← Chapters

အခန်း ၁၁၆၅

Vol. 78 Ch. 1165

အခန်း ၁၁၆၅

Vol. 78 Ch. 1165

အခန်း (၁၁၆၅) ရေခဲနဂါးမျိုးနွယ်

ရွှဲ့ရှီလုန် မျက်လုံးမှိတ်၍ အာရုံစုစည်းလိုက်သည်။ လက်ထဲမှထွန်ခြစ်ကို ဓားဟု သဘောထားသည်။ ဖျတ်ခနဲ သူမျက်လုံးပွင့်လာသည်။ ထွန်ခြစ်ကို အားစိုက်၍ဝေ့ယမ်းလိုက်သည်။ လှုပ်ရှားမှုတိုင်းက တိကျသေသပ်သည်။

မူရွှဲ့မြို့မှ ထွန်ခြစ်ပညာကျွမ်းကျင်သည့် ဝါရင့်သခင်များပင် ရွှဲ့ရှီလုန်၏သိုင်းကွင်များကိုမြင်လျှင် လေးစားမိကြလိမ့်မည်။ ရွှဲ့ရှီလုန်၏ တိုက်ကွက်များက သူတို့ထက်ပို၍ များစွာအားပြင်းသောကြောင့်ဖြစ်သည်။

သို့သော် သူ့သိုင်းကွက်များ အရည်အသွေးမမီသေးဟု ရွှဲ့ရှီလုန်ခံစားရသည်။

နှေးနေသည်။ လုံလောက်သည့်အမြန်နှုန်းမျိုး မရှိသေး။ ယခုထက်ပိုမြန်ရမည်။ ပိုမြန်ဖို့လိုသေးသည်။

လက်ထဲမှထွန်ခြစ်ကို ဝှေ့ယမ်းနေချိန်တွင် ထွန်ခြစ်ပုံရိပ်ရောင်များ ပေါ်လာသည်။ နောက်ဆုံးတွင် ပင်ပန်းလွန်းသဖြင့် အသက်ကိုမောပန်းစွာရှူရှိုက်ရင်း ထွန်ခြစ်ကို ထောက်ကန်အားပြု၍ ရပ်နေရသည်။ ဓားကျင့်ကြံသူတစ်ယောက်၏ ဟန်ပန်ကို ထိန်းထားသည်။

အကိုလုကသူ့ကို ထွန်ခြစ်ပညာလေ့ကျင့်ဖို့ပြောသည်။ ထိုစကားတွင် နက်ရှိုင်းသည့်အဓိပ္ပါယ်မျိုး ရှိလိမ့်မည်။ ကျောင်းသားများကို ထွန်ခြစ်ပညာသင်ခိုင်းရုံလောက် မရိုးရှင်းသည်မှာ သေချာနေသည်။

ရွှဲ့ရှီလုန် ထွန်ခြစ်ကို စိုက်ကြည့်သည်။ လက်ကိုင်ရိုးတွင် သူကိုင်ထားသည့်လက်ချောင်းရာများ ထင်ကျန်နေသည်။ သူ့စိတ်အတွေးကို ဖြန့်လိုက်သည်။

ထွန်ခြစ်...ထွန်ခြစ်...သူ့ခေါင်းထဲ အတွေးတစ်ခု ဖျတ်ခနဲဝင်လာသည်။ သူသဘောပေါက်သွားသည်။

မှန်သည်။ ထိုအချက်ကို အရင်က သူနားမလည်ခဲ့။ ထွန်ခြစ်ကို လွှဲယမ်းချိန်တွင် အသွားရှစ်ခုက ရန်သူကို တစ်ပြိုင်တည်းတိုက်ခိုက်သည်။ 'ဓားတစ်ချောင်းက ဓားတစ်သောင်းအသွင်ပြောင်း'ပညာ၊ 'ဓားတစ်သောင်းဌာနေပြန်'ပညာတို့၏ သဘောတရားမျိုးပင်ဖြစ်သည်။

ထွန်ခြစ်သည် ထိုဆန့်ကျင်ဘက်ဓားပညာနှစ်ခုကို အပြည့်အဝပေါင်းစည်းထားသည်။ ထိုဓားပညာနှစ်ခုတွင် တူညီသည့်အချက်တစ်ခုခုရှိလေသလော...

