အခန်း (၂၁၇၁-၂၁၇၃)
Vol. 135 Ch. 2171-2173
အခန်း (၂၁၇၁) နေအဆင့် နတ်မြားသမား
ခဏတာအတွင်းမှာပင် နိုင်ငံအသီးသီး၏ စစ်သည်များမှာ ချက်ချင်းပင် လှုပ်ရှားလာကြတော့သည်၊ စစ်မြေပြင်၏ ရှေ့တန်းတွင်မူ ချွေချန်းယုံ၏ အမိန့်နှင့်အတူ ကျယ်လောင်စွာမြည်ဟည်းနေသော စစ်ဗုံသံများအောက်၌ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ကြီးမှာ ပင်လယ်ပြင်ကြီးအလား အရပ်မျက်နှာ အသီးသီးမှနေ၍ တဟုန်ထိုး တိုးဝင်တိုက်ခိုက်လာကြတော့သည်။
"သတ်စမ်း”
"ဗိုလ်ချုပ်ကြီးက ရှေ့တန်းကို ကိုယ်တိုင်လာပြီး စစ်ဆေးနေပြီဟေ့… နောက်ဆုတ်တဲ့သူ သေရမယ်"
"ဘာလဲ… ဘယ်လိုဖြစ်လို့ ဒီလိုဖြစ်ရတာလဲ?"
"ဧကရာဇ်မင်းမြတ်တို့ ဒေါသထွက်နေကြပြီ၊ ချိကျင်းစစ်ဗုံဆိုတာ ငါတို့ကို တိုက်တွန်းဖို့ တီးခတ်တာပဲ၊ သူတို့ကို အကုန်သတ်နိုင်မှဖြစ်မယ်၊ မဟုတ်ရင် ငါတို့ပဲ အသေခံရလိမ့်မယ်"
"အံကြိတ်ပြီး တိုက်ကြစမ်း… ငါတို့မှာ လူအများကြီးရှိတာပဲ၊ မနိုင်စရာ အကြောင်းမရှိဘူး၊ အားလုံး အတူတူ တက်ကြစမ်း"
...
တစ်စုံတစ်ရာသော တိုက်တွန်းနှိုးဆော်သည့် အငွေ့အသက်များ ပါဝင်နေသည့် မြည်ဟည်းနေသော စစ်ဗုံသံများကို ကြားလိုက်ရသည့်အခါ လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်သွားကြရသည်။
စစ်ပွဲမစတင်မီက နိုင်ငံအသီးသီးမှာ မဟာမိတ်ဖွဲ့ခဲ့ကြပြီး စစ်ဗုံသံများကို အချက်ပြအမိန့်အဖြစ် အသုံးပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြသလို စည်းကမ်းချက်များကိုလည်း သတ်မှတ်ထားခဲ့ကြပေသည်။
စစ်ဗုံသံ အမျိုးအစားများစွာ ရှိပေရာ ချိကျင်းစစ်ဗုံမှာ ၎င်းတို့အနက် တစ်ခုဖြစ်ပြီး၊ ၎င်းတွင် ကြေးလင်းကွင်းခတ်သံများ ရောနှောပါဝင်နေကာ ဤဗုံသံ မြည်ဟည်းလာသည်နှင့်တစ်ပြိုင်နက် သတ်မှတ်ထားသော အချိန်အတွင်း ပြိုင်ဘက်ကို မချေမှုန်းနိုင်ခဲ့ပါက စစ်သည်များမှသည် ဗိုလ်ချုပ်များအထိ အားလုံးကို ခေါင်းဖြတ်သုတ်သင်ရမည် ဖြစ်သည်။
အအေးလှိုင်းများ ဆိုက်ရောက်လာမှုကြောင့် မဟာထန်၏ ရှင်သန်ရာ နယ်မြေများကို သိမ်းပိုက်နိုင်မှသာလျှင် အသက်ရှင်ရန် အခွင့်အရေး အနည်းငယ် ရှိပေလိမ့်မည်။ ရည်မှန်းချက် အောင်မြင်ရန်အတွက် နိုင်ငံအသီးသီးမှာ မည်သည့်ပေးဆပ်မှုကိုမဆို ပြုလုပ်ရန် အသင့်ဖြစ်နေကြပြီ ဖြစ်၏။
"သတ်စမ်း"
သတ်ဖြတ်လိုသော အော်ဟစ်သံများနှင့်အတူ မရေမတွက်နိုင်သော နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ စစ်သည်များမှာ မျက်လုံးများ နီရဲလာကြလျက် အရပ်မျက်နှာ အသီးသီးမှနေ၍ မဟာထန် ဆီသို့ တဟုန်ထိုး တိုးဝင်သွားကြတော့သည်။
ရှေ့တိုးလည်းသေ၊ နောက်ဆုတ်လည်းသေ…
မိမိတို့လူချင်း ပြန်လည်ခုတ်သတ်ခြင်းကို ခံရမည့်အစား ပြိုင်ဘက်နှင့် အသေအလဲ တိုက်ခိုက်ခြင်းကမှ ပို၍အဓိပ္ပာယ်ရှိပေလိမ့်မည်။ ထို့ပြင် လူတိုင်း ခံစားမိနေသည်မှာ ကောင်းကင်ယံရှိ ထိုဧရာမ ငရဲကြိတ်စက်ကြီးမှာ တုန်ခါနေလျက် မတည်မငြိမ် ဖြစ်နေပြီ ဖြစ်သလို ထိုသံချပ်ကာ ခြေလျင်စစ်သည်များမှာလည်း ယခင်ကကဲ့သို့ မသန်မာတော့ပါချေ။
၎င်းနှင့် နှိုင်းယှဉ်လျှင်မူ အသေအလဲ တိုက်ခိုက်ရန် အခွင့်အရေး ရှိနေဆဲပင် ဖြစ်၏။
သို့သော်ငြားလည်း မရေမတွက်နိုင်သော စစ်သည်များမှာ ထိုနေရာသို့ တိုးဝင်နေကြပါသော်လည်း အစောဆုံး တိုက်ခိုက်မှုကို စတင်လိုက်သူမှာမူ သူတို့ မဟုတ်ကြပါချေ။
မြေကြီးမှာ တုန်ခါသွားခဲ့ပြီး ကျယ်လောင်သော မြည်သံကြီးများနှင့်အတူ ဧရာမ အရိပ်မည်းကြီးများမှာ ကျရောက်လာခဲ့ကာ ကောင်းကင်ယံကို ဖုံးလွှမ်းသွားတော့သည်။
"မျှော်စင်လှည်း…အဲဒါ မျှော်စင်လှည်းတွေပဲ"
ရှေ့သို့ တိုးဝင်နေသော နိုင်ငံအသီးသီးမှ စစ်သည်တစ်ဦးမှာ ရုတ်တရက် ဦးခေါင်းမော့ကြည့်လိုက်ရာ တိမ်တိုက်များအထိ ထိုးထွက်နေသော ထိုဧရာမ အဆောက်အအုံကြီးကို မြင်တွေ့လိုက်ရသဖြင့် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်မိသည်။
ထိုစစ်သည်၏ အော်ဟစ်သံကို တုံ့ပြန်သည့်အလား မျှော်စင်လှည်း၏ ထိပ်ဆုံးနေရာတွင် ပခုံးကျယ်ကာ ကျောပြင်ထွားကျိုင်းလှသော စစ်သည်တစ်ဦးချင်းစီမှာ အေးစိမ့်လှသော အမူအရာများ ရှိနေကြလျက် သံချပ်ကာများနှင့် သံလေးများကို ဆင်မြန်းထားကြကာ၊ ထိုလူအုပ်ကြီးမှာ မြင့်မားလှသော နေရာမှနေ၍ အောက်သို့ ငုံ့ကြည့်လျက် လေးကို အစွမ်းကုန် ဆွဲတင်ကာ မျက်နှာချင်းဆိုင်မှ သံချပ်ကာ ခြေလျင်စစ်သည်များကို လျင်မြန်စွာ ပစ်မှတ်ထားလိုက်ကြတော့သည်။
ရှူး
စူးရှလှသော အသံတစ်ခုကိုသာ ကြားလိုက်ရပြီး ထိုထဲမှ လက်ဖြောင့်စစ်သည်တစ်ဦးက လေးကို လွှတ်ကာ မြားပစ်လိုက်ရာ မြားတစ်စင်းတည်းဖြင့်ပင် ဟာလာဟင်းလင်းပြင်များကို ဖြတ်ကျော်သွားတော့သည်။
သံချပ်ကာ ခြေလျင်စစ်သည်တစ်ဦး လှုပ်ရှားနေစဉ်အတွင်း ထိုမြားတံမှာ သူ၏ လည်ပင်းအောက်ရှိ သံချပ်ကာကြားမှ အနည်းငယ်မျှသော ဟာကွက်လေးအတွင်းသို့ ထိုးဝင်သွားခဲ့ပြီး သူ၏လည်ပင်းကို တစ်ခါတည်း ဖောက်ထွက်သွားခဲ့ရာ ချွန်ထက်လှသော မြားဖျားမှာ အနောက်ဘက်မှနေ၍ တိုက်ရိုက်ပင် ပေါ်ထွက်လာတော့သည်။
ထိုသံချပ်ကာ ခြေလျင်စစ်သည်၏ ကိုယ်ပေါ်ရှိ ထူထဲလှသော ဂန်ချီအကာအကွယ်ပင်လျှင် ၎င်းကို မတားဆီးနိုင်ခဲ့ပါချေ။
"သံချပ်ကာဖောက်မြား"
" ဒဏ္ဍာရီလာ လက်ဖြောင့်စစ်သည်တွေပဲ"
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ အဝေးဆီမှ သံမဏိခံတပ် မြို့ရိုးပေါ်တွင် လူတိုင်း၏ အမူအရာများ မသိမသာ ပြောင်းလဲသွားကြရသည်။
ထိုပေပေါင်း ဆယ်နှင့်ချီ၍ မြင့်မားသော မျှော်စင်လှည်းများပေါ်ရှိ မြားသမားများ အသုံးပြုနေသည်မှာ သာမန်မြားဖျားများ မဟုတ်ဘဲ သံချပ်ကာဖောက်မြားများ ဖြစ်ပေရာ၊ သို့မှသာလျှင် သံချပ်ကာ ခြေလျင်စစ်သည်တို့၏ ကာကွယ်ရေး ဂန်ချီများကို ဖောက်ထွက်နိုင်မည်ဖြစ်ပြီး ဦးထုပ်ဆောင်း၏ အနောက်ဘက်ကိုပင် ဖောက်ထွက်နိုင်ခြင်း ဖြစ်သည်။
ဒါ့အပြင် ဤမျှလောက် ပြင်းထန်လှသော ခွန်အားနှင့် တိကျလှသော ပစ်ခတ်မှုမျိုးမှာ သေချာပေါက် သာမန်နတ်မြားသမားများ မဟုတ်ကြပါချေ၊ ၎င်းတို့မှာ ဂိုဂူလျောအင်ပါယာ၏ ဒဏ္ဍာရီလာ လက်ဖြောင့်စစ်သည် များပင် ဖြစ်တော့သည်။
ဂိုဂူလျော ၏ ခြေလျင်တပ်မှာ မဟာထန် ကို မယှဉ်နိုင်သလို မြင်းတပ်မှာလည်း အရှေ့အနောက် တာ့ခ်များကို မယှဉ်နိုင်ပါချေ၊ အာရပ်များကိုမူ ပြောနေရန်ပင် မလိုတော့ပါ။ သို့သော်လည်း အရာတစ်ခုတွင်မူ ဂိုဂူလျောသည် နိုင်ငံအသီးသီး၏ အထက်တွင် ရှိနေခဲ့ပြီး မည်သည့်နိုင်ငံကမျှ လိုက်မယှဉ်နိုင်သော အရာမှာ ဒဏ္ဍာရီလာ လက်ဖြောင့်စစ်သည်ပင် ဖြစ်တော့သည်။
အဆင့်မြင့်ဆုံးသော နတ်မြားသမားမှာ ဒဏ္ဍာရီလာ လက်ဖြောင့်စစ်သည်ပင် ဖြစ်၏။
ဒဏ္ဍာရီများအရ ဒဏ္ဍာရီလာ လက်ဖြောင့်စစ်သည်များသည် ဟာလာဟင်းလင်းပြင်များကို ကျော်ဖြတ်ကာ အရှေ့ပင်လယ်ရှိ ပင်လယ်သိန်းငှက်တို့၏ မျက်လုံးများကို တိကျစွာ ပစ်ခတ်နိုင်သဖြင့် အရေခွံကို မပျက်မစီးဘဲ ထိန်းသိမ်းနိုင်စွမ်း ရှိသလို၊ ပင်လယ်သိန်းငှက်တို့၏ တစ်စုံတစ်ရာသော အကြောများကို တိကျစွာ ပစ်ခတ်ဒဏ်ရာရစေခြင်းဖြင့် သူတို့၏ဟန်ချက်ကို ပျက်ပြားသွားစေကာ ကောင်းကင်ယံမှနေ၍ အတင်းအကျပ် ဆင်းသက်စေခြင်းဖြင့် ပင်လယ်သိန်းငှက်များကို ဖမ်းဆီးနိုင်စွမ်း ရှိကြပေသည်။
