← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 16 Ch. 163-164

အခန်း (၁၆၃-၁၆၄)

Vol. 16 Ch. 163-164

အခန်း ၁၆၃- ‘ရှန်းချင်းယီ ကလေးလိုချင်ပြီ

​[‘ရည်ရွယ်ချက်ရှိရှိ ထိုးနှက်ချက်’ သင်၏ လက်သီးသည် မည်သည့် ခုခံကာကွယ်မှုမျိုးကိုမဆို (ဥပမာ- မန္တန်များ၊ ရတနာလက်နက်များ၊ အဆောင်လက်ဖွဲ့များ၊ အစီအရင်များနှင့် အခြားအရာများ) ကျော်ဖြတ်ကာ ပစ်မှတ်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိမှန်ဖျက်ဆီးနိုင်သည်။]

​[‘ရည်ရွယ်ချက်ရှိရှိ ထိုးနှက်ချက်’- အခြေခံအဆင့် - ၁%]

​ချန်အန်သည် သူ၏ရှေ့မှောက်က အကြောင်းကြားစာကို ကြည့်ရင်း မျက်ဝန်းများ တောက်ပသွားသည်။

​မည်သည့် ခုခံကာကွယ်မှုကိုမဆို ကျော်ဖြတ်နိုင်ရုံတင်မကဘဲ တိုက်ရိုက်ထိခိုက်မှုပေးနိုင်တာပေါ့လေ။

​ဤ ‘ရည်ရွယ်ချက်ရှိရှိ ထိုးနှက်ချက်’ သည် မိမိကိုယ်ကို ခုခံကာကွယ်ရေး ရတနာလက်နက်များဖြင့် အထပ်ထပ် ဆင်ယင်ထားသည့် မြေခွေးမိစ္ဆာမကို ရည်ရွယ်ချက်ရှိရှိ နှိမ်နင်းရန်အတွက် ပေါ်ပေါက်လာခြင်း မဟုတ်ပါလော။

​ယခင်က ရရှိထားသည့် သူတော်စင်မန္တန်နှင့်သာ ပေါင်းစပ်လိုက်လျှင် သူသည် ထိုမြေခွေးမိစ္ဆာမကို အပိုင်ချုပ်ကိုင်ရန် အလုံးစုံ ပြည့်စုံသွားပြီ ဖြစ်သည်။

​ဤအချက်ကို တွေးမိသောအခါ ချန်အန် စိတ်လှုပ်ရှားသွားသည်။

​ဤစနစ်က တကယ်ကို အလိုက်သိလွန်းလှသည်။ သူ ဘာလိုနေလဲဆိုသည်ကို ကြည့်ပြီး လိုအပ်သည်ကို ကွက်တိ ပေးအပ်တတ်ပေသည်။

​တကယ့်ကို ကောင်းမွန်လှသည့် အရာတစ်ခုပင်။

​ချန်အန်သည် ဆက်လက်တွေးတောပြီးနောက် ဧည့်ခန်းထဲတွင် ကြာရှည်မနေတော့ပေ။

​သူသည် ဇနီးသည် လေးဦးအား အပြင်သို့ ခေတ္တခဏ သွားစရာရှိကြောင်း ပြောကာ ဂူဥမင်လိုဏ်ခေါင်းထဲမှ ထွက်ခွာလာခဲ့သည်။

​သူသည် ‘ရည်ရွယ်ချက်ရှိရှိ ထိုးနှက်ချက်’ ၏ စွမ်းအားကို အပြင်ထွက်၍ စမ်းသပ်ကြည့်ချင်နေခြင်း ဖြစ်သည်။

​ဥမင်လိုဏ်ခေါင်းထဲတွင်မူ စမ်းသပ်ရန် နည်းလမ်းမရှိပေ။

​လက်သီးတစ်ချက်ဖြင့် ဥမင်လိုဏ်ခေါင်းတစ်ခုလုံးကို ဖြိုချမိသွားမည်ကို သူ စိုးရိမ်မိသည်။

​မကြာမီပင် ချန်အန်သည် သံလျက်ကို စီးနင်းပျံသန်းလာခဲ့ပြီး အနီးနားရှိ ကျောက်မိုင်းဟောင်းတစ်ခုသို့ ဆင်းသက်လိုက်သည်။

​ဤကျောက်မိုင်း၏ မြေမျက်နှာသွင်ပြင်မှာ အလွန် ထူးခြားလှသည်။

​ကျောက်နံရံများထဲတွင် ထူးခြားသော ဒြပ်စင်မျိုးစုံ ရောနှောနေပြီး သဘာဝအလျောက် ဖြစ်ပေါ်နေသည့် တောင်စောင့်အစီအရင်တစ်ခုကို ဖွဲ့စည်းထားသည်။

​၎င်းမှာ သဘာဝအလျောက် ဖြစ်ပေါ်လာခြင်းလော သို့မဟုတ် လူလုပ်ဖန်တီးထားခြင်းလော ဆိုသည်ကိုမူ မသိရပေ။

​လက်ရှိအခြေအနေမှာ ထိုကဲ့သို့သော အစီအရင်ရှိနေခြင်းကြောင့် ဤကျောက်မိုင်းကို မည်သူမျှ မတူးဖော်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

