← Chapters

အခန်း (၃၂၁-၃၂၂)

Vol. 17 Ch. 321-322

အခန်း (၃၂၁-၃၂၂)

Vol. 17 Ch. 321-322

အခန်း (၃၂၁) ပလက်တီနမ်တံဆိပ်

"မင်းရဲ့အရည်အချင်းက တကယ့်ကို ထူးချွန်တာပဲ။ မင်းရဲ့ဆေးဖော်စပ်ခြင်းပညာရပ်တွေက ငါတစ်ခါမှ မမြင်ဖူးတဲ့ ပုံစံမျိုးတွေဖြစ်နေတယ်" ဟု ပိန်ချောင်ချောင် အဘိုးအိုက တည်ငြိမ်စွာ ဆိုလေသည်။

ချင်ယွမ်ဖုန်းသည် ပြုံးလျက် ဆေးမီးဖို၏ အဖုံးကို ဖွင့်လိုက်ရာ အချက်ပေးသံတစ်ချက်နှင့်အတူ ဆေးလုံးတစ်လုံးမှာ အပြင်သို့ လွင့်ထွက်လာပြီး ချင်ယွမ်ဖုန်း၏ လက်ထဲသို့ ကျရောက်လာ၏။

"စီနီယာ... ကျေးဇူးပြုပြီး ကြည့်ပေးပါဦး" ချင်ယွမ်ဖုန်းက သူ၏လက်ထဲရှိ ဆေးလုံးကို ဝိသာရဖြစ်နေသော အဘိုးအိုထံ ကမ်းပေးလိုက်သည်။

ပိန်ချောင်ချောင် အဘိုးအိုသည် ဆေးလုံးကို သေချာစွာ စစ်ဆေးကြည့်ရာ ဆေးလုံးပေါ်တွင် ခပ်ဖျော့ဖျော့ အမှတ်အသားတစ်ခုကို တွေ့လိုက်ရပေသည်။ "ဒါက... ကောင်းကင်ဘုံအမှတ်အသားလား"

ချင်ယွမ်ဖုန်းက ပြုံးလျက် ခေါင်းညိတ်ပြကာ "စီနီယာ... ဒါက ဘာမှမဟုတ်ပါဘူး" ဟု ပြန်လည်ဖြေကြားသည်။

"ဘာမှမဟုတ်ဘူး ဟုတ်လား" အဘိုးအိုမှာ မတတ်သာသလို ခေါင်းကို ခါယမ်းမိတော့သည်။ ဆေးလုံးများအတွက် ကောင်းကင်ဘုံအမှတ်အသားဆိုသည်မှာ ဆေး၏အဆင့်အတန်းကို တစ်ဆင့်မြင့်တက်သွားစေနိုင်သဖြင့် ဆေးဖော်စပ်သူ အများအပြား အိပ်မက်မက်ကြရသည့် အရာမျိုး ဖြစ်ပေရာသည်။

"ကောင်းပြီ... နောက်တစ်ဆင့် သွားကြတာပေါ့။ ရွှေတံဆိပ် ရရှိဖို့ဆိုရင် မင်းအနေနဲ့ အခြားသော ကျွမ်းကျင်မှု အနည်းဆုံး ငါးခုကို သိထားဖို့ လိုလိမ့်မယ်။ ဆေးဖော်စပ်ခြင်းအပြင် အခြား ဘာပညာတွေ တတ်သေးသလဲ" ဟု ပိန်ချောင်ချောင် အဘိုးအိုက မေးမြန်းလေသည်။

ချင်ယွမ်ဖုန်းက ခဏမျှ စဉ်းစားလိုက်ပြီး "အဆိပ်လား။ ကျွန်တော် အဆိပ်တွေကိုလည်း ဖော်စပ်နိုင်ပါတယ်" ဟု ပြောလိုက်သည်။

"အဆိပ်ဆရာတစ်ယောက်လား။ မင်းလို တည်ငြိမ်တဲ့ ကောင်လေးတစ်ယောက်က အဆိပ်ဆရာတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး" ဟု အဘိုးအိုက မျက်နှာသေနှင့် ပြောဆိုသည်။

"ဒါက မတတ်သာလို့ပါ" ဟု ချင်ယွမ်ဖုန်းက လေသံခပ်နွမ်းနွမ်းဖြင့် ဆို၏။ အဘိုးကျိုး၏ ခန္ဓာကိုယ်ပေါ်ရှိ အဆိပ်ကို ခွဲခြားနိုင်ရန်အတွက် သူသည် အဆိပ်တစ်သောင်း ပညာရပ် စုံလင်ခြင်းကျမ်းကို ဝယ်ယူခဲ့ရခြင်း ဖြစ်ပေသည်။

"ငါ့နောက်ကို လိုက်ခဲ့" ပိန်ချောင်ချောင် အဘိုးအိုက ချင်ယွမ်ဖုန်းကို အခြားတစ်ဖက်သို့ ခေါ်ဆောင်သွားပြီး အဆိပ်ပုလင်းတစ်လုံးကို ထုတ်လိုက်သည်။

"ဒါက အစည်းအရုံးက ပြင်ဆင်ထားတဲ့ အဆိပ်ပဲ။ မင်းအနေနဲ့ အဆိပ်ငါးမျိုးကို ခွဲခြားနိုင်မယ်ဆိုရင် ဒီအဆင့်ကို အောင်မြင်ပြီလို့ သတ်မှတ်မယ်"

ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်သည်။

အဆိပ်တစ်သောင်း ပညာရပ် စုံလင်ခြင်းကျမ်းတွင် အဆိပ်တိုင်း၏ ရင်းမြစ်၊ ခွဲခြားနည်းနှင့် ဖြေဆေးများကို မှတ်တမ်းတင်ထားပြီး ဖြစ်ရာ ချင်ယွမ်ဖုန်းအတွက်မူ ဤသည်မှာ လက်ဖျားခါလောက်သည့် အလုပ်ပင် မဟုတ်ချေ။

သူသည် အဆိပ်ငါးမျိုးကို လျင်မြန်စွာ ခွဲခြားပြလိုက်ပြီး သူတစ်ပါး အာရုံစိုက်မှုကို မခံရစေရန်အတွက် အဆိပ်ပုလင်းကို အမြန်ပင် ပြန်ချလိုက်လေသည်။

"အောင်ပြီ။ အခြား ဘာများ လုပ်နိုင်သေးလဲ"

ချင်ယွမ်ဖုန်း စဉ်းစားကြည့်ရာ ကျွမ်းကျင်မှု စုစုပေါင်း ငါးမျိုး လိုအပ်သည် ဖြစ်ပေသည်။

ဆေးဖော်စပ်ခြင်း၊ အဆောင်လက်ဖွဲ့နှင့် အဆိပ်ပညာတို့မှအပ အခြားဘာမျှ မသိတော့ချေ။

သို့သော်လည်း ရှောင်လင် ရှိနေသဖြင့် ချင်ယွမ်ဖုန်းမှာ အတန်ငယ် စိတ်အေးသွားရသည်။

"သမားတော် ပညာရပ်လား။ သမားတော် ပညာရပ်ဆိုရင်လည်း ရမယ် ထင်ပါတယ်" ဟု ချင်ယွမ်ဖုန်းက ဆိုသည်။

"ကောင်းပြီ" ပိန်ချောင်ချောင် အဘိုးအိုက ချင်ယွမ်ဖုန်းကို အခြားတစ်နေရာသို့ ခေါ်ဆောင်သွားပြန်ပြီး လူနာ၏ အချက်အလက်နှင့် ဆေးမှတ်တမ်း ရေးသားထားသော စက္ကူတစ်ရွက်ကို ကောက်ယူလိုက်သည်။

"ဒီလူနာကို ဘယ်လိုကုသရမလဲဆိုတာ ငါ့ကို ပြောပြပါဦး" ဟု အဘိုးအိုက စာမေးပွဲမေးခွန်းကို ထုတ်လိုက်လေသည်။

ချင်ယွမ်ဖုန်းသည် စိတ်ထဲမှနေ၍ ရှောင်လင်ကို တစ်ဖန် ပြန်ခေါ်လိုက်ပြီး ဆေးပညာကျမ်းသို့ ပြောင်းလဲလိုက်သည်။

ယင်းက ချင်ယွမ်ဖုန်းကို ရုတ်ချည်း သမားတော်တစ်ဦး ဖြစ်မလာစေသော်လည်း ယခုကဲ့သို့ စာမေးပွဲစစ်သည့် အခြေအနေမျိုးကိုမူ ကိုင်တွယ်ဖြေရှင်းပေးနိုင်ပေသည်။

သမားတော် အတတ်ပညာများနှင့် ဆိုင်သော အသိပညာ ဗဟုသုတများစွာမှာ ချင်ယွမ်ဖုန်း၏ ဦးနှောက်အတွင်းသို့ အလုံးအရင်းနှင့် စီးဝင်လာပြီး ရောဂါဝေဒနာ အမျိုးမျိုးအတွက် ကုသနည်းများနှင့် စစ်ဆေးနည်းများ ပါဝင်လေသည်။

ထိုသို့ အချက်အလက်များ တစ်ပြိုင်နက် ဝင်ရောက်လာခြင်းကြောင့် ချင်ယွမ်ဖုန်း၏ မျက်နှာမှာ နာကျင်သည့် အမူအရာ ပေါ်လာပြီး မျက်လုံးများမှာလည်း ဝေဝါးသွားရ၏။

ပိန်ချောင်ချောင် အဘိုးအိုက ချင်ယွမ်ဖုန်းကို ဝေခွဲမရသည့် အမူအရာဖြင့် ကြည့်ကာ "မင်း မျက်နှာက ဘာဖြစ်လို့ ဝမ်းချုပ်နေတဲ့ ပုံစံမျိုး ဖြစ်နေရတာလဲ။ ငါ မင်းကို သည်းခံပေးနေတာ တော်တော်ကြာနေပြီနော်" ဟု ဆိုသည်။

ချင်ယွမ်ဖုန်းက အမြန်ပင် လက်ယမ်းပြလျက် "စီနီယာ... ကျွန်တော်က ကျွန်တော့်ရဲ့ မှတ်ဉာဏ်ထဲမှာ ပိုပြီး စွဲမြဲသွားအောင် လုပ်နေတာပါ။ ကျွန်တော့်ကို ယုံကြည်ပေးပါ" ဟု ပြန်ပြောလိုက်ရသည်။

