အခန်း (၁၁၆၁-၁၁၆၂)
Vol. 100 Ch. 1161-1162
အခန်း ၁၁၆၁
ယေဘုယျအားဖြင့် ပြောရလျှင် ကမ္ဘာတစ်ခု၏ နိယာမစည်းမျဉ်းများသည် မိမိတို့၏ နယ်ပယ်ကို ထိန်းသိမ်းရန်နှင့် အခြားသော ဟင်းလင်းပြင်ပြင်ပမှ သက်ရှိများကို တွန်းလှန်ရန်အတွက် တည်ရှိနေခြင်းဖြစ်သည်။
မသေမျိုးမျိုးနွယ်စုသည် ဤဟင်းလင်းပြင်အက်ကွဲကြောင်းကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိခဲ့ပြီးနောက် ဤကမ္ဘာထဲသို့ ခိုးဝင်လာခဲ့ကြခြင်း ဖြစ်သည်။
ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ထိုဝတ်ရုံနက်ဝတ်ဆင်ထားသူများ၏ အင်အားမှာ ပြင်းထန်စွာ ဖိနှိပ်ခြင်းခံခဲ့ရလေသည်။
သို့သော် သူတို့သည်လည်း ၎င်းကို ယဉ်ပါးနေပြီဖြစ်သည်။ မသေမျိုးမျိုးနွယ်စု ဖြစ်သည်နှင့်အညီ သူတို့သည် အခြားကမ္ဘာများကို အစဉ်မပြတ် ကျူးကျော်ဝင်ရောက်နေကျဖြစ်ပြီး ကမ္ဘာသစ်တစ်ခုသို့ ရောက်ရှိတိုင်း ထိုကမ္ဘာ၏ ဖိနှိပ်မှုကို ခံရစမြဲပင်။
သို့သော် ယခုအခါတွင်မူ ဤကမ္ဘာကြီးက သူတို့အပေါ် ဖိနှိပ်ထားမှုကို တဖြည်းဖြည်း လျှော့ချပေးလာနေပြီဖြစ်ရာ ၎င်းက သူ့ကို အမှန်တကယ် မယုံနိုင်လောက်အောင် ဖြစ်စေခဲ့လေသည်။
ဦးဆောင်သူ ဝတ်ရုံနက်မှာ လုံးဝ ဝေခွဲမရဖြစ်နေပြီး လောလောဆယ်တွင် ထိုအတွေးကို ဘေးဖယ်ထားကာ သူ၏ တိုးမြင့်လာသော အင်အားနှင့် အသားကျအောင် စတင်လုပ်ဆောင်လိုက်တော့သည်။
သူ၏ အင်အားနှင့် အသားကျစေရန်အတွက် ထိုဝတ်ရုံနက်သည် ပိုမိုအစွမ်းထက်သော မသေမျိုးမျိုးနွယ်စုဝင်များကို ချက်ချင်း ဆင့်ခေါ်ခြင်း မပြုလုပ်ခဲ့ပေ။ ထို့ကြောင့် ညဉ့်နက်ပိုင်း ဒုတိယတစ်ဝက်မှာ အလွန်အမင်း အေးချမ်းစွာ ကုန်ဆုံးသွားခဲ့လေသည်။
ယီရန်ပင်း မဟာမိတ်အဖွဲ့အတွင်း၌မူ ရှောင်းယီသည် လက်မှတ်ထိုးဝင်ပြီးနောက် အိပ်ပျော်သွားခဲ့သည်။
နောက်တစ်နေ့ မနက်စောစောတွင် ရှောင်းယီသည် အိပ်ရာမှစောစောထ၍ နံနက်ခင်း လေ့ကျင့်မှုများကို အဆုံးသတ်လိုက်ပြီးနောက် ဖုန်းကို ဖွင့်ကြည့်လိုက်ရာ.. ယီထျန်း ဂရုချက်ထဲ၌ ညည်းညူသံများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
“ချီးဘဲ.. ငါ မနေ့ညက တစ်ညလုံး မအိပ်ဘဲ စောင့်နေတာကို ဘာမှ ဖြစ်မလာဘူး။”
“ဟုတ်တယ်...ငါ့မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အသိပေးချက်ကို ဖတ်ပြီး မသေမျိုးမျိုးနွယ်စုတွေ ပြင်းပြင်းထန်ထန် ပြန်လည်စစ်ဆင်လာတော့မယ်လို့ ထင်နေတာ။ ညသန်းခေါင်ကျော်တဲ့အထိ အလကား စောင့်လိုက်ရတယ်။”
“ငါ အခုတင် ရှေ့တန်းက ပြန်လာတာ။ အဲ့ဒီမှာလည်း ဘာတုံ့ပြန်မှုမှ မရှိသေးဘူး...။ မသေမျိုးတွေက လိပ်တွေလို အခွံထဲအောင်းပြီး ငြိမ်နေတုန်းပဲ။”
“အဲ့ဒီလက်မည်းကြီး ငါတို့ကို ကစားနေတာလား။”
“အတိအကျပဲ။ သူက မသေမျိုးမျိုးနွယ်စုရဲ့ အင်အားကို မြှင့်တင်ပေးမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။”
“မသေမျိုးတွေရဲ့ အင်အားက တိုးလာပေမဲ့ သတ္တိကတော့ ကျုံ့သွားတာများလား။ ငါတို့ဆီက အနှိပ်စက်ခံလိုက်ရလို့ လန့်ပြီး မလာရဲတော့တာလား။”
“သေးစမ်း.. မင်း ဘာတွေတွေးနေတာလဲ။ သူတို့ အရင်က တကယ်ကြောက်သွားခဲ့ရင်တောင် ညသန်းခေါင်ကျော်ပြီးရင် ကြောက်နေမှာ မဟုတ်တော့ဘူး။”
“မှန်တယ်...။ အဲ့ဒီလက်မည်းကြီးက နတ်ဘုရားတစ်ပါးလိုပဲ။ သူက မသေမျိုးမျိုးနွယ်စုကို သူဖြစ်စေချင်သလို စေခိုင်းလို့ရတယ်။ ကြောက်တယ်ဆိုတာမျိုးက မဖြစ်နိုင်ဘူး။”
