← Chapters

အခန်း (၃၃၃-၃၃၄)

Vol. 18 Ch. 333-334

အခန်း (၃၃၃-၃၃၄)

Vol. 18 Ch. 333-334

အခန်း (၃၃၃) လှည့်ကွက်

“ဟားဟားဟား... ထျန်းကွန်မြို့မှာ ဒီလိုမျိုး သူတစ်ပါးအရေးကို ကိုယ့်အရေးလို မှတ်ယူတတ်တဲ့ လူတော်လူကောင်းတစ်ယောက် ရှိနေမယ်လို့ ငါ လုံးဝကို မမျှော်လင့်ထားခဲ့မိဘူး။ တကယ်ကို အံ့သြစရာပဲ။ ဒါပေမဲ့ ငါ အရှက်ခွဲခံနေရတုန်းက နင် ဘယ်မှာလဲ။ ငါ အသေအလဲ အရိုက်ခံနေရတုန်းကရော ဘယ်ရောက်နေလို့လဲ။ ငါ နေ့တိုင်း ငတ်မွတ်နေခဲ့တုန်းကရော နင်ဘယ်မှာ ရှိနေခဲ့သလဲလို့”

သူမ ပြောလိုက်သော စကားလုံးတိုင်းမှာ ရင်ဘတ်ကို စူးဝင်သွားစေလောက်သော်လည်း ယင်းသည် ထျန်းကွန်မြို့၏ ဘဝသရုပ်သဏ္ဌာန်ပင် ဖြစ်ပေသည်။ အင်အားမရှိလျှင် သူတစ်ပါး၏ အရှက်ခွဲခြင်းကို ခံရမည့် အရာဝတ္ထုတစ်ခုသာ ဖြစ်ပေလိမ့်မည်။

ချင်ယွမ်ဖုန်းမှာ ဘာစကားမှ ပြန်မပြောနိုင်ဘဲ တိတ်ဆိတ်သွားမိသည်။

“ဟင်း... နင့်လိုလူမျိုးတွေ ဒီထက်ပိုပြီး များလာရင်တော့ ကောင်းမှာပဲ။ ဒါဆိုရင် ထျန်းကွန်မြို့ကြီးက ဒီလိုမျိုး ဖြစ်လာမှာ မဟုတ်တော့ဘူး”

ထိုသို့ပြောပြီးနောက် ရှောင်ဖန်းမှာ သူမ၏လက်ထဲမှ ဓားမြှောင်ကို မြှောက်လိုက်ပြီး ကိုယ့်လည်ပင်းကိုယ် ပြန်ထိုးစိုက်လိုက်လေတော့သည်။

ချင်ယွမ်ဖုန်းအနေဖြင့် သူမကို တားဆီးရန် အချိန်မမီတော့သလို၊ တကယ်တမ်းတွင်လည်း သူမကို တားဆီးလိုစိတ် မရှိခဲ့ပေ။

ရှောင်ဖန်း၏ ခန္ဓာကိုယ်မှာ ဖြည်းညှင်းစွာ လဲကျသွားခဲ့လေပြီ။

ယင်းသည် အကောင်းဆုံး အဆုံးသတ်လည်း ဖြစ်နိုင်သည်ဟု သူ သက်ပြင်းချမိသည်။

ထိုခြံဝင်းအတွင်း၌ ချင်ယွမ်ဖုန်းသည် သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ တွင်းကြီးလေးတွင်း တူးလိုက်ပြီး ရှောင်ဖန်းနှင့်တကွ သေဆုံးသွားသော မိသားစုဝင် သုံးဦးကို ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့သည်။

“ဟူး... သနားစရာ ကောင်းလိုက်တာ။ ထားပါတော့လေ၊ ငါလည်း ဖုန်းလိုင်မျှော်စင်ကို အရောက်သွားရဦးမှာဆိုတော့ ဒီလောက်နဲ့ပဲ တော်ပြီ”

ချင်ယွမ်ဖုန်းသည် သက်ပြင်းချလျက် ထိုနေရာမှ ဖြည်းညှင်းစွာ ထွက်ခွာလာခဲ့သည်။

ချင်ယွမ်ဖုန်း ထွက်သွားပြီး မကြာမီမှာပင် ရှောင်ဖန်းကို မြှုပ်နှံထားသော မြေပုံထဲမှ လက်တစ်ဖက် ရုတ်တရက် ထွက်ပေါ်လာသည်။

ထို့နောက် ငရဲမှ ပြန်တက်လာသော ကလဲ့စားချေလိုသည့် တစ္ဆေတစ်ကောင်ကဲ့သို့ လူတစ်ယောက်သည် မြေကျင်းထဲမှ တဖြည်းဖြည်းချင်း လုယက်တက်လာခဲ့သည်။

“ကံဆိုးလိုက်တာ။ ဒီလို ခေါင်းမာတဲ့လူနဲ့မှ လာတိုးရတယ်လို့။ သူတို့ကို ငါမသတ်ရင် သူတို့က ငါ့ကို သတ်မှာပဲလေ။ ငါက ဘာလုပ်ရမှာလဲ”

ရှောင်ဖန်းမှာ တွားသွားလျက် ထွက်လာပြီး သူမ၏ လည်ပင်းမှ ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။ အကယ်၍ ချင်ယွမ်ဖုန်းသာ ဤနေရာမှာ ရှိနေပြီး ယင်းကို မြင်လိုက်ရလျှင် နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကန်မိမည်မှာ သေချာလှသည်။