အကိုလုက ထိုအချက်ကို လမ်းညွှန်လိုခြင်းသာဖြစ်မည်။

ရွှဲ့ရှီလုန်၏အတွေးများ ချောမွေ့စွာစီးဆင်းနေသည်။ မနက်လင်းသည်နှင့် ကျေးဇူးတင်စကားဆိုရန် လုယန်၏အခန်းတံခါးရှေ့သို့သွားသည်။

"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကိုလု။ ကျုပ်နားလည်သွားပါပြီ"

မနေ့ညက လုယန် နတ်မယ်ကိုအဖော်ပြု၍ အတော်ကြာအောင် အချိန်ဖြုန်းခဲ့သည်။ ယခုထိ သူ့ဦးနှောက်များ မကြည်လင်သေး။ ရွှဲ့ရှီလုန် ဘာကိုနားလည်သွားမှန်း သူမသိ။

"ကောင်းတာပေါ့။ အရေးကြီးတာက နားလည်ဖို့ပဲ"

.....

မုဆိုးရှစ်၏အိမ်တွင်

ရှစ်ယီ အိပ်မက်ရှည်တစ်ခုမက်နေသည်။ အိပ်မက်ထဲတွင် ရေခဲတွင်းတစ်ခုထဲသို့ သူကျသွားသည်။ အရှိန်ပြင်းသည့် ရေစီးတစ်ခုက သူ့ကိုဆွဲခေါ်သွားသည်။

ပုံမှန်ဆိုလျှင် ထိုမြေအောက်ရေခဲမြစ်ထဲ၌ အလွန်တရာအေးစိမ့်နေရမယ်။ သို့သော်ယခု ထိုသို့မဟုတ်ဘဲ အနွေးဓာတ်ကို သူခံစားနေရသည်။ သူမွေးဖွားခဲ့သည့် ပတ်ဝန်းကျင်တစ်ခုလိုဖြစ်နေသည်။

ရှစ်ယီ ဖျတ်ခနဲမျက်လုံးပွင့်လာသည်။ အိမ်အပြင်ဘက် ရေခဲပြင်ပေါ်တွင် သူရပ်နေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ အပေါ်ပိုင်းကိုယ်ဗလာဖြစ်နေသော်လည်း အအေးဓာတ်ကို လုံးဝမခံစားရ။

"...ငါက ဘာလို့ဒီကိုရောက်နေတာလဲ"

လက်မောင်းတွင် နည်းနည်းယားနေသလိုခံစားရသဖြင်ံ့ အလိုလိုကုတ်လိုက်မိသည်။ တစ်ခုခုလွဲနေကြောင်း သိလိုက်သည်။ သူငုံ့ကြည့်သည်။ ရေခဲသလင်းနှင့်တူသည် မြွေအကြးခွံများ သူ့လက်မောင်းတွင်ရှိနေသည်။

"အဖေ၊ ကျွန်တော့်လက်ကိုကြည့်ပါဦး"

ရှစ်ယီ အိမ်ထဲသို့ချက်ချင်းပြေးဝင်သွားပြီး သူ့အဖေနာမည်ကျော်မုဆိုးကို အော်ခေါ်သည်။ သူ့ဖခင်သည် သာမန်လူဖြစ်သော်လည်း ချီပထမအဆင့် ဒုတိယအဆင့်နတ်ဆိုးများကို ထောင်ဖမ်း၍ သတ်ဖြတ်နိုင်သူဖြစ်သည်။

မုဆိုးရှစ်က ထင်းခွဲနေရာမှလှည့်ကြည့်သည်။ ရှစ်ယီလက်မောင်းမှ မြွေအကြေးခွံများများကို မြင်သည်နှင့် လက်ထဲမှပုဆိန် လွတ်ကျသွားသည်။

"ဪ၊ နောက်ဆုံးတော့ မင်းသွေးဆက်က နိုးထလာပြီပေါ့"