ချက်တင်စကားဝိုင်းကို ကြည့်ရင်း ညဉ့်နက်ပိုင်း ဒုတိယတစ်ဝက်အတွင်း မည်သည့်စစ်မျက်နှာတွင်မျှ တိုက်ပွဲများ မဖြစ်ပွားခဲ့ကြောင်း ရှောင်းယီ နားလည်လိုက်သည်။
ရှောင်းယီသည်လည်း ၎င်းကို အနည်းငယ် အံ့အားသင့်နေမိလေသည်။ နောက်ကွယ်မှ ကြိုးကိုင်သူက ထိုသို့ပြောထားကတည်းက မသေမျိုးမျိုးနွယ်စုမှာ သေချာပေါက် အင်အားတောင့်တင်းလာပြီးဖြစ်ရမည်။
ဒါပေမဲ့ ဘာလို့ မသေမျိုးမျိုးနွယ်စုက စစ်မဆင်လာသေးတာလဲ။
အခြားပြဿနာတွေ ရှိနေလို့များလား။
ရှောင်းယီ ခေါင်းယမ်းလိုက်မိသည်။
မသေမျိုးမျိုးနွယ်စုတွင် အခြားပြဿနာများ ရှိနေသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ လက်မှတ်ထိုးဝင်ခြင်းမှ ရရှိထားသော လက်နက်များကို အမြန်ဆုံး တပ်ဆင်ပြီး အများအပြား အသုံးပြုနိုင်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။
ထိုသို့တွေးရင်း ရှောင်းယီတစ်ယောက် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။ လူတိုင်းက ထမင်းစားပွဲတွင် နံနက်စာ စားရန် ရောက်ရှိနေကြပြီဖြစ်ကာ..အားလုံးက ရှောင်းယီအလာကို စောင့်နေကြလေသည်။
မနေ့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ အသိပေးချက်ကို အားလုံး မြင်တွေ့ခဲ့ကြပြီးဖြစ်ရာ.. အန်းယွဲ့နှင့် အခြားသူများသည် ရှောင်းယီတွင် ပိုမိုအသေးစိတ်ကျသော သတင်းအချက်အလက်များ အမြဲရှိနေတတ်သည်ကို သိကြသဖြင့် စောင့်ဆိုင်းနေကြခြင်းပင် ဖြစ်သည်။
“လူစုံနေကြတာပဲ။”
ရှောင်းယီက နှုတ်ဆက်ပြီး ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သည်။
“ကျွန်းပိုင်ရှင်.. မနေ့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အသိပေးချက်က ဘာကို ဆိုလိုတာလဲ။”
အန်းယွဲ့က တိုက်ရိုက်ပင် မေးလိုက်သည်။
“အဓိပ္ပာယ်က စာသားအတိုင်းပဲလေ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ လူစု၏ အနည်းငယ် စပ်စုချင်နေသော အကြည့်များကို ကြည့်ကာ သူ ပြုံးလိုက်မိသည်။
“ကျုပ်ဆီမှာလည်း တိကျတဲ့ သတင်းအချက်အလက် မရှိဘူး။ ဒါပေမဲ့ ကျုပ် ပြောနိုင်တာတစ်ခုကတော့ အသိပေးချက်ထဲမှာပါတဲ့ ကျွန်းကြီးတွေဆိုတာ ကျုပ်တို့ရဲ့ မဟာမိတ်ကျွန်းကို ရည်ညွှန်းတာပဲ။”
“ကျစ်.. ဒါကို ဘယ်သူက မသိဘဲနေလို့လဲ။ ဒါက သေချာပေါက် ကျုပ်တို့ မဟာမိတ်ကျွန်းပဲပေါ့။”
ဒူခန်းတစ်ယောက် သူ၏ ဉာဏ်ရည်ဉာဏ်သွေးကို အစော်ကားခံလိုက်ရသလို ခံစားလိုက်ရလေသည်။
ရှောင်းယီက သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
“မင်းက သိတယ်ဆိုမှတော့.. ဘယ်လောက်အကျယ်အဝန်းရှိတဲ့ ဧရိယာကို အကြီးစားကျွန်းလို့ သတ်မှတ်လဲဆိုတာ အားလုံးကို ပြောပြလိုက်ပါဦး။”
ဒူခန်းတစ်ယောက် ဆွံ့အသွား၏။
“ဒါကို ကျုပ် ဘယ်လိုလုပ်ပြီး သိမှာလဲ။”
ရှောင်းယီ ပြုံးလိုက်သည်။
“သေချာနားထောင်... စတုရန်းကီလိုမီတာ ၁၀ သန်းကျော်တဲ့ ဧရိယာရှိမှ အကြီးစားကျွန်းအဖြစ် သတ်မှတ်တာကွ။”
“ဆယ်သန်း ဟုတ်လား။ ဒါက လက်တွေ့မှာ တိုက်ကြီးတစ်ခုနီးပါးတောင် ဖြစ်နေပြီ။”
အန်းယွဲ့က မယုံနိုင်ဟန်ဖြင့် ပြောလိုက်သည်။ အားလုံး၏ မျက်လုံးများလည်း ပြူးကျယ်သွားကြသည်။
ရှောင်းယီက ဆက်ရှင်းပြလိုက်သည်။
“အကြီးစားကျွန်းရဲ့အထက်မှာ တိုက်ကြီးဆိုတဲ့ သတ်မှတ်ချက်ဆိုတာ တကယ် ရှိတယ်။ တိုက်ကြီးတစ်ခုလို့ သတ်မှတ်ခံရဖို့ဆိုရင် စတုရန်းကီလိုမီတာ သန်းတစ်ရာ အကျယ်အဝန်းအထိ ရှိရမယ်။”
“ဟူး...”
