← Chapters

အခန်း (၂၈၇-၂၈၈)

Vol. 16 Ch. 287-288

အခန်း (၂၈၇-၂၈၈)

Vol. 16 Ch. 287-288

အခန်း(၂၈၇)

ချင်ယွမ်ဖုန်းသည် မျက်လုံးများ ပြူးကျယ်သွားလျက် “အရင်တုန်းက ဗုဒ္ဓကျမ်းစာအစုံအလင် မရှိခဲ့ဘူးလို့ ငါမှတ်မိပါတယ်” ဟု ဆို၏။

ရှောင်လင်က မိမိကိုယ်မိမိ ပင်ပန်းခံကြိုးစားကာ အောင်မြင်မှုရရှိထားသည့် လေသံမျိုးဖြင့် “သခင်... ကျွန်မဖြင့် လွန်ခဲ့တဲ့ ရက်ပိုင်းတွေက ဒါတွေကို လိုက်လံစုဆောင်းရတာ တကယ်ကို ပင်ပန်းလှပါတယ်၊ ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်မှာ ပေါ်ထွန်းခဲ့ဖူးသမျှ ဗုဒ္ဓကျမ်းစာမှန်သမျှ ကျွန်မဆီမှာ အကုန်ရှိပါတယ်”

ဟု ပြောကြားလေသည်။

ချင်ယွမ်ဖုန်း မျက်တောင်တခတ်ခတ် ဖြစ်သွားရ၏။ ဤရှောင်လင်သည် စီးပွားရေးတွက် တကယ်ကို လည်ပတ်လှပေသည်။

“ဗုဒ္ဓကျမ်းစာအစုံအလင်တင် ဘယ်ကမလဲ၊ စားသောက်ဖွယ်ရာ လမ်းညွှန်အပြည့်အစုံတွေ၊ ဂိုဏ်းတွေရဲ့ လိပ်စာအညွှန်းတွေအပြင်သခင် စိတ်ကူးမိသမျှ အရာအားလုံး ကျွန်မဆီမှာ ရှိပါတယ်” ဟု ရှောင်လင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုပြန်သည်။

ချင်ယွမ်ဖုန်းသည် မျက်လုံးများ ပြူးကျယ်သွားရပြန်ကာ “ငါသိသားပဲ၊ အရင်တုန်းကသာဆိုရင် အဲဒီအလောင်းကောင်မိစ္ဆာကို ရှင်းလင်းတာဟာ ရုတ်တရက်တာဝန်တစ်ခု ဖြစ်နေရမှာ မဟုတ်လား၊ မင်းက ဒါတွေကို ရောင်းချင်လို့ ရုတ်တရက်တာဝန်တွေကို တမင်ဖျောက်ထားတာကိုး” ဟု ဆိုလေသည်။

ယခင်က ချင်ယွမ်ဖုန်း အခက်အခဲကြီးစွာ ကြုံတွေ့ရသည့် အခါတိုင်းတွင် ရှောင်လင်သည် ရုတ်တရက်တာဝန်များကို ပေးအပ်လေ့ရှိပြီး ထိုသို့ပြုလုပ်ခြင်းမှာ ချင်ယွမ်ဖုန်းကို ပိုမိုကြိုးစားလာစေရန် တွန်းအားပေးခြင်း ဖြစ်သည်။

သို့သော် ယခုမူ ရှောင်လင်သည် ထို ‘လမ်းညွှန်အပြည့်အစုံ’ များကို ပြုစုဖန်တီးရန်အတွက် ချင်ယွမ်ဖုန်းအား ရုတ်တရက်တာဝန်များ ပေးအပ်ခြင်းကိုပင် လုံးဝရပ်ဆိုင်းထားခဲ့လေသည်။

ရှောင်လင်သည် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ရင်း “သခင်လည်း စဉ်းစားကြည့်ပါဦး၊ ရုတ်တရက်တာဝန်တစ်ခု အောင်မြင်သွားရင် ကျွန်မက သခင်ကို ဆုလာဘ်ပေးရဦးမှာ မဟုတ်လား၊ သခင်က ဒီလမ်းညွှန်အပြည့်အစုံတွေကို ဝယ်ယူမှသာ ကျွန်မလည်းသခင်ရဲ့ ယုံကြည်မှုတန်ဖိုးတွေကို ရရှိမှာပါ၊ ဒါကြောင့်မို့လို့လည်း ကျွန်မ ဒီလောက်အထိ လုံ့လစိုက်ထုတ်ခဲ့ရတာပေါ့” ဟု ဆို၏။

ချင်ယွမ်ဖုန်းသည် ရှောင်လင်၏ ခေါင်းကို နှစ်ချက်မျှ တောက်လိုက်ချင်စိတ် ပေါက်သွားကာ “ငါက ထူးကဲသာလွန်သော နတ်ဘုရားစိုက်ပျိုးရေးစနစ်ရဲ့ အရှင်သခင်ပါ၊ ငါ့ကို ဒီလိုမျိုး ဆက်ဆံတာဟာ တကယ်ကို ရင်နာစရာကောင်းလွန်းတယ်...” ဟု ညည်းတွားလိုက်သည်။

ရှောင်လင်သည် ချက်ချင်းပင် သတိထားရိပ်ရိုင်သော မျက်နှာပေးဖြင့် “သခင်... အဲဒီလို လှည့်ကွက်တွေက ကျွန်မအပေါ် မတိုးပါဘူး၊ ကျွန်မ ပြောပြီးပြီလေ... သခင်အတွက် ဘယ်တော့မှ အခွင့်ထူး ထပ်မပေးနိုင်တော့ပါဘူးလို့” ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး “ငါ့မှာ ရှိသမျှ ဝိညာဉ်ကျောက်တုံးတွေ အကုန်ဆုံးရှုံးထားရတာ၊ မင်းက ငါ့ကို မနှစ်သိမ့်တဲ့အပြင် အနာပေါ် ဆားဖြန်းနေသေးတယ်၊ တကယ်ကို စိတ်မကောင်းဖြစ်ရတယ်” ဟု ပြော၏။

