← Chapters

အခန်း ၁၁၄၉

Vol. 77 Ch. 1149

အခန်း ၁၁၄၉

Vol. 77 Ch. 1149

အခန်း (၁၁၄၉) ယွမ်မုန်မုန်၏ လက်နက်

လုယန်သည် စိတ်နှလုံးနူးညံ့သူဖြစ်သည်။ ချင်ဟဲ စိတ်တင်းထားခြင်းဖြစ်ကြောင်း သူရိပ်မိသည်။ သူတို့နှစ်ယောက် အချင်းချင်းပြိုင်ဆိုင်နေကြသော်လည်း နှစ်ယောက်လုံးက သခင်တစ်ယောက်တည်း၏ အစေခံများဖြစ်သည်။ သူတို့ကြားတွင် ဆက်ဆံရေး ထိုမျှတင်းမာနေစရာအကြောင်းမရှိ။

လုယန် နှစ်သိမ့်စကား နည်းနည်းပြောသည်။ သို့သော် ချင်ဟဲက ပို၍ပင်ဝမ်းနည်းလာသယောင်ရှိသည်။

အစေခံတစ်ယောက်၏ နက်ရှိုင်းသည့် ယုံကြည်ကိုးကွယ်မှုနှင့် ဝိညာဉ်သာကျန်တော့သည့် နတ်မယ်ကိုကြည့်၍ လုယန် သက်ပြင်းချမိသည်။ ထိုခံစားချက်မျိုး သူတစ်ခါမှ မကြုံခဲ့ဖူး။

သူစတွေ့ကတည်းက နတ်မယ်သည် ဝိညာဉ်ခန္ဓာသာဖြစ်သည်။ ထိုအဖြစ်ကို သူအသားကျနေသည်။

လုယန် အမြဲတမ်းရိုးသားခဲ့သည်။ ကိုယ်တိုင်မကြုံတွေ့ဖူးသဖြင့် 'အမချင်ဟဲ၊ အမခံစားချက်ကို ကျုပ်နားလည်ပါတယ်'ဟုလည်း သူမပြောနိုင်။

ယခုချိန်မှစ၍ နတ်မယ်ကို သူ့သိစိတ်နယ်မြေတွင် နေခိုင်းခြင်းကသာ အကောင်းဆုံးဖြစ်မည်ထင်သည်။ မသေမျိုးရုပ်ခန္ဓာတည်ဆောက်ဖို့ကိစ္စ အမချင်ဟဲကို ထပ်မပြောတော့။

နာကျင်စရာမှတ်ဉာဏ်များ ပြန်အစဖော်ပေးသလို ဖြစ်လိမ့်မည်။

"ဘာပဲပြောပြော ဒါက မဖြစ်နိုင်တဲ့အနာဂတ်တစ်ခုပါပဲလေ"

အတွေးလွန်နေခြင်းဖြစ်မည်ဟု လုယန် ကိုယ့်ကိုယ်ကို တွေးလိုက်သည်။

"ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်၊ ဒီမှာကြည့်။ ဒါက အမချိုင်ဝေသင်ပေးတဲ့ နည်းလမ်းသုံးပြီး ကျွန်ကိုယ်တိုင်စိုက်ခဲ့တဲ့ ဝိညာဉ်သီးပဲ"

ယွမ်မုန်မုန် ချင်ဟဲဘေးမှ ဖြတ်လျှောက်လာပြီး လုဘန်ဆီ ပြေးတက်သွားသည်။ သေးငယ်သည့် လက်ဝါးနှစ်ဘက်ကို ဖြန့်လိုက်သည်။ ရွှေရောင်သစ်သီးလေးများ ပေါ်လာသည်။

"ဒါတွေကဘာလဲ"