သူမ လည်ပင်းမှာ ထိုးစိုက်ထားသော ဓားမြှောင်မှာ ပုံရိပ်ယောင် မျက်လှည့်တစ်ခုသာ ဖြစ်ပြီး ထွက်လာသော သွေးများမှာလည်း သားရဲသွေးများသာ ဖြစ်ပေသည်။

ရှောင်ဖန်းသည် ချင်ယွမ်ဖုန်း၏ စစ်ဆေးမှုကို ရှောင်ကွင်းရန်အတွက် အသက်အောင့်ခြင်း ပညာရပ်ကို အသုံးပြုခဲ့ခြင်းသာ ဖြစ်၏။

“ဟင်း... သူတစ်ပါးကိစ္စကို ဝင်ပါတဲ့အတွက် နင် ခံရတော့မှာပဲ။ နင်ဘယ်သူလဲဆိုတာကို ငါ သိသွားပြီ”

ရှောင်ဖန်းသည် အေးစက်စွာ ပြောလိုက်ပြီး ထိုခြံဝင်းအတွင်းမှ တန်းတန်းမတ်မတ် ထွက်ခွာသွားလေသည်။

တစ်နေ့ကုန်လုံးတွင် ထျန်းကွန်မြို့တစ်မြို့လုံးမှာ ချင်ယွင်မျှော်စင် အကြောင်းနှင့် ပတ်သက်ပြီး ဆူညံပွက်လောရိုက်နေခဲ့သည်။

ဂိုဏ်းချုပ်သစ် ဖြစ်သူ လျောင်ဝမ် ကိုယ်တိုင်သည် ချင်ယွင်မျှော်စင်၏ သစ္စာဖောက်ဟု ယူဆရသူတစ်ဦးကို လိုက်လံ ဖမ်းဆီးနေခြင်း ဖြစ်သည်။

ယခုအချိန်တွင် ထျန်းကွန်မြို့တစ်မြို့လုံးသည် ချင်ယွမ်ဖုန်းကို လိုက်လံ ရှာဖွေနေကြပြီ ဖြစ်သည်။

ရှောင်ဖန်းသည် ချင်ယွင်မျှော်စင် အစည်းအရုံးသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာစဉ် အမျိုးသားတစ်ဦး သူမထံသို့ လျှောက်လာသည်ကို မြင်လိုက်ရသဖြင့် သွားရောက် တားဆီးလိုက်သည်။

“မင်းက ဘယ်သူလဲ” ဟု ထိုအမျိုးသားက ခပ်အေးအေး မေးလိုက်သည်။

“ကျွန်မ... ကျွန်မက ရှင်တို့ ဂိုဏ်းချုပ်ကို တွေ့ချင်လို့ပါ” ဟု ရှောင်ဖန်းက ပြောလိုက်သည်။

“ငါတို့ ဂိုဏ်းချုပ်ကို တွေ့ချင်တယ် ဟုတ်လား။ မင်းမှာ ဂိုဏ်းချုပ်နဲ့ ချိန်းထားတာ ရှိလို့လား” ထိုသူက သံသယဖြင့် ပြန်မေးသည်။

ရှောင်ဖန်းက အမြန်ခေါင်းခါလိုက်ပြီး “မရှိပါဘူး။ ဒါပေမဲ့ ကျွန်မမှာ ဂိုဏ်းချုပ်ကို အစီရင်ခံစရာ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိလို့ပါ။ အရမ်းကို အရေးကြီးတဲ့ ကိစ္စပါ”

ထိုအမျိုးသားသည် ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်ကာ “ငါက ကျူးရွယ်မင်ပဲ။ ချင်ယွင်မျှော်စင်ရဲ့ ဂိုဏ်းချုပ်လောင်း တစ်ယောက်ပေါ့။ မင်းမှာ ဘာသတင်းပဲရှိရှိ ငါ့ကို ပြောပြလို့ ရတယ်။ ဂိုဏ်းချုပ်ကို ပြောပြသလိုမျိုးပဲပေါ့”

“ဂိုဏ်းချုပ်လောင်း ဟုတ်လား။ ကြားရတာ တော်တော်လေး အထင်ကြီးစရာပဲနော်” ဟု ရှောင်ဖန်းက အံ့သြသလို ပြောလိုက်သည်။

ကျူးရွယ်မင်က ပြုံးလိုက်ပြီး “ကြားရတာတင် အထင်ကြီးစရာ ကောင်းတာ မဟုတ်ဘူး။ ငါ့ရဲ့ အရည်အချင်းကလည်း တကယ့်ကို ထူးချွန်ပြီးသားပါ”

“သြော်... ဟုတ်ကဲ့။ ဒါဆိုရင် ကျွန်မ ပြောပြပါ့မယ်”

ကျူးရွယ်မင်သည် နားစွင့်၍ နားထောင်ရန် ပြင်လိုက်သော်လည်း ရှောင်ဖန်းက တော်တော်နှင့် စကားမပြောဘဲ နေနေသည်။

သူ ဒေါသထွက်လုဆဲဆဲ အချိန်မှာပင် ရှောင်ဖန်း၏ စိတ်မပါသော မျက်နှာကို မြင်လိုက်ရသဖြင့် တစ်ခုခုကို ရိပ်မိသွားသည်။

သူသည် သူ၏ ကိုယ်ပေါ်မှ သိုလှောင်အိတ်ကို ချွတ်လိုက်ပြီး ရှောင်ဖန်း၏ လက်ထဲသို့ ထည့်ပေးကာ “ဒီထဲမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင် ရှိတယ်” ဟု ဆိုလိုက်သည်။