"အဖေ၊ ကျွန်တော်ဘာတွေဖြစ်နေတာလဲ။ အဖေသိတယ်မဟုတ်လား"

သူ့အဖေအမူအရာကို သူသတိထားမိသည်။ သူ့ဖခင်က ထိုသို့ဖြစ်လာမည်ကို ကြိုသိနေဟန်ရှိသည်။

"ဒါက ကျွန်တော့်အမေနဲ့ ပတ်သက်နေလား"

ရှစ်ယီ သူ့မိခင်ကို တစ်ခါမှမမြင်ဖူး။ သူ့ကိုမွေးသည့်အချိန်တွင် သေသွားသည်ဟု သူ့ဖခင်က ပြောခဲ့သည်။ သို့သော် သူ့ဖခင်လေသံက မူမမှန်ဟု ရှစ်ယီ အမြဲသံသယဖြစ်ခဲ့သည်။ နောက်ကွယ်တွင် သူမသိသည့် အကြောင်းအရာများ ရှိနေလိမ့်မည်ဟု သူယူဆခဲ့သည်။

မုဆိုးရှစ်က ရှစ်ယီကို အိမ်ထဲခေါ်သွားပြီး ဝတ်စုံတစ်ခုဝတ်ပေးသည်။ သားအဖနှစ်ယောက် စားပွဲ‌ဘေးတွင် ထိုင်ကြသည်။

"အစက ဒီအကြောင်း ငါသေတဲ့အထိ လျှို့ဝှက်ချက်အဖြစ် ယူသွားဖို့ပါပဲ။ ဒါပေမယ့် မင်းက မင်းအမေရဲ့သွေးဆက်ကို အမွေခံထားတော့ ဆက်ပြီးဖုံးကွယ်နေစရာ မလိုတော့ပါဘူး"

မုန်ဆိုးရှစ် ဆေးလိပ်ကို တစ်ကြိမ်ရှိုက်ဖွာပြီးနောက် လွန်ခဲ့သည့်နှစ်နှစ်ဆယ်မှ ဇာတ်လမ်းကို ပြန်ပြောပြသည်။

"လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က ငါအမဲလိုက်ထွက်တဲ့အချိန် နှင်းတောထဲမှာ မိန်းမတစ်ယောက်ကို အမှတ်မထင်တွေ့တယ်။ သူက နတ်သမီးလိုပဲ အရမ်းလှတယ်။ သူဒဏ်ရာအပြင်းအထန်ရနေလို့ ငါအိမ်ကိုပြန်သယ်လာတယ်။

သူသတိရလာတဲ့အချိန်မှာ ငါ့ကိုရန်သူတစ်ယောက်လို ဆက်ဆံခဲ့တယ်။ ဒါပေမယ့် တဖြေးဖြေး အနေကြာလာတော့ သူ့သဘောထားပြောင်းသွားတယ်။ ငါ့ကို ရန်သူလို့မဆက်ဆံ‌တော့ဘူး။

သူက လေဟာနယ်သန့်စင်အဆင့်ရောက်နေလို့ ကျင့်စဉ်မတည်ငြိမ်ဘူးတဲ့။ လေ့ကျင့်ဖို့ထွက်လာတဲ့အချိန်မှာ သူတိုက်ခိုက်ခံရတယ်။ ဒဏ်ရာအပြင်းအထန်ရပြီး သတိလစ်သွားတာတဲ့။

အဲဒီ့နတ်သမီး ဘယ်သူလဲဆိုတာ မင်းခန့်မှန်းမိလောက်ပါတယ်။ သူက မင်းအမေပင်းဝူပဲ။

နောက်တော့ ငါတို့ချင်းမေတ္တာမျှခဲ့တယ်။ ပြီးတော့ မင်းကိုမွေးလာတယ်။ ငါတို့မိသားစုသုံးယောက် ပျော်ပျော်ရွှင်ရွှင်နေကြတယ်။