​ဤတောင်စောင့်အစီအရင်မှာ တကယ်ကို အစွမ်းထက်လှသည်။ ရွှေအမြုတေအဆင့် ပညာရှင်တစ်ဦးပင်လျှင် ၎င်းကို အစင်းရာထင်အောင် လုပ်ရန် ခဲယဉ်းလှပေသည်။

​တကယ်တော့ အဓိကအချက်မှာ ဤကျောက်မိုင်းထဲက ကျောက်တုံးပစ္စည်းများမှာ သိပ်ပြီး တန်ဖိုးမရှိခြင်းကြောင့်လည်း ဖြစ်သည်။

​အစီအရင်ကို ဖျက်ဆီးနိုင်စွမ်းရှိသူများက ဤကျောက်မိုင်းကို စိတ်မဝင်စားကြသလို၊ စိတ်ဝင်စားသူများကလည်း အစီအရင်ကို မဖျက်ဆီးနိုင်ကြပေ။

​“စမ်းသပ်ဖို့ အကောင်းဆုံးနေရာပဲ”

​ချန်အန်သည် စိတ်ထဲက တွေးလိုက်ပြီး တောင်ပေါ်ရှိ ကျောက်နံရံတစ်ခုကို သူ၏ ခွန်အားအပြည့်ဖြင့် ချက်ချင်း လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

​ထို့နောက် ‘ဒုန်း’ ဟူသော အသံကြီး ထွက်ပေါ်လာသည်။

​သူ၏ လက်သီးသည် ကျောက်နံရံကို ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။

​သို့သော်လည်း ကျောက်နံရံမှာ တုန်လှုပ်ခြင်းမရှိဘဲ လုံးဝ ပျက်စီးသွားခြင်း မရှိပေ။

​ရွှေအမြုတေအဆင့် ပထမအလွှာရှိ ကျင့်ကြံသူတစ်ဦးကိုပင် အသက်ပျောက်စေနိုင်သည့် ချန်အန်၏ ပြင်းထန်သော လက်သီးခွန်အားကို ဤကျောက်မိုင်း၏ တောင်စောင့်အစီအရင်က အလုံးစုံ စုပ်ယူသွားခဲ့ခြင်း ဖြစ်သည်။

​ထို့နောက် သူသည် လက်သီးကို ထပ်မံရွယ်လိုက်ပြီး မည်သည့်စွမ်းအင်လမ်းကြောင်းမှ မပြဘဲ ‘ရည်ရွယ်ချက်ရှိရှိ ထိုးနှက်ချက်’ ကို အသုံးပြုကာ ကျောက်နံရံကို ရုတ်တရက် ထိုးနှက်လိုက်ပြန်သည်။

​နောက်တစ်ကိုယ်၌ ပြင်းထန်လှသော ‘ဒုန်း’ ဟူသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။

​ခုနက လုံးဝ မတုန်မလှုပ်ရှိခဲ့သော ကျောက်နံရံသည် တစ်ခဏချင်းအတွင်းမှာပင် ထိတ်လန့်ဖွယ်ရာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပြင်တစ်ခုလုံး ပြိုကျကာ ကျောက်တုံးများ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်လျက် ကျောက်ပုံကြီးအဖြစ် ပြိုကျပျက်စီးသွားတော့သည်။

​“တကယ် အစွမ်းထက်တာပဲ!”

​“တောင်စောင့်အစီအရင်ကို တကယ်ပဲ ကျော်ဖြတ်ဖျက်ဆီးနိုင်ခဲ့တာပဲ!”

​“အတုမဲ့ပဲ”

​ချန်အန်သည် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။

​ယခုအချိန်မှစ၍ သူသည် ထိုမြေခွေးမိစ္ဆာမနှင့် တွေ့ဆုံရမည်ကို စိုးရိမ်နေစရာ မလိုတော့ပေ။

​အမှန်အတိုင်းပြောရလျှင် သူသည် ထိုမြေခွေးမိစ္ဆာမနှင့်ပင် တွေ့ဆုံချင်နေမိသေးသည်။

​ယခုအခါ သူတော်စင်မန္တန်နှင့် ရည်ရွယ်ချက်ရှိရှိ ထိုးနှက်ချက်တို့၏ အစွမ်းထက်မြက်မှုများ ရှိနေပြီဖြစ်ရာ သူသည် မြေခွေးမိစ္ဆာမကို အနိုင်ယူပြီး သူမ၏ ရတနာလက်နက်အားလုံးကို လုယူနိုင်မည်ဟု လုံးဝ ယုံကြည်မှု ရှိနေပြီ ဖြစ်သည်။

​ထို့နောက်တွင်မူ။

​ချန်အန်သည် ကျောက်မိုင်းအတွင်း၌ လှည့်လည်သွားလာနေခဲ့သည်။ သူသည် ကျောက်နံရံကို မြင်တိုင်း ပြင်းထန်စွာ ထိုးနှက်ပြီး ‘ရည်ရွယ်ချက်ရှိရှိ ထိုးနှက်ချက်’ ၏ စွမ်းအားကို ဆက်တိုက် စမ်းသပ်နေခဲ့သည်။