ဝိညာဉ်ကျောက်တုံးများ အကြောင်း ကြားလိုက်ရသည်နှင့် ရှောင်ဖန်း၏ မျက်လုံးများမှာ အရောင်တောက်သွားသည်။ “ရှင်တို့ ရှာနေတဲ့ ချင်ယွမ်ဖုန်း ဘယ်ကို သွားလဲဆိုတာ ကျွန်မ သိတယ်”

“တကယ်လား” ကျူးရွယ်မင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ “မြန်မြန်ပြောစမ်းပါ၊ ချင်ယွမ်ဖုန်းက ဘယ်မှာလဲ”

ရှောင်ဖန်းသည် ဘေးဘီကို ကြည့်ရှုကာ လူမရှိသည်ကို သေချာစေပြီးမှ တိုးတိုးလေး ကပ်ပြောလိုက်သည်။ “သူ ဖုန်းလိုင်မျှော်စင်ကို သွားမယ်လို့ ပြောနေတာကို ကျွန်မ ကြားခဲ့တယ်”

“ဖုန်းလိုင်မျှော်စင် ဟုတ်လား” ကျူးရွယ်မင်မှာ အံ့သြသွားရသည်။

ဖုန်းလိုင်မျှော်စင်သည်လည်း အရှေ့ဘက်တိုက်ကြီးတွင် အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခု ဖြစ်ပေသည်။

လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ခန့်က ချင်ယွင်မျှော်စင်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့သော်လည်း ကျိုးထုံနှင့် ပတ်သက်သည့် ကိစ္စကြောင့် လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်အတွင်း၌ ထိုနှစ်ဖွဲ့ကြားတွင် မည်သည့် ဆက်ဆံရေးမှ မရှိတော့ပေ။

“သူ တကယ်ပဲ ဖုန်းလိုင်မျှော်စင်ဆီကို သွားတာဆိုရင်တော့ ဒုက္ခပဲ” ဟု ကျူးရွယ်မင်က အေးစက်စွာ တွေးလိုက်မိသည်။

ဖုန်းလိုင်မျှော်စင်၏ ဂိုဏ်းချုပ်ဖြစ်သူ ရှန်ကွမ်းရင်းနှင့် ကျိုးထုံတို့၏ ဆက်ဆံရေးကို ကြည့်လျှင် ကျိုးထုံ အသက်ရှင်နေသေးပြီး အကျဉ်းချခံထားရသည်ကို သိသွားပါက တကယ်ကို ဒေါသထွက်ပေလိမ့်မည်။

ထိုသို့ဆိုလျှင် ချင်ယွင်မျှော်စင် တစ်ခုလုံးမှာ ဒုက္ခရောက်ပေတော့မည်။

ယင်းကဲ့သို့ ဖြစ်လာမည်ကို မည်သို့မျှ အဖြစ်မခံနိုင်ကြောင်း ကျူးမင်ကျယ် သိသည်။ သူသည် ဤသတင်းကို အစီရင်ခံရန် ပြင်လိုက်သော်လည်း ရုတ်တရက် ရပ်တန့်သွားပြန်သည်။

“မင်းတို့အားလုံးက ချင်ယွမ်ဖုန်းက အရမ်းအစွမ်းထက်တယ်လို့ ပြောကြတယ်၊ အပြင်က သတင်းတွေကလည်း တော်တော်လေး ချဲ့ကားလွန်းလှတယ်။ အခုတစ်ခေါက်မှာတော့ ငါက ချင်ယွမ်ဖုန်းထက် ပိုပြီး သန်မာတယ်ဆိုတာကို မင်းတို့အားလုံးကို ငါ သက်သေပြမယ်။ ငါ သူ့ကို သတ်ပြီး သူ့ရဲ့ အလောင်းကို ပြန်သယ်လာပြမယ်” ဟု ကျူးရွယ်မင်က ပြတ်သားစွာ ပြောလိုက်သည်။

ထို့ကြောင့် ကျူးရွယ်မင်သည် ဤကိစ္စကို မည်သူ့ကိုမျှ မပြောပြဘဲ မြို့ပြင်သို့ ကိုယ်တိုင် ထွက်ခွာသွားလေတော့သည်။

ဤအချိန်တွင် မြို့တွင်းရှိ နေရာအနှံ့၌ လူများသည် ချင်ယွမ်ဖုန်း၏ ခြေရာကို လိုက်လံ ရှာဖွေနေကြသည်။

ချင်ယွင်မျှော်စင်သည် ချင်ယွမ်ဖုန်းနှင့် ပတ်သက်သည့် သတင်းများအတွက် ဆုကြေးငွေ အမြောက်အမြား ပေးထားသလို၊ ကြေးစားစစ်သည် အမြောက်အမြားမှာလည်း မြို့တွင်း၌ ပိုက်စိပ်တိုက် ရှာဖွေမှုများ ပြုလုပ်နေကြသောကြောင့် ချင်ယွမ်ဖုန်းမှာ တော်တော်လေး ဒုက္ခရောက်နေခဲ့ရသည်။

သူ ပုန်းအောင်းနေစဉ်မှာပင် ရှေ့နား၌ လူအချို့ကို ရုတ်တရက် မြင်လိုက်ရသည်။ သူတို့သည် ကြေးစားစစ်သည် ပြိုင်ပွဲတုန်းက သူနှင့် တိုက်ခိုက်ခဲ့သော ငွေတံဆိပ်ရ ကြေးစားစစ်သည်များပင် ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူတို့နောက်သို့ တိတ်တဆိတ် လိုက်သွားခဲ့သည်။