ဒါပေမယ့် အဲဒီ့ပျော်ရွှင်မှုက ကြာရှည်မခံလိုက်ဘူး။ မင်းအမေရဲ့မျိုးနွယ်တွေက သူ့နောက်ကိုလိုက်လာတယ်။ မင်းနဲ့ါင့ါကိုသတ်ပြီး သူ့ကိုခေါ်သွားဖို့ ပြင်ကြတယ်။

အဲဒီ့အချိန်ကျမှ မင်းအမေဟာ လူသားမျိုးနွယ်မဟုတ်ဘဲ ရေခဲနဂါးမျိုးနွယ်မှန်း ငါသိရတာ"

"ရေငွေ့မှုတ်ထုတ်ပြီး ရေခဲဖန်တီးနိုင်တယ်ဆိုတဲ့ နာမည်ကျော် ရေခဲနဂါးမျိုးနွယ်လား"

အမှန်တရားကို ခန့်မှန်းမိသဖြင့် ရှစ်ယီတစ်ကိုယ်လုံး တုန်ခါသွားသည်။

"ဟုတ်တယ်။ မင်းအမေက ရေခဲနဂါးမျိုးနွယ်ရဲ့ တော်ဝင်သမီးတော်ပဲ။ နှစ်တစ်ထောင်အတွင်း နဂါးစစ်အသွင်ပြောင်းနိုင်ခြေရှိတယ်။

သူငါနဲ့လက်ထက်ပြီး မင်းကိုမွေးခဲ့တာက သူတို့မျိုးနွယ်ရဲ့ ရိုးရာစည်းမျဉ်းကို ချိုးဖောက်ခဲ့တာ။ မကောင်းတဲ့နိမိတ်ပေါ်မယ့် လက္ခဏာလို့ သူတို့ကယူဆကြတယ်။

သေရေးရှင်ရေးအခြေအနေကြုံလာတော့ ငါတို့နှစ်ယောက်ကို အသက်ချမ်းသာပေးဖို့ အတင်းတောင်းဆိုပြီး အပေးအယူအနေနဲ့ သူက သူ့မျိုးနွယ်ဆီ ပြန်လိုက်သွားရတယ်။

မင်းလက်မောင်းက ကြေးခွံတွေဟာ ရေခဲနဂါးမျိုးနွယ်ရဲ့ အမှတ်အသားပဲ။ ဒီသွေးဆက် ဘယ်တော့မှ နိုးထမလာဘဲ ဘေးကင်းကင်းနဲ့ ငြိမ်းချမ်းတဲ့ဘဝမျိုး မင်းကိုငါလျှောက်စေချင်ခဲ့တာ။

မင်းအမေကလည်း အဲလိုပဲဖြစ်စေချင်တယ်။ အင်း...နောက်ဆုံးတော့လည်း မင်းရဲ့ ရေခဲနဂါးသွေးဆက်က နိုးထလာတာပါပဲ"

ရှစ်ယီ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ လက်သည်းများက အသားထဲသို့နစ်ဝင်သွားသည်။

"ကျွန်တော့်အမေ ဘယ်မှာလဲ"

မုဆိုးရှစ် သက်ပြင်းချသည်။

"ရေခဲနဂါးမျိုးနွယ်ရဲ့ မြေအောက်အကျဉ်းခန်းထဲမှာ ပိတ်လှောင်ခံထားရမယ်ထင်တယ်။ သူထွက်မသွားင် ငါ့ကိုမှာသွားတယ်။ မင်းကြီးလာရင် သူ့ကိုလာကယ်ဖို့ လုံးဝစိတ်မကူးပါစေနဲ့တဲ့။

မူရွှဲ့မြို့တော် ထိပ်တန်းအရာရှိတွေတောင် ရေခဲနဂါးမျိုးနွယ်ဆီကိုသွားရင် အဆင့်သုံးဆင့်ဖြတ်ကျော်ရတယ်။ သူတို့ကို မင်းဘယ်လိုရင်ဆိုင်နိုင်မှာလဲ"

ရှစ်ယီ အသံတိတ်သွားသည်။ အားနည်းနေသည့် ကိုယ့်အဖြစ်ကိုယ် သူနာကျင်နေသည်။

"ကဲ၊ နောက်ကျနေပြီ။ သင်တန်းသွားတော့"

....

