အခန်း (၁၄၇၈-၁၄၈၀)
Vol. 100 Ch. 1478-1480
အခန်း ၁၄၇၈ ကံဆိုးမိုးမှောင်ကျနေသော Microsoft
ဖုန်းယွီတစ်ယောက် နိုင်ငံတော်သို့ ပြန်ရန် ပြင်ဆင်နေစဉ်မှာပင် အမေရိက ဘက်၌ ရုတ်တရက် ကိစ္စကြီးတစ်ခု ပေါ်ပေါက်လာခဲ့ရာ ဤကိစ္စရပ်က ကမ္ဘာတစ်ဝန်းလုံး၏ အာရုံစိုက်မှုကို အမေရိကထံသို့ တစ်ဖန် ပြန်လည် စုစည်းရောက်ရှိသွားစေခဲ့သည်။
Microsoft ၏ VISTA စနစ်သည် ၎င်းတို့ ကြွေးကြော်ထားသည့် ပိုမိုလုံခြုံသော စနစ်ဆိုသည်မှာလည်း ဟာကွက်များစွာ ရှိနေပြီး လုံးဝ တောင့်ခံနိုင်စွမ်း မရှိကြောင်း အတည်ပြုခံလိုက်ရသည်။
အမေရိကမှ အထက်တန်းကျောင်းသား အနည်းငယ်သည် အင်တာနက် ဟက်ကာ ပညာရပ်များကို လေ့လာကာ ယခင်က WIN2000 ၏ ဟာကွက်များကို တိုက်ခိုက်ရန် ရည်ရွယ်ထားသော Trojan တစ်ခုကို ဒေါင်းလုဒ်ဆွဲပြီးနောက် အနည်းငယ်မျှ ပြုပြင်မွမ်းမံလိုက်ရုံဖြင့် VISTA ၏ အင်တာနက်လုံခြုံရေးတံတိုင်းကို အလွယ်တကူပင် ဖောက်ထွင်းသွားနိုင်ခဲ့ကြပြီး ၎င်းတို့က ဤအောင်ပွဲရလဒ်ကို အင်တာနက်ပေါ်တွင် အလွန်တရာ ဝင့်ကြွားစွာ တင်လိုက်ကြရာ လျင်မြန်စွာပင် အများအပြား ပြန်လည် ဖြန့်ဝေခံရပြီး အင်တာနက်ကွန်ရက် တစ်ခုလုံးတွင် ရေပန်းစားသွားခဲ့သည်။
"ဒီကိစ္စက ကျွန်တော်တို့ လုပ်လိုက်တာ မဟုတ်ဘဲနဲ့ အဲဒီ ကံဆိုးတဲ့ အမေရိက ကျောင်းသားလေးတွေ အပေါ်ကို အပြစ်ပုံချလိုက်တာတော့ မဟုတ်ပါဘူးနော်" ဖုန်းယွီက လျူချွမ်းကျစ်ကို မေးမြန်းလိုက်သေးသည်။
လျူချွမ်းကျစ်က အလွန်တရာ သေချာစွာ ခေါင်းခါပြလိုက်ပြီး Lenovo-Kingsoft မှ လူများမှာ Microsoft VISTA ၏ ဟာကွက်များကို ရှာဖွေနေကြသည်မှာ အမှန်ပင်ဖြစ်သော်လည်း ဤမျှ ရိုးရှင်းစွာဖြင့် ဖြေရှင်းနိုင်လိမ့်မည်ဟုကား ထင်မှတ်မထားခဲ့ကြပေ။
သို့သော် ၎င်းတို့သည်လည်း မီးလောင်ရာ လေပင့်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြရာ ဥပမာအားဖြင့် လုံခြုံရေးပိုင်းဆိုင်ရာသာမကဘဲ VISTA စနစ်၏ ဟာကွက်များစွာကို အင်တာနက်ပေါ်၌ အလျင်အမြန် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
ထုတ်ပြန်ကြေညာလိုက်သည်နှင့် လူအများအား VISTA ဟုခေါ်သော စနစ်သစ်သည် မည်မည်ရရပင် အသုံးမပြုရသေးမီမှာပင် စဉ်ဆက်မပြတ် အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန်နှင့် ဟာကွက်များကို စဉ်ဆက်မပြတ် ပြုပြင်ရန် လိုအပ်နေကြောင်းကို သိရှိသွားစေသည်။
ဤအရာများကို အားလုံးက ကျင့်သားရနေကြပြီဖြစ်ကာ ဗိုင်းရပ်စ်များ အဆင့်မြှင့်လာသည်နှင့်အမျှ စနစ်ကိုလည်း အဆင့်မြှင့်တင်ရမည် ဆိုသည်ကို ၎င်းတို့ နားလည်နိုင်ကြသည်။ သို့သော် ယခင်က WIN2000 ပေါ်တွင် ပေါ်ပေါက်ခဲ့ဖူးသော ဟာကွက်တစ်ခုကို မင်းတို့ VISTA က ပြောင်းလဲမှု မလုပ်နိုင်ခဲ့ဘဲနှင့် တော်လှန်ရေးဆန်သော ပြောင်းလဲမှု ဆိုသည်မှာ ဘာကို ပြောနေသနည်း။
အင်တာနက်ပေါ်ရှိ ကျွမ်းကျင်သူများစွာမှာ ချက်ချင်းဆိုသလို စိတ်ဝင်စားလာကြပြီး အပြိုင်အဆိုင် စမ်းသပ်ကြည့်ကြရာ XP ၏ ဟာကွက်များကို တိုက်ခိုက်ရန် ရည်ရွယ်ထားသော Trojanပရိုဂရမ်အချို့မှာလည်း အနည်းငယ်မျှ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပြီးနောက် VISTA ၏ အင်တာနက်လုံခြုံရေးတံတိုင်းကို အလွယ်တကူပင် ဖောက်ထွင်းသွားနိုင်ခဲ့ကြပြီး ဤဟာကွက်များကြောင့် များစွာသော ကြိုတင်ကာကွယ်ရေး ဆော့ဖ်ဝဲလ်များမှာလည်း လုံးဝ သတိမထားမိခဲ့ကြချေ။
ချက်ချင်းဆိုသလိုပင် Microsoft ၏ VISTA စနစ်၏ နာမည်ဂုဏ်သတင်းမှာ အောက်သို့ ဒေါင်လိုက် ထိုးကျသွားလေတော့သည်။
မူလကတည်းက နာမည်ဂုဏ်သတင်းမှာ XPကို မမီခဲ့သလို XOSကို ပို၍ပင် မမီခဲ့ရာ ယခုတစ်ကြိမ်တွင်မူ ပို၍ပင် ဆိုးရွားသွားခဲ့ပြီး Microsoft သမိုင်းတစ်လျှောက် နာမည်အပျက်ဆုံး စနစ်တစ်ခုဟု ဆိုနိုင်ပေသည်။
လုံးဝအသစ်စက်စက် ပရိုဂရမ်များကို အသုံးပြုထားသည်ဟု ဆိုနေသော်လည်း တကယ်တမ်းတွင် အများစုမှာ XPနှင့် တူညီနေဆဲဖြစ်ပြီး အသွင်အပြင် မျက်နှာပြင်တွင်သာ လုံးဝ ကွဲပြားခြားနားနေဟန် ပေါက်နေခြင်း ဖြစ်သည်။
သို့သော် ဤကွဲပြားခြားနားမှုကပင် လူအများကို အလွန်တရာ နားလည်ရခက်စေပြီး အလွန်တရာ အကျင့်မပါဖြစ်စေသည်။
အင်တာနက်ပေါ်တွင် လူအချို့က VISTA စနစ်၏ ချို့ယွင်းချက် အမျိုးမျိုးကို အရှည်ကြီး ရေးသားဖော်ပြလာကြရာ မထင်မှတ်ဘဲ အချက်ပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေခဲ့သည်။ ထို့အပြင် အောက်ဘက်တွင် ဆက်တိုက် ဖြည့်စွက်ရေးသားနေသူများလည်း ရှိနေရာ ဤချို့ယွင်းချက်များမှာ ရေတွက်၍ မကုန်နိုင်တော့သည့်အလားပင် ဖြစ်နေသည်။
တွက်ချက်မှု အမြန်နှုန်း နှေးကွေးလွန်းသည်ဆိုခြင်းမှာ Microsoft မှ အကောင်းမွန်ဆုံး ပြုပြင်ထားသည်ဆိုခြင်းကို လုံးဝ မမြင်တွေ့ရချေ။ ယခင်က Microsoft ၏ စနစ်တိုင်းမှာ ပိုပို၍ မြန်ဆန်လာခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ Microsoft ၏ စနစ်သည် ယခင်မျိုးဆက်ဖြစ်သော XPထက်ပင် နှေးကွေးနေခဲ့သည်။