ကျန်ရှိနေသော လူခြောက်ဦးမှာ လျောင်ဝမ်၏ လက်ချက်ဖြင့် သေဆုံးမသွားခဲ့ပေ။

သူတို့သည် သူတို့၏ နေအိမ်သို့ ပြန်ရောက်နေကြပြီး တစ်ယောက်ချင်းစီ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။

“အစ်ကိုကြီး သေသွားပြီ၊ ငါတို့ အခု ဘာလုပ်ကြမလဲ” ဟု သူတို့ထဲမှ တစ်ယောက်က မေးလိုက်သည်။

“ငါလည်း ဘယ်သိမှာလဲ။ လျောင်ဝမ်က တကယ်ကို ယုတ်မာလွန်းတာပဲ” ဟု နောက်တစ်ယောက်က ဆိုသည်။

ထိုအဖွဲ့မှာ စိတ်ဓာတ်ကျနေကြသည်။ မူလက သူတို့သည် ဂိုဏ်းချုပ်လောင်းများ ဖြစ်လာပြီးနောက် သူတို့၏ အဆင့်အတန်းကို အသုံးပြုကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်ခဲ့ကြသော်လည်း ယခုအခါ သူတို့၏ ခေါင်းဆောင် မရှိတော့သဖြင့် ဘာလုပ်ရမှန်း မသိ ဖြစ်နေကြသည်။

ထို့အပြင် အကယ်၍ သူတို့သာ ကျေးဇူးကန်းပြီး လျောင်ဝမ်ကို ဆက်လက် ရန်စနေပါက အခုအချိန်မှာ ပုန်းစရာ နေရာမရှိ ဖြစ်နေသော ချင်ယွမ်ဖုန်းကဲ့သို့ပင် အဆုံးသတ်သွားပေလိမ့်မည်။

“မင်းတို့ ကလဲ့စားချေချင်လား”

အသံတစ်သံမှာ တစ်ဖက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ သူတို့သည် အံ့သြစွာ မော့ကြည့်လိုက်သောအခါ ချင်ယွမ်ဖုန်းမှာ သူတို့၏ ရှေ့တည့်တည့်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

“မင်းပဲ” ကြေးစားစစ်သည် တစ်ဦးသည် ချင်ယွမ်ဖုန်းကို မြင်လိုက်ရသည်နှင့် ဒေါသဖြင့် မျက်နှာနီမြန်းသွားပြီး သူ့ကို တိုက်ခိုက်ရန် ပြင်လိုက်သည်။

“ငါက မင်းတို့ရဲ့ ရန်သူ မဟုတ်ပါဘူး” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါလည်း အဘိုးကျိုးထုံကို ကယ်တင်ဖို့ ဒီကို လာခဲ့တာပါ။ ငါတို့ရဲ့ ရည်ရွယ်ချက်တွေက အတူတူပဲ ဖြစ်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့မိဘူး”

“ဟင်း... ရည်ရွယ်ချက် တူတယ်ဆိုတော့ရော ဘာဖြစ်လဲ။ အခု မင်းက တစ်မြို့လုံးရဲ့ အလိုရှိခြင်း ခံနေရတာလေ။ မင်း အဖမ်းခံရရင် သေမှာပဲ” ဟု နောက်တစ်ယောက်က အေးစက်စွာ ဆိုသည်။

“ဒါဆို မင်းတို့က ဒီအတိုင်း ပုန်းနေကြတော့မှာလား။ မင်းတို့ အစ်ကိုကြီးအတွက် ကလဲ့စားလည်း မချေပေးသလို၊ သူ့ရဲ့ နောက်ဆုံးဆန္ဒကိုလည်း ဖြည့်ဆည်းမပေးတော့ဘူးပေါ့ ဟုတ်လား” ဟု ချင်ယွမ်ဖုန်းက ခပ်အေးအေး မေးလိုက်သည်။

ထိုအဖွဲ့မှာ အံ့အားသင့်သွားကြသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ချင်ယွမ်ဖုန်း ပြောသည့် စကားမှာ အဓိပ္ပာယ်ရှိကြောင်း နားလည်သွားကြသည်။

“ငါ အဘိုးကျိုးထုံကို တွေ့ခဲ့ပြီးပြီ။ အခြေအနေက တကယ်ကို ဆိုးရွားနေတယ်။ လျောင်ဝမ်က ငါ့ကို သိသွားလို့ ငါ ထွက်ပြေးလာခဲ့ရတာ။ အဘိုးကျိုးထုံက ငါ့ကို စစ်ကူသွားခေါ်ဖို့ ပြောလိုက်တယ်။ အကယ်၍ မင်းတို့က ငါ့ကို ထွက်ပြေးနိုင်အောင် ကူညီပေးမယ်ဆိုရင် မင်းတို့ အစ်ကိုကြီးအတွက် ကလဲ့စားချေနိုင်မှာ ဖြစ်တယ်” ဟု ချင်ယွမ်ဖုန်းက ပြောပြလိုက်လေတော့သည်။

အခန်း (၃၃၄) မြို့တော်မှ ထွက်ခွာခြင်း

"ဟင်း... မင်း အသက်လုပြီး ထွက်ပြေးနေတာမဟုတ်မှန်း ငါတို့က ဘယ်လိုသိနိုင်မှာလဲ" ဟု ထိုသူတို့အနက် တစ်ဦးက ဆိုလေသည်။

ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ကို အသာချလိုက်ပြီးလျှင် "ကျွန်တော့်နာမည် ချင်ယွမ်ဖုန်းဆိုတာ မင်းတို့

