အခန်း (၂၇၃-၂၇၄)
Vol. 24 Ch. 273-274
အခန်း ၂၇၃
"ကျစ် ဒါဖြစ်နိုင်မယ်လို့ ငါမယုံဘူး။ ဒါက သာမန် ကြယ်အမြုတေ အဆင့် စစ်တလင်းတစ်ခုပဲလေ။ ထိပ်တန်းအဆင့်ရှိတဲ့ တမန်တော်တစ်ပါးရဲ့ အငွေ့အသက်တွေ ဒီမှာ ထွက်ပေါ်လာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ဒါက အတုအယောင်ပဲ ဖြစ်ရမယ်"
ဒီလူးက သူ၏ရင်ထဲမှ ကြောက်ရွံ့မှုကို ဖိနှိပ်ထားလိုက်လေ၏။ သူ ဟိန်းဟောက်လိုက်ပြီးနောက် ပင်လယ်ရေမှော်ပင်နှင့်တူသော သူ၏ဆံပင်များက ထောင်မတ်သွားချေပြီ။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မီးတောက်မျိုးစေ့များက ရစ်ပတ်ဖုံးလွှမ်းသွားလေသည်။
"သေလိုက်စမ်း လူလိမ်ကောင်။ မီးပွားနတ်ဘုရားက ငါ့ခန္ဓာကိုယ်ကို ကောင်းချီးပေးပါစေ"
သူက လက်ကိုင်ရှည် တင်းပုတ်ကြီးကို ကိုင်ဆောင်ကာ လေထဲသို့ ခုန်တက်လိုက်ပြီး ဥက္ကာပျံတစ်ခုကဲ့သို့ အောက်သို့ ထိုးဆင်းလာလေတော့၏။
လောဘတကြီး စားသောက်ခြင်း နတ်ဆိုး အသွင်ပြောင်းထားသော ခေါင်းမဲ့ ဂေါ်ဘလင် တမန်တော်က ရှောင်တိမ်းရန် လုံးဝရည်ရွယ်ထားခြင်း မရှိချေ။
၎င်းက လက်ထဲရှိ လက်ကိုင်ရှည် တူကြီးကို ဘေးသို့ မြှောက်ကိုင်လိုက်ရာ တောင့်တင်းခိုင်မာလှသော ကြွက်သားများက ဖောင်းကြွလာလေသည်။
ဒီလူးမှာ စစ်မှန်သော အငြိုးအာဃာတများ၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပေ၏။
မီးဟုန်းဟုန်း တောက်လောင်နေသော သူ၏ခန္ဓာကိုယ်က အရိုးကွဲမတတ် အေးစိမ့်မှုကို ခံစားလိုက်ရလေသည်။
ကာ ကာ။
တစ်စုံတစ်ခုက အော်ဟစ်နေသံကို သူ ကြားလိုက်ရသကဲ့သို့ပင်။
ဒီတူရိုက်ချက်ကို သူ လုံးဝ ကာကွယ်နိုင်မည် မဟုတ်ချေ။ ထို့အပြင် သူ သေချာပေါက် သေဆုံးရပေလိမ့်မည်။
"မဟုတ်ဘူး မဟုတ်ဘူး။ ဒါက အစစ်အမှန် မဟုတ်ဘူး။ နေပါဦး ဒါအစစ်ကြီးလား။ သူက တကယ်ပဲ ထိပ်တန်းအဆင့် တမန်တော်တစ်ပါးလား။ ငါ ထွက်ပြေးမှဖြစ်မယ် ငါ ပြေးမှရမယ်"
လခွမ်း ဘယ်လိုလုပ် ထွက်ပြေးနိုင်တော့မည်နည်း။
လက်ကိုင်ရှည် တိုက်ပွဲဝင်တူကြီးက တဖြည်းဖြည်း ကြီးမားလာကာ ပို၍ပို၍ ကြီးမားလာလေ၏။
ထို့နောက် ယင်းက အထက်သို့ လွှဲရိုက်လိုက်လေတော့သည်။
ဒိုင်း။
ဘေ့စ်ဘော ရိုက်တံဖြင့် အားကုန်ရိုက်ထုတ်လိုက်သကဲ့သို့ ပြတ်သားကျယ်လောင်သော အသံကြီးက ဆူညံနေသော စစ်တလင်းကြီးတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားချေပြီ။
မီးပွားနတ်ဘုရား၏ တမန်တော် ဒီလူးအနေဖြင့် ဤရိုက်ချက်ကို လုံးဝ ခံနိုင်ရည်မရှိခဲ့ပေ။
ဖောင်း။ အနီရောင် သွေးသားများနှင့် ရောနှောနေသော ကြေမွနေသည့် အရိုးစများက မြေပြင်တစ်ခွင်လုံးသို့ ပြန့်ကျဲသွားလေတော့၏။
"အော့... အော့..."