ရှောင်လင်ကမူ နှုတ်ခမ်းလေး စူလိုက်လေသည်။ သူမ ပင်ပင်ပန်းပန်း ပြုစုထားသော လမ်းညွှန်အပြည့်အစုံ အမျိုးမျိုးထဲမှ တစ်ခုမျှပင် မရောင်းရသေးသည့်အပြင် အဆူပါ ခံလိုက်ရသဖြင့် အလွန်ပင် ဝမ်းနည်းအားငယ်သွားဟန် တူပေသည်။

“လိုအပ်လာတဲ့အခါကျရင် ငါဝယ်ပါ့မယ်” ဟု ချင်ယွမ်ဖုန်းက ပြုံး၍ ပြောလိုက်၏။

ဤယုံကြည်မှုတန်ဖိုးများ ရှိနေသရွေ့ ထိုအရာများကို မိမိပိုင်ဆိုင်ထားဆဲဟု ချင်ယွမ်ဖုန်း ခံစားရသည်။

အကယ်၍ ဤယုံကြည်မှုတန်ဖိုးများ ကုန်ဆုံးသွားပြီး အခြားအရာများနှင့် လဲလှယ်လိုက်ပါက မိမိ၌ ဆုံးရှုံးသွားပြီဟု သူ ခံစားရမည် ဖြစ်ပေသည်။

ကောင်းကင်ဘုံမျှော်စင်မှ အရှေ့ဘက်သို့ ခရီးနှင်ခဲ့ရာ တစ်ရက်မျှဖြင့် ချင်ယွမ်ဖုန်းသည် ကျန့်ဂီအင်ပါယာ နယ်နိမိတ်အတွင်းသို့ ရောက်ရှိလာခဲ့၏။

ချိုင့်ဝှမ်းတစ်ခုကို ဖြတ်သန်းပြီးနောက် ကျန့်ဂီအင်ပါယာ၏ ပထမဦးဆုံးသော မြို့ပြဖြစ်သည့် ဇီမုမြို့ကို ချင်ယွမ်ဖုန်း လှမ်း၍ မြင်တွေ့လိုက်ရပေသည်။

ဇီမုမြို့သည် ကျန့်ဂီအင်ပါယာတွင် အရေးအပါဆုံးသော မြို့တစ်မြို့ ဖြစ်ပေရာ ယင်းသို့ဖြစ်ရခြင်းမှာ မြို့ကို ဖြတ်သန်းစီးဆင်းနေသော ဇီမုမြစ်ကြောင့် ဖြစ်သည်။

ကျန့်ဂီအင်ပါယာသည် အမျိုးသမီးများသာ စိုးစံသော တိုင်းပြည်ဖြစ်သဖြင့် အမျိုးသားများကို လက်ခံကြိုဆိုလေ့မရှိကြောင်း၊ သို့သော် တိုင်းပြည်သားစဉ်မြေးဆက် တည်တံ့ရန်အတွက်မူ ၎င်းတို့သည် ဇီမုမြစ်ရေကို သောက်သုံးခြင်းဖြင့် သားသမီး ရယူကြကြောင်းကို အဘိုးကျိုးက ချင်ယွမ်ဖုန်းအား အစောကပင် ပြောပြဖူးခဲ့သည်။

ဇီမုမြစ်ရေသည် ထူးခြားဆန်းပြားသော စွမ်းအား ရှိပေရာ အမျိုးသမီးများ ထိုမြစ်ရေကို သောက်သုံးမိပါက ချက်ချင်းပင် ကိုယ်ဝန်ဆောင်ရရှိပြီး သမီးမိန်းကလေးများကိုသာ အစဉ်သဖြင့် ဖွားမြင်တတ်ပေသည်။

ဤအကြောင်းအရာသည် ချင်ယွမ်ဖုန်း၏ စိတ်ဝင်စားမှုကို အလွန်ပင် နှိုးဆွပေးခဲ့၏။ အကြောင်းမူကား ကမ္ဘာမြေပေါ်တွင် ရှိစဉ်က “အနောက်ဘက်သို့ ခရီးသွားခြင်း” ဟူသော စာပေ၌လည်း အမျိုးသမီးတိုင်းပြည် အကြောင်း ပါရှိဖူးပြီး ထိုပြည်တွင်လည်း ဇီမုမြစ်ရေကို သောက်သုံးပါက ကိုယ်ဝန်ရရှိသည်ဟူ၍ ဖော်ပြထားသောကြောင့် ဖြစ်သည်။

“အကယ်၍ ယောက်ျားတစ်ယောက်သာ သောက်မိရင် ဆွန်ဝူခုန်းတို့လိုပဲ ကိုယ်ဝန်ရလာမှာလားမသိဘူး” ဟု ချင်ယွမ်ဖုန်းက ရိုးတိုးရိပ်တိပ် အတွေးဖြင့် ပြုံးလိုက်မိသည်။

စူးစမ်းလိုစိတ် ရှိလာသည်နှင့်အမျှ ချင်ယွမ်ဖုန်းသည် ဇီမုမြို့အတွင်းသို့ ဝင်ရောက်လေ့လာရန် ဆုံးဖြတ်လိုက်၏။ ထို့ပြင် ယခုအခါ မိမိ၌ ဝိညာဉ်ကျောက်တုံး တစ်တုံးမျှပင် မကျန်တော့ဘဲ သိုလှောင်အိတ်ထဲမှ ကျန်ရှိသော အစားအစာများကိုသာ မှီဝဲနေရသဖြင့် အီလည်လည်လည်း ဖြစ်နေပြီ ဖြစ်သည်။