လည်း ကြားဖူးကြမှာပါ။ ကျွန်တော်က သေမှာကို ကြောက်တတ်တဲ့သူမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ အခု အခြေအနေက တကယ်ကို အရေးကြီးနေပြီ။ အဘိုးကျိုးထုံ တစ်ယောက်တည်းနဲ့လည်း ကြာကြာတောင့်ခံထားနိုင်ဖို့ မလွယ်တော့ဘူး။ ဒါကြောင့် မင်းတို့အနေနဲ့ ကျွန်တော့်ကို ယုံကြည်ပေးဖို့ပဲ ရှိတော့တယ်" ဟု ပြောကြားလိုက်လေသည်။

ထိုလူစုသည် တစ်ဦးကိုတစ်ဦး ပြန်လည်ကြည့်ရှုလိုက်ကြပြီးနောက် ချင်ယွမ်ဖုန်း၏ စကားမှာ ကျိုးကြောင်းဆီလျော်သည်ဟု လက်ခံလိုက်ကြလေတော့သည်။

"ကောင်းပြီလေ... မင်း မြို့ပြင်ရောက်အောင် ငါတို့ ကူညီပေးမယ်။ မင်းရဲ့ ကတိအတိုင်း ဖြစ်လာလိမ့်မယ်လို့ပဲ မျှော်လင့်ရတာပေါ့" ဟု တစ်ဦးက အေးစက်စက် လေသံဖြင့် ဆို၏။

ချင်ယွမ်ဖုန်းသည် များစွာ ဝမ်းမြောက်သွားရလေသည်။ ဤလူများ၏ အကူအညီဖြင့်ဆိုပါက သူသည် အမှန်တကယ်ပင် မြို့ပြင်သို့ လွတ်မြောက်နိုင်ခြေ ရှိပေသည်။

"ဒါနဲ့... မင်းတို့ကို မေးစရာတစ်ခု ရှိသေးတယ်။ ဖုန်းလိုင်မျှော်စင်က ဘယ်နားမှာ ရှိတာလဲ" ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။

"ဖုန်းလိုင်မျှော်စင် ဟုတ်လား... မင်းက အဲ့ဒီကိုသွားပြီး အကူအညီ တောင်းမလို့လား"

“ဟုတ်ပါတယ်။ အဘိုးကျိုးထုံက ပြောတယ်... ဖုန်းလိုင်မျှော်စင်ကို သွားရင် အကူအညီ ရနိုင်လိမ့်မယ်တဲ့” ဟု ချင်ယွမ်ဖုန်းက အခိုင်အမာ ပြောဆိုလိုက်လေသည်။

"အင်း... အဲဒါတော့ ဟုတ်တယ်။ ဖုန်းလိုင်မျှော်စင်ရဲ့ ဂိုဏ်းချုပ်နဲ့ ဂိုဏ်းချုပ်ဟောင်းတို့က ရင်းနှီးမှု တော်တော်လေး ရှိကြတာ။ သူကတော့ ဂိုဏ်းချုပ်ဟောင်းကို လာကယ်ဖို့ သေချာပေါက် သဘောတူမှာပဲ။ ကဲ... မင်းကို အခုချက်ချင်း မြို့ပြင်ထွက်နိုင်အောင် ငါတို့ စီစဉ်ပေးမယ်" ဟု ထိုလူစုက တက်တက်ကြွကြွပင် ပြောဆိုကြလေတော့သည်။

၎င်းတို့သည် အသေးစိတ် အစီအစဉ်တစ်ခုကို ရေးဆွဲလိုက်ကြပြီးလျှင် ချက်ချင်းပင် လက်တွေ့ အကောင်အထည်ဖော်ကြလေသည်။

ဤအချိန်တွင် ထျန်းကွန်မြို့၏ မြို့တံခါးဝ၌ အစောင့်အကြပ်များစွာကို တိုးမြှင့်ချထားလေသည်။ ထိုအစောင့်များထဲတွင် ချင်ယွင်မျှော်စင်မှ လူများသာမက မြို့စားမင်း၏ လက်အောက်ခံများပါ ပါဝင်နေကြသည်။

ချင်ယွင်မျှော်စင်သည် ဤမြို့၌ အခြေချနေထိုင်လာသည်မှာ ကြာမြင့်လှပြီဖြစ်ရာ မြို့စားမင်းနှင့်လည်း အလွန်ပင် ရင်းနှီးကြပေသည်။

ထို့ကြောင့် လူတစ်ဦးကို ရှာဖွေရန်မှာ ၎င်းတို့အတွက် အလွန်ပင် လွယ်ကူလှသော ကိစ္စရပ်တစ်ခုပင် ဖြစ်၏။

နေဝင်ရီတရော အချိန်သို့ ရောက်ရှိလာသောအခါ လူစုတစ်စုသည် နာရေးသုံးခေါင်းတစ်ခု တင်ဆောင်လာသော မြင်းလှည်းတစ်စီးနှင့်အတူ မြို့တံခါးသို့ ရောက်ရှိလာကြသည်။

"ရပ်လိုက်ကြစမ်း... ဘယ်သူတွေလဲ" ချင်ယွင်မျှော်စင်မှ အစောင့်တစ်ဦးက မြင်းလှည်းကို တားဆီးလိုက်လေသည်။

ဤလူစုမှာ ငွေတံဆိပ်ရ ကြေးစားစစ်သည်များ ဖြစ်ကြသည်။ ၎င်းတို့အနက် တစ်ဦးက ရှေ့သို့တက်လာပြီး အစောင့်ကို တစ်ချက်ကြည့်ကာ—