ရေခဲနဂါးမျိုနွယ်တွင် ရေခဲရုပ်ထုတစ်ခုရှိသည်။ ရေခဲနဂါးရုပ်ထုဖြစ်သည်။ လက်ရာက အသက်ဝင်လွန်းသည်။ ရုတ်တရက် နဂါးကြေးခွံတစ်ခု အရောင်တောက်လာသည်။ ရုပ်ထုအစောင့်များ မျိုးနွယ်ခေါင်းဆောင်ထံ အခြေအနေကို ချက်ချင်းသတင်းပို့ကြသည်။

ရေခဲနဂါးမျိုးနွယ်ခေါင်းဆောင်က မိန်းမလှတစ်ယောက်ကု ဖျောင်းဖျရန်ကြိုးစားနေသည်။

"ပင်းဝူ၊ လိမ်လိမ်မာမာနဲ့ ငါးသားကိုပဲ လက်ထပ်လိုက်ပါ။ စွမ်းအားအကြီးဆုံးသွေးဆက်တွေ ပေါင်းစည်းရင် မင်းတို့မွေးလာတဲ့ကလေးဟာ နဂါးသွေးပါလာမှာပဲ"

"စိတ်ကူးယဉ်မနေနဲ့"

မိန်းမလှက အပြတ်ငြင်းသည်။

ထိုစဉ် လက်အောက်ခံတစ်ယောက် သတင်းလာပို့သည်။ ရုပ်ထု၏ နဂါးကြေးခွံတစ်ခု အရောင်လက်လာကြောင်း သိရသဖြင့် မျိုးနွယ်ခေါင်းဆောင် အံ့အားသင့်သွားသည်။

"နောက်ထပ် နဂါးမျိုးနွယ်တစ်ယောက် မွေးလာတာလား"

မျိုးနွယ်ထဲတွင် ကိုယ်ဝန်ဆောင်ထားသူရှိသည်ဟု သူမကြားမိ။

ရုပ်ထုဆိသို့သွားကြည့်ပြီး မှော်မန္တာန်တစ်ခုရေရွတ်၍ လက်ချိုးတွက်ချက်ကြည့်သည်။ ထို့နောက် စိတ်ပျက်သည့်အမူအရာ ပေါ်လာသည်။

"လက်စသပ်တော့ အပြင်လောကမှာ ပင်းဝူချန်ခဲ့တဲ့ ခွေးသူတောင်းစားလေးပါလား။ ဒီသူတောင်းစားက ငါတို့သွေးဆက် နိုးထလာတယ်ပေါ့။

တကယ့်ဟာသပဲကွာ။ သူက မြင့်မြတ်တဲ့ငါတို့သွေးဆက်ကို သိက္ခာချမယ့်ကောင််ပဲ။...ပင်းဝေ့၊ ပင်းဝေ၊ မင်းတို့ဘယ်မှာလဲ"

"ရှိပါတယ်"

ရေနဂါးနှစ်ယောက် ပေါ်လာပြီး မျိုးနွယ်ခေါင်းဆောင်ရှေ့တွင် ဒူးထောက်သည်။

"မူရွှဲ့မြို့တော်ကိုသွားပြီး ရှစ်ယီဆိုတဲ့ ဟိုခွေးသူတောင်းစားကို သွားသတ်လိုက်။

"ဟုတ်ကဲ့"

ပင်းဝေ့နှင့်ပင်းဝေတို့သည် ရေခဲနဂါးခေါင်းဆောင်၏ လူယုံများဖြစ်သည်။ ညီအကိုလည်းဖြ်စသည်။ ဝိညာဉ်ပြောင်းအဆင့်စွမ်းအားရှိသည်။ သူတို့အတူပူးပေါင်းတိုက်ခိုက်လျှင် စုစည်းခြင်းအဆင့်အောက်တွင် ပြိုင်ဘက်ကင်းသည်။

"သူက ဒီမှာပဲ"

ပင်းဝေ့နှင့်ပင်းဝေ ရှစ်ယီ၏တည်နေရာကို ရှာတွေ့သည်။ ရှစ်ယီက သိုင်းကျောင်းတစ်ခုတွင် လက်သီးပညာနှင့်ထွန်ခြစ်ပညာကို သင်ယူနေသည်။