မသေသေးဘူးလား။
"တမန်တော်တစ်ပါးဆိုတဲ့အတိုင်းပါပဲ။ လည်ပင်းအောက်ကနေ ခါးအထက်ပိုင်းအထိ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအတော်များများကို ဆုံးရှုံးသွားတာတောင်မှ သတိအသိနည်းနည်း ကျန်နေသေးတာပဲ"
ထို့နောက်။
ခေါင်းမဲ့ ဂေါ်ဘလင် တမန်တော်က အနီးသို့ လျှောက်သွားလေ၏။
တိုက်ပွဲဝင်တူကြီးကို ၎င်း၏ခေါင်းပေါ်သို့ မြှောက်တင်လိုက်သည်။
ယင်းက ထပ်မံ၍ ကြီးမားလာပြန်ချေပြီ။
"နောက်တစ်ချက် ထပ်ယူလိုက်စမ်းပါ။ မင်း ခံနိုင်ဦးမလား ကြည့်ရသေးတာပေါ့"
ဝုန်း။
နားကွဲမတတ် ပေါက်ကွဲသံကြီးက ကောင်းကင်ယံတစ်ခွင် ပဲ့တင်ထပ်သွားလေတော့သည်။
ထူထပ်လှသော ဖုန်မှုန့်များနှင့် မီးခိုးငွေ့များက မြေပြင်ကို ဖုံးလွှမ်းသွားလေ၏။
ရဲချီယန်က သူ၏နှာခေါင်းနှင့် ပါးစပ်ကို ကာကွယ်လိုက်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်။
ဖုန်မှုန့်များကို လူစုခွဲရန် မုန်တိုင်းမျက်လုံး ကျောက်တုံးကို အသုံးပြု၍ မုန်တိုင်းငယ် အကာအကွယ်တစ်ခုကို ဆင့်ခေါ်လိုက်လေ၏။
ခေါင်းမဲ့ ဂေါ်ဘလင် တမန်တော်က တဖြည်းဖြည်း အရည်ပျော်ကျသွားကာ လောဘတကြီး စားသောက်ခြင်း ဂျယ်လီတုံးလေး၏ အရုပ်ဆိုးဆိုးနှင့် ချစ်စရာကောင်းသော ပုံစံသို့ ပြန်လည်ပြောင်းလဲသွားပေသည်။
၎င်းက ခန္ဓာကိုယ်ကို တွန့်လိမ်လိုက်ကာ မြေပြင်ပေါ်ရှိ မည်သည့်အရာမှန်း ခွဲခြား၍မရတော့သော အသားစပုံကြီးကို ကြည့်ရင်း စတင်စားသောက်လေတော့၏။
လေထဲတွင် လှည့်ပတ်နေခဲ့သော ကျီးကန်းနတ်ဆိုးကလည်း အောက်သို့ ဆင်းသက်လာကာ လောဘတကြီး စားသောက်ခြင်း နတ်ဆိုး သတိမထားမိချိန်တွင် အသားတစ်စကို လျှို့ဝှက်စွာ သုတ်ယူသွားလေသည်။
ပီ။
အားပေးသံများ၊ လက်ခုပ်သံများ။
ဧရာမ အသံလှိုင်းကြီးတစ်ခုက စစ်တလင်းအတွင်း၌ ပေါက်ကွဲထွက်ပေါ်လာချေပြီ။
ကောင်းကင်ထက်ရှိ အလင်းမျက်နှာပြင်ပေါ်တွင် ရဲချီယန်၏ နိုင်ပွဲဆက်တိုက် အရေအတွက်မှာ ရှစ်ပွဲသို့ ရောက်ရှိသွားလေ၏။
သူ၏ဘက်ရှိ လမ်းပြမိန်းကလေးမှာ သူ့ကို မှင်တက်စွာ စိုက်ကြည့်နေပြီး တစ်ဖက်ရှိ ဒီလူး၏ အမျိုးသား လမ်းပြကမူ ခါးသီးသော အပြုံးတစ်ခုကို ပြုံးနေလေသည်။
သူက မိန်းကလေးကို မနာလိုမှုများဖြင့် ကြည့်လိုက်ပြီးနောက် ရဲချီယန်ကို တောင့်တစွာ ငေးကြည့်နေမိ၏။
"မင်းကို တကယ် မနာလိုဖြစ်မိတယ်။ ဒီလိုလူမျိုးနဲ့ ဆုံတွေ့ခွင့်ရတာကိုး"
သူက ခေါင်းခါလိုက်ကာ လှည့်ထွက်သွားပြီး စိတ်ဓာတ်ကျစွာဖြင့် ထွက်ခွာသွားလေတော့သည်။
စစ်တလင်းအတွင်း၌။
ရဲချီယန်က ဗိုက်စင်သီးတစ်လုံးကို အေးအေးလူလူ စားသောက်နေလေ၏။
သူက မထွက်ခွာသေးသော လမ်းပြကို ကြည့်ကာ ရယ်မောရင်း မေးမြန်းလိုက်သည်။
"မနက်ဖြန်အတွက် တည်နေရာကို ငါ့ကို မပေးတော့ဘူးလား"
လမ်းပြက ပါးစပ်ဟလိုက်ကာ တစ်စုံတစ်ခုအတွက် ဆုံးဖြတ်ချက်ချလိုက်ဟန် ရှိပေသည်။
"သင်က... အရမ်းကို စွမ်းအားကြီးမားပါတယ်။ ကျွန်မ သင့်ကို အကူအညီတစ်ခုလောက် တောင်းဆိုချင်ပါတယ်။ ကျွန်မရဲ့ ဝိညာဉ်ကို ပြန်ရယူချင်လို့ပါ"
ရဲချီယန်က ပါးစပ်ထဲရှိ သစ်သီးအသားများကို မြိုချလိုက်ပြီး သူမ ဤသို့ပြောလာမည်ကို အံ့သြခြင်းမရှိခဲ့ချေ။
သူက တိတ်ဆိတ်စွာနေလိုက်ပြီး သူမ ဆက်ပြောမည့်စကားကိုသာ စောင့်ဆိုင်းနေလိုက်လေ၏။