ထို့အပြင် ဤစနစ်သည် စွမ်းအင်သုံးစွဲမှုကိုလည်း အလွန်တရာ မြင့်တက်စေကာ တူညီသော လက်တော့ပ်ကွန်ပျူတာ တစ်လုံးတည်းတွင် XP ကို တပ်ဆင်ထားချိန်၌ ဘက်ထရီမှာ တစ်နာရီခွဲကြာ အသုံးပြုနိုင်သော်လည်း VISTA ကို တပ်ဆင်လိုက်သည့်အခါ တစ်နာရီပင် ပြည့်အောင် အသုံးမပြုနိုင်တော့ချေ။
Microsoft မှာ ဤကဲ့သို့သော ဝေဖန်မှုများကို ဂရုစိုက်ရန် အချိန်မရှိတော့ဘဲ ဟာကွက်များကို စတင်ပြုပြင်ရန် အသက်လု၍ လူလွှတ်ခိုင်းစေခဲ့ရကာ အမြန်ဆန်ဆုံး အရှိန်အဟုန်ဖြင့် ဟာကွက်အားလုံးကို ဖာထေးရန်နှင့် အခြားသူများထက် ပိုမိုမြန်ဆန်စွာ ဟာကွက်များကို ရှာဖွေတွေ့ရှိရန် လိုအပ်နေပြီး သို့မဟုတ်ပါက ၎င်းတို့အနေဖြင့် ကြိုတင်မပြင်ဆင်နိုင်ဘဲ အခက်ကြုံရဦးမည် ဖြစ်သည်။
Microsoft သည် တကယ့် Microsoft ပီသစွာပင် အချိန်တစ်ပတ်ခန့် အသုံးပြုပြီးနောက် ဟာကွက်ဖာထေးသည့် ပရိုဂရမ်အချို့ကို ထုတ်ပြန်ခဲ့ပြီး ဟာကွက်အများစုကို ဖာထေးနိုင်ခဲ့သည်။ ထို့အပြင် အခြားသော ဟာကွက်များကို တစ်လအတွင်း ပြုပြင်ဖာထေးမှု ပြီးစီးမည်ဖြစ်ကြောင်းနှင့် လူအများအနေဖြင့် Microsoft ၏ စွမ်းဆောင်ရည်ကို ယုံကြည်ကြရန် ကတိပြု ပြောကြားခဲ့သည်။
ကောင်းပြီ အားလုံးက ယုံကြည်လိုက်ကြပြီးနောက် VISTA စနစ်ကို တပ်ဆင်ထားသော အသုံးပြုသူများသည် အဆိုပါ ဖာထေးမှုများကို စတင် တပ်ဆင်ကြလေတော့သည်။
ဤအချိန်တွင် ၎င်းတို့က ပြဿနာတစ်ခုကို ထပ်မံ ရှာဖွေတွေ့ရှိသွားခဲ့ကြပြီး ယင်းမှာ အဆိုပါ ဟာကွက်ဖာထေးသည့် ပရိုဂရမ်များမှာ အလွန်တရာ ကြီးမားနေခြင်းပင် ဖြစ်သည်။ ဖာထေးမှု ဆယ်ခုကျော်မျှသာ ရှိသေးသော်လည်း မထင်မှတ်ဘဲ 1G ထက်ပင် ကျော်လွန်နေခဲ့သည်။
အသစ်ထွက်ရှိလာသော ဖာထေးမှုများကို တပ်ဆင်ပြီးနောက် စနစ်၏ တွက်ချက်မှုမှာ ပိုမို နှေးကွေးသွားကြောင်း တွေ့ရှိလိုက်ရသည့်အပြင် စက်ဖွင့်စက်ပိတ်ချိန်မှာလည်း ပို၍ ကြာမြင့်လာကာ Memory သုံးစွဲမှုမှာလည်း ပို၍ ကြီးမားလာခဲ့သည်။
ဤသည်မှာ ဟာကွက်များကို အပြည့်အဝ ဖာထေးပြီးစီးခြင်း မရှိသေးပေ။ အကယ်၍သာ အပြည့်အဝ ဖာထေးပြီးသွားပါက နေရာယူမှု ပို၍ ကြီးမားသွားမည် မဟုတ်ပါလော။ အမြန်နှုန်းကရော ပို၍ နှေးကွေးသွားမည် မဟုတ်ပါလော။
ထို့ကြောင့် အင်တာနက်ပေါ်တွင် VISTA နှင့် ပတ်သက်သော ဝေဖန်မှုများမှာ ပိုမိုများပြားလာခဲ့ပြီး ဤသည်မှာ ဟာကွက်များ မဖာထေးမီကထက်ပင် ပိုမို များပြားနေခဲ့သည်။ အသုံးပြုသူ အများအပြားက ၎င်းတို့အနေဖြင့် VISTA အပေါ် စိတ်ပျက်သွားပြီဖြစ်ကြောင်းနှင့် XOSစနစ် တစ်ခုကို သွားရောက်ဝယ်ယူကာ တပ်ဆင်အသုံးပြုတော့မည်ဖြစ်ကြောင်း တိုက်ရိုက် ထုတ်ဖော်ပြောဆိုလာကြသည်။
ဖုန်းယွီက ဤအခြေအနေကို မြင်တွေ့လိုက်သည်နှင့် XOSအတွက် သတင်းဖြန့်မှုကို ပိုမိုပြုလုပ်ရန် ချက်ချင်း လူလွှတ်ခိုင်းစေလိုက်ပြီး Microsoft ၏ ချို့ယွင်းချက်များကို ဦးတည်ကာ အဓိကထား ဝါဒဖြန့်လေသည်။ အင်တာနက်ပေါ်ရှိ VISTA စနစ်၏ ချို့ယွင်းချက်များနှင့် ပတ်သက်သော မှတ်ချက်အချို့ကိုလည်း စုစည်းကာ လွှမ်းမိုးနိုင်စွမ်း ပိုမို ကြီးမားလာစေရန် သတင်းစာများပေါ်၌ ဖော်ပြစေခဲ့သည်။
ယခင်ဘဝက Microsoft ၏ VISTA သည် ဝေဖန်မှုများ မရေမတွက်နိုင်အောင် ထွက်ပေါ်ခဲ့သဖြင့် Appleကဲ့သို့ သစ်သီးကုမ္ပဏီ၏ တစ်ကိုယ်ရည်သုံးကွန်ပျူတာများကို ကြီးမားသော အခွင့်အရေး ရရှိသွားစေခဲ့ကာ ၎င်းတို့၏ ဈေးကွက်ဝေစုမှာ အကြီးအကျယ် တိုးတက်လာခဲ့ပြီး အမြတ်အစွန်းလည်း များစွာ ရရှိခဲ့သည်။
ထို့ပြင် ယင်းကုမ္ပဏီကို အခြားသော ထုတ်ကုန်များ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘက်တွင် ပိုမိုများပြားသော ငွေကြေးများ ရင်းနှီးမြှုပ်နှံနိုင်စေခဲ့ကာ ၎င်းတို့၏ နည်းပညာများ အစဉ်တစိုက် အလျင်အမြန် တိုးတက်နေစေရန် အာမခံပေးနိုင်ခဲ့သောကြောင့်သာ အနာဂတ်တွင် ယင်းကုမ္ပဏီ၏ ကြီးပွားချမ်းသာမှုများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤဘဝတွင်မူ မတူညီတော့ချေ အဆိုပါကုမ္ပဏီအကြောင်းကို ပြောနေစရာပင် မလိုတော့ဘဲ အင်တိုက်အားတိုက် လုပ်ဆောင်နေကာ Microsoft ကို အသေအလဲ ဖိနှိပ်ပြီး Microsoft၏ စနစ်ကို တိုက်ခိုက်နေသလို တစ်ချိန်တည်းမှာပင် ၎င်းတို့၏ တစ်ကိုယ်ရည်သုံးကွန်ပျူတာ ထုတ်ကုန်များကိုလည်း ကြော်ငြာနေခဲ့ကြသည်။
၎င်းထက်ပို၍ XOSဟူသော စနစ်ပေါ်တွင် တိုက်ရိုက် ယှဉ်ပြိုင်နေသည့် ယှဉ်ပြိုင်သူ ရှိနေသေးသည့်အပြင် တစ်ကိုယ်ရည်သုံးကွန်ပျူတာ ထုတ်လုပ်သူ အားလုံးနီးပါး၏ ထောက်ခံအားပေးမှုကိုလည်း ရရှိထားသေးသည်။
နာမည်ဂုဏ်သတင်းပိုင်းတွင်မူ Microsoft ကို အပြတ်အသတ် နင်းခြေထားနိုင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယခင်က အဓိက ဖြစ်ပေါ်နေသော ဗိုင်းရပ်စ်များနှင့် Trojanပရိုဂရမ်များမှာ Microsoft စနစ်ကိုသာ ဦးတည်ထားသောကြောင့် XOSသည် စနစ်လုံခြုံရေးပိုင်းတွင် VISTA ထက် မွေးရာပါ ပိုမိုကောင်းမွန်နေခြင်းပင် ဖြစ်သည်။
ထို့အပြင် XOSစနစ် အစုအဝေးတွင် Lenovo-Kingsoft ၏ ဗိုင်းရပ်စ်နှိမ်နင်းရေး ဆော့ဖ်ဝဲလ်ပါ ပါဝင်နေသောကြောင့် ဤစနစ်ကို ပိုမို လုံခြုံလာစေမည် ဖြစ်သည်။
