← Chapters

အခန်း ၁၁၄၇

Vol. 77 Ch. 1147

အခန်း ၁၁၄၇

Vol. 77 Ch. 1147

အခန်း (၁၁၄၇) မဖြစ်နိုင်သည့်အနာဂတ်

အချိန်မသေမျိုး စိတ်ပျက်သွားသည်။ လုယန် ထင်မှတ်မထားသည့် နည်းလမ်းတစ်ခုခုတွေးမိပြီဟု သူထင်ခဲ့သည်။ ယခု အနာဂတ်ခန့်မှန်းသည့်ကိစ္စဖြစ်နေသည်။

အနာဂတ်ခန့်မှန်းသည့်ပညာဖြင့် ဤကိစ္စကို ဘယ်လိုအတည်ပြုမည်နည်း။ ထိုပညာတော့ သူလည်းတတ်သည်။

နတ်မယ်ကိုပင် ထိုပညာသင်ပေးခဲ့သေးသည်။ သို့သော် နတ်မယ်က ပါရမီနည်းသဖြင့် မိုးလေဝသခန့်မှန်းနိုင်ရုံသာ တတ်ကျွမ်းခဲ့သည်။

"ဪ ဟုတ်သားပဲ ရှောင်ယန်။ နင်က အနာဂတ်ကို ခန့်မှန်းနိုင်တယ်လေ"

နတ်မယ်က လုယန်ပုခုံးကို ဝမ်းသာအားရပုတ်သည်။

"နင့်မှာ အစွမ်းအစရှိတာ ငါသိသားပဲ"

ယွမ်ကျိလည်း သဘောပေါက်ဟန်ဖြင့် ပြုံးနေသည်။ မှန်သည်။ သူ့ဆရာတူမောင်လေးတွင် ထိုဝှက်ဖဲတစ်ခုရှိသည်။

နတ်မယ်နှင့်ယွမ်ကျိအမူအရာကို သတိထားမိသဖြင့် အချိန်မသေမျိုး ကြောင်တက်တက်ဖြစ်သွားသည်။ အနာဂတ်ခန့်မှန်းခြင်းသည် ထိုမျှအကျိုးထူးသည့်နည်းလမ်းလော..

"အချိန်မသေမျိုး၊ ခင်ဗျားမသိသေးလို့ပါ။ ကျုပ်ရဲ့အနာဂတ်ခန့်မှန်းပညာက ခင်ဗျားနည်းလမ်းနဲ့ နည်းနည်းကွာတယ်။ ကျုပ်က မဖြစ်နိုင်တဲ့ အနာဂတ်ကို ကြိုမြင်နိုင်တာပါ"

အချိန်မသေမျိုး ပို၍ခေါင်းရှုပ်သွားသည်။ ထိုနည်းလမ်းက သူ့စွမ်းရည်နှင့် ဘယ်လိုကွာသည်မသိ။

နတ်မယ်ထံမှ အနာဂတ်မြင်ပညာကို လုယန်သင်ခဲ့သည်။ ကျွမ်းကျင်သွားပြီးနောက် မှော်ပညာအသက်သွင်းသည်။ အနာဂတ်ကိုခန့်မှန်းသည်။

သူ့ကိုယ်သူ တစ်နေကုန် ဘာမှမလုပ်ဘဲ စားလိုက်သောက်လိုက်ဇိမ်ကျနေသည်ကို မြင်ခဲ့သည်။ ယွမ်ကျိက သူ့ပုခုံးကိုပုတ်၍ နောက်ကိုသူ့အတွက် ထောက်ပံ့ပေးမည်ဟု ပြောနေသည်ကို မြင်ခဲ့သည်။

သူ့ခန့်မှန်းရလာဒ်များကို အတည်ပြုကြည့်သည်။ စားလိုက်သောက်လိုက်နေမည်ဟု အမယွမ်ကို သူပြောသည်။ ယွမ်ကျိ ဒေါသထွက်သွားပြီး သူဒုက္ခရောက်လုနီးပါးဖြစ်ခဲ့သည်။