မြို့ထဲသို့ ဝင်ရောက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ဘေးကျပ်နံကျပ် ဖြစ်လာပါက အကာအကွယ် ဖြစ်စေရန်အတွက် ဝိညာဉ်ကျောက်တုံး အချို့ကို လဲလှယ်သိမ်းဆည်းထားလိုသောကြောင့် ဖြစ်ပေသည်။

ဇီမုမြို့သည် အလွန်ပင် ခမ်းနားထည်ဝါလှပြီး မြင့်မားလှသော မြို့ရိုးပေါ်တွင် အမျိုးသမီးစစ်သည် အများအပြား ခေါက်တုံ့ခေါက်ပြန် ကင်းလှည့်နေကြကာ မြို့တံခါးဝတွင်လည်း အမျိုးသမီးစစ်သည် အမြောက်အမြား စောင့်ကြပ်နေကြ၏။

၎င်းတို့အားလုံးသည် သိုင်းပညာရှင်များ ဖြစ်ကြပြီး အမျိုးသားသိုင်းပညာရှင်များနှင့် ယှဉ်လျှင်ပင် အားနည်းခြင်း မရှိကြပေ။ ၎င်းတို့ထံမှ တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်လှသော အရှိန်အဝါများကို ချင်ယွမ်ဖုန်း အတိုင်းသား ခံစားမိနေသည်။

ကျန့်ဂီအင်ပါယာအတွက် အလွန်တရာ အသက်သွေးကြောသဖွယ် အရေးပါလှသော ဇီမုမြစ်သည် ဤမြို့တွင်း၌ တည်ရှိနေခြင်းကြောင့် မြို့၏ လုံခြုံရေးကို ဤမျှအထိ တင်းကျပ်ထားခြင်းမှာ သဘာဝကျလှပေသည်။

အဘိုးကျိုး ပြောခဲ့သည့်အတိုင်းပင် မြို့ထဲသို့ ဝင်ရောက်နေသူများထဲတွင် အမျိုးသားဟူ၍ အလွန်ပင် ရှားပါးလှသည်ကို တွေ့ရ၏။

ကျန့်ဂီအင်ပါယာသည် အမျိုးသားများကို အလွန်ပင် မလိုလားအပ်သကဲ့သို့ ငြင်းပယ်လေ့ရှိပြီး တိုင်းပြည်သားများမှာလည်း ခက်ထန်ကြမ်းတမ်းကြသည်။

အချိန်ကြာလာသည်နှင့်အမျှ မည်သည့်အမျိုးသားမျှ ကျန့်ဂီအင်ပါယာသို့ မလာရဲကြတော့ဘဲ ရေကြောင်းခရီးကိုသာ ရွေးချယ်သွားလာကြတော့သည်။

ထင်သည့်အတိုင်းပင် ချင်ယွမ်ဖုန်း မြို့တံခါးဝသို့ လျှောက်လှမ်းသွားသောအခါ အမျိုးသမီး သိုင်းပညာရှင်တစ်ဦးက သူ့ကို တိုက်ရိုက် တားဆီးလိုက်လေသည်။

ထိုအမျိုးသမီး သိုင်းပညာရှင်၏ မျက်နှာတွင် စက်ဆုပ်ရွံရှာသော အရိပ်အယောင်များ ယှက်သန်းနေလျက် “ယောက်ျားတစ်ယောက်ပါလား၊ နင် ဒီနေရာကို ဘာလာလုပ်တာလဲ” ဟု မေးမြန်းလိုက်၏။

ချင်ယွမ်ဖုန်းသည် ယောက်ျားကောင်းတို့မည်သည် မိန်းမသားများနှင့် မပြိုင်ဆိုင်အပ်ဟူသော စိတ်ထားဖြင့် ပြုံးလိုက်ကာ လက်အုပ်ချီလျက် “ကျွန်တော်က ဒီလမ်းကနေ ဖြတ်သွားရုံသက်သက်ပါ၊ ကျွန်တော့်မှာ ဝိညာဉ်ကျောက်တုံးတွေ ကုန်သွားလို့ မြို့ထဲမှာ အချို့ကို လဲလှယ်ချင်လို့ပါ” ဟု ပြောလိုက်သည်။

ထိုအမျိုးသမီးက ဂရုမစိုက်ဟန်ဖြင့် ခေါင်းခါယမ်းကာ “သွား သွား သွား၊ ဒီနေရာမှာ ယောက်ျားတွေကို လက်မခံဘူး၊ နင့်လမ်းနင် ဆက်သွားတာ ပိုကောင်းလိမ့်မယ်” ဟု မောင်းထုတ်လေသည်။

ချင်ယွမ်ဖုန်းသည် စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားရကာ “ကျွန်တော်က ဝိညာဉ်ကျောက်တုံး အနည်းငယ် လဲလှယ်ချင်ရုံတင်ပါ၊ ဒီလောက်အထိ ရန်လိုနေဖို့ မလိုပါဘူး” ဟု ဆို၏။

“ဟွန်း... ယောက်ျားဆိုတာ အကုသိုလ် အနုမြူမှန်သမျှရဲ့ အစပဲ၊ နင် မြို့ထဲဝင်သွားရင်တောင် ဝိညာဉ်ကျောက်တုံး လဲလှယ်နိုင်မှာ မဟုတ်ဘူး” ဟု ထိုအမျိုးသမီးက အေးစက်စက် ပြောဆိုသည်။

ချင်ယွမ်ဖုန်း သက်ပြင်းတစ်ချက် ချလိုက်ရင်း “ကျွန်တော့်အမည်က ချင်ယွမ်ဖုန်း ပါ၊ မမလေးတို့အနေနဲ့ ကျွန်တော့်နာမည်ကို ကြားဖူးသလားတော့ မသိဘူး” ဟု ဆိုလိုက်၏။

