← Chapters

အခန်း ၁၁၆၇

Vol. 78 Ch. 1167

အခန်း ၁၁၆၇

Vol. 78 Ch. 1167

အခန်း (၁၁၆၇) ဘာကြောင့်အတန်းဖျက်သူအမဲပေါ်လာသနည်း

မနက်ခင်းနေရောင်ခြည်က မြို့တော်လမ်းများပေါ် ဖြန့်ကျက်ကျရောက်နေသည်။ မြို့တော်အစောင့်များ တစ်ညလုံးကင်းစောင့်ပြီးနောက် တာဝန်ချိန်းကြသည်။

နတ်ဝိညာဉ်တစ်ခု သူတို့ခေါင်း‌ပေါ်မှဝဲပျံ၍ မူရွှဲ့မြို့တော်ထဲသို့ ဝင်သွားသည်ကို သူတိုမသိလိုက်ကြ။

နတ်ဝိညာဉ်က မှုန်ဝါးဝါးအသွင်ရှိသည်။ အလင်းပေါက်လုနီးပါးဖြစ်နေသည်။ ကလေးငယ်နှင့်တူသည့် သူ့မျက်နှာက တင်းမာခက်ထန်နေသည်။

"သောက်ရေးမပါတဲ့ ကိုးငရဲဂိုဏ်းသားတွေ။ ရက်စက်ကြမ်းတမ်းပြီး လူစိတ်လုံးဝမရှိဘူး။ နည်းနည်းလေးသဘောထားကွဲလွဲတာနဲ့ ချက်ချင်းသတ်ကြတယ်"

အစောပိုင်းကကြုံခဲ့သည့် မြင်ကွင်းကို ပြန်တွေးကြည့်ရုံဖြင့် သူတုန်လှုပ်မိသည်။ ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူတစ်ယောက်က နတ်ဝိညာဉ်အဆင့်လူနှစ်ဆယ်နှင့်အတူ ရောက်လာပြီး သရဲကိုးကောင်မဟာမိတ် ဌာနချုပ်စခန်းကို ဘာမပြောညာမပြော ချက်ချင်းတိုက်ခိုက်သည်။

ပြုံးနေသူကို မရိုက်ရဟူသည် ဆိုရိုးစကားရှိသည်။ မဟာမိတ်ခေါင်းဆောင် ကိုးရဲတမန်တော်ဟော်ဟွာရှန်းအပေါ် လေးစားမှုအပြည့်အဝပြခဲ့သည်။ သို့သော် မဟာမိတ်ခေါင်းဆောင် အံ့အားသင့်နေစဉ်မှာပင် ခေါင်းဖြတ်ခံလိုက်ရသည်။ မျက်လုံးပွင့်လျက်သား သေသွားသည်။

သို့သော် သူသည် မဟာမိတ်ခေါင်းဆောင်ဖြစ်၍ လုပ်ကြံသတ်ဖြတ်နည်းနှင့် ကိုယ်ယောင်ဖျောက်နည်းများ သူကျွမ်းကျင်သည်။ အသက်ဓာတ်စတေး၍ အန္တရာယ်ကြားမှ ထွက်ပြေးနိုင်ခဲ့သည်။

ထွက်ပြေးနိုင်ခဲ့သော်လည်း သူအပြင်းအထန်ဒဏ်ရာရခဲ့သည်။ ကုသဖို့မဖြစ်နိုင်တော့သဖြင့် ရုပ်ခန္ဓာကို စွန့်ခွာ၍ ဝိညာဉ်ခန္ဓာကိုသာထိန်းထားသည်။

ကိုးငရဲဂိုဏ်းဝင်များ လိုက်ဖမ်းနေသည်ကို ရှောင်တိမ်းထွက်ပြေးရင်း သူ့ဝိညာဉ်စွမ်းအား ပျောက်ပျက်လုနီးပါးဖြစ်ခဲ့သည်။

"ပူးကပ်ဖို့အတွက် လူတစ်ယောက်ရှာမှဖြစ်မယ်"

မဟာမိတ်ခေါင်းဆောင် အံတင်းတင်းကြိတ်လိုက်သည်။ အရင်က အဆင့်အတန်းမြင့်မားခဲ့သည့် သူ့လိုလူက ယနေ့ ခွေးလေခွေးလွင့်တစ်ကောင်လို တစ်ခြားလူကို ပူးကပ်မှီခိုရမည့်အဆင့်သို့ ရောက်လာသည်။

