အခန်း ၁၁၆၈
Vol. 78 Ch. 1168
အခန်း (၁၁၆၈) တာအိုလမ်းစဉ်ဂိုဏ်းမှလူများ
"မင်းတို့အားလုံး တံခါးစောင့်အလုပ် လာလျှောက်ကြတာလား"
ထိုလူစုကို မုရုံယွီ သင်္ကာမကင်းဟန်ဖြင့်ကြည့်သည်။ ဂိတ်စောင့်ငှားဖို့ကိစ္စ သူပြောဖူးသည်။ သို့သော် အလုပ်ခေါ်ကြော်ငြာမကပ်ခဲ့ဖူး။ ထိုလူစု ဘယ်လိုသိ၍ အလုပ်လာလျှောက်သည်မသိ။
သူ့တပည့်တစ်ယောက်ယောက်ထံမှ သတင်းပေါက်ကြားခဲ့သလော..
ဂိတ်စောင့်အလုပ် လာလျှောက်သည့်အရေအတွက်က နည်းနည်းများလွန်းနေသလိုထင်မိသည်။
"မင်းတို့က ဒီလောက်အများကြီးဆိုတော့..."
"ကျုပ်တို့က ဒီအလုပ်အတွက် အပြိုင်လာလျှောက်တာပါ။ ခင်ဗျားဘယ်သူ့ကိုခန့်ခန့် အဆင်ပြေပါတယ်"
ဟော်ဟွာရှန်းက ချက်ချင်းပြောသည်။
"ဒါဆို မင်းကိုခန့်မယ်"
မုရုံယွီက ဟော်ဟွာရှန်းကို လက်ညှိုးထိုး၍ပြောသည်။
ထိုလူစု၏ ကျင့်စဉ်အဆင့်ကို တစ်ချက်ကြည့်ရုံဖြင့်သူသည်။ ဤဟော်ဟွာရှန်းသည် ချီတတိယအဆင့်ရှိသည်။ ကျန်သည့်လူများက ဒုတိယအဆင့်သာရှိသည်။ ဟော်ဟွာရှန်းကို ရွေးသည်က ပိုသဘာဝကျသည်။
"တစ်လကို ဝိညာဉ်ကျောက်တစ်တုံးပေးမယ်၊ အဆင်ပြေလား"
"ဟုတ်ကဲ့၊ ဟုတ်ကဲ့"
မုရုံယွီထွက်သွားပြီးနောက် ဟော်ဟွာရှန်း စိတ်တည်ငြိမ်လာသည်။ သို့သော် လုယန်သည် သူ့ကိုလုံးဝမသိကြောင်း ရုတ်တရက် ပြန်တွေးမိလာသည်။
လုယန်ကသူ့ကို သာမန်ဝိညာဉ်ပြောင်းအဆင့်တစ်ယောက်ဟုသာ မြင်မည်။ ကိုးငရဲးဂိုဏ်းတပည့်တစ်ယောက်အဖြစ် မြင်မည်မဟုတ်။
သူဆက်၍သရုပ်မဆောင်ပဲ လုယန်သံသယဝင်အောင်လုပ်မိလျှင် သူ့ညီအကိုများ ဇာတ်သိမ်းသွားမည်။
သရဲကိုးကောင်မဟာမိတ်ခေါင်းဆောင်ကိစ္စ သူလုံးဝမစိုးရိမ်တော့။ လုယန်ရှိနေသည်ဖြစ်၍ ထိုမဟာမိတ်ခေါင်းဆောင်ကို ရှင်းလင်းခဲ့ပြီးဖြစ်မည်။ မရှင်းရသေးလျှင်လည်း နောက်မှသူရှင်းတော့မည်။
လက်ရှိတွင် လုယန်သည် လေဟာနယ်သန့်စင်အဆင့်ဖြစ်သည်။ ကျင့်စဉ်အတက်အကျ မတည်ငြိမ်။ ကျင့်စဉ်အဆင့်နိမ့်နေချိန်ဖြစ်ပုံရသည်။ သူတို့ကျင့်စဉ်အဆင့်အမှန်ကို ထုတ်ပြောလိမ့်မည်မဟုတ်။
သူ့ကျင့်စဉ်အမှန်ကိုသိသွားပြီး ဝိညာဉ်ပြောင်းအဆင့်တစ်ယောက်က ဘာကြောင့်ဂိတ်စောင့်လုပ်နေသလဲဟု လုယန်မေးလာလျှင် သူဘယ်လိုပြန်ဖြေရမည်မည်နည်း...