အဘိုးအိုက စိတ်မရှည်စွာဖြင့် လက်ယမ်းပြကာ "မင်း မြန်မြန်လုပ်တာ ပိုကောင်းလိမ့်မယ်" ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်ပြီး မကြာမီအချိန်အတွင်းမှာပင် ဆေးပညာဆိုင်ရာ အသိပညာအားလုံးမှာ သူ၏စိတ်ထဲသို့ စိမ့်ဝင်သွားတော့သည်။

ချင်ယွမ်ဖုန်းမှာ ဦးခေါင်းတစ်ခုလုံး ပေါက်ကွက်မတတ် နာကျင်နေရ၏။ ရုတ်တရက် ဝင်ရောက်လာသော အချက်အလက်များက များပြားလွန်းသဖြင့် သူ အနားယူရန် လိုအပ်နေပုံရပေသည်။

ချင်ယွမ်ဖုန်းက ရောဂါလက္ခဏာများကို တစ်ဖန် ပြန်ကြည့်လိုက်သောအခါ ကုသနည်းမှာ စိတ်ထဲတွင် ပေါ်လာပြီး ဤအတားအဆီးကိုလည်း အလွယ်တကူပင် ကျော်ဖြတ်နိုင်ခဲ့လေသည်။

နောက်တစ်ဆင့်မှာ ဝိညာဉ်အဆောင်လက်ဖွဲ့ ပညာရပ်ဖြစ်ရာ ချင်ယွမ်ဖုန်းမှာ ပဉ္စမအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးသူ ဖြစ်ပြီးသားမို့ ဤစိန်ခေါ်မှုက သူ့အတွက်

အလွန်လွယ်ကူနေပေသည်။

ယင်းနောက်တွင် ဝိညာဉ်သားရဲ ထိောင်းကျောင်းရေးပညာ လာပြန်ရာ ချင်ယွမ်ဖုန်းကိုယ်တိုင်လည်း ဝိညာဉ်သားရဲ ထိန်းကျောင်းရေးပညာကို တတ်ကျွမ်းထားပြီး မွေးမြူရေးခြံမှ သားရဲထိန်းကွင်း၏ အကူအညီဖြင့် ယင်းကလည်း အလွန်ပင် ရိုးရှင်းနေတော့သည်။

ထို့နောက်တွင်လည်း ချင်ယွမ်ဖုန်းက ရပ်တန့်မသွားဘဲ ဗုဒ္ဓဂါထာတော်များနှင့် အစီအရင်များကဲ့သို့သော ကျွမ်းကျင်မှု အမျိုးမျိုးကို စုဆောင်းလိုက်ရာ ကျွမ်းကျင်မှု ဆယ်မျိုးအထိ ရောက်ရှိသွားမှသာ ရပ်တန့်လိုက်လေတော့သည်။

ဘေးတွင် ရပ်နေသော ပိန်ချောင်ချောင် အဘိုးအိုမှာ မှင်တက်သွားရသည်။ သူ့ရှေ့မှ လူငယ်လေးမှာ ဤမျှလောက်အထိ ပါရမီထူးခြားသည့် ပါရမီရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားမိချေ။

"မင်းက တစ်ခြားလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပူးကပ်ထားတာများလား" ဟု အဘိုးအိုက သံသယဖြင့် မေးလိုက်သည်။

အမှန်စင်စစ် ချင်ယွမ်ဖုန်းမှာ အသက်တစ်ဆယ့်ရှစ်နှစ်သာ ရှိသေးသည် မဟုတ်လော။ မိခင်ဝမ်းထဲက စတင်၍ လေ့ကျင့်လာလျှင်တောင် ဤမျှလောက်များပြားသော ပညာရပ်များကို တတ်မြောက်နိုင်ရန် မဖြစ်နိုင်ပေ။

"ကျွန်တော်က ဒဏ္ဍာရီလာ ပါရမီရှင်တစ်ယောက် ဖြစ်နေလို့နေမှာပေါ့" ဟု ချင်ယွမ်ဖုန်းက မတတ်သာသည့် အဆုံး ဆင်ခြေပေးလိုက်ရသည်။

ယခုအချိန်တွင် အချိန်တိုအတွင်း အချက်အလက်များစွာ လက်ခံလိုက်ရသဖြင့် သူ၏စိတ်မှာ မူးနောက်နောက် ဖြစ်လာပြီး တစ်ရေးလောက် အိပ်စက်အနားယူလိုစိတ် ပြင်းပြနေတော့သည်။

ပိန်ချောင်ချောင် အဘိုးအိုသည် ချင်ယွမ်ဖုန်း၏ စကားကို မယုံကြည်သော်လည်း ချင်ယွမ်ဖုန်း၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ အပြည့်အဝ ပေါင်းစည်းနေပြီး အခြားသူပူးကပ်ထားသည့် လက္ခဏာလည်း မရှိသဖြင့် ဤယုတ္တိမရှိသော အကြောင်းပြချက်ကိုသာ ယုံကြည်လိုက်ရပေတော့သည်။

"မင်းက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ။ ရွှေတံဆိပ် စစ်ဆေးမှုကို အောင်မြင်ရုံတင်မကဘဲ မင်းရဲ့ အခု စွမ်းဆောင်ရည်က ပလက်တီနမ်တံဆိပ် အဆင့်အတန်းအထိ ရောက်ရှိသွားပြီ" ဟု အဘိုးအိုက ဆိုသည်။

"တကယ်လား" ချင်ယွမ်ဖုန်းက ဝမ်းသာအားရ ရေရွတ်လိုက်သည်။ "တကယ်ကို ကောင်းတာပဲ။ ကျွန်တော် ဒီကနေ ထွက်သွားတဲ့အခါ အဲ့ဒီတာဝန်ခံကို နောင်တရအောင် လုပ်ရမယ်"

"တာဝန်ခံတင် မဟုတ်ဘူး၊ အစည်းအရုံးရဲ့ ခေါင်းဆောင်တွေတောင် မင်းကို မျက်နှာသာပေးရလိမ့်မယ်။ မင်းသိလား...