လုယန် ကြည့်လိုက်သည်။ မသေမျိုးသစ်သီးနှင့် ပုံစံတူသည်။

"ထာဝရအရိယဖလသန္ဓေစွမ်းအားနဲ့ စိုက်ပျိုးခဲ့တဲ့ မသေမျိုးဝိညာဉ်သစ်သီးတွေလေ"

"အဆန်းပါလား။ မြည်းကြည့်မယ်"

ယွမ်မုန်မုန်မတားလိုက်နိုင်မီ လုယန်က သစ်သီးတစ်လုံး ပါးစပ်ထဲထည့်ဝါးလိုက်သည်။

"မာလှချည်လား"

လုယန် အားစိုက်၍ကိုက်ပြီးနောက် သွားကျိုးမတတ်ဖြစ်သွားသည်။ စွမ်းအားပြည့်မသုံးခဲ့သော်လည်း လက်ရှိတွင် သူသည် မသေမျိုးခန္ဓာပိုင်ဆိုင်ထားသည်။ ဘာကြောင့် သစ်သီးက ထိုမျှမာကျောနေသည်မသိ...

"သစ်သီးက မမှည့်သေးဘူး"

ဝိညာဉ်သီးများ မသေမျိုးဝိညာဉ်သီးများ မကြာခဏစိုက်ခဲ့ဖူးသည့် နတ်မယ်က ပြောသည်။

"ကိစ္စမရှိပါဘူး။ မမှည့်သေးတဲ့သစ်သီးတွေကိုလုည်း သုံးလို့ရတဲ့နေရာ ရှိတယ်"

ထိုသို့ပြောရင်း ယွမ်မုန်မုန်က လုယန်ကို လက်တွေ့ပြသည်။ ဝိညာဉ်သစ်သီးတစ်လုံးကောက်ယူ၍ အဝေးသို့ပစ်ပေါက်လိုက်သည်။ နက်ရှိုင်းသည့်တွင်းနက်တစ်ခု ပေါ်လာသည်။

ထို့နောက် ဖမ်းတော့မည့် လက်ဟန်မျိုးပြင်လိုက်သည်။ ဝိညာဉ်သစ်သီးက အကောင်းပကတိ ပြန်လည်လွင့်ပျံလာသည်။

"မမှည့်သေးတဲ့ မသေမျိုးသစ်သီးတွေက တကယ့်လက်နက်ကောင်းတွေဆိုတာ ငါသိခဲ့ရတယ်"

ယွမ်မုန်မုန် ဝိညာဉ်သစ်သီးများကို ဝင့်ကြွားသည့်ဟန်ပန်ဖြင့် ကိုင်ထားသည်။ ယနေ့မှစ၍ သူသည် လက်နက်ကိုင်ကျင့်ကြံသူတစ်ယောက် ဖြစ်လာတော့မည်။ အရင်လို ခြေလက်ဗလာသက်သက်ဖြင့် တိုက်ခိုက်သူမဟုတ်တော့။

နတ်မယ်ကျေနပ်စွာ ခေါင်းငြိမ့်သည်။ တ-ခေါင်းဆောင် ပီသသည်။

"မဆိုးဘူး။ နင့်မှာငါ့ရဲ့ ...အဟမ်း...ငယ်ဘဝက...အဲ မဟုတ်ဘူး...အဲလိုမဟုတ်သေးဘူး..."

သူငယ်ဘဝကပုံစံမျိုးဖြစ်သည်ဟု ပြောလိုခြင်းဖြစ်သည်။ သို့သော် ထိုသို့ပြောလိုက်လျှင် သူယခု အသက်ကြီးနေသည့်သဘော ဖြစ်သွားမည်။

"ဘာပဲပြောပြော နင့်မှာငါ့ရဲ့ ပါရမီတစ်ချို့ ရထားပြီပဲ။ ဒါပေမယ့် မလုံလောက်သေးဘူး"