VISTA စနစ်၏ နာမည်ဂုဏ်သတင်း ကျဆင်းသွားကာ ရောင်းအားမှာ အောက်သို့ ဒေါင်လိုက် ထိုးကျသွားသဖြင့် အဆိုပါ စနစ်ကို ကြိုတင် တပ်ဆင်ထားသော တစ်ကိုယ်ရည်သုံးကွန်ပျူတာများပါ ရောင်းမထွက်သည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့ရာ ဤတွင် ထိုတစ်ကိုယ်ရည်သုံးကွန်ပျူတာ ထုတ်လုပ်သူများက လက်မခံနိုင်ကြတော့ချေ။
မင်း Microsoft ကို ထောက်ခံအားပေးတယ်ဆိုပေမဲ့ မင်း Microsoft ကလည်း အရင်ကလို ထူးချွန်နေမှ ရမှာပေါ့။ အခုတော့ ဘယ်သူမှ မင်းတို့ရဲ့ စနစ်ကို အသုံးမပြုချင်ကြတော့ဘူး သုံးစွဲသူ အများအပြားက VISTA စနစ် တပ်ဆင်ထားတဲ့ ကွန်ပျူတာကို ဝယ်လိုက်ရင်တောင် ပြန်ပြီး နောင်တရနေကြပြီး XOSခွေတစ်ခွေ ဝယ်ပြီး ပြန်လည် တပ်ဆင်နေကြတယ်လို့ တုံ့ပြန်နေကြတယ်။
ဒီလောက် ဒုက္ခများပြီး ပိုက်ဆံ ပိုကုန်နေမဲ့အစား XOSစနစ် ကြိုတင် တပ်ဆင်ထားတဲ့ ကွန်ပျူတာကို တိုက်ရိုက် ဝယ်လိုက်တာက အလုပ်လည်း သက်သာ အင်အားလည်း သက်သာပြီး ပိုက်ဆံလည်း ပိုသက်သာတယ် မဟုတ်လား။
ဖုန်းယွီသည် အင်တာနက်ပေါ်ရှိ Microsoft စနစ်နှင့် ပတ်သက်သော မှတ်ချက်များကို ကြည့်ကာ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်မသွားခဲ့ချေ။ Microsoft စနစ်ကို မိမိဆန္ဒအလျောက် တိုက်ခိုက်ပြီး အပြစ်ရှာကာ ဟာကွက်ရှာဖွေပေးနေကြသော အင်တာနက်သုံးစွဲသူများမှာ တကယ်ကို ချစ်စရာ ကောင်းလွန်းလှပြီး အကယ်၍များ တွေ့ဆုံခွင့်ရပါက ၎င်းတို့၏ လက်များကို ဆုပ်ကိုင်ကာ သေချာပေါက် ကျေးဇူးတင်ရပေမည်။
ဤသို့ ကြည့်မည်ဆိုပါက ဘုရားသခင်ကပင် ကူညီပေးနေခြင်းသာ ဖြစ်ပေသည်။
ဤသူများ အားလုံးသည်လည်း ထူးချွန်သူများပင် ဖြစ်ရာ အကယ်၍ Lenovo-Kingsoft သို့ လာရောက်၍ အလုပ်လုပ်ကိုင်ကာ စနစ်ကို တီထွင်ဖန်တီးခြင်း သို့မဟုတ် စနစ်လုံခြုံရေး စမ်းသပ်ခြင်း စသည်တို့ကို လုပ်ဆောင်မည်ဆိုပါက တကယ်ကို ထူးချွန်စွာ စွမ်းဆောင်နိုင်ကြပေမည်။
"ခါမီဒါ Microsoft ဝက်ဘ်ဆိုက်မှာ မှတ်ချက်လာရေးသွားတဲ့ သူတွေ VISTA စနစ်ရဲ့ ဟာကွက်တွေကို ရှာဖွေတွေ့ရှိခဲ့တဲ့ အဲဒီလူတွေကို လူလွှတ်ပြီး ရှာခိုင်းလိုက်ပါ။ သူတို့က ထူးချွန်တဲ့ သူတွေချည်းပဲလေ… ကျွန်တော်တို့ဆီကို ဆွဲဆောင်နိုင်မလားဆိုတာ ကြည့်ကြည့်ရအောင်။ ဟုတ်တယ် သူတို့ကို ကျွန်တော်တို့က Microsoft ထက် ပိုပြီး အလားအလာ ရှိတယ်ဆိုတာ နားလည်သွားအောင် လုပ်လိုက်ပါ"
နောက်တစ်နေ့တွင် Microsoft ၏ တရားဝင် ဝက်ဘ်ဆိုက်ပေါ်၌ သွယ်ဝိုက်သော ကြော်ငြာတစ်ခု ပေါ်ထွက်လာခဲ့ရာ VISTA စနစ်၏ ဟာကွက်ကို ဖော်ထုတ်ခဲ့သော ကျွမ်းကျင်သူတစ်ဦးက သူသည် လုံခြုံရေး ထိန်းသိမ်းမှု လုပ်ငန်းများ လုပ်ဆောင်ရန် Google၏ ခေါ်ယူခြင်းကို ခံလိုက်ရကြောင်း မှတ်ချက် ရေးသားသွားခဲ့သည်။ ထို့အပြင် ကုမ္ပဏီ၏ လူ့စွမ်းအားအရင်းအမြစ် (HR) ဌာနကလည်း သူ့ကဲ့သို့သော ထူးချွန်သူမျိုးကို အထူးကြိုဆိုကြောင်းနှင့် မည်မျှပင် ရှိစေကာမူ အားလုံး ခေါ်ယူမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
ဘီလ်ဂိတ်တို့မှာ ဒေါသထွက်လွန်း၍ သွေးအန်မတတ်ပင် ဖြစ်သွားခဲ့ကြကာ ဤသည်မှာ ဘာလုပ်နေကြခြင်းနည်း။ ငါတို့ရဲ့တရားဝင် ဝက်ဘ်ဆိုက်ပေါ် လာပြီး အလုပ်ခေါ်စာ ကြော်ငြာတစ်ခု လာလုပ်နေရသလား။ ဘာက ကြော်ငြာ မဟုတ်ရမလဲ။ သွယ်ဝိုက်တဲ့ စာသားကြော်ငြာကို ငါတို့က မသိနိုင်ဘူးများ မှတ်နေလား….။
အနိုင်ကျင့်လွန်းလှသည်… အနိုင်ကျင့်လွန်းလှပေသည်။
တန်ပြန်တိုက်ခိုက်ရမည်… သေချာပေါက် တန်ပြန်တိုက်ခိုက်ရမည်။
……
******
အခန်း ၁၄၇၉ ကြက်ပေါင်းရည် တိုက်ကျွေးခြင်း
"Microsoft မှ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာများ ခေါ်ယူနေသည် လစာနှင့် ခံစားခွင့်များ အထူးကောင်းမွန်မည်"
ဖုန်းယွီသည် Microsoft ၏ တရားဝင် ဝက်ဘ်ဆိုက်ပေါ်ရှိ အလုပ်ခေါ်စာ ကြော်ငြာကို ကြည့်ကာ နှုတ်ခမ်းကို တွန့်လိမ်လိုက်ပြီး Microsoft သည် ဤမျှလောက်အထိ မာနကြီးနေဆဲပင် ဖြစ်ကာ တိကျသော အချက်အလက် ဘာတစ်ခုမှ ဖော်ပြထားခြင်း မရှိဘဲ ဝေဝါးသော စကားတစ်ခွန်းသာ ရေးသားထားလေသည်။
သို့သော် ယခင်က လူအများအပေါ် လွှမ်းမိုးထားခဲ့သော Microsoft ၏ အင်အားကြီးမားသည့် ပုံရိပ်ကြောင့် အကျိုးသက်ရောက်မှုမှာ အလွန်တရာ ကောင်းမွန်နေခဲ့ပြီး Taihua Holdings အုပ်စု လက်အောက်ခံ ကုမ္ပဏီများထံသို့ အလုပ်လျှောက်လွှာ လာရောက် တင်သွင်းသူများ သိသိသာသာ နည်းပါးသွားခဲ့ကာ ဆော့ဖ်ဝဲလ် လုပ်ငန်းလောကတွင် လုပ်ကိုင်နေသူ မည်မျှလောက်၏ ဘဝတစ်သက်တာ ရည်မှန်းချက်မှာ Microsoft သို့ ဝင်ရောက်လုပ်ကိုင်ရန် ဖြစ်နေပါသနည်း。
သို့သော် ယခုလက်ရှိ Microsoft မှာ ထိုအချိန်က Microsoft မဟုတ်တော့ပေ။ ယခင်ဘဝက ဤအချိန်တွင် Microsoft မှ လူအများအပြား အလုပ်ထွက်ခဲ့ကြပြီး အခြားသော ကုမ္ပဏီများသို့ ဝင်ရောက်သွားကြခြင်း သို့မဟုတ် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ သွားရောက် တည်ထောင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
နောက်ပိုင်းတွင် Microsoft သည် အသုံးစရိတ်များကို လျှော့ချရန်အတွက် ဝန်ထမ်းအမြောက်အမြားကိုပါ လျှော့ချပစ်ခဲ့သေးသည်။
