အခန်း (၁၆၇-၁၆၈)
Vol. 16 Ch. 167-168
အခန်း ၁၆၇- ‘မြေကမ္ဘာဂိုဏ်းထံမှ သတင်းစကား (၃)’
ချန်အန်သည် သမီးဖြစ်သူ၏ လက်ကလေးတစ်ဖက်ကို ဖွဖွလေးဆွဲကိုင်ကာ နူးညံ့စွာ ပြုံးလျက် ဆိုလိုက်သည်။ “လာ... ဖေဖေ ဝတ်ပေးမယ်နော်”
“ဟုတ်!”
ချန်ယုကျန်း၏ အသံလေးမှာ ကြည်လင်ပြတ်သားပြီး နားထောင်လို့ ကောင်းလှပေသည်။
နောင်တစ်ချိန် အရွယ်ရောက်လာသည့်အခါ သူမသည် နူးညံ့ချိုသာသော အသံပိုင်ရှင် မိန်းမလှလေးတစ်ဦး ဖြစ်လာမှာ သေချာသဖြင့် ဘယ်လောက်တောင် အမျိုးသားတွေကို ညှို့ယူဖမ်းစားနိုင်ဦးမည်နည်း။
“ဖေဖေ... ဒီလက်ကောက်လေးက အရမ်းလှတာပဲ!”
ချန်ယုကျန်းသည် သူမလက်ရှိ လက်ကောက်လေးကို ပွတ်သပ်ရင်း မျက်ဝန်းများတွင် မြတ်နိုးမှုများ ပြည့်နှက်နေသည်။
ချန်အန်က သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးကာ ပြုံးလျက် ပြောလိုက်သည်။ “လက်ကောက်လေးက ဒီလောက်တောင် လှနေတာကို သမီးက မိခင်ဆီ သွားမပြတော့ဘူးလား”
“အခုပဲ သွားပြတော့မယ်!”
ချန်ယုကျန်းသည် ပြောပြောဆိုဆိုဖြင့် ဂူရှင်းယွဲ့အား သူမကို ပြန်ချပေးရန် ပူဆာပြီး မီးဖိုချောင်ထဲမှ အပြေးအလွှား ထွက်ခွာသွားတော့သည်။ သူမသည် သူမ၏လက်ကောက်လေးကို မိခင်ဖြစ်သူအား ပြသရန် မစောင့်နိုင်မဆိုင်းနိုင် ဖြစ်နေရှာသည်။
ချန်ယုကျန်း၏ တဖြည်းဖြည်း ပျောက်ကွယ်သွားသော ကျောပြင်လေးကို ကြည့်ရင်း ဂူရှင်းယွဲ့က အားကျအတုယူဖွယ် သက်ပြင်းချလျက် ဆိုလိုက်သည်။
“ယောက်ျား... ကလေးတွေက တကယ်ပဲ ချစ်ဖို့ကောင်းလိုက်တာ”
သူမအနေဖြင့် ချန်ယုကျန်းနှင့် ချန်အိခေါတို့ကို မိမိအရင်းအချာ ကလေးများကဲ့သို့ သဘောထား စောင့်ရှောက်သော်လည်း၊ သူတို့သည် သူမ၏ ဝမ်းနဲ့လွယ်မွေးထားသည့် ကလေးများ မဟုတ်ကြချေ။
သူမအနေဖြင့် ကလေးများကို တစ်ယောက်တည်း ပိုင်ဆိုင်ခွင့်မရှိပေ။
သူမသည် သူမကိုယ်တိုင်နှင့်သာ သက်ဆိုင်သည့် ကလေးတစ်ယောက်ကို အလွန်အမင်း ရရှိချင်နေမိသည်။
ကလေးကို နို့တိုက်ရသည့် ခံစားချက်၊ ကလေးကို ချော့သိပ်ရသည့် ခံစားချက်၊ ကလေး၏ အနှီးလဲပေးရသည့် ခံစားချက် စသည်တို့ကို သူမကိုယ်တိုင် ကြုံတွေ့ချင်နေမိသည်။
အခြားအရာများကိုမူ ချန်ယုကျန်းနှင့် ချန်ယိခဲ့တို့ကို ကူညီစောင့်ရှောက်ပေးစဉ်က ကြုံတွေ့ဖူးသော်လည်း၊ ကလေးကို ကိုယ်တိုင်နို့တိုက်ရသည့် ခံစားချက်ကိုမူ သူမ ဘယ်တုန်းကမှ မကြုံဖူးသေးချေ။
သူမ တကယ့်ကို... တကယ့်ကို ကြုံတွေ့ချင်နေမိသည်။
ချန်အန်သည် အာရုံခံစားမှု ထက်မြက်သူဖြစ်ရာ ဂူရှင်းယွဲ့၏ မျက်ဝန်းထဲက အားကျမလို ဖြစ်နေသည့် အရိပ်အယောင်များကို ရိပ်မိလိုက်သည်။
သူမအား စိတ်ဓာတ် ပို၍မကျဆင်းသွားစေရန်အတွက် သူသည် သိုလှောင်အိတ်ထဲမှ လက်စွပ်တစ်စုံကို ချက်ချင်း ထုတ်ယူကာ သူမ၏ အာရုံကို လွှဲပြောင်းလိုက်တော့သည်။
“ယွဲ့အာ... မင်းလိုချင်တဲ့ လက်စွပ်တစ်စုံကို ကိုယ် သွေးပေးထားပြီးပြီ။ မင်း သဘောကျရဲ့လား”
“ယောက်ျား... ဒီလက်စွပ်လေးတွေက တကယ့်ကို လက်ရာမြောက်ပြီး လှပလွန်းပါတယ်။ ကျွန်မ အရမ်းသဘောကျတယ်!”