"လမ်းပြတွေရဲ့ ဝိညာဉ်တွေကို သခင်မ အဲရစ်က ထိန်းချုပ်ထားပါတယ်။ ကိုယ့်ဝိညာဉ်ကို ပြန်ရယူဖို့ဆိုရင် ကြယ်အမြုတေ အဆင့်ကနေ စပြီး နေရောင်ခြည်သရဖူ အဆင့် စစ်တလင်းမှာ ဆယ့်နှစ်ပွဲဆက်တိုက် အနိုင်ရတဲ့အထိ ပြိုင်ပွဲဝင်တစ်ဦးကို လမ်းပြပေးရမှာပါ။ တစ်နည်းအားဖြင့် ကြယ်အမြုတေကနေ နေရောင်ခြည်သရဖူအထိ အနည်းဆုံး သုံးဆယ့်ခြောက်ပွဲ ဆက်တိုက် အနိုင်ရယူပေးရမှာပါ"
"ငါ လုပ်နိုင်မယ်လို့ မင်း ထင်နေတာလား"
လမ်းပြမိန်းကလေးက အလျင်စလို ခေါင်းညိတ်ပြလိုက်လေသည်။
"လွင်တီးခေါင်ပြင် ခရီးသွားတွေလေ။ သင်တို့လို လွင်တီးခေါင်ပြင် ခရီးသွားတွေကပဲ ဒါကို ပြီးမြောက်ဖို့ အဖြစ်နိုင်ဆုံးပါပဲ။ အနီးစပ်ဆုံး ဖြစ်ရပ်ကတော့ လွန်ခဲ့တဲ့ ခြောက်လက သင်တို့လို လူတစ်ယောက်က သုံးဆယ့်ခြောက်ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး လမ်းပြတစ်ဦးကို ဝိညာဉ်ပြန်ရယူနိုင်အောင် ကူညီပေးခဲ့တာပါ။ အဲဒါကြောင့်ပဲ သင့်ရထားရဲ့ တံခါးဝမှာ ကျွန်မ ထွက်ပေါ်လာခဲ့တာပါ"
ဒီလိုကိုး။
ယခင်ပွဲစဉ်များက မကောင်းဆိုးဝါးများတွင် လမ်းပြများ ပါမလာခဲ့သည်မှာ အံ့သြစရာမရှိတော့ပေ။
ကြည့်ရသည်မှာ သူတို့က မည်သူ့ကိုမဆို ဒီအတိုင်း လိုက်ပါသွားခြင်း မဟုတ်ပုံရလေ၏။
"ငါက မင်းကို ဘာလို့ ကူညီပေးရမှာလဲ။ သုံးဆယ့်ခြောက်ပွဲဆိုတာ ဘယ်လိုပဲကြည့်ကြည့် တော်တော်လေး ပြဿနာများတယ်"
"နေရောင်ခြည်သရဖူ အဆင့်ပါ။ နေရောင်ခြည်သရဖူ အဆင့် စစ်တလင်းကို ရောက်သွားတာနဲ့ ကျွန်မ အဲဒီမှာ သိမ်းထားတဲ့ ပစ္စည်းတစ်ခု ရှိပါတယ်။ သင်တို့ လွင်တီးခေါင်ပြင် ခရီးသွားတွေရဲ့ အဆိုအရဆိုရင် အဲဒါက အဆင့် ၁၂ ပစ္စည်းတစ်ခုပါ။ သင်သာ ဆန္ဒရှိမယ်ဆိုရင် ကျွန်မက..."
"အဲဒီမှာတင် ရပ်လိုက်"
ရဲချီယန်က လက်ကို ဝှေ့ယမ်းပြလိုက်လေ၏။
"ငါ့ကို အဲဒီလောက်ကြီးတဲ့ မျှော်လင့်ချက် ကြီးကြီးမားမားတွေ လာမပေးစမ်းပါနဲ့။ နေရောင်ခြည်သရဖူ အဆင့်ကို ရောက်မှလို့ မင်းကိုယ်တိုင်ပဲ ပြောခဲ့တာလေ။ ဒီနေရာမှာ အချိန်ဖြုန်းနေဖို့ ငါ့မှာ အချိန်အများကြီး မရှိဘူး။ နောက်တစ်မျိုး ပြောရရင် အခုချက်ချင်း မင်းကို ကူညီဖို့ ငါ့အတွက် ဘာအကျိုးအမြတ် ရှိမှာလဲ"
လမ်းပြမိန်းကလေးက နှုတ်ခမ်းကို ကိုက်လိုက်ကာ တစ်စုံတစ်ခုအတွက် ရုန်းကန်နေရဟန် ရှိပေသည်။
အချိန်အတော်ကြာပြီးနောက် သူမက ဆုံးဖြတ်ချက်ချလိုက်လေ၏။
သူမက မိမိထံမှ အိတ်ငယ်လေးတစ်ခုကို ယူလိုက်ပြီး အဆက်မပြတ် လည်ပတ်နေသော စက်ယန္တရား စက်သွားတစ်ခုကို ထုတ်ယူလိုက်လေသည်...
လီဆက်က ရှေ့သို့ လှမ်းသွားကာ ယင်းကို လှမ်းယူလိုက်လေ၏။
သူမ ထိတွေ့လိုက်သည့် အခိုက်အတန့်တွင်ပင်။
ရဲချီယန်၏ မျက်စိရှေ့၌ စနစ်၏ အကဲဖြတ် အလင်းမျက်နှာပြင် ထွက်ပေါ်လာလေတော့သည်။
【အကန့်အသတ်ကျော်လွန်သော · မြင့်မြတ်သော စက်ယန္တရား စက်သွား (၁/၂) (အဆင့် ၁၂)】
【ပြည့်စုံသွားသည်နှင့် တစ်ပြိုင်နက် ယင်းကို မည်သည့် အဆင့် ၁၁ သို့မဟုတ် ထိုထက်မြင့်သော စက်ယန္တရား သက်ရှိ ဖန်တီးမှုတွင်မဆို တပ်ဆင်နိုင်ပါသည်】