နတ်မယ် ဝိညာဉ်သစ်သီးတစ်လုံးကို ထိန်းချုပ်၍ ဝှီးခနဲပစ်ပေါက်လိုက်သည်။ ဝုန်းခနဲ ပေါက်ကွဲသွားသည်။ ပေါက်ကွဲမှုကြောင့် ပေတစ်ရာခန့်မြင့်သည့် အားလှိုင်းတစ်ခု တက်လာသည်။ အစောပိုင်းက စွမ်းအားထက် ပိုသာလွန်သည်။

ထို့နောက် ဖမ်ဆုပ်သည့်ဟန်မျိုး လုပ်လိုက်သည်။ ဝိညာဉ်သစ်သီး ပြန်လည်လွင့်ပျံလာသည်။

လုယန် အကြီးအကျယ် အံ့အားသင့်သွားသည်။

"ဝိညာဉ်သစ်သီးက ပေါက်ကွဲနိုင်တယ်ပေါ့"

နတ်မယ်က လက်နှစ်ဘက်နောက်ပစ်ပြီး ခေါင်းကိုမော့၍ ဘိုးဘေးတစ်ယောက်ဟန်ပန်မျိုးပေါ်အောင် ကြိုးစားသည်။

"ဒါပေါ့။ မသေမျိုးဝိညာဉ်သစ်သီးတွေက ထာဝရမျိုးဆက်ရဲ့ထုတ်ကုန်ပဲ။ ငါတို့ထာဝရမျိုးဆက်မှာ ခန္ဓာကိုယ်မဖေါက်ခွဲနိုင်တဲ့လူ ရှိလို့လား"

လုယန်အသံတိတ် ပြန်စဉ်းစားသည်။ အကြီးအကဲချင်ဟဲ ထာဝရမျိုးဆက်သို့ မဝင်သည်မှာ မဆန်းလှ။ ထိုကိစ္စတွင် အရည်အချင်းမမီ။

"ပေါက်ကွဲအားက ငါတို့ခန္ဓာကိုယ်ဖောက်ခွဲတာနဲ့ မယှဉ်နိုင်ပေမယ့် အတော်လေးစွမ်းအာားပြင်းပါတယ်"

နတ်မယ်က ယွမ်မုန်မုန်ကို အသေးစိတ်အချက်များ ညွှန်ကြားသည်။ ယွမ်မုန်မုန် ချက်ချင်းသင်ယူတတ်မြောက်သွားပြီး သစ်သီးများနှင့် ပျော်ရွှင်စွာကစားနေသည်။။

ရှောင်ကျိသည် သူ့အပေါ်တကယ်ကောင်းသည်ဟု ခံစားရသည်။ ရှောင်ကျိသာသူ့ကို ထာဝရမျိုးဆက်နှင့် မိတ်ဆက်မပေးခဲ့လျှင် ထာဝရအရိယဖလသန္ဓေကို ဘယ်လိုအသုံးချရမှန်း ယခုထိသိဦးမည်မဟုတ်။

နွေဦးလွန်၍ ဆောင်းဦးသို့ရောက်လာသည်။ အချိန်က ချက်ချင်းကုန်လွန်သွားပြီး ညစာစားချိန် ရောက်လာသည်။

ယွမ်မုန်မုန်က အနံ့မွှေးသည့် မုန်မျိုးစုံဖြင့် အားလုံးကို ဧည့်ခံသည်။ ချီးကျူးမှုများကို ဣန္ဒြေဖြင့် လက်ခံသည်။

"ဒါတွေက အားလုံးပြောသလောက်လဲ မကောင်းပါဘူး။ ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင် လမ်းညွှန်သင်ပြပေးခဲ့တဲ့ ကျေးဇူးကြောင့်ပါ"

ညစာစားပြီးနောက် မနီးမဝေးမှ လူတစ်ယောက် အသည်းအသန်ပြေးလာနေသည်ကို လုယန် အာရုံခံမိသည်။