ယခင်ဘဝက Microsoft သည် တစ်ကိုယ်ရည်သုံးကွန်ပျူတာ စက်လည်ပတ်ရေးစနစ်၏ သက်ဦးဆံပိုင် အရှင်သခင်ကြီး ဖြစ်နေဆဲဖြစ်သော်လည်း ဝန်ထမ်းများလျှော့ချကာ အသုံးစရိတ်များ လျှော့ချခဲ့ရသည်ဖြစ်ရာ ယခုအချိန်တွင် Lenovo-Kingsoft ဟူသော ယှဉ်ပြိုင်ဘက်တစ်ခု ရှိနေပြီး သက်ဦးဆံပိုင် နေရာမှာ အစောကြီးကတည်းက မတည်မငြိမ် ဖြစ်နေသော Microsoft အတွက်မူ ဆိုဖွယ်ရာပင် မရှိတော့ချေ။
Microsoft မှ တရုတ်ဘက်တွင် ချဲ့ထွင်နေမှုများကို ဖုန်းယွီက အမှားအယွင်းတစ်ခုဟုသာ ယူဆထားလေသည်။ အသေးစား ဆော့ဖ်ဝဲလ် ကုမ္ပဏီမြောက်မြားစွာကို ဈေးကြီးပေး၍ ပေါင်းစည်းဝယ်ယူခဲ့ရာ ထိုအထဲတွင် ထူးချွန်သူ အများအပြား ရှိကောင်းရှိနိုင်သော်လည်း အရည်အချင်းမရှိသူများလည်း နည်းပါးမည် မဟုတ်ပေ။
အကယ်၍ Microsoft ၏ VISTA သည် XP ကဲ့သို့ ရောင်းအားကောင်းနေမည်ဆိုပါက Microsoft ၏ အမြတ်ငွေများဖြင့် နောက်ထပ် လူထောင်ပေါင်းများစွာကို ထပ်မံ မွေးမြူထားရန်မှာ ပြဿနာ မဟုတ်ပေ။ သို့သော် ယခုလက်ရှိ VISTA စနစ်၏ ရောင်းအားမှာ အလွန်တရာ ဆိုးရွားနေပြီး ရောင်းဈေး အလွန်မြင့်မားသော်လည်း အမြတ်ငွေပိုင်းတွင်မူ XP နှင့် ယှဉ်နိုင်ရန် အလှမ်းဝေးလွန်းလှပေသည်။
ထို့အပြင် ယခုအချိန်တွင် လူအများအပြားမှာ စနစ်ပြောင်းလဲရန် အစီအစဉ် မရှိကြသေးဘဲ စနစ်ပြောင်းလဲလိုက်သော လူအများအပြားမှာလည်း XP ကို မဟုတ်ဘဲ XOSကိုသာ ပြောင်းလဲခဲ့ကြခြင်း ဖြစ်သည်။ စနစ်ကို ကြိုတင် တပ်ဆင်ထားသော တစ်ကိုယ်ရည်သုံးကွန်ပျူတာများမှာပင် XOSက ရောင်းအား ပိုမို ကောင်းမွန်နေခဲ့သည်။
သို့သော် သုံးစွဲသူများ အားလုံး၏ မျက်စိထဲတွင် Microsoft သည် အင်အားအကြီးမားဆုံး ဖြစ်နေဆဲဖြစ်ပြီး ဆော့ဖ်ဝဲလ် အင်ဂျင်နီယာ အားလုံး၏ မျက်စိထဲတွင်လည်း Microsoft သည် ဧရာမ ဘီလူးကြီးတစ်ခု ဖြစ်နေဆဲပင် ဖြစ်သည်။
နေပါဦး Lenovoအုပ်စု Lenovo-Kingsoft Google၊ Amazon စသည့် ကုမ္ပဏီများ၏ တရားဝင် ဝက်ဘ်ဆိုက်များပေါ်တွင်လည်း အဘယ်ကြောင့် Microsoft ၏ အလုပ်ခေါ်ယူသည့် ကိစ္စကို ဆွေးနွေးနေသူများ ရှိနေပြီး အားလုံးကို Microsoft ထံ သွားရောက်၍ အလုပ်လျှောက်လွှာ တင်ကြရန် လှုံ့ဆော်နေကြသနည်း။
Microsoft ကလည်း သွယ်ဝိုက်သော စာသားကြော်ငြာတွေကို စတင် အသုံးပြုနေပြီလား။
"သူဌေး Microsoft ရဲ့ အလုပ်ခေါ်စာ ကြော်ငြာ ထွက်လာပြီးနောက်ပိုင်း ကျွန်တော်တို့ဆီမှာ အလုပ်အင်တာဗျူး အောင်မြင်ထားတဲ့ လူတချို့ကတောင် စာချုပ်ချုပ်ဖို့ အစီအစဉ် မရှိကြတော့ဘူး။ သူတို့က Microsoft ကို သွားပြီး အလုပ်လျှောက်ကြတော့မှာတဲ့" ခါမီဒါ မာဆာအိုက အနည်းငယ် စိတ်ညစ်ညူးစွာဖြင့် သတင်းပို့လေသည်။
ထိုလူများမှာ တကယ်ပင် မျက်စိကန်းနေကြသည်။ ငါတို့က မင်းတို့ကို ပေးထားတဲ့ ရာထူးတွေကလည်း Google၊ Amazon စတဲ့ ကုမ္ပဏီတွေရဲ့ အင်ဂျင်နီယာ ရာထူးများပဲဖြစ်သလို ငါတို့က ရှယ်ယာဈေးကွက်ကို ဝင်ရောက်ထားတာ မကြာသေးတာကြောင့် အလားအလာ အလွန်တရာ ကြီးမားနေတာကို မင်းတို့ အားလုံးက မမြင်တွေ့ကြဘူးလား။
အကျဘက်သို့ ရောက်နေပြီဖြစ်သော Microsoft ကုမ္ပဏီက ထိုမျှလောက် ကောင်းမွန်နေသလော။ နာမည်ဂုဏ်သတင်းမှာ ထိုမျှအထိ ဆိုးရွားနေပြီဖြစ်ရာ မင်းတို့က ခေါင်းခံပြီး အထဲသို့ ဝင်တိုးနေကြဦးမည်လား။
"ဘာလဲ မင်းမှာများ အကြံအစည် တစ်ခုခု ရှိနေလို့လား" ဖုန်းယွီက ခါမီဒါ မာဆာအို ၏ မျက်လုံးများကို ကြည့်လိုက်ရာ တစ်စုံတစ်ခု ပြောချင်နေသော်လည်း ပြောရန် အခက်တွေ့နေသည့်ဟန် ပေါက်နေသည်။
"သူဌေး တကယ်တော့ ကျွန်တော်တို့ဆီမှာ နည်းလမ်းတစ်ခု ရှိပါတယ်။ Microsoft ကို ပြင်းပြင်းထန်ထန် ထိုးနှက်နိုင်မဲ့ နည်းလမ်းပါ"
ဖုန်းယွီက အလွန်တရာ ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် ပြန်လည် မေးမြန်းလိုက်သည်။ "ဘာနည်းလမ်းလဲ တိုက်ရိုက်သာ ပြောပါ။ ထစ်အ ထစ်အ လုပ်မနေနဲ့"
"အဲဒါကတော့ သူဌေး ကိုယ်တိုင် ထွက်လာဖို့ပါပဲ။ သူဌေး ကိုယ်တိုင် ထွက်လာမယ်ဆိုရင်ပဲ တုံ့ပြန်အားပေးမဲ့သူ အရေအတွက် မရေမတွက်နိုင်အောင် ရှိလာမှာပါ။ Microsoft က ဘီလ်ဂိတ်နဲ့ ပေါလ် အယ်လန်နှစ်ယောက် ပေါင်းလိုက်ရင်တောင် အသုံးဝင်မှာ မဟုတ်ပါဘူး။ ဒီတစ်ချက်တည်းနဲ့ Microsoft ကို ဆုတ်ခွာသွားအောင် လုပ်နိုင်မှာပါ"
ခါမီဒါ မာဆာအိုက တိုက်ရိုက် မပြောဆိုခဲ့ရခြင်းမှာ ဖုန်းယွီသည် မီဒီယာများနှင့် တွေ့ဆုံရသည်ကို မနှစ်သက်ဘဲ ကင်မရာမှန်ဘီလူးရှေ့တွင် မျက်နှာပြရသည်ကိုပင် မနှစ်သက်ကြောင်း သူ သိထားသောကြောင့် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ဖုန်းယွီသာ အနည်းငယ် အလျှော့ပေးလိုက်မည်ဆိုပါက ဖုန်းယွီ၏ နှစ်ပေါင်းများစွာ လျှို့ဝှက်ဆန်းကြယ်သည့် ပုံရိပ်ကို လူလုံးထွက်ပြခြင်းဖြင့် ဆွဲဆောင်မှုအဖြစ် အသုံးပြုကာ Microsoft ကို သေချာပေါက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ပေးနိုင်မည် ဖြစ်သည်။
"ငါ ထွက်လာရုံနဲ့ လူတွေ အများကြီးက တုံ့ပြန်အားပေးကြမယ် ဟုတ်လား… မင်းက နည်းနည်းတော့ အကောင်းမြင်လွန်းနေပြီ မဟုတ်ဘူးလား"
လူတစ်ယောက်၏ အရှိန်အဝါဟူသည် ကန့်သတ်ချက် ရှိပေသည် ဖုန်းယွီသည် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး အဆိုတော်များနှင့် ရုပ်ရှင်သရုပ်ဆောင်များထက် လွှမ်းမိုးနိုင်စွမ်း ပိုမိုကြီးမားနိုင်သော်လည်း ဤမျှအထိ ချဲ့ကားပြောဆိုစရာတော့ မရှိပေ။