ဂိုဂူလျောအင်ပါယာတွင် ယခုအချိန်အထိပင် "မြားတစ်စင်းဖြင့် သိန်းငှက်သုံးကောင်" သို့မဟုတ် "မြားတစ်စင်းဖြင့် သိန်းငှက်လေးကောင်" ပစ်နိုင်သည်ဟူသော ကောလာဟလများ ပျံ့နှံ့နေဆဲ ဖြစ်သည်။
ထိပ်တန်းအဆင့်ရှိသော ဒဏ္ဍာရီလာ လက်ဖြောင့်စစ်သည် (ရှဲ့တျောင်းရှို) များမှာ ပစ်ခတ်ရမည့် ထောင့်များကို ရှာဖွေနိုင်ရုံသာမကဘဲ ပစ်မှတ်ကိုလည်း လမ်းကြောင်းပေးနိုင်သဖြင့် မြားတစ်စင်းတည်းဖြင့် သိန်းငှက်အများအပြားကို ပစ်နိုင်သည့် ရလဒ်မျိုးကို ဖန်တီးနိုင်ခြင်း ဖြစ်သည်။
နားထောင်ရသည်မှာ အလွန်ပင် ဆန်းကြယ်လှသော မြားအတတ်ပညာ ဖြစ်ပါသော်လည်း ဂိုဂူလျော တွင်မူ ၎င်းမှာ လက်တွေ့တွင် တည်ရှိနေသော အရာပင်။
ထို့ပြင် ဂိုဂူလျောအင်ပါယာ သည် အမြဲတမ်းပင် ကလေးငယ်များကြားမှ ထူးခြားလှသော ပါရမီရှင်မျိုးစေ့များကို ရွေးချယ်ကာ လေးငါးနှစ်အရွယ်ကတည်းက စတင်လေ့ကျင့်ပေးသည့် အစဉ်အလာကို ထိန်းသိမ်းထားခဲ့သည်။
ထိုကလေးများသည် တစ်နေ့လျှင် အကြိမ်ပေါင်း သောင်းနှင့်ချီ၍ ပစ်ခတ်လေ့ကျင့်ရသဖြင့် အရွယ်ရောက်လာသည့် အချိန်တွင် အနည်းဆုံး အကြိမ်ပေါင်း သန်းနှင့်ချီ၍ ပစ်ခတ်ခဲ့ဖူးကြပြီ ဖြစ်သည်။
သူတို့၏ အရည်အချင်းမှာ သာမန်နတ်မြားသမားများ လုံးဝ မယှဉ်နိုင်သော အဆင့်တွင် ရှိပေသည်။
ရှူး ရှူး ရှူး
နောက်တစ်ခဏ၌ တစ်စုံတစ်ရာသော အချက်ပြမှုအလား နားထဲ၌ ကျိန်းစပ်သွားစေမည့် စူးရှလှသော အော်ဟစ်သံများနှင့်အတူ မျှော်စင်လှည်းအထက်မှ ဒဏ္ဍာရီလာ လက်ဖြောင့်စစ်သည် ဆယ်ဂဏန်းခန့်မှာ တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်ကြရာ မြားတံတစ်စင်းစီမှာ မိုးရေစက်များအလား စိပ်လှစွာဖြင့် သေမင်း၏ ထက်မြက်မှုများကို သယ်ဆောင်လျက် ကောင်းကင်ယံမှ ကျဆင်းလာတော့သည်။
သံချပ်ကာ ခြေလျင်စစ်သည် တစ်ဦးချင်းစီမှာ နာကျင်စွာပင် မအော်နိုင်လိုက်ဘဲ ထိုထက်မြက်လှသော သံချပ်ကာဖောက်မြားများဖြင့် မြေပြင်ပေါ်၌ ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံလိုက်ကြရတော့သည်။
အခြားသော အရပ်မျက်နှာများတွင်လည်း မြည်ဟည်းသံများနှင့်အတူ ပိုမိုများပြားလှသော မျှော်စင်လှည်းများမှာလည်း စစ်မြေပြင်သို့ ရောက်ရှိလာကြပြန်သည်။
"ချန်ပုရန် ဒဏ္ဍာရီလာ လက်ဖြောင့်စစ်သည်တွေကို ဖိနှိပ်ထားစမ်း"
"စုဟန်ရှင်းကို အမိန့်ပေးလိုက်၊ ဘေးကနေ ကူညီပေးခိုင်းလိုက်"
"ရှေ့တန်းက တပ်ဖွဲ့တွေကို အကြောင်းကြားလိုက်၊ နောက်ဆုတ်လို့ ရပြီ"
ထိုအချိန်မှာပင် မြင့်မားလှသော မြို့ရိုးပေါ်၌ ဝမ်ချောင်က မျက်လုံးများကို တစ်ချက် မှိတ်လိုက်ရင်း ရုတ်တရက် အမိန့်ပေးလိုက်တော့သည်။
လေးသောင်းသော သံချပ်ကာ ခြေလျင်တပ်များဖြင့် တိုက်ပွဲတစ်ခုတည်းတွင် ရန်သူ့စစ်သည် နှစ်သိန်းကျော်ကို သုတ်သင်နိုင်ခဲ့သလို တစ်ချိန်တည်းမှာပင် အန်းလုရှန်း၏ ယိုမင် သံချပ်ကာမြင်းတပ်ကိုလည်း ခြေဖျက်နိုင်ခဲ့ပြီဖြစ်ရာ နိုင်ငံအသီးသီး၏ အရှိန်အဝါကို ထိုးနှက်ရန်အတွက် လုံလောက်လှပေပြီ။ ဆက်လက်၍ တိုက်ပွဲဝင်နေရန် မလိုအပ်တော့ပါချေ။
ဝမ်ချောင်၏ နေရာမှနေ၍ လှမ်းကြည့်လိုက်မည်ဆိုပါက စစ်မြေပြင်၏ အနောက်ဘက်တွင် နိုင်ငံအသီးသီး၏ ထိပ်တန်းစစ်တပ်များမှာ စုပေါင်းကာ ဤနေရာသို့ ချီတက်လာနေကြပြီ ဖြစ်ရာ၊ ငရဲဘီး စစ်အစီအရင်ကြီးမှာ အစွမ်းထက်လှပါသော်လည်း တစ်ဦးတည်းဖြင့် လူတစ်သောင်းကို ရင်ဆိုင်နိုင်ခြင်း မရှိသလို နိုင်ငံအသီးသီး၏ စစ်တပ်များကို တိုက်ရိုက်စိန်ခေါ်နိုင်သည့် အဆင့်သို့လည်း မရောက်ရှိသေးပါချေ။
ထို့ပြင် စစ်ပွဲဆိုသည်မှာ ကစားပွဲတစ်ခု မဟုတ်ပါချေ၊ ငရဲဘီး စစ်အစီအရင်ကြီးမှာ မည်မျှပင် အစွမ်းထက်ပါစေဦး၊ လေးသောင်းသော မဟာထန်စစ်တပ်မှာ ပြိုင်ဘက်ကို ခြေဖျက်နေစဉ်အတွင်းမှာပင် သိသိသာသာ ထိခိုက်မှုများ ရှိခဲ့သဖြင့် လူဦးရေမှာ တစ်သောင်းကျော် တဟုန်ထိုး လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။
အကယ်၍ သံချပ်ကာ ခြေလျင်စစ်သည် အရေအတွက်မှာ နှစ်သောင်းခုနစ်ထောင်အောက် လျော့နည်းသွားပါက ငရဲဘီး စစ်အစီအရင်ကြီးကို ဆက်လက်ထိန်းသိမ်းထားရန် မဖြစ်နိုင်တော့ပါချေ။
ဤသည်မှာပင် ဝမ်ချောင်က စစ်အစီအရင်ကို အချို့သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ထားခဲ့သည့် ရလဒ်ပင် ဖြစ်တော့သည်။
ဝမ်ချောင်၏ အမိန့်နှင့်အတူ စစ်မြေပြင်တွင် အပြောင်းအလဲ အသစ်တစ်ခု ထပ်မံပေါ်ထွက်လာပြန်သည်။ ကျယ်လောင်စူးရှလှသော အော်ဟစ်သံ တစ်ခုကိုသာ ကြားလိုက်ရပြီး ကောင်းကင်ယံကို ဖုံးလွှမ်းသွားသော မြားမိုးကြီးမှာ ရုတ်တရက် လမ်းကြောင်းပြောင်းလဲသွားကာ မျှော်စင်လှည်းများပေါ်ရှိ ဂိုဂူလျော ဒဏ္ဍာရီလာ လက်ဖြောင့်စစ်သည်များဆီသို့ တိုက်ရိုက် ဦးတည်ပစ်ခတ်လိုက်တော့သည်။
"ကာကွယ်ကြ"
ဂိုဂူလျော ဘာသာစကားဖြင့် ပြင်းထန်လှသော ဟောက်သံတစ်ခုမှာ စစ်မြေပြင်၌ ပဲ့တင်ထပ်သွားခဲ့ပြီး မဟာထန် ဘက်မှ ဤကဲ့သို့သော တစ်နယ်မြေလုံး လွှမ်းခြုံထားသည့် တိုက်ခိုက်မှုအောက်တွင် ထိုဒဏ္ဍာရီလာ လက်ဖြောင့်စစ်သည်များပင်လျှင် ခေတ္တမျှ ရှောင်တိမ်းလိုက်ကြရသည်။
သို့သော်ငြားလည်း မျှော်စင်လှည်းပေါ်မှ ဒဏ္ဍာရီလာ လက်ဖြောင့်စစ်သည်များမှာမူ ထိတ်လန့်သွားခြင်း မရှိဘဲ တည်ငြိမ်နေကြဆဲပင် ဖြစ်ရာ လူတိုင်းမှာ များမကြာမီမှာပင် အကြောင်းရင်းကို သိရှိသွားကြတော့သည်။
ယန္တရား မောင်းတံသံများမှာ မျှော်စင်လှည်း၏ ထိပ်ဆုံးမှနေ၍ ထွက်ပေါ်လာခဲ့ပြီး အလင်းတန်း တစ်ချက် လက်သွားခဲ့ကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် သံမဏိပြား တစ်ချပ်မှာ မျှော်စင်လှည်း ထိပ်ဆုံးမှနေ၍ ပန်းထွက်လာခဲ့ပြီး မြားမိုးများ အားလုံးကို တားဆီးလိုက်တော့သည်။
သံမဏိပြား၏ ရှေ့မျက်နှာပြင်တွင် ရှုပ်ထွေးလှသော ပုံစံများ ပြည့်နှက်နေပေရာ သိသိသာသာပင် များပြားလှသော ကာကွယ်ရေး မန္တန်များနှင့် ခိုင်မာမှု မန္တန်များကို ထွင်းထုထားခြင်း ဖြစ်၏။
ချွင် ချွင် ချွင်၊ မြားတံ တစ်စင်းချင်းစီမှာ သံမဏိပြားကို ထိမှန်သွားခဲ့ပြီး မြားဖျားများမှာ အနောက်ဘက်မှနေ၍ လက်မအနည်းငယ်ခန့် ဖောက်ထွက်လာခဲ့ရာ သေးငယ်လှသော သံမဏိပြား တစ်ချပ်ပေါ်တွင် ခဏတာအတွင်း မြားတံ ရာနှင့်ချီ၍ စိုက်ဝင်သွားခဲ့ပါသော်လည်း နောက်ဆုံးတွင်မူ တားဆီးခြင်းကို ခံလိုက်ရတော့သည်။
အနောက်ဘက်တွင်မူ ဒဏ္ဍာရီလာ လက်ဖြောင့်စစ်သည် တပ်စုမှူးတစ်ဦးမှာ ဤမြင်ကွင်းကို ကြည့်ရင်း အေးစိမ့်စွာ ပြုံးလိုက်မိသည်။
မဟာထန် အနေဖြင့် သူတို့ကို အလွန်ပင် ရိုးရှင်းစွာ တွေးတောနေခဲ့ခြင်း ဖြစ်၏။
ဤသည်မှာ တိုက်ပွဲအတွင်းမှ ရုတ်တရက်ဆိုသလို စုစည်းထားသော အမှိုက်တစ်သိုက် မဟုတ်ပါချေ၊ မျှော်စင်လှည်း ကဲ့သို့သော ဧရာမ မြို့သိမ်း ယန္တရားကြီးများကိုပင် သူတို့က ကြိုတင် တည်ဆောက်ထားခဲ့ကြသည် မဟုတ်ပါလော၊ ဖြစ်လာနိုင်သော တိုက်ခိုက်မှုများကို မည်သို့လျှင် ကြိုတင် မကာကွယ်ဘဲ နေပါမည်နည်း။