【ယင်းက ဖန်တီးမှုအတွက် အဆင့်မြှင့်တင်ရေး ပုံစံကြမ်းကို ပြန်လည်တည်ဆောက်ပေးနိုင်ပြီး ဤစက်သွားကို အမြုတေအဖြစ် အသုံးပြုကာ တပ်ဆင်ထားသော စက်ယန္တရား ဖန်တီးမှုကို အကန့်အသတ်ကျော်လွန်သော အဆင့်မြင့်တက်ခြင်း ပြုလုပ်ပေးနိုင်ပါသည်】
ဤပစ္စည်းကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် ရဲချီယန်၏ မျက်ဝန်းထဲ၌ အံ့သြမှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေ၏။
နောက်ဆုံးတော့ပဲ။
အမဲလိုက် စက်ယန္တရားနဂါးတွင် တပ်ဆင်ရန် ထိုက်တန်သော အဆင့်မြှင့်တင်ရေး ပစ္စည်းတစ်ခုကို သူ နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ ဖြစ်လေသည်။
ယခင်က သူကြုံတွေ့ခဲ့ရသော အဆင့်မြှင့်တင်ရေး ပစ္စည်းများက မဆိုးလှသော်လည်း အမဲလိုက်ခြင်းတွင် အသုံးပြုရန် မထိုက်တန်ဟု သူ အမြဲတမ်း ခံစားနေခဲ့ရပေသည်။
၎င်းက ထူးခြားသည် မဟုတ်ပါလော။
ထို့ကြောင့် အကောင်းဆုံးအရာကိုသာ အသုံးပြုရပေမည်။
သံသယဖြစ်စရာမလိုဘဲ ဤစက်သွား ကိရိယာက။
အမဲလိုက် စက်ယန္တရားနဂါးနှင့် အမှန်တကယ် ထိုက်တန်လှပေ၏။
အမဲလိုက်ခြင်းက အဆင့် ၁၀ သာရှိသေးပြီး ဤအဆင့်မြှင့်တင်ရေး ပစ္စည်းကို အသုံးမပြုနိုင်သေးသည့် ပြဿနာအတွက်ဆိုလျှင်ကော။
သူ၏ ပါရမီကို မမေ့လိုက်နှင့်။
အမဲလိုက်ခြင်းက အဆင့်မြင့် အသွင်ကူးပြောင်းခြင်း မခံရသေးခြင်းမှာ မလုပ်နိုင်၍ မဟုတ်ပေ။
ရဲချီယန်က လုံလောက်သော စွမ်းအားမရှိသေး၍သာ ဖြစ်လေသည်။
ဤမျှသာ။
ရဲချီယန်က ဤအဆင့်မြှင့်တင်ရေး ပစ္စည်းအပေါ် သူ၏စိတ်ဝင်စားမှုကို ထုတ်ဖော်မပြခဲ့ချေ။ ယင်းအစား သူက လက်ထဲတွင် အကြိမ်အနည်းငယ် မြှောက်ကစားလိုက်ကာ ဂရုမစိုက်ဟန်ဖြင့် ခေါင်းခါပြလိုက်လေ၏။
"တစ်ဝက်တည်းလား။ ပြီးတော့ အခုချက်ချင်း သုံးလို့ရတာလည်း မဟုတ်ဘူးဆိုတော့ ကြည့်ရတာ သိပ်အသုံးမဝင်ဘူး ထင်တယ်"
သူက ထိုသို့ပြောလိုက်သော်လည်း လမ်းပြမိန်းကလေးထံသို့ ပြန်ပေးရန် လုံးဝရည်ရွယ်ထားခြင်း မရှိခဲ့ပေ။
"အဲဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ"
"ငါ ဆိုလိုတာက... မင်း ပိုက်ဆံ ထပ်ဆောင်းပေးရမယ်လို့ ပြောတာ"
"..."
လက်ထဲရှိ အိတ်ငယ်လေးထဲမှ ရထားဒင်္ဂါး ငါးရာကို ရဲချီယန် ကြည့်လိုက်သောအခါ မထိန်းချုပ်နိုင်တော့ဘဲ ကွေးတက်သွားသော နှုတ်ခမ်းထောင့်ကို အတင်းဖိနှိပ်လိုက်ကာ ချောင်းတစ်ချက် ဟန့်လိုက်လေ၏။
"မင်းရဲ့ဝိညာဉ်ကို ပြန်ရယူနိုင်ဖို့ ငါ အကောင်းဆုံး ကူညီပေးပါ့မယ်။ ဒါပေမဲ့ ငါက လနှလုံးသားနဲ့ နေရောင်ခြည်သရဖူ အဆင့် စစ်တလင်းတွေကို အခု ဝင်ရောက်နိုင်ဦးမှာ မဟုတ်လောက်ဘူး။ အဲဒီတော့..."
လမ်းပြမိန်းကလေးက ခေါင်းခါလိုက်လေသည်။
"ကိစ္စမရှိပါဘူး။ ဆယ်နှစ်။ ဆယ်နှစ်အတွင်းမှာ ကျွန်မ စောင့်နိုင်ပါတယ်။ သင်က လွင်တီးခေါင်ပြင်ရဲ့ ခရီးသွားတစ်ဦးပါ။ ဒီစစ်တလင်းမှာ ပိတ်မိနေတဲ့ သတ္တဝါတွေနဲ့ နှိုင်းယှဉ်ရင် သင့်မှာ အချိန်တွေ အများကြီးရှိပြီး ကြီးထွားဖို့ အခွင့်အရေးတွေလည်း အများကြီး ရှိပါတယ်"
"ဆယ်နှစ်ပါ။ ကျေးဇူးပြုပြီး ဒီဆယ်နှစ်အတွင်းမှာ ကျွန်မကို ကယ်တင်နိုင်မယ့် သူရဲကောင်းတစ်ယောက် ဖြစ်လာပေးပါ။ တောင်းပန်ပါတယ်။ ဒါပေါ့ ကျွန်မ ဆိုလိုတာက လွင်တီးခေါင်ပြင်က အချိန်ကို ပြောတာပါ။ ယခင်က ကျွန်မ ကြုံတွေ့ဖူးတဲ့ ခရီးသွားအချို့ရဲ့ အဆိုအရ ကြယ်အမြုတေ အဆင့် စစ်တလင်းက အချိန်က လွင်တီးခေါင်ပြင်နဲ့ နှိုင်းယှဉ်ရင် နှစ်ဆဖြစ်နေပါတယ်။ သင့်ကို ဒီနေရာမှာ အနှစ်နှစ်ဆယ်တိတိ စောင့်နေပါ့မယ်။ ဒီနေရာကနေ ခြေတစ်လှမ်းမှတောင် ထွက်သွားမှာ မဟုတ်ပါဘူး"