ဂူရှင်းယွဲ့သည် ချန်အန်၏ လက်ထဲရှိ နီလာကျောက်ပြာလေးများ စီခြယ်ထားသည့် လက်စွပ်တစ်စုံကို ကြည့်ရင်း မျက်ဝန်းများတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားတော့သည်။
ချန်အန်သည် သူမ၏ လက်ကလေးတစ်ဖက်ကို ညင်သာစွာ ဆွဲကိုင်လိုက်ပြီး နူးညံ့သောအသံဖြင့် ဆိုလိုက်သည်။ “လာ... ကိုယ် ဝတ်ပေးမယ်”
“ကျေးဇူးတင်ပါတယ်”
“ဘာမှမပြောပါနဲ့”
မကြာမီပင် ချန်အန်သည် ဂူရှင်းယွဲ့အား လက်စွပ် ဝတ်ဆင်ပေးလိုက်သည်။
ဂူရှင်းယွဲ့သည် လက်စွပ်ဝတ်ဆင်ထားသည့် ကျောက်စိမ်းကဲ့သို့ ဖြူစင်သော မိမိ၏ လက်ချောင်းလေးကို ခေတ္တမျှ ငေးမောကြည့်ရှု အားရပြီးနောက်၊ ချန်အန်၏ လက်ထဲက ကျန်ရှိနေသေးသည့် အခြားလက်စွပ်တစ်ကွင်းကို လှမ်းယူကာ မျက်ဝန်းများတွင် ချစ်ခြင်းမေတ္တာများ ပြည့်နှက်လျက် ပြောလိုက်သည်။
“ယောက်ျညး.. ကျွန်မလည်း ယောက်ျားကို ပြန်ဝတ်ပေးမယ်နော်”
“ကောင်းပါပြီ”
ခဏအကြာတွင် လက်စွပ် ဝတ်ဆင်ခြင်း ကိစ္စ ပြီးမြောက်သွားခဲ့သည်။
ချန်အန်သည် စိတ်အာရုံတစ်ခုဖြင့် မီးဖိုချောင်တံခါးကို ပိတ်လိုက်သည်။
ဂူရှင်းယွဲ့သည်လည်း ဆိတ်ဆိတ်ပင် နားလည်သဘောပေါက်သွားပြီး လှည့်၍ ခန္ဓာကိုယ်ကို အနည်းငယ် ကုန်းလိုက်ရင်း လက်နှစ်ဖက်ကို မီးဖိုချောင်ခုံပေါ်သို့ ထောက်လိုက်သည်။ အရာအားလုံးမှာ အလွန် သဘာဝကျလွန်းလှပေသည်။
[စိတ်ဝိညာဉ်အာရုံ +၄] x ၆
အချိန်မည်မျှ ကုန်လွန်သွားသည်ကို မသိရဘဲ၊ မီးဖိုချောင်ထဲမှ ဂူရှင်းယွဲ့၏ အသံလေး ထွက်ပေါ်လာခဲ့သည်။
“ယောက်ျား... ဟင်းတွေ ကျက်ပြီ။ ဧည့်ခန်းထဲကို သွားသယ်ကြစို့”
“ကောင်းပါပြီ”
ချန်အန်သည် ဂူရှင်းယွဲ့၏ နှုတ်ခမ်းထောင့်စွန်းလေးများကို သုတ်ပေးလိုက်သည်။ ထို့နောက် ဟင်းပန်းကန်များကို သယ်ဆောင်ကာ သူမနှင့်အတူ မီးဖိုချောင်ထဲမှ ထွက်လာခဲ့တော့သည်။
ဧည့်ခန်းအတွင်း။
ထမင်းစားပွဲ၌။
ခုနစ်ယောက်သော မိသားစုဝင်များသည် ပျော်ရွှင်ချမ်းမြေ့စွာ ညစာ သုံးဆောင်နေကြသည်။
ဤထမင်းဝိုင်းတွင် ပင်မဟင်းလျာမှာ ပျားရည်သခွားသီးသုပ် ဖြစ်လာခဲ့သည်။
ပန်းကန်ပြား စုစုပေါင်း သုံးပန်းကန်အထိပင် ရှိသည်။
မတတ်နိုင်ချေ။ နေ့လယ်စာတုန်းက ပျားရည်သခွားသီးမှာ လုံလောက်မှု မရှိခဲ့ပေ။
လူတိုင်းမှာ အဝမစားခဲ့ရသဖြင့် အခုထိ တောင့်တနေကြဆဲ ဖြစ်သည်။
တစ်နာရီခန့် ကြာပြီးနောက်။
အစာများကို အငမ်းမရ စားသုံးနေဆဲဖြစ်သော ချန်အိခေါမှလွဲ၍ ကျန်ရှိသူများအားလုံးမှာ ဗိုက်ပြည့်သွားကြပြီ ဖြစ်သည်။
“ယောက်ျား.. မြေကမ္ဘာဂိုဏ်းဆီက သတင်း ဘာမှမကြားရသေးဘူးလားဟင်”
ဝမ်ကျိယန်က ချန်အန်ကို ကြည့်ကာ မေးမြန်းလိုက်သည်။
ချန်အန်က ခေါင်းခါလိုက်ပြီး ဆိုသည်။