သူခဏစဉ်းစားသည်။ ဘိုးဘေးဘုံကျောင်း၏ ဖြစ်တည်မှုကို အပြင်လူများ မသိသင့်။ သို့သော် ပြေးလာသည့်လူက အန္တရာယ်တစ်ခုခု ကြုံလာပုံရသည်။ အသက်တစ်ချောင်းကယ်ရခြင်းသည် ဘုံကျောင်းခုနစ်ထပ် တည်ဆောက်သည်ထက် ပိုကုသိုလ်ရသည်။

ထို့ကြောင့် ကူညီဖို့ သူဆုံးဖြတ်လိုက်သည်။

"ဘုရားကျောင်းတစ်ခုရှိတာပဲ"

ယွဲ့ချန်ဟဲ ခရီးဝေးနှင်ခဲ့ရသည်။ သူ့စိတ်ဓာတ်များ ပြိုလဲလုနီးပါးဖြစ်နေသည်။ ကန္တာရအလယ်တွင် ဘုံကျောင်းတစ်ခုရှိနေသည်က ထူးဆန်းနေသော်လည်း လောလောဆယ် သူဘာမှအရေးမစိုက်အားတော့။ နားခိုစရာနေရာရှိလျှင် လုံလောက်သည်။

"ပဲဝါဘုံကျောင်း"

ထူးဆန်းသည်။ ဘုံကျောင်းထဲသို့ ဝင်လာချိန်တွင် မွှေးပျံ့သည့် ရနံ့များကို သူရှူရှိုက်မိသည်။ ထိုရနံ့ကြောင့် သူ့စွမ်းအားတစ်ချို့ ပြန်ရသည်။ သို့သော် ခဏသာဖြစ်သည်။ ရနံ့က ချက်ချင်းပျောက်ကွယ်သွားသည်။

"ဗောဓိသတ္တအားလုံးကို ကျေးဇူးတင်ပါတယ်။ ယွဲ့ချန်ဟဲ ဒီတစ်ည ဒီမှာနားခိုချင်ပါတယ်"

ယွဲ့ချန်ဟဲ ရုပ်ထုတိုင်းကို ဦးညွှတ်သည်။ သူခေါင်းမော့ပြီးနောက်မှ ဗောဓိသတ္တရုပ်ထုများ၏ ထူးခြားသည့်ပုံစံကို သတိထားမိသည်။

မုန့်ကြွပ်များ စားထားသယောင်ထင်ရသည်။

ယွဲ့ချန်ဟဲ သိပ်မစဉ်းစားတော့။ ဆေးတစ်လုံးသောက်ပြီးနောက် ကြာပလ္လင်ကိုမှီ၍ ချက်ချင်းအိပ်ပျော်သွားသည်။

"မင်းကိုမိပြီပဲ"

ကြမ်းရှရှစကားသံကြောင့် ယွဲ့ချန်ဟဲလန့်သွားပြီး ခုန်ထလာသည်။

ဘုံကျောင်းအပြင်ဘက်သို့ သိမ်းငှက်တစ်ကောင်ဆင်းလာသည်။ ခန္ဓာကိုယ်တစ်ချက်ခါလိုက်ပြီးနောက် သိမ်းငှက်မျက်လုံးပိုင်ရှင် လူတစ်ယောက်အဖြစ် ပြောင်းသွားသည်။

"မင်းကတကယ် ဒီကိုရောက်နေတာပဲ"

ခန္ဓာကိုယ်ထွားကျိုင်း၍ တင်းမာခက်ထန်သည့်မျက်နှာနှင့် ဗုဒ္ဓကိုယ်တော်တစ်ယောက် ဘိုးဘေးဘုံကျောင်းထဲသို့ ဝင်လာသည်။ မျက်နှာတွင် ထူထဲသည့်အသားစိုင်များရှိသည်။