ချင်ယွင်မျှော်စင်ကို စတင်တည်ထောင်ကတည်းက ပလက်တီနမ်တံဆိပ် စစ်ဆေးမှုကို အောင်မြင်ခဲ့သူ သုံးယောက်ပဲ ရှိသေးတယ်။ အဲ့ဒီလူတွေကလည်း အသက်ရာနဲ့ချီနေပြီဖြစ်တဲ့ အဘိုးကြီးတွေချည်းပဲ"

ဟု အဘိုးအိုက တည်ငြိမ်စွာ ဆိုလေသည်။

"ဟဲဟဲ... ပါရမီရှင်ဆိုတော့လည်း မတတ်နိုင်ဘူးပေါ့" ချင်ယွမ်ဖုန်းက ပင်ပန်းနွမ်းနယ်နေသည့် ကြားမှပင် ရယ်မောလိုက်သည်။

"ဒါက မင်းရဲ့ တံဆိပ်ပဲ။ မင်းလုပ်ရမှာက မင်းရဲ့ ဝိညာဉ်အမှတ်အသားကို ဒီပေါ်မှာ ခတ်နှိပ်လိုက်ဖို့ပဲ" ပိန်ချောင်ချောင် အဘိုးအိုက သူ၏ သိုလှောင်အိတ်ထဲမှ ပလက်တီနမ်တံဆိပ်တစ်ခုကို ထုတ်ပေးလိုက်သည်။

ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအား အစအနတစ်ခုကို တံဆိပ်အတွင်းသို့ ထည့်သွင်းကာ သူ၏ ကိုယ်ပိုင်အမှတ်အသားကို ခတ်နှိပ်လိုက်ပြီးနောက် ထိုတံဆိပ်ကို ရင်ဘတ်တွင် တပ်ဆင်လိုက်လေသည်။

"ကဲ... မင်း အခု သွားနိုင်ပြီ။ မကြာခင်မှာ ချင်ယွင်မျှော်စင် အစည်းအရုံးရဲ့ အထက်လူကြီးတွေ မင်းကို လာတွေ့ကြလိမ့်မယ်လို့ ငါ ယုံကြည်တယ်" ဟု အဘိုးအိုက ဆိုသည်။

"အထက်လူကြီးတွေ ဟုတ်လား" ချင်ယွမ်ဖုန်းမှာ ဝမ်းသာသွားသည်။ "အဘိုးကျိုးထုံ ထွက်လာမှာလား"

"မင်းက ကျိုးထုံကို သိတာလား"

"ဒါပေါ့... ကျွန်တော်က အဘိုးကျိုးထုံကို လာတွေ့တာ။ အပြင်က အမျိုးသမီးသာ မရှိရင် ကျွန်တော် ဘာဖြစ်လို့ ကြေးစားစစ်သည် တံဆိပ်အတွက် စာမေးပွဲ ဝင်ဖြေနေပါ့မလဲ" ဟု ချင်ယွမ်ဖုန်းက မတတ်သာသလို ပြောလိုက်သည်။

"ဟဲဟဲ" ပိန်ချောင်ချောင် အဘိုးအိုက အတင်းအကျပ် ပြုံးလျက် "ကျိုးထုံကတော့ သေချာပေါက် လာမှာပါ၊ မစိုးရိမ်နဲ့" ဟု ပြောဆိုသည်။

"စီနီယာ... ကျေးဇူးအများကြီးတင်ပါတယ်" ချင်ယွမ်ဖုန်းက လက်အုပ်ချီ နှုတ်ဆက်ပြီး အခန်းထဲမှ ထွက်ခွာလာခဲ့လေသည်။

ထိုအချိန်တွင် အစောင့်များနှင့် တာဝန်ခံ အမျိုးသမီးတို့မှာ ချင်ယွမ်ဖုန်းကို စောင့်ကြည့်နေကြ၏။

တာဝန်ခံ အမျိုးသမီးသည် ချင်ယွမ်ဖုန်း၏ ရင်ဘတ်တွင် ငွေရောင်တံဆိပ် တပ်ဆင်ထားသည်ကို တွေ့လိုက်ရသဖြင့် သိသိသာသာပင် စိတ်အေးသွားဟန် ရှိသည်။

"ဟွန်း... ငါ ပြောသားပဲ၊ ဒါက ငွေရောင်တံဆိပ်ပဲ ဖြစ်မှာပါလို့။ သူ့ကို ထိုးကြိတ်ပြီး အပြင်ကို လွှင့်ထုတ်လိုက်စမ်း" ဟု ထိုအမျိုးသမီးက အေးစက်စွာ အမိန့်ပေးလိုက်သည်။

ထိုစကားကို ကြားသောအခါ ချင်ယွမ်ဖုန်းသည် တာဝန်ခံ အမျိုးသမီးထံသို့ လျှောက်သွားလိုက်သည်။

