← Chapters

အခန်း ၁၁၄၅

Vol. 77 Ch. 1145

အခန်း ၁၁၄၅

Vol. 77 Ch. 1145

အခန်း (၁၁၄၅) အချိန်လမ်းကြောင်းပြောင်းခြင်း

(**အချိန်လမ်းကြောင်းပြောင်းသည့် အယူအဆက ကပ္ပတိန်အမေရိက ဇာတ်ကားတစ်ကားတွင်ပါပါသည်။ လူအားလုံး အတိတ်ကို ပြန်ရောက်သွားခြင်းမဟုတ်ဘဲ တစ်ယောက်ယောက်က အတိတ်ကိုသွား၍ ကိစ္စတစ်ခုကို ပြောင်းလဲခြင်းဖြစ်သည်)

သခင်ရှီ မျက်ရည်ကျမတတ်ဖြစ်နေသည်။ ကျင်းအန်းမြို့တော်အရောင်းကိုယ်စားလှယ်ဖြစ်၍ ကြီးမားသည့်ဖိအားကို ရင်ဆိုင်နေရသည်။ နည်းလမ်းမျိုးစုံသုံး၍ ဖြေရှင်းရန်ကြိုးစားနေသည်။

"ဒါပေမယ့် ဒီနည်းလမ်းမျိုးတော့ နင်သုံးလို့မရဘူး"

ကျင်းချိုင်ဝေ အံတင်းတင်းကြိတ်၍ပြောသည်။ ထိုကိစ္စမျိုး လုံးဝမဖြစ်ခဲ့သလို သဘောထားလိုက်ချင်သည်။

"နင်က ဒါကို ခြောက်ခြားစရာဒဏ္ဍာရီတစ်ခုဖြစ်အောင် လုပ်နေတာ"

"ခြောက်ခြားစရာဒဏ္ဍာရီဆိုတာ ဘာလဲ"

သခင်ရှီ ကြောင်တက်တက်ဖြစ်သွားသည်။

"မှောင်ခိုဈေးကွက်မှာ သတင်းပြန့်နေတယ်။ မှော်ဖန်လုံးထဲမှာ သရဲမတစ်ယောက်ပေါ်လာတယ်။ သရဲမကိုကြည့်တဲ့လူတိုင်း ကံဆိုးတယ်တဲ့"

ထိုသတင်းကြောင့် မှော်ဖန်လုံးကို ကျင်းချိုင်ဝေဝယ်ခဲ့ခြင်းဖြစ်သည်။

"ဪ အဲဒီ့ကိစ္စလား။ အဲဒါ ကျုပ်လုပ်တာမဟုတ်ပါဘူး"

သခင်ရှီ ချက်ချင်း သူ့ကိုယ်သူကာကြွယ်သည်။

"နင်မလုပ်ရင် ဘယ်သူလုပ်မှာလဲ"

"တကယ်ကျုပ်မဟုတ်ပါဘူး ဘိုးဘေး။ ဒီကိစ္စကို ကျုပ်လည်း စုံစမ်းနေတာပါ"

"တကယ်နင်မဟုတ်ဘူးလား"

"ကျိန်တွယ်ပြီးပြောရဲပါတယ် ကျုပ်မဟုတ်ပါဘူး"

သခင်ရှီ အလေးအနက်ကျိန်တွယ်၍ပြောသည်။ ဘိုးဘေးငယ်ရှေ့တွင် သူလိမ်ညာရဲသည့်သတ္တိမရှိ။

"ကဲ ဟုတ်ပါပြီ။ ထတော့၊ နင်လိမ်ရဲမယ်လို့လည်း ငါမထင်ပါဘူး" (**)

.......

အနောက်မိုးပျံဘုံကျောင်း။ မဟာဝိဟာရခန်းမ။

အိပ်ပျော်နေသည့်ဗုဒ္ဓ မျက်လုံးပွင့်လာပြီး ထူးဆန်းသည့်အမူအရာမျိုး ပေါ်လာသည်။

"ပြောင်းလဲမှုတစ်ခု ဖြစ်သွားတာလား"

ရွှေရောင်ဗုဒ္ဓလက်ကို ဆန့်ထုတ်၍ လေဟာနယ်ထဲသို့ ဖမ်းဆုပ်လိုက်သည်။ ရွှေရောင်မြစ်ရေလို့ ကြည်လင်တောက်ပသည့် အရိယဖလတစ်ခု သူ့လက်ထဲတွင် ပေါ်လာသည်။

