← Chapters

အခန်း ၁၁၆၀

Vol. 78 Ch. 1160

အခန်း ၁၁၆၀

Vol. 78 Ch. 1160

အခန်း (၁၁၆၀) ဓားပညာအဓိပဓိ

"မြို့တော်သခင်၊ သတင်းဆိုးပါလာတယ်။ မြိူ့ပြင်မှာ နတ်ဆိုးဘုရင်တစ်ကောင် တိုက်ခိုက်နေတယ်လို့ တတိယကင်းထောက်အဖွဲ့က သတင်းပို့တယ်။ သားရဲကပ်တစ်ခု ကြုံရနိုင်ခြေရှိတယ်"

"ဘယ်လို"

မြို့တော်သခင်ကျန်း မျက်လုံးပြူးသွားပြီး ဝုန်းခနဲထရပ်လာသည်။ ကြမ်းတမ်းပြင်းထန်သည့် လှုပ်ရှားမှုကြောင့် သူ့ရှေ့မှစားပွဲ လဲပြိုသွားသည်။

"မြို့တော်တပ်မှူးနဲ့ ဒုမြို့တော်သခင်နှစ်ယောက်ကို ချက်ချင်းခေါ်လိုက်..."

နတ်ဆိုးဘုရင်တိုက်ခိုက်မှုနှင့် သားရဲကပ်ပေါ်လာခြင်းကြောင့် မူရွှဲ့မြို့တော်၏ ထိပ်သီးအရာရှိအားလုံး ချက်ချင်းလှုပ်လှုပ်ရှားရှားဖြစ်လာသည်။

မြို့တော်သခင်၏ စည်းဝေးခန်းမလေထုက ခဲဆွဲထားသည့်မိုးတိမ်များလို လေးလံနေသည်။ လက်ဖက်ရည်ဧည့်ခံသည့် အစေခံက အတော်သတိထားနေရသည်။

တစ်ခုအမှားအယွင်းဖြစ်လျှင် ထိုထိပ်သီးပုဂ္ဂိုများ၏ဒေါသက သူ့အပေါ်ကျလာမည်ကို စိုးရိမ်သည်။

"တတိယကင်းထောက်အဖွဲ့ခေါင်းဆောင်ပြောပုံအရဆို မြို့တော်အပြင်ဘက်မှာ နတ်ဆိုးသားရဲအရေအတွက် လျော့နည်းသွားတာက မဟာနတ်ဆိုးဘုရင်က သူတို့ကိုဆင့်ခေါ်ထားလို့ပေါ့..

ပြီးတော့ မဟာနတ်ဆိုးဘုရင်က တစ်ကောင်တည်းမကဘူးတဲ့လား။ ရေခဲဆင်နတ်ဆိုးဘုရင် မြွေဖြူနတ်ဆိုးဘုရင်နဲ့ အမျိုးအမည်မသိသေးတဲ့ တစ်ခြားမဟာနတ်ဆိုးဘုရင်နှစ်ယောက်လည်းပါတယ်ပေါ့..."

ဒုမြို့တော်သခင်ယော် အတော်စိတ်ပူပန်သွားသည်။

"ရထားတဲ့သတင်းကို အတည်ပြုပြီးပြီလား။ ဘာလို့ တတိယကင်းထောက်ခေါင်းဆောင်က ဒီကို ကိုယ်တိုင်လာပြီးသတင်းမပို့တာလဲ"

"ဂိတ်တံခါးအစောင့်တွေကို သတင်းပို့ပြီးနောက်မှာ ဒဏ်ရာတွေကြောင့် ဦးနှောက်အကြောသေသွားတယ်။ ဒုမြို့တော်သခင်မာမှာ သူ့ကိုနှိုးနိုင်မယ်နည်းလမ်းရှိလို့လား"

တပ်မှူးကုန်းစွန်းက မျက်လုံးမှေးစင်း၍ မေးသည်။ ဒုမြို့တော်သခင်မာ၏စကားသံထဲတွင် အလိုမကျသည့်အရိပ်မျိုးပါသည်ကို သူသတိထားမိသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ။ မဟာနတ်ဆိုးဘုရင် လေးကောင်ရှိတယ်။ ရေခဲဆင်နတ်ဆိုးဘုရင်က ဦးဆောင်နေတယ်။ သူက ရေခဲလွင်ပြင်တွေကို နှစ်တစ်ထောင်ကျော် လွှမ်းမိုးခဲ့တယ်။ စုစည်းခြင်းကျင့်ကြံသူတွေ မရေမတွက်နိုင်အောင် နင်းချေခဲ့တယ်။