သူ့အဖြေယုတ္တိမကျလျှင် လုယန် သံသယဝင်လာနိုင်သည်။ မကောင်းသည့်ရည်ရွယ်ချက်ရှိသည်ဟု ထင်သွားနိုင်သည်။
ဟော်ဟွာရှန်းစိတ်ထဲ အတွေးမျိုးစုံပြေးလွှားနေသည်။ အကြောင်းပြစရာတစ်ခု ချက်ချင်းစဉ်းစားသည်။
လုယန်ထိုသို့မေးလာလျှင် သူရဲကောင်းလု၏ နာမည်ဂုဏ်သတင်းကိုသူလေးစား၍၊ လေဟာနယ်သန့်စင်အဆင့်တွင် အန္တရာယ်ကြုံမည်စိုး၍ သူအကာအကွယ်လာပေးခြင်းဖြစ်သည်ဟု ဖြေလိုက်မည်။
လုယန်ထုတ်မမေးလျှင်လည်း ထွက်မသွားမီ သူ့ဘက်ကစတင်ရှင်းပြခဲ့မည်ဟု ဆုံးဖြတ်လိုက်သည်။
"ခေါင်းဆောင်၊ ခေါင်းဆောင်ကိုယ်စား ဂိတ်စောင့်အလုပ်ကို ကျုပ်တို့ယူမယ်လေ"
လုယန်ကို ဟော်ဟွာရှန်းက သတ္တိရှိရှိရင်ဆိုင်နေသည်ကိုကြည့်၍ သူ့တပည့်များ အတော်လေးစားသွားသည်။
ဝိညာဉ်ပြောင်းအဆင့်ခေါင်းဆောင်တစ်ယောက်က တံခါးစောင့်အလုပ်နှင့် ဘယ်လိုမှမအပ်စပ်။ ပြောရသည်ပင် ရှက်စရာကောင်းသည်။ နောက်ပိုင်းတွင် ဂိုဏ်းထဲ၌ ဘယ်လိုမျက်နှာပြမည်နည်း။
"ငါ့နေရာကို ဝင်ယူရမှမဟုတ်ဘူး။ မင်းတို့အားလုံး ဂိတ်စောင့်လုပ်ရမှာ"
ဟော်ဟွာရှန်းက ပြောသည်။
"ဘယ်လို၊ ကျုပ်တို့အကုန်လုံးလား"
"ငါက ပေါ်တင်ဂိတ်စောင့်။ မင်းတို့က နောက်ကွယ်ကဂိတ်စောင့်ပေါ့။ သိုင်းကျောင်းကို နောက်ကွယ်ကနေ ကာကွယ်ပေးရမယ်"
ဟော်ဟွာရှန်းက သူ့အစီအစဉ်ကိုပြောပြသည်။ သူရဲကောင်းလု သူ့ကျင့်စဉ်အမှန်ကိုသိသွားချိန်ရောက်လျှင် သူ့တပည့်များအကြောင်း လုယန်ကိုပြောပြနိုင်သည်။
.....