"သေချာပေါက်ပါပဲ… သူဌေးက မိန့်ခွန်းတချို့လည်း ပြောဖို့ လိုပါသေးတယ်။ ဂျော့ဘ်စ်လိုမျိုး တခြားလူတွေကို စိတ်ခွန်အားဖြစ်စေမဲ့ မိန့်ခွန်းမျိုးပေါ့… ကျွန်တော့်အထင်တော့ အကယ်၍ သူဌေးကသာ မိန့်ခွန်းလာပြောမယ်ဆိုရင် ပျမ်းမျှ လက်မှတ်ခက အမေရိကန်ဒေါ်လာ တစ်သောင်းဖြစ်နေရင်တောင် ဧရာမ အားကစားကွင်းကြီး တစ်ခုလုံးရဲ့ ထိုင်ခုံတွေ အားလုံးကို ကျွန်တော်တို့က အလွယ်တကူ ရောင်းချနိုင်မှာပါ"
ဘတ်ဖတ်၏ နေ့လယ်စာ စားပွဲကို လေလံတင်ရောင်းချသကဲ့သို့ တစ်ပွဲလျှင် အမေရိကန်ဒေါ်လာ သောင်းဂဏန်းမှ သန်းဂဏန်းအထိ ရှိပေသည်။ တကယ်တမ်းတွင်မူ ဘတ်ဖတ်သည် စကားများများစားစား ပြောမည်မဟုတ်သလို သင့်ကိုလည်း အကြံဉာဏ်များများစားစား ပေးမည်မဟုတ်ဘဲ ပုံမှန်အားဖြင့် အလွန်တရာ အတွေ့ရများသော ကိစ္စရပ်အချို့ကိုသာ သင့်အား ပြောဆိုဆွေးနွေးမည် ဖြစ်သည်။
ဤအတွေ့ရများသော ကိစ္စရပ်များထဲမှ သင် လိုအပ်နေသော သတင်းအချက်အလက်များကို သိနားလည်နိုင်ခြင်း ရှိမရှိ ဆိုသည်မှာ သင့်ကိုယ်သင်သာ ကြည့်ရပေမည်။
ဥပမာအားဖြင့် ထမင်းစားနေချိန်တွင် ဘတ်ဖတ်က သူသည် ဝိုင်နီကို နှစ်သက်သော်လည်း လူငယ်အများစုကမူ ကိုလာကို ပို၍ နှစ်သက်ကြသည်ဟု ပြောလိုက်ပါက သင်သည် Coca-Cola ၏ ရှယ်ယာများကို သွားရောက် ဝယ်ယူသင့်ပြီး သေချာပေါက် များစွာ တက်လာမည် ဖြစ်သည်။
ဘတ်ဖတ်က သင့်ကို မည်သည့်ကားကို မောင်းလာသနည်း။ ဆီစား အလွန်သက်သာသလား၊ လူအချို့က မင်းတို့ ဒီလိုကားမျိုး ဝယ်သည်ကို အရမ်း သဘောကျကြလိမ့်မည် ဟု မေးမြန်းလိုက်ပါက ယင်းက ရေနံနှင့် သက်ဆိုင်သော ရှယ်ယာများ တက်လာတော့မည်ဖြစ်ကြောင်း ရှင်းပြနေခြင်းပင် ဖြစ်သည်။
သေချာပေါက်ပင် ထမင်းတစ်နပ် စားပြီးဆုံးသွားချိန်တွင် မည်သည့်အရာကိုမျှ နားမလည်လိုက်သူများလည်း ရှိကြပေသည်။ သို့သော် သူ၏ ကုမ္ပဏီ သို့မဟုတ် သူကိုယ်တိုင်အတွက်မူ ကြီးမားလှသော ကြော်ငြာတစ်ခုကို ပြုလုပ်လိုက်နိုင်ပြီး ဤသို့သော ကြော်ငြာမျိုးက အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အသုံးပြုရခြင်းထက် ရလဒ်ပိုင်းတွင် ပို၍ ကောင်းမွန်ကောင်း ကောင်းမွန်နေပေလိမ့်မည်။
ဘတ်ဖတ်သည် မိမိ၏ နာမည်ကို အမှတ်တံဆိပ် တစ်ခုအဖြစ် ပြောင်းလဲ လည်ပတ်နိုင်ခဲ့သော်လည်း ဖုန်းယွီမှာမူ ဤကိစ္စအပေါ်တွင် လုံးဝ စိတ်ဝင်စားမှု မရှိချေ။
"အဲဒီလို အကြီးစား မိန့်ခွန်းပြောပွဲမျိုး သွားလုပ်ရမယ် ဟုတ်လား… ငါ သွားမယ်လို့ မင်း ထင်နေသလား" ဖုန်းယွီက ခါမီဒါ မာဆာအို ကို မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်ကာ "ဒါပေမဲ့ မင်းရဲ့ ဒီစကားတွေက ငါ့ကို သတိတစ်ခုတော့ ရသွားစေတယ်။ ကျွန်တော်တို့က သူတို့ကို စိတ်ခွန်အားပေး ကြက်ပေါင်းရည် တချို့လောက် တိုက်ကျွေးလိုက်ရင် ဖြစ်နိုင်လောက်ပါတယ်"
"စိတ်ခွန်အားပေး ကြက်ပေါင်းရည် ဟုတ်လား။ အဲဒီ ရောင်းအားအကောင်းဆုံး စာအုပ်တွဲကို ပြောတာလား" အလွန်တရာ ရောင်းအားကောင်းသော စာအုပ်တစ်အုပ်ဖြစ်ရာ ခါမီဒါ မာဆာအိုသည်လည်း ကြားဖူးထားပြီးဖြစ်ကာ သူ၏ စာအုပ်စင်ပေါ်တွင်ပင် အင်္ဂလိပ် မူရင်းစာအုပ် တစ်အုပ် တင်ထားသေးသည်။
သို့သော် ယင်းစာအုပ်ထဲရှိ စိတ်ခွန်အားဖြစ်စေသော ဇာတ်လမ်းများဆိုသည်မှာ သူ၏ အမြင်တွင် အလွန်တရာ တစ်ဖက်သတ် ဆန်လွန်းနေသည်။ သို့သော် လူအများအပြားက ဤစကားများကို ဆောင်ပုဒ်အဖြစ်ပင် မှတ်ယူထားကြရာ အင်း လူငယ်များက အများစုပင် ဖြစ်သည်။
"အဲဒီစာအုပ်ကို ပြောတာ မဟုတ်ဘူး။ အဲဒီစာအုပ်ထဲက အကြောင်းအရာတွေနဲ့ ဆင်တူတဲ့ စာကြောင်းတိုလေးတွေကို ပြောတာပါ။ အဲဒါကို ကျွန်တော်တို့က ကြက်ပေါင်းရည် စာသားလို့ ခေါ်ဆိုလို့ ရပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် ကြက်ပေါင်းရည် စာသားကိုတော့ ကျွန်တော့် နာမည်ကို အသုံးပြုပြီး ထုတ်ပြန်လိုက်မယ်ဆိုရင် အကျိုးသက်ရောက်မှု တချို့တော့ ရှိလာနိုင်လောက်ပါတယ်"
ယခင်ဘဝက ကြက်ပေါင်းရည် စာသားများမှာ တရုတ်တွင်သာ ခေတ်စားခဲ့သည် မဟုတ်ဘဲ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြားတွင်လည်း အလွန်တရာ ရေပန်းစားခဲ့သည်။ သေချာပေါက်ပင် ယင်းတို့အထဲမှ အများစုမှာ အင်တာနက်သုံးစွဲသူများက ကိုယ်တိုင် ဖန်တီးရေးသားထားသော ကြက်ပေါင်းရည် စာသားများဖြစ်ပြီး ထို့နောက်တွင် နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦးဦး၏ နာမည်ကို တပ်လိုက်သည့်အခါ နာမည်ကျော်များ၏ အဆိုအမိန့်များ ဖြစ်သွားကြလေတော့သည်။
စိတ်ခွန်အားပေး ကြက်ပေါင်းရည်၏ မှန်ကန်သော ဖော်ပြရေးသားပုံမှာ ဖြစ်တန်စွမ်း အလွန်နည်းပါးသော ကိစ္စရပ်အချို့ကို ထုတ်ယူကာ ပြန်လည်ပြောပြခြင်းဖြင့် မည်သူမဆို လုပ်နိုင်စွမ်းရှိသည်ဟု သင့်ကို ထင်မှတ်သွားစေခြင်းပင် ဖြစ်သည်။
ဥပမာအားဖြင့် "အိပ်မက်ကို ဆုပ်ကိုင်ထားပါ။ ဘယ်တော့မှ လက်မလျှော့ပါနဲ့။ ဒါမှသာ မင်း အောင်မြင်နိုင်မယ်"