ထိုအချိန်မှစ၍ သူ့အနာဂတ်မြင်ပညာ ဘယ်လောက်မတိကျကြောင်း သဘောပေါက်သွားသည်။ မဖြစ်နိုင်သည့်အရာများကိုသာ သူမြင်ရသည်။

"ဒီပညာကို သိစိတ်နယ်မြေမှာသုံးရင် သိပ်အာနိသင်မရှိလောက်ဘူး။ အပြင်မှာလုပ်မှဖြစ်မယ်"

လုယန်က ‌ပြောသည်။ မသေမျိုးရုပ်ခန္ဓာရှိသော်လည်း ဝိညာဉ်ခန္ဓာက မသေမျိုးအဆင့်မဟုတ်။

ကျင့်စဉ်အဆင့်မြင့်လေ မှော်ပညာများအသက်သွင်းရာတွင် အာနိသင်ပိုထက်မြက်လေဖြစ်သည်။

လုယန် သိစိတ်နယ်မြေမှထွက်၍ ဘိုးဘေးဘုံကျောင်းအပြင်ဘက်သို့ ထွက်သည်။

"ဒုခေါင်းဆောင်၊ အပြင်သွားမလို့လား"

ယွမ်မုန်မုန်နှင့် ကျင်းချိုင်ဝေက ဂေါ်ပြားတစ်ခုစီကိုင်၍ ဘုံကျောင်းဂိတ်တံခါးရှေ့တွင် တွင်းတစ်ခုတူးနေသည်။ အကြောင်းတစ်ခုခုတော့ ရှိဟန်တူသည်။

ယွမ်ကျိနှင့်အချိန်မသေမျိုးက လုယန်၏ သိစိတ်နယ်မြေသို့ တိုက်ရိုက်ဝင်ခဲ့ခြင်းဖြစ်၍ တစ်ခြားလူများ သူတို့ရောက်လာသည်ကို မသိကြ။

"ဪ..လမ်းနည်းနည်းလျှောက်မလို့ပါ။ အဝေးကြီးမသွားဘူး"

"ညစာအမီပြန်လာဖို့ မမေ့နဲ့"

"ကောင်းပါပြီ"

လုယန် ဝေးဝေးမသွား။ ခရီးသည်များ ဖြတ်သန်းလေ့မရှိသည့် ကန္တာရတစ်နေရာသို့ ရောက်လာသည်။ ထိုနေရာတွင် သူ့စိတ်ကြိုက် လှုပ်ရှားနိုင်သည်။

ရှေးဟောင်းဘာသာစကားတစ်ချို့ တည်ငြိမ်စွာ ရွတ်ဆိုပြီး လက်ညှိုးနှင့်လက်ခလယ်ကို အတူပူး၍ အော်ဟစ်လိုက်သည်။

"အနာဂတ်မြင်စွမ်းအား"

ထိုပညာကို အခြေတည်အဆင့်တွင် သူသင်ခဲ့သည်။ ယခု ထပ်အသုံးပြုချိန်တွင် ထိရောက်မှုက ပိုထူးခြားနေသည်။

အနက်ရောင်မြစ်ရေများ သူ့ခြေထောက်အောက်မှ ပြန့်ကျဲထွက်သွားသည်။ ရေမှုန်များက အချိန်အစိတ်အပိုင်းအဖြစ် အသွင်ပြောင်းပြီး သူ့မျက်လုံးရှေ့တွင် ပေါ်လာသည်။

...

"နတ်မယ်၊ အခုချိန်ကစလို့၊ ကျုပ်က ခင်ဗျားအပိုင်ပါ"

"ဟမ် တကယ်လား။ နင်အခု ထီးနန်းလိုချင်လား"

"ဟုတ်ကဲ့။ ခင်ဗျားပြောသမျှအားလုံး ကျုပ်နာခံပါ့မယ် နတ်မယ်'

လုယန် သိက္ခာတရားစွန့်လွှတ်၍ နတ်မယ်၏လူ ဖြစ်လာသည်။ ဘိုးဘေးဘုံကျောင်းတွင် နန်းပလ္လင်ပေါ်တက်သည်။ ယဉ်ကျေးမှုဝန်ကြီး ယွမ်မုန်မုန်က နန်းတက်ပွဲစီစဉ်ရင်း အလုပ်များနေသည်။

