← Chapters

အခန်း ၁၁၆၁

Vol. 78 Ch. 1161

အခန်း ၁၁၆၁

Vol. 78 Ch. 1161

အခန်း (၁၁၆၁) လူဖန်တီးသည့်သားရဲကပ်

မြို့တော်အစောင့်များ လုယန်ကိုကြည့်၍ မယုံနိုင်အောင်ဖြစ်နေသည်။ ကျောင်းသားများပြောပုံအရဆိုလျှင် လုယန်ရင်ဆိုင်ရသည့်အခြေအနေက အသက်ရှင်နိုင်စရာမရှိ။ အသက်ကယ်အဆောင်များရှိရုံဖြင့် ထိုသို့လုပ်နိုင်သလော...

လုယန် ကျောင်းသားများနှင့်အတူ မူရွဲ့မြု့တော်ထဲသို့ဝင်သည်။ သို့သော် သူ့ဟန်ပန်က မြို့ခံများအမူအရာနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

သားရဲကပ်ရောက်လာတော့မည်ဟု ကြားသဖြင့် မူရွှဲ့မြို့တော် တိုက်ပွဲအတွက် ပြင်ဆင်ထားသည်။ ကျင့်ကြံသူအားလုံး တိုက်ပွဲဝင်ဖို့ ဆင့်ခေါ်သည်။

သိုင်းကျောင်းသို့မဝင်မီ သင်တန်းသားများကို အိမ်ပြန်ဖို့ လုယန်ပြောသည်။ ယနေ့ ကွင်းဆင်းလေ့ကျင့်မှု အောင်မြင်ခဲ့ကြောင်း ကြေငြာသည်။

သိုင်းကျောင်းတစ်ခုလုံး ခြောက်ကပ်နေသည်။ အနီးအနားတွင် လုယန်စုံစမ်းကြည့်သည်။ မြို့တော်သခင်က သားရဲကပ်ကိုတိုက်ခိုက်ဖို့ မြို့ထဲမှ ကျင့်ကြံသူအားလုံး ခေါ်ထားကြောင်းသိရသည်။

မုရုံယွီတို့လည်း ကျင့်ကြံသူမျာဖြစ်၍ ဆင့်ခေါ်ခံရသည်။

"ဒီသားရဲကပ်ကို ဖန်တီးခဲ့တာ ဘယ်သူလဲ..."

လုယန် ကုတင်ပေါ်လှဲရင်း ပြန်စဉ်းစားနေသည်။ မဟာနတ်ဆိုးဘုရင်လေးကောင်၏ ကိုယ်ထဲတွင် သားရဲထိန်းပညာ၏ သဲလွန်စများ တွေ့ခဲ့ရသည်။

ထို့ကြောင့် အပြင်လူများ ထင်နေကြသလို ဤသားရဲကပ်သည် သဘာဝကပ်ဆိုးမဖြစ်နိုင်။ လူတစ်ယောက်ဖန်တီးသည့် ကပ်ဆိုးသာဖြစ်သည်။

"သားရဲကပ်ကိုသုံးပြီး မူရွှဲ့မြို့တော်ကို လွှမ်းမိုးချင်တာများလား"

သားရဲထိန်းပညာဖြင့် မဟာနတ်ဆိုးဘုရင်လေးကောင်ကို ထိန်းချုပ်သည်။ ထိုကျင့်ကြံသူသည် ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ဖြစ်ရမည်။ ကူးဖြတ်ခြင်းကျင့်ကြံသူတစ်ယောက်အတွက် မူရွှဲ့မြို့တော်ကို ဖျက်ဆီးဖို့ မခက်လှ။

"ကိုယ်တိုင်မလှုပ်ရှားချင်လို့များလား။ ဒါမှမဟုတ် တစ်ခြားအစီအစဉ်တစ်ခု ရှိနေလို့လား"

ရုတ်တရက် သိုင်းကျောင်းထဲတွင် စကားသံများပေါ်လာသည်။

"ဒုသခင်မာမျက်နှာကို မင်းတို့မြင်လိုက်လား။ အရမ်းရယ်ရတယ်ကွာ။ မျက်နှာကြီးက စူပုတ်နေတာပဲ။ သူဒီလိုမျက်နှာများမှန်း အခုမှသိတယ်"