ဤစကားမှာ လမ်းမှားလျှောက်မိသူ တစ်ဦးကဲ့သို့ပင် မြောက်ဘက်သို့ သွားရမည့်အစား တောင်ဘက်သို့ သွားနေခြင်းမျိုးဖြစ်ကာ သီအိုရီအရ သူသည် ကမ္ဘာကြီးကို တစ်ပတ်ပတ်ပြီးနောက် ခရီးပန်းတိုင်သို့ အမှန်တကယ် ရောက်ရှိနိုင်မည် ဖြစ်သော်လည်း တကယ့် လက်တွေ့တွင်မူ မည်သို့ ရှိပါမည်နည်း။
လူအချို့၏ အိပ်မက်မှာ လုံးဝကို အကောင်အထည် ပေါ်မလာနိုင်သော စိတ်ကူးယဉ် အိပ်မက်လေးတစ်ခု သက်သက်သာ ဖြစ်နေသည်ကို သူ့ကို မည်သည့်အရာကို ဆက်လက် ဆုပ်ကိုင်ထားခိုင်းမည်နည်း။ လူအချို့မှာ ထမင်းပင် ဝအောင် မစားနိုင်တော့သည်ကို သူ့ကို အိပ်မက်ကို ဆက်လက် ဆုပ်ကိုင်ပြီး ပန်းချီဆွဲရန် အမည်နာမ ကျော်ကြားလာမည့်နေ့ တစ်နေ့ သေချာပေါက် ရှိလာမည်ဟု ပြောဆိုခြင်းမှာ ပန်းချီသင်တန်း ဖွင့်ထားသော ဆရာများ၏ ပြောစကားများသာ ဖြစ်ဖို့ များပေသည်။
နောက်ထပ် တစ်မျိုးမှာ တကယ်တမ်းတွင် မည်သည့်အရာကိုမျှ တိတိကျကျ မပြောထားဘဲ နေရာတကာ သုံးလို့ရတဲ့ စာကြောင်းမျိုးပင် ဖြစ်သည်။
သို့တည်းမဟုတ် စကားပုံအချို့ကို အနည်းငယ် စာပေဆန်သော ဝေါဟာရများဖြင့် အစားထိုးကာ ပြန်လည်ဘာသာပြန်ထားပြီး နာမည်ကျော်များ၏ အဆိုအမိန့်များဟု ခေါ်ဆိုသွားခြင်းမျိုးဖြစ်ကာ ဤသည်မှာ ငယ်စဉ် ကျောင်းတက်ရစဉ်က ရေးသားခဲ့ရသော ကျရှုံးခြင်းသည် အောင်မြင်ခြင်း၏ မိခင် စသည့် စာစီစာကုံးများနှင့် အတူတူပင် ဖြစ်သည်။
ကျောင်းတက်စဉ်က ဖတ်စာအုပ်များထဲရှိ စိတ်ခွန်အားဖြစ်စေသော ဆောင်းပါးများစွာမှာလည်း လုပ်ကြံဖန်တီးထားခြင်းများသာ ဖြစ်သည်။ အချို့မှာ အထောက်အထား ရှာဖွေ၍ မရနိုင်တော့သလို အချို့မှာမူ စဉ်းစားတွေးတောကြည့်ရုံဖြင့်ပင် ယုတ္တိမတန်သည်ကို တွေ့ရပေသည်။
"ငါက တစ်ခွန်းပဲ ပြောမယ်။ ကျန်တာတွေကိုတော့ မင်းက လူရှာပြီး ရေးခိုင်းလိုက်… ပြီးရင် ငါ့ကို လာပြပါ။ ငါပြောမဲ့ ဒီစကားကတော့ တခြားကုမ္ပဏီတွေမှာ အလဟဿ အချိန်ကုန်နေမဲ့အစား ငါ့ရဲ့ ကုမ္ပဏီကို လာခဲ့ပါ။ ငါတို့ အတူတူ ကမ္ဘာကြီးကို ပြောင်းလဲပစ်ကြမယ်"
……
******
အခန်း ၁၄၈၀ ကြက်ပေါင်းရည်စာသားများ ရေပန်းစားလာခြင်း
"စတီဗ် ဒီရက်ပိုင်း ကျွန်တော်တို့ရဲ့ လူ့စွမ်းအားအရင်းအမြစ် ဌာနက အလုပ်လျှောက်လွှာတွေ အများကြီး လက်ခံရရှိထားတယ် မဟုတ်လား။ ဒါပေမဲ့ အကုန်လုံးကိုတော့ အလုပ်ခန့်မပစ်လိုက်နဲ့နော်… ကုမ္ပဏီအတွက် အသုံးဝင်မဲ့ ထူးချွန်သူတွေကိုပဲ သေသေချာချာ ရွေးချယ်ရမယ်" ပေါလ် အယ်လန်က ဆေးပြင်းလိပ်ကို ကိုက်ထားရင်း ပြောလိုက်သည်။
ဘောလ်မာမှာ ဤကိစ္စအပေါ် အလွန်တရာ စိတ်အနှောင့်အယှက် ဖြစ်မိနေပြီး ပေါလ် အယ်လန်သည် သူ့ကို အမြဲတမ်း ဆရာလုပ်သည့် လေသံမျိုးဖြင့် အမိန့်ပေးတတ်သော်လည်း ပေါလ် အယ်လန်၏ ကုမ္ပဏီတွင်း ရာထူးမှာ သူ၏အောက်တွင်သာ ရှိနေသည် မဟုတ်ပါလော။
"ဒီကိစ္စတွေအတွက် ခင်ဗျား စိတ်ပူနေစရာ မလိုပါဘူး ခင်ဗျားက ကျွန်တော်တို့ ထုတ်ကုန်တွေရဲ့ စွမ်းဆောင်ရည်ကို ဘယ်လို မြှင့်တင်ရမလဲ ဆိုတာကိုပဲ စဉ်းစားနေလိုက်ပါ" ဟု ဘောလ်မာက ခပ်အေးအေးပင် ပြောဆိုလိုက်သည်။
ပေါလ် အယ်လန်သည် နှုတ်ခမ်းကို တစ်ချက် တွန့်လိမ်လိုက်ပြီး ဘီလ်ဂိတ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ဘယ်လိုလဲ ဘီလ် ငါ့ရဲ့ ဒီနည်းလမ်းက တော်တော်လေး အလုပ်ဖြစ်တယ် မဟုတ်လား။ ငါတို့က ဘယ်လို ကုမ္ပဏီမျိုးလဲ ငါတို့က Microsoft လေ။ Google၊ အမေဇုန်နဲ့ Lenovoလို ကုမ္ပဏီတွေက ဝန်ထမ်းတွေတောင် ငါတို့ဆီကို အလုပ်လျှောက်လွှာတွေ လာတင်ထားကြတယ်လို့ ငါ ကြားထားတယ်"
ဘီလ်ဂိတ်က မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းထားကာ "ဒီနည်းလမ်းက တကယ်ကို မဆိုးပါဘူး။ ထူးချွန်သူတွေက ဘယ်လို ကုမ္ပဏီမျိုးမှာ အလုပ်လုပ်ရတာကို သဘောကျလဲ ဆိုတာကိုလည်း သူတို့ကို သိသွားစေတာပေါ့။ ဒါနဲ့ စတီဗ် ခုနတုန်းက မင်း ဘာကိစ္စ ရှိတယ်လို့ ပြောလိုက်တာလဲ"
"ဘီလ် ငါတို့တွေ သိပ်ပြီး အကောင်းမြင်လွန်းနေလို့ မရဘူးနော်… အဲဒီလူတွေက အလုပ်လျှောက်လွှာတွေ တင်ထားကြပေမဲ့ ဒီနေ့ အင်တာဗျူး လာဖို့ ချိန်းထားတဲ့ သူတွေထဲက အများကြီးက ရောက်မလာကြဘူး။ ပြီးတော့ ဒီနေ့ စာချုပ်လာချုပ်ဖို့ ချိန်းထားတဲ့ သူတွေကလည်း အကြောင်းပြချက် အမျိုးမျိုးနဲ့ ရောက်မလာကြဘူး"
ဘီလ်ဂိတ် မျက်မှောင်ကြုတ်သွားကာ "အမေရိကဘက်ကလား ဒါမှမဟုတ် တရုတ်ဘက်ကလား"
"အကုန်လုံးပဲ… မင်းတို့တွေ အင်တာနက်ပေါ်ကို တက်ပြီး အခုလောလောဆယ် အင်တာနက်ပေါ်မှာ အရူးအမူး ပြန့်နှံ့နေတဲ့ ဆောင်းပါးတစ်ပုဒ်ကို သွားကြည့်လိုက်ကြပါဦး အဲဒါက ဖုန်း ကုမ္ပဏီတွင်းမှာ ပြောခဲ့တဲ့ မိန့်ခွန်းကို စုစည်းထားတာလို့ ပြောနေကြတယ်"
"ဖုန်း ဟုတ်လား… သူ့ရဲ့ မိန့်ခွန်းက ဘာများ ကြည့်ကောင်းစရာ ရှိလို့လဲ" ပေါလ် အယ်လန်မှာ အနည်းငယ် အထင်သေးနေခဲ့သည်။
ဘီလ်ဂိတ်သည် ကွန်ပျူတာကို ဖွင့်ကာ Google ပေါ်တွင် ဖုန်းယွီကို ရှာဖွေလိုက်ရာ ဘောလ်မာပြောသော ဤဆောင်းပါးကို ချက်ချင်းပင် မြင်တွေ့လိုက်ရသည်။
ပေါလ် အယ်လန်သည်လည်း အနားသို့ တိုးသွားကာ ခေတ္တမျှ ကြည့်ရှုပြီးနောက် သူက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ဒါက ဘာအမှိုက်တွေလဲ။ စိတ်ခွန်အားပေး ကြက်ပေါင်းရည် ဆိုတာတွေလား။ ဖုန်းက ဝန်ထမ်းတွေကို ဒီလိုမျိုး စိတ်ခွန်အားပေးနေတာလား သူ တကယ်ရော ကုမ္ပဏီကို စီမံခန့်ခွဲတတ်ရဲ့လား"