​တစ်ချိန်တည်းမှာပင် သူသည် ရှားပါးကျောက်ရိုင်းအချို့ကို ကောက်ယူကာ ငွေရှာနိုင်ခဲ့သေးသည်။

​သူ အများကြီးတော့ မကောက်ခဲ့ပေ။ အခြေခံအားဖြင့် ကျောက်ရိုင်းဝိညာဉ်ကျောက်တုံးများကိုသာ ကောက်ယူခဲ့ခြင်း ဖြစ်သည်။

​သို့မဟုတ် အရောင်အသွေးစုံလင်ပြီး လှပသော ကျောက်စိမ်းရိုင်းများကို မြင်လျှင် ကောက်ယူကာ သိုလှောင်အိတ်ထဲသို့ ထည့်ထားလိုက်ပြီး အိမ်ရှိ ဇနီးသည်များနှင့် သမီးငယ်များအတွက် ပြန်လည်ယူဆောင်ပေးရန် ရည်ရွယ်ထားသည်။

​တစ်နာရီကြာပြီးနောက်။

​ချန်အန်သည် သူ၏လက်သီးချက်များကြောင့် မှတ်မိနိုင်စရာမရှိအောင် ပျက်စီးသွားသော ကျောက်မိုင်းဟောင်းမှ ထွက်ခွာလာခဲ့ပြီး ဓားပျံကို စီးနင်းကာ အိမ်သို့ ပြန်လည်ပျံသန်းလာခဲ့သည်။

​သူ ဥမင်လိုဏ်ခေါင်းထဲသို့ ပြန်ရောက်သည်နှင့် သူ၏ ဇနီးသည်များမှာ ဧည့်ခန်းထဲတွင် ထိုင်၍ စကားပြောနေကြဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။

​သို့သော်လည်း ထမင်းစားပွဲမှာမူ သန့်ရှင်းစင်ကြယ်နေပြီ ဖြစ်သည်။

​ချန်အန်သည် သူ၏ ဇနီးသည်များမှာ သူ ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

​“ယောက်ျား... ခုနက ဘယ်သွားနေတာလဲ”

​ဝမ်ကျိယန်က မကျေမနပ်ဖြင့် မေးလိုက်သည်။ ချန်အန်သည် ခုနက အလျင်အမြန် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ သူက အပြင်သို့ ခေတ္တခဏ သွားစရာရှိသည်ဟုသာ ပြောခဲ့ပြီး အခြားဘာမှ မပြောဘဲ ထွက်သွားခဲ့ခြင်း ဖြစ်သည်။

​သူမသည် ဘာမှမသိရဘဲ အမှောင်ချခံထားရသည့် ခံစားချက်ကို မနှစ်သက်ပေ။

​ဇနီးသည်များ၏ မကျေနပ်မှုနှင့် စိုးရိမ်ပူပန်မှုများကို မြင်သောအခါ ချန်အန်သည်လည်း ခုနက မိမိ၏ အမှားကို သတိပြုမိသွားသည်။

​သူသည် ကုလားထိုင်ကို ဆွဲယူကာ ထိုင်လိုက်ပြီး စိတ်ရင်းမှန်ဖြင့် တောင်းပန်လိုက်သည်။ “ခုနက ကိုယ့်အမှားပါ။ ကိုယ် အလျင်စလို ဖြစ်သွားပြီး ဘာမှသေသေချာချာ မပြောဘဲ ထွက်သွားမိလို့ မိန်းမတို့ကို စိုးရိမ်စေခဲ့ပြီ”

​ထိုသို့ပြောရင်း သူသည် ကျောက်မိုင်းမှ ကောက်ယူလာခဲ့သည့် အရောင်အသွေးစုံလင်သော ကျောက်ရိုင်းများကို သိုလှောင်အိတ်ထဲမှ ထုတ်ယူကာ ထမင်းစားပွဲပေါ်သို့ တင်လိုက်ပြီး အကြောင်းရင်းကို ရှင်းပြလိုက်သည်။

​ဇနီးသည်များက ထိုအကြောင်းကို ကြားရသောအခါ နားလည်ပေးနိုင်ကြောင်း ပြောကြပြီး၊ နောင်ကျရင် အပြင်သွားသည့်အခါ ဘာသွားလုပ်မည်ကို သေသေချာချာ ပြောပြရန်နှင့် သူတို့ကို စိုးရိမ်မပူပန်စေရန် ပြောဆိုကြသည်။

​ထို့နောက်တွင်မူ သူတို့အားလုံးသည် ထမင်းစားပွဲပေါ်ရှိ ကျောက်ရိုင်းများကို ဝိုင်းကြည့်လိုက်ကြသည်။

​ဤကျောက်ရိုင်းများမှာ အလွန်တောက်ပလှပြီး အချော ကိုင်လိုက်လျှင် အမျိုးမျိုးသော လက်ဝတ်ရတနာများအဖြစ် ပြုလုပ်နိုင်ပေသည်။

​သူ၏ ဇနီးသည်များမှာ အလွန် သဘောကျသွားကြသည်။

​“ယောက်ျား... ဒီကျောက်ရိုင်းတွေက တကယ်လှတာပဲ။ ဒါတွေကို ကျွန်မတို့အတွက် လက်ဝတ်ရတနာလေးတွေအဖြစ် သွေးပေးနိုင်မလားဟင်”