“ကျွန်တော်တို့ ခေါင်းဆောင်ကို သူ့ရဲ့ ဇာတိမြေဆီ ပြန်ပို့မလို့ပါ။ သွားခွင့်ပြုပါ” ဟု ဆိုသည်။

"မင်းတို့လား..." ထိုအစောင့်သည် ဤလူစုကို မှတ်မိနေပေသည်။ ၎င်းတို့၏ ခေါင်းဆောင်မှာ လျောင်ဝမ်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်ကို သူ သိထား၏။

"ဟွန်း... ဒီလို အချိန်မျိုးမှာ မြို့ပြင်ထွက်မယ်ဆိုတော့ တစ်ခုခုကို ဖုံးကွယ်ထားတာများလား" အစောင့်သည် အလောင်းခေါင်းရှိရာသို့ လျှောက်သွားလိုက်ပြီး သူ၏ ဓားရှည်ကို ရုတ်တရက် ဆွဲထုတ်ကာ အလောင်းခေါင်းအတွင်းသို့ အားကုန် ထိုးစိုက်လိုက်လေတော့သည်။

ခေါင်းအတွင်းမှ မည်သည့် လှုပ်ရှားမှုသံမျှ ထွက်ပေါ်မလာချေ။ သူသည် သူ၏ ဓားကို ပြန်ဆွဲထုတ်လိုက်ပြီး ခေါင်းအတွင်းသို့ တစ်ချက်ပြီးတစ်ချက် ထပ်မံ ထိုးစိုက်နေလေသည်။ အကယ်၍ အတွင်း၌ လူတစ်ယောက်သာ ရှိနေပါက ယခုအချိန်တွင် ခန္ဓာကိုယ်အနှံ့ အပေါက်ဗလာများ ဖြစ်နေပေလိမ့်မည်။

"တော်လောက်ပြီဗျာ... ခင်ဗျားတို့ ဘာဖြစ်ချင်နေတာလဲ။ ကျွန်တော်တို့ ခေါင်းဆောင်လည်း သေသွားပြီပဲ... ဒီကိစ္စက ပြီးသွားပြီ မဟုတ်လား"

ကြေးစားစစ်သည်တစ်ဦးက ရှေ့သို့ ပြေးထွက်လာပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ပြီးသွားပြီ ဟုတ်လား... မင်းတို့က ငါတို့ ဂိုဏ်းချုပ်ကို အပုပ်ချခဲ့တာလေ၊ ဒါက မင်းတို့ ခံထိုက်တဲ့ ရလဒ်ပဲ" အစောင့်သည် မြင်းလှည်းပေါ်သို့ ခုန်တက်လိုက်ပြီး အလောင်းခေါင်းအဖုံးကို ကန်ဖွင့်လိုက်လေသည်။

"မင်း..." ကြေးစားစစ်သည် အချို့မှာ ဒေါသတကြီး ဖြစ်သွားကြသော်လည်း ချင်ယွင်မျှော်စင်မှ အစောင့်များစွာက ၎င်းတို့အား ဝိုင်းဝန်း တားဆီးလိုက်ကြသည်။

"ငါ ပြောလိုက်မယ်... မင်းတို့အနေနဲ့ တခြားဘယ်သူ့ကိုမဆို မြို့ပြင် ခိုးထုတ်ဖို့ ကြိုးစားမယ်ဆိုရင် မင်းတို့ ခေါင်းဆောင်လိုပဲ အဆုံးသတ်သွားစေရမယ်"

အလောင်းခေါင်းအတွင်း၌ ဖန်ဝေ၏ ရုပ်အလောင်း တစ်ခုတည်းသာ ရှိနေသည်။ ဤအချိန်တွင် သူ၏ လည်ပင်း၌ ကြီးမားသော ပွန်းပဲ့ဒဏ်ရာကြီးမှအပ ကျန်သည်မှာ အိပ်ပျော်နေသကဲ့သို့ပင် ရှိနေ၏။

အစောင့်သည် သူ၏ ဓားရှည်ဖြင့် ရုပ်အလောင်းကို ခပ်ပြင်းပြင်း ထပ်မံ ထိုးစိုက်လိုက်ရာ ခေါင်း၏ အောက်ခြေအထိပင် ဖောက်ထွက်သွားလေသည်။

သူ ဓားကို ပြန်ဆွဲထုတ်လိုက်သောအခါ သွေးများစွာ ထွက်မလာသည်ကို တွေ့ရ၏။ ရှိနေသော သွေးအနည်းငယ်မှာလည်း ဖန်ကု၏ ခန္ဓာကိုယ်မှ ထွက်လာခြင်းသာ ဖြစ်သည်။

ကြေးစားစစ်သည်များအားလုံး ခေါင်းငုံ့ထားကြရသည်။ ၎င်းတို့၏ ခေါင်းဆောင်သည် သေပြီးသည်တိုင်အောင် ဤသို့ စော်ကားခံနေရသည်ကို မကြည့်ရက်ကြသော်လည်း ပြန်လည် ခုခံရန်ကိုမူ မဝံ့ရဲကြချေ။

နောက်ဆုံးတွင် အစောင့်သည် သေဆုံးနေပြီးဖြစ်သော ဖန်ဝေအား ဓားဖြင့် အပေါက်များစွာ ထပ်မံ ပြုလုပ်ပြီးမှသာ ရပ်တန့်လိုက်လေတော့သည်။

"ကဲ... ခေါင်းထဲမှာရော၊ မြင်းလှည်းပေါ်မှာရော ဘယ်သူမှ မရှိဘူး" ဟု အစောင့်က အေးအေးဆေးဆေးပင် ဆိုလိုက်သည်။