"ဒီကောင်လေးရဲ့ ဝိညာဉ်စွမ်းအင်က အားကောင်းပုံပဲ။ ခန္ဓာကိုယ်ကြံ့ခိုင်မှုလည်း သက်တူရွယ်တူတွေထက် အများကြီးသာတယ်။...မင်းကိုပဲ ရွေးရတော့မှာပေါ့"

မဟာမိတ်ခေါင်းဆောင် ပျော်သွားသည်။ ထိုပါရမီရှင်မျိုး တွေ့ရမည်ဟု ထင်မထားခဲ့။ ထိုကောင်လေးကို ပူးကပ်လိုက်လျှင် နောက်ထပ်ပင် စွမ်းအားတက်နိုင်ခြေရှိသည်။ တစ်နေ့နေ့တွင် ဝိညာဉ်ပြောင်းအဆင့် လေဟာနယ်သန့်စင်အဆင့်များသို့ ရောက်နိုင်သည်။

......

စုယွမ်၏အိမ်တွင်။

"စိတ်အာရုံစုစည်းဖို့ မင်းစိတ်ကို တည်ငြိမ်အောင်ထားရမယ်။ ဒီလိုစိတ်မငြိမ်ဖြစ်နေရင်း မင်းဘယ်လို အာရုံစုစည်းမှာလဲ"

စုယွမ်က ခန္ဓာကိုယ်ဗဟိုချက်ငါးခုကို ကောင်းကင်နှင့် တစ်တန်းတည်းထားသည်။ ရှေးအကျဆုံး အာရုံစုစည်း၍ စိတ်နှလုံးကျင့်ကြံသည့်နည်းလမ်းဖြစ်သည်။

သို့သော် ပြဿနာက သူ့ကိုယ်ထဲမှစကားသံက သူအာရုံစုစည်းပုံကို အလိုမကျသဖြင့် တဗျစ်တောက်တောက် အပြစ်တင်နေသည်။

ရုတ်တရက် ရွှေရေင်အလင်းတစ်ခု တံခါးကြားမှခိုးဝင်လာပြီး စုယွမ်၏ခေါင်းထဲသို့ဝင်သွားသည်။ သူမသိလိုက်။

မဟာမိတ်ခေါင်းဆောင် စုယွမ်၏သိစိတ်နယ်မြေသို့ရောက်လာပြီးနောက် ကျိတ်ပျော်သွားသည်။

"ငါထင်တဲ့အတိုင်းပဲ။ ဒီကောင်လေးက ဝိညာဉ်စွမ်းအားနဲ့ပတ်သက်ပြီး ပင်ကိုယ်ပါရမီရှိတာပဲ။ သေမျိုးအဆင့်မှာတောင် သိစိတ်နယ်မြေတစ်ခု ပွင့်နေပြီ။ သူသာကျင့်ကြံမှုတကယ်စရင် သူ့ဝိညာဉ်စွမ်းအားက သက်တူရွယ်တူတွေထက် ဆယ်ဆပိုအားကောင်းလာလိမ့်မယ်"

ဆယ်ဆပိုအားကောင်းသည့် ဝိညာဉ်စွမ်းအားဖြင့်တိုက်ခိုက်လျှင် အဆင့်တူထဲတွင် ဘယ်သူ့ကိုမဆို ချက်ချင်းသတ်ဖြတ်နိုင်သည့်သဘောဖြစ်သည်။

"ဒါပေမယ့် ဘာလို့အရမ်းမှောင်နေတာလဲ။ ဒီကောင်လေးက သူ့မှာသိစိတ်နယ်မြေရှိတယ်ဆိုတာ မသိလို့ ဒီထဲကိုတစ်ခါမှ မရောက်ဖူးတာများလား"

မဟာမိတ်ခေါင်းဆောင် တွေးရခက်သွားသည်။ ထိုသို့ဖြစ်နိုင်စရာအကြောင်းမရှိ။

သူတွေးရခက်နေစဉ် ရုတ်တရက် ဘေးနှစ်ဘက်မှ မီးအိမ်နှစ်ခု လင်းလာသည်။ လိမ္မော်ရောင်အလင်းများ ဖြာထွက်လာသည်။ ထို့နောက် မီးအိမ်ပေါင်းများစွာ ဆက်တိုက်လင်းလက်တောက်ပလာသည်။ လမ်းကြောင်းတစ်ခု ပေါ်လာသည်။