သမိုင်းရေးဝန်ကြီးချင်ဟဲက အဖြစ်အပျက်ကို မှတ်တမ်းတင်သည်။ တပ်မှူးသုံးယောက်က မူလအသွင်ပြောင်း၍ ကောင်းကင်တွင် အော်ဟစ်ကြုံးဝါးပြီး သူတို့အစွမ်းကိုပြကြသည်။

လုယန်နှင့်နတ်မယ် အင်ပါယာထိုင်ခုံပေါ် အတူထိုင်သည်။ မိန်းကလေးများစွာ ဘိုးဘေးဘုံကျောင်းသို့လာပြီး လုယန်ရှေ့တွင် ဒူးထောက်၍ "မင်းကြီး"ဟု သံပြိုင်အော်ကြသည်။

နတ်မယ်ချီးမြှင့်သည့် ထာဝရအရိယဖလသန္ဓေကို လုယန်လက်ခံသည်။ မသေမျိုးတစ်ဝက် ဒုခေါင်းဆောင်အစစ်ဖြစ်လာသည်။ နတ်မယ်အမိန့်ကို အပြည့်အဝနာခံသည်။

နတ်မယ် တစ်နေကုန်ပျော်နေသည်။ ပါးစပ်က နားရွက်ကိုတက်ချိတ်မတတ် ပြုံးနေသည်။

ယွမ်ကျိနှင့်အချိန်မသေမျိုးတို့ လုယန်ကို ထူးဆန်းသည့်အကြည့်ဖြင့် အသံတိတ်လှည့်ကြည့်ကြသည်။

လုယန် လက်သီးဆုပ်ထဲသို့ ချောင်းနှစ်ချက်ဆိုးလိုက်သည်။

"အဟမ်း၊ ဒါက ဖြစ်မလာနိုင်တဲ့ အနာဂတ်ပုံရိပ်တွေပါ။ အတွေးမလွန်ကြပါနဲ့။ တစ်ခြား ပုံရိပ်တွေကို ကြည့်ရအောင်။

...

"သခင်၊ ကျွန်မအပြင်ကိုခဏထွက်ချင်တယ်"

ဘိုးဘေးဘုံကျောင်းထဲတွင် ချင်ဟဲက တစ်စုံတစ်ခု တွေးမိဟန်ဖြင့် နတ်မယ်ကိုနှုတ်ဆက်ပြီး နေရာမှပျောက်သွားသည်။

ထွက်မသွားမီ သူ့ပါးစပ်မှ 'မြစ်'နှင့်ပတ်သက်သည့် စကားတစ်ချို့ ရေရွတ်သံ မသဲမကွဲကြားရသည်။

လုယန်တို့လူစု တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်ရောက်ချိန်တွင် ဂိတ်တံခါးတွင် ရပ်နေသည့် ချင်ဟဲနှင့်ယွမ်ကျိကို တွေ့ကြရသည်။

ဘုံကျောင်းမှထွက်သွားသည့်ချင်ဟဲ ဘာကြောင့် တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်ရောက်နေသည်ကို လုယန်နားမလည်။ ဘာကြောင့် အမယွမ်နှင့်အတူ ရပ်နေသည်မသိ။

နတ်မယ်ကိုမြင်သည်နှင့် ယွမ်ကျိမျက်လုံးတွင် ထူးထူးခြားခြား စိုးရိမ်ပူပန်ရိပ်သန်းလာသည်။ ဘယ်လိုကိစ္စမျိုး ဖြစ်ခဲ့သည်တော့ သေချာမသိ။

....

"တော်လောက်ပြီ။ ဒီပုံရိပ်က ဘာသဲလွန်စမှ မရနိုင်ဘူး။ တစ်ခြားပုံရိပ်ကိုကြည့်ကြစို့"

ယွမ်ကျိက ဖြစ်နိုင်ခြေမရှိသည့် ထိုအနာဂတ်ပုံရိပ်ကို တစ်ခြားလူများ နောက်ထပ်ဆက်မကြည့်နိုင်အောင် အသာပိတ်လိုက်သည်။

.......