အဲဒီ့ဆင်နတ်ဆိုးက စုစည်းခြင်းနောက်ဆုံးအဆင့်ကို တက်သွားတာကြာပြီလို့ပြောကြတယ်။ ဒီလိုရေခဲဆင်နတ်ဆိုးဘုရင်နဲ့တွေ့ရင် ကင်းထောက်အဖွဲ့လေးတစ်ခုက ဘယ်လိုအသက်ရှင်နေနိုင်မှာလဲ။

ဒီကင်းထောက်ခေါင်းဆောင်ကို တစ်ခြားမြို့တော်တစ်ခုက ငွေနဲ့ဝယ်ပြီး ငါတို့စည်းလုံးမှုဖြစ်အောင် သတင်းမှားလွှင့်ခိုင်းတာပဲဖြစ်မယ်"

"ပေါက်တတ်ကရတွေပြောမနေနဲ့။ ငါရွေးထားတဲ့လူကိုတောင် မင်းက သူလျှိုလို့ သံသယဝင်တယ်ပေါ့"

တပ်မှူးကုန်းစွန်းက ဒေါသတကြီးပြန်ပြောသည်။

စည်းဝေးခန်းမတစ်ခုလုံး တင်းမာလာသည်။ စုစည်းခြင်းအဆင့်နှစ်ယောက် တိုက်ခိုက်ကြတော့မလိုဖြစ်နေသည်။

တစ်ချိန်လုံးအသံတိတ်နေသည့် မြို့တော်သခင်က စကားစပြောသည်။ သူသည် မြို့တော်တွင် အမြင့်ဆုံးဩဇာပိုင်ရှင်ဖြစ်သည်။ မူရွှဲ့မြို့တော်ကို သူကိုယ်တိုင်တည်ဆောက်ခဲ့သည်ဟု ပြောလျှင်ပင် လွန်မည်မထင်။

"တော်တော့ လောင်မာ။ ဒီကိစ္စက အမှန်ပဲဖြစ်မယ်။ နတ်ဆိုးသားရဲတွေက ဆင်ခြင်ဉာဏ်မရှိပေမယ့် စုစည်းခြင်းနောက်ဆုံးအဆင့်ဖြစ်တဲ့ ဝါရင့်ရေခဲဆင်နတ်ဆိုးဘုရင်ကတော့ ပါးနပ်တဲ့ဉာဏ်ရည်မျိုးရှိမှာပဲ။

ဒါက မထူးဆန်းပါဘူး။ ကင်းထောက်အဖွဲ့ခေါင်း‌ဆောင်ကို သူတမင်လွှတ်ပေးလိုက်တာ ဖြစ်နိုင်တယ်။ ငါတို့ကို ကြိုတင်အသိပေးပြီး စိန်ခေါ်တာပဲ"

အားလုံး အသံတိတ်သွားသည်။ မြို့တော်ာသခင်၏စကားက နောက်ဆုံးအမိန့်ဖြစ်သည်။ ယခုရှိနေသည့်ငါးယောက်လုံး စုစည်းခြင်းအဆင့်များဖြစ်သော်လည်း မဟာနတ်ဆိုးဘုရင်လေးယောက်နှင့် အကြောက်အရွံ့မရှိ ရက်စက်ကြမ်းကြုတ်သည့် သားရဲအုပ်ကိုရင်ဆိုင်ဖို့ သူတို့စိတ်လေးမိသည်။

"အခု ရင်ဆိုင်တိုက်ခိုက်ဖို့ပဲ ရှိတော့တယ်"

မြို့တော်သခင်ထရပ်၍ တည်ငြိမ်သည့်လေသံဖြင့်ပြောသည်။ မူရွှဲ့မြို့တော်သည် သူ့တစ်သက်တာ ကြိုးစားအားထုတ်မှုဖြစ်သည်။ သူအဆုံးရှုံးမခံနိုင်။

"မြို့တော်တစ်ခုလုံးကို တပ်လှန့်ထားပါ။ ဒုသခင်မာ၊ မြို့တော်ရဲ့ ဂိုဏ်းတွေ၊ သိုင်းကျောင်းတွေ၊ အဖွဲ့အစည်းတွေက ကျင့်ကြံသူတွေကို စုစည်းပါ။