ဘီလ်ဂိတ်ကလည်း ဤဆောင်းပါးထဲရှိ စကားများမှာ အလွန်တရာ အဓိပ္ပာယ်မရှိလွန်းလှပြီး ဤစကားများကိုပင် ယုံကြည်မည့်သူ ရှိနေသလော ဟု ထင်မြင်နေမိသည်။ အဘယ်ကြောင့် ဤမျှလောက် များပြားသော လူများက ပြန်လည် ဖြန့်ဝေနေကြသနည်း နောက်ကွယ်မှ တွန်းအားပေးနေသူ ရှိနေသည်မှာ သေချာပေသည်။
သို့သော် ဤဆောင်းပါးက ထိုလူများ ကုမ္ပဏီသို့ အင်တာဗျူး လာမဖြေခြင်း ကုမ္ပဏီနှင့် စာချုပ်မချုပ်ခြင်းတို့နှင့် ဘာများ သက်ဆိုင်နေပါသနည်း။
နောက်ဆုံး စာကြောင်းအနည်းငယ်ကို မြင်တွေ့လိုက်ရသည့် အခါမှသာ သူ သဘောပေါက်သွားလေသည်။
အနာဂတ်ကို ဖန်တီး၍ ကမ္ဘာကြီးကို ပြောင်းလဲပစ်မည် အလဟဿ အချိန်ကုန်ဆုံးကာ သာမန်ဘဝဖြင့်သာ ရှင်သန်သွားမည်။
ဤဝေါဟာရများက ဘီလ်ဂိတ်၏ မျက်စိထဲတွင် အလွန်တရာ ကန့်လန့်တိုက်နေစေခဲ့ပြီး အဘယ်ကြောင့် ကောင်းမွန်သော ဝေါဟာရများ အားလုံးက ဖုန်း၏ ကုမ္ပဏီကို ဝေဖန်သုံးသပ်ရန်အတွက် ဖြစ်နေပြီး မိမိတို့ကို ဝေဖန်သုံးသပ်ရန်အတွက်မူ မကောင်းသော ဝေါဟာရများ ဖြစ်နေရသနည်း။
မင်းတို့က ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ် ဟုတ်လား ငါတို့ Microsoft ကရော ဒီနှစ်တွေတစ်လျှောက်လုံး ကမ္ဘာကြီးကို အမြဲတမ်း ပြောင်းလဲပစ်ခဲ့တာ မဟုတ်ဘူးလား။ အဲဒီတော့ မင်းတို့ ကုမ္ပဏီမှာမှ အနာဂတ်ဆိုတာ ရှိပြီး ငါတို့ Microsoft မှာကျတော့ အနာဂတ် မရှိတော့ဘူးပေါ့လေ။
ထိုလူများ လာမရောက်ကြသည်မှာလည်း အဆန်းမဟုတ်တော့ပေ ဤသည်မှာ လှည့်စားပြီး ဦးနှောက်ဆေးခံလိုက်ရခြင်းပင် ဖြစ်သည်။
ဘီလ်ဂိတ်သည် အောက်ဘက်ရှိ အင်တာနက်သုံးစွဲသူများ၏ မှတ်ချက်များကို ကြည့်ရင်း ပိုပို၍ ဒေါသထွက်လာခဲ့ကာ ဤလူများ အားလုံးက အလွန်တရာ အသိဉာဏ်မဲ့လွန်းလှပေသည်။
သို့သော်လည်း တတ်နိုင်စရာ မရှိချေ ဖုန်းယွီသည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ရာ သူ၏ အရှိန်အဝါက အလွန်တရာ ကြီးမားလွန်းလှသည်။ လူအများအပြားမှာ ဖုန်းယွီ၏ နာမည်ကို မြင်တွေ့လိုက်ရသည်နှင့် ဤစကားများကို ယုံကြည်သွားကြလေသည်။ ထိုစဉ်က သူ ဘီလ်ဂိတ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့စဉ်က မည်သည့်စကားကို ပြောပြော အားလုံး မှန်ကန်နေသကဲ့သို့ပင် ဖြစ်သည်။
"မစ္စတာဖုန်း ပြောတဲ့ စကားတွေက အရမ်းကို အဓိပ္ပာယ် ရှိလွန်းတယ်။ ငါသာ အဲဒီတုန်းက နည်းနည်းလောက် ဇွဲရှိခဲ့မယ်ဆိုရင် အခုဆို ငါက နာမည်ကြီး သရုပ်ဆောင် တစ်ယောက် ဖြစ်နေလောက်ပြီ"
"ဟုတ်ပါ့လေ… အောင်မြင်မှုအတွက်ပဲ နည်းလမ်းရှာရမယ်။ ကျရှုံးမှုအတွက် အကြောင်းပြချက် မရှာရဘူးတဲ့… ငါတို့ ကုမ္ပဏီက လူတော်တော်များများကတော့ ကျရှုံးမှုအတွက်ချည်းပဲ။ အကြောင်းပြချက် လိုက်ရှာနေကြတာ။ သူတို့ကို ဒီအကြောင်းတွေ သေသေချာချာ လေ့လာခိုင်းသင့်တယ်"
"ဖုန်းယွီ ပြောတဲ့ စကားတွေ အားလုံးက အရမ်းကို ကောင်းလွန်းတယ်။ သူက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်နေတာ အဆန်းမဟုတ်တော့ဘူး။ ငယ်ရွယ်တယ်ဆိုပေမဲ့ သူက သဘောတရားတွေကို အရမ်း နားလည်လွန်းတယ်"
"ငါ ဖုန်းရဲ့ ကုမ္ပဏီမှာ သွားပြီး အလုပ်လုပ်ချင်လိုက်တာ… တစ်ခါတလေ ဖုန်းရဲ့ ဆုံးမစကားတွေကို ကြားရဖို့ ဒါမှမဟုတ် ဖုန်းရဲ့ မျက်နှာကို တစ်ချက်လောက် မြင်ရရင်ပဲ လုံလောက်ပါပြီ လစာဘယ်လောက်ရရ ငါ တောင်းဆိုမှာ မဟုတ်ဘူး"
"အရူးမကျလာနဲ့ ဖုန်းရဲ့ ကုမ္ပဏီက လစာ နည်းပါ့မလား။ အပေါ်မှာ ပြောထားတာကို မမြင်ဘူးလား။ ဖုန်းက ပြောဖူးတယ်… ကုမ္ပဏီက ဝန်ထမ်းတိုင်းကို သန်းကြွယ်သူဌေးတွေ ဖြစ်လာအောင် လုပ်ပေးမယ်တဲ့"
……
မှတ်ချက်များကို အဆုံးထိပင် ဖတ်မနေတော့ဘဲ ဘီလ်ဂိတ်က ဝက်ဘ်ဆိုက်ကို ပိတ်ပစ်လိုက်သည်။ အောက်ဘက်တွင် မှတ်ချက် လာရေးထားသူများမှာ ခွဲခြားသိမြင်နိုင်စွမ်း အနည်းငယ်မျှပင် မရှိကြသလော။ ဖုန်းယွီက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်တာ မှန်ပေမဲ့လည်း ဖုန်းယွီရဲ့လမ်းစဉ်ကို မင်းတို့တွေက အတုခိုးလို့ ရနိုင်မှာလား။
ထို့အပြင် ဖုန်းယွီကို လေ့လာ အတုယူမည်ဟု ပြောနေသူများလည်း ရှိသေးသည်။ မင်းတို့က ဘာကို လေ့လာမှာလဲ။ ဘယ်လို လေ့လာမှာလဲ။ တကယ်တမ်း ငွေရှာနိုင်သည့် နေရာကို ဖုန်းယွီက မင်းတို့ကို သိခွင့်ပေးလား။ Coca-Cola ကဲ့သို့ပင် သူ၏အချိုရည်က ငွေရကြောင်းကို အားလုံး သိကြသော်လည်း ဖော်စပ်သည့် နည်းလမ်းကို မင်းတို့ သိကြပါသလော။
သူတစ်ပါး ငွေရှာနေသည်ကို ကြည့်ရသည်မှာ လွယ်ကူသော်လည်း ကိုယ်တိုင် လုပ်ဆောင်သည့် အခါတွင်မူ လုံးဝ ထိုသို့ မဟုတ်တော့ချေ။
ပေါလ် အယ်လန်မှာ သတိမဝင်လာသေးဘဲ စိတ်ခွန်အားပေး ကြက်ပေါင်းရည် စာအုပ်တွဲသည် သမိုင်းတစ်လျှောက် အရောင်းရဆုံး စာအုပ်များထဲမှ တစ်ခု ဖြစ်ကြောင်းကို သူ သိထားပြီး ထိုစဉ်က ဤစာအုပ်ကို ထုတ်ဝေခဲ့သူများမှာ အမေရိကန်ဒေါ်လာ သန်းရာနှင့်ချီ၍ အမြတ်အစွန်းများ ရရှိခဲ့ကြသည်။
သို့သော် ဖုန်းယွီကပါ စိတ်ခွန်အားပေး ကြက်ပေါင်းရည်များကို စတင်အသုံးပြုလာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့သလို ဤမျှလောက်အထိ လူအများ၏ အားပေးထောက်ခံမှုကို ရရှိနေလိမ့်မည်ဟုလည်း မထင်ထားခဲ့ပေ။