ဘိုးဘေးဘုံကျောင်းထဲတွင် လုယန် ကြာပလ္လင်ထက်၌ တင်ပျဉ်ခွေထိုင်၍ မိုးမြေစည်းမျဉ်းများအကြောင်း ဆင်ခြင်သုံးသပ်နေသည်။ ရုတ်တရက် အတွေးတစ်ခုရလာသည်။

"ဟေ့ နတ်မယ်။ အချိန်မသေမျိုးက ဗုဒ္ဓယုံကြည်မှုစွမ်းအားနဲ့ မသေမျိုးခန္ဓာတစ်ခု တည်ဆောက်နိုင်တယ်။ ခင်ဗျားလည်း မသေမျိုးဆိုတော့ အဲလိုလုပ်နိုင်တယ်မဟုတ်လား"

ထိုမေးခွန်းကြောင့် နတ်မယ် ထိတ်လန့်သွားဟန်ရှိသည်။ လုယန်မျက်လုံးကို ရင်မဆိုင်ရဲဘဲ တောင်ကြည့်မြောက်ကြည့် လုပ်နေသည်။

"စမ်းကြည့်ရအောင်"

လုယန် တိုက်တွန်းသည်။ နတ်မယ်ရုပ်ခန္ဓာပြန်တည်ဆောက်ဖို့ ကူညီနိုင်လျှင် ကောင်းမည်ဟု သူတွေးသည်။

ယုံကြည်မှုစွမ်းအားများ ရစ်ပတ်ဖုံးလွှမ်း၍ နတ်မယ် ဘိုးဘေးဘုံကျောင်းအထက်တွင် ရပ်နေသည်။ သူ့မူလခန္ဓာနှင့် ထပ်တူကျသည့် ပြည့်စုံသည့် မသေမျိုးရုပ်ခန္ဓာတစ်ခု ပေါ်လာသည်။

"ဂုဏ်ယူပါတယ် နတ်မယ်"

လုယန် ဝမ်းမြောက်ဝမ်းသာ ကောင်းကင်သို့တက်သွားပြီး နတ်မယ်ကို ဂုဏ်ပြုသည်။

"ဘာလို့ တကယ်အောင်မြင်သွားရတာလဲ"

နတ်မယ် မျက်ရည်စက်လက် ငိုကြွေးနေသည်။

"ဒါကို ငါမလိုချင်ဘူး။ ရှောင်ယန်ရဲ့ သိစိတ်နယ်မြေမှာပဲ ငါနေချင်တယ်"

...

အားလုံးက နတ်မယ်ကို လှည့်ကြည့်ကြသည်။ ရှက်စိတ်ကြောင့် နတ်မယ်၏ပါးနှစ်ဘက် နီရဲလာသည်။

"ဒါ..ဒါက ဘာမှကြည့်စရာမရှိပါဘူး။ ဖြစ်လာမယ့်အနာဂတ်နဲ့ တစ်ခြားစီပါ"

နတ်မယ် ထိုအနာဂတ်ပုံရိပ်ကို အမြန်ပိတ်လိုက်သည်။

"ရှောင်ယန်၊ အဲဒါ ရှောင်ယွမ်ကနင့်ကို စောင့်ရှောက်ပေးမယ်လို့ မြင်ခဲ့တဲ့ ပုံရိပ်မျိုးပါ။ အတော်လွဲမှားနေတဲ့ အနာဂတ်ပဲ။ နောက်ပုံရိပ်ကို ဆက်ကြည့်ရအောင်"

အချိန်မသေမျိုး ကြောက်ချွေးပြန်လာသည်။ မမြင်သင့်သည့် လျှို့ဝှက်ချက်များကို ကြည့်မိသလို ခံစားရသည်။ နောက်ပုံရိပ်တွင် သူပါမလာလျှင် ရှင်းပြရခက်လိမ့်မည်ထင်သည်။

နောက်ပုံရိပ်ကတော့ သူ့အကြောင်းသာဖြစ်ရမည်။

မဟုတ်သေးပါဘူး..အခု ငါတို့က နောက်ကွယ်ကလူရဲ့ နည်းလမ်းကို အတည်ပြုဖို့ကြိုးစားနေကြတာမဟုတ်လား"

.....