ခံတပ်ပေါ်မှ နတ်မြားသမားများမှာ သူတို့ကို အနည်းငယ်မျှပင် ခြိမ်းခြောက်နိုင်စွမ်း မရှိပါချေ။
သို့သော်လည်း ဤအတွေးမှာ သူ၏ဦးနှောက်ထဲ၌ ဖြတ်ပြေးသွားရုံမျှသာ ရှိသေးသော်လည်း မည်သည့် နိမိတ်လက္ခဏာမျှ မရှိဘဲ "ဖျစ် ဖျစ် ဖျစ်" ဟူသော အသံများနှင့်အတူ သွေးများပန်းထွက်ကုန်တော့သည်။ ထိုဒဏ္ဍာရီလာ လက်ဖြောင့်စစ်သည်တပ်စုမှူး၏အနောက်တွင် ဒဏ္ဍာရီလာ လက်ဖြောင့်စစ်သည် ငါးဦးမှာ လေးကို ကိုင်စွဲထားလျက် မြားတံများကို တင်ကာ ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေကြစဉ်မှာပင်၊ အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး ထိုသူများ အားလုံးမှာ ရုတ်တရက် ရောက်ရှိလာသော မြားတံများ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်ခြင်း ခံလိုက်ကြရကာ၊ မြားတံပေါ်ရှိ ဂန်ချီစွမ်းအင်များက သူတို့၏ ကျောရိုးနှင့် အရေးကြီးသော အကြောများကို တိုက်ရိုက်ပင် ရိုက်ခွဲပစ်လိုက်တော့သည်။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
လူတိုင်းမှာ မျက်လုံးများကို ပြူးလျက် အလွန်အမင်း အံ့ဩတုန်လှုပ်နေကြပြီးနောက် လေးလံစွာ လဲကျသွားကြတော့သည်။
သူတို့ ဘယ်လိုမှ မထင်မှတ်ထားခဲ့သည်မှာ ရှေ့တည့်တည့်တွင် သံမဏိပြားဖြင့် တားဆီးထားသဖြင့် အပြင်ဘက်သို့ အနည်းငယ်မျှပင် ထုတ်မပြထားသော အခြေအနေမျိုးတွင်မှ တစ်ဖက်လူက သူတို့၏ အရေးကြီးသော နေရာများကို တိကျစွာ ပစ်ခတ်နိုင်လိမ့်မည်ဟုပင် ဖြစ်၏။
"အားးး"
တစ်ချိန်တည်းမှာပင် အနီးနားရှိ အခြားသော မျှော်စင်လှည်းများပေါ်မှလည်း နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ ထိုအသံများအရဆိုလျှင် ဤအခိုက်အတန့်၌ သေစေနိုင်သော တိုက်ခိုက်မှုကို ခံလိုက်ရသည့် ဒဏ္ဍာရီလာ လက်ဖြောင့်စစ်သည်များမှာ တစ်နေရာတည်း မဟုတ်သည်မှာ သေချာလှပေသည်။
"သတိထားကြ၊ နေအဆင့် နတ်မြားသမားပဲ"
မျှော်စင်လှည်းပေါ်တွင် ထိုဒဏ္ဍာရီလာ လက်ဖြောင့်စစ်သည် တပ်စုမှူးမှာ ရုတ်တရက် ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိသည်။ အလွန်အမင်း ကြောက်ရွံ့နေသဖြင့် သူ၏အသံပင် ပျက်ယွင်းနေတော့သည်။
ဒဏ္ဍာရီလာ လက်ဖြောင့်စစ်သည်ဆိုသည်မှာ အခြားသော နိုင်ငံများက ခေါ်ဆိုသည့် အမည်သာ ဖြစ်ပြီး ဂိုဂူလျောအင်ပါယာ အတွင်းပိုင်း၌မူ ဒဏ္ဍာရီလာ လက်ဖြောင့်စစ်သည် ဟူသော အခေါ်အဝေါ် မရှိပါချေ။ နေ၊ လ၊ ကြယ် ဟူသော အဆင့်ကြီး သုံးဆင့်သာ ရှိပေရာ သာမန်မြားသမားများမှာမူ အဆင့်သတ်မှတ်ခြင်း ခံရရန်ပင် အရည်အချင်း မပြည့်မီကြပါချေ။ သာမန်လူတို့၏အမြင်တွင် မြားတစ်စင်းမှ မလွဲချော်သော နတ်မြားသမားများကိုမူ ကြယ်အဆင့် မြားသမားဟု ခေါ်ဆိုကြပေသည်။
ထိပ်တန်းအဆင့်ရှိသော နတ်မြားသမားများ သို့မဟုတ် နိုင်ငံအသီးသီးမှ ခေါ်ဆိုနေကြသော ဒဏ္ဍာရီလာ လက်ဖြောင့်စစ်သည်များကိုမူ ဂိုဂူလျောအင်ပါယာ တွင် လအဆင့် မြားသမားဟု ခေါ်ဆိုကြပေသည်။
နေအဆင့် မြားသမားနှင့် ပတ်သက်၍မူ ဂိုဂူလျောအင်ပါယာတွင်ပင် အလွန်ပင် ရှားပါးလှပေရာ အဆင့်မြင့်ဆုံးသော ဒဏ္ဍာရီလာ လက်ဖြောင့်စစ်သည်များသာလျှင် ဤဘွဲ့အမည်ကို ရရှိနိုင်ခြင်းပင် ဖြစ်တော့သည်။
မျက်တောင်တစ်ခတ်အတွင်း မြေကမ္ဘာကြီးမှာ တုန်ဟိန်းသွားခဲ့ပြီး ဒဏ္ဍာရီလာ လက်ဖြောင့်စစ်သည်များ အားလုံးမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ကြိုးစားနေကြရသဖြင့် အချို့သော ရှုပ်ထွေးနေသည့် မျှော်စင်လှည်းများမှာ အနောက်သို့ တိုက်ရိုက်ပင် ဆုတ်ခွာသွားကြတော့သည်။
သို့သော်လည်း ဤအရာမှာ ပြီးဆုံးသွားခြင်း မရှိသေးပါချေ။
ဝုန်း…
ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေသော မြည်ဟည်းသံကြီးတစ်ခုကိုသာ ကြားလိုက်ရပြီး မလှမ်းမကမ်း နေရာတွင် မည်သည့် နိမိတ်လက္ခဏာမျှ မရှိဘဲ မျှော်စင်လှည်း တစ်စီးမှာ ရုတ်တရက် ပြိုကျသွားခဲ့ရာ အံ့ဩတုန်လှုပ်သံများကြား၌ မျှော်စင်လှည်း၏ ထိပ်ဆုံး အစိတ်အပိုင်း တစ်ဝက်ခန့်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့ပြီး ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။
"ဧရာမ စစ်ရထားလေး”
"သတိထားကြ"
အရပ်မျက်နှာ အသီးသီးမှ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့ပြီး ခဏတာအတွင်းမှာပင် မျှော်စင်လှည်း အားလုံးမှာ ကြီးမားလှသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသဖြင့် တဂျိမ်းဂျိမ်းမြည်သံနှင့် အနောက်သို့ တဟုန်ထိုး ဆုတ်ခွာသွားကြတော့သည်။
မျှော်စင်လှည်းကို ဖျက်ဆီးရန်မှာ လုံးဝမလွယ်ကူပါချေ၊ မျှော်စင်လှည်းမှာ ရိုးရှင်းလှသော သစ်သားတည်ဆောက်ပုံ မဟုတ်ဘဲ အတွင်းပိုင်းတွင် များပြားလှသော ကာကွယ်ရေး သံမဏိပြားများကို ထည့်သွင်းထားသဖြင့် သာမန်စစ်ရထားလေးများကို အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပါချေ။
မျှော်စင်လှည်း၏ ဧရာမအရွယ်အစားကြောင့် စစ်ရထားလေးများ၏ ရိုးရှင်းလှသော အစက်အပြောက် တိုက်ခိုက်မှုမျိုးမှာ အဓိပ္ပာယ် မရှိလှပေရာ မျှော်စင်လှည်း၏ လုပ်ဆောင်ချက်များကို အနည်းငယ်မျှ ထိခိုက်စေနိုင်ခြင်း မရှိပါချေ။
သို့သော်လည်း ဧရာမ စစ်ရထားလေးမှာမူ လုံးဝ မတူညီပါချေ၊ ၎င်းမှာ စစ်မြေပြင်တစ်ခုလုံးတွင် မျှော်စင်လှည်းကို ခြိမ်းခြောက်နိုင်သော တစ်ခုတည်းသော တည်ရှိမှုပင် ဖြစ်တော့သည်။
"ဝုန်း"
မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်ထပ် မြည်ဟီးသံတစ်ခု ထွက်ပေါ်လာပြန်ပြီး ဒုတိယမြောက် မျှော်စင်လှည်းမှာလည်း ပေါက်ကွဲသွားခဲ့ပြန်သည်။
ဧရာမ သားရဲကြီးများကိုပင် သတ်ဖြတ်နိုင်သော ဧရာမ စစ်ရထားလေးများမှာ ယခုအခါ မျှော်စင်လှည်းများကို ကိုင်တွယ်ရန်အတွက် အကောင်းဆုံးသော လက်နက်များ ဖြစ်လာခဲ့ပြီ ဖြစ်၏။
ဧရာမ မြားတံကြီးများ၏ တိုက်ခိုက်မှုအောက်တွင် များပြားလှသော မျှော်စင်လှည်းများမှာ အနောက်သို့ တဟုန်ထိုး ဆုတ်ခွာသွားကြရသလို အနောက်ဘက်တွင် ရှိနေသေးသော ပိုမိုများပြားသည့် မျှော်စင်လှည်းများမှာလည်း စစ်သည်တို့၏ အကာအကွယ်အောက်တွင် အနောက်သို့ တစ်ဦးပြီးတစ်ဦး ဆုတ်ခွာသွားကြတော့သည်။
မျှော်စင်လှည်းများ ဆုတ်ခွာသွားသည့်နောက်တွင်မူ ၎င်းတို့၏ ခြိမ်းခြောက်မှု မရှိတော့သဖြင့် သံမဏိခံတပ် အတွင်းရှိ နတ်မြားသမားများမှာ ထပ်မံ၍ လှုပ်ရှားလိုက်ကြပြန်သည်။ တစ်သုတ်ပြီးတစ်သုတ်သော မြားမိုးများမှာ စိပ်လှစွာဖြင့် ကောင်းကင်ယံမှနေ၍ လွှမ်းခြုံကျဆင်းလာခဲ့ရာ နာကျင်စွာ အော်ဟစ်သံများနှင့်အတူ နိုင်ငံအသီးသီးမှ မဟာမိတ်တပ်ဖွဲ့ စစ်သည် တစ်သုတ်ပြီးတစ်သုတ်မှာ ထိုနေရာ၌ပင် ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံလိုက်ကြရတော့သည်။
******
အခန်း (၂၁၇၂) ရှေ့သို့ ချီတက်ခြင်း
"စစ်တပ်ကြီးအားလုံး အမိန့်ကို နာခံကြ၊ နောက်ဆုတ်"
ဤအကာအကွယ်ပေးမှု၏ အကူအညီဖြင့်၊ ကျန်ရှိနေသော သုံးသောင်းမပြည့်တော့သည့် မဟာထန် သံချပ်ကာ ခြေလျင်တပ်များမှာ ချက်ချင်းပင် စစ်ကြောင်းကို ထိန်းသိမ်းကာ စနစ်တကျဖြင့် အနောက်သို့ ဆုတ်ခွာသွားကြတော့သည်။