"ကဲ ကဲ၊ မင်းတို့အသံတွေလျှော့ကြ။ ဒုသခင်မာရဲ့လူတွေကြားသွားရင် ငါတို့ဒုက္ခရောက်လိမ့်မယ်"

"ရှောင်လု၊ မင်းအဆင်ပြေရဲ့လား။ နတ်ဆိုးသားရဲတွေကို အမဲလိုက်ဖို့ ကလေးတွေကို မင်းမြို့ပြင်ခေါ်သွားတယ်ကြားတော့ ငါအရမ်းလန့်သွားတာ"

မုန်ရုံယွီက စိုးရိမ်တကြီး‌မေးသည်။

"ကံကောင်းသွားတယ်။ စွမ်းအားမြင့်နတ်ဆိုးတွေနဲ့ မကြုံခဲ့ရဘူး"

"ဟား...ဒါကြောင့် မင်းကံကောင်းတယ်ဆိုတာ စကားသက်သက်မဟုတ်ဘူးလို့ ငါပြောတာ။ တကယ်ကံကောင်းတဲ့လူပဲ။ မင်းအပြင်ထွက်တဲ့အချိန် သားရဲကပ်ဖြစ်တယ်။ အဲဒီ့သားရဲကပ်နဲ့သာတိုးရင် မင်းဘဝဇာတ်သိမ်းသွားမှာ"

"ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါက မြို့တော်ကိုဖျက်ဆီးနိုင်တဲ့ သားရဲကပ်မျိုးပဲ။ မြို့တော်သခင်တောင် ဖြေရှင်းဖို့နည်းလမ်းကို တွေးမရဘူး"

အတွင်းဂိုဏ်းတပည့်များက ထောက်ခံသည်။ သူတို့တစ်သက်တွင် နာမည်ကျော်သားရဲကပ်ကို ပထမဆုံးကြုံဖူးခြင်းဖြစ်သည်။

လုယန်ဘာမှမပြောဘဲ ပြုံးရုံသာပြုံးနေသည်။

"အိမ်နီးချင်းတွေကပြောတယ်။ သားရဲကပ်ကိုရင်ဆိုင်ဖို့ ခင်ဗျားတို့အားလုံးကို မြို့‌တော်သခင်က ဆင့်ခေါ်ထားတယ်တဲ့"

"ဟုတ်တယ်။ ဒီတစ်ခါ ငါသေတော့မယ်လို့ ထင်ခဲ့တာ"

မုရုံယွီက ကြောက်စိတ်မပြေသေးဟန်ဖြင့်ပြောသည်။

"စိတ်မပူပါနဲ့။ အေးအေးဆေးဆေးထိုင်ပြီး ပြောပြပါဦး"

လုယန် ပြုံး၍ပြောသည်။ နေရာထိုင်ခင်းစီစဉ်သည်။

"မြို့ပြင်ကနေ တောရိုင်းယုန်တွေကျုပ်ဖမ်းလာတယ်။ ယုန်သားကင်ပြီး အတူတူစားကြတာပေါ့"

"ဟား..အဲဒါကောင်းတယ်"

မုရုံယွီ ပျော်ရွှင်သွားသည်။ သူ့တပည့်များလည်း ဝမ်းသာနေသည်။ ခြောက်ကပ်နေသည့် မြောက်ပိုင်းရေခဲနယ်မြေတွင် အသားကင်စားရဖို့ဆိုသည်မှာ ရှားပါးအခွင့်အရေးတစ်ခုဖြစ်သည်။

လုယန် အသားကင်မည့်စင်ကို ကျွမ်းကျင်စွာပြင်ဆင်သည်။ အသားကင်ရင်း မုရုံယွီပြောသည့် ဇာတ်လမ်းများကို နားထောင်သည်။

"ဒုသခင်မာက ငါတို့ကို ရုတ်တရက်ဆင့်ခေါ်လာတော့ ငါတို့အတော်ကြောက်သွားတာ။ ဒါက သားရဲကပ်ပဲလေ။ ငါတို့လိူ ချီအဆင့် အခြေတည်အဆင့် ရွှေသန္ဓေအဆင့်တွေက ဘာလုပ်နိုင်မှာလဲ။ သေလမ်းကိုသွားရတာမျိုးပဲ။