ကြေးစားစစ်သည် အချို့မှာ မျက်ရည်များ ဝဲလျက် ရှေ့သို့ ပြေးသွားကာ အလောင်းခေါင်းကို ပြန်လည် ပိတ်လိုက်ကြလေသည်။

"ကဲ... မြန်မြန် သွားကြတော့။ ဒီလို ငိုချင်းချနေတာမျိုးက တကယ်ကို နိမိတ်မကောင်းဘူး" အစောင့်သည် လက်ယမ်းပြကာ ၎င်းတို့အား အမြန်ထွက်ခွာသွားရန် အချက်ပြလိုက်လေသည်။

လူအချို့သည် မြင်းလှည်းကို တွန်းကာ မြို့ပြင်သို့ ဖြည်းညှင်းစွာ ထွက်ခွာသွားကြလေတော့သည်။

အတန်ကြာ လျှောက်လှမ်းလာပြီးနောက် ကြေးစားစစ်သည် တစ်ဦးက မြေကြီးကို ဒေါသတကြီး လက်သီးဖြင့် ထိုးနှက်လိုက်ပြီး "ဒါက တကယ်ကို လွန်လွန်းတယ်ဗျာ... အဲ့ဒီ မောက်မာတဲ့ ကောင်ကို ငါ ဘယ်တော့မှ မမေ့ဘူး။ သူ့ကို ငါ ကိုယ်တိုင် အပိုင်းပိုင်း ပိုင်းပစ်မယ်" ဟု ဟိန်းဟောက်လိုက်သည်။

"စိတ်မပူပါနဲ့... အဲ့ဒီနေ့က မကြာခင် ရောက်လာမှာပါ" ချင်ယွမ်ဖုန်းသည် သူ ဝတ်ဆင်ထားသော ဝတ်ရုံဖြူကို ချွတ်လိုက်ပြီး အေးဆေးစွာ ပြောလိုက်လေသည်။

ဒါက သူတို့ရဲ့ အစီအစဉ်ပင် ဖြစ်သည်။ ရဲတင်းလွန်းသော အစီအစဉ်တစ်ခုပင်။ ၎င်းတို့သည် ကြီးမားသော အလောင်းခေါင်းကို တွန်းလာခြင်းဖြင့် လူတိုင်း၏ အာရုံကို ထိုအပေါ်သို့ ရောက်ရှိစေခဲ့ရာ အတွင်း၌ နောက်ထပ် လူတစ်ယောက် ရှိနေသည်ကို မည်သူမျှ သတိမပြုမိကြတော့ချေ။

"မင်းသေချာပေါက် ပြန်လာရမယ်နော်။ ကျွန်တော် ကိုယ်တိုင် အဲ့ဒီကောင်ကို သတ်ပြီး ကျွန်တော်တို့ ခေါင်းဆောင်အတွက် ကတ္တီပါတိုင်ချင်လို့ပါ"

ကြေးစားစစ်သည် တစ်ဦးက ချင်ယွမ်ဖုန်း၏ လက်မောင်းကို ဆုပ်ကိုင်ကာ အလေးအနက် ပြောလိုက်သည်။

"စိတ်ချပါ...ငါအမြန်ဆုံး သွားမှာပါ။ အဆင်ပြေမယ်ဆိုရင် ငါးရက်၊ ခြောက်ရက်အတွင်း ပြန်ရောက်လာနိုင်ပါတယ်" ဟု ချင်ယွမ်ဖုန်းက ဆို၏။

၎င်းတို့အားလုံးက ခေါင်းကို အလေးအနက် ညိတ်ပြလိုက်ကြပြီးနောက် ချင်ယွမ်ဖုန်း ထွက်ခွာသွားသည်ကို ကြည့်နေကြလေသည်။

၎င်းတို့သည် ထျန်းကွန်မြို့ပြင်ရှိ လှပသော နေရာတစ်ခုတွင် ဖန်ဝေအား သင်္ဂြိုဟ်လိုက်ကြလေသည်။

ချင်ယွမ်ဖုန်းသည် ဖုန်းလိုင်မျှော်စင်ဆီသို့ ဦးတည်ကာ ခရီးစတင်ခဲ့လေပြီ။

ဖုန်းလိုင်မျှော်စင်၏ တည်နေရာမှာ ကျန့်ဂီအင်ပါယာနှင့် စစ်မီးတောက်လောင်နေသော ဝူချီအင်ပါယာ နယ်မြေအတွင်း၌ ရှိနေသည်။

သူသည် ဝူချီအင်ပါယာသို့ ရောက်ရှိရန်အတွက် တောအုပ်တစ်ခုကို ဖြတ်ကျော်ကာ တောင်တန်းများကို ကျော်ဖြတ်ရပေမည်။

ဖုန်းလိုင်မျှော်စင်သည် ဝူချီအင်ပါယာ၏ အရှေ့ဘက် အစွန်ဆုံး၊ ပင်လယ်နှင့် နီးကပ်သော နေရာတွင် တည်ရှိပြီး ပင်လယ်တစ်ဖက်ကမ်းရှိ ရန်ချီကျွန်းနိုင်ငံနှင့် မျက်နှာချင်းဆိုင်လျက် ရှိပေသည်။

ချင်ယွမ်ဖုန်း၏ ခန့်မှန်းချက်အရ သူသည် မအိပ်မနေဘဲ အချိန်ပြည့် ခရီးနှင်မည်ဆိုပါက သုံးရက်အတွင်း ဖုန်းလိုင်မျှော်စင်သို့ ရောက်ရှိနိုင်ပေလိမ့်မည်။