“လောလောဆယ်တော့ ဘာသတင်းမှ မရှိသေးဘူး။ နည်းနည်း နောက်ကျဦးမယ် ထင်တယ်။ ဖြစ်နိုင်တာက မြေကမ္ဘာဂိုဏ်းရဲ့ ဆေးဖော်စပ်ခြင်းခန်းမက လူတွေက ပိုပြီး အလုပ်ရှုပ်နေလို့ ဖြစ်လိမ့်မယ်”
“အဲဒါလည်း ဟုတ်တာပဲ”
ဝမ်ကျိယန်က နားလည်သဘောပေါက်သည့် ပုံစံဖြင့် ခေါင်းညိတ်လိုက်သည်။
ထို့နောက်တွင်မူ ဆောင်ဟွာယင်းက ဝင်ရောက်မေးမြန်းရန် အလှည့်ရောက်လာသည်။
“ယောက်ျား... အကယ်၍ မြေကမ္ဘာဂိုဏ်းကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ရင်၊ ကျွန်မတို့ ခုနစ်ယောက်လုံး တကယ်ပဲ အဲဒီကို ပြောင်းရွှေ့နေထိုင်လို့ ရမှာလားဟင်”
ချန်အန် မဖြေကြားနိုင်မီမှာပင် မျက်နှာချင်းဆိုင်ရှိ ရှန်းချင်းယီက ဝင်ရောက်ဖြေကြားပေးလိုက်သည်။
“အဲဒါက တကယ်ပဲ။ မြေကမ္ဘာဂိုဏ်းလို ဂိုဏ်းကြီးမျိုးက ဂိုဏ်းသားဖြစ်သူ ဘယ်သူမဆို မိမိရဲ့ မိသားစုဝင်တွေကို ခေါ်ဆောင်ပြီး အဲဒီမှာ နေထိုင်ခွင့် ပေးထားတာ။”
“နောက်ဆုံးတော့ ဒီလို ဂိုဏ်းကြီးမျိုးက နယ်မြေအကျယ်အဝန်း အလွန်ကျယ်ပြောတာ။ နေထိုင်စရာ မြေနေရာ မရှိမှာကို စိုးရိမ်စရာ မလိုဘူး”
“ပြီးတော့ အဓိကအချက်က မိသားစုဝင်တွေ အားလုံး မြေကမ္ဘာဂိုဏ်းထဲမှာ နေထိုင်ခြင်းက တစ်ဖက်တစ်လမ်းကနေ ဂိုဏ်းသားတွေ အချင်းချင်း သစ္စာဖောက်တာကို တားဆီးပေးနိုင်တယ်။”
“ဘာဖြစ်လို့လဲဆိုတော့ မိသားစုဝင်တွေ ရှိနေရင် မင်းမှာ စိုးရိမ်ပူပန်စရာတွေ ရှိနေလို့ပဲ။ ဂိုဏ်းကို သစ္စာဖောက်ဖို့ မက်မောမှုတွေကို မတွန်းလှန်နိုင်တဲ့ လူအများစုဟာ ပုံမှန်အားဖြင့် သူတို့ရဲ့ မိသားစုကို ထည့်သွင်းစဉ်းစားပြီးတဲ့နောက် ဤအကြံအစည်တွေကို ရပ်တန့်သွားလေ့ ရှိကြတယ်”
ရှန်းချင်းယီသည် သူမ၏ ကျင့်ကြံသူ ညီမသုံးဦးကို ရှင်းပြလိုက်သည်။
ထိုအထဲတွင် ဆောင်ဟွာယင်းနှင့် ဂူရှင်းယွဲ့တို့မှာ ဤအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
ရှန်းချင်းယီ၏ စကားကို ကြားရပြီးနောက် ၎င်းတို့နှစ်ဦးမှာ ချက်ချင်းပင် စိတ်သက်သာရာ ရသွားတော့သည်။
ထမင်းစားပွဲကို သိမ်းဆည်းပြီးနောက်။
ဧည့်ခန်းထဲရှိ ခုနစ်ယောက်သော မိသားစုဝင်များသည် မိမိတို့အလုပ်နှင့်မိမိတို့ အလျင်အမြန် အလုပ်ရှုပ်သွားကြသည်။
ဆောင်ဟွာယင်းသည် သူမ၏ သမီးဖြစ်သူ ချန်ယုကျန်းအား အခန်းထဲသို့ ခေါ်သွားကာ ပုံမှန်အတိုင်းပင် စောင်းတီးခြင်း၊ စစ်တုရင်ကစားခြင်း၊ စာပေလေ့လာခြင်းနှင့် ပန်းချီဆွဲခြင်း အတတ်ပညာများကို သင်ကြားပေးနေသည်။
သမီးဖြစ်သူမှာ ကလေးငယ်တစ်ဦးသာ ဖြစ်သဖြင့် ငြင်းဆန်ပိုင်ခွင့် မရှိဘဲ သင်ကြားမှုကို ခံယူနေရရှာသည်။