ရှည်လျားသည့် အမာရွတ်တစ်ခုက ညာဘက်မျက်လုံးမှ နှုတ်ခမ်းထောင့်အထိ ဆန့်ထွက်နေသည်။

"ယွဲ့ချန်ဟဲ၊ မင်းက လူသားမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ် သွေးဆက်နှစ်ခုလုံးပိုင်ဆိုင်ထားတယ်။ တကယ်ရှားပါးတဲ့ ဖြစ်တည်မှုမျိုးပဲ။ ငါနဲ့ပြန်လိုက်ခဲ့ပါ"

သိမ်းငှက်မျက်လုံးနှင့်လူက အေးစက်စက်လှောင်ပြုံးပြုံးသည်။ ရှည်လျားသည့်ခရီးကို တောက်လျှောက်လိုက်လာခဲ့ပြီး ယခုမှ ဖမ်းမိသဖြင့် သူပျော်နေသည်။

"သူက ငါကိုယ်တော်နဲ့ လိုက်ခဲ့သင့်တာပါ"

လူသန်ကိုယ်တော်က အေးစက်စက်ရယ်သည်။ အလျှော့မပေးဘဲ သူ့မျက်လုံးဖြင့် ခြိမ်းခြောက်သည်။

ယွဲ့ချန်ဟဲ ကိုယ့်စွမ်းအားကိုယ် နားလည်သည်။ ထိုနှစ်ယောက်တွင် ဘယ်သူ့ကိုမှ သူမယှဉ်နိုင်။

သို့သော် ဘာအရေးစိုက်စရာရှိသနည်း။ သူသည် အရှုံးပေးတတ်သူမဟုတ်။

"ခင်ဗျားတို့နဲ့ ပြန်လိုက်မယ်လို့ ထင်နေရင် ရူးနေလို့ပဲ"

"ခေါင်းမာတဲ့ အရူးပဲ"

သိမ်းငှက်မျက်လုံးပိုင်ရှင်က သူ့လက်သည်းကိုဆန့်ထုတ်၍ လှမ်းဆွဲသည်။ လူသန်ကိုယ်တော်ကလည်း လှုပ်ရှားသည်။

အားအင်ကုန်ခမ်းနေသဖြင့် သုံးလေးကြိမ်တိုက်ိခုက်ပြီးနောက် ယွဲ့ချန်ဟဲ လဲကျသွားသည်။ အသက်ကို မောပန်းစွာရှူရှိုက်နေသည်။

"ယွဲ့ချန်ဟဲ၊ မင်းရွေးချယ်ပါ။ နတ်ဆိုးမျိုးနွယ်နဲ့အတူ ရပ်တည်မှာလား။ လူသားမျိုးနွယ်နဲ့ ရပ်တည်မှာလား"

သိမ်းငှက်မျက်လုံးပိုင်ရှင်က ယွဲ့ချန်ဟဲကို ပြန်မတိုက်ခိုက်နိုင်အောင် ဖိနှိပ်ထားသည်။

ယွဲ့ချန်ဟဲ မဲ့ပြုံပြုံး၍ ဗုဒ္ဓကိုယ်တော်နှင့် သိမ်းငှက်နတ်ဆိုးကို မော့ကြည့်သည်။

"ကျုပ်အဖေက နတ်ဆိုးမျိုးနွယ် ကျုပ်အမေက လူသားမျိုးနွယ်ဖြစ်နေလို့ ခင်ဗျားတို့ကျုပ်ကို လိုက်ဖမ်းကြတာလား။ လူသားမျိုးနွယ်ဖြစ်ဖြစ် နတ်ဆိုးမျိုးနွယ်ဖြစ်ဖြစ်ပေါ့။ ဒီလိုသွေးနှောဘဝကို ကျုပ်ကရော လိုချင်တယ်လို့ထင်နေလား"

"ပေါက်တတ်ကရတွေ ပြောမနေနဲ့။ မင်းရွေးချယ်ပါ"