"အကိုလု၊ ဒီဂိတ်စောင့်အသစ်က အတော်ထူးခြားသလိုပဲ"
ရွှဲ့ရှီလုန်က ဂိတ်တံခါးတွင်ရပ်နေသည့် ဟော်ဟွာရှန်းကိုကြည့်၍ သံသယဖြစ်နေသည်။
ထို့ပြင် နတ်ဝိညာဉ်အဆင့်များ သိုင်းကျောင်းကို လှည့်ပတ်နေသည်။
"သူတို့က ငါ့သရုပ်မှန်ကိုသိလို့ သူတို့သဘောဆန္ဒအလျောက် လာကာကွယ်ပေးတာဖြစ်မှာပါ။ ဘာမှမဖြစ်ပါဘူး။ သူတို့ကို အာရုံစိုက်မနေနဲ့"
လုယန် ပြုံး၍ပြောသည်။
"သဘောပေါက်ပါပြီ"
ရွှဲ့ရှီလုန် သက်ပြင်းချသည်။ နာမည်ဂုဏ်သတင်းချင်းကွာဟချက်ကို နားလည်လာသည်။ လုယန်ကို ကိုယ့်သဘေဆန္ဒအလျောက် ကာကွယ်ပေးသူများပင် ရှိနေသည်။
သူသာ လေဟာနယ်သန့်စင်အဆင့်ရောက်လျှင် သူ့ရန်သူများ တံခါးဝတွင်တန်းစီနေလောက်သည်။
.....
"ဒါက မူရွှဲ့မြို့တော်ပဲ။ အခုမှပဲရောက်တော့တယ်"
မြင်းတစ်ကောင်ကိုဦးဆောင်၍ လမ်းလျှောက်နေသည့် လူတစ်ယောက် သူ့ခရီးဆုံးသို့ရောက်လာသဖြင့် ဝမ်းသာနေသည်။ သူ့ခေါင်းတွင် ကျယ်ပြန့်သည့် ဦးထုပ်ဝိုင်းတစ်ခု ဆောင်းထာသည်။
လမ်းသွားလမ်းလာများက ထိုလူကို မကြာခဏလှည့်ကြည့်သွားသည်။
တောက်ပပြောင်လက်သည့် အနီရောင်ဝတ်စုံကို သူဝတ်ထားသည်။ မြောက်ပိုင်းနယ်မြေ၏ အဖြူရောင်ရဲခဲဖုံးဒေသတွင် သူ့ပုံစံက ထူးထူးခြားခြားထင်ပေါ်နေသည်။ ဘေးမှဖြတ်သွားသူတိုင်း လှည့်ကြည့်ကြသည်။
မူရွှဲ့မြို့တော်ထဲသို့ ဝင်လာချိန်တွင် သူ့ဦးထုပ်ကို ချွတ်လိုက်သည်။
အပျင်းပြေ လမ်းလျှောက်ထွက်လာသူများ ခြေလှမ်းရပ်သွားသည်။ ထိုလူကို တအံ့တဩကြည့်နေကြသည်။
"သူက မုန်ကျင်းကျိုးပဲ"
"ငါ့ကိုသိတဲ့လူတွေ ဒီလောက်တောင်များတာလား"
မုန်ကျင်းကျိုး ကျိတ်၍ကျေနပ်မိသည်။ ဝေးလံခေါင်သီသည့် မြောက်ပိုင်းနယ်မြေမှာပင် သူ့နာမည်ဂုဏ်သတင်းက ကျော်ကြားနေသည်။
သူ့နာမည်ကိုသိရုံမက သူ့ရုပ်ရည်ကိုပါ သိနေကြသည်.