ဂူရှင်းယွဲ့မှာမူ ပုံမှန်အတိုင်းပင် ရှန်းချင်းယီထံ သွားကာ ကျင့်ကြံခြင်းနှင့်ပတ်သက်၍ မေးမြန်းနေသည်။ ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ညီအစ်မ ဆက်ဆံရေးမှသည် ဆရာနှင့် တပည့် ဆက်ဆံရေးအသွင်သို့ ပြောင်းလဲလုမတတ် ဖြစ်နေသည်။
ဝမ်ကျိယန်သည် ယာယီဆေးဖော်ခန်းသို့ သွားကာ ဆေးဖော်စပ်ခြင်း အတတ်ပညာကို အာရုံစိုက် လေ့လာနေသည်။
သူမ၏ သမီးဖြစ်သူ ချန်ယိခဲ့မှာမူ အခန်းထဲ၌ ဂူနံရံကို လက်သီးဖြင့် တဗုန်းဗုန်း ထုရိုက်ကာ သူမ၏ လက်သီးသိုင်းကို ကြိုးစားပမ်းစား လေ့ကျင့်နေလေသည်။
ချန်အန်ကမူ မြေကမ္ဘာဂိုဏ်း၏ ကိစ္စကိုသာ တွေးတောနေမိပြီး ဆရာထျန်းမိမိထံ ဆက်သွယ်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည်။
ထိုအရာမတိုင်မီ အခြားအရာများကိုမူ သူ စိတ်မပါဝင်စားနိုင်ချေ။
ရုတ်တရက်
သူ၏ သိုလှောင်အိတ်ထဲရှိ အသံလွှင့်အဆောင်လက်ဖွဲ့ လေး လှုပ်ရှားသွားခဲ့သည်။
ချန်အန်သည် ချက်ချင်းပင် စိတ်အားတက်ကြွသွားပြီး ကုလားထိုင်မှ ထရပ်လိုက်သည်။
ထို့နောက် စိတ်အာရုံတစ်ခုဖြင့် အသံလွှင့်အဆောင်လက်ဖွဲ့ကို ထုတ်ယူလိုက်သည်။
သို့သော်လည်း ၎င်းကို ဖွင့်ကြည့်လိုက်သည့်အခါ ၎င်းမှာ မြေကမ္ဘာဂိုဏ်းထံမှ လာသည့် သတင်းစကား မဟုတ်ဘဲ၊ ဆေးဖော်ခန်းထဲရှိ ဝမ်ကျိယန်ထံမှ လာသည့် အသံလွှင့်သတင်းစကား ဖြစ်နေသည်ကို ကြားလိုက်ရလေတော့သည်။
...............................................................
အခန်း ၁၆၈- ‘မြေကမ္ဘာဂိုဏ်းထံမှ သတင်းစကား (၄)’
“ယောက်ျား... ကျွန်မ အားဖြည့်ဆေးလုံးဖော်စပ်နည်းကို လေ့လာနေတာ၊ ဒါပေမဲ့ နားမလည်တာတွေ အများကြီး ရှိနေလို့။ မီးဖိုချောင်ဘက် ခဏလောက်လာပြီး ကူညီပေးလို့ရမလားဟင်”
“ရတာပေါ့... အခုပဲ လာခဲ့မယ်နော်”
ချန်အန်သည် ထိုသို့ပြန်ပြောပြီးနောက် ဆေးဖော်ခန်းဆီသို့ လျှောက်လှမ်းခဲ့သည်။ ထိုအသံလွှင့်သတင်းစကားမှာ မြေကမ္ဘာဂိုဏ်းထံမှ မဟုတ်ဘဲ ဝမ်ကျိယန်ထံမှ ဖြစ်နေသဖြင့် သူ အနည်းငယ် နှမြောတသ ဖြစ်မိသွားသည်။
ခဏအကြာတွင် သူသည် ဆေးဖော်ခန်းထဲသို့ လှမ်းဝင်လိုက်သည်။
ချန်အန်သည် အောက်ခြေတွင် မီးတောက်နေသော ဆေးဖော်အိုးရှေ့၌ ထိုင်လျက်၊ လက်ထဲရှိ အခြေခံဆေးဖော်စပ်နည်းလမ်းညွှန်ကို အာရုံစိုက်ဖတ်ရှုနေသည့် ဝမ်ကျိယန်ကို မြင်တွေ့လိုက်ရသည်။
“ယောက်ျား... ဆေးဖော်ရတာ တကယ်ခက်တာပဲ။ ကျွန်မ နားမလည်နိုင်တဲ့ အရာတွေ အများကြီးပဲ”
ချန်အန် လျှောက်လာသည်ကို မြင်သောအခါ ဝမ်ကျိယန်သည် စိတ်ပျက်အားလျော့နေသော မျက်နှာပေးဖြင့် သူ့ကို ရင်ဖွင့်ညည်းတွားတော့သည်။
သူမသည် မိမိကိုယ်ကိုယ် အုံ့ပုန်းဉာဏ် အတော်အတန်ကောင်းသည်ဟု အမြဲထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း လက်ရှိ ဆေးဖော်စပ်ခြင်းကို လေ့လာနေရသည့် အခြေအနေအရ ကြည့်ရလျှင်မူ ထိုသို့ ဟုတ်ပုံမပေါ်တော့ချေ။