လူတိုင်းက အံ့သြတုန်လှုပ်စွာဖြင့် လေပူများကို မှုတ်ထုတ်မိလိုက်ကြသည်။
ယွမ်နွန်က ဝင်ပြောလိုက်သည်။
“အရင်ကမ္ဘာမှာဆိုရင် စုစုပေါင်း ကုန်းမြေဧရိယာက စတုရန်းကီလိုမီတာ ၁၄၉ သန်းပဲ ရှိတယ်။ ဆိုလိုတာက အဲ့ဒါကို ဒီကမ္ဘာထဲမှာ ထည့်တွက်မယ်ဆိုရင် တိုက်ကြီးတစ်ခုအဖြစ် သတ်မှတ်ဖို့ ကပ်သီးလေးပဲ မှီမှာပေါ့။”
“ဟုတ်တယ်.. တိုက်ကြီးတစ်ခုရဲ့ ဧရိယာသတ်မှတ်ချက်က ဒီလောက်အထိ ကြီးမားလိမ့်မယ်လို့ ကျုပ် တကယ်ကို မထင်ထားမိဘူး။”
ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။
“ဒါက တကယ်တော့ လောလောဆယ်မှာ သိပ်ပြီး အဓိပ္ပာယ်မရှိသေးပါဘူး။ ကျုပ်တို့ရဲ့ မဟာမိတ်ကျွန်းက အကြီးစားကျွန်းလား၊ တိုက်ကြီးလားဆိုတာကို အားလုံး အရမ်းကြီး စိုးရိမ်ပူပန်နေစရာ မလိုဘူး။ ကျုပ်တို့ ရှာဖွေတွေ့ရှိခဲ့တဲ့ ယခင်အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကျွန်းတွေကို အခြေခံပြီး တွက်ချက်ကြည့်ရသလောက်တော့.. သူတို့တွေ ဒီနေရာကနေ မထွက်ခွာခင် တိုက်ကြီးတစ်ခုအဆင့်အထိ ဖွံ့ဖြိုးတိုးတက်မလာနိုင်ခဲ့ဘူး။ ဒါကြောင့် ဒါကို စိတ်ထဲ အရမ်းအစွဲအလမ်း မထားကြနဲ့။”
အားလုံးက တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။
“အခုအချိန်မှာ ကျုပ်တို့ တစ်ပတ်အတွင်း မသေမျိုးမျိုးနွယ်စုကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုပဲ အဓိက အာရုံစိုက်ထားရမယ်။ မဟုတ်ရင် အချိန်ကြာလာတာနဲ့အမျှ တိုက်ရခိုက်ရတာ ပိုပြီး ခက်ခဲလာလိမ့်မယ်။”
ရှောင်းယီက အကြောင်းအရာကို မသေမျိုးမျိုးနွယ်စုအား ရင်ဆိုင်တိုက်ခိုက်ရေးဘက်သို့ ပြန်လှည့်လိုက်၏။
ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။
“အဲ့ဒီလက်မည်းကြီးက ငါတို့ရဲ့ အင်အားကို သိနေတယ်ဆိုကတည်းက အားကောင်းလာမယ့် မသေမျိုးမျိုးနွယ်စုတွေကလည်း ငါတို့ထက် လုံးဝ အားနည်းမှာ မဟုတ်ဘူး။ ဒါက ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်။”
ရှောင်းယီက ထောက်ခံလိုက်သည်။
“မှန်တယ်။ ငါတို့ရဲ့ တစ်ခုတည်းသော အားသာချက်က ငါတို့က အမြဲတမ်း ဖွံ့ဖြိုးတိုးတက်နေတာပဲ။ နေ့စဉ်ရရှိတဲ့ ထောက်ပံ့ရေးသေတ္တာတွေက ငါတို့ရဲ့ အားကိုးရာပဲ။ အကယ်၍ အစွမ်းထက်တဲ့ လက်နက်တချို့ကိုသာ ကံကောင်းထောက်မပြီး ဖွင့်မိခဲ့ရင် အခြေအနေကို လုံးဝ ပြောင်းလဲပစ်နိုင်တယ်။”
ထိုအခါ အန်းယွဲ့က အားကိုးရာမဲ့စွာဖြင့် ပြောလိုက်သည်။
“ငါ့ကံကပဲ တအားညံ့နေလို့လားတော့ မသိဘူး။ မကြာသေးခင်က ငါတို့ မဟာမိတ်အဖွဲ့ရဲ့ ထောက်ပံ့ရေးသေတ္တာတွေထဲကနေ ကောင်းတာဘာတစ်ခုမှ ထွက်မလာဘူး။ ကျွန်းပိုင်ရှင် ငါတို့တော့ မင်းကိုပဲ အားကိုးရတော့မယ်။”
ရှောင်းယီ ပုခုံးတွန့်ပြလိုက်၏။
“ထောက်ပံ့ရေးသေတ္တာတွေ ဖွင့်တဲ့နေရာမှာဆိုရင် ကျုပ်ကံက ဦးလေးထက်တောင် ပိုညံ့သေးတယ်။”
ကျန်းယွင်ထျန်းက ပြုံးလိုက်သည်။
“ထောက်ပံ့ရေးသေတ္တာတွေကို အားကိုးလို့မရပေမဲ့ ကျွန်းပိုင်ရှင်.. မင်းမှာ လက်နက်တွေ ရနိုင်တဲ့ တခြားနည်းလမ်းတွေ ရှိနေသေးတာပဲ မဟုတ်ဘူးလား။”