“ဘာမမလေးလဲ၊ ငါ့ကို တပ်မှူး ဒါမှမဟုတ် သခင်မလို့ ခေါ်စမ်း၊ အဲဒီလို နုနုရွရွ အခေါ်အဝေါ်တွေက ငါနဲ့မအပ်စပ်ဘူး” ဟု ထိုသူက ဂုဏ်ယူဝင့်ကြွားစွာ ပြန်ပြောသည်။

ချင်ယွမ်ဖုန်း စိတ်ထဲတွင် အားကိုးရာမဲ့စွာ သက်ပြင်းချမိပြန်၏။ ဤနေရာသည် ယောက်ျားသားများအတွက် တကယ်ကို နွေးထွေးမှုမရှိသော အရပ်ပင် ဖြစ်ပေသည်။

“ချင်ယွမ်ဖုန်း ဟုတ်လား... ငါ တစ်နေရာရာမှာ ကြားဖူးသလိုပဲ၊ လွန်ခဲ့တဲ့ ရက်ပိုင်းက ယင်ဝိညာဉ်ဂိုဏ်းကို နှိမ်နင်းတဲ့ အရေးအခင်းတုန်းက အကျိုးပြုခဲ့တဲ့ ယောက်ျား မဟုတ်လား” ဟု ထိုအမျိုးသမီး သိုင်းပညာရှင်က မျက်မှောင်ကုတ်လျက် ခပ်အေးအေးပင် မေးလိုက်သည်။

“မှန်ပါတယ်၊ အဲဒါ ကျွန်တော်ပါပဲ၊ ကျွန်တော် ဝိညာဉ်ကျောက်တုံး အချို့ကိုပဲ လဲလှယ်ချင်တာပါ၊ လဲလှယ်ပြီးတာနဲ့ ချက်ချင်း ပြန်ထွက်သွားပါ့မယ်” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆို၏။

ထိုအမျိုးသမီးသည် ချင်ယွမ်ဖုန်းကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်နေပြီးနောက် နောက်ဆုံးတွင်မှ အလွန်ပင် ဝန်လေးစွာဖြင့် ခေါင်းငြိမ့်ပြကာ “ဒါဆိုလည်း ဝင်သွားပေါ့၊ ဒါပေမဲ့ သတိပေးလိုက်မယ်... မြို့ထဲမှာ ပြဿနာရှာဖို့တော့ မကျံစမ်းနဲ့၊ မဟုတ်ရင် ငါတို့ဆီက ဥပဒေတွေဟာ ယောက်ျားတွေအတွက် ဆယ်ဆပိုပြီး ပြင်းထန်တယ်” ဟု ဆိုလေသည်။

“နားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ်” ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်ပြကာ မြို့ထဲသို့ ဖြည်းညင်းစွာ လျှောက်လှမ်းဝင်ရောက်ခဲ့၏။

ကျန့်ဂီအင်ပါယာသည် ရှန်းဝူ စကြဝဠာ တိုက်ကြီးတစ်ခုလုံးတွင် စစ်အင်အားဖြင့် စိုးမိုးတည်ဆောက်ထားသော အင်ပါယာအနည်းငယ်ထဲမှ တစ်ခု ဖြစ်ပေသည်။

ပုံခိုင်းရသော် အင်ပါယာတစ်ခုလုံးသည် ဂိုဏ်းကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး တိုင်းပြည်သားများသည်လည်း ထိုဂိုဏ်း၏ တပည့်များကဲ့သို့ပင် ဖြစ်ကြ၏။

ထို့ကြောင့် ဤနေရာတွင် ကျင့်စဉ်အဆင့် မြင့်မားသူများသည် ယေဘုယျအားဖြင့် အရာရှိအဆင့် အာဏာရှိသူများ ဖြစ်ကြပေသည်။

မြက်ခင်းပြင်မှ ခန်မန်တာ ယခုအခါ လုပ်ဆောင်နေသည်မှာလည်း ဤကဲ့သို့ပင် ဖြစ်သော်လည်း ခန်အနေဖြင့် ပိုမိုကြိုးစားရန် လိုအပ်နေသေးဟန် တူသည်။

မြို့ထဲတွင် လူစည်ကားလှသော်လည်း ချင်ယွမ်ဖုန်းသည် မိမိမှတစ်ပါး အခြားသော အမျိုးသားတစ်ဦးကိုမျှ မတွေ့ရချေ။

“ငါ ကမ္ဘာမြေပေါ်မှာ ရှိတုန်းကတော့ လူတိုင်းက အမျိုးသမီးတိုင်းပြည်ဟာ ယောက်ျားတွေအတွက် နိဗ္ဗာန်ဘုံပဲလို့ ပြောကြတယ်၊ အခုကြည့်ရတာတော့ အမျိုးသမီးတိုင်းပြည်ဟာ ထင်သလောက် မကောင်းလှပါလား” ဟု ချင်ယွမ်ဖုန်း ခေါင်းခါယမ်းရင်း ညည်းတွားမိသည်။

လမ်းပေါ်တွင် လျှောက်လှမ်းနေစဉ် ဖြတ်သန်းသွားလာသူများ၏ အံ့ဩတကြီး စိုက်ကြည့်နေသော အကြည့်များကို ချင်ယွမ်ဖုန်း အထင်အရှား မြင်တွေ့နေရ၏။

ဤပြည်တွင် ယောက်ျားသားဟူသည် တကယ်ကို ရှားပါးလှသော သတ္တဝါ ဖြစ်နေဟန် တူပေသည်။

“ ယန်ရုထံမှ သံသယစိတ်ဝင်မှု + ၆၆”

“. မာဒုန်မေထံမှ သံသယစိတ်ဝင်မှု + ၇၇”

အခန်း(၂၈၈)