သူမက ထိုသို့ ဆိုလေ၏။
ကြည့်ရသည်မှာ သူမက သူမ၏ လောင်းကြေးများအားလုံးကို ရဲချီယန်အပေါ်တွင် ပုံအောလိုက်ဟန် ရှိပေသည်။
"ငါ ပြန်မလာမှာကို မင်း မကြောက်ဘူးလား"
သူမက ရထားမောင်းနှင်သူ မဟုတ်ချေ။ သူမတွင် စနစ်၏ အကာအကွယ် မရှိပေ။ ရဲချီယန်အနေဖြင့် ပစ္စည်းများကို ယူဆောင်သွားပြီး ဤစစ်တလင်းသို့ ဘယ်တော့မှ ပြန်မလာလျှင်လည်း ရနေသည် မဟုတ်ပါလော။
လမ်းပြမိန်းကလေးက ခေါင်းညိတ်ပြလိုက်လေသည်။
"ကျွန်မ ကြောက်ပါတယ်။ ဒါပေမဲ့... ကျွန်မမှာ အမှားလုပ်ဖို့ အချိန်မရှိတော့ဘူးလေ။ ကျွန်မရဲ့ဝိညာဉ်က အလွန်ဆုံး အနှစ်နှစ်ဆယ်အတွင်းမှာ လုံးဝ ပျောက်ကွယ်သွားတော့မှာပါ။ အဲဒါကြောင့် သင်က ဒီအရောင်းအဝယ်ကို ပြီးမြောက်ဖို့ ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဒါက ကျွန်မရဲ့ တစ်ခုတည်းသော အခွင့်အရေးပါပဲ"
တကယ်ကို မတရားလှပေ။
ရထားတစ်စင်းကို ပိုင်ဆိုင်ထားသော ရထားမောင်းနှင်သူများအနေဖြင့် ဤကဲ့သို့သော အသေခံ လောင်းကြေးထပ်မှုမျိုးကို ဘယ်သောအခါမျှ လုပ်ဆောင်ရန် မလိုအပ်ချေ။
ရထားစနစ်၏ မျက်နှာလိုက်မှုက သူတို့ကို နှိုင်းယှဉ်ချက်အရ တရားမျှတသော အရောင်းအဝယ်တစ်ခုကို အမြဲတမ်း ရရှိစေသည် မဟုတ်ပါလော။
သို့သော် ဌာနေလူသားများမှာမူ ထိုသို့မဖြစ်နိုင်ချေ။
"ဆယ်နှစ်တဲ့လား"
ရဲချီယန်က ကြောင်အမ်းအမ်းဖြင့် ရယ်မောလိုက်လေ၏။
"အဲဒီလောက်တောင် ကြာမှာ မဟုတ်ပါဘူးလေ"
အခန်း ၂၇၄
လမ်းပြက မနက်ဖြန်အတွက် တည်နေရာကို ချန်ထားရစ်ခဲ့ပြီးနောက် ထွက်ခွာသွားလေ၏။ ရဲချီယန်က စက်သွား ကိရိယာကို သူ၏ ဘေးကင်းလုံခြုံရေး သေတ္တာထဲသို့ ထည့်လိုက်လေ၏။
"ရထားဒင်္ဂါး ငါးရာ၊ ပြီးတော့ အရင်ရထားတာတွေနဲ့ဆို... စုစုပေါင်း ရှစ်ရာလောက် ရှိပြီပေါ့။ ဟား၊ ပိုက်ဆံရတာကတော့ တကယ်ကို မြန်လွန်းပါတယ်"
"အင်း... ဒီလိုဆိုမှတော့ အချိန်ကျပြီ" ရထားကြီးအတွက် နောက်တစ်ကြိမ် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ရမည့် အချိန်ရောက်ပြီ ဖြစ်လေ၏။
ယခင်ရက်များအတွင်းက သူက စစ်တလင်းတွင် ပါဝင်နေရုံမျှမက အလုပ်ရှုပ်နေခဲ့ပေသည်။ မွန်ရိုးဂျီနာ ပေးခဲ့သော ကိုယ်ခံစွမ်းအားနှင့် စိတ်စွမ်းအား ဆေးရည်နှစ်ဘူးအပြင် သူကိုယ်တိုင် ဖန်တီးထားသော ဆေးရည်မှာလည်း အဆင့်မြင့် အသွင်ကူးပြောင်းခြင်းကို ပြီးမြောက်ခဲ့ပြီး ဖြစ်လေသည်။
"မာနတရား" နတ်ဆိုး ကတ်ပြား · မာနတရားက ကောင်းကင်ယံတွင် မြင့်မားစွာ လွင့်မျောနေ၏။
"စိတ်စွမ်းအား နည်းနည်း ထည့်လိုက်မယ်" စိတ်စွမ်းအားများကို ယင်းအတွင်းသို့ ထည့်သွင်းလိုက်လေ၏။ မမြင်နိုင်သော နတ်ဆိုးစွမ်းအားတစ်ခုက ဤစစ်တလင်းတစ်ခုလုံးကို လုံးဝ ဖုံးလွှမ်းသွားချေပြီ။
