိုယ်ကို ကံဆိုးသည်ဟု ခံစားနေရသည့် အကျဉ်းသားများက ဘဝတူလူတစ်ယောက်ကို မြင်ရသဖြင့် နည်းနည်းစိတ်သက်သာရာရသွားကြသည်။

ရှီကျိုးက သွားဖြဲပြုံး၍

"မင်္ဂလာပါ အကိုတို့။ ကျုပ်အချိန်အားပြီး ပျင်းနေလို့ ကျိန်စာပညာကို မှော်ဖန်လုံးနဲ့ ပေါင်းစပ်ဖို့ ကြိုးစားခဲ့တယ်လေ။ ဒါကြောင့် ကျုပ်အဖမ်းခံရတာပါ"

အချုပ်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။

"ဟဲဟဲ...ကျုပ်အစွမ်း ဘယ်လိုနေလဲ"

ရှီကျိုး သွားဖြဲရယ်နေဆဲဖြစ်သည်။ သူ့အကြောင်းရှင်းပြလိုက်ပြီးနောက် ထိုလူများ၏အကြည့် ပြောင်းလဲသွားသည်ကို ခံစားမိသည်။

စုစည်းခြင်းအဆင့်လူစု၏ မျက်လုံးများ ဒေါသရောင်တောက်ပလာပြီး ရှီကျိုးဆီ တစ်လှမ်းချင်းတိုးလာကြသည်။

*****************************

All Chapters