ချင်ယွမ်ဖုန်းသည် မည်သည့်နေရာသို့ပင် သွားသည်ဖြစ်စေ အကြောင်းရင်းရှာမရသော ယုံကြည်မှုတန်ဖိုးများကို အစဉ်သဖြင့် ရရှိနေပေရာ ယင်းက သူ့အား အလွန်ပင် ခေါင်းခဲစေသဖြင့် ဤနေရာ၌ ယောကျာ်းသားတစ်ယောက်အဖို့ ရှင်သန်ရပ်တည်ရန် အမှန်တကယ်ပင် ခဲယဉ်းလှသည်ဟု တွေးတောမိလေသည်။

“မိန်းကလေး... တစ်ဆိတ်လောက်ပါဗ

၊ ဒီမြို့ထဲမှာ ကုန်သည်ကြီးများအသင်း ရှိလား” ချင်ယွမ်ဖုန်းသည် အမျိုးသမီးတစ်ဦးအား ယဉ်ကျေးပျူငှာစွာ တားဆီး၍ မေးမြန်းလိုက်၏။

မိမိ၏ အပြုံးနှင့် အမူအရာမှာ အပြစ်ဆိုဖွယ်မရှိအောင် ပြည့်စုံလှသည်ဟု ချင်ယွမ်ဖုန်း ထင်မှတ်ထားသော်လည်း သူတားဆီးလိုက်သော အမျိုးသမီးမှာမူ နေ့ခင်းကြောင်တောင် သရဲသရဲတစ္ဆေနှင့် တိုးသည့်အလား အလန့်တကြား အော်ဟစ်လေတော့သည်။

“အမလေး..”

စူးရှလှသော အော်ဟစ်သံက လမ်းမထက်မှ ဆူညံသံများကို ဖောက်ထွက်သွားပေရာ ချင်ယွမ်ဖုန်းမှာ နေရာ၌တင် ကြောင်အမ်းအမ်း ဖြစ်၍ ကျန်ရစ်ခဲ့ရရှာသည်။

“ငါက အဲဒီလောက်တောင် ကြောက်စရာကောင်းနေလို့လား” ချင်ယွမ်ဖုန်းသည် ဇဝေဇဝါ ဖြစ်လျက် ရှိချေသည်။

ဤမြို့အတွင်း လှည့်လည်သွားလာရခြင်းမှာ သူထင်မှတ်ထားသည်ထက်ပင် ပိုမိုခက်ခဲလှသည်ဟု ဆိုရမည် ဖြစ်သည်။

ထိုစဉ် သံချပ်ကာဝတ်ဆင်ထားသော အမျိုးသမီး သိုင်းပညာရှင် အချို့သည် လျင်မြန်စွာ ရောက်ရှိလာကြပေရာ ယင်းတို့မှာ မြို့တော်၏ တရားဥပဒေစိုးမိုးရေး အရာရှိများ ဖြစ်ဟန်တူပေသည်။

“ဘာဖြစ်တာလဲ” ဦးဆောင်လာသည့် အမျိုးသမီး သိုင်းပညာရှင်က မေးမြန်းလိုက်၏။

“သူ... သူ ကျွန်မကို စကားလာပြောတယ်” ချင်ယွမ်ဖုန်း တားဆီးခဲ့သော အမျိုးသမီးက ထိတ်လန့်တုန်လှုပ်နေသော အမူအရာဖြင့် သူ့အား လက်ညှိုးထိုးပြလေသည်။

ချင်ယွမ်ဖုန်းမှာ အလွန်ပင် စိတ်ရှုပ်ထွေးသွားရပြီး “ကျွန်တော်က လမ်းမေးရုံတင် မေးတာပါ” ဟု ဆိုရှာသည်။

“အော်... ယောကျာ်းသားတစ်ယောက်ပဲ၊ ဟေ့... ယောကျာ်းသားတွေ၊ သူ့ကို ဖမ်းဆီးပြီး ပြစ်ဒဏ်ပေးဖို့ ခေါ်သွားကြစမ်း” ဦးဆောင်သည့် အမျိုးသမီး သိုင်းပညာရှင်က အေးစက်စွာ အမိန့်ပေးလိုက်လေသည်။

ချင်ယွမ်ဖုန်းမှာ ငိုချင်စိတ်ပင် ပေါက်သွားရကာ “ဆရာတို့.. ကျွန်တော်က တကယ်ပဲ လမ်းမေးချင်လို့ပါ၊ အခုလို ဖမ်းဆီးဖို့အထိတော့ မလိုပါဘူး မဟုတ်လား” ဟု တောင်းပန်တိုးလျှိုးရှာသည်။

“မလိုဘူးလို့ ပြောလို့မရဘူး၊ မင်းက ဘာလို့ ဒီမိန်းကလေးကိုမှ ရွေးပြီး မေးရတာလဲ” အမျိုးသမီး သရာရှင်က အေးစက်စွာ စစ်ဆေးမေးမြန်းပြန်သည်။

“ကျွန်တော် လမ်းမှာ တိုက်တိုက်ဆိုင်ဆိုင် တွေ့လို့ပါ” ချင်ယွမ်ဖုန်းက ပြန်လည်ဖြေကြားလိုက်၏။

“တိုက်တိုက်ဆိုင်ဆိုင် ဟုတ်လား၊ ဘယ်လိုလုပ် အဲဒီလောက်အထိ တိုက်ဆိုင်ရမှာလဲ၊ ဘာလို့ တခြားလူ မဟုတ်ရတာလဲ၊ ဒါက တကယ်ပဲ တိုက်ဆိုင်မှု ဟုတ်လို့လား” အမျိုးသမီး သိုင်းပညာရှင်က စူးစူးရှရှ အော်ဟစ်မေးမြန်းလေသည်။

ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်မိပြီး “ကျွန်တော် မြို့ထဲကို ခုတင်တင် ဝင်လာတာပါ၊ ပြီးတော့ တကယ်ပဲ တိုက်တိုက်ဆိုင်ဆိုင် တွေ့လို့ လမ်းမေးမိတာပါ၊ ဒီလောက်ပါပဲ...” ဟု ရှင်းပြရလေတော့သည်။