ချန်အန်သည် ကုလားထိုင်တစ်လုံးကို ဆွဲယူကာ သူမ၏ဘေးတွင် ထိုင်လိုက်ပြီး၊ သူမအား မိမိ၏ပေါင်ပေါ်သို့ ဆွဲတင်ပွေ့ဖက်ရင်း တည်ငြိမ်စွာ ဆိုလိုက်သည်။
“ကျိယန်... လောကမှာ ကဏ္ဍအလိုက် ကျွမ်းကျင်မှုချင်း မတူကြပါဘူး။ လူတိုင်းမှာလည်း ကိုယ်စီအားသာချက်တွေ ရှိကြတာပဲမို့လို့ ဒီလောက်အထိ စိတ်ဓာတ်ကျမနေပါနဲ့”
“ပြီးတော့ ဒါက နှေးတယ်လို့လည်း မဆိုနိုင်ပါဘူး။ ရက်ပိုင်းလေးအတွင်းမှာတင် မင်းက ဆေးမီးကို ထိန်းချုပ်တတ်နေပြီပဲဥစ္စာ။ ကိုယ် အရင်က စတင်လေ့လာခဲ့တဲ့ အချိန်နဲ့ယှဉ်ရင် မင်းက အများကြီး ပိုတော်ပါတယ်”
“ယောက်ျားက ကျွန်မကို သက်သက်မဲ့ ချော့ပြောနေတာမလား”
ချန်အန်သည် ဆေးဖော်စပ်ခြင်းကို စတင်လေ့လာစဉ်က သူမထက် ပို၍ ညံ့ဖျင်းခဲ့လိမ့်မည်ဟူသော စကားကို ဝမ်ကျိယန် မယုံကြည်ပေ။
သူမ၏ ခင်ပွန်းသည်မှာ ယခုအခါ အဆင့် ၃ ဆေးဖော်စပ်သူတစ်ဦး ဖြစ်နေသည်ကို လူတိုင်း သိကြသည်။
အဆင့် ၃ ဆေးဖော်စပ်သူဟူသည်မှာ မည်မျှအထိ အဆင့်မြင့်သနည်း။
၎င်းမှာ ရွှေအမြုတေအဆင့်ကျင့်ကြံသူများထက်ပင် ပိုမို ရှားပါးလှသည့် တည်ရှိမှုမျိုး မဟုတ်ပါလော။
သူက ဘယ်လိုလုပ် ကျွန်မထက် ပိုပြီး အလေ့လာနှေးရမှာလဲ။
ချန်အန်သည် မိမိအား စိတ်သက်သာရာရစေရန်အတွက် စေတနာရှေ့ထားကာ လိမ်ညာနှစ်သိမ့်ပေးနေခြင်းဖြစ်ကြောင်း ဝမ်ကျိယန် ကောင်းကောင်းရိပ်မိသည်။
စင်စစ်အားဖြင့်မူ ချန်အန် စတင်လေ့လာစဉ်က ဆေးဖော်စပ်ခြင်း ထိရောက်မှု အပါအဝင် အဖက်ဖက်မှ လက်ရှိ ဝမ်ကျိယန်ကို မမှီခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
သူသည် ယခုကဲ့သို့ အဆင့် ၃ ဆေးဖော်စပ်သူ ဖြစ်လာနိုင်ခြင်းမှာ စနစ်၏ ကူညီစောင့်ရှောက်မှုများအပြင်၊ ဆောင်ဟွာယင်း၏ ပူးပေါင်းကူညီမှုများကြောင့်လည်း ပါဝင်ပေသည်။
“ယောက်ျား.. ကျွန်မ အားဖြည့်ဆေးလုံးတွေကို ဘယ်လိုဖော်စပ်ရမလဲဆိုတာ သေချာတတ်ချင်တယ်။ ဒါမှ နောင်ကျရင် ကလေးနှစ်ယောက် စားသုံးဖို့အတွက် ပိုပြီး ဖော်စပ်ပေးနိုင်မှာ။ သူတို့ရဲ့ ခန္ဓာကိုယ်ထဲကို ဝိညာဉ်စွမ်းအင်တွေ စုပ်ယူတဲ့ ကာလရှည်ကြီးကို တိုတောင်းသွားစေချင်လို့ပါ၊ ဒါပေမဲ့ ကျွန်မ အကြိမ်ကြိမ် ကျရှုံးနေရတယ်”
ဝမ်ကျိယန်က စိုးရိမ်ပူပန်သော မျက်နှာပေးဖြင့် ပြောဆိုလိုက်သည်။
ချန်အန်သည် သူမအား မြတ်မြတ်နိုးနိုး ဖက်တွယ်ထားပြီး သူ၏ မေးစေ့ကို သူမ၏ ပခုံးထက်သို့ တင်လျက် နူးညံ့စွာ ဆိုသည်။ “ကိစ္စမရှိပါဘူး... ကိုယ် သင်ပေးပါ့မယ်။ အလွန်ဆုံး တစ်လမပြည့်မီ အချိန်အတွင်းမှာ မင်း ဒါကို ကျွမ်းကျင်သွားစေရမယ်လို့ ကိုယ် ကတိပေးပါတယ်”