ဤနည်းလမ်းမှာ ရဲချီယန်က သူ၏ စိတ်စွမ်းအား ၂၁၀ အမှတ်သို့ ရောက်ရှိပြီးနောက်မှသာ တွေ့ရှိခဲ့ရသော နတ်ဆိုး ကတ်ပြား · မာနတရားမှ ဆင်းသက်လာသည့် စွမ်းရည်တစ်ခုပင်။ စိတ်စွမ်းအား အချို့ကို စားသုံးခြင်းဖြင့် သူက နယ်မြေတစ်ခုလုံးကို မာနတရား၏ အငွေ့အသက်များဖြင့် လုံးဝ ဖုံးလွှမ်းလိုက်နိုင်ပြီး အပြင်ဘက်ကမ္ဘာမှ မည်သူမျှ မမြင်နိုင်အောင် ဖန်တီးထားခြင်း ဖြစ်လေသည်။ ၎င်း၏ အတိုင်းအတာမှာ အလွန်အမင်း မကျယ်ဝန်းသော်လည်း လုံလောက်ပေသည်။
ရဲချီယန်က သူ၏ နတ်ဆိုးများ၊ စက်ယန္တရားများ အားလုံးကို ရထားပေါ်သို့ ပြန်လည်ဝင်ရောက်စေလိုက်၏။
ထို့နောက် သူက ရင်းနှီးနေသော်လည်း မရင်းနှီးသလို ခံစားရသော စက်ခေါင်းတွဲ အရှေ့ပိုင်းဆီသို့ လျှောက်သွားလိုက်လေ၏။ သာမန် ရထားမောင်းနှင်သူတစ်ဦးအတွက်ဆိုလျှင် စက်ခေါင်းတွဲမှာ သူတို့ အချိန်အများဆုံး ကုန်ဆုံးရာနေရာ ဖြစ်ပေလိမ့်မည်။ သို့သော် သူတွင် စနစ်နှင့် ချိတ်ဆက်ထားသော မော်ဂျူးရှိနေသည့်အတွက် အချိန်ပြည့် ထိုနေရာတွင် ရှိနေရန် မလိုပေ။
သို့သော် သူက စက်ခေါင်းတွဲပေါ်ရှိ ယခင်က စနစ်တည်ရှိခဲ့သော နေရာသို့ ရောက်ရှိလာချိန်တွင်။
သူက ယင်းကို ထိတွေ့ရန် လက်လှမ်းလိုက်လေ၏။
ဤသည်မှာ ရထားကြီးက နောက်ထပ် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း တစ်ခုကို ပြီးမြောက်တော့မည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။ အမှန်တကယ်တော့ သူက ဤသို့ လုပ်ဆောင်ရန် မလိုအပ်ပေ။ သို့သော် ယင်းမှာ ရိုးရာဓလေ့တစ်ခုကဲ့သို့ ဖြစ်နေချေပြီ။
အနည်းငယ်မျှသော ကိုယ့်ကိုယ်ကိုယ် ဖျော်ဖြေမှုလေးပေါ့။
"အရင်တစ်ခေါက်တုန်းက စုစုပေါင်း သုံးရာ စားသုံးခဲ့တာ၊ ဒီတစ်ခေါက်က... လုံလောက်လောက်မယ် ထင်ပါတယ်"
အသက်ကို ပြင်းပြင်းရှူသွင်းကာ စိတ်ခံစားချက်များကို ပြင်ဆင်ပြီး ပါရမီစွမ်းရည်ကို အသက်သွင်းလိုက်လေ၏။
"အဆင့်မြင့် အသွင်ကူးပြောင်းခြင်း" ဤစကားလုံးနှစ်လုံးကို သူ မည်မျှပင် ပြောကြားခဲ့မိပြီနည်း။
နက်ပြာရောင် အလင်းတန်းတစ်ခုက ရထားကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။
ဝူး
ရထားဥသြဆွဲသံက မြည်ဟည်းလာလေသည်။ ဤအဆင့်မြင့် အသွင်ကူးပြောင်းခြင်း၏ စွမ်းအားဖြင့် တွန်းအားပေးခြင်းခံရသော ရထားကြီးမှာ ရှေ့သို့ ရွေ့လျားသွားလေတော့၏။
"ရွေ့လျားချင်တာလား။ ဒါဆို... ဘူတာရုံထဲမှာ စတင်လိုက်မယ် ပြေးကြစို့"
၎င်းက မရပ်တန့်ချင်ပေ။ ငြိမ်သက်နေစဉ် အဆင့်မြင့် အသွင်ကူးပြောင်းခြင်းကို အပြီးသတ်ရန် မရည်ရွယ်ချေ။ ရဲချီယန်က မော်ဂျူးကို အသက်သွင်းလိုက်၏။
အရှိန်တင်၊ အရှိန်တင်
ဧရာမ ဘောလုံးကွင်းကြီးနှင့် ဆင်တူသော ဤစစ်တလင်းအတွင်း၌ ရထားကြီးမှာ အနှေးဆုံးနှုန်းဖြင့်ပင် ရှေ့သို့ ရွေ့လျားနေဆဲ ဖြစ်လေ၏။
ဂျုံး ဂျုံး ဂျုံး။ ဘီးများ လိမ့်ဆင်းသွားကာ အရှေ့မှအနောက်သို့ နက်ပြာရောင် အလင်းတန်းကြီးတစ်ခု ဆူညံစွာ ထွက်ပေါ်လာလေ၏။
စိတ်စွမ်းအားနှင့် ကိုယ်ခံစွမ်းအားများမှာ အလျင်အမြန်ပင် ကုန်ဆုံးသွားလေပြီ။ သုံးရာမှတ်ကို ကျော်လွန်သွားခဲ့သော်လည်း ရပ်တန့်မည့် အရိပ်အယောင် လုံးဝ မရှိချေ။
မလုံလောက်ဘူးလား။ ကိစ္စမရှိပေ။
မွန်ရိုးဂျီနာ ပေးခဲ့သော အဆင့်မြင့် အသွင်ကူးပြောင်းထားသည့် ကိုယ်ခံစွမ်းအား ဆေးရည်ကို သူ ပါးစပ်ထဲသို့ လောင်းထည့်လိုက်လေ၏။ ကိုယ်ခံစွမ်းအား ၅၀ ပြန်လည်ပြည့်ဖြိုးလာကာ ခန္ဓာကိုယ်ထဲသို့ စွမ်းအားသစ်များ ပေါင်းစပ်သွားလေသည်။