လွန်ခဲ့သည့် အချိန်အတောအတွင်း သူသည် အနည်းဆုံး တစ်ရက်ခြားတစ်ခါ လက်နက်အမျိုးအစားသစ်တစ်ခုကို ယူဆောင်လာနိုင်ခဲ့သည်။ ယခုဆိုလျှင် နှစ်ရက်ရှိသွားပြီဖြစ်၍ သူ့တွင် နောက်ထပ် လက်နက်သစ်အချို့ ရှိနေသင့်ပြီ ဖြစ်သည်။
ရှောင်းယီသည်လည်း ၎င်းကို ဖုံးကွယ်မထားပေ။ သူ့ရှေ့တွင်ရှိနေသော လူများကို လျှို့ဝှက်ထားရန် မလိုအပ်သော်လည်း စနစ်အကြောင်းကိုမူ သူ ပြောပြမည်မဟုတ်ပေ။
သူ့တွင် လက်နက်များ ရရှိရန် အခြားနည်းလမ်းများ ရှိသည်ဟုသာ သူတို့ကို ထင်မှတ်ထားခိုင်းလိုက်ပေမည်။
“ငါ နောက်ထပ် ပုံစံခွက်တစ်ခု ရထားတာတော့ အမှန်ပဲ။ အဲ့ဒါက စက်အမြောက် ပုံစံခွက်ပဲ။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ဘာ....စက်အမြောက် ဟုတ်လား။”
ကျန်းယွင်ထျန်းတစ်ယောက် မတ်တတ်ပင် ထရပ်မိလိုက်၏။
“တိုက်လေယာဉ်ပေါ်မှာ တပ်ဆင်လို့ရတဲ့ အမျိုးအစားလား။”
“ဒါပေါ့။”
ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်းပိုင်ရှင်.. သွားကြစို့။ ငါတို့ရဲ့ တိုက်လေယာဉ်ကို ပြီးပြည့်စုံသွားအောင် အဲ့ဒါကို မြန်မြန်သွားတပ်ဆင်ကြမယ်။”
ကျန်းယွင်ထျန်းသည် ချက်ချင်း ရှေ့တက်လာပြီး ရှောင်းယီကို ဆွဲကာ ထွက်ခွာရန် ပြင်တော့သည်။
သို့သော် ကျန်းယွင်ထျန်းသည် ရှောင်းယီကို စင်တီမီတာမျှပင် ရွေ့အောင် မဆွဲနိုင်ခဲ့ပေ။ ထိုအစား ထိုင်လျက်သားအတိုင်း ရှိနေသော ရှောင်းယီ၏ ပြန်လည်ဆွဲခေါ်ခြင်းကိုသာ ခံလိုက်ရတော့သည်။
ယခုမူ ကျန်းယွင်ထျန်း၏ မျက်လုံးများ ပြူးကျယ်သွားရပြီဖြစ်သည်။
သူကိုယ်တိုင်လည်း SSS အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။ နှစ်ယောက်လုံး SSS အဆင့်ချင်း အတူတူဖြစ်ပါလျက် သူသည် ရှောင်းယီကို လုံးဝ မလှုပ်ရှားစေနိုင်ခဲ့ပေ။
ကျန်းယွင်ထျန်းတစ်ယောက် တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရပြီး ခေါင်းမာစွာဖြင့် အားထပ်စိုက်လိုက်ပြန်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လွန်ဆွဲနေသကဲ့သို့ နောက်သို့ ယိုင်ကျသွားသော်လည်း ရှောင်းယီမှာမူ မလှုပ်မယှက် ရှိနေဆဲဖြစ်ပြီး နွားနို့ကိုပင် တစ်ငုံ သောက်လိုက်သေးသည်။
“ငါ ပြောသားပဲ။ မင်း အလျင်လိုနေရင်တောင် ငါ နံနက်စာ စားလို့ပြီးတဲ့အထိ စောင့်ပါဦးလို့။”
ရှောင်းယီက ကျန်းယွင်ထျန်းကို အားကိုးရာမဲ့စွာ ကြည့်ရင်း ပြောလိုက်သည်။
ကျန်းယွင်ထျန်းတစ်ယောက် ရှောင်းယီကို အံ့အားသင့်တုန်လှုပ်စွာ ကြည့်လိုက်၏။
“ကျွန်းပိုင်ရှင်.. ငါတို့နှစ်ယောက်လုံးက SSS အဆင့်ချင်း အတူတူကို ဘာလို့ ကွာခြားချက်က ဒီလောက်တောင် ကြီးနေရတာလဲ။”
အခန်း ၁၁၆၁
ရှောင်းယီသည် သူ့အိတ်ကတ်ထဲမှ အခြေခံ တာအိုကျမ်းစာ စာအုပ်တစ်အုပ်ကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး ပြောလိုက်သည်။
“ငါ့တူ.. မင်းနဲ့ငါနဲ့က ရေစက်ပါလာတယ်ဆိုတာ ငါမြင်နေရတယ်။ ငါ ဒီတထဂထာ လက်ဝါးသိုင်းကျမ်းကို မင်းကို ငါးကျပ်တည်းနဲ့ ရောင်းပေးမယ်။ နောင်ကျရင် မင်းလည်း ငါ့လို အစွမ်းထက်လာပြီး ကမ္ဘာကြီးကို ကယ်တင်မယ့် သူရဲကောင်းကြီး ဖြစ်လာလိမ့်မယ်။”