အဲဒီသခင်မာက စိုးရိမ်သယောင်ဟန်ဆောင်ပြီး ငါတို့ကျင့်စဉ်အထောက်အပံ့တွေကို လက်လွှဲပေးဖို့တောင် ပြောသေးတာ။ ဘုံခွဲဝေစနစ်မျိုးနဲ့ သုံးမယ်တဲ့။ သူအဲလောက် စွမ်းရည်ရှိရင် သားရဲကပ်ကို သူအရင်သွားရင်ဆိုင်ပါလား။

ဘာမှအဓိပ္ပါယ်မရှိဘူး။ သူက ကျင့်ကြံမှုရင်းမြစ်တွေအားလုံးကို လက်ဝါးကြီးအုပ်ချင်တာလို့ပဲ ငါယူဆတယ်။ မြို့တော်တကယ်အန္တရာယ်ကြုံလာရင် အဲဒါတွေယူပြီး သူကအရင်ဆုံးထွက်ပြေးမှာ။

သူဘယ်လောက်ပြောပြော ငါတို့ကမပေးချင်မှန်းသိတော့ သူဂဏာမငြိမ်ဖြစ်လာတယ်။ အဲဒီအချိန်မှာပဲ ဒုသခင်ယော် ရောက်လာပြီး သတင်းပို့တယ်။ သားရဲကပ်အတွက် စိုးရိမ်စရာမလိုတော့ဘူးတဲ့။

အဓိပဓိစွမ်းအားရှင်တစ်ယာက်က မဟာနတ်ဆိုးဘုရင်လေးကောင်ကို ဓားတစ်ချက်တည်းနဲ့ သတ်ခဲ့တယ်။ ရာချီထောင်ချီရှိတဲ့ နတ်ဆိုးသားရဲမျိုးနွယ်တွေကိုလည်း သတ်ခဲ့တယ်တဲ့။ သားရဲကပ်ရဲ့ အဓိကအင်အားကို တိုက်ရိုက်ရှင်းပစ်လိုက်တာ။

ဒါပေမယ့် သခင်မာက မယုံသေးဘူး။ သတင်းမှားတွေပြောပြီး တပ်ဖွဲ့စိတ်ဓာတ်ပြိုကွဲအောင် မလုပ်သင့်ဘူးလို့ သခင်ယော်ကို ပြောတယ်။ သူကိုယ်တိုင် အဖွဲ့တစ်ခုကို ဦးဆောင်ပြီးမြို့ပြင်ထွက်တယ်။ အကြီးအကျယ်စိတ်ဓာတ်ကျပြီး ပြန်ရောက်လာတယ်။

မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူးဆိုပြီး တတွတ်တွတ်ပြောတယ်။ နောက်ပြီး ဒဏ်ရာလည်း အပြင်းအထန်ရခဲ့တယ်။ နတ်ဆိုးအလောင်းတွေပေါ်မှာ ကျန်နေတဲ့ ဓားချီစွမ်းအား ထိသွားတာလေ"

ဂိုဏ်းတပည့်တစ်ယောက်က အလိုက်သင့်ဝင်ပြောသည်။

"မြို့တော်သခင်ကိုယ်တိုင်လည်း အပြင်ထွက်ပြီး အခြေအနေသွားစစ်ဆေးခဲ့တယ်လို့ကြားတယ်။ ဓားတာအိုအဓိပဓိစွမ်းအားရှင်တစ်ယောက် လှုပ်ရှားခဲ့တာလို့ သူပြောတယ်"

"ဓားတာအိုအဓိပဓိလား..ငါသာဒီစွမ်းအားရှင်ကို တွေ့ခွင့်ရမယ်ဆိုရင် သေပျော်ပါပြီ"

နောက်ဂိုဏ်းတပည့်တစ်ယောက်က ပြောသည်။

လုယန် ယုန်ခြေတောက်ကင်လေးခုကို ရှေ့သို့ချပေးရင်း စနောက်လိုက်သည်။

"ဓားတာအိုအဓိပဓိဆိုတာက ဘာတွေအဲလောက်ထူးခြားလို့လဲ"