ရဲချီယန်၏ ခန္ဓာကိုယ်ထဲမှ နက်ပြာရောင် အလင်းတန်းများ ပိုမိုထွက်ပေါ်လာလေ၏ ရထားကြီးက အရှိန်တင်လာပြီ။ ရပ်တန့်၍ မရနိုင်သော အရှိန်အဟုန်ပင် ဖြစ်ပေသည်။
ရှေ့သို့၊ ရှေ့သို့၊ ရှေ့သို့
တုန်ခါနေသော ဤစစ်တလင်းကို ဖောက်ထွက်တော့မည့်ဆဲဆဲတွင် သူ၏ရှေ့၌ လေဟာနယ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေ၏
တုံ့ဆိုင်းမနေဘဲ သူက ယင်းကို ဖြတ်သန်းသွားလိုက်ရာ ရဲချီယန်နှင့် သူ၏ရထားကြီးမှာ လွင်တီးခေါင်ပြင်သို့ ပြန်လည်ရောက်ရှိသွားလေပြီ။ သူနှင့် ၎င်းတို့က ပလက်ဖောင်း၏ ကန့်သတ်ချက်များကို ကျော်လွန်သွားခဲ့ချေပြီ။ အရှိန်အပြည့်ဖြင့် ဆက်သွားကြစို့
အရပ်မျက်နှာ အသီးသီးမှ မကောင်းဆိုးဝါးများက ရေလှိုင်းကြီးတစ်ခုကဲ့သို့ ရောက်ရှိလာလေ၏။
"အမဲလိုက်ခြင်း" ရဲချီယန် မဆင့်ခေါ်ရသေးသော အမဲလိုက် စက်ယန္တရားနဂါးက ကောင်းကင်ယံထက်တွင် ရှိနေလေ၏။
"အမဲလိုက် မုဒ်" အမဲလိုက် ဒုံးကျည် ၁၂ ခုက ရှေ့လမ်းကြောင်းကို ရှင်းလင်းပေးလိုက်လေ၏။
အီဗ်၊ လီဆက်နှင့် မျက်ရည်နီတို့က တပြိုင်နက်တည်း အပြည့်အဝ ပစ်ခတ်လိုက်ရာ ချမ်းသာကြွယ်ဝမှု ဒိုင်းလွှား အပြင်ဘက်ရှိ အရပ်မျက်နှာ အသီးသီးမှ မကောင်းဆိုးဝါးများကို ဟန့်တားလိုက်လေ၏။
"လေပိုင်နက် ရှင်းလင်းရေး" ကောင်းကင်ယံရှိ မကောင်းဆိုးဝါးများကို လေပိုင်နက် ရှင်းလင်းရေးဖြင့် ဖိနှိပ်လိုက်လေ၏။
"လွန်ပူ" ရှေ့ရှိ မကောင်းဆိုးဝါး အလောင်းများကို ကမ္ဘာပျက် လွန်ပူဖြင့် အမှုန့်ဖြစ်အောင် ကြိတ်ချေလိုက်လေ၏
အလင်းတန်း၏ နောက်ဆုံး အပိုင်းအစက ရထားပေါ်သို့ ပေါင်းစပ်သွားချိန်တွင်။ အဆင့်မြင့် အသွင်ကူးပြောင်းခြင်းမှာ ပြီးဆုံးသွားချေပြီ။
ရှေ့တည့်တည့်တွင် လေဟာနယ်က တစ်ဖန် ပြန်လည် ထွက်ပေါ်လာပြန်၏။
【ဒင်ဒင် ဒင်ဒင်】
【ရထားမောင်းနှင်သူ မှတ်ပုံတင်အမှတ် E-3-1102၊ ရဲချီယန်အား တွေ့ရှိပါသည်၊ အမည်မသိ အကြောင်းရင်းများကြောင့် ပလက်ဖောင်းမှ ထွက်ခွာသွားသောကြောင့် ပလက်ဖောင်းသို့ ပြန်လည်ရောက်ရှိမည့် လမ်းကြောင်းကို သင်အတွက် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပါသည်】
【ဒင်ဒင် ဒင်】
【သီးသန့် မော်ဂျူး၊ ကံကြမ္မာ လမ်းဆုံလမ်းခွ အသက်ဝင်ပါသည်】 【ဝင်ရောက်မည့် တည်နေရာကို ရွေးချယ်ပါ】
【ရွေးချယ်စရာ ၁၊ ရဲချီယန်၏ ရှစ်ပွဲဆက်တိုက် အနိုင်ရရေး စစ်တလင်း】
【ရွေးချယ်စရာ ၂၊ မရဏလောက ပန်းခင်း၏ ထောင့်တစ်နေရာ】
"ချက်ချင်း ပြန်ရောက်နိုင်လိမ့်မယ်လို့ မထင်ထားဘူး၊ ဟား၊ အမှတ်အသားကိုပဲ သုံးရတော့မယ် ထင်နေတာ"
သူက ရက်အနည်းငယ်က စစ်တလင်းတွင် တည်နေရာ အမှတ်အသား တစ်ခုကို ချန်ထားခဲ့လေ၏။ ထို့ကြောင့် လေဟာနယ် ထွက်ပေါ်လာချိန်တွင် ရဲချီယန်က ပြန်မရောက်နိုင်မည်ကို လုံးဝ စိုးရိမ်ခြင်း မရှိခဲ့ချေ။
"မရဏလောက ပန်းခင်းကို စိတ်ဝင်စားပေမဲ့၊ တစ်ကိုပဲ ရွေးမယ်"
မနက်ဖြန်တွင် နောက်ထပ် စစ်တလင်း ပွဲစဉ်တစ်ခု ရှိသေးလေ၏။ ထိုလမ်းပြမိန်းကလေးကို ကတိပေးထားသည့်အတိုင်း သူ စကားကို တည်ရပေမည်။
ထို့အပြင် ပို၍ အရေးကြီးသည်မှာ။ သူ၏ မာနတရားက ထိုနေရာတွင် ကျန်ရစ်ခဲ့သေး၏။ ဤသည်မှာ ရဲချီယန် တစ်ကို ရွေးချယ်ရခြင်း၏ အဓိက အကြောင်းရင်းပင် ဖြစ်လေသည်။