ထမင်းစားပွဲတွင် ရှောင်းယီ၏ ပေါက်ကရစကားကြောင့် အားလုံးက ဝါးခနဲ ရယ်မောလိုက်ကြ၏။
“တော်စမ်းပါ..ငါ့ကို လာနောက်မနေနဲ့။”
ကျန်းယွင်ထျန်းတစ်ယောက် ရှောင်းယီ ထုတ်ပေးလာသော စာအုပ်ကို ဘေးသို့ တွန်းဖယ်လိုက်၏။
“မပြောချင်လည်း နေတော့...အမြန်သာ စားစမ်းပါ။ ငါတို့ စက်အမြောက် သွားတပ်ဖို့ ရှိသေးတယ်။”
ထိုစဉ် ရှောင်းယီသည် သူ၏အပြုံးကို ရုတ်သိမ်းလိုက်ပြီး တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
“အစ်ကိုကျန်း..ငါ မင်းကို နောက်နေတာ မဟုတ်ဘူး။ ဒီနေ့ကစပြီး မင်း အားတဲ့အချိန်တိုင်း ဒီစာအုပ်ကို မပျက်မကွက် လေ့လာရမယ်။ ဒီတစ်အုပ် ဖတ်ပြီးရင် နောက်တစ်အုပ် ထပ်ပေးမယ်။”
ရှောင်းယီက စီရင်ချက်ချသလို အလေးအနက် ပြောနေသည်ကို မြင်လိုက်ရသောအခါ ကျန်းယွင်ထျန်းတစ်ယောက် မယုံနိုင်ဟန်ဖြင့် မေးလိုက်၏။
“မင်း တကယ်ပဲ စာဖတ်ပြီး ခွန်းအားတွေ တိုးတက်လာတာလို့ ပြောနေတာလား။”
“တကယ်ပြောနေတာ။”
ရှောင်းယီက အတိအလင်း ဆိုသည်။
ယခုမူ ထမင်းစားပွဲရှိ လူများမှာ လုံးဝ မရယ်နိုင်ကြတော့ပေ။ ထိုအစား ကျန်းယွင်ထျန်း လက်ထဲက စာအုပ်ကို အားကျမနာလိုသော မျက်လုံးများဖြင့် ကြည့်လာကြတော့သည်။
“အားကျနေဖို့ မလိုဘူး။ မင်းတို့အားလုံးလည်း ဖတ်ချင်ရင် အခု ဖတ်လို့ရတယ်။ ဒါပေမဲ့ တချို့အရာတွေက SSS အဆင့်ကို ရောက်မှပဲ နားလည်သဘောပေါက်နိုင်တာမို့လို့ အောင်မြင်မှုရဖို့ကို အရမ်းကြီး စိတ်မလောကြနဲ့။”
ရှောင်းယီက လူတိုင်းကို ကြည့်ပြီး ပြောလိုက်သည်။
“ကျုပ် တာအိုကျမ်းတွေကို ပထမထပ်က စာကြည့်ခန်းထဲမှာ ထားပေးထားမယ်။ ခင်ဗျားတို့ဘာသာ ယူဖတ်လို့ရတယ်။ ဖတ်ပြီးရင် မူလနေရာမှာ ပြန်ထားဖို့တော့ မမေ့နဲ့။”
“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”
အားလုံးက တပြိုင်နက် ပြန်ဖြေလိုက်ကြ၏။
ကျန်းယွင်ထျန်းက သူ့လက်ထဲက စာအုပ်ကို ကြည့်ပြီး ထပ်မေးလိုက်သည်။
“ဒီလိုစာအုပ်မျိုးက တစ်အုပ်ထဲ မဟုတ်ဘူးပေါ့။”
“ဟုတ်တယ်.. အများကြီးပဲ။ မင်း တစ်ရက်ကို စာအုပ်တစ်အုပ် ပြီးအောင် ဖတ်နိုင်ရင် ၈၁ ရက်ကြာတဲ့အခါ အထွတ်အထိပ်အဆင့်ကို ရောက်လိမ့်မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဘာ.. ဒီလိုစာအုပ်ပေါင်း ၈၁ အုပ်တောင် ရှိတာလား။”
ကျန်းယွင်ထျန်းတစ်ယောက် ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်၏။ ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်။ ပြီးတော့ မင်းလက်ထဲက စာအုပ်က အပါးဆုံးပဲ။ နောက်ပိုင်းကျရင် ဒီထက်ပိုထူတဲ့ စာအုပ်တွေ လာဦးမှာ။”
ကျန်းယွင်ထျန်း၏ မျက်နှာက ရှုံ့တွသွားတော့သည်။ အကယ်၍ သူ့ကို အပြင်ထွက်ပြီး ရန်သူတွေကို တိုက်ခိုက်ခိုင်းမည်ဆိုပါက အင်အားအကြီးဆုံးရန်သူကိုပင် သူ မကြောက်သော်လည်း...တစ်ခန်းထဲမှာ ငြိမ်ငြိမ်လေးထိုင်ပြီး စာဖတ်ခိုင်းမည်ဆိုပါက ၎င်းက သူ့ကို သတ်နေသလို ဖြစ်ပေလိမ့်မည်။
“ကျွန်းပိုင်ရှင်.. ငါက စာဖတ်ရင် အရမ်းအိပ်ငိုက်တတ်...ငါ...”