"ဒါပေမယ့် ဒီနည်းလမ်းမျိုးတော့ နင်သုံးလို့မရဘူး"

ကျင်းချိုင်ဝေ အံတင်းတင်းကြိတ်၍ပြောသည်။ ထိုကိစ္စမျိုး လုံးဝမဖြစ်ခဲ့သလို သဘောထားလိုက်ချင်သည်။

"နင်က ဒါကို သရဲဇာတ်လမ်းတစ်ခုဖြစ်အောင် လုပ်နေတာ"

"သရဲဇာတ်လမ်းဆိုတာ ဘာလဲ"

သခင်ရှီ ကြောင်တက်တက်ဖြစ်သွားသည်။

"မှောင်ခိုဈေးကွက်မှာ သတင်းပြန့်နေတယ်။ မှော်ဖန်လုံးထဲမှာ သရဲမတစ်ယောက်ပေါ်လာတယ်။ သရဲမကိုကြည့်တဲ့လူတိုင်း ကံဆိုးတယ်တဲ့"

ထိုသတင်းကြောင့် မှော်ဖန်လုံးကို ကျင်းချိုင်ဝေဝယ်ခဲ့ခြင်းဖြစ်သည်။

"ဪ အဲဒီ့ကိစ္စလား။ အဲဒါ ကျုပ်လုပ်တာမဟုတ်ပါဘူး"

သခင်ရှီ ချက်ချင်း သူ့ကိုယ်သူကာကွယ်သည်။

.....

အနာဂတ်ပုံရိပ်က ထိုနေရာတွင် ပျောက်သွားသည်။

"အဲဒါပဲ"

လုယန် စိတ်လှုပ်ရှားလာပြီး ထိုအနာဂတ်ပုံရိပ်ကို လက်ညှိုးထိုးပြသည်။

"ဟမ်၊ ဘာလို့လဲ"

နတ်မယ် နားမလည်။

"ချုန်းချီလေးရဲ့ တုံ့ပြန်မှုက ငါတို့မြင်ခဲ့တာနဲ့ မတူလို့လား"

ယွမ်ကျိလည်း လုယန်အမြင်ကို ထောက်ခံသည်။ သူရှင်းပြသည်။

"ဒီပုံရိပ်က အနာဂတ်ပုံရိပ်အားလုံးထဲမှာ အတိုဆုံးဖြစ်နေလို့ပါ။ တိုလွန်းလို့ ဘာမှအဆက်အစပ်မရှိဘူး။ တစ်ခြားပုံရိပ်တွေမှာ လေးငါးရက်ကြာလောက်တဲ့ အချိန်သတ်မှတ်ချက်မျိုး ပါတယ်။

ဒါပေမယ့် ဒီပုံရိပ်မှာ စကားသုံးလေးခွန်းပဲ ပါတယ်လေ။ ရှောင်လုက အနာဂတ်မြင်ပညာကို မသေမျိုးခန္ဓာနဲ့ အသက်သွင်းခဲ့ပေမယ့် 'မှော်စွမ်းရည်'အဆင့်ပဲရှိတယ်။ အရိယဖလစွမ်းရည်အဆင့် မဟုတ်သေးဘူး။

နောက်ကွယ်ကလူက အရိယဖလစွမ်းအားသုံးပြီ အချိန်ဆုံမှတ်တွေကို ပြုပြင်ခဲ့တာလေ။ ဒီတော့ ရှောင်လုက ပြုပြင်ထားတဲ့ အချိန်ပိုင်းကို အပြည့်အစုံ မပြနိုင်ဘူး။

တစ်နည်းပြောရရင် မဖြစ်နိုင်တဲ့ အနာဂတ်ပုံရိပ်တွေအားလုံးထဲမှာ နောက်ကွယ်ကလူ ပြုပြင်ထားတာက အတိုဆုံးပုံရိပ်ပဲ။ ဒီတော့ အချိန်လမ်းကြောင်းပြုပြင်နိုင်တဲ့စွမ်းရည်ဟာ သူ့စွမ်းရည်တွေထဲကတစ်ခုဆိုတာ သေချာသွားပြီ"

********************************

All Chapters