"အစောင့်တို့... ဒီအမျိုးသမီးကို ထိုးကြိတ်ပြီး အပြင်ကို လွှင့်ထုတ်လိုက်ကြစမ်း" ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုလိုက်သည်။

"ရှင်က ကိုယ့်ကိုယ်ကိုယ် ဘာကောင်လို့ ထင်နေတာလဲ" ဟု တာဝန်ခံ အမျိုးသမီးက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

သို့သော်လည်း အစောင့်တစ်ဦးမှာ အလွန်ပင် ပျာပျာသလဲနှင့် ပြေးဝင်လာပြီး "ဒါက ငွေရောင်တံဆိပ် မဟုတ်ဘူး... ပလက်တီနမ်တံဆိပ် ဖြစ်နေတယ်" ဟု ဆိုလိုက်လေတော့သတည်း။

အခန်း (၃၂၂)လျောင်ဝမ်

အမျိုးသမီးတာဝန်ခံမှာ ထိတ်လန့်တုန်လှုပ်သွားရ၏။ သူမ အနီးကပ်အသေအချာကြည့်ရှုစစ်ဆေးလိုက်သောအခါ ချင်ယွမ်ဖုန်း၏ ရင်ဘတ်တွင် ပလက်တီနမ်တံဆိပ်တစ်ခု ချိတ်ဆွဲထားသည်ကို အမှန်တကယ်ပင် တွေ့ရှိလိုက်ရလေသည်။

"ဆရာ.. ကျွန်မ မှားသွားပါတယ်၊ ကျွန်မ နောက်ပြောင်မိတာပါ" အမျိုးသမီးတာဝန်ခံ၏ နဖူးပြင်တွင် ချွေးစေးများ ချက်ချင်းပင် ထွက်ပေါ်လာပြီး စိတ်နှလုံးမှာလည်း အောက်ခြေသို့ ထိုးဆင်းသွားသလို ခံစားလိုက်ရသည်။

ဤမျှ ငယ်ရွယ်သော လူငယ်လေးတစ်ဦးက ပလက်တီနမ်တံဆိပ်ကို အမှန်တကယ်ပင် ရရှိနိုင်လိမ့်မည်ဟု သူမ အိပ်မက်ပင် မမက်ခဲ့မိပေ။

"အိုး... နောက်ပြောင်တာလား၊ ဘယ်သူကများ ငါ့ကို ရိုက်နှက်ပြီး အပြင်ကို မောင်းထုတ်ချင်နေတာလဲလို့ ငါ စဉ်းစားနေမိတာ" ချင်ယွမ်ဖုန်းက အေးအေးလူလူပင် ဆိုလိုက်၏။

အမျိုးသမီးတာဝန်ခံမှာ ချင်ယွမ်ဖုန်း၏ ကိုယ်ပေါ်သို့ သူမ၏ ခန္ဓာကိုယ်အား ဖိကပ်ထားလုနီးပါးဖြစ်အောင်ပင် အောက်ကျနောက်ကျနိုင်သော အပြုံးမျိုးဖြင့် ဖားယားလေတော့သည်။ "

ကျွန်မ မှားပါပြီ ဆရာ၊ တကယ်ကို မှားသွားတာပါ၊ ကျွန်မကို ခွင့်လွှတ်ပေးပါရှင်။ ဆရာ အလိုရှိတာမှန်သမျှ ကျွန်မ အကုန်လုပ်ပေးပါ့မယ်"

သူမသည် စကားပြောရင်း ချင်ယွမ်ဖုန်းအား မျက်စပစ်ပြနေသော်လည်း စိုးရိမ်ပူပန်နေသော အမူအရာကြောင့် ကြည့်ရသည်မှာ အလွန်ပင် ရယ်စရာကောင်းနေတော့သည်။

"ဟားဟားဟား" ချင်ယွမ်ဖုန်းမှာ အလွန်ပင် ကျေနပ်အားရသွားမိ၏။ ဤကဲ့သို့သော မိန်းမစားမျိုးကို ဤနည်းဖြင့်သာ ကိုင်တွယ်ဖြေရှင်းသင့်သည် မဟုတ်လော။

သို့သော် ထိုခဏ၌ပင် ချင်ယွမ်ဖုန်းသည် ခေါင်းထဲမှ တူနှင့် အထုခံရသကဲ့သို့ ပြင်းထန်စွာ နာကျင်မှုကို ခံစားလိုက်ရပြီး အမြင်အာရုံများ မှောင်အတိကျကာ ဝုန်းခနဲ လဲကျသွားလေတော့သည်။

ချင်ယွမ်ဖုန်း သတိလစ်လဲကျသွားခြင်းကြောင့် ပတ်ဝန်းကျင်ရှိ အစောင့်များမှာ တင်းမာသွားကြသော်လည်း အမျိုးသမီးတာဝန်ခံကမူ သက်ပြင်းတစ်ချက်ကို အသာချလိုက်နိုင်၏။

သူမသည် ချင်ယွမ်ဖုန်းအား နောက်ဆုံးတစ်ချက် ကြည့်ရှုပြီးနောက် အမြန်ပင် ထွက်ခွာသွားလေတော့သည်။

အစောင့်များမှာလည်း ထိုလူငယ်လေးကို မည်သို့လုပ်ဆောင်ရမည်ကို မသိဘဲ ဝေခွဲမရ ဖြစ်နေကြရှာသည်။