ဘယ်ကျင့်စဉ်အဆင့်ပဲဖြစ်ဖြစ် အားလုံးတိုက်ပွဲဝင်ရမယ်။

...တပ်မှူးကုန်းစွန်း၊ မြို့စေင့်တပ်ဖွဲ့တွေကို တစ်မြို့လုံးတပ်ဖြန့်ပြီး ခုခံကာကွယ်ဖို့ ပြင်ဆင်ပါ"

အမိန့်များ အတည်ပြုသည်။ တိုက်ပွဲမစသေးသော်လည်း လေထုက တင်းကြပ်လာသည်ကို အားလုံးခံစားနေရသည်။ မုန်တိုင်းတစ်ခုကို ရင်ဆိုင်ကြရတော့မည်။

"ဒုသခင်ယော်၊ လူနည်းနည်းခေါ်ပြီး ရန်သူအခြေအနေကို သွားထောက်လှမ်းပါ။ သားရဲအင်အားကို လေ့လာပါ။ ဒါပေမယ့် မဟာနတ်ဆိုးဘုရင်တွေနားကို မကပ်မိစေနဲ့"

"ဟုတ်ကဲ့"

သည်းကြီးမည်းကြီးရွာနေသည့် မိုးရေကြားတွင် ဒုမြို့တော်သခင်ယော်က အရေးပေါ်အခြေအနေကို တာဝန်ယူသည်။ လိုအပ်သည့်ပစ္စည်းများပြင်ဆင်ပြီး ရဲဝံ့သည့် လူယုံတစ်ချို့ကို တိတ်တဆိတ်စုစည်းသည်။

သူ့လူယုံများက ကြောက်ရွံ့တုန်လှုပ်နေသည်။ ရဲဝံ့သည်ဆိုသော်လည်း သူတို့သည် အသေခံစစ်သားများမဟုတ်။ မဟာနတ်ဆိုးဘုရင်များက သူတို့ကို အာရုံခံမိသွားလျှင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့မဆိုထားနှင့်။ ဒုသခင်ယော်ပင် ကာကွယ်ပေးနိုင်မည်မဟုတ်။

"ဒုသခင်ယော်။ နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ချို့ကို ကင်းထောက်ခေါ်လို့မရဘူးလား။ ကျုပ်တို့ချည်းပဲ မသွားသင့်ဘူးထင်တယ်"

"ပေါက်ကရတွေမပြောစမ်းပါနဲ့။ နတ်ဝိညာဉ်အဆင့်တွေက ဘာသတင်းထောက်လှမ်းနိုင်မှာလဲ။ တိုက်ပွဲကြုံမှ ရှောင်ပြေးဖို့ တွေးနေတာလား။ ဒီသားရဲကပ်ကို မခုခံနိုင်ရင် ငါတို့ကတော့ လွတ်အောင်ပြေးကောင်းပြေးနိုင်မယ်။

ဒါပေမယ့် ငါတို့မိသားစုတွေကို ဘယ်လိုလုပ်မလဲ။ သူတို့ကို မင်းစွန့်ပစ်ခဲ့မှာလား"

အမှန်အတိုင်းပြောရလျှင် ဒုသခင်ယော်လည်းကြောက်သည်။ သို့သော် ကြောက်နေ၍လည်း အကြောင်းထူးမလာနိုင်။ အနှေးနှင့်အမြန် သားရဲကပ်ကို သူတို့ရင်ဆိုင်ရမည်။

စောစောသတင်းရပြီး ကြိုတင်ပြင်ဆင်ထားနိုင်လျှင် မျှော်လင့်ချက်ပါးပါးရှိသေးသည်။

"ဒါပေမယ်..."

"စကားမပြောနဲ့တော့။ သားရဲအုပ်နဲ့ ငါတို့နီးလာပြီ"

သူ့လူယုံများ အတော်ထိတ်လန့်လာသည်။ စကားမပြောရဲကြတော့။

သူတို့ အသံတိတ်ချဉ်းကပ်သွားသည်။ နဖူးကြောများ တဖြေးဖြေးကျုံ့လာသည်။ နှလုံးခုန်သံများ စည်းချက်မမှန်တော့။

ဘာကြောင့် သားရဲအုပ်က ထူးထူးခြားခြား အသံတိတ်နေသည်မသိ။ တိတ်ဆိတ်လွန်းသဖြင့် သူတို့ပို၍ စိတ်ခြောက်ခြားလာသည်။