စစ်ကြောင်းမှာ တုန်ယင်နေလျက် အချိန်မရွေး ပြိုကွဲသွားနိုင်သည့် အခြေအနေမျိုးတွင် ရှိနေပါသော်လည်း၊ သံချပ်ကာဝတ် စစ်သည်အားလုံးမှာ အလွန်မြင့်မားသော စည်းကမ်းသေဝပ်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။
"ဝုန်း"
သံမဏိများ ထိခတ်သံများနှင့်အတူ သံမဏိခံတပ် ကြီး၏ ဧရာမ မြို့တံခါးကြီးမှာ ထပ်မံ ပွင့်ဟလာခဲ့ပြီး၊ စစ်ကြောင်းကို ဖြိုခွဲလိုက်ကာ ကျန်ရှိနေသော သံချပ်ကာ ခြေလျင်စစ်သည် အားလုံးမှာ စနစ်တကျ တန်းစီလျက် သံမဏိခံတပ် အတွင်းသို့ ဘေးကင်းစွာ ဆုတ်ခွာသွားကြတော့သည်။
ဧရာမ သံမဏိ မြို့တံခါးကြီး ပြန်လည်ပိတ်ကျသွားသည့်အခါ၊ ယန္တရား မောင်းတံသံများနှင့် ရစ်လုံးလည်ပတ်သံများ ထွက်ပေါ်လာခဲ့ပြီးနောက်၊ သံမဏိခံတပ်တစ်တပ်လုံး၏ အပြင်ဘက်တွင် မည်သည့် မဟာထန် စစ်တပ်မျှ ကျန်ရှိမနေတော့ပါချေ။
စစ်တပ်ကြီး အားလုံး ဆုတ်ခွာသွားပြီး သံမဏိ မြည်ဟည်းသံများ ထွက်ပေါ်လာသည့်အခါ၊ စစ်မြေပြင်တစ်ခုလုံး၏ ရှေ့တန်းတွင် ရုတ်တရက်ဆိုသလို တိတ်ဆိတ်သွားခဲ့ရသည်။
"စစ်တပ်ကြီးကို အမိန့်ပေးလိုက်၊ တိုက်စစ်ဆင်တာကို ခဏ ရပ်ထားလိုက်"
စစ်တပ်ကြီး၏ အနောက်ဘက်တွင်၊ ချွေချန်းယုံသည် သံချပ်ကာကို ဆင်မြန်းထားလျက် မျက်ဝန်းထဲ၌ အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး အနည်းငယ်မျှ တွေဝေခြင်းမရှိဘဲ အမိန့်ပေးလိုက်တော့သည်။
ထိုလေးသောင်းသောသံချပ်ကာ ခြေလျင်တပ်များမှာ ဆုတ်ခွာသွားခဲ့ပြီဖြစ်ရာ ဆက်လက် လိုက်လံတိုက်ခိုက်နေရန်မှာ အဓိပ္ပာယ် မရှိတော့ပါချေ။ နောက်ပိုင်းတွင် စစ်တပ်ကြီးကို ပြန်လည် စုစည်းခြင်းနှင့် မြို့သိမ်း တိုက်ပွဲများ အပါအဝင် ဖြေရှင်းရမည့် ကိစ္စရပ်များစွာ ရှိနေသေး၏။
ချွေချန်းယုံ၏ အမိန့်နှင့်အတူ စစ်တပ်ကြီး၏ ချီတက်မှု အရှိန်မှာ သိသိသာသာ နှေးကွေးသွားခဲ့သည်။
...
"နောက်ပိုင်းကတော့ အစစ်အမှန် မြို့သိမ်း မြို့စောင့် တိုက်ပွဲ ဖြစ်လာတော့မှာပဲ"
အေးစိမ့်လှသော လေပြင်းများကြား၌၊ မင်းဆရာဝမ်ကျုံးစစ်သည် မြို့ရိုးပေါ်တွင် မတ်မတ်ရပ်နေလျက် မြို့ပြင်၌ နေရာအနှံ့ ပြန့်ကျဲနေသော အလောင်းများနှင့် အမျိုးမျိုးသော ထောက်ပံ့ရေး ပစ္စည်းအပိုင်းအစများကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
စစ်ပွဲဆိုသည်မှာ အမြဲတမ်း ရက်စက်လှပေသည်။ ဤစစ်ပွဲတွင် နိုင်ငံအသီးသီးမှ အလောင်း နှစ်သိန်းကျော် ထပ်တိုးလာခဲ့သလို၊ မဟာထန်ဘက်မှလည်း စစ်သည် တစ်သောင်းနီးပါးခန့်၏ အလောင်းများကို ချန်ရစ်ထားခဲ့ရသည်။
ဤသည်မှာ စစ်ပွဲ၏ ရက်စက်မှုပင် ဖြစ်တော့သည်။
အပြတ်အသတ် အနိုင်ရရှိသော ဘက်မှပင်လျှင် ပေးဆပ်မှုများ ပြုလုပ်ရသည်သာ ဖြစ်၏။
သို့သော်လည်း ဝမ်ကျုံးစစ်သည် များမကြာမီမှာပင် ထိုအရာများကို ဂရုစိုက်နေရန် အချိန်မရတော့ပါချေ။ ခုနကတိုက်ပွဲမှာ "သွေးပူလေ့ကျင့်ခန်း" သက်သက်မျှသာ ဖြစ်ပြီး၊ နောက်ပိုင်းတွင် ဖြစ်ပေါ်လာမည့် တိုက်ပွဲများမှာ များစွာပိုမိုရက်စက်လှပေလိမ့်မည်။ ထို့ပြင် စစ်တပ်ကြီး၏ဗိုလ်ချုပ်တစ်ဦး ဖြစ်သည့်အလျောက် သူသည်လည်း ပြင်ဆင်မှုများ ပြုလုပ်ရတော့မည် ဖြစ်၏။
ဝမ်ကျုံးစစ်သည် လျင်မြန်စွာ လှည့်ထွက်သွားခဲ့ပြီး၊ မြို့ရိုးပေါ်တွင် ဝမ်ချောင်ကလည်း အသာအယာ ခေါင်းညိတ်လိုက်ရုံမျှဖြင့်သာ တုံ့ပြန်ခဲ့ကာ၊ သူ၏အကြည့်များမှာ မြို့ပြင်ရှိ စစ်မြေပြင်ဆီသို့ လျင်မြန်စွာ ရောက်ရှိသွားတော့သည်။
နိုင်ငံအသီးသီး ဘက်မှ စစ်တပ်ကို ရုပ်သိမ်းရန် အနည်းငယ်မျှပင် စိတ်ကူးမရှိကြပါချေ၊ ဤခဏတာ အချိန်တိုအတွင်းမှာပင် စစ်မြေပြင်၌ အပြောင်းအလဲ အသစ်များ ထပ်မံပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
လှည်းဘီးများ လိမ့်နေသည့် အသံများနှင့်အတူ မြို့ပြင်ရှိ များပြားလှသည့် နိုင်ငံအသီးသီး၏ စစ်တပ်ကြီးအတွင်း၌ လူအုပ်ကြီးမှာ ခွဲထွက်သွားခဲ့ပြီး လက်တွန်းလှည်းငယ်များပေါ်တွင် ဧရာမကျောက်တုံးကြီးများကို တင်ဆောင်ထားလျက် ရှေ့တန်းသို့ လျင်မြန်စွာ ရောက်ရှိလာကြတော့သည်။
လက်တွန်းလှည်းငယ်ကို တွန်းကာ မှောက်ချလိုက်သည့်အခါ လှည်းပေါ်ရှိ ဧရာမ ကျောက်တုံးကြီးများမှာ လျင်မြန်စွာ လိမ့်ဆင်းသွားခဲ့ပြီး သံမဏိခံတပ်ရှေ့ရှိ သံမဏိဆူးချွန်များ ပြည့်နှက်နေသော ကျင်းလမ်းကြောင်းအတွင်းသို့ ကျရောက်သွားတော့သည်။
ခဏတာ အချိန်တိုအတွင်းမှာပင် ဧရာမ ကျောက်တုံးကြီး ထောင်နှင့်ချီ၍ ကျင်းအတွင်းသို့ ကျရောက်သွားကြတော့သည်။
"အနောက်ဘက်က ကျောက်ခဲပစ်စက်.. သူတို့က အဲဒီက ကျောက်ခဲတွေကို ရှေ့တန်းကို တွန်းလာကြတာ"
ထုံလော့ဗိုလ်ချုပ်ကြီးအာပုစစ်၏ အမူအရာမှာ လေးနက်သွားခဲ့ပြီး ရုတ်တရက် စကားဆိုလိုက်လေသည်။
ကျောက်ခဲပစ်စက်များမှာ တစ်ခုတည်း သီးသန့် လှုပ်ရှားခြင်း မဟုတ်ဘဲ၊ ပစ်ခတ်ရာတွင် အသုံးပြုမည့် ကျောက်တုံးများကို သယ်ယူပို့ဆောင်ပေးရန် လက်တွန်းလှည်းငယ် အများအပြားကို တွဲဖက် အသုံးပြုကြပေသည်။
နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့မှာ ကျောက်ခဲပစ်စက်များကို အသုံးပြုကာ ပစ်ခတ်ပါက မြို့ရိုးပေါ်ရှိ နတ်မြားသမားများ၏ ကြားဖြတ် တားဆီးခြင်းကို လွယ်လင့်တကူ ခံရနိုင်ကြောင်း သိရှိသွားကြသဖြင့်၊ ကျောက်ခဲပစ်စက်များကို အသုံးပြုကာ ကျင်းလမ်းကြောင်းကို မြေဖို့မည့် အစီအစဉ်မှာ လုံးဝမဖြစ်နိုင်တော့ကြောင်း သို့မဟုတ် အကျိုးသက်ရောက်မှု များစွာလျော့ကျသွားကြောင်းကို သိရှိသွားကြသည်မှာ ထင်ရှားလှပေသည်။
ထို့ကြောင့် ကျောက်တုံးများကို သယ်ယူပို့ဆောင်ပေးသော ထိုလက်တွန်းလှည်းငယ်များကို ရှေ့တန်းသို့ တိုက်ရိုက် တွန်းလာစေကာ ကျင်းလမ်းကြောင်း အတွင်းသို့ တိုက်ရိုက် ပို့ဆောင်လိုက်ခြင်းပင် ဖြစ်၏။
"ဟီးးး"
သို့သော်လည်း အရာရာမှာ ပြီးဆုံးသွားခြင်း မရှိသေးပါချေ၊ အာပုစစ်က စကားဆုံးရုံမျှသာ ရှိသေးသော်လည်း၊ မျက်နှာချင်းဆိုင်ရှိ နိုင်ငံအသီးသီး၏ စစ်တပ်ကြီးအတွင်းမှ ပြင်းထန်လှသော မြင်းဟိန်းသံများ ချက်ချင်းထွက်ပေါ်လာခဲ့ပြီး လူတိုင်း၏ အကြည့်များအောက်တွင် အရှေ့ တာ့ခ် သံချပ်ကာမြင်းတပ်အချို့မှာ တန်းစီလျက် ရောက်ရှိလာကြသည်။ သူတို့သည် ဧရာမသံကြိုးကြီး တစ်ချောင်းကို ဆွဲယူလာကြပြီး အလယ်တွင် ကျောက်တုံးများဖြင့် ချည်နှောင်ထားလျက် အားကုန်ဆွဲလိုက်ကြရာ၊ စစ်မြေပြင် ရှေ့တန်းရှိ များပြားလှသော အလောင်းများကို စစ်မြင်းတို့၏အရှိန်အဟုန်ဖြင့် ကျင်းအတွင်းသို့ တွန်းချလိုက်ကြတော့သည်။
ခပ်စိပ်စိပ် တိုက်ခတ်သံကြီး တစ်ခုကိုသာ ကြားလိုက်ရပြီး၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဤကျင်းလမ်းကြောင်းများမှာ အနည်းငယ်မျှ ပြည့်သွားခဲ့ရာ ဤမြင်ကွင်းကို ကြည့်ရင်း အာပုစစ်ပင်လျှင် မျက်မှောင်ကြုတ်သွားခဲ့ရသည်။
အလောင်းများကို အသုံးပြုကာ ကျင်းများကို မြေဖို့ခြင်းမှာ အမှန်တကယ်ပင် ထိရောက်လှသော နည်းလမ်းတစ်ခု ဖြစ်ပါသော်လည်း၊ အလွန်ပင် ရက်စက်လွန်းလှသလို စစ်မြေပြင်ရှိ အလောင်းများ အများစုမှာလည်း သူတို့၏ ကိုယ်ပိုင်လူများသာ ဖြစ်နေကြသည် မဟုတ်ပါလော။
"တားဆီးရမလား?"