အချိန်အရိယဖလကို အသက်သွင်းပြီး လက်ရှိအချိန်စီးကြောင်းထဲသို့ဝင်သည်။ အဆုံးစမဲ့အချိန်စီးကြောင်းက သူ့ဘေးပတ်လည်တွင် ဖြတ်သန်းနေသည်။ တစ်ခဏဟု ထင်ရသလို ထာဝရဟုလည်း ထင်ရသည်။

"ထူးဆန်းတယ်။ အချိန်နောက်ပြန်လည်တာလည်းမဟုတ်ဘူး။ ငါစိတ်ထင်လို့များလား"

အချိန်မသေမျိုး ဝိဟာရခန်းမထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း စဉ်းစားမရဖြစ်နေသည်။ သူ့ဗီဇသိစိတ်သည် နတ်မယ်လောက်မထက်မြက်သော်လည်း အမှားအယွင်းဖြစ်ခဲသည်။

"ထာဝရနတ်မယ် တာအိုလမ်းစဉ်ဂိုဏ်းမှာရှိလောက်တယ်။ ယွမ်ကျိလည်းရှိမှာပဲ။ သူတို့ကို သွားမေးရမယ်"

အချိန်မသေမျိုး တာအိုလမ်းစဉ်ဂိုဏ်းဆီ ပျံသန်းသွားသည်။

နှစ်သုံးသိန်းအတွင်း ပထမဆုံးအကြိမ် ဝိဟာရခန်းမထဲမှ ထွက်ဖူးခြင်းဖြစ်သည်။

ပဲဝါနိုင်ငံ ဘိုးဘေးဘုံကျောင်း။

"အမချိုင်ဝေ၊ နံရံမှာလစ်ဟာနေတဲ့နေရာကို မုန့်ကြွပ်တွေနဲ့ဖြည့်ပြီး တင်လဲနဲ့မံလိုက်ရင် မကောင်းဘူးလား"

ထောင်တစ်နေရာမှ ကျင်းချိုင်ဝေဘေးတွင် ယွမ်မုန်မုန် ပြုံး၍ဆောင်ကြောင့်ထိုင်နေသည်။

ငေးငိုင်နေသည့် ကျင်းချိုင်ဝေမျက်နှာက ယွမ်မုန်မုန်အကြံကြောင့် ချက်ချင်းအသက်ဝင်လာသည်။ အာရုံစုစည်း၍ အလေးအနက်စဉ်းစားသည်။

"အဲဒီ့စိတ်ကူး ကောင်းတယ်။ တင်လဲတစ်ခုတည်းနဲ့ အခေါင်းပေါက်တွေဖြည့်ရတာ နည်းနည်းချိုလွန်းတယ်"

"လုပ်ကြစို့၊ ဘယ်လိုမုန့်ကြွပ်မျိုးသင့်တော်မလဲ လေ့လာကြရအောင်"

"နတ်မယ်၊ ခင်ဗျား ပြဿနာတစ်ခုခု တွေးတောစရာရှိနေလို့လား"

ကျင်းအန်းမြို့တော်မှ ပြန်လာကတည်းက နတ်မယ် မကြာခဏငေးငိုင်နေသည်ကို လုယန်သတိထားမိသည်။

ဥပမာ ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ လက်နှစ်ဘက်ကိုယှက်ထားပြီး မျက်မှောင်ကျုံ့နေတတ်သည်။ အတွေးထဲ နစ်မျောနေပုံရသည်။

"ရှောင်ယန်၊ ငါမသေမျိုး ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်ဘာလို့ဒီလောက်ညံ့တာလဲမသိဘူး။ ငါတစ်ခုခုကို မေ့နေသလို ခံစားနေရတယ်"

"ခင်ဗျားဘာကိုမေ့သွားတာလဲ"

"နင်အတော်တုံးတာပဲ။ ငါဘာမေ့သွားလဲဆိုတာ မှတ်မိမှတော့ မေ့တယ်လို့ ဘယ်ခေါ်နိုင်ဦးမှာလဲ"

"တကယ်တော့ ကျုပ်လည်း တစ်ခုခုမေ့သွားသလို ခံစားနေရပါတယ်"

လုယန်က နည်းနည်းရှက်နေဟန်ဖြင့်ပြောသည်။

"နတ်မယ်နဲ့ရှောင်လုလည်း တစ်ခုခုမေ့သွားသလို ခံစားနေရတယ်ပေါ့"

အေးစက်စက်စကားသံက သူတို့ဘေးတွင် ပေါ်လာသည်။ လုယန် ကြက်သီးထသွားသည်။

"အမယွမ်"

မရောက်ခင် အသံလေးဘာလေးပေးသင့်သည်ဟု လုယန်ထင်မိသည်။ သူအတော်လန့်သွားသည်။

"နေပါဦး၊ 'နတ်မယ်နဲ့ရှောင်လုလည်း'ဆိုတော့..."