ကျန်းယွင်ထျန်း စကားမဆုံးမီမှာပင် ရှောင်းယီက ဖြတ်ပြောလိုက်သည်။
“မရဘူး။ စာဖတ်ရင် အိပ်ငိုက်တယ် ဟုတ်လား။ မမရွှဲ့... အစ်ကိုကျန်းကို ကြီးကြပ်ဖို့ တာဝန်ကို အစ်မဆီပဲ လွှဲလိုက်မယ်နော်။”
“စိတ်ချပါ.. ကျွန်မကိုသာ လွှဲထားလိုက်။”
ကျန်းရွှဲ့က အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
ကျန်းယွင်ထျန်းတစ်ယောက် ကြက်သီးတဖြန်းဖြန်း ထသွားခဲ့ရသည်။ သူ ကြေးစားစစ်သား စတင်လုပ်ခါစက ဇကျန်းရွှဲ့၏ လူမဆန်သော လေ့ကျင့်ခန်းများ ပေးခဲ့သည်ကို ပြန်လည်အမှတ်ရသွားပုံရသည်။
“ကျွန်းပိုင်ရှင်.. ငါတို့ ဒါကို ပြန်ပြီး ဆွေးနွေးလို့ မရတော့ဘူးလား။”
ကျန်းယွင်ထျန်းက အသနားခံရန် ကြိုးစားလိုက်၏။
ရှောင်းယီက ခွက်ထဲက နွားနို့ကို ကုန်အောင်သောက်လိုက်ပြီး ပြောလိုက်သည်။
“ငါ ဗိုက်ပြည့်ပြီ။ အလုပ်လုပ်ရမယ့် အချိန်ပဲ။ သွားကြစို့ အစ်ကိုကျန်း.. စက်အမြောက် တပ်ဆင်တာကို အမြန်ဆုံး ပြီးအောင်လုပ်မှ စာဖတ်ဖို့ အချိန်ရလိမ့်မယ်။”
ကျန်းယွင်ထျန်းက ခါးသက်သက် အပြုံးဖြင့် ခေါင်းယမ်းလိုက်မိ၏။
“ကောင်းပါပြီ.. စစ်စခန်းကို အမြန်သွားကြတာပေါ့။”
သူတို့သုံးဦးသည် မြို့ပြန်ကျောက်ကို ချက်ချင်းအသုံးပြု၍ စစ်စခန်းသို့ ရောက်ရှိလာခဲ့ကြလေသည်။ စခန်းအတွင်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုကာ တိုက်လေယာဉ် အရေအတွက်နှင့် ညီမျှသော စက်အမြောက်များကို ထုတ်လုပ်လိုက်ပြီးနောက် လေဆိပ်သို့ ပို့ဆောင်လိုက်ကြသည်။
ထို့နောက် သုံးယောက်သား ယာဉ်တစ်စီးပေါ် တက်စီးကာ လေဆိပ်သို့ ဦးတည်ကာ ထွက်လာလိုက်ကြသည်။
“ပြီးခဲ့တဲ့တစ်ခေါက် မသေမျိုးမျိုးနွယ်စုနဲ့ တိုက်ပွဲမှာ ပျက်ကျသွားတဲ့ တိုက်လေယာဉ် နှစ်စင်းကို ပြန်ယူပြီးပြီလား။”
ရှောင်းယီက မေးလိုက်သည်။ ကျန်းရွှဲ့က ခေါင်းညိတ်ပြလိုက်သည်။
“သူတို့ကို ပြန်ပြီး လဲလှယ်ရယူပြီးပြီ။ စူပါ အစိတ်အပိုသ်းဖြုတ်စက်ကို သုံးပြီး အခြေခံအကျဆုံး ကုန်ကြမ်းတွေအဖြစ် ခွဲထုတ်ထားတယ်။”
“အင်း.. ကျုပ်တို့ဆီမှာ သတ္တုအရင်းအမြစ်တွေက အခုချိန်ထိ တော်တော်လေး ရှားပါးနေတုန်းပဲ။ ပြီးတော့ ဒီစက်အမြောက်က သတ္တုကို ပိုပြီး ကုန်ဆုံးစေမှာ သေချာတယ်။”
ရှောင်းယီက ပြောလိုက်သည်။
မကြာမီ သူတို့သုံးဦးသား လေဆိပ်သို့ ရောက်ရှိလာခဲ့ကြ၏။ ကျန်းယွင်ထျန်းသည် အင်ဂျင်နီယာ အနည်းငယ်ကို ခေါ်ဆောင်ကာ ထိုစက်အမြောက်များကို တိုက်လေယာဉ်များပေါ်၌ စတင်တပ်ဆင်ကြတော့သည်။
စက်အမြောက်များသည် SSS အဆင့် ဖြစ်သောကြောင့် အလွန်ကောင်းမွန်သော လိုက်ဖက်ညီမှုရှိပြီး တိုက်လေယာဉ်များ၏ လက်နက်စင်များပေါ်၌ အလွယ်တကူပင် တပ်ဆင်နိုင်ခဲ့ကြသည်။
“ဒါကမှ တကယ့်ကို ပြီးပြည့်စုံတဲ့ တိုက်လေယာဉ်ပဲ။”
ကျန်းယွင်ထျန်းတစ်ယောက် နောက်တစ်ကြိမ် ရင်သပ်ရှုမောစွာ ရေရွတ်လိုက်၏။
“ကျွန်းပိုင်ရှင်.. ငါ လက်နက်တွေကို သွားပြီး စမ်းသပ်ကြည့်လိုက်ရမလား။”