"သနားစရာပဲ။ လူသားတွေရဲ့အမြင်က ဒီအဆင့်လောက်ပဲရှိတယ်။ စွမ်းအားတိုးအောင် အစွမ်းကုန်ကြိုးစားကြပေမယ့် နောက်ဆုံးတော့်လည်း သိုင်းကျောင်းမှာ ရိုးရာသိုင်းပညာ သင်နိုင်ရုံလောက်ပါပဲ"

ပင်းဝေ့နှင့်ပင်းဝေက ဝင့်ကြွားရိပ်အပြည့်ဖြင့် သိုင်းကျောင်းသို့ဝင်သည်။ လူမြင်ကွင်းတွင် လူသတ်ဖို့လည်း သူတို့ဝန်မလေးကြ။

ရှစ်ယီကို အများရှေ့တွင် သတ်ဖြတ်လိုက်လျှင် ရေခဲနဂါးမျိုးနွယ်၏စွမ်းအားကို လက်တွေ့ပြသရာလည်းရောက်သည်။

သိုင်းကျောင်းတံခါးကို ကန်ဖွင့်ပြီး ကျောင်းသားအုပ်စုကို အထင်မကြီးသည့်အကြည့်ဖြင့် မျက်လုံးဝေ့ကြည့်သည်။ ရှစ်ယီအပါအဝင် ကျောင်းသားအားလုံးက ထွန်ခြစ်သိုင်းသင်ရင်း ရယ်လိုက်မောလိုက်ဖြင့် အချိုးမကျသည့်သိုင်းကွက်များ လေ့ကျင့်နေသည်။ ချွေးတလုံးလုံးဖြင့် အားသွန်ခွန်စိုက် လေ့ကျင့်နေကြသည်။

ကျောင်းသားအားလုံး ပင်းဝေ့နှင့်ပင်းဝေကို လှည့်ကြည့်သည်။

ဤ‌ကျောင်းမှ သိုင်းဆရာများလည်း ဤအဆင့်လောက်သာရှိ...

"ရွှဲ့...ရွှဲ့..."

သေမင်းသခင်ရွှဲ့ရှီလုန် ဤနေရာတွင် ဘာကြောင့်ရှိနေသနည်း။

ရွှဲ့ရှီလုန် မျက်မှောင်ကျုံ့သွာားပြီး နဂါးမျိုနွယ်နှစ်ယောက်ကို အလိုမကျဟန်ဖြင့် စိုက်ကြည့်သည်။

"မင်းတို့ဘယ်သူလဲ။ ဒီကိုဘာလာလုပ်တာလဲ"

ရွှဲ့ရှီလုန်ကို မြင်သည်နှင့် ပင်းဝေ့နှင့်ပင်းဝေ မင်သက်မိနေသည်။ ရေခဲနဂါးတို့သည် အအေးဒဏ်ကို မကြောက်။ သို့သော်ယခု သူတို့နှစ်ယောက် သေမျိုးများအဖြစ် ပြောင်းလဲသွားသလို ခံစားရသည်။

တစ်ကိုယ်လုံး ရေခဲပုံးဖြင့်လောင်းချခံထားရသလို တုန်ရင်နေသည်။

သူတို့မျက်နှာတွင် ပလတ်စတစ်အပြုံးများ ပေါ်လာပြီး တဖြေးဖြေးနောက်ဆုတ်သွားသည်။ ကန်ဖွင့်ခဲ့သည့်တံခါးကို ပြန်ပြုပြင်ရန် ကြိုစားကြသည်။

"ဒီသိုင်းကျောင်းတံခါးက ပျက်စီးတော့မယ်ကြားလို့ပါ။ တကယ်ဟောင်းနေပြီပဲ။ ထိလိုက်ရုံနဲ့ တစ်စစီဖြစ်သွားတယ်။ ကျုပ်တို့အခုချက်ချင်း ပြင်လိုက်ပါ့မယ်"

**********************************

All Chapters