အာပုစစ်က ဦးခေါင်းကို လှည့်ကာ ဘေးနားရှိ ဝမ်ချောင်အား မေးမြန်းလိုက်သည်။
တစ်ဖက်လူ၏ ဗိုလ်ချုပ်မှာ ထင်မှတ်ထားသည်ထက် များစွာပိုမိုအေးစိမ့်လှပြီး ရည်မှန်းချက် အောင်မြင်ရန်အတွက် မည်သည့် နည်းလမ်းကိုမဆို အသုံးပြုမည့်သူ ဖြစ်ရာ၊ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက ကျင်းလမ်းကြောင်းများမှာ မကြာမီမှာပင် ပျောက်ကွယ်သွားလိမ့်မည် ဖြစ်၏。
"မလိုပါဘူး"
ဝမ်ချောင်က ခေါင်းယမ်းလိုက်ပြီး အလွန်ပင် အေးစိမ့်လှသော လေသံဖြင့် ဆိုလိုက်သည်။
"ဧရာမ ကျင်းကြီး ပေါ်ထွက်လာကတည်းက မြေဖို့ခံရမယ်ဆိုတာ ကြိုတင် သတ်မှတ်ပြီးသား ဖြစ်သွားခဲ့ပြီပဲ၊ သူတို့ကို လုပ်ခိုင်းလိုက်ပါ"
မဟာထန် သံချပ်ကာ ခြေလျင်စစ်သည်တို့၏ အလောင်းအများစုကို ဆုတ်ခွာသည့် အချိန်တွင် ပြန်လည်သယ်ဆောင်လာခဲ့ပြီးဖြစ်သလို၊ မြို့ပြင်တွင် ကျန်ရှိနေသည်မှာ နိုင်ငံအသီးသီး၏အလောင်းများသာဖြစ်ရာ၊ သူတို့က ဤနည်းလမ်းကို အသုံးပြုကာ ကျင်းကို မြေဖို့မည်ဆိုပါက ဝမ်ချောင်ကိုယ်တိုင်ပင်လျှင် တားဆီးနိုင်စွမ်း မရှိပါချေ။
ဒါ့အပြင် ထိုသို့ လုပ်ဆောင်ခြင်းကလည်း အဓိပ္ပာယ် မရှိလှပါချေ။
"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်၊ မြို့သိမ်း တိုက်ပွဲက မကြာခင် စတော့မယ်၊ စစ်တပ်အားလုံး တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားကြ"
ဝမ်ချောင်က အေးအေးဆေးဆေးပင် ဆိုလိုက်သည်။
အဝေးဆီတွင်မူ များပြားလှသော အလောင်းများကို ကျင်းအတွင်းသို့ တွန်းချလိုက်သည်နှင့်အမျှ၊ ရှည်လျားလှသော ကျင်းလမ်းကြောင်းကြီး တစ်ခုလုံးမှာ အလွန်ပင် မြန်ဆန်လှသော အရှိန်ဖြင့် ပြည့်သွားတော့သည်။
"အရှင်သခင်"
စစ်တပ်ကြီး၏ အခြားတစ်နေရာတွင် အရှေ့ တာ့ခ် အင်ပါယာမှ ဗိုလ်ချုပ်တစ်ဦး၏ အမူအရာမှာ မသိမသာ နာကျင်သွားခဲ့ရပြီး၊ ဘေးနားရှိ ဗိုလ်ချုပ်ပိလဲ့လီအား မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိသည်။
နိုင်ငံအသီးသီးထဲတွင် အရှေ့ တာ့ခ် အင်ပါယာမှာ စစ်သည်အင်အား အများဆုံး ဖြစ်သလို၊ လေးမြားနှင့် မြင်းစီး ကျွမ်းကျင်မှုတွင်လည်း အသာလွန်ဆုံးဖြစ်ရာ ဤအလုပ်ကို လုပ်ဆောင်ရသူများမှာလည်း သူတို့သာ ဖြစ်ကြပေသည်၊ ပို၍ အရေးကြီးသည်မှာ ထိုအထဲတွင် အရှေ့ တာ့ခ် စစ်သည် အများအပြားလည်း ပါဝင်နေခြင်းကြောင့်ပင်။
"သူတို့ လုပ်ချင်တာ လုပ်ပါစေ"
ပိလဲ့လီ ၏ မျက်ဝန်းထဲ၌ အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး လျင်မြန်စွာပင် ပြန်လည် တည်ငြိမ်သွားခဲ့ရာ၊ သံမဏိအလား ခိုင်မာလှသော သူ၏ မျက်နှာပေါ်တွင် အနည်းငယ်မျှ လှုပ်ခါခြင်း မရှိပါချေ။
"ခုနလေးတင် သတင်းရတယ်၊ ချိတရဲ့ တောင်ဘက် လီငါးရာကျော် အကွာအဝေးမှာ၊ အင်ပါယာ တစ်ခုလုံးရဲ့ အကြီးဆုံး စားကျက်မြေတွေ အကုန်လုံး ရေခဲပြင် ဖြစ်သွားပြီတဲ့၊ ငါတို့တွေ ကျွဲနွားတွေကို ကျောင်းဖို့ နေရာ မရှိတော့ဘူး၊ အခုဆိုရင် အင်ပါယာမှာ ပိုလျှံနေတဲ့ ကျွဲနွားတွေကို သတ်ဖြတ်နေကြပြီ၊ သိပ်မကြာခင်မှာပဲ ငါတို့ဆီမှာ သက်ရှိ ကျွဲနွားတွေ ရှိတော့မှာ မဟုတ်ဘူး၊ အရှေ့ တာ့ခ် မြက်ခင်းပြင်ကြီးဆီကိုလည်း ပြန်သွားလို့ မရတော့ဘူး။"
"အခု အရေးအကြီးဆုံး ကိစ္စက မဟာထန်ကို ဖျက်ဆီးပြီး သူတို့ရဲ့ နယ်မြေတွေကို သိမ်းပိုက်နိုင်မှသာလျှင် ငါတို့ အသက်ရှင်နိုင်မယ်။ ဒါနဲ့ နှိုင်းယှဉ်ရင် အလောင်းတွေဆိုတာ ပြောပလောက်စရာ မရှိတော့ပါဘူး။"
ခြေသလုံးအိမ်တိုင် မျိုးနွယ်စုများ ဖြစ်ကြသည့်အလျောက်၊ အရှေ့ တာ့ခ် အင်ပါယာတွင် ကိုယ်ပိုင် နားလည်မှုများ ရှိကြသလို မြင့်မြတ်လှသော ရိုးရာဓလေ့များလည်း ရှိကြပေရာ၊ ဤကဲ့သို့ ကြုံသလို မြေမြှုပ်ခြင်းမှာ စော်ကားခြင်း တစ်မျိုးပင် ဖြစ်ပါသော်လည်း၊ အခြေအနေ အချိန်အခါများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သဖြင့် ဤကိစ္စများကို ဂရုစိုက်နေရန် အချိန်မရှိတော့ပါချေ။
"ဗိုလ်ချုပ် ကျင်းလမ်းကြောင်းတွေ အားလုံးကို အပြည့် မြေဖို့ပြီးသွားပါပြီ"
ခဏအကြာတွင် အသံတစ်ခုမှာ နားထဲသို့ တိုးဝင်လာခဲ့ပြီး တာ့ခ် သံချပ်ကာမြင်းစစ်သည် တစ်ဦးမှာ မြင်းခွာများဖြင့် နှင်းမှုန်များကို လွင့်စဉ်စေလျက် ပိလဲ့လ ၏ ရှေ့မှောက်သို့ လျင်မြန်စွာ ရောက်ရှိလာတော့သည်။
ပိလဲ့လီ၏ မျက်လုံးများ တစ်ချက် မှိတ်သွားခဲ့ပြီး လျင်မြန်စွာပင် ဦးခေါင်းလှည့်လာခဲ့သည်။
"ငါ့ရဲ့ အမိန့်ကို ထုတ်ပြန်လိုက်စမ်း၊ မြို့သိမ်း တိုက်ပွဲအတွက် ပြင်ဆင်ကြ"
"ဝူး"
အေးစိမ့်လှသော ခရုသင်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး တဘုံဘုံ မြည်ဟည်းနေသော စစ်ဗုံသံများနှင့်အတူ နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာ နှေးကွေးရာမှ မြန်ဆန်လာခဲ့ကာ ဖြည်းညင်းစွာ ရွှေ့လျားလာကြပြီး မြို့သိမ်းတိုက်ပွဲကို ထပ်မံဆင်နွှဲရန် ပြင်ဆင်လိုက်ကြတော့သည်။
ယခင်က တိုက်ပွဲအတွင်း၌ ယိုမင် သံချပ်ကာမြင်းတပ်တစ်ခု ဆုံးရှုံးသွားခဲ့ရပါသော်လည်း၊ နိုင်ငံအသီးသီး အနေဖြင့်မူ အထိနာသွားသည့် အဆင့်အထိတော့ မရောက်ရှိသေးပါချေ။