မြောက်ပိုင်းနယ်မြေသည် သူ့အတွက် နေ့ရာကောင်းတစ်ခုဖြစ်သည်။ တစ်နှစ်ပတ်လုံး အေးခဲနေသဖြင့် မငြိမ်မသက်ဖြစ်နေသည့် သူ့သန့်စင်ယန်သွေးကို ထိန်းချုပ်နိုင်သည်။
...ထို့နောက်တွင် ထင်သာမြင်သာရှိသည့် လူပျောက်ကြော်ငြာများကို သူမြင်လိုက်ရသည်။
မုန်ကျင်းကျိုး၊ ဆုကြေး - ဝိညာဉ်ကျောက်တစ်သန်း။
"လုယန်၊ ခွေးမသား"
ထိုနောက်ကွယ်မှ တရားခံကို သူခန့်မှန်းနေစရာမလို။ လုယန်မှလွဲ၍ တစ်ခြားလူမဖြစ်နိုင်။
ထိုသကောင့်သားက မူရွှဲ့မြို့တွင် သူ့အကြောင်းထုတ်ဖော်ထားခြင်းမှာ အရေးကြုံလျှင် သူ့ပုံစံရုပ်ဖျက်ပြီး သူ့အသက်သူကယ်တင်ဖို့ ရည်ရွယ်ထားခြင်းဖြစ်မည်။
"မုန်သခင်လေးက ဒီမှာဟေ့"
တစ်ယောက်က အော်လိုက်သည်။ မူရွှဲ့မြို့ခံများ စိတ်လှုပ်ရှားလာသည်။
"ဘယ်မှာလဲ၊ ဘယ်မှာလဲ"
အိမ်ပြတင်းပေါက်များ တစ်ခုပြိးတစ်ခု ပွင့်လာသည်။ လူပေါင်းများစွာ လည့်ဆန့်ကြည့်၍ မုန်ကျင်းကျိုးကို လမ်းပေါ်တွင် မျက်လုံးဝေ့ရှာကြသည်။
သူ့ကိုမဖမ်းနိုင်သည့်တိုင် မုန်သခင်လေး၏မျက်နှာကို မြင်ရလျှင်ပင် မဆိုးလှ။ သူ့ကိုဖမ်းပြီး တာအိုလမ်းစဉ်ဂိုဏ်းသို့ ပို့နိုင်လျှင်တော့ အတိုင်းထက်အလွန်ဖြစ်သည်။ ဆုကြေးရမည်။
မုန်ကျင်းကျိုး ဆက်မနေရဲတော့။ လောင်မာကိုဆွဲ၍ ချက်ချင်းပြေးသည်။
သူ့ကျင့်စဉ်အဆင့်က ယခု ရွှေသန္ဓေအဆင့်သို့ ရောက်နေသည်။ ထို့ကြောင့် သေမျိုးများကို ရှောင်တိမ်းဖို့ အခက်အခဲမရှိ။ သို့သော် သူ့ကိုရှာနေသည်က သေမျိုးများချည်းမဟုတ်။
ကျင်ကြံသူများလည်း အုပ်လိုက်ပြေးလာသည်။
ဝိညာဉ်ကျောက်တစ်သန်းဆိုသည့် ပမာဏသည် စုစည်းခြင်းအဆင့်များကိုပင် ဆွဲဆောင်နိုင်စွမ်းရှိသည်။
"မြင်းကိုဆွဲသွားတဲ့လူဆိုရင် မုန်ကျင်းကျိုးပဲ"
မုန်ကျင်းကျိုး လောင်မာကို ချက်ချင်းထွက်သွားခိုင်းလိုက်သည်။
"ဦးထုပ်ဝိုင်းဆောင်းထားရင် မုန်ကျင်းကျိုးပဲ"
မုန်ကျင်းကျိုး ဦးထုပ်ကို ချက်ချင်းလွှင့်ပစ်သည်။
"အနီရောင်ဝတ်စုံဝတ်ထားရင် မုန်ကျင်းကျိုးပဲ"
မုန်ကျင်းကျိုး ဝတ်ရုံနီကို ချက်ချင်းချွတ်လွှင့်ပစ်သည်။
"ယောက်ျားဆိုရင် မုန်ကျင်းကျိုးပဲ"
မုန်ကျင်းကျိုး ချက်ချင်း...