ထိုစဉ် လူအချို့မှာ အရှိန်အဝါ ပြင်းထန်စွာဖြင့် ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာကြ၏။

"ဂိုဏ်းချုပ်" ခေါင်းဆောင်ဖြစ်သူကို မြင်လိုက်ရသည်နှင့် အစောင့်များအားလုံးမှာ ချက်ချင်းပင် မတ်မတ်ရပ်ကာ အလေးပြုလိုက်ကြသည်။

ထိုသူမှာ ချင်ယွင်မျှော်စင်၏ အရှင်သခင် လျောင်ဝမ်ပင် ဖြစ်လေသည်။

"အင်း... ဒါက ဘယ်သူလဲ" လျောင်ဝမ်က မြေပြင်ပေါ်တွင် သတိလစ်နေသော ချင်ယွမ်ဖုန်းကို ကြည့်ကာ မေးမြန်းလိုက်၏။

"ဂိုဏ်းချုပ်... ဒီလူငယ်လေးက ကျွန်တော်တို့ အစည်းအရုံးရဲ့ ပလက်တီနမ်တံဆိပ် စာမေးပွဲကို အခုတင် အောင်မြင်ပြီး ဒီမှာတင် လဲကျသွားတာပါ" အစောင့်တစ်ဦးက ရှေ့သို့တိုးကာ တင်ပြလိုက်သည်။

"ပလက်တီနမ်တံဆိပ် ဟုတ်လား" လျောင်ဝမ်ပင်လျှင် အံ့အားသင့်သွားရ၏။ "သူက ပါရမီရှင်တစ်ယောက် ဖြစ်ပုံရတယ်၊ ဒါပေမဲ့ ဘာလို့ ထျန်းကွန်မြို့လို နေရာမျိုးကို ရောက်လာရတာလဲတော့ မသိဘူး။ သူ့ကို ဧည့်သည်ဆောင်မှာ အရင်ထားလိုက်ကြ၊ ပြီးတော့ အစည်းအရုံးက သမားတော်တစ်ယောက်ကို ခေါ်ပြီး ကြည့်ခိုင်းလိုက်"

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်" အစောင့်များမှာ ချင်ယွမ်ဖုန်းအား အမြန်ပင် မကာ ဧည့်သည်ဆောင်သို့ ခေါ်ဆောင်သွားကြ၏။ ၎င်းတို့သည် ချင်ယွမ်ဖုန်းအပေါ် ကောင်းမွန်သော အထင်အမြင် ရှိနေကြပေသည်။

မကြာမီပင် ချင်ယွင်မျှော်စင်မှ သမားတော် ရောက်ရှိလာပြီး ချင်ယွမ်ဖုန်းအား စမ်းသပ်စစ်ဆေးရာ ဒဏ်ရာအနာတရ တစ်စုံတစ်ရာ မရှိဘဲ ပင်ပန်းနွမ်းနယ်လွန်းခြင်းကြောင့်သာ ဖြစ်ကြောင်း တွေ့ရှိရလေသည်။

တစ်ရက်ကြာပြီးနောက် ချင်ယွမ်ဖုန်းမှာ ဖြည်းညှင်းစွာ နိုးလာပြီး မိမိကိုယ်ကိုယ် ခုတင်တစ်ခုပေါ်တွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

သူသည် နာကျင်နေဆဲဖြစ်သော မိမိ၏ ဦးခေါင်းကို ပွတ်သပ်ရင်း ခုတင်ပေါ်မှ ဆင်းလိုက်သည်။

အခန်းပြင်သို့ ထွက်လိုက်သည်နှင့် အစောပိုင်းက တွေ့ခဲ့ရသော အစောင့်နှစ်ဦးမှာ တံခါးဝတွင် စောင့်ကြပ်နေသည်ကို တွေ့လိုက်ရပေသည်။

"မင်း နိုးလာပြီပဲ၊ တစ်နေ့လုံး သတိလစ်နေတာ" အစောင့်တစ်ဦးက ပြုံးရွှင်စွာ ပြောလိုက်၏။

"ဒီမှာ ဘာတွေဖြစ်နေတာလဲ..." ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်ကာ ဖြစ်ပျက်သမျှကို နားမလည်နိုင်သေးဘဲ မေးလိုက်သည်။

"ငါတို့ အစည်းအရုံး အကြီးအကဲက မင်းကိုတွေ့လို့ အစည်းအရုံး သမားတော်နဲ့ ပြသပေးခဲ့တာပါ။ မင်းက ပင်ပန်းနေရုံတင်မို့ မနှောင့်ယှက်ဖို့လည်း မှာထားတယ်" အစောင့်က ဆိုလေသည်။

"မျှော်စင်သခင်" ဟူသော စကားကို ကြားလိုက်ရသည့်အခါ ချင်ယွမ်ဖုန်းမှာ ချက်ချင်းပင် ရယ်မောမိသွား၏။ အကြောင်းမှာ သူ၏ မှတ်ဉာဏ်ထဲတွင် ချင်ယွင်မျှော်စင်၏ မျှော်စင်သခင်မှာ ကျိုးထုံ ဖြစ်နေသောကြောင့်ပင်။