ဒါက သူ့ရဲ့ အစွမ်းကုန် ကြိုးစားမှုပင် ဖြစ်၏။ ဤသို့ သုံးရက်တိုင်တိုင် ခရီးနှင်ပြီးနောက် သူ မည်မျှပင် ပင်ပန်းနွမ်းနယ်သွားမည်ကို ကြိုတင် မြင်ယောင်နေမိသည်။ သို့သော် အခြေအနေက အလွန်ပင် အရေးကြီးနေချေပြီ။

အဘိုးကျိုးထုံ တစ်ယောက် မည်မျှကြာကြာ တောင့်ခံထားနိုင်မည်ကို သူ မသိရှိရသဖြင့် သူသည် အမြန်သွားရန်သာ လိုပေတော့သည်။

ညမှောင်ရီ ပျိုးစပြုချိန်တွင် ချင်ယွမ်ဖုန်းသည် တောအုပ်သို့ ရောက်ရှိလာခဲ့သည်။ ထိုတောအုပ်ကို ကျော်လွန်သွားပါက နတ်မင်းများ ပိတ်လှောင်ရာချိုင့်ဝှမ်းနှင့် ဝူချီအင်ပါယာကို ပိုင်းခြားထားသော တောင်တန်းကြီး ရှိနေပေသည်။

ယနေ့ညတွင် လမင်းမှာ ထိန်ထိန်သာလျက် ရှိပြီး ကြယ်တာရာ အနည်းငယ်သာ ရှိပေသည်။ အေးမြသော လရောင်သည် အောက်သို့ ဖြာကျနေသဖြင့် ညဉ့်အခါဖြစ်သော်လည်း နေ့ခင်းဘက်ကဲ့သို့ပင် လင်းထိန်နေ၏။

ချင်ယွမ်ဖုန်းသည် တောအုပ်အတွင်းသို့ အမြန်ဖြတ်ကျော်လာခဲ့သော်လည်း တောနက်အတွင်းသို့ ရောက်ရှိလာသောအခါ ရုတ်တရက် ရပ်တန့်လိုက်ရလေသည်။

သူ့ရှေ့တွင် လူရိပ်တစ်ခု ဖြည်းညှင်းစွာ ပေါ်ပေါက်လာ၏။

ကျူးရွယ်မင်ပင် ဖြစ်သည်။

ကြေးစားစစ်သည် ပြိုင်ပွဲအပြီးတွင် သူ့ကို စိန်ခေါ်ရန် စောင့်ဆိုင်းနေသော ထိုသူသည် ယခုအခါ၌ သူ၏ လမ်းကို ပိတ်ဆို့ထားလေပြီ။

ချင်ယွမ်ဖုန်းသည် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်လိုက်ပြီးလျှင် ကျူးရွယ်မင် တစ်ယောက်တည်းသာ ရှိနေသည်ကို တွေ့ရသဖြင့် သက်ပြင်းတစ်ချက် ချလိုက်နိုင်တော့သည်။

"ဟင်း... ငါ မင်းကို စောင့်နေမယ်လို့ ပြောခဲ့သားပဲ။ မင်း ဒီလို ထွက်ပြေးသွားလိမ့်မယ်လို့ ငါ မထင်ထားဘူး" ဟု ကျူးရွယ်မင်က အေးစက်စက် ဆိုလိုက်လေသည်။

ချင်ယွမ်ဖုန်းက သက်ပြင်းချကာ "ဒါက တကယ်ပဲ လိုအပ်လို့လား။ ငါမင်း နဲ့ ဘာအတွက်မှ ပြိုင်ဆိုင်နေတာ မဟုတ်သလို ငါတို့ကြားမှာ ဘာအာဃာတမှလည်း မရှိကြဘူးလေ" ဟု ပြောလိုက်၏။

"ဟားဟားဟား... လျောင်ဝမ်က မင်းကို အထင်ကြီးနေပေမဲ့ ငါကတော့ အသိအမှတ် မပြုနိုင်ဘူး။ မင်းလို လူသစ် တစ်ယောက်ကို လျောင်ဝမ်က ဘာလို့ ဒီလောက်တောင် အလေးထားနေရတာလဲ" ကျူးရွယ်မင်၏ မျက်နှာမှာ ဒေါသကြောင့် အနည်းငယ် ကြောက်မက်ဖွယ် ကောင်းနေလေသည်။

"ငါကတော့ မိန်းကလေးတွေရဲ့ မနာလိုစိတ်က အကြောက်ရဆုံးလို့ ထင်ထားတာ၊ ယောက်ျားတွေရဲ့ မနာလိုစိတ်ကလည်း ဒီလောက်ထိ ကြောက်ဖို့ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး" ချင်ယွမ်ဖုန်းက အားကိုးရာမဲ့စွာ ဆိုလိုက်လေသည်။

"ကောင်းပြီလေ... ငါတို့ မပြီးသေးတဲ့ တိုက်ပွဲကို ဆက်ရအောင်။ ငါက မင်းထက် ပိုသာတယ်ဆိုတာကို သက်သေပြချင်တယ်" ဟု ကျူးရွယ်မင်က အေးစက်စွာ ဆိုလိုက်ရာ သူ၏ လက်ထဲမှ လက်နက်တုတ်ရှည်ကြီးမှာ လရောင်အောက်တွင် အေးစက်စွာ တောက်ပလျက် ရှိနေလေတော့သတည်း။

All Chapters