​ဆောင်ဟွာယင်းက တိုးညင်းသောအသံဖြင့် မေးလိုက်သည်။

​ချန်အန်အနေဖြင့် ဤကဲ့သို့သော ကိစ္စအသေးအမွှားလေးကို ငြင်းပယ်ရန် အကြောင်းမရှိပေ။ သူက ချက်ချင်းပင် ပြုံးလျက် ပြောလိုက်သည်။ “ရတာပေါ့... နောက်မှ အချိန်ရရင် မိန်းမတို့ တစ်ယောက်ချင်းစီအတွက် ကိုယ်တိုင် သွေးပေးထားတဲ့ သီးသန့်လက်ဝတ်ရတနာ တစ်စုံစီ လုပ်ပေးမယ်နော်”

​“ကျေးဇူးတင်ပါတယ် ယောက်ျား”

​ဆောင်ဟွာယင်းသည် စိတ်လှုပ်ရှားစွာဖြင့် ထိုင်ရာမှထကာ ချန်အန်၏ ပါးကို ပျော်ရွှင်စွာ နမ်းလိုက်သည်။

​ကျန်ရှိသော ဇနီးသည် သုံးဦးကလည်း ခင်ပွန်းဖြစ်သူကို ကျေးဇူးတင်စကား ဆိုကြသည်။

​ချန်အန်က သူတို့ကို မေးလိုက်သည်။ “ဒါနဲ့ စကားမစပ်... မိန်းမတို့ လိုချင်တဲ့ လက်ဝတ်ရတနာ ပုံစံမျိုး ရှိရင်ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘယ်လို လိုချင်လဲဆိုတဲ့ တောင်းဆိုချက် ရှိရင် ဖြစ်ဖြစ် ကိုယ့်ကို ပြောလို့ရတယ်နော်”

​“ယောက်ျား... ကျွန်မကတော့ ဒီ ပန်းနုရောင် ကျောက်ရိုင်းလေးကို လိုချင်တယ်။ ဒါလေးကို နားကပ်တစ်စုံအဖြစ် သွေးပေးပါနော်” ဆောင်ဟွာယင်းက ပထမဆုံး စတင်ပြောဆိုလိုက်သည်။

​“အင်းပါ... ရတာပေါ့”

​ထိုသို့ပြောပြီးနောက် ချန်အန်သည် ကျန်ရှိသော ဇနီးသည် သုံးဦးကို ကြည့်ကာ မေးလိုက်သည်။ “ကျန်တဲ့ သုံးယောက်ကော... ဘယ်လို လိုချင်လဲ”

​ဂူရှင်းယွဲ့က တစ်ချက်ကြည့်လိုက်ပြီး သူမ၏ ရှေ့မှောက်ရှိ အပြာရောင် ကျောက်ရိုင်းတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

“ယောက်ျား... ကျွန်မကတော့ ဒီ အပြာရင့်ရောင် ကျောက်ရိုင်းလေးကို လိုချင်တယ်။ ဒါလေးကို လက်စွပ်နှစ်ကွင်းအဖြစ် သွေးပေးပါဦး... ကျွန်မတို့ တစ်ယောက်တစ်ကွင်းစီ ဝတ်ကြတာပေါ့”

......................................................

အခန်း ၁၆၄- ‘ရှန်းချင်းယီ ကလေးလိုချင်နေပြီ (၂)

​ဝမ်ကျိယန်သည် အလယ်နားရှိ ခရမ်းရောင်ကျောက်ရိုင်းလေးကို သဘောကျသွားပြီး ပြောလိုက်သည်။

“ယောက်ျား.. ကျွန်မကတော့ ဒီခရမ်းရောင်ကျောက်ရိုင်းလေးကို နှင်းဆီပန်းပွင့်ပုံဖော်ထားတဲ့ ဆံထိုးလေးအဖြစ် သွေးပေးစေချင်တယ်”

​ရှန်းချင်းယီကမူ သူမ၏ ညီမသုံးဦးနှင့်မတူဘဲ ခပ်ဖွဖွလေးပြုံးကာ ဆိုသည်။

“ယောက်ျား... ကျွန်မကတော့ ဘာဖြစ်ဖြစ်ရပါတယ်။ ယောက်ျားစိတ်ကြိုက် အဆင်ပြေမယ့် လက်ဝတ်ရတနာလေးတစ်ခုခုပဲ သွေးပေးပါ”

​ဇနီးသည်များ၏ တောင်းဆိုချက်များကို မှတ်သားပြီးနောက် ချန်အန်သည် ကျောက်ရိုင်းများအပြည့် တင်ထားသည့် စားပွဲမှ ထွက်လာခဲ့သည်။ ထို့နောက် သူသည် သမီးငယ်နှစ်ယောက်ထံ သွားကာ သူတို့ ဘာလိုချင်လဲဟု မေးမြန်းလိုက်သည်။

​ချန်ယုကျန်းသည် သူမ၏မိခင်ကဲ့သို့ပင် ပန်းရောင်ကျောက်ရိုင်းလေးကို ရွေးချယ်ပြီး နားကပ်တစ်စုံ လိုချင်ကြောင်း ပြောသည်။