"စီနီယာ ကျိုးထုံက ဘယ်မှာလဲ" ချင်ယွမ်ဖုန်းက တိုက်ရိုက်ပင် မေးလိုက်သည်။

"အဘိုးကျိုးထုံ ဟုတ်လား" အစောင့်က မျက်မှောင်ကြုတ်သွား၏။

"မင်းပြောတာ ဂိုဏ်းချုပ်ဟောင်းကို ပြောတာလား။ ဂိုဏ်းချုပ်ဟောင်းက လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က ယင်ဝိညာဉ်ဂိုဏ်းကို သွားရောက်နှိမ်နင်းရင်း ကွယ်လွန်သွားခဲ့ပြီလေ။ အခု ဂိုဏ်းချုပ်က ဂိုဏ်းချုပ်ဟောင်းရဲ့ တပည့် လျောင်ဝမ် ဆိုသူပဲ"

ချင်ယွမ်ဖုန်းမှာ ဇဝေဇဝါ ဖြစ်သွားရတော့သည်။ "မဖြစ်နိုင်တာ၊ စီနီယာ ကျိုးထုံက သူ မကြာခင် ပြန်လာမယ်လို့ ပြောခဲ့တာပဲ၊ သူ ဘာလို့ ဒီမှာ မရှိရတာလဲ"

"မင်း အတုနဲ့ တွေ့ခဲ့တာ နေမှာပါ။ အခုတလော ဂိုဏ်းချုပ်ဟောင်း အမည်ကို သုံးပြီး လိမ်ညာစားသောက်နေတဲ့သူတွေ အများကြီးပဲ" အစောင့်က ရယ်မောကာ ပြောလိုက်၏။

"မဟုတ်ဘူး၊ မဟုတ်ဘူး" ချင်ယွမ်ဖုန်းက အမြန်ပင် ခေါင်းယမ်းလိုက်သည်။ လွန်ခဲ့သော အချိန်က ဖြစ်ပျက်ခဲ့သည်များမှာ အမှန်တကယ်ပင် ဖြစ်ပြီး သူကိုယ်တိုင် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပေသည်။

အတုအယောင် တစ်ယောက်က မည်သို့ ဤမျှ တူညီနိုင်ပါမည်နည်း။

ထိုစဉ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ပြုံးရွှင်သော မျက်နှာထားဖြင့် လျှောက်လှမ်းလာကာ ချင်ယွမ်ဖုန်းအား ကြည့်လိုက်လေသည်။

"ဂိုဏ်းချုပ်" အစောင့်နှစ်ဦးမှာ ချက်ချင်းပင် မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြ၏။

ရောက်ရှိလာသူမှာ လျောင်ဝမ်ပင် ဖြစ်သည်။ သူသည် ခေါင်းငြိမ့်ပြကာ အစောင့်နှစ်ဦးကို ထခိုင်းပြီးနောက် ချင်ယွမ်ဖုန်းအား အခန်းထဲသို့ ဆွဲခေါ်သွားကာ လေးစားအားကျသော အမူအရာဖြင့် ကြည့်လေသည်။

"ကောင်းတယ်၊ တကယ်ကို ကောင်းတယ်" လျောင်ဝမ်က မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်နေရ၏။

ချင်ယွမ်ဖုန်းက မိမိကိုယ်ကိုယ် ပြန်ကြည့်ကာ နားမလည်နိုင်သော အမူအရာဖြင့် "ဘာက ကောင်းတာလဲ" ဟု မေးလိုက်သည်။

"မင်းက အသက်နှစ်ဆယ်တောင် မပြည့်သေးဘူး မဟုတ်လား" လျောင်ဝမ်က မေး၏။

"ဟုတ်ကဲ့၊ ကျွန်တော် ဒီနှစ်မှာ တစ်ဆယ့်ရှစ်နှစ်ပါ" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

"အသက်ဆယ့်ရှစ်နှစ်နဲ့ ပလက်တီနမ်တံဆိပ်ကို ရနိုင်တာကတော့ မင်းဟာ တကယ့် ပါရမီရှင်ပဲ" လျောင်ဝမ်က ဟားတိုက်ရယ်မောလိုက်လေသည်။

ဤလူလတ်ပိုင်း အမျိုးသားမှာ အလွန်ပင် ပွင့်လင်းရိုးသားသူဖြစ်ကြောင်း ချင်ယွမ်ဖုန်း ခံစားလိုက်ရသော်လည်း သူက ဆက်လက်မေးမြန်းနေမိသည်။

"စီနီယာ... စီနီယာ ကျိုးထုံက ဘယ်မှာလဲဆိုတာ ကျွန်တော် သိခွင့်ရှိမလား"

"ကျိုးထုံ ဟုတ်လား၊ နေပါဦး... မင်းက ဘယ်သူလဲ" လျောင်ဝမ်မှာ ကျိုးထုံ၏ အမည်ကို ကြားလိုက်ရသည်နှင့် အပြုံးများ ပျောက်ကွယ်သွားတော့သည်။

ချင်ယွမ်ဖုန်းသည် သတိထားကာ အမှန်အတိုင်း မပြောသေးဘဲ "ကျွန်တော်က စီနီယာ ကျိုးထုံကို လေးစားလို့ပါ၊ အခု ဒီကိုလာတာကလည်း စီနီယာ ကျိုးထုံနဲ့ တွေ့ချင်လို့ပါ" ဟု ဆိုလိုက်၏။