ထိုအမျိုးသမီး သိုင်းပညာရှင်သည် သူ့အား အချိန်အတော်ကြာ စစ်ဆေးမေးမြန်းပြီးနောက် ချင်ယွမ်ဖုန်း၏ မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုရန် မြို့တံခါးဝသို့ပင် လူလွှတ်၍ စုံစမ်းစေခဲ့သေးသည်။

ထိုသို့ စုံစမ်းပြီးမှသာ စိတ်ပျက်အားလျော့လုနီးပါး ဖြစ်နေသော ချင်ယွမ်ဖုန်းအား လမ်းညွှန်ပြသကာ သွားခွင့်ပေးလေတော့သည်။

ချင်ယွမ်ဖုန်းသည် မိမိကိုယ်ကိုယ် အလွန်ပင် မတရားခံရသည်ဟု ခံစားရချေသည်။ အဘိုးကျိုးသည်ပင် ဇန့်ဂီအင်ပါယာသို့ အဘယ်ကြောင့် မလာရောက်ချင်ရသနည်းဟူသော အချက်ကို ယခုမှပင် နားလည်သဘောပေါက်သွားတော့သည်။

ဤနေရာမှာ ယောကျာ်းသားများအဖို့ အမှန်တကယ်ပင် နေပျော်သော နေရာမဟုတ်ပေ။

အကယ်၍ ချင်ယွမ်ဖုန်းအနေဖြင့် တိုက်ခိုက်ပြီးနောက် လွတ်မြောက်နိုင်မည်မဟုတ်ကြောင်းကို မစိုးရိမ်ပါက သူသည် စောစီးစွာပင် လက်ဦးမှု ရယူထားပြီး ဖြစ်တန်ရာသည်။

ကံကောင်းထောက်မစွာဖြင့် ယခုအခါ ချင်ယွမ်ဖုန်းသည် မြို့အတွင်းရှိ အကြီးဆုံးသော ကုန်သည်ကြီးများအသင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ချန်ဟုန်း ကုန်သည်ကြီးများအသင်းသည် တစ်လောကလုံးရှိ ရှန်းဝူ စကြဝဠာ တိုက်ကြီးတစ်ခုလုံးတွင် အကြီးဆုံးသော ကုန်သည်ကြီးများအသင်း ဟူသည့် နာမည်နှင့်အညီ အမျိုးသမီးများသာ စိုးစံရာ ဇန့်ဂီအင်ပါယာ၌ပင် လျှင် ချန်ဟုန်း ကုန်သည်ကြီးများအသင်း၏ အသင်းခွဲတစ်ခု ရှိနေချေသည်။

ချင်ယွမ်ဖုန်းသည် ကုန်သည်ကြီးများအသင်းအတွင်းသို့ လှမ်းဝင်ခဲ့ရာ အရောင်းဝန်ထမ်း အမျိုးသမီးငယ်တစ်ဦးက ပြူငှာစွာ ခရီးဦးကြိုပြုရန် ရောက်ရှိလာပေရာ ပြင်ပမှ အမျိုးသမီးများက သူ့အား သတ္တဝါဆန်းတစ်ခုကဲ့သို့ ဆက်ဆံကြသည်နှင့် လုံးဝပင် ခြားနားလှပေသည်။

“ဧည့်သည်တော် ဘာများ အလိုရှိလဲရှင့်” အရောင်းဝန်ထမ်း အမျိုးသမီးငယ်က ပြုံးလျက် မေးမြန်းလိုက်၏။

ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ကို အသာချလိုက်မိကာ “အော်... တော်ပါသေးတယ်၊ ချန်ဟုန်း ကုန်သည်ကြီးများအသင်းကလည်း အပြင်က အမျိုးသမီးတွေလိုပဲ ဖြစ်နေမလားလို့ စိုးရိမ်နေတာ” ဟု ဆိုလိုက်သည်။

“ဧည့်သည်တော်ကလည်း နောက်နေပြန်ပြီ၊ ကျွန်မက ဇန့်ဂီအင်ပါယာက မဟုတ်ပါဘူး၊ ဒါကြောင့် ယောကျာ်းသားတွေအပေါ် အဲဒီလောက်အထိ ပြင်းပြင်းထန်ထန် ရွံရှာမုန်းတီးစိတ် မရှိပါဘူးရှင့်” ဟု အရောင်းဝန်ထမ်း အမျိုးသမီးငယ်က ပြုံး၍ ပြောရှာသည်။

“ကောင်းပါပြီ၊ ငါက ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲလှယ်ဖို့ ပစ္စည်းအချို့ လာရောင်းတာပါ” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်၏။

“ကောင်းပါပြီရှင့်၊ ကျွန်မနောက်ကို လိုက်ခဲ့ပေးပါ” အရောင်းဝန်ထမ်း အမျိုးသမီးငယ်သည် နွဲ့နှောင်းသော အမူအရာဖြင့် ရှေ့မှ လမ်းပြခေါ်ဆောင်သွားပြီး ချင်ယွမ်ဖုန်းအား ချန်ဟုန်း ကုန်သည်ကြီးများအသင်းအတွင်းရှိ ပစ္စည်းအကဲဖြတ်ခန်းသို့ ခေါ်ဆောင်သွားလေသည်။

ဤနေရာတွင် အထဲမှအပြင်အထိ အားလုံးမှာ အမျိုးသမီးများသာ ဖြစ်ကြပြီး အကဲဖြတ် ပညာရှင်များမှာပင် အမျိုးသမီးများ ဖြစ်ကြချေသည်။

ထိုအကဲဖြတ် ပညာရှင်သည် ချင်ယွမ်ဖုန်းအား အနည်းငယ် နှာခေါင်းရှုံ့သော အမူအရာဖြင့် ကြည့်ရှုပေရာ သူမမှာ ဇန့်ဂီအင်ပါယာမှ အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိသာလှပေသည်။