တစ်ချက်လေး ပြဿနာ ရှိသည်မှာ ယခင်က တိုက်ပွဲအတွင်း၌ လေးသောင်းသော မဟာထန် သံချပ်ကာ ခြေလျင်တပ်များက ခံစစ်မျဉ်းကို ကျော်ဖြတ်ကာ အနည်းဆုံး ဒိုင်းလွှားလှည်း တစ်သောင်းကျော်ကို ဖျက်ဆီးပစ်ခဲ့ခြင်းပင်။
ဤသည်မှာ ယခင်က တိုက်ပွဲအတွင်း၌ နိုင်ငံအသီးသီး၏ အကြီးမားဆုံးသော ဆုံးရှုံးမှုပင် ဖြစ်တော့သည်။
သို့သော်လည်း ယခုတစ်ကြိမ် တိုက်ပွဲတွင် နိုင်ငံအသီးသီး ဘက်မှ ပြင်ဆင်မှုများမှာ ထင်မှတ်ထားသည်ထက် များစွာပိုမို ပြည့်စုံလှပေသည်။ ထို့ပြင် မဟာထန် သံချပ်ကာ ခြေလျင်တပ်လေးသောင်း ဖျက်ဆီးခဲ့သည်မှာ ဒိုင်းလွှားလှည်း၏ဘီးများနှင့် ဝင်ရိုးများကိုသာဖြစ်ပြီး၊ ခိုင်မာမှု မန္တန်များနှင့် ကာကွယ်ရေး စစ်အစီအရင် အမြောက်အမြား ထည့်သွင်းထားသော ရှေ့မျက်နှာပြင်ရှိ ထူထဲလှသည့် သံမဏိပြားများကိုမူ ထိုမျှ လွယ်ကူစွာ ဖျက်ဆီးနိုင်ခဲ့ခြင်း မရှိပါချေ။
မြေကြီးမှာ တုန်ဟိန်းသွားခဲ့ပြီး သံမဏိခံတပ်နှင့် ပေသုံးရာကျော် အကွာအဝေးတွင် နှင်းမှုန်များ တလိမ့်လိမ့် ထွက်ပေါ်နေလျက် နိုင်ငံအသီးသီးမှာ အင်အားကို ပြန်လည် စုစည်းကာ ခံစစ်မျဉ်းကို ပြန်လည် တည်ဆောက်လိုက်ကြသည်။ သောင်းနှင့်ချီသော ဒိုင်းလွှားလှည်း များကို ရှေ့တန်းတွင် ထားရှိကာ ဧရာမ ဒိုင်းလွှားများကို ကိုင်စွဲထားသော ဒိုင်းလွှားစစ်သည်များနှင့် မျှော်စင်လှည်းများကို အနောက်တွင် ထားရှိပြီး၊ နိုင်ငံအသီးသီး၏ သံချပ်ကာမြင်းတပ်များက ပူးပေါင်း ကာကွယ်ပေးကြသည်။ ထို့ပြင် ဝံပုလွေတပ်ဖွဲ့ ၊ ဝမ်တုတပ်ဖွဲ့ အစရှိသော ထိပ်တန်း တပ်ဖွဲ့များကို အနောက်ဘက်တွင် နေရာချထားလျက်၊ ထျန်းချန်ကျန်း၊ ပိလဲ့လီ၊ ကောင်းကျန့်အစရှိသော ဗိုလ်ချုပ်ကြီးများနှင့် ဗိုလ်ချုပ်များက ဦးဆောင်ကွပ်ကဲပေးကြကာ၊ စစ်တပ်ကြီးအားလုံးမှာ ရှေ့သို့ တဟုန်ထိုး ချီတက်လာကြတော့သည်။
"သတ်စမ်း"
သတ်ဖြတ်လိုသော အော်ဟစ်သံများမှာ လောကတစ်ခုလုံးကို တုန်ခါသွားစေခဲ့ပြီး၊ ယခုတစ်ကြိမ်တွင်မူ နိုင်ငံအသီးသီးမှာ ထိုရှည်လျားလှသော ကျင်းလမ်းကြောင်းကြီးကို လျင်မြန်စွာပင် ကျော်ဖြတ်လာခဲ့ကြသည်။
ယခုတစ်ကြိမ်တွင် လမ်းကြောင်းမှာ ဖြောင့်ဖြူးနေပြီး မည်သည့် အတားအဆီးမျှ မရှိတော့ပါသော်လည်း၊ နိုင်ငံအသီးသီး ဘက်မှမူ များစွာ ပိုမို သတိထားလာကြသည်။
"သတ် သတ် သတ်"
အလျင်စလို မြင်းခွာသံ တစ်ခုကိုသာ ကြားလိုက်ရပြီး အရပ်မျက်နှာ အသီးသီးမှ တစ်ပြိုင်နက်တည်းနီးပါး စစ်မြင်း ငါးရာ၊ ခြောက်ရာခန့်မှာ ထူထဲလှသော သံချပ်ကာများကို ဆင်မြန်းထားကြကာ မျက်လုံးများမှလွဲ၍ အခြားသောနေရာအားလုံးကို ကာကွယ်ထားကြပြီး၊ အနောက်ဘက်တွင် လေးလံလှသော ဧရာမ ကျောက်တုံးကြီးများကို ကြိုးများဖြင့် ဆွဲယူလာကြကာ၊ မယုံနိုင်စရာ ကောင်းလှသော အရှိန်ဖြင့် ရှေ့တည့်တည့်ရှိ သံမဏိခံတပ် ဆီသို့ တဟုန်ထိုး ပြေးဝင်လာကြတော့သည်။
"ဟွန်း… လည်လာပြီပဲ"
မြင့်မားလှသော သံမဏိခံတပ်ပေါ်တွင် ဝမ်ချောင်က အေးစိမ့်စွာ ပြုံးလိုက်ရုံမျှဖြင့် အခြား ဘာမှ မပြောတော့ပါချေ။
နိုင်ငံအသီးသီးဘက်မှ အထိနာသွားခဲ့ပြီဖြစ်ရာ ယခုတစ်ကြိမ်တွင် သေချာပေါက် အကင်းပါးလာပြီ ဖြစ်သည်။
စစ်မြင်းများကို ရှေ့တန်းမှ လမ်းရှာခိုင်းကာ သံချပ်ကာများ ဆင်မြန်းပေးထားခြင်းဖြင့် မြားတံများကို ကာကွယ်နိုင်မည် ဖြစ်သလို၊ အနောက်ဘက်တွင် ဆွဲယူလာသော ဧရာမ ကျောက်တုံးကြီးများကလည်း မြေအောက်၌ ဖုံးကွယ်နေသော ယန္တရားများကို တစ်ခုပြီးတစ်ခု ဖော်ထုတ် ထောက်လှမ်းနိုင်မည် ဖြစ်သည်။
ရှူး ရှူး ရှူး
မြားတံများက လေထုကို ခွဲထွက်သွားသံများမှာ ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားခဲ့ပြီး၊ တစ်သုတ်၊ နှစ်သုတ်၊ သုံးသုတ်…… မြားမိုး အကြိမ်အနည်းငယ် ပစ်ခတ်ပြီးနောက်တွင်မူ၊ ထိုစစ်မြင်းများမှာ ကိုယ်ပေါ်တွင် ထူထဲလှသော သံချပ်ကာများကို ဆင်မြန်းထားကြပါသော်လည်း နောက်ဆုံးတွင်မူ စစ်မြေပြင်၌ အသတ်ခံလိုက်ကြရပြီး၊ စစ်မြင်း အနည်းငယ်သာလျှင် သံမဏိခံတပ် ရှေ့သို့ ရောက်ရှိလာနိုင်ခဲ့ပါသော်လည်း အသတ်ခံရခြင်းမှ မလွတ်ကင်းခဲ့ပါချေ။
"ပြဿနာ မရှိတော့ဘူး"
စစ်တပ်ကြီး၏ အနောက်ဘက်တွင် ချွေချန်းယုံသည် ရှေ့တည့်တည့်ကို အမြဲတမ်း စိုက်ကြည့်နေခဲ့ရာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ သူ၏မျက်ဝန်းထဲ၌ အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး လက်ကို ဝှေ့ယမ်းကာ ဆက်လက် ချီတက်ရန် အမိန့်ကို ထပ်မံ ပေးလိုက်တော့သည်။
စစ်မြင်းများ အသတ်ခံလိုက်ရပါသော်လည်း သူ လိုချင်သော သတင်းအချက်အလက်များကို ရရှိခဲ့ပြီ ဖြစ်၏။
အနည်းဆုံးတော့ လက်ရှိ အခြေအနေအရ ကျင်းလမ်းကြောင်းများမှလွဲ၍ အခြားသော ထောင်ချောက်များ မရှိတော့သည်မှာ သေချာလှပေသည်။
"ဝုန်း"
ချွေချန်းယုံ၏ အမိန့်နှင့်အတူ ယခုတစ်ကြိမ်တွင် နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာ ယခင်ကကဲ့သို့ သတိထားနေခြင်းများကို စွန့်လွှတ်လိုက်ပြီး၊ တစ်ဦးချင်းစီမှာ ဟိန်းဟောက်ကာ အရှိန်အဟုန် အပြည့်ဖြင့် ရှေ့သို့ ချီတက်လာကြတော့သည်။
ပေ နှစ်ရာ့ခြောက်ဆယ်
ပေ တစ်ရာ့နှစ်ဆယ်
ပေ လေးဆယ်
...