မဟာမိတ်ခေါင်းဆောင် ဆံပင်မွှေးများ ထောင်သွားသည်။ မူမမှန်တော့။ ဝိညာဉ်စွမ်းအား ပင်ကိုယ်ပါရမီပါသည့်တိုင် သေမျိုးတစ်ယောက်တွင် ထိုမျှကျယ်ပြန့်သည့် သိစိတ်နယ်မြေမျိုးမရှိနိုင်။

"ချွင် ချွင်"

သတ္တုခတ်သံ မြည်လာသည်။ အကျဉ်းသားများကို စစ်ဆေးမေးမြန်းဖူးသူဖြစ်၍ ထိုအသံကို သူရင်းနှီးနေသည်။ သံကြိုးခတ်သံဖြစ်သည်။

ဘာကြောင့် သိစိတ်နယ်မြေတစ်ခုတွင် ထိုအသံမျိုးပေါ်လာသနည်း...

လမ်းကြောင်းအဆုံးမှ လိမ္မော်ရောင်မီးအိမ်နှစ်ခု လင်းလာပြီ‌နောက် အဖြူရောင်လူရိပ်တစ်ခုပေါ်လာသည်။ ခြေလက်များတွင် အနက်ရောင်သံကြိုးများ တုပ်နှောင်ထားသည်။ သံကြိုးများ၏ အစွန်းတစ်ဘက်ကို မမြင်ရ။

အဖြူရောင်လူရိပ် ဖြေးညှင်းစွာ ခေါင်းမော့လာသည်။ သွားဖြူဖြူများပေါ်အောင် ပြုံးသည်။

"ဒီထဲကို ပထမဆုံးရောက်လာမယ့်လူက စုယွမ်ဖြစ်မယ်လို့ ငါထင်ခဲ့တာ"

မဟာမိတ်ခေါင်းဆောင် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်တော့။ ကျောရိုးထဲမှ စိမ့်တက်လာသည်။

"မင်း...မင်းဘယ်သူလဲ"

"ငါဘယ်သူလဲ။ ငါလည်း အဲဒီ့အဖြေကို သိချင်နေတာ။ ငါမှတ်မိတာကတော့ ဒီခန္ဓာကိုယ်က ငါ့ဝိညာဉ်တစ်ခုလုံးကို လက်ခံနိုင်လောက်အောင် ခွန်အားမရှိဘူးဆိုတာပဲ။ ဒါကြောင့် မလွှဲသာလို့ ငါ့ကိုယ်ငါ ဒီမှာချိတ်ပိတ်ထားရတာ"

အောင်မြင်ခံ့ညားသည့် စကားသံက သိစိတ်နယ်မြေတွင် ပဲ့တင်ထပ်သွားသည်။ မဟာမိတ်ခေါင်းဆောင်၏ဝိညာဉ်ခန္ဓာပင် ပို၍အရောင်မှိန်သွားသည်။

မဟာမိတ်ခေါင်းဆောင် တောင်းပန်သည့်အပြုံးမျိုးပြုံး၍ သိစိတ်နယ်မြေမှ မသိမသာထွက်သွားရန်ကြိုးစားသည်။

"အကြီးအကဲတစ်ယောက် ဒီမှာရှိနေပြီဆိုတော့ ကျုပ်ကျူးကျော်မလာသင့်တော့ပါဘူး"

"ဒီကိုရောက်လာပြီးမှ ထွက်သွားဖို့တွေးနေသေးတာလား"

မီးအိမ်များငြိမ်သွားသည်။ သိစိတ်နယ်မြေမှ အော်ဟစ်သံများ ပေါ်လာသည်။ ထို့နောက် ဘာမှမဖြစ်ခဲ့လေသကဲ့သို့ သိပ်မကြာမီ ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားသည်။

အာရုံစုစည်းရန်ကြိုးစားနေသည့် စုယွမ် တုန်လှုပ်သွားသည်။ ခန္ဓာကိုယ်ထဲမှ သိပ်မသိသာသည့် အပြောင်းအလဲများကို အာရုံခံမိသည်။

"ကောင်လေး၊ ငါမင်းကို သတင်းကောင်းတစ်ခုပြောမယ်.."

အသံရှင် အတော်ကျေနပ်နေဟန်ရှိသည်။

စုယွမ် ရုတ်တရက် သူ့နဖူးသူရိုက်လိုက်သည်။

"သွားပြီ။ ခင်ဗျားကျုပ်ကို တစ်ချိန်လုံး စိတ်အာရုံစုစည်းနည်းသင်နေလို့ ဒီလိုဖြစ်တာ။ နောက်ကျနေပြီ။ အခုချက်ချင်းမသွားရင် သင်တန်းမီတော့မှာမဟုတ်ဘူး"

"သတင်းကောင်းလေ..."