သို့သော် ထိုသို့ မပြုလုပ်မီ သူ၏ စကားပြောသည့် ကြားခံစနစ်ကို တစ်ချက် ကြည့်လိုက်လေ၏။ လွင်တီးခေါင်ပြင်သို့ ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် မက်ဆေ့ခ်ျအချို့ ချက်ချင်း ထွက်ပေါ်လာလေ၏။
၎င်းတို့အထဲတွင် ရှာယာ၏ မက်ဆေ့ခ်ျက ထိပ်ဆုံးတွင် အသိပေးချက်ဖြင့် လင်းလက်နေပေ၏။
ရှာယာ - 【""】
【"မင်း အဆင့် ၈ ပလက်ဖောင်းကို ဝင်သွားတာလား"】
【"ဟေ့ ဟေ့ ဟေ့ ပြန်ရောက်တာနဲ့ ချက်ချင်း စာပြန်ပေး၊ တစ်ယောက်ယောက်များ ဖမ်းခေါ်သွားတာ ခံလိုက်ရပြီလား"】
ရဲချီယန်က အားအင်ကုန်ခမ်းနေသော ခန္ဓာကိုယ်ကို ထိန်းထားရင်း ပြုံးလိုက်ကာ အလင်းမျက်နှာပြင်ပေါ်တွင် စာအနည်းငယ် ရိုက်ထည့်လိုက်လေ၏။
【"ငါ အဆင်ပြေပါတယ်။"】 ချက်ချင်းပင်။ ရထားကြီးက လေဟာနယ်ကို ဖြတ်သန်းသွားကာ ရှစ်ပွဲဆက်တိုက် အနိုင်ရရေး စစ်တလင်းသို့ ပြန်လည်ရောက်ရှိသွားလေတော့သည်။
မာနတရားက ကောင်းကင်ယံတွင် လွင့်မျောနေဆဲပင် ဖြစ်၏။ ရဲချီယန်က ယင်းကို သိမ်းဆည်းလိုက်ကာ အသက်ကို ပြင်းပြင်းရှူသွင်း၍ ရထား အဆင့်မြှင့်တင်မှု ပြီးဆုံးသွားပြီးနောက် ထွက်ပေါ်လာသော စနစ်၏ အသိပေးချက်များကို ကြည့်ရှုလိုက်လေ၏။
တကယ်တော့ ယင်းအပြင် သူ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များကိုလည်း စစ်ဆေးကြည့်ချင်သေးလေ၏။
【ကိုယ်ခံစွမ်းအား - ၁၇၀+၅၀ -> ၃၀】
【စိတ်စွမ်းအား - ၂၁၀ -> ၁၀】
တကယ့်ကို သနားစရာကောင်းလိုက်တာ။
သုံးရာကိုးဆယ်မှတ်။ အရင်ကထက် ကိုးဆယ်မှတ် ပိုများလာသည်။ တကယ်တော့ ထိုသို့ တွက်ချက်၍ မရနိုင်ချေ။
မည်သို့ပင်ဆိုစေ သူသည် ဤအဆင့်မြင့် အသွင်ကူးပြောင်းခြင်း မပြုမီကပင် မာနတရား၏ စွမ်းအားကို အသုံးပြုခဲ့ရာ စိတ်စွမ်းအား အမှတ် ၂၀ စားသုံးခဲ့ပြီး ဖြစ်လေ၏။ တစ်နည်းအားဖြင့် ဤအဆင့်မြင့် အသွင်ကူးပြောင်းခြင်းမှာ စုစုပေါင်း စိတ်စွမ်းအား ၃၇၀ ကို စားသုံးခဲ့ခြင်းပင် ဖြစ်လေသည်။
"ခုနစ်ဆယ် ပိုစားတာ၊ တကယ်ကို များလွန်းပါတယ်" ရဲချီယန်က သူ၏ နားထင်ကို ပွတ်သပ်လိုက်ကာ စနစ်၏ အသိပေးချက်များဆီသို့ အာရုံစိုက်လိုက်လေ၏။
【ဒင်】 【ဂုဏ်ယူပါတယ်။ ရထားမောင်းနှင်သူ ရဲချီယန်】
【သင်၏ ရထားအဆင့်ကို အဆင့် ၁၀ သို့ မြှင့်တင်ပြီးပါပြီ】
【ရထားမောင်းနှင်သူ ရှေ့ဆက်တိုးနိုင်ပါစေ】
【ဒင်ဒင် ဒင်】
【ရထားအဆင့် တဆယ်သို့ ရောက်ရှိသွားပြီဖြစ်၍ အထူးအဆင့်မြှင့်တင်ရေး ရွေးချယ်စရာ ဆိုင်ကို ဖွင့်လှစ်ပေးလိုက်ပါပြီ】
【ဒင်】
【အဆင့်တဆယ် မတိုင်မီ အဆင့်မြှင့်တင်ရေး ရွေးချယ်စရာအားလုံးကို ဝယ်ယူခဲ့သည်ကို တွေ့ရှိပါသည်】
【ထို့ကြောင့် ဤဆိုင်က သင်အတွက် အထူးသဖြင့် ပြင်ဆင်ထားသော အဆင့်မြှင့်တင်မှုကို ပြုလုပ်ပေးပါမည်】
【ဒင်ဒုန်း】
【ရထားဒင်္ဂါးများကို ပြင်ဆင်ထားပေးပါ။ ဤအဆင့်မြှင့်တင်ရေး ရွေးချယ်စရာများအတွက် ဖွင့်လှစ်ပေးမည့်ကာလမှာ တစ်လ ကြာမြင့်ပါမည်။】
【အားလုံးကို ဝယ်ယူနိုင်ရန် ကြိုးစားပေးပါ။】
【မှတ်ချက် - သင်က တကယ်ကို ထူးခြားတဲ့ ရထားမောင်းနှင်သူပါပဲ အဆင့်မြှင့်တင်ရေး ရွေးချယ်စရာများအတွက် အထူးဆိုင်ကို ဖွင့်လှစ်ပေးလိုက်ပါပြီ။】