အကွာအဝေးမှာ ပိုမို၍နီးကပ်လာခဲ့ပြီး၊ ယခုအချိန်တွင်မူ နောက်ဆုတ်ရန် လမ်းမရှိတော့ပါချေ၊ စစ်သည် အားလုံးမှာ ရူးသွပ်စွာဖြင့် ရှေ့သို့ တိုးဝင်နေကြပြီး၊ ရှေ့ဆုံးမှ စစ်သည်များမှာ ခါးပေါ်မှနေ၍ မြို့ရိုးပေါ်သို့ တက်ရန်အတွက် ကြိုးများကိုပင် ဆွဲထုတ်လိုက်ကြပြီ ဖြစ်၏။
တိုက်ပွဲမှာ ပေါက်ကွဲထွက်တော့မည် ဖြစ်ရာ စစ်သည် အားလုံးမှာ ရင်တမမ ဖြစ်နေကြပြီး၊ များပြားလှသော ဒိုင်းလွှားစစ်သည်များမှာလည်း သူတို့၏ လက်ထဲရှိ ဧရာမ ဒိုင်းလွှားများကို အထက်သို့ မြှောက်ကိုင်လိုက်ကြရာ၊ ကြီးမားလှသော ဧရာမ ဒိုင်းလွှားကြီးတစ်ခုကို ဖန်တီးလိုက်ကြပြီး နိုင်ငံအသီးသီး၏ စစ်သည်များ အောက်မှ ဖြတ်သန်းနိုင်ရန် ကာကွယ်ပေးထားကြတော့သည်။
မျှော်စင်လှည်းများနှင့် ပတ်သက်၍မူ ချွေချန်းယုံသည် ဤ တန်ဖိုးကြီးလှသော မြို့သိမ်း ယန္တရားများကို လောလောဆယ် နောက်ဆုံးတွင် ထားရှိထားပေသည်။
ဧရာမ စစ်ရထားလေး၏ ခြိမ်းခြောက်မှုမှာ အလွန်ပင် ကြီးမားလွန်းလှပေသည်။
သို့သော်ငြားလည်း ကောင်းကင်ယံအထိ ဟိန်းထွက်နေသော သတ်ဖြတ်လိုသည့် အော်ဟစ်သံများကြား၌၊ မျှော်စင်လှည်း တစ်စီးပြီးတစ်စီး၊ အစီးရေ သောင်းနှင့်ချီ၍ များပြားလှသော မျှော်စင်လှည်းများကို များပြားလှသော စစ်သည်များက ထမ်းကာ၊ မယုံနိုင်စရာ ကောင်းလှသော အရှိန်ဖြင့် သံမဏိခံတပ် ဆီသို့ တိုးဝင်လာကြတော့သည်။
ယခုအခိုက်အတန့်၌ နိုင်ငံအသီးသီး ဘက်မှ မြို့သိမ်းရန် ရည်ရွယ်ချက်များမှာ လုံးဝ ဖုံးကွယ်၍ မရအောင် ပေါ်လွင်နေပြီ ဖြစ်၏။
ဒိုင်းလွှားလှည်းများနှင့် ဒိုင်းလွှားစစ်သည်များကို အကာအကွယ်အဖြစ် အသုံးပြုကာ၊ ပါလာသော တောင်တက်ကြိုးများ အမြောက်အမြားနှင့် မြို့သိမ်းလှေကားများကို အသုံးပြုလျက် မြို့ရိုးပေါ်သို့ တက်ရောက်ရန်၊ ထို့နောက် တိုက်ပွဲ စတင်သည်နှင့်တစ်ပြိုင်နက် မျှော်စင်လှည်းများကို ရှေ့သို့ တိုးစေကာ၊ အတွင်းပိုင်း လမ်းကြောင်းမှတစ်ဆင့် ပိုမို များပြားလှသော စစ်သည်များကို မြို့ရိုးပေါ်သို့ တိုက်ရိုက် ပို့ဆောင်ရန်၊ ဤနည်းအားဖြင့် သံမဏိခံတပ် အပေါ် တိုက်စစ်နှင့် ဖိအားများကို တိုးမြှင့်ရန်၊ ထို့နောက် မြို့တံခါးကို ဖွင့်လှစ်နိုင်မည့် နည်းလမ်းကို ရှာဖွေကာ မြို့တွင်းသို့ တဟုန်ထိုး ဝင်ရောက်ရန်၊ ထို့နောက်တွင်မူ နိုင်ငံအသီးသီးနှင့် မဟာထန် ကြားမှ ကံကြမ္မာကို ဆုံးဖြတ်မည့် အဆုံးအဖြတ် တိုက်ပွဲကြီး ဖြစ်လာတော့မည် ဖြစ်သည်
ဤအရာများ အားလုံးကို လူတိုင်းက ယခင်က အကြိမ်ပေါင်း များစွာ တွက်ချက်ထားခဲ့ပြီး ဖြစ်ရာ၊ ဆုံးရှုံးမှုများမှာ လုံးဝထိန်းချုပ်နိုင်သော အတိုင်းအတာ အတွင်း၌သာ ရှိနေပေသည်။
******
အခန်း (၂၁၇၃) မီးဆီဗုံးများ
"တစ်ခုခုတော့ မှားနေပြီ"
စစ်တပ်ကြီးမှာ မြို့ရိုးအောက်သို့ နောက်ထပ် ခဏတာအတွင်း အောင်မြင်စွာ တိုးဝင်နိုင်တော့မည့် အချိန်တွင်၊ မြင့်မားစွာ လွင့်ပျံနေသော ယိုကျိုးစစ်အလံအောက်၌ ယိုကျိုး၏ အခြားသော ဗိုလ်ချုပ်တစ်ဦးဖြစ်သည့် ထျန်းချန်းစီသည် မျက်မှောင်ကြုတ်လိုက်ကာ ရုတ်တရက် ဆိုလိုက်လေသည်။
တိတ်ဆိတ်လွန်းနေသည်။
အလွန်အမင်းကို တိတ်ဆိတ်လွန်းနေခြင်းပင်…
ယခင်တိုက်ပွဲများတွင် မဟာထန် ဘက်မှ ကျင်းထောင်ချောက်များ၊ စစ်သည်အင်အား လေးသောင်း စသည်တို့ဖြင့် အစွမ်းကုန် တိုက်စစ်ဆင်ခဲ့ပြီး၊ အင်အားကုန်ခမ်းလုနီးပါးအထိ တိုက်ခိုက်ပြီးမှသာ ဖြည်းညင်းစွာ နောက်ဆုတ်သွားခဲ့ခြင်း ဖြစ်သော်လည်း၊ ယခုတစ်ကြိမ်တွင်မူ စစ်တပ်ကြီးမှာ မြို့ရိုးအောက်သို့ ရောက်ရှိရန် နီးကပ်နေပြီဖြစ်သော်လည်း မြို့ရိုးပေါ်၌မူ မည်သည့်လှုပ်ရှားမှုမျှ မရှိဘဲ တိတ်ဆိတ်နေဆဲဖြစ်ရာ ၎င်းမှာ အမှန်တကယ်ပင် ပုံမှန်မဟုတ်ပါချေ။
တစ်ချိန်တည်းမှာပင် ဘေးနားရှိ စစ်ဗျူဟာမှူးကြီး ကောင်းရှန်းသည်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် စစ်တပ်ကို ဦးဆောင်တိုက်ခိုက်သော ဗိုလ်ချုပ်တစ်ဦး မဟုတ်ပါသော်လည်း၊ လက်ရှိရှိနေသော ဤတိတ်ဆိတ်မှုမှာ သေချာပေါက် ပုံမှန်မဟုတ်ကြောင်း သိရှိနေပေသည်။
သို့သော်လည်း တိုက်ပွဲမှာ ဤအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ကောင်းရှန်းပင်လျှင် ကြားဝင်စွက်ဖက်ရန် နည်းလမ်းမရှိတော့ပါချေ။
"အဲဒီ ခွေးကောင်က တကယ်တော့ ဘာတွေ ကြံစည်နေတာလဲ?"
အန်းလုရှန်းသည်လည်း သူ၏လက်သီးကို တင်းတင်းဆုပ်ထားလျက် မျက်နှာမှာ အလွန်ပင် မည်းမှောင်နေတော့သည်။
ဝမ်ချောင်ဘက်တွင် တစ်စုံတစ်ရာသော လှည့်ကွက်ရှိနေကြောင်း သူ အခိုင်အမာ ယုံကြည်နေပါသော်လည်း၊ ထိုလှည့်ကွက်မှာ ဘာလဲဆိုသည်ကို မသိရှိရခြင်းက သူ့အား အလွန်ပင် စိတ်မသက်မသာ ဖြစ်စေပေသည်။
ပေနှစ်ဆယ်၊ ပေတစ်ဆယ်…
မြို့ရိုးနှင့် အကွာအဝေးမှာ မီတာ သုံးဆယ်ပင် မပြည့်တော့ဘဲ ရှိနေပြီဖြစ်ရာ၊ နိုင်ငံအသီးသီးအတွက်မူ သူတို့၏ ရည်မှန်းချက် အောင်မြင်ရန် အလွန်ပင် နီးကပ်နေပြီဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပါချေ၊ သို့သော်လည်း အဘယ်ကြောင့်လဲမသိဘဲ ရှေ့တန်းမှ ကွပ်ကဲနေသော ထျန်းချန်ကျန်း၊ ပိလဲ့လီတို့ဖြစ်စေ၊ အနောက်ဘက်မှ ချွေချန်းယုံ၊ ယွန်းဂျယ်စိုးမွန်းနှင့် အန်းလုရှန်း တို့ဖြစ်စေ အားလုံးမှာ ပြင်းထန်လှသော စိုးရိမ်စိတ်များကို ခံစားနေရသဖြင့် မည်သူမျှ မပြုံးနိုင်ကြပါချေ။
ဝမ်ချောင်မှာ တစ်လောကလုံးမှ အသိအမှတ်ပြုထားသော စစ်နတ်ဘုရားဖြစ်သလို၊ သူ၏ စစ်အင်အား သုံးစွဲပုံမှာလည်း နတ်ဘုရားတစ်ပါးအလား ဆန်းကြယ်လှပေသည်
တိတ်ဆိတ်လေလေ၊ ပိုအန္တရာယ်ကြီးလေလေပင်။
တစ်နည်းအားဖြင့် ပြောရလျှင် ဤကဲ့သို့သော မသက်မသာဖြစ်မှုနှင့် တင်းမာလှသော လေထုမှာ ရှေ့တန်း၌ တိုက်ခိုက်နေသော နိုင်ငံအသီးသီးမှ စစ်သည်များဆီသို့ပင် ကူးစက်သွားတော့သည်။
"ဝုန်း"
ရုတ်တရက်ဆိုသလို အလွန်အမင်း တိတ်ဆိတ်နေမှုကြားမှ ကမ္ဘာနှင့် မြေကြီးကို တုန်ဟိန်းစေသော မြည်ဟည်းသံကြီးတစ်ခုမှာ သံမဏိခံတပ်၏ အတွင်းပိုင်းမှနေ၍ ထွက်ပေါ်လာခဲ့ပြီး၊ နားစည်ကို ဖောက်ထွက်သွားမည့်အလား စူးရှလှသော အော်ဟစ်သံနှင့်အတူ ဧရာမ အရိပ်မည်းကြီးတစ်ခုမှာ သတိပြုမိရန် ခက်ခဲလှသော မီးတောက်ဖျော့ဖျော့လေးများကို သယ်ဆောင်လျက် ကောင်းကင်ယံမှနေ၍ ပြင်းထန်စွာ ကျဆင်းလာတော့သည်။
ဝုန်းခနဲ မြည်ဟည်းသံကြီးနှင့်အတူ ထိုနက်မှောင်လှသော မသိရသည့် အရာဝတ္ထုကြီးမှာ စိပ်လှစွာသော နိုင်ငံအသီးသီး၏ စစ်တပ်ကြီးအတွင်း၌ ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့ပြီး၊ တစ်ခဏအတွင်းမှာပင် တောက်လောင်နေသော မီးလျှံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
"အားးး"
ပေါက်ကွဲမှု၏ ဗဟိုချက်တွင် နိုင်ငံအသီးသီးမှ စစ်သည်အချို့မှာ မသိရသည့် ထိုအနက်ရောင် အရာဝတ္ထုများ၏ စွန်းထင်ခြင်းကို ခံလိုက်ရပြီး၊ လျင်မြန်စွာပင် မီးဘောလုံးကြီးများအဖြစ် ပြောင်းလဲသွားကာ ပြင်းထန်စွာ လောင်ကျွမ်းကုန်ကြတော့သည်။
"မီးဆီ”
စူးရှလှသော အော်ဟစ်သံကြီးတစ်ခုမှာ ကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့ပြီး ဤတိတ်ဆိတ်မှုကို အလုံးစုံ ဖြိုခွဲလိုက်တော့သည်။
နောက်တစ်ခဏတွင်မူ…
"ဝုန်း"
"ဝုန်း"
"ဝုန်း"
ကြီးမားလှသော မီးဆီဗုံးများမှာ တစ်ခုပြီးတစ်ခု အဆက်မပြတ်ဘဲ မုန်တိုင်းအလား မြင့်မားလှသော သံမဏိခံတပ်ကို ကျော်ဖြတ်လျက် ကောင်းကင်ယံမှနေ၍ ပြင်းထန်စွာ ကျဆင်းလာတော့သည်။
ပြင်းထန်လှသော ပေါက်ကွဲသံကြီးများမှာ ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားခဲ့ပြီး ခဏတာအတွင်းမှာပင် စစ်မြေပြင်၏ ရှေ့တန်းတစ်ခုလုံးမှာ မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