ယွမ်ကျိ၏ စကားအသုံးအနှုန်းကို လုယန်သတိထားမိသည်။

"အမယွမ်လည်း တစ်ခုခုမေ့သွားသလို ခံစားနေရတာလား"

"ငါ့ဗီဇသိစိတ်က မှားခဲတယ်'

အချိန်မသေမျိုး သိစိတ်နယ်မြေတွင် ပေါ်လာသည်။ တာအိုလမ်းစဉ်ဂိုဏ်းသို့ ရောက်ချိန်တွင် ယွမ်ကျိကိုသာတွေ့ရသည်။ နတ်မယ်ကို ခြေရာခံ၍မရ။

ယွမ်ကျိလည်း မူမမှန်သည့်အချက်ကို အာရုံခံမိသည်။ ထို့ကြောင့် သူနှင့်အချိန်မသေမျိုး ဗုဒ္ဓနိုင်ငံသို့ ပြန်သွားကြသည်။

"တစ်ခုခုဖြစ်သွားတာလား"

လုယန်မျက်နှာ ပြုံးရယ်နေရာမှ လေးနက်တည်ကြည်လာသည်။ သူတို့လေးယောက်လုံး မူမမှန်သည့်အဖြစ်ကို အာရုံခံမိသည်။ ထင်ယောင်ထင်မှားဖြစ်ခြင်း မဟုတ်နိုင်။

"ထိုင်ကြပါဦး"

နတ်မယ်က ဧည့်ဝတ်ကျေသည်။ သူ့'အိမ်'ရောက်လာသည့် ဧည့်သည်များကို မတ်တပ်ရပ်ခိုင်းမထားသင့်မှန်းသိသည်။ ယွမ်ကျိနှင့် အချိန်မသေမျိုးအတွက် ကုတင်နှစ်လုံး ချပေးသည်။

သူက သူ့ကိုယ်ပိုင်ကုတင်တွင်ထိုင်သည်၊ လုယန်ကို သူ့ဘေးတွင်လာထိုင်ဖို့ လက်ယပ်ခေါ်သည်။

အချိန်မသေမျိုးက စပြောသည်။

"ခုနက မဟာဝိဟာရခန်းမမှာ ကျုပ်တရေးအိပ်နေတုန်း အတွေးတစ်ခု ရုတ်တရက်ပေါ်လာတယ်။ ဘာကြောင့်မှန်းမသိဘူး။ အချိန်စီးကြောင်းက အပြောင်းအလဲတစ်ခုဖြစ်သွားတယ်လို့ ခံစားရတယ်"

"အချိန်စက်ဝန်းနောက်ပြန်ရစ်တာမျိုးလား"

လုယန်မေးလိုက်သည်။

အချိန်မသေမျိုး ခေါင်းခါသည်။

"မဟုတ်ဘူး။ အချိန်အရိယဖလကို စွမ်းအားအပြည့်သုံးပြီး ငါစစ်ဆေးကြည့်တယ်။ အချိန်စီးကြောင်းက ရှေ့ကိုပဲစီးနေတာ။ နောက်ပြန်ရစ်ထားတဲ့ လက္ခဏာမတွေ့ဘူး။ အချိန်နောက်ပြန်စက်ဝန်း မဖြစ်ခဲ့တဲ့သဘောပဲ။

ပြီးတော့ အချိန်အရိယဖလပဲ အချိန်နောက်ပြန်ရစ်နိုင်တဲ့ အစွမ်းမျိုးရှိတာ။ အရိယဖလသန္ဓေတောင် မလုပ်နိုင်ဘူး။ အချိန်နောက်ပြန်လည်ခဲ့တယ်ဆိုရင်တောင် ငါလုပ်တာပဲဖြစ်ရမှာ။

စစချင်းမှာ စိတ်ထင်တာလားလို့ တွေးမိတယ်။ ဒါပေမယ့် တစ်ခုခုမှားနေတာကို ခံစားမိတယ်။ ဒါကြောင့် တာအိုရှင်ယွမ်ကျိကို သွားတွေ့တယ်။ သူလည်း မှတ်ဉာဏ်တစ်ခုပျောက်သလို ခံစားရတယ်တဲ့။

သေချာပြန်တွေးကြည့်တော့ သူမှတ်ဉာဏ်တွေက အဆက်အစပ်မလွတ်ဘူး။ ဟာကွက်မရှိဘူးလို့ပြောတယ်"

ယွမ်ကျိ ဆက်ပြောသည်။

"ယင်ထန်မသေမျိုး၊ ကျန်းပင်ကန်းနဲ့ မုန်ကျင်းဇီတို့ကိုလည်း ကျွန်မမေးကြည့်တယ်။ သူတို့သုံးယောက်လုံး ဘာထူးခြားချက်မှ မခံစားမိဘူးတဲ့"