လူသန်ကိုယ်တော်က စိတ်မရှည်သည့်လေသံဖြင့်ပြောသည်။

"ဟား...လူသားမျိုးနွယ်သွေးဆက် နတ်ဆိုးမျိုးနွယ်သွေးဆက်။ သွေးဆက်ဆိုတာက အဲလောက်အရေးကြီးလို့လား"

အောင်မြင်ခံ့ညားသည့် ဗုဒ္ဓအသံတော်က ဘုံကျောင်းတစ်ခုလုံး လွှမ်းခြုံသွားသည်။ သန့်စင်သည့် တော်ဝင်မြေအဖြစ် ပြောင်းလဲသွားသယောင်ရှိသည်။

ဘုံကျောင်းအလယ်မှ ဗုဒ္ဓရုပ်ထု အသက်ဝင်သကဲ့သို့ မျက်လုံးပွင့်လာသည်။ လူသန်ကိုယ်တော် သူ့သက်တမ်းတစ်လျှောက် ထိုအသံမျိုး တစ်ခါမှမကြားဖူး။

"ကောင်းကင်အရှင်..."

လုယန် ခေါင်းခါသည်။ သူ့စကားသံက လူပေါင်းများစွာ တစ်ပြိုင်တည်းပြောနေသကဲ့သို့ ဟိန်းထွက်လာသည်။

"ငါကိုယ်တော်က ဒီလောကထဲ ပေါ်မလာချင်ခဲ့ပါဘူး။ ဒါပေမယ့် ဒကာတော်သုံးယောက် ငါ့ဘုံကျောင်းထဲဝင်လာပြီ အငြင်းပွားနေကြတော့ ငါလာကြည့်ရတာပေါ့"

လုယန် လူသုံးယောက်ကို ငုံ့ကြည့်သည်။ သူ့မျက်လုံးတွင် ကရုဏာရိပ်များ ပြည့်နေသည်။

"လူသားနဲ့ နတ်ဆိုးမျိုးနွယ်ကြားက ပဋိပက္ခတွေဟာ ရှေးခေတ်ကတည်းက ရှိခဲ့တယ်။ မဆုံးနိုင်တဲ့ တိုက်ပွဲတွေကြောင့် ပါရမီရှင်တွေအများကြီး ကျဆုံးခဲ့တယ်။ တကယ်ဝမ်းနည်းစရာပဲ။

လူသားတွေဟာ ဝိညာဉ်အားလုံးရဲ့ခေါင်းဆောင်လို့ သတ်မှတ်ထားတယ်။ နတ်ဆိုးမျိုးနွယ်မှာလည်း မသေမျိုးအစစ်တွေရှိတယ်။ သွေးဆက်ခွဲခြားနေစရာ မလိုပါဘူး။ မင်းတို့ဘာလို့ ဒီလိုအတင်းခွဲခြားနေကြတာလဲ"

လူသန်ကိုယ်တော်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ရှင်းပြသည်။

"ဒါပေမယ့် လောကအရှင်၊ ဒီလူက ပြစ်မှုကျူးလွန်ခဲ့ပါတယ်။ သူ့ကို နတ်ဆိုးနိုင်ငံသားလား ဗုဒ္ဓနိုင်ငံသားလား ကျုပ်တို့ခွဲခြားဖို့လိုတယ်။ နတ်ဆိုးနိုင်ငံသားဆိုရင် ဒီသိန်းငှက်က သူ့ကိုခေါ်သွားလိမ့်မယ်။

ဗုဒ္ဓနိုင်ငံသားဆိုရင်တော့ ကျုပ်သူ့ကိုခေါ်သွားမယ်"

လုယန် "..."

အချိန်မသေမျိုး...အချိန်နောက်ပြန်ရစ်ဖို့ကိစ္စလေး ကျုပ်တို့ဆွေးနွေးလို့ရမလား...

****************************

All Chapters