သတ္တိမွေး၍ သူတို့ရှေ့တက်သွားသည်။ မယုံနိုင်စရာမြင်ကွင်းတစ်ခု မြင်လိုက်ရသည်။ နှလုံးသွေးရပ်မတတ်ဖြစ်သွားကြသည်။

နတ်ဆိုးအလောင်းများ တောင်လိုပုံနေသည်။ ကြီးမားသည့် နှင်းဖုံးတောင်ကုန်းကြီးတစ်ခုဖြစ်နေသည်။ အလောင်းအားလုံးနီးပါး နှင်းများဖုံးလွှမ်းနေပြီး သွေစိမ်းနံ့များ လွှမ်းခြုံနေသည်။

နတ်ဆိုးများက မျက်လုံးပွင့်လျက်သားဖြင့် အသက်ပျောက်နေသည်။ တုန်လှုပ်စရာမြင်ကွင်းတစ်ခု ကြုံခဲ့ရဟန်ရှိသည်။

ထိုသားရဲများကို ဘယ်သတ္တဝါသတ်သွားသနည်း။ သတ်သွားသည့် သတ္တဝါက ယခုထိရှိနေသေးသလော...

ထိုသို့တွေးရင်း စိတ်ထဲတွင် တင်းကြပ်လာသည်။ အသက်ပင်ကျယ်ကျယ်မရှူရဲကြတော့။

မြေပေါ်သို့ အသံတိတ်ဆင်းကြသည်။ ဘေးပတ်လည်ကို သေချာလေ့လာသည်။ ကြောက်စရာကောင်းသည့် စွမ်းအားမြင့်ရန်သူ သတိထားမိသွားမည်ကို စိုးရိမ်သည်။

ကြီးမားသည့်သဏ္ဌာန်တစ်ချို့ သူတို့ရှေ့တွင် ပိတ်ဆို့နေသည်။ မြောက်လေပြေကြောင့် ဖုံးနေသည့်နှင်းများ လွင့်ပါသွားသည်။ ထိုသဏ္ဌာန်များကို ရှင်းလင်းစွာမြင်လာရသည်။

အားလုံး ကြောရိုးထဲစိမ့်တက်သွားကြသည်။

မဟာနတ်ဆိုးဘုရင်အလောင်းများဖြစ်သည်။

"ကြည့်ကြဦး၊ ဒါက မြောက်ပိုင်းရေခဲလွင်ပြင်က ဝေလငါးဘုရင်ပဲ။ ခွန်ဖုန်မျိုးနွယ်ခွဲလို့ ပြောကြတယ်။ ရေခဲပြင်မှာ ကူးခတ်နိုင်တယ်တဲ့။ အခု နှစ်ခြမ်းကွဲနေပါလား"

"ဒါက ဓားသွားကျားဘုရင်ပဲ။ တစ်ချိန်က သားရဲအုပ်ကို ဦးဆောင်ပြီး ယုန်လန်မြို့ကို ဖျက်ဆီးခဲ့တယ်။ အဲဒီတုန်းက သခင်မာနဲ့ စုစည်းခြင်းအဆင့်နှစ်ယောက် မြို့ကိုစောင့်ကြပ်နေခဲ့တာ။

အဲဒီ့ကိစ္စဖြစ်ပြီးနောက်မှ သခင်မာက ငါတို့မူရွှဲ့မြို့တော်ကို ထွက်ပြေးလာတာ"

"ဟိုဟာက မြွေဖြဘုရင်ပဲ။ ကိုယ်ပျောက်ပညာတွေမှာ ပြိုင်ဘက်ကင်းတယ်လို့ နာမည်ကြီးတယ်။ စုစည်းခြင်းအဆင့်တွေကိုတောင် လုပ်ကြံသတ်ဖြတ်ခဲ့ဖူးတယ်"

ရုတ်တရက် အဖွဲ့သားတစ်ယောက် မြေပေါ်သို့ဖင်ထိုင်ကျသွားပြီး သူ့ရှေ့မှသတ္တဝါကို တုန်တုန်ရင်ရင်ဖြင့် လက်ညှိုးထိုးပြသည်။

"ရေ...ရေခဲဆင်နတ်ဆိုးဘုရင်က...ခေါင်းဖြတ်ခံထားရတယ်"