"ဒါဆို ခင်ဗျားတို့သုံးယောက်နဲ့ကျုပ်ပဲ တစ်ခုခုမှားနေတာကို အာရုံခံမိတဲ့သဘောပေါ့"

လုယန် အံ့အားသင့်သွားသည်။ ယင်ထန်နှင့်တစ်ခြားမသေမျိုးများ သတိမထားမိလျှင် ဤကိစ္စက သူထင်ထားသည်ထက် ပိုနက်ရှိုင်းနေသည်။

သူသည် လက်ရှိတွင် မသေမျိုးဖြစ်သော်လည်း မသေမျိုးအစစ်များထက် စွမ်းအားနည်းနည်းလျော့သည်။ ထူးခြားချက်ကို သူအာရုံခံနိုင်သည်က နတ်မယ်ရှိနေခြင်းကြောင့်ဖြစ်မည်။

"နောက်ကွယ်ကလူ လှုပ်ရှားလာတာများလား"

လုယန် မျက်မှောင်ကျုံ့နေသည်။ ဖြစ်နိုင်စရာ ဤတစ်ချက်သာရှိသည်။

"ဒါဟာ သူပထမဆုံးအကြိမ် တကယ်လှုပ်ရှားတာပဲ"

နောက်ကွယ်မှလူသည် ကောင်းကင်အင်ပါယာသခင်ကို သွားတွေ့ခဲ့ဖူးသည်။ ထိုစဉ်က စွမ်းအားပြည့်သုံးခဲ့ပုံမရ။

ဘာကြောင့် ထိုလူလှုပ်ရှားလာသနည်း...

...

မှောင်မိုက်နေသည့် ညအကာအကွယ်အောက်တွင် ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်နှစ်ယောက် စွမ်းအင်ရောင်ဖုံးကွယ်၍ စိုစွတ်ထိုင်းမှိုင်းသည့် လှိုဏ်ဂူတစ်ခုဆီ ချဉ်းကပ်လာသည်။

"အကိုကြီး၊ ဒီကိစ္စကို မလုပ်ဘဲနေရင် ပိုမကောင်းဘူးလား"

တစ်ယောက်က စိုးရိမ်ဟန်ဖြင့် တီးတိုးပြောသည်။

"ဘာကြောက်စရာရှိလဲကွ။ ငါစုံစမ်းပြီးသားပါ။ ဒီရှီကျိုးက ဝိညာဉ်ပြောင်းအခြေခံအဆင့်ပဲရှိတာ။ ဘာမှထူးထူးခြားခြား စွမ်းဆောင်ဖူးတာမရှိဘူး။ အမြဲတမ်း ပုန်းအောင်းနေတာ။

သူဘယ်လိုကိစ္စမျိုးထဲ သွားရှုပ်မိမှန်း သူ့ကိုယ်သူမသိဘူး။ သူ့ဘက်က ကြိုတင်ပြင်ဆင်မထားတဲ့အချိန် ငါတို့ဝိညာဉ်ပြောင်းအဆင့်လှုပ်ရှားရင် ဘာမှအခက်အခဲမရှိနိုင်ပါဘူး"

ထိတ်လန့်နေသည့် ကျင့်ကြံသူ အံတင်းတင်းကြိတ်၍ သူ့အကိုစကားနားထောင်ဖို့ ဆုံးဖြတ်လိုက်သည်။

နှစ်ယောက်လုံး လှိုဏ်ဂူနားသို့ချဉ်းကပ်လာသည်။ အသက်နှောင်ရတနာများထုတ်သည်။ တစ်ယောက်က ခေါင်းလောင်းကိုင်သည်။ တစ်ယောက်က ဆေးအိုးကိုင်သည်။

ထိုပစ္စည်းများထဲသို့ ဝိညာဉ်စွမ်းအားများစွာ ပို့လွှတ်၍ ချက်ချင်းအသက်သွင်းလိုက်သည်။

လှိုဏ်ဂူထဲသို့ တဟုန်ထိုးပြေးဝင်သည်။ တင်းမာခက်ထန်သည့်မျက်နှာဖြင့် အော်ဟစ်ခြိမ်းခြောက်လိုက်သည်။

"ရှီကျိုး၊ မင်းသေပြီသာမှတ်"

"ဘယ်သူမှမရှိပါလား"

နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။ လှိုဏ်ဂူက ရှင်းလင်းနေသည်။ လူတစ်ယောက်နေထိုင်နေသည့်နေရာနှင့် လုံးဝမတူ။

*******************************

All Chapters