​ချန်အန်ကမူ သူမသည် နားကပ်ဝတ်ရန် ငယ်လွန်းသေးသည်ဟု ခံစားရသဖြင့် နားကပ်အစား လက်ကောက်တစ်ကွင်းအဖြစ် ပြောင်းလဲပြုလုပ်ပေးရန် ဆုံးဖြတ်လိုက်သည်။

​ချန်ယိခဲ့မှာမူ စကားမပြောတတ်သေးသဖြင့် ချန်အန်က သူမအား ကျောက်ရိုင်းအရောင်ကိုသာ ရွေးချယ်စေပြီး ၎င်းကို ကျောက်စိမ်းဆွဲပြားလေးအဖြစ် သွေးပေးရန် စီစဉ်လိုက်သည်။

​ထို့နောက်ပိုင်း အချိန်များတွင် ဇနီးသည်များနှင့် သမီးငယ်များမှာ မိမိတို့ကိစ္စနှင့်မိမိတို့ အလုပ်ရှုပ်နေကြစဉ်၊ ချန်အန်သည် မိမိအခန်းသို့ ပြန်ကာ လက်ဝတ်ရတနာများကို စတင်ပြုလုပ်တော့သည်။

​ကျောက်သွေးသည့် နည်းလမ်းမှာ အလွန်ရိုးရှင်းပါသည်။ သူ၏ အစွမ်းထက်လက်ချောင်းကို အသုံးပြု၍ ဖြည်းဖြည်းချင်း သွေးယူခြင်း ဖြစ်သည်။

​တစ်နာရီမပြည့်မီအချိန်အတွင်းမှာပင် စုစုပေါင်း လက်ဝတ်ရတနာ ခြောက်ခုကို အချောသတ် သွေးပြီးသွားခဲ့သည်။

​ထို့နောက်တွင်မူ သူသည် ထိုပစ္စည်းများကို လိုက်လံပေးအပ်တော့သည်။

​ဆောင်ဟွာယင်းသည် သူမ တောင့်တနေခဲ့သော ပန်းရောင်နားကပ်လေးကို ရရှိသည့်အခါ ချက်ချင်းပင် ချန်အန်အား ဝတ်ဆင်ပေးရန် ပူဆာတော့သည်။ သူမသည် ပန်းတစ်ပွင့်လို ပြုံးလျက် မေးလိုက်သည်။

“ယောက်ျား... ကျွန်မနဲ့ လိုက်ဖက်ရဲ့လားဟင်”

​“အရမ်းလိုက်တာပဲ... ကိုယ်တောင် စိတ်လှုပ်ရှားလာပြီ”

​“ယောက်ျားကလည်း... စိတ်လှုပ်ရှားနေမယ့်အစား လက်တွေ့ပြလိုက်တာက ပိုကောင်းတာပေါ့”

​ဆောင်ဟွာယင်းသည် ပြောပြောဆိုဆိုဖြင့် သူမ၏ခါးမှ ပိုးသားခါးပတ်ကြိုးကို ဖြုတ်လိုက်ပြီး ချန်အန်၏လက်ကို ဆွဲကာ ကုတင်ဆီသို့ ခေါ်ဆောင်သွားတော့သည်။ သူမသည် ချန်အန်အား သူမအပေါ်သို့ အုပ်မိုးစေပြီး သူမ၏ နားသီးလေးထက်က ပန်းရောင်နားကပ်လေးကို ငေးမောကြည့်ရှုခွင့် ပေးလိုက်သည်။

​မကြာမီပင် နားကပ်လေးသည် တုန်ခါလှုပ်ရှားသွားပြီး ဝေဝါးသော အလင်းရောင်တောက်တောက်လေးများ ဖြာထွက်လာခဲ့တော့သည်။

​[ဆေးဖော်စပ်ခြင်းအတွေ့အကြုံ +၄၊ သစ်သားဓာတ် ဝိညာဉ်မြစ်ချင်း အလားအလာ +၄]

​ဆောင်ဟွာယင်း၏ အခန်းထဲမှ ထွက်လာပြီးနောက် ချန်အန်သည် ဝမ်ကျိယန်၏ အခန်းထဲသို့ လှမ်းဝင်ခဲ့သည်။

​ဤအချိန်တွင် ဝမ်ကျိယန်သည် ကုတင်ထက်၌ တင်ပလ္လင်ခွေထိုင်ကာ ကျင့်ကြံနေပြီး၊ သူမ၏သမီးဖြစ်သူ ချန်ယိခဲ့မှာမူ ဘေးနားတွင် လက်သီးသိုင်း ကျင့်နေလေသည်။ ဤမြင်ကွင်းမှာ ယနေ့နံနက်ခင်းက မြင်ကွင်းနှင့် အတိအကျပင် တူညီနေသည်။

​“ယောက်ျား... လက်ဝတ်ရတနာ သွေးလို့ပြီးပြီလား”

​“အမြန်ထုတ်ပြပါဦး”

​ဝမ်ကျိယန်က မစောင့်နိုင်မဆိုင်းနိုင်ဘဲ လောဆော်လိုက်သည်။

​ချန်အန်ကမူ ချက်ချင်းထုတ်မပြသေးဘဲ ကုတင်အနားသို့ လျှောက်သွားကာ ထိုင်လိုက်ပြီး ပြုံးလျက် ပြောသည်။

“ကိုယ့်ကို တစ်ချက်နမ်း... ဒါဆို ထုတ်ပေးမယ်”

​“အိုင်းယား... ရှင်ကတော့လေ... တကယ် စိတ်ပျက်ဖို့ကောင်းတယ်!”