မိမိအပေါ် ဆက်ဆံသော အမူအရာကို ကြည့်ရုံမျှဖြင့် ထိုသူသည် ဇန့်ဂီအင်ပါယာမှ ဟုတ်မဟုတ်ကို ချင်ယွမ်ဖုန်း ခွဲခြားသိမြင်နိုင်ပေသည်။

ယင်းကို ချင်ယွမ်ဖုန်း တတ်မြောက်သွားသော ကျွမ်းကျင်မှုအသစ်တစ်ခုဟုပင် ဆိုရပေမည်။

“ဘာပစ္စည်းကို အကဲဖြတ်ချင်တာလဲ” အကဲဖြတ် ပညာရှင်က စိတ်မရှည်သော လေသံဖြင့် မေးမြန်းလိုက်၏။

ချင်ယွမ်ဖုန်းသည် သူ၏ သိုလှောင်အိတ်အတွင်းမှ ကတ်ပြားအမည်းတစ်ခုကို တိုက်ရိုက်ထုတ်ယူ၍ အကဲဖြတ်စင်ပေါ်သို့ တင်လိုက်ရင်း “တစ်ဆိတ်လောက် ယဉ်ယဉ်ကျေးကျေး ဆက်ဆံပေးပါ” ဟု ပြောလိုက်လေသည်။

“အထူးဧည့်သည်တော်လား” အရောင်းဝန်ထမ်း အမျိုးသမီးငယ်မှာ ဆွံ့အသွားရသလို အကဲဖြတ် ပညာရှင်မှာလည်း မှင်တက်သွားရရှာသည်။

အလွန်တရာ အဆင့်အတန်းမြင့်မားလှသူများသာ ပိုင်ဆိုင်နိုင်သည့် ချန်ဟုန်း ကုန်သည်ကြီးများအသင်း၏ ကတ်ပြားအမည်းကို ချင်ယွမ်ဖုန်း ပိုင်ဆိုင်ထားလိမ့်မည်ဟု ယင်းတို့နှစ်ဦးစလုံး မျှော်လင့်မထားခဲ့ကြပေ။

အကဲဖြတ် ပညာရှင်သည် စိတ်ထဲမှ မပါသော်ငြားလည်း ချင်ယွမ်ဖုန်းအပေါ် ထားရှိသော သူမ၏ အမူအရာမှာ ပိုမိုရိုသေသမှု ရှိလာကာ “ဂုဏ်သရေရှိ ဧည့်သည်တော်ရှင့်... အထူးသီးသန့်ခန်းကို ကြွပါရှင့်၊ သင့်ကို လူကိုယ်တိုင် လာရောက် ဧည့်ခံပါလိမ့်မယ်” ဟု ဆိုလေတော့သည်။

ချင်ယွမ်ဖုန်းသည် ခေါင်းညိတ်ပြလိုက်ပြီး ကတ်ပြားအမည်းကို ပြန်လည်သိမ်းဆည်းကာ ထိုစဉ်အခါက လင်ဇီအာ မိမိအား ဤကတ်ပြားအမည်းကို ပေးအပ်ခဲ့ခြင်းအတွက် စိတ်ထဲမှ အလွန်ပင် ကျေးဇူးတင်မိလေသည်။

အရောင်းဝန်ထမ်း အမျိုးသမီးငယ်သည် ချင်ယွမ်ဖုန်းအား အထူးသီးသန့်ခန်းသို့ လျင်မြန်စွာ ခေါ်ဆောင်သွားပြီး လက်ဖက်ရည်ကြမ်းနှင့် မုန့်ပဲသရေစာများကို ပြင်ဆင်ဧည့်ခံလေသည်။

မကြာမီ အမျိုးသမီးတစ်ဦးသည် ထူးခြားသော အရှိန်အဝါများကို ထုတ်ဖော်လျက် အထူးသီးသန့်ခန်းအတွင်းသို့ ဖြည်းညှင်းစွာ လှမ်းဝင်လာခဲ့သည်။

ယခုကဲ့သို့သော ရာသီဥတုမျိုးတွင် မြေခွေးသားမွေးဝတ်ရုံကို ဝတ်ဆင်ထားသည်ကို ကြည့်ရုံမျှဖြင့် သူမမှာ သာမန်လူမဟုတ်ကြောင်း ချင်ယွမ်ဖုန်း သိလိုက်ပေသည်။

အောက်တိုဘာလကုန်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်၍ ရာသီဥတုမှာ အေးမြစပြုနေပြီ ဖြစ်သော်လည်း နေ့ခင်းဘက်တွင်မူ ပူပြင်းနေဆဲဖြစ်ကာ ညဘက်တွင်သာ အနည်းငယ် အေးမြမှုကို ခံစားရခြင်း ဖြစ်သည်။

သို့သော် ယခုကဲ့သို့သော အချိန်တွင် မြေခွေးသားမွေးဝတ်ရုံကို ဝတ်ဆင်ထားခြင်းအား ချင်ယွမ်ဖုန်း မြင်တွေ့ရသောအခါ ရှေ့မှ အမျိုးသမီးမှာ အနည်းငယ် ဟန်ကြီးပန်ကြီး လုပ်လွန်းသည်ဟု မတွေးဘဲ မနေနိုင်တော့ပေ။

သို့သော် သူမတွင် ထိုသို့ ဝတ်ဆင်နိုင်သော အရည်အချင်းရှိနေပေရာ မည်သူက ဘာပြောနိုင်ပါမည်နည်း။

“ကတ်ပြားအမည်း ရှိတဲ့ ယောကျာ်းသား အထူးဧည့်သည်တော်တစ်ယောက် ရောက်နေတယ်လို့ ကြားတာနဲ့ ကျွန်မ အလွန်ပဲ စိတ်ဝင်စားသွားလို့ လာကြည့်တာပါ၊ တကယ်လည်း မဆိုးပါဘူး... အတော်လေး ခန့်ညားတာပဲ”