ထို့နောက် လင်မယားနှစ်ဦးသည် ဆေးဖော်ခန်းထဲ၌ အတူရှိနေရင်း အားဖြည့်ဆေးလုံးများကို စတင် ဖော်စပ်ကြတော့သည်။
ချန်အန်သည် ဝမ်ကျိယန်အား စိတ်ရှည်လက်ရှည်ဖြင့် လက်တွေ့ပြသကာ တစ်ဆင့်ချင်းစီ သေသေချာချာ သင်ကြားပေးခဲ့သည်။
ဝမ်ကျိယန်ကလည်း အထူးပင် အာရုံစိုက် အားထုတ်ရှာသည်။
ဆေးဖော်အိုးအောက်က ဆေးမီးသည် အဆက်မပြတ် တောက်လောင်နေခဲ့သည်။
တဖြည်းဖြည်းနှင့်ပင် ဤကျဉ်းမြောင်းလှသော ယာယီဆေးဖော်ခန်းအတွင်းရှိ အပူချိန်မှာ သည်းခံနိုင်စွမ်းထက် ကျော်လွန်လာခဲ့တော့သည်။
ပူလွန်းလှသဖြင့် လင်မယားနှစ်ဦးစလုံးမှာ ချွေးဒီးဒီး ကျလာကြသည်။
မသေမျိုး ကျင့်ကြံသူများပင် ဖြစ်လင့်ကစား ဤဆေးမီးမှ ထွက်ပေါ်လာသည့် အပူရှိန်ကို ရေရှည် မခံနိုင်ကြချေ။
“ယောက်ျား.. အရမ်းပူတာပဲ”
ဝမ်ကျိယန်သည် နဖူးမှ ချွေးများကို သုတ်ရင်း နေရခက်သော လေသံဖြင့် ဆိုလိုက်သည်။
ချန်အန်က သူမ၏ ချွေးစိုနေသော ဆံပင်လေးများကို သပ်တင်ပေးရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ “ပူရင် အဝတ်အစားတွေ ချွတ်လိုက်လေ။ အဲဒါဆို ပိုပြီး အေးသွားလိမ့်မယ်”
“ဒါနဲ့ နေပါဦး... ရှင့်ဆီမှာ ရေခဲကျောက်စိမ်းဆေးလုံး ရှိတယ်မဟုတ်လား။ အပူချိန်လျှော့ချဖို့ အမြန်ထုတ်ပေးပါဦး” ဝမ်ကျိယန်က အင်္ကျီကြယ်သီးများကို ဖြုတ်ရင်း ပြောလိုက်သည်။
“ရေခဲကျောက်စိမ်းဆေးလုံးက ဆေးမီးကြောင့်ဖြစ်တဲ့ အပူရှိန်ကို မကာကွယ်နိုင်ဘူး။ ကိုယ့်စကားကိုပဲ နားထောင်ပြီး အဝတ်တွေ ချွတ်လိုက်ပါ”
“ရှင်ကတော့လေ တကယ် ရမ္မက်ကြီးတာပဲ။ ရှင့်စိတ်ထဲမှာ ကျွန်မ အဝတ်ဗလာဖြစ်တာကိုပဲ မြင်ချင်နေတာ မဟုတ်လား”
ဝမ်ကျိယန်က ကိစ္စကို အကဲခတ်မိသွားပြီး ခင်ပွန်းဖြစ်သူ၏ အကြံအစည်ကို ကွင်းကွင်းကွက်ကွက် မြင်သာအောင် ထောက်ပြလိုက်သည်။ သူသည် အခွင့်ကောင်းယူရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း သူမ ကောင်းကောင်းသိသည်။
ချန်အန်ကမူ လုံးဝ ပျာယာခတ်မသွားပေ။ မည်သို့ပင်ဖြစ်စေ အဆုံးသတ် ဆုံးဖြတ်ပိုင်ခွင့်မှာ သူ၏ လက်ထဲ၌သာ ရှိနေသည် မဟုတ်ပါလော။
ထို့ကြောင့် သူသည် အပြန်အလှန် လေးစားမှုရှိသည့် သဘောအဖြစ် မိမိ၏ အဝတ်အစားများကို အရင်ဆုံး စတင်ချွတ်ပစ်လိုက်သည်။ လက်အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် သူ၏ ချွေးစိုနေသော အဝတ်အစားများကို ဖယ်ရှားလိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး အဝတ်ဗလာ ဖြစ်သွားခဲ့သည်။
ထို့နောက် သူက မေးလိုက်သည်။ “ကျိယန်... မင်းကော ဘာလို့ အဝတ်တွေ မချွတ်သေးတာလဲ”
“ကျွန်မ မချွတ်ဘူး”
“ချွတ်လိုက်ပါ... အရမ်းပူနေတာကို”