"သင်တန်းပြီးမှပြောမယ်။ သင်တန်းချိန်အတွင်းမှာ စိတ်အာရုံမပျံ့လွင့်ရဘူးလို့ ဆရာလုက ပြောတယ်"

......

"ခေါင်းဆောင်၊ သရဲကိုးကောင်မဟာမိတ်ခေါင်းဆောင်ရဲ့ သဲလွန်စက တဲအိမ်တစ်လုံးထဲမှာ ပျောက်သွားပါတယ်။ အိမ်ထဲမှာ လူတစ်ယောက်မှမရှိဘူး"

နတ်ဝိညာဉ်အဆင့်တပည့်တစ်ယောက်က ဟော်ဟွာရှန်းကို သတင်းလာပို့သည်။

မဟာမိတ်ခေါင်းဆောင်သည် လျှို့ဝှက်ထွက်ပြေးနည်းပညာများ တတ်ကျွမ်းသည်။ ကိုးငရဲဂိုဏ်းကလည်း ရန်သူများကို ‌ခြေရာခံနိုင်သည့် လျှို့ဝှက်ပညာရပ်များ ရှိနေသည်။

မဟာမိတ်ခေါင်းဆောာင်နောက်သို့ တောက်လျှောက်လိုက်လာရင်း မူရွှဲ့မြို့တော်သို့ ရောက်လာသည်။ ထိုနေရာတွင် သဲလွန်စက အငွေ့ပျံသလို ပျောက်ကွယ်သွားသည်။

"တဲအိမ်တစ်လုံးပေါ့"

"ဟုတ်ပါတယ်။ အဲဒီ့အိမ်ပိုင်ရှင်က စုယွမ်လို့ခေါ်တဲ့ မိဘမဲ့တစ်ယောက်ပါ"

"မိဘမဲ့...စုယွမ်..."

ဟော်ဟွာရှန်း လက်ဖက်ရည်ခွက်ကိုချ၍ စဉ်းစားသည်။

"မဟာမိတ်ခေါင်းဆောင်က စုယွမ်ကို ဝင်ပူးကပ်ပြီး ထွက်ပြေးသွားတာများလား"

"အဲ..သူထွက်ပြေးတာတော့ မဟုတ်လောက်ဘူး။ ကျုပ်တို့စုံစမ်းမိသလောက်တော့ စုယွမ်က ကျားဟိန်းသံသိုင်းကျောင်းလို့ခေါ်တဲ့နေရာကို ဒီနေ့မနက်စောစောထွက်သွားတယ်"

ဟော်ဟွာရှန်း လှောင်ပြုံးပြုံးလိုက်သည်။

"တစ်ခြားလူတွေကိုလှည့်စားဖို့ မပူးကပ်ခင်က ခန္ဓာပိုင်ရှင်ရဲ့ အမူအကျင့်အတိုင်း ဆက်နေတဲ့သဘောပေါ့"

လက်ဖက်ရည်ခွက်ကို ကောက်မ၍ တစ်ကျိုက်တည်းမော့သောက်လိုက်သည်။ ထို့နောက် ခွက်ကိုပေါက်ခွဲပြီးထရပ်သည်။

"မဟာမိတ်ခေါင်းဆောင်ကိုရှင်းဖို့ ငါ့သခင်ကိုယ်တိုင် တာဝန်ပေးထားတာ။ သူဒီတစ်ခါ ထပ်ပြီးလွတ်သွားလို့မဖြစ်ဘူး။ ငါ့နောက်ကလိုက်ခဲ့ကြ"

"ဟုတ်"

နတ်ဝိညာဉ်အဆင့်လူနှစ်ဆယ် ပြိုင်တူအော်ဟစ်ကြသည်။ အခန်းတစ်ခုလုံး တုန်ခါလာသည်။

ဟော်ဟွာရှန်း တပည့်များကိုဦးဆောင်၍ သိုင်းကျောင်းသို့ တန်းသွားသည်။ မဟာမိတ်ခေါင်းဆောင် သူ့မျက်စိအောက်မှလွတ်သွားလျှင် သူသိက္ခာကျသည်။