ထိုစကားကို ကြားသောအခါ လျောင်ဝမ်က ပြန်လည်ရယ်မောလျက် "ဒီလိုကိုး၊ ငါ့ဆရာက ဖြောင့်မတ်တည်ကြည်တဲ့သူ တစ်ယောက်ပါ၊ သူက တကယ်လည်း နာမည်ကြီးခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က ယင်ဝိညာဉ်ဂိုဏ်းကို ဝိုင်းဝန်းတိုက်ခိုက်ရင်း သူ ကွယ်လွန်သွားခဲ့ပြီ"

"ကွယ်လွန်သွားပြီလား" ချင်ယွမ်ဖုန်းမှာ မျက်မှောင်ကြုတ်သွားမိ၏။ ကျိုးထုံ၏ တပည့်အရင်းကပင် ဤသို့ ပြောနေမှတော့ သူတွေ့ခဲ့သော ကျိုးထုံမှာ အမှန်တကယ်ပင် အတုအယောင် ဖြစ်နေလေသလော။

သို့သော် ကျိုးထုံ၏ လုပ်ဆောင်ချက်များမှာလည်း အတုနှင့် မတူလှပေ။

ထိုအချက်က ချင်ယွမ်ဖုန်းကို ပို၍ပင် ဇဝေဇဝါ ဖြစ်စေတော့သည်။

"ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ ငါ့ဆရာ မရှိတော့ပေမဲ့ ငါက သူ့ရာထူးကို ဆက်ခံထားတာဆိုတော့ အတူတူပါပဲ၊ မင်း ဘာမှ စိတ်ပူစရာ မလိုဘူး။ မင်းသာ ငါတို့ အစည်းအရုံးမှာ ကြေးစားစစ်သည် ဖြစ်လာမယ်ဆိုရင် ချင်ယွင်မျှော်စင်မှာ မင်း အဆင့်အတန်း တဟုန်ထိုး တက်လာစေရမယ်လို့ ငါ အာမခံတယ်" လျောင်ဝမ်က စိတ်လှုပ်ရှားစွာဖြင့် ချင်ယွမ်ဖုန်း၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။

ချင်ယွမ်ဖုန်းမှာ စိတ်ရှုပ်ထွေးမှုများဖြင့် ကျန်ရစ်ခဲ့၏။ သူ၏ စိတ်အာရုံက တစ်ခုခု မှားယွင်းနေကြောင်း သတိပေးနေပြီး သူသည် ဤနေရာ၌ ဆက်နေကာ စုံစမ်းစစ်ဆေးရပေမည်။

အဘယ်ကြောင့်ဆိုသော် ကျိုးထုံသည် သူ့အတွက် မိတ်ဆွေတစ်ဦးကဲ့သို့လည်းကောင်း၊ လူကြီးသူမ တစ်ဦးကဲ့သို့လည်းကောင်း ဖြစ်နေသောကြောင့်ပင်။

"ဒါဆိုရင် ကျေးဇူးအများကြီး တင်ပါတယ် မျှော်စင်သခင်" ချင်ယွမ်ဖုန်းက လက်အုပ်ချီကာ ကျေးဇူးတင်စကား ဆိုလိုက်၏။

"ကျေးဇူးတင်စရာ မလိုပါဘူး၊ မင်း ရောက်လာတာ အချိန်ကိုက်ပါပဲ။ နောက်သုံးရက်နေရင် ငါတို့ ချင်ယွင်မျှော်စင်ရဲ့ ကြေးစားစစ်သည် ပြိုင်ပွဲ ရှိတယ်။ အနိုင်ရတဲ့သူက ငါတို့ ချင်ယွင်မျှော်စင်ရဲ့ အထူးပံ့ပိုးမှုကို ရရှိမှာဖြစ်သလို မျှော်စင်သခင်လောင်း အဖြစ်လည်း သတ်မှတ်ခံရမှာပါ" ဟု လျောင်ဝမ်က အေးအေးလူလူ ပြောလိုက်သည်။

"ချင်ယွင်မျှော်စင်ရဲ့ မျှော်စင်သခင်လောင်း ဟုတ်လား၊ မျှော်စင်သခင်က ကျန်းကျန်းမာမာ ရှိနေပုံရတာပဲကို" ချင်ယွမ်ဖုန်းက သိလိုစိတ်ဖြင့် မေးလိုက်၏။

"ဟားဟားဟား" လျောင်ဝမ်က ရယ်မောလျက် "သခင်လောင်း ရွေးချယ်တယ်ဆိုတာ ငါ သေတော့မှာမို့လို့ မဟုတ်ပါဘူး။ ငါ မသေခင် အချိန်အတွင်းမှာ ဒီလို သခင်လောင်းတွေထဲက တစ်ယောက်ကို ငါ့နေရာ ဆက်ခံဖို့ ရွေးချယ်ထားရမှာလေ"

"အော်... အဲဒီလိုလား" ချင်ယွမ်ဖုန်းက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ပွတ်ရင်း ဆိုလိုက်သည်။

"စိတ်မပူပါနဲ့၊ ငါက အကြာကြီး ရှင်နေဦးမှာပါ" လျောင်ဝမ်က ချင်ယွမ်ဖုန်း၏ ပခုံးကို ထပ်မံပုတ်လိုက်၏။ "အခုတော့ ကောင်းကောင်း အနားယူလိုက်ဦး၊ ပြီးတော့ နောက်သုံးရက်မှာ ကျင်းပမယ့် ပြိုင်ပွဲအတွက် ပြင်ဆင်ထားလိုက်"

All Chapters