ဂိုဏ်းတပည့်က ရယ်သည်။

"တာအိုရှင်လု၊ ဓားတာအိုအိပဓိက ကျုပ်ကိုသဘောကျပြီး ဓားပညာနည်းနည်းလောက်သင်ပေးခဲ့ရင် ဒီမူရွှဲ့မြို့တော်ထဲမှာ ကျုပ်ခေါင်းမော့ပြီး လမ်းလျှောက်လို့ရပြီ"

မုရုံယွီက ယုန်ခြေထောက်ကို တစ်ကိုက်ဝါးမိသည်နှင့် မျက်လုံးများအရောင်လက်လာသည်။

"ဟ ရှောင်လု၊ မင်းလက်ရာက အတော်ကောင်းတာပဲ။ ဒီမူရွှဲ့မြို့တော်မှာ ဆိုင်တစ်ခုဖွင့်လို့တောင်ရတယ်။ ငါနှစ်တစ်ရာနီးပါး စားခဲ့ဖူးတဲ့ အသားကင်တွေထဲမှာ မင်းလက်ရာက အကောင်းဆုံးပဲ"

"ချီးကျူးလွန်းနေပါပြီ"

.....

မာအိမ်တော်။

ဒုမြို့တော်သခင်မာ အိမ်ပြန်ရောက်ကတည်းက တံခါးပိတ်ကျင့်စဉ်ဝင်ခဲ့သည်။ သူ့မိသားစုကိုပင် ထွက်မတွေ့။

မြက်ဖျာတစ်ချပ်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ သူအံတင်းတင်းကျိတ်ထားသည်။ လက်သီးနှစ်ဘက်ဆုပ်ထားသည်။ နဖူးမှချွေးသီးချွေးပေါက်များ ပါးပြင်ကိုဖြတ်သန်း၍ ကြမ်းပြင်သို့ ကျနေသည်။

ဓားတာအိုအဓိပဓိ၏ ဓားချီက သူ့ကိုယ်ထဲတွင် ကျန်နေသည်။ နည်းလမ်းစုံသုံး၍ ချက်ချင်းတွန်းထုတ်နုင်ဖို့ ကြိုးစားသော်လည်း ဖြေးဖြေးချင်းသာ လျော့ပါးအောင်လုပ်နိုင်သည်။

သို့သော် ဤကိစ္စကို သူအရေးမစိုက်။ ရုတ်တရက် သူ့မျက်လုံးများပွင့်လာပြီး တီးတိုးရေရွတ်သည်။

"မဖြစ်နိုင်ဘူး...ဒါမဖြစ်နိုင်ဘူး..."

"ဘာတွေမဖြစ်နိုင်ဘူးပြောနေတာလဲ"

လေးပင်သည့်စကားသံတစ်ခု သူ့နားထဲတွင် ပဲ့တင်ထပ်သွားသည်။

"ဘယ်သူလဲကွ"

သခင်မာ တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ ဤနေရာသည် သူကျင့်ကြံသည့်နေရာဖြစ်သည်။ လုံးဝစိတ်ချရသည်။ မြို့တော်သခင်ပင် ထိုးဖောက်မဝင်နိုင်။

"ဘယ်လိုလဲ၊ မင်းကိုယ်ထဲမှာ ငါ့ဓားချီရှိနေတာတောင် ငါဘယ်သူမှန်း မသိသေးဘူးလား"

သခင်မာ မျက်လုံးပြူးသွားသည်။ သူ့အသံများ တုန်ရင်လာသည်။

"မင်းပဲ...မဟုတ်ဘူး။..ခင်ဗျားပဲ"

မဟာနတ်ဆိုးဘုရင်လေးကောင်ကို ဓားတစ်ချက်ဖြင့် သတ်ဖြတ်ခဲ့သည့် အဓိပဓိဓားသခင်ဖြစ်သည်။

"ဒုသခင်မာက ဘာကိုမဖြစ်နိုင်ဘူးလို့ထင်တာလဲ။ မြို့တော်ကိုတိုက်ခိုက်မယ့် သားရဲကပ်ကို ငါမတားနိုင်ဘူးလို့ ထင်တာလား"