“မချွတ်ပါဘူး။ အကယ်၍ ကျွန်မ ချွတ်လိုက်ရင် ရှင့်ရဲ့ လှည့်ကွက်ထဲမှာ အပေါစား အလိမ်ခံလိုက်ရတဲ့ လူအူကြောင်ကြောင်တစ်ယောက်လို ခံစားရမှာ”
“ကိုယ် မင်းကို မလိမ်ပါဘူး”
“ရှင့်စကားကို ယုံမိရင်တော့ ကျွန်မ စိတ်ရူးပေါက်သွားလို့ပဲ ဖြစ်ရမယ်”
“တကယ်ပြောတာပါ... ကိုယ် မင်းကို လိမ်ရင် ခွေးဖြစ်ပါစေရဲ့”
အဆုံးသတ်တွင်မူ ဝမ်ကျိယန်သည် စည်းရုံးခြင်းကို ခံလိုက်ရရှာသည်။ သူမသည် စေးကပ်နေသော အဝတ်အစားများကို တစ်ဝက်တစ်ပျက် တွန်းဖယ်ကာ ချွတ်ပစ်လိုက်ရာ၊ ဖြူစင်နူးညံ့ပြီး လက်ရာမြောက်လှသော ခန္ဓာကိုယ်အလှ တရားများ ပေါ်ပေါက်လာခဲ့တော့သည်။
ချန်အန်သည် တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့်ပင် ရင်ထဲ၌ ပေါက်ကွဲထွက်လုမတတ် ခံစားလိုက်ရပြီး၊ ခေါင်းတစ်ခုလုံး နွားသိုးတစ်ကောင်ကဲ့သို့ ကြီးမားသွားကာ ထုံမွှမ်းသွားရသည်။
“ဘာတွေ စိုက်ကြည့်နေတာလဲ။ ကျွန်မကို ဆေးဖော်စပ်နည်း အမြန်သင်ပေးတော့လေ!”
ဝမ်ကျိယန်သည် ခင်ပွန်းဖြစ်သူ၏ ရမ္မက်ဇောကြွနေသော မျက်လုံးများကို မကြည့်ရဲတော့သဖြင့် သူ့ကို မျက်စောင်းထိုးကာ လောဆော်လိုက်သည်။
ချန်အန်သည် တစ်ကိုယ်လုံး ပူလောင်လာပြီး ဆိုလိုက်သည်။ “အခုပဲ သင်ပေးတော့မယ်။ မင်းကို ဆေးဖော်စပ်ခြင်း အတွေ့အကြုံတွေ အများကြီး ရရှိစေရမယ်”
[မီးဓာတ် ဝိညာဉ်မြစ်ချင်း အလားအလာ +၄] x ၁၈
“တီ! တီ! တီ!”
“တီ!”
“ကျွန်မ ဆက်ပြီး မခံစားနိုင်တော့ဘူး။ အရမ်းပူတာပဲ... ချွေးတွေလည်း အဆက်မပြတ် ထွက်နေတယ်”
“ကျွန်မ ခန္ဓာကိုယ်ထဲက ရေဓာတ်တွေအကုန် ခမ်းခြောက်သွားသလိုပဲ။ ရေသွားသောက်တော့မယ်... ရှင်ပဲ ဒီမှာ တစ်ယောက်တည်း ကျန်ခဲ့တော့!”
ဝမ်ကျိယန်သည် မြေပြင်ပေါ်က ချွေးစိုနေသော အဝတ်များကို ကောက်ယူကာ အမြန်ဝတ်ဆင်ပြီးနောက် ဆေးဖော်ခန်းထဲမှ သုတ်ခြေတင် ထွက်ခွာသွားတော့သည်။
သူမသည် မူလက ချန်အန်အား ဆေးဖော်စပ်နည်း သင်ကြားပေးရန် ခေါ်ခဲ့ခြင်း ဖြစ်သော်လည်း၊ ချန်အန်မှာမူ သင်ကြားရန် စိတ်မပါဘဲ အခန်းတွင်းကျင့်စဉ် ကိစ္စများကိုသာ စတင်လုပ်ဆောင်ခဲ့သဖြင့် သူမ ရင်ထဲ၌ အနည်းငယ် မကျေမနပ် ဖြစ်သွားရသည်။
ချန်အန်သည် ဆေးမီးကို ငြှိမ်းသတ်လိုက်ပြီး သန့်စင်ခြင်းအဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူကာ ကျဉ်းမြောင်းသော ဆေးဖော်ခန်းကို သန့်ရှင်းရေး လုပ်လိုက်သည်။
သူ ပြင်ပသို့ထွက်၍ ရေသွားသောက်ရန် ပြင်လိုက်စဉ်မှာပင်၊ သူ၏ သိုလှောင်အိတ်ထဲရှိ အသံလွှင့်အဆောင်လက်ဖွဲ့လေးက ရုတ်တရက် တုန်ခါသွားခဲ့သည်။
သူသည် အသံလွှင့်အဆောင်လက်ဖွဲ့ကို အလျင်အမြန် ထုတ်ယူလိုက်ပြီး အတွင်းမှ သတင်းစကားကို ဖွင့်လှစ် နားထောင်လိုက်တော့သည်။