“မလိုဘူး။ နင် စမ်းသပ်ချင်ရင် စစ်မျက်နှာမှာပဲ သွားစမ်း။ ဒါမှ ခဲယမ်းမီးကျောက်တွေကို ချွေတာနိုင်လိမ့်မယ်။”
ကျန်းရွှဲ့ ချက်ချင်း ဝင်ပြောလိုက်သည်။
ရှောင်းယီသည်လည်း စက်အမြောက်၏ စွမ်းအားကို မူလက ကြည့်ချင်နေခဲ့သော်လည်း ကျန်းရွှဲ့၏ စကားကို ကြားပြီးနောက် ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။
“အင်း.. စစ်မြေပြင်ကို ရောက်တဲ့အထိ စောင့်ပြီးမှ စမ်းသပ်ကြတာပေါ့။”
ကျန်းယွင်ထျန်းမှာ အနည်းငယ် အားမလိုအားမရ ဖြစ်သွားပြီး ထိုအတွေးကို လက်လျှော့လိုက်ရတော့သည်။
ကျန်းရွှဲ့သည် ဘေးမှနေ၍ ထိုစက်အမြောက်များကို ခဏကြာအောင် အကဲခတ်လိုက်ပြီးနောက် မော့ကြည့်ကာ ရှောင်းယီကို ပြောလိုက်သည်။
“ကျွန်းပိုင်ရှင်.. ကျွန်မထင်တာတော့ ဒီစက်အမြောက်ကို စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ် တွေပေါ်မှာပါ သုံးလို့ရနိုင်မယ် ထင်တယ်။”
“တကယ်လား။”
ရှောင်းယီက အံ့သြတုန်လှုပ်စွာ မေးလိုက်သည်။
“ဟုတ်တယ်။ စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်ပေါ်မှာ လက်နက်စင်တစ်ခု တပ်ဆင်ရတာက ပြဿနာမရှိနိုင်ပါဘူး။”
ကျန်းရွှဲ့က ပြန်ဖြေလိုက်သည်။
“ဒါဆိုရင် အခုချက်ချင်း ပြောင်းလဲတပ်ဆင်လိုက်တော့။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
အကယ်၍ တိုက်လေယာဉ်များပေါ်တွင်သာ တပ်ဆင်မည်ဆိုပါက စက်အမြောက်များကို တိုက်လေယာဉ်များ စစ်ဆင်ရေးထွက်သည့်အခါမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး တိုက်လေယာဉ်များမှာ ပျံသန်းမှုအခြေအနေများ၌ ကန့်သတ်ချက် ရှိပေသည်။
အကယ်၍ ၎င်းတို့ကို စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်များပေါ်တွင် တပ်ဆင်နိုင်ပါက ကန့်သတ်ချက်များသည်လည်း များစွာ လျော့နည်းသွားပေလိမ့်မည်။
၎င်းက မြေပြင်ပစ်ခတ်မှုစွမ်းအား၏ ပြင်းအားကိုလည်း တိုးမြင့်ပေးနိုင်လိမ့်မည်။
“ဟုတ်ကဲ့။ ငါ အခုချက်ချင်း စီစဉ်ခိုင်းလိုက်မယ်။”
ကျန်းယွင်ထျန်းက ချက်ချင်း ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူသည် မျက်စိတစ်မှိတ်အတွင်း ဝုန်းခနဲ ပြေးထွက်သွားတော့သည်။
“သူက စာမဖတ်ချင်တာနဲ့ အရမ်းအလုပ်ကြိုးစားနေတာပဲ။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
ကျန်းရွှဲ့သည်လည်း အားကိုးရာမဲ့စွာ ခေါင်းခါလိုက်မိသည်။
“စိတ်ချပါ ကျွန်းပိုင်ရှင်...ကျွန်မ သူ့ကို အနီးကပ် စောင့်ကြည့်ထားပါ့မယ်။”
“တကယ်တော့ အရမ်းကြီး လောစရာမလိုပါဘူး။ သူ့ဘာသာ အေးဆေးလုပ်ပါစေ။”
ရှောင်းယီက ဆိုသည်။
“ကျုပ် အရင်ပြန်နှင့်မယ်။ အစ်မတို့ဆီက သတင်းကောင်းကို စောင့်နေမယ်နော။”
“ဟုတ်ကဲ့။”
ကျန်းရွှဲ့ အလေးပြုရင်း ပြန်ဖြေလိုက်သည်။
ရှောင်းယီ ဗီလာသို့ ပြန်ရောက်ပြီးနောက် အန်းယွဲ့က သူ့ကို လာရှာ၏။