​“နမ်းမှာလား... မနမ်းဘူးလား”

​“မွ..နမ်းပြီးပြီ... အခု စိတ်ကျေနပ်ပြီလား။ အမြန်ထုတ်ပြတော့”

​“ရော့... မင်းလိုချင်တဲ့ ဆံထိုးလေး။ လှရဲ့လား”

​ချန်အန်သည် စိတ်အာရုံတစ်ခုဖြင့် သိုလှောင်အိတ်ထဲမှ ခရမ်းရောင်ဆံထိုးလေးကို ထုတ်ယူကာ ဝမ်ကျိယန်၏ ရှေ့မှောက်သို့ ကမ်းပေးလိုက်သည်။

​ဝမ်ကျိယန်သည် ဆံထိုးလေးကို လှမ်းယူကာ ၎င်းပေါ်ရှိ လက်ရာမြောက်လှသော နှင်းဆီပန်းပွင့်ပုံဖော်ချက်များနှင့် အဆုံးသတ်တွင် တွဲလောင်းဆွဲထားသည့် အရောင်အသွေးစုံလင်သော ပုတီးစေ့လေးများကို ကြည့်ရင်း လက်ကမချနိုင်အောင် သဘောကျနေတော့သည်။

​“ယောက်ျား... ကျွန်မ ဒါလေးပန်ရင် လှမလားဟင်”

​ဝမ်ကျိယန်၏ လှပသော မျက်နှာလေးထက်တွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

​ချန်အန်က ရိုးသားစွာပင် ဆိုလိုက်သည်။ “အတိုင်းထက်အလွန် လှပလွန်းပါတယ်။ လှလွန်းလို့ အခုချက်ချင်းပဲ မင်းနဲ့ ချစ်တင်းနှီးနှောချင်စိတ် ပေါက်လာပြီ”

​“ရှင်ကတော့လေ တော်တော်ဖြစ်နေ။ ပြောလိုက်ရင် ဆယ်ခွန်းမှာ ရှစ်ခွန်းက ချစ်တင်းနှီးနှောဖို့ချည်းပဲ။ တကယ် စိတ်ပျက်ဖို့ကောင်းတယ်!”

​ဝမ်ကျိယန်က မကျေမနပ်ဖြင့် ပြောဆိုလိုက်သည်။

​ချန်အန်ကမူ မကြားချင်ယောင်ဆောင်ကာ ပြုံးလိုက်ပြီး “ကျိယန်... ကိုယ်က မင်းရဲ့ဆံထိုးအမြီးနားမှာ ပုတီးစေ့လေးတွေ အများကြီး သီးသန့်တွဲလောင်းဆွဲပေးထားတာ။ ဒီပုတီးစေ့လေးတွေက ဘာအတွက် သုံးတာလဲဆိုတာ မင်းသိလား”

​“အလှဆင်ဖို့ကလွဲလို့ အခြားဘာသုံးစရာ ရှိဦးမှာလဲ” ဝမ်ကျိယန်က ဝေခွဲမရသည့် ပုံစံဖြင့် မေးခွန်းထုတ်လိုက်သည်။

​ချန်အန်က အလွန်အမင်း အောက်ခြေလွတ်သော ပုံစံဖြင့် ပြောလိုက်သည်။ “ဒီပုတီးစေ့လေးတွေရဲ့ အသုံးဝင်ပုံကတော့... မင်းရဲ့ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါလှုပ်ရှားလာတဲ့အခါ သူတို့တွေကလည်း လိုက်ပြီး လှုပ်ခါလာလိမ့်မယ်။ အဲဒီအခါ အချင်းချင်း ရိုက်ခတ်မိပြီး တူရိယာသံလို ကြွပ်ဆတ်တဲ့ အသံလေးတွေ ထွက်လာလိမ့်မယ်။ အဲဒါက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတာ”

​ဝမ်ကျိယန် ထိုအကြောင်းကို ကြားလိုက်ရသောအခါ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး ချန်အန်ကို ဆူပူလေတော့သည်။ “ရှင် နည်းနည်းလောက် ရိုးရိုးသားသား မနေနိုင်ဘူးလား။ ရှင့်ခေါင်းထဲမှာ ဒီလိုအရာတွေချည်းပဲ ပြည့်နေတယ်။ တကယ် စိတ်အနှောင့်အယှက်ဖြစ်ဖို့ ကောင်းတယ်”

​“အဲဒါတွေကို ဂရုမစိုက်စမ်းပါနဲ့။ ကိုယ် အခုပဲ ဒီဆံထိုးရဲ့ အစွမ်းကို စမ်းသပ်ကြည့်ချင်ပြီ”