နောက်တစ်ကြိမ်ထပ်လွတ်သွားသည်ဆိုလျှင် ဒုဂိုစ်းချုပ်ကျောက်ရိုးနှင့် ဂိုဏ်းချုပ်မူပိုင်ယိကို သူဘယ်လိုမျက်နှာပြမည်နည်း။

"ခေါင်းဆာင်၊ ဒီနေရာပဲ"

တပည့်တစ်ယေက်က တစ်နေရာသို့လက်ညှိုးထိုးပြသည်။

ဟော်ဟွာရှန်း လူသတ်ရိပ်အပြည့်ဖြင့် သစ်သားတံခါးကို ကန်ဖွင့်သည်။ သူ့နောက်လိုက်များ ချက်ချင်းဝင်သွားပြီး ဘေးနှစ်ဘက်တွင် တန်းစီရပ်လျက် သူတို့ခေါင်းဆောင်ကို ကူညီရန်အသင့်ပြင်သည်။

ထိုမျှတောင့်တင်းသည့် အင်အားကိုမြင်လျှင် မဟာမိတ်ခေါင်းဆောင် အကြောက်လွန်ပြီးသေသွားနိုင်သည်။ သတ်စရာပင်လိုမည်မထင်။

ဟော်ဟွာရှန်းက လူသတ်ရိပ်ပြည့်နေသည့်မျက်လုံးဖြင့် ကျောင်းသားတစ်ယောက်ချင်းစီကို မျက်လုံးဝေ့ကြည့်သည်။ စုယွမ်ကိုရှာသည်။ ထိုမြင်ကွင်းမျိုး တစ်ခါမှမမြင်ဖူးသဖြင့် ကျောင်းသားများ ကြောက်ရွံ့တုန်လှုပ်နေသည်။

ထို့နောက် လက်သီးသိုင်းသင်ပေးနေသည့် လုယန်ကို သူမြင်ရသည်။ ကြက်သီးမွှေးညှင်းများထလာသည်။

လုယန် ဘာကြောင့် ဤနေရာတွင်ရှိနေသနည်း...

"မင်းတို့ဘာလာလုပ်တာလဲ။ ကလေးတွေကို လန့်အောင်လုပ်နေတာလား"

လုယန် မျက်မှောင်ကျုံ့သွားသည်။ သူ့သင်တန်းချိန်ကို လာနှောက်ယှက်သဖြင့် အလိုမကျဖြစ်နေသည်၊

ထို့ပြင် ဟော်ဟွာရှန်းလို ကိုးငရဲဂိုဏ်းအဖွဲ့ဝင်က ဤနေရာသို့ ဘာကြောင့်ရောက်လာသည်မသိ။

ဟော်ဟွာရှန်း နောက်သို့ခြေလှမ်းဆုတ်သွားသည်။ သစ်သားတံခါးကို နှစ်ချက်ထု၍ ရိုက်ခွဲရန်ကြိုးစားသည်။

"ခင်ဗျားတို့ သိုင်းကျောင်းတံခါးကိုကြည့်ပါ...အဲ...သောက်လခွမ်း။ နှစ်တစ်သောင်းနဂါးခွေသစ်သားပါလား"

ဝင်လာစဉ်က သူသတိမထားမိခဲ့။ စုတ်ပြတ်နုံချာသည့် ဤသင်တန်းကျောင်းက ဂိတ်တံခါးကို ဘာကြောင့်နှစ်တစ်သောင်းနဂါးခွေသစ်သားဖြင့် လုပ်ထားသည်မသိ။

သူ့ဆရာ ကျောက်ရိုးပင် ထိုမျှအရည်အသွေးကောင်းသည့် ပစ္စည်းမျိုးမရှိ။

"မင်းတို့လည်း တံခါးအသစ်ပြောင်းပေးဖို့လာတာပဲလား"

မြောက်ပိုင်းတိုက်နယ်တွင် ခွက်ထဲမှရေကို လောင်းချလိုက်သည်နှင့် ရေခဲသွားလောက်အောင် အေးသော်လည်း ဟော်ဟွာရှန်းနဖူးပြင်တွင် ချွေးသီးများထွက်ပေါ်လာသည်။ သူ့စိတ်ထဲ အပြေးအလွှားစဉ်းစားနေသည်။

"မဟုတ်ပါဘူး။ ဒီလောက်ကြီးတဲ့သိုင်းကြောင်းတစ်ခုမှာ တံခါးစောင့်တစ်ယောက်တောင်မရှိဘူး။ ကျုပ်တို့က တံခါးစောင့်အလုပ် လာလျှောက်တာပါ"

*******************************

All Chapters