“ဆေးဖော်စပ်သူ ချန်... ငါကဆရာထျန်းပါ။ မင်းရဲ့ ကိုယ်ရေးအချက်အလက်တွေကို ငါ ဆေးဖော်စပ်ခြင်းခန်းမဆီကို အကြောင်းကြားပေးပြီးပါပြီ”
“ဆေးဖော်စပ်ခြင်းခန်းမက ငါ့ကို ပြန်လည်အကြောင်းပြန်တာကတော့... သူတို့တွေဟာ နောက်ထပ် မကြာမီ နှစ်ဝက်အကြာမှာ အများပြည်သူဆိုင်ရာ ဂိုဏ်းဝင်ခွင့် စာမေးပွဲတစ်ခုကို ကျင်းပမှာဖြစ်ပြီး၊ မင်းကို အဲဒီမှာ ဝင်ရောက်ဖြေဆိုဖို့ တောင်းဆိုထားပါတယ်”
“အကယ်၍ မင်း စာမေးပွဲ အောင်မြင်ခဲ့မယ်ဆိုရင် မြေကမ္ဘာဂိုဏ်းကို တိုက်ရိုက် ဝင်ရောက်နိုင်မှာဖြစ်ပြီး ဆေးဖော်စပ်ခြင်းခန်းမရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာမှာပါ”
ခြောက်လအကြာမှလား။
ချန်အန်သည် ဤသတင်းစကားကို ကြားလိုက်ရသည့်အခါ စိတ်ပျက်စရာ သတင်းဆိုးတစ်ခုကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
မကြာမီပင် သူက အသံလွှင့်သတင်းစကား ပြန်လည်ပေးပို့ကာ မေးမြန်းလိုက်သည်။ “ဆရာထျန်း... ဒီစာမေးပွဲက ဘာအကြောင်းအရာတွေကို စစ်ဆေးမှာလဲဆိုတာ ဆရာ သိပါသလားဟင်”
ဆဆရာထျန်းက ပြန်လည်ဖြေကြားသည်။
“ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ဆေးဖော်စပ်ခြင်းဆိုင်ရာ ဗဟုသုတတွေ၊ ဆေးဖော်စပ်ခြင်း အတတ်ပညာတွေ စတာတွေကိုပဲ စစ်ဆေးမှာပါ။ အဲဒီလောက်ပါပဲ”
ထိုသို့ပြောပြီးနောက် သူက ထပ်လောင်းဆိုသည်။ “ဩော်... ဒါနဲ့ ဆေးဖော်စပ်သူ ချန်၊ မင်းက အဆင့် ၃ ဆေးဖော်စပ်သူတစ်ဦး မဟုတ်လား။ အဲဒီအချိန်ကျရင် မင်းအနေနဲ့ အဆင့်သုံး ဆေးလုံးတွေကို ဘယ်နှစ်မျိုးအထိ ဖော်စပ်နိုင်မလဲဆိုတာကို စစ်ဆေးလိမ့်မယ်”
“မင်း တတ်မြောက်ထားတဲ့ အရေအတွက် ပိုများလေလေ၊ ရရှိမယ့် အကဲဖြတ်မှု အဆင့်အတန်းက ပိုပြီး မြင့်မားလေလေ ဖြစ်လိမ့်မယ်”
“ဆေးဖော်စပ်သူ ချန်... မင်းအနေနဲ့ လက်ရှိ ရှိနေသေးတဲ့ ခြောက်လတာ အချိန်ကာလကို အခွင့်ကောင်းယူပြီး အဆင့် ၃ ဆေးလုံးတွေ ဖော်စပ်ခြင်းအကြောင်းကို ပိုပြီး ပြင်ဆင်လေ့လာထားလို့ ရတာပေါ့”
“ကောင်းပါပြီ... ကျွန်တော် နားလည်ပါပြီ။ အခုလို သတိပေးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ဆရာထျန်း”
ရိုးရှင်းသော စကားအချို့ ပြောဆိုပြီးနောက် ဤဆက်သွယ်မှုမှာ ပြီးဆုံးသွားခဲ့သည်။
ချန်အန်သည် လာမည့် ခြောက်လအတွင်း ငွေကြေး ပိုမိုရှာဖွေရမည်ဟု တွေးတောမိလိုက်သည်။ ထို့နောက် သူသည် ကုန်သွယ်ရေးသို့သို့ သွားရောက်ကာ အဆင့် ၃ ဆေးလုံးဖော်စပ်နည်း ဖော်မြူလာမျိုးစုံကို ဝယ်ယူပြီး လေ့လာဖော်စပ်ရပေလိမ့်မည်။
မြေကမ္ဘာဂိုဏ်း၏ ဆေးဖော်စပ်ခြင်းခန်းမသို့ ဝင်ရောက်မည့်ကိစ္စမှာ... အောင်မြင်ရုံမှတစ်ပါး ကျရှုံး၍ လုံးဝ မဖြစ်နိုင်ချေ!
........................................................