​ချန်အန်သည် ပြောပြောဆိုဆိုဖြင့် ဝမ်ကျိယန်၏ ခါးပတ်ကြိုးကို ဆွဲဖြုတ်လိုက်ပြီး သူမနှင့်အတူ ပုတီးစေ့လေးများ ရိုက်ခတ်သံ သာယာမြိန်ရှက်ဖွယ် ထွက်ပေါ်လာမည့် အသံကို နားထောင်ရန် ပြင်လိုက်တော့သည်။

​ဝမ်ကျိယန်ကမူ သူ၏ ပေါင်ကို တဗုန်းဗုန်း ထုရိုက်ကာ ပျာပျာသလဲ ပြောရှာသည်။ “ရှင် အသေစောချင်လို့လား... ဖယ်စမ်းပါ။ ရှင့်သမီးက အခန်းထဲမှာ လက်သီးကျင့်နေတုန်းပဲဥစ္စာ။ ရှင် အလုပ်တစ်ခုခုလုပ်ရင် ပတ်ဝန်းကျင်ကို မငဲ့ကွက်ဘူးလား”

​“ မှန်ပါတယ်။ ကိုယ် သတိလွတ်သွားတယ်”

​ချန်အန်က ပြုံးလျက် ဝမ်ကျိယန်ကို နမ်းလိုက်သည်။

ထို့နောက် ကုတင်ပေါ်မှ ပြုံးပြုံးရွှင်ရွှင် ဆင်းကာ သမီးဖြစ်သူ ချန်ယိခဲ့အနားသို့ လျှောက်သွားပြီး ပြောလိုက်သည်။ “ချန်ယိခဲ့လေး... မကျင့်နဲ့တော့နော်။ မနက်ကတည်းက ကျင့်နေတာ အခုတော့ အိပ်စက်အနားယူရမယ့် အချိန်ရောက်ပြီ။ မဟုတ်ရင် အရပ်ရှည်ဖို့ ခဲယဉ်းလိမ့်မယ်”

​“အော်... ဒါက ဖေဖေ သမီးလေးအတွက် သီးသန့်သွေးပေးထားတဲ့ ကျောက်စိမ်းဆွဲပြားလေးလေ။ သဘောကျရဲ့လား”

​“လာ... ဖေဖေ ဆွဲပေးမယ်နော်”

​အရာအားလုံး ပြီးမြောက်သွားပြီးနောက် ချန်အန်သည် ‘အိပ်မွေ့ချမန္တန်’ ကို အသုံးပြုကာ သမီးဖြစ်သူ ချန်ယိခဲ့အား ချိုသာသော မျက်နှာလေးဖြင့် အိပ်မောကျသွားစေသည်။

ထို့နောက် သူမအား ဘေးရှိ မိမိအခန်းသို့ ပို့ဆောင်ကာ သိပ်လိုက်သည်။

​ထို့နောက်တွင်မူ သူသည် ဝမ်ကျိယန်၏ အခန်းသို့ ပြန်လာခဲ့ပြီး သူမ၏ ကုတင်ပေါ်သို့ မစောင့်နိုင်မဆိုင်းနိုင်ဘဲ လှိမ့်ဝင်သွားတော့သည်။

​မကြာမီပင် ကုတင်ထက်မှ ပုတီးစေ့လေးများ အချင်းချင်း ရိုက်ခတ်မိသံ ကြွပ်ဆတ်ဆတ်လေးများ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ အလွန်သာယာပြီး မိန်းမောစရာ ကောင်းလှပေသည်။

​[မီးဓာတ် ဝိညာဉ်မြစ်ချင်း အလားအလာ +၄] x ၅

​“ရှင်ကတော့ တကယ့်ကို စိတ်စောလွန်းတဲ့ လူပဲ။ ဒီညကျမှ လုပ်မယ်လို့ ကတိပေးထားတာကို... ခဏလေးတောင် မစောင့်နိုင်ဘူးလား”

​ဝမ်ကျိယန်သည် ဝတ်ရုံကို ပြန်လည်ဝတ်ဆင်ရင်း ချန်အန်ကို မျက်စောင်းထိုးလိုက်သည်။

​ချန်အန်ကမူ အခွင့်ကောင်းယူလျက် သူမ၏ နူးညံ့ချောမွေ့သော ခြေသလုံးလေးများကို ပွတ်သပ်ရင်း လိမ်မာပြော့ပျောင်းစွာ ပြောလိုက်သည်။ “ညကျရင်လည်း... ညကျရင်လည်း ကိုယ် မင်းဆီ လာခဲ့ဦးမှာပါ”

​“ရှင် မတော်နိုင်ဘူးလား”

​“အင်းပါ... အဆုံးမရှိနိုင်ဘူး။ ငါ့ရဲ့ယန်လေးက ဒီလောက်အထိ ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှ တရားတွေ ပိုင်ဆိုင်ထားတာကိုး”

​“ကဲပါ... ကဲပါ... ရှင်ကတော့ မြှောက်ပင့် စကားတွေပဲ ပြောတတ်တာ။ ရှင့်ရဲ့ မြှောက်ပင့်စကားတွေကို နားငြီးလှပြီ!”