“ကျွန်းပိုင်ရှင်...ဧရာမဘီလူးမျိုးနွယ်စုအတွက် နေရာကို တည်ဆောက်ပြီးသွားပါပြီ။ မင်း အရင်သွားကြည့်ချင်လား။”
ရှောင်းယီက ခေါင်းညိတ်ပြလိုက်ပြီးနောက် ယာဉ်တစ်စီးပေါ် တက်ကာ ဧရာမဘီလူးမျိုးနွယ်စု၏ နေရာသစ်ဆီသို့ ဦးတည်လိုက်တော့သည်။
မကြာမီ သူတို့သည် ကြီးမားကျယ်ပြန့်သော အဆောက်အဦးအစုကြီး ရှိရာနေရာသို့ ရောက်ရှိလာခဲ့ကြလေသည်။
ရှောင်းယီသည် သူ့မျက်စိရှေ့မှ အဆောက်အဦးများကို ကြည့်လိုက်ရာ ၎င်းတို့မှာ ဧရာမဘီလူးမျိုးနွယ်စု၏ နယ်မြေအတွင်း သူမြင်တွေ့ခဲ့ရသည်များနှင့် တစ်ထေရာတည်း တူညီနေသဖြင့် ခေါင်းညိတ်လိုက်မိသည်။
“သူတို့တွေ ဒီက ပတ်ဝန်းကျင်ကို သေချာပေါက် အရမ်းစိတ်ကျေနပ်နပ်ကြလိမ့်မယ်လို့ ငါ ယုံကြည်တယ်။”
“ဟုတ်ပါတယ်။ အိမ်ပုံစံပဲဖြစ်ဖြစ်၊ နယ်မြေတစ်ခုလုံးရဲ့ တည်ဆောက်ပုံပဲဖြစ်ဖြစ် သူတို့ရဲ့ ယခင်ပုံစံအတိုင်း အတိအကျ ပုံတူကူးချထားပါတယ်။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
“ဒါနဲ့.. အန်းနန်းတောင်ကိုပါ သွားကြည့်ရအောင်။”
ရှောင်းယီက ပြောလိုက်၏။ သူတို့နှစ်ဦး ယာဉ်ပေါ်သို့ ပြန်တက်ကာ ဧရာမဘီလူးမျိုးနွယ်စုနယ်မြေအတွင်းရှိ အန်းနန်းတောင်ဆီသို့ ဦးတည်လိုက်ကြသည်။
မကြာမီ သူတို့နှစ်ဦး တောင်တစ်လုံး၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ကြသည်။ ရှောင်းယီ ကားပေါ်မှဆင်းကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုပြီးနောက် “စွမ်းအင်ကျောက်ဆောင်က ဘယ်မှာလဲ” ဟု မေးလိုက်သည်။
“ဒီမှာလေ။”
အန်းယွဲ့က သူတို့ရှေ့မှ အလွန်မြင့်မားလှသော တောင်တန်းကြီးကို ညွှန်ပြပြီး ပြောလိုက်သည်။
ရှောင်းယီတစ်ယောက် လုံးဝ ဆွံ့အမှင်သက်သွားတော့သည်။
“မနေ့ကမှ ဒီမှာ လာထားတာလေ။ ချက်ချင်းကြီး တကယ့်တောင်ကြီးတစ်လုံးအဖြစ်တောင် ပြောင်းလဲသွားပြီလား။”
“ငါလည်း ဒါကို မယုံနိုင်ဘူး။ ဒါပေမဲ့ မြေပုံကို စစ်ဆေးကြည့်တော့ စွမ်းအင်ကျောက်ဆောင်ကို မနေ့က ဒီနေရာမှာ ထားခဲ့တာ အမှန်ပဲ။”
အန်းယွဲ့က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ဧရိယာအကျယ်အဝန်း တိုးလာတာနဲ့အမျှ ဖြစ်ထွန်းပြောင်းလဲမှု အရှိန်အဟုန်က ဒီအဆင့်အထိ ရောက်သွားတာများလား။”
“ဖြစ်နိုင်တယ်”
အန်းယွဲ့ကလည်း မသေချာဟန်ဖြင့် ပြောလိုက်သည်။
အကယ်၍ အရှိန်အဟုန်က အမှန်တကယ် ဤသို့ဆိုပါက ယီရန်ပင်းမဟာမိတ်အဖွဲ့သည် အရင်းအမြစ်များ ပြတ်လပ်မှုကို စိုးရိမ်စရာ လိုတော့မည်မဟုတ်ပေ။ ဤဖြစ်ထွန်းမှုနှုန်းသည် အရင်းအမြစ် သုံးစွဲမှုအားလုံးကို လုံးဝ ထောက်ပံ့ပေးနိုင်စွမ်း ရှိပေသည်။
ရှောင်းယီတစ်ယောက် တောင်ခြေရင်းသို့ လမ်းလျှောက်သွားကြည့်လိုက်ရာ ထိုနေရာတွင် တောင်ပေါ်မှ စီးဆင်းလာသော စမ်း ရေတံခွန်ငယ်လေးတစ်ခု အမှန်တကယ် ရှိနေခဲ့လေသည်။
“စွမ်းအင်စမ်းရေ (S အဆင့်) - သေခြင်းတရားစွမ်းအင်များ စင်ကြယ်အောင် သန့်စင်ပြီးသော စွမ်းအင်ကျောက်ဆောင်မှ ထွက်ပေါ်လာသည့် စမ်းတစ်ခု ဖြစ်သည်...”