ဓားသခင်၏ ပြင်းထန်သည့်စွမ်းအင်ဖိအားကို ဒုသခင်မာခံစားလိုက်ရသည်။ ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားသည်။ နဖူးတွင် ချွေးစေးများထွက်လာသည်။

"မဟုတ်ပါဘူး။ ကျုပ်ပြောချင်တာ အဲဒီ့အဓိပ္ပါယ်မဟုတ်ဘူး"

သခင်မာ ထိတ်လန့်သွားသည်။

သခင်မာလည်း ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သတိထားမိသဖြင့် ဓားသခင် စွမ်းအင်ဖိအားကို ပြန်ရုတ်သိမ်းလိုက်သည်။ ဓားချီဖိနှိပ်ခံထားရသည့် ဓားကျင့်ကြံသူတစ်ယောက်သည် လိမ်ပြောနိုင်မည်မဟုတ်။

"ကျုပ်...ကျုပ်က ဓားပညာကို ဒီလောက်အတိုင်းအတာထိ လေ့ကျင့်နိုင်တဲ့လူ မရှိနိုင်ဘူးလို့ ထင်ခဲ့တာပါ"

သခင်မာ နာကျင်နေသည့်လေသံဖြင့်ပြောသည်။ ဓားကျင့်ကြံသူတစ်ယောက်ဖြစ်၍ သူနှင့် အဓိပဓိဓားသခင်ကြားတွင် အဆင့်ချင်းဘယ်လောက်ကွာဟကြောင်း သူကောင်းကောင်းသိသည်။

သို့သော် ထိုအဖြစ်ကို လက်မခံနိုင်သဖြင့် မဟာနတ်ဆိုးဘုရင်အလောင်းတွင် ကျန်ခဲ့သည့် ဓားချီကို မဆင်မခြင်သူသွားထိခဲ့သည်။ ဒဏ်ရာအပြင်းအထန်ရခဲ့သည်။

သူနှင့်ဓားကျင့်ကြံသူအစစ်တစ်ယောက်ကြား စွမ်းရည်ချင်း များစွာကွာခြားကြောင်း နားလည်လာသည်။ ဤတစ်သက်တွင် ထိုအဆင့်မျိုး သူဘယ်တောက်မှရောက်နိုင်မည်မဟုတ်မှန်းသိသည်။ ထို့ကြောင့် စိတ်ဓာတ်ကျနေခြင်းဖြစ်သည်။

ဓားသခင်က လှောင်သံပါပါဖြင့် ပြန်ပြောသည်။

"ဓားကျင့်ကြံသူဖြစ်ပြီး စိတ်အတွေးက မရှင်းလင်းဘူး။ သားရဲကပ်ကြုံတာနဲ့ ကြောက်လန့်တုန်လှုပ်ပြီး မြို့တော်ကိုစွန့်ပစ်ဖို့ပဲတွေတးယ်။ ဒါနဲ့များ ဓားတာအိုအမြင့်ဆုံးအဆင့်ကိုတက်ဖို့ မျှော်လင့်နေသေးတယ်ပေါ့။ တကယ့်ဟာသပဲ။

မင်းဘဝမှာ မင်းထက်စွမ်းအားပိုကြီးတဲ့ တစ်ယောက်ယောက်ကိုတောင် မင်းဓားကိုကိုင်ပြီး ရင်ဆိုင်ခဲ့ဖူးလို့လား"

သခင်မာခေါင်းထဲ လျှပ်စီးတစ်ချက်လက်သွားသလို ခံစားရသည်။

ဓားသခင်က သခင်မာကိုယ်ထဲမှ ဓားချီကို ပြန်သိမ်းပြီး ပျောက်ကွယ်သွားသည်။

မာအိမ်တော်အပြင်ဘက်တွင် လုယန်ပေါ်လာသည်။ ခေါင်းကိုဖြေးညှင်းစွာခါယမ်းနေသည်။

"သားရဲကပ်ကိစ္စက သူနဲ့မဆိုင်လောက်ဘူး"

********************************

All Chapters