​ဝမ်ကျိယန်က စိတ်မရှည်သလို ဟန်ဆောင်လိုက်သော်လည်း အမှန်တကယ်တွင်မူ သူမသည် မျှော်လင့်နေမိခြင်း ဖြစ်သည်။ ညအချိန် ရောက်လာတော့မည်ကို တွေးမိရုံနှင့်ပင် သူမအနေဖြင့် ၎င်း၏ အရသာကို မြည်းစမ်းပြီးသကဲ့သို့ ခံစားနေရသည်။

​ဝမ်ကျိယန်၏ အခန်းထဲမှ ထွက်လာပြီးနောက်။

​ချန်အန်သည် မကြာမီပင် ရှန်းချင်းယီ၏ အခန်းသို့ ရောက်ရှိလာခဲ့သည်။

​ဂူရှင်းယွဲ့သည်လည်း ထိုအခန်းထဲတွင် ရှိနေပြီး မြေဓာတ်မန္တန်များနှင့်ပတ်သက်၍ သူမ၏ အတွေ့အကြုံများကို ရှန်းချင်းယီထံတွင် တိုင်ပင်နေခြင်း ဖြစ်သည်။

​ချန်အန် ရောက်လာသည်ကို မြင်သောအခါ ဂူရှင်းယွဲ့သည် ချက်ချင်းပင် မြေလျှိုးမန္တန်ကို အသုံးပြုကာ ထွက်ခွာသွားခဲ့ပြီး သူနှင့် ရှန်းချင်းယီတို့အတွက် နှစ်ယောက်တည်း ကမ္ဘာလေးကို ဖန်တီးပေးခဲ့သည်။

​“ယောက်ျား... ယွဲ့အာရဲ့ သားအိမ်က ဘာလှုပ်ရှားမှုမှ မရှိသေးဘူး။ သူမ ကလေးမမွေးနိုင်တာလားဟင်”

​ချန်အန် ကုတင်နားသို့ လျှောက်သွားကာ မထိုင်ရသေးမီမှာပင် ရှန်းချင်းယီက ရုတ်တရက် မေးမြန်းလိုက်သည်။

​ချန်အန် အနည်းငယ် ဝေခွဲမရ ဖြစ်သွားပြီး “မင်း ဘာလို့ ဒီအကြောင်းကို ရုတ်တရက် မေးရတာလဲ” ဟု မေးလိုက်သည်။

​ရှန်းချင်းယီက သက်ပြင်းချလိုက်ပြီး ဂူရှင်းယွဲ့အတွက် အနည်းငယ် စိတ်မကောင်းဖြစ်ကာ ဆိုသည်။ “ယွဲ့အာက ခုနတင် ကျွန်မကို ရင်ဖွင့်သွားတာလေ။ သူမ ကလေး အမြဲတမ်း မွေးချင်နေတာ... ဒါပေမဲ့ သူမရဲ့ သားအိမ်က အဆင်မပြေဖြစ်နေတယ်လို့ ပြောတယ်”

​“အင်း... သူမရဲ့ ခန္ဓာကိုယ်မှာ တစ်ခုခု အကြောင်းရင်း ရှိနေလို့ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ကိုယ်လည်း အခုထိ အကြောင်းရင်းကို မရှာဖွေနိုင်သေးဘူး။ နောင်ကျရင် ကိုယ့်ရဲ့ ဗဟုသုတတွေ ပိုပြီး ကြွယ်ဝလာတဲ့အခါ ဘာဖြစ်နေတာလဲဆိုတာကို သူမအတွက် ရှာဖွေပေးပါ့မယ်။ ဖြစ်နိုင်တာက ကောင်းကင်မြေကမ္ဘာဂိုဏ်းကို ဝင်ပြီးရင် အဖြေတစ်ခုခု တွေ့နိုင်မလားပေါ့”

​ထိုသို့ပြောပြီးနောက် ချန်အန်က ရှန်းချင်းယီကို ကျီစယ်လိုက်သည်။ “မင်းကိုလည်း ကြည့်ဦး... ယွဲ့အာကျတော့ ကလေးလိုချင်ပေမယ့် မရဘူး။ မင်းကျတော့ မွေးနိုင်ပါလျက်နဲ့ မမွေးချင်ဘူး ငြင်းဆန်နေတယ်၊ တကယ် ဇွတ်တရက်နိုင်တာပဲ”

​ရှန်းချင်းယီက နှုတ်ခမ်းလေး စူလိုက်ပြီး “ကျွန်မ မွေးမှာပေါ့” ဟု ပြောလိုက်သည်။

​“တကယ်လား”

​ချန်အန်၏ မျက်ဝန်းများ တောက်ပသွားသည်။

​“ဟုတ်ကဲ့” ရှန်းချင်းယီက ခေါင်းညိတ်ကာ နူးညံ့စွာ ပြောသည်။ “ဒါပေမဲ့ အခုက အချိန်မကျသေးလို့ပါ။ နောင်တစ်ချိန်ကျရင်တော့ ယောက်ျားအတွက် ကလေး သေချာပေါက် မွေးပေးမှာပါ”

​ချန်အန်က စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။ “ချစ်လှစွာသော ချင်းယီ... ဒါဆို ကိုယ် စောင့်နေမယ်နော်။ အဲဒီကျရင် အနည်းဆုံး ကလေးနှစ်ယောက်တော့ မွေးပေးရမယ် ဟုတ်ပြီလား!”

.......................................................

All Chapters