အမျိုးသမီးသည် ချင်ယွမ်ဖုန်း၏ ရှေ့သို့ နွဲ့နှောင်းစွာ လျှောက်လှမ်းလာပြီးနောက် ဘေးနား၌ ဝင်ထိုင်လိုက်လေသည်။

ချင်ယွမ်ဖုန်းသည် မတ်တတ်ရပ်၍ လက်အုပ်ချီ နှုတ်ဆက်လျက် “ကျွန်တော့်နာမည်က ချင်ယွမ်ဖုန်းပါ၊ ဒီကို ပစ္စည်းအချို့ လာရောင်းတာပါ” ဟု ပြောလိုက်၏။

“ချင်ယွမ်ဖုန်း ဟုတ်လား... ဒီရက်ပိုင်း အဲဒီနာမည်ကို ကြားနေရတာ၊ အချို့ကလည်း သေပြီပြောတယ်၊ အချို့ကလည်း ရှင်နေသေးတယ် ပြောကြတယ်၊ ဘယ်ဟာက အမှန်လဲဟင်”

အမျိုးသမီးက ချင်ယွမ်ဖုန်းအား စိတ်ဝင်တစား ကြည့်ရှုကာ မေးလိုက်သည်။

“ကျွန်တော် သေဆုံးသွားပြီဆိုတဲ့ သတင်းက အထင်မှားမှုတစ်ခုပါ၊ အခုဆို နေရာတော်တော်များများမှာ အမှန်ကို ပြန်လည် ရှင်းလင်းနေကြပြီလို့ ထင်ပါတယ်” ချင်ယွမ်ဖုန်းက ပြုံး၍ ဆိုလိုက်လေသည်။

အမျိုးသမီးက ခေါင်းညိတ်ပြလျက် “ကျွန်မနာမည်က ဝမ်ယာပါ၊ ဒီနေရာရဲ့ တာဝန်ခံ ဖြစ်ပါတယ်၊ ရှင့်ရဲ့ ကတ်ပြားအမည်းကို ကျွန်မကို ပြလို့ရမလားရှင့်” ဟု တောင်းဆိုလိုက်သည်။

“ရတာပေါ့” ချင်ယွမ်ဖုန်းသည် သူ၏ ကတ်ပြားအမည်းကို ထုတ်ယူကာ ဝမ်ယာထံသို့ ကမ်းပေးလိုက်၏။

ဝမ်ယာသည် ယင်းကို ကြည့်ရှုစစ်ဆေးပြီးနောက် ခေါင်းညိတ်ကာ ချင်ယွမ်ဖုန်းထံသို့ ပြန်လည်ပေးအပ်လိုက်လေသည်။

“ဒါက လုယွဲ့အင်ပါယာ အတွင်းမှာရှိတဲ့ နန်ဝူးမြို့ အသင်းခွဲက ထုတ်ပေးထားတဲ့ ကတ်ပြားအမည်း အစစ်အမှန်ပဲ၊ ပြီးတော့ ချင်ယွမ်ဖုန်းကလည်း အဲဒီမှာ ရှိခဲ့တာဆိုတော့ ရှင်ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းက မှန်ကန်ပါတယ်၊ ဒါနဲ့... ညီမလေး လင်ဇီအာကို သိတာလား”

ဝမ်ယွာက ပြုံး၍ မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းမှာ အံ့အားသင့်သွားရ၏။ ဝမ်ယာအနေဖြင့် ကတ်ပြားအမည်းနှင့် သူ၏ ဇာစ်မြစ်ကို ကြည့်ရုံမျှဖြင့် မိမိ၏ မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုနိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

အမှန်တကယ်ပင် တာဝန်ခံအဆင့်ရှိသူများကို လျှော့တွက်၍ မရနိုင်ပေ။

“ဟုတ်ပါတယ်... မမ လင်ဇီအာနဲ့ ကျွန်တော်က အတော်လေး ရင်းနှီးပါတယ်” ချင်ယွမ်ဖုန်းက ခေါင်းညိတ် ဖြေကြားလိုက်သည်။

ဝမ်ယာက ပြုံးလိုက်ပြီး “ကောင်းပါပြီ မောင်လေးရဲ့... ဒါဆို မောင်လေးက ဘာပစ္စည်းကို ရောင်းချချင်တာလဲ” ဟု မေးလိုက်၏။

“ဒါပါပဲ”

ချင်ယွမ်ဖုန်းသည် စားပွဲပေါ်သို့ လက်ဝါးဖြင့် အသာဝှေ့ယမ်းလိုက်ရာ ပုလင်းငယ် အလုံးပေါင်းများစွာ ပေါ်ထွက်လာခဲ့သည်။

ယင်းတို့မှာ ချင်ယွမ်ဖုန်း ကြိုတင်ပြင်ဆင်ထားခဲ့သော သန့်စင်သော နတ်ရေစင်များ ဖြစ်ကြပြီး စုစုပေါင်း ပုလင်းငါးဆယ် ရှိချေသည်။

“ဒါက သန့်စင်သော နတ်ရေစင်တွေလား” ဝမ်ယာ၏ မျက်နှာထက်တွင် အံ့အားသင့်ရိပ်များ ဖြတ်ပြေးသွားသည်။

“မှန်ပါတယ်... ဒါက သန့်စင်သော နတ်ရေစင်တွေပါ” ချင်ယွမ်ဖုန်းက ပြန်လည်ဖြေကြားလိုက်၏။

ဝမ်ယာက လက်ခုပ်တစ်ချက် တီးလိုက်ရာ တံခါးဝမှ အမျိုးသမီးတစ်ဦး လှမ်းဝင်လာခဲ့ပေရာ သူမမှာ ချင်ယွမ်ဖုန်း ခုတင်တင် တွေ့ဆုံခဲ့သော အကဲဖြတ် ပညာရှင်ပင် ဖြစ်လေတော့သည်။

All Chapters