"ဟေ့၊ နေပါဦးကွ။ အခုအော်တာ ဘယ်ခွေးသူတောင်းစားလဲ"
တစ်ခုခုမူမမှန်ကြောင်း မုန်ကျင်းကျိုး ချက်ချင်းနားလည်လာပြီး ဒေါသထွက်သွားသည်။
သိပ်မကြာမီ လူအုပ်ကြာားတွင် သာမန်လူလိုဟန်ဆောင်၍ ပုန်းအောင်းနေသည့် လုယန်ကို သူတွေ့လိုက်ရသည်။
သူ့ဒေါသမဖွင့်ထုတ်နိုင်မီ လူပေါင်းများစွာ သူ့ကိုဝန်းရံလာသည်။ သူအမြန်ဆုံးဖြတ်ချက်ချလိုက်သည်။ ရုပ်ဖျက်မျက်နှာဖုံးဝတ်၍ လူအုပ်ကြားထဲဝင်သွားသည်။
"သူဘယ်ရောက်သွားတာလဲ"
"ဘယ်လိုပျောက်သွားတာလဲကွာ"
မုန်ကျင်းကျိုးက လူအုပ်ကြားထဲတွင် ဝင်ရောနေရင်းမှ တစ်နေရာသို့လက်ညှိုးထိုးပြသည်။
"အဲဒီ့ဘက်ကိုပြေးသွားတာမြင်လိုက်တယ်"
ထိုစကားကြားသည်နှင့် လူအုပ်ကြီးက ထိုနေရာဆီ စုပြုံပြေးလိုက်သွားသည်။ လမ်းပေါ်တွင် လူကုန်သလောက်ဖြစ်သွားသည်။ လုယန်နှင့်မုန်ကျင်းကျိုးသာ ကျန်ခဲ့သည်။
"လူပျောက်ကြောငြာကပ်တာ မင်းလက်ချက်မဟုတ်လား ခွေးသူတောင်းစား"
မုန်ကျင်းကျိုး အံတင်းတင်းကြိတ်၍ မေးသည်။ မူရွှဲ့မြို့တော်သို့ ဝင်ဝင်ချင်း ဆုကြေးတစ်သန်းဖြင့် ကြိုဆိုခံရသည့်အဖြစ်ကို ဘယ်သူမှသည်းခံနိုင်မည်မဟုတ်။
လုယန်က မုန်ကျင်းကျိူးလည်ပင်းကို သိုင်းဖက်၍ တောင်းပန်သည့်အပြုံးဖြင့် ရှင်းပြသည်။
"ငါက ဂိုဏ်းနဲ့အရမ်းဝေးတဲ့ မြောက်ပိုင်းတိုက်နယ်ကိုရောက်နေတာလေ။ ဒီတော့ ဂိုဏ်းကိုသတိရတဲ့စိတ်ကိုဖြေဖို့ ညီအကိုကောင်းတစ်ယောက်ရဲ့ ပုံတူပန်းချီလေးတွေပဲ ဆွဲနေရတာပေါ့"
မုန်ကျင်းကျိုး လုယန်လက်ကိုပုတ်ထုတ်လိုက်သည်။
"သွားစမ်းပါကွာ"
"ဒါနဲ့ မင်းကဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ"
မုန်ကျင်းကျိုး မျက်လုံးစွေကြည့်သည်။
"အဲဒါမင်းကြောင့်လေ"
"ငါ့ကြောင့်...ဟုတ်လား"
လုယန် နားမလည်။ သူနဲ့ဘာပတ်သက်စရာရှိသနည်း...
"ငါက နန်းမြို့တော်ကငါ့အိမ်တော်မှာ သက်တောင့်သက်သာအချိန်ဖြုန်းနေတာ။ နောက်တော့ မင်းက မြောက်ပိုင်းနယ်မြေကို ကျင့်ကြံဖို့ထွက်သွားတယ်။ အမယွမ်က ငါတို့ဘိုးဘေးဆီစာလှမ်းပို့တယ်။
ငါတစ်ချိန်လုံး အိမ်ထဲမှာအောင်းနေတာ မကောင်းဘူး။ လေဟာနယ်သန့်စင်အဆင့် ကျင့်ကြံမှုအတွက် အကျိုးမရှိဘူးတဲ့။ ဒါကြောင့် မင်းနဲ့အတူ မြောက်ပိုင်းနယ်မြေမှာသွားကျင့်ကြံဖို့ပြောတယ်လေ"
"ဟေ့ကောင် ဟေ့ကောင်။ မြောက်ပိုင်းတိုက်နယ်ကို ငါကျင့်ကြံဖို့သွားတယ်ဆိုတာ ဘာစကားလဲ။ မင်းပြောချင်ရာတွေစွတ်ပြောမနေဲ့။ မြောက်ပိုင်းတိုက်နယ်ကိုလာတာ သေမျိုးလောကအတွေ့အကြုံယူဖို့ကွ။
တိုက်ပွဲတွေနွှဲပြီး ကျင့်ကြံဖို့မဟုတ်ဘူး"
*******************************