သေပြီးနောက်မှာပင် ရေခဲဆင်အလောင်းမှ အေးစိမ့်သည့်ချီဓာတ်များ ထွက်ပေါ်နေဆဲဖြစ်သည်။ အသက်ရှိစဉ်က အတော်ကြောက်စရာကောင်းခဲ့လိမ့်မည်။

သို့သော် ဘယ်လောက်ကြောက်စရာကောင်းခဲ့သည်ဖြစ်စေ ယနေ့ မြို့တော်အပြင်ဘက် ရေခဲဖုံးတောအုပ်တွင် သူသေနေသည်။

ဒုသခင်ယော် စိတ်ကိုတင်း၍ ဒဏ်ရာများကို လေ့လာသည်။ သူ့မျက်နှာ တဖြေးဖြေးလေးနက်တည်ကြည်လာသည်။

ဒဏ်ရာများက တိကျသေသပ်သည်။ မဟာနတ်ဆိုးများရော သာမန်နတ်ဆိုးများပါ ဓားတစ်ချက်ဖြင့် သေသွားသည်။ ဒုတိယဓားဒဏ်ရာမရှိ။

"ဓားပညာ...ထိပ်သီးဓားပညာပဲ"

....

"မြန်မြန်သွားပါ။ ဆရာလုကို သွားကယ်ပါ။ သူအသက်ရှင်နေဦးမှာပါ"

သင်တန်းသားများ မြို့တော်ဂိတ်တံခါးတွင်ရပ်၍ အစောင့်များကို အတင်းတောင်းဆိုနေသည်။

မြိူ့တော်အစောင့်များ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ မချိပြုံးပြုံးကြသည်။ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် အသားစားနတ်ဆိုးယုန်အုပ်နှင့် ရင်ဆိုင်ရလျှင် အသက်ရှင်နိုင်စရာအကြောင်းမရှိ။

ထိုကလေးများ ဤနေရာသို့ရောက်လာချိန်တွင် နတ်ဆိုးယုန်အုပ်စုက ဆရာလုကို အရိုးကျအောင် ကိုက်ဖြတ်စားသောက်ကြပြီးဖြစ်လိမ့်မည်။

သူတို့ကယ်နိုင်စွမ်းရှိလျှင်ပင် ယခု သားရဲကပ်ဖြစ်ပေါ်နေသည်။ တပ်မှူးကတင်းကြပ်သည့်စည်းမျဉ်း ချမှတ်ထားသည်။ တပ်မှူးအမိန့်မပါဘဲ မြို့တော်မှ ဘယ်သူမှမထွက်ရ။ ထို့ကြောင့် ဘယ်သူ့ကိုမှ သူတို့မကယ်နိုင်။

ဆရာလုအစွမ်းအစကို ယုံကြည်သည့် ဖန်ကျိကောပင် သားရဲကပ်အကြောင်းသိရပြီးနောက် မျက်နှာဖြူရော်သွားသည်။

ဆရာလုဘယ်လောက်စွမ်းအားကြီးသည်ဖြစ်စေ များပြားသည့် သားရဲအုပ်စုထဲတွင် အသက်ရှင်ဖို့မဖြစ်နိုင်။ သူတို့သရဲကိုးကောင်မဟာမိတ်လည်း သားရဲကပ်နှင့်ရင်ဆိုင်ဖူးသည်။ ကျောက်ဆောင်ကို ခေါင်းနှင့်ပြေးတိုက်သလိုသာဖြစ်ခဲ့သည်။

ကုန်းချီက နှင်းဖုံးတောအုပ်ဆီလှမ်းကြည့်ရင်းမှ ရုတ်တရက် တအံ့တဩအော်ဟစ်လိုက်သည်။

"ကြည့်ကြဦး၊ ဟိုမှာ ဆရာလုမဟုတ်လား"

ဖန်ကျိကော ခေါင်းခါသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ..."

"တပည့်တို့၊ ဆရာပြန်လာပြီ"

တိုက်ပွဲသိမ်းရလာဒ်ဖြစ်သည် နတ်ဆိုးယုန်များကို လုယန်က အိတ်တစ်လုံးဖြင့်ထုပ်ပိုး၍ယူလာသည်။

"ရန်သူက အတော်အင်အားများတယ်။ ငါ့မှာအသက်ကယ်အဆောင်တွေရှိနေလို့ တော်သေးတယ်။ ဒါကြောင့် အသက်မသေခဲ့တာ"

လုယန်က ကြောက်စိတ်မပြေသေးဟန်ဖြင့်ပြောသည်။

*********************************

All Chapters