ထိုစဉ်က အင်တာနက်ပေါ်တွင် ၎င်းတို့ Microsoft ၏ အဆင့်မြင့် စီမံခန့်ခွဲသူများနှင့် ပတ်သက်သော ကြက်ပေါင်းရည် ဆောင်းပါးများလည်း အများအပြား ရှိခဲ့ဖူးပြီး ထိုအချိန်က ၎င်းတို့ အားလုံးမှာ အလွန်တရာ ဂုဏ်ယူကာ သာယာနေခဲ့ကြသည်။ ထိုစကားများမှာ ၎င်းတို့ ပြောခဲ့သော စကားများ လုံးဝ မဟုတ်လျှင်ပင် ၎င်းတို့က တစ်ကြိမ်တစ်ခါမျှ ပြန်လည် ငြင်းဆိုခဲ့ခြင်း မရှိခဲ့ချေ။
သို့သော် ယနေ့ ဤကြက်ပေါင်းရည် ဆောင်းပါးကို မြင်တွေ့လိုက်ရပြီးနောက် ၎င်းတို့၏ စိတ်ထဲတွင်မူ အတိုင်းမသိ စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ကြကာ ဤဘဝတွင် ဤသို့သော ဆောင်းပါးမျိုးကို ထပ်မံ၍ မကြည့်လိုတော့ချေ။
ယခုအချိန်တွင် ဖုန်းယွီသည်လည်း အင်တာနက်ပေါ်တွင် ပြန်လည် ဖြန့်ဝေနေကြသော ဆောင်းပါးများကို ကြည့်ရှုနေကာ အင်တာနက်သုံးစွဲသူများ၏ မှတ်ချက်များကို ကြည့်ရှုရင်း အချို့သော မှတ်ချက်များမှာ တကယ်ကို ရယ်ချင်စိတ်ကို မထိန်းထားနိုင်အောင် ဖြစ်စေသည်။
အစပိုင်းတွင် ခါမီဒါ မာဆာအို တို့က နောက်ကွယ်မှ တွန်းအားပေးသူများကို သေချာပေါက် စီစဉ်ထားခဲ့မည် ဆိုသည်ကို သူ သိထားသော်လည်း နောက်ပိုင်းတွင်မူ အင်တာနက်သုံးစွဲသူများ ကိုယ်တိုင် မိမိတို့ သဘောဆန္ဒအလျောက် ပြန်လည် ဖြန့်ဝေသွားကြခြင်းသာ ဖြစ်သည်။
ဤအပေါ်ရှိ စာကြောင်းများထဲတွင် ဖုန်းယွီတကယ် ပြောခဲ့ဖူးသော စကားများ ရှိသလို ဖုန်းယွီကြားဖူးသော်လည်း မည်သူ ပြောခဲ့မှန်း မသိသော စကားများလည်း အများအပြား ပါဝင်နေကာ ထိုအောင်မြင်မှုပညာရပ် ကျွမ်းကျင်သူဆိုသူများ ပြောခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
ဖုန်းယွီသည် အတိတ်သို့ ပြန်လည်ရောက်ရှိလာသူ တစ်ဦးဖြစ်ရာ ခါမီဒါ မာဆာအို တို့နှင့် စကားပြောဆိုနေချိန်တွင် တန်ဖိုးရှိသော စကားစုအချို့ကို ရံဖန်ရံခါ အမှန်တကယ် ပြောထွက်သွားတတ်ပြီး ယင်းတို့ အားလုံးမှာ သူ ယခင်ဘဝက ကြားဖူးခဲ့သော စကားများပင် ဖြစ်သည်။
ယခင်ဘဝကမူ ဟာသတစ်ခုမျှသာ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ယခုအချိန်တွင် အသုံးပြုလိုက်သည့်အခါ အလွန်တရာ ထူးခြားကွဲပြားနေဟန် ပေါက်နေသည်။
အထူးသဖြင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဟူသော အရှိန်အဝါ၏ အောက်တွင်မူ လူအများကို ပို၍ပင် ယုံကြည်သွားစေသည်။
အပြင်လူများကို မဆိုထားနှင့် Wind-Rain Holdings နှင့် Taihua Holdingတို့၏ လက်အောက်ရှိ ကုမ္ပဏီအားလုံးမှ ဝန်ထမ်းများမှာ ဖုန်းယွီကို စံပြပုဂ္ဂိုလ်အဖြစ် မသတ်မှတ်ထားသူဟူ၍ လုံးဝနီးပါး မရှိကြဘဲ လူအများအပြားမှာ ဖုန်းယွီမည်သည့်စကားကို ပြောပြော အားလုံး မှန်ကန်နေသည်ဟုပင် အမှန်တကယ် ယူဆထားကြသည်။
ဤကြက်ပေါင်းရည် ဆောင်းပါး၏ အစွမ်းမှာလည်း ဖုန်းယွီတွေးဆထားသည်ထက် ပိုမို ကောင်းမွန်နေခဲ့သည်။ သူ၏ ဘလော့ဂ်အောက်ရှိ မှတ်ချက်များက စံချိန်သစ်ကို ထပ်မံ တင်သွားခဲ့ခြင်းကို ကြည့်ရုံဖြင့် သိနိုင်ပေသည်။
ဖုန်းယွီမှာ တစ်ခါတစ်ရံတွင် အနည်းငယ် ဂုဏ်ယူဝင့်ကြွားချင်စိတ်ကို မထိန်းထားနိုင်ဖြစ်သွားကာ ယခင်ဘဝက ထိုဖျော်ဖြေရေး နာမည်ကျော်များ၏ ဝေပေါ်ဆောင်းပါးတစ်ပုဒ်တွင် မှတ်ချက် မည်မျှရှိသည် ပြန်လည်ဖြန့်ဝေမှု မည်မျှရှိသည် ဆိုသည်မှာ ဖုန်းယွီနှင့် လုံးဝ ယှဉ်ပြိုင်၍ မရနိုင်ချေ။
မိုက်ကယ်ဂျက်ဆင်တစ်ယောက် အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိလာမည် ဆိုလျှင်ပင် ဖုန်းယွီထက် ပို၍နာမည်ကြီးနိုင်မည် မဟုတ်ပေ။
အင်တာနက်သုံးစွဲသူများ၏ မှတ်ချက်များထဲတွင် ဖုန်းယွီသည် "ဖြည့်စွက်ချက်" အများအပြားကိုလည်း မြင်တွေ့ခဲ့ရကာ ဖုန်းယွီကို ကူညီ၍ ကြက်ပေါင်းရည် စကားစု အမျိုးမျိုးကို ဖြည့်စွက်ပေးထားကြပြီး အားလုံးမှာ ဖုန်းယွီ၏ နာမည်ကို တပ်ထားကြခြင်း ဖြစ်သည်။
ဖုန်းယွီမှာ အင်တာနက်သုံးစွဲသူများ၏ ဖန်တီးနိုင်စွမ်းသည် တကယ်ကို ကြီးမားလွန်းလှကြောင်း ညည်းတွားလိုက်မိပြီး ဤစကားများမှာ နောက်ပိုင်းတွင် လူအများအပြား ထမင်းစားပြီးနောက် အချင်းချင်း ပြောဆိုဆွေးနွေးစရာ အကြောင်းအရာများ ဖြစ်လာနိုင်ကောင်း ဖြစ်လာနိုင်ပေမည်။ ဘာပဲဖြစ်ဖြစ် ဤသည်မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ပြောခဲ့သော စကားများ မဟုတ်ပါလော။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်၏ နေထိုင်မှုဘဝနှင့် ပတ်သက်၍မူ တွေးဆခန့်မှန်းရသည်ကို နှစ်သက်သော လူများ အများအပြား ရှိနေဆဲဖြစ်ကာ အင်တာနက်ပေါ်တွင်လည်း ဇာတ်လမ်းဗားရှင်း အမျိုးမျိုး အစောကြီးကတည်းက ရှိနေခဲ့ပြီး ဖြစ်သော်လည်း အားလုံးမှာ တကယ့် အမှန်တကယ် အခြေအနေနှင့် ကွဲလွဲမှု အနည်းငယ်မျှတော့ ရှိနေကြပေသည်။
ခန့်ညားထည်ဝါလှသော ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်မှာလည်း တစ်ခါတစ်ရံတွင် သာမန်လူများနှင့် အတူတူပင် ဖြစ်နေလိမ့်မည်ဟု သူတို့ မည်သို့မျှ တွေးဆထားမိမည် မဟုတ်ပေ။
Microsoft မှ ထိုလူများမှာလည်း သာမန် ဆောင်းပါးတစ်ပုဒ်က သူတို့ကို ဖိနှိပ်သွားနိုင်လိမ့်မည်ဟု မည်သို့မျှ တွေးဆထားမိမည် မဟုတ်ပေ။
……
******