ယခင် အနောက်မြောက်ဘက် တိုက်ပွဲတွင် အာရပ်စစ်တပ်ကို ချေမှုန်းပြီးနောက်တွင် ဝမ်ချောင်က ဘဂ္ဂဒက်အထိ ဆက်တိုက်တိုက်ခိုက်ကာ အာရပ်အင်ပါယာ တစ်ခုလုံးကို ခြေဖျက်ခဲ့ရသည့် အဓိက အကြောင်းရင်းတစ်ခုမှာ အာရပ်အင်ပါယာ၌သာ ရှိသော ဤထူးခြားသည့် မီးဆီကြောင့်ပင် ဖြစ်တော့သည်။
ကောင်းရှန်းကျစ်နှင့် အန်းစီရှန်းတို့ ဘဂ္ဂဒက်တွင် တပ်စွဲနေခြင်းမှာ ပုန်ကန်မှုများကို နှိမ်နင်းရန်သက်သက် မဟုတ်ပါချေ။ အဓိက လုပ်ဆောင်ချက်တစ်ခုမှာ အာရပ်အင်ပါယာမှ ပြည်သူများကို စုစည်းကာ မီးဆီများကို တူးဖော်ရန်အတွက်ပင် ဖြစ်၏။
မီးဆီတူးဖော်သည့် အရှိန်နှင့်အရေအတွက်မှာ ဝမ်ချောင် သတ်မှတ်ထားသော ရည်မှန်းချက်နှင့် ပေပေါင်း တစ်သောင်းရှစ်ထောင်ခန့် ဝေးကွာနေသေးပါသော်လည်း၊ ၎င်းမှာ ဝမ်ချောင်၏ ကိုယ်ပိုင် တောင်းဆိုမှုမှာ အလွန်မြင့်မားနေသောကြောင့်သာဖြစ်ကာ၊ အာရပ်အင်ပါယာမှ တူးဖော်ရရှိသော မီးဆီမှာမူ အနည်းငယ်မျှ မနည်းပါချေ၊ ထိုမီးဆီများ အားလုံးမှာ နောက်ဆုံးတွင် မဟာထန်ဆီသို့ ပေးပို့ခြင်း ခံခဲ့ရသည်။
အချို့သောအစိတ်အပိုင်းများကို အအေးဒဏ် ကာကွယ်ရန် နေရာအနှံ့သို့ ပေးပို့ခဲ့သော်လည်း၊ အများအပြားကိုမူ ရှေ့တန်းအခြေစိုက်စခန်း၊ တစ်နည်းအားဖြင့် ယခုလက်ရှိ သံမဏိခံတပ်ဆီသို့ ပေးပို့ခဲ့ကြပြီး ယခုကဲ့သို့သော မီးဆီဗုံးများ ဖြစ်လာခဲ့ခြင်းပင်။
ဤစစ်ပွဲတွင် ဝမ်ချောင်သည် ဤလက်နက်ကို တစ်ခါမျှ အသုံးမပြုခဲ့ပါချေ။ ယခုအခါ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များမှာ မြို့ရိုးအောက်သို့ တိုးဝင်လာချိန်မှသာလျှင် အမှန်တကယ် ထုတ်ဖော်အသုံးပြုလိုက်ခြင်း ဖြစ်သည်။
ဘုန်း ဘုန်း ဘုန်း
ဝမ်ချောင်အနေဖြင့် လှုပ်ရှားခြင်း မရှိပါက နေသာသော်လည်း၊ လှုပ်ရှားလိုက်သည်နှင့် လွှမ်းမိုးချုပ်ကိုင်နိုင်သော တိုက်ခိုက်မှုမျိုးကို ပြုလုပ်လိုက်ခြင်းဖြစ်ရာ၊ ခဏတာအတွင်း အနည်းဆုံး မီးဆီဗုံး ထောင်နှင့်ချီ၍ ကျဆင်းလာကာ နိုင်ငံအသီးသီး၏ စစ်တပ်ကြီးအတွင်း၌ ပြင်းထန်စွာ ပေါက်ကွဲကုန်ကြတော့သည်။
သံမဏိခံတပ်တစ်ခုလုံး၏ ရှေ့မှောက် ပေ ထောင်နှင့်ချီသော နယ်ပယ်အတွင်း၌ ထိုဒိုင်းလွှားလှည်းများအပြင်၊ မြှောက်ကိုင်ထားသော ဧရာမ ဒိုင်းလွှားများ အပါအဝင် အရာအားလုံးမှာ မီးဆီများ စွန်းထင်ကုန်ကြပြီး တောက်လောင်နေသော မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
မည်းမှောင်လှသော မီးခိုးများနှင့် မီးလျှံများမှာ ပေပေါင်း ဆယ်နှင့်ချီ၍ မြင့်မားစွာ ထွက်ပေါ်နေခဲ့ရာ ကြည့်ရသည်မှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။
တစ်အရှေ့မြောက်ဘက် နယ်မြေတစ်ခုလုံးမှာ မူလက အလွန်ပင် အေးစိမ့်နေပါသော်လည်း၊ ယခုအခိုက်အတန့်၌ အအေးဓာတ်များ အားလုံးမှာ အလုံးစုံ ပျောက်ကွယ်သွားခဲ့ရပြီး၊ အဆုံးမရှိသော ပူပြင်းလှသည့် လေလှိုင်းများသာ ကျန်ရှိတော့လျက် အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့နေတော့သည်။
နှင်းပွင့်များမှာ ကောင်းကင်ယံမှ ကျဆင်းလာပါသော်လည်း မနီးကပ်မီမှာပင် အရည်ပျော်သွားခဲ့ရပြီး၊ ထိုအရည်ပျော်သွားသော နှင်းရေများမှာ မီးဆီအတွင်းသို့ ရောနှောသွားကာ မီးတောက်များကို ပိုမိုပြင်းထန်လာစေရန်သာ လုပ်ဆောင်ပေးနေသကဲ့သို့ ရှိနေတော့သည်။
“သတိထားကြ”
စစ်တပ်ကြီးအတွင်း၌ အရှေ့တာ့ခ် ဗိုလ်ချုပ်တစ်ဦးက စူးရှလှသော အော်ဟစ်သံကို ထုတ်ဖော်လိုက်ပါသော်လည်း အချိန်မမီတော့ပါချေ။
ဤနိုင်ငံအသီးသီးမှ စစ်သည်များကို မြို့ရိုးအောက်သို့ တိုးဝင်ခွင့်ပေးလိုက်သည့် အချိန်မှစ၍ ဝမ်ချောင်အနေဖြင့် သူတို့ကို ထွက်ပြေးရန် အခွင့်အရေးပေးရန် လုံးဝစိတ်ကူးမရှိခဲ့ပါချေ။
သေလုမျောပါး နာကျင်စွာ အော်ဟစ်သံများနှင့်အတူ မည်းမှောင်လှသော မီးခိုးများမှာ စစ်မြေပြင်တွင် ဖုံးလွှမ်းသွားခဲ့ပြီး၊ လေထုအတွင်း၌မူ လူသားတို့၏ အသားများ လောင်ကျွမ်းနေသည့် ပြင်းထန်လှသော အနံ့အသက်များမှာ ပျံ့နှံ့နေတော့သည်။
ပူပြင်းလှသော အပူချိန်ကြောင့် ဒိုင်းလွှားလှည်း တစ်စီးပြီးတစ်စီးမှာပင် နီရဲလာခဲ့ရပြီး၊ အတွင်းပိုင်းရှိ မန္တန်များနှင့် စစ်အစီအရင်များမှာလည်း အရည်ပျော်ကုန်ကြရာ သေဆုံးဒဏ်ရာရသူမှာ မရေမတွက်နိုင်အောင်ပင်။
အနောက်ဘက်တွင်မူ အန်းလုရှန်းနှင့်ယွန်းဂျယ်စိုးမွန်း အစရှိသော နိုင်ငံအသီးသီးမှ ခေါင်းဆောင်ကြီးများမှာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ မျက်နှာများမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။
မကြာမီကပင် နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာ စနစ်တကျရှိနေပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေပါသော်လည်း၊ ယခုအခိုက်အတန့်၌မူ မီးပင်လယ်အောက်တွင် အသူရာငရဲအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့ရပြီ ဖြစ်၏။
"ဒီရူးနေတဲ့ကောင်"
အန်းလုရှန်းသည် မျက်လုံးများကို ပြူးကျယ်လျက် နာကျည်းစွာ ဆဲဆိုလိုက်တော့သည်။
မဟာထန်ပြည်သူများအတွက်မူ ဝမ်ချောင်သည် ပြည်သူကို သားသမီးကဲ့သို့ ချစ်ခင်သူဖြစ်သလို မည်သူနှင့်မျှ မယှဉ်နိုင်သော သူတော်စင် ဂုဏ်သတင်းကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ၊ ပြည်သူအများအပြားက သူ့အား သူတော်စင် တစ်ပါးအလား သတ်မှတ်ကာ အလွန်ပင် ချစ်ခင်မြတ်နိုးကြပေသည်။
သို့သော်လည်း နိုင်ငံအသီးသီး အတွက်မူ ဝမ်ချောင်နှင့် "သူတော်စင်" ဟူသော စကားလုံးမှာ လုံးဝပတ်သက်မှု မရှိပါချေ၊ သူယခု အသုံးပြုလိုက်သော နည်းလမ်းများကို ကြည့်မည်ဆိုပါက သူသည် ထိပ်တန်း မိစ္ဆာဆိုးကြီး တစ်ဦးသာ ဖြစ်ပေသည်။
မဟုတ်သေးပါ၊ မိစ္ဆာဆိုးပင်လျှင် ဤမျှလောက် ရက်စက်လှသော ကိစ္စမျိုးကို လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပါချေ။
ဤမီးဆီမှ ဖြစ်ပေါ်လာသော မီးပင်လယ်မှာ ငြှိမ်းသတ်ရန် ခက်ခဲရုံသာမကဘဲ၊ ပို၍ ဆိုးရွားသည့်အချက်မှာ မြေပြင်ပေါ်ရှိ နှင်းများ အရည်ပျော်သွားပြီးနောက် မီးဆီများကို သယ်ဆောင်လျက် နေရာအနှံ့သို့ ပျံ့နှံ့သွားကာ မီးရှိန်ကို ပိုမိုမြင့်တက်စေခြင်းပင် ဖြစ်တော့သည်။
"သဲအိတ်တွေ သဲအိတ်တွေ ယူလာကြစမ်း"
ထိုအချိန်မှာပင် အော်ဟစ်သံကြီးတစ်ခုမှာ ပဲ့တင်ထပ်သွားခဲ့ပြီး၊ စစ်တပ်ကြီးအတွင်းမှ ကိုယ်ဟန်အလတ်စားရှိကာ အရှိန်အဝါမှာ မုန်တိုင်းတစ်ခုအလား ပြင်းထန်လှသော ဗိုလ်ချုပ်တစ်ဦးက လျင်မြန်စွာ အမိန့်ပေးလိုက်တော့သည်။
သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ထိုသူ၏ကျောပြင်၌ ထူးခြားလှသော ပုံသဏ္ဌာန်ရှိသည့် အနက်ရောင် ဓားရှည် ငါးစင်းကို ထိုးစိုက်ထားရာ သူသည် ဂိုဂူလျော၏ ဗိုလ်ချုပ် ကောင်းကျန့်ပင် ဖြစ်တော့သည်။
ကောင်းကျန့်၏ အမိန့်နှင့်အတူ စစ်တပ်ကြီးအတွင်း၌ လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့ပြီး၊ များပြားလှသော ဂိုဂူလျောစစ်သည်များမှာ သူတို့၏ကျောပြင်၌ ဖောင်းကားနေသော ဂုန်နီအိတ်များကို ထမ်းပိုးထားကြလျက် ရှေ့တန်းသို့ လျင်မြန်စွာ ပြေးဝင်လာကြတော့သည်။
ဂုန်နီအိတ် တစ်ခုပြီးတစ်ခုမှာ အလွန်ပင် မြင့်မားလှသော အရှိန်အဟုန်ဖြင့် ရှေ့တန်းသို့ ပေးပို့ခြင်း ခံလိုက်ရသည်။
ဘုန်း…
ရှေ့ဆုံးမှ ဂိုဂူလျောစစ်သည်တစ်ဦးက အားကုန် လွှဲယမ်းလိုက်ရာ ပခုံးပေါ်မှ ဂုန်နီအိတ်မှာ မီးပင်လယ်အတွင်းသို့ ကျရောက်သွားတော့သည်။
မီးလျှံများ၏လောင်ကျွမ်းမှုကြောင့် ဂုန်နီအိတ်မှာ ပေါက်ပြဲသွားခဲ့ပြီး အတွင်းပိုင်းမှ များပြားလှသော ပင်လယ်သဲများ ပေါ်ထွက်လာတော့သည်။
ယခုတစ်ကြိမ် နိုင်ငံအသီးသီး မဟာမိတ်အဖွဲ့တွင် နိုင်ငံတစ်ခုချင်းစီအလိုက် တာဝန်များကို ရှင်းလင်းစွာ ခွဲဝေထားခဲ့ကြသည်။
မြို့သိမ်းတိုက်ပွဲများတွင် အတွေ့ရဆုံးသောအရာမှာ မီးဖြင့် တိုက်ခိုက်ခြင်း ဖြစ်ပေရာ၊ ထိုအချိန်က တာဝန်ခွဲဝေစဉ်တွင် ဤတာဝန်ကို ဂိုဂူလျောအင်ပါယာဆီသို့ အပ်နှင်းခဲ့ခြင်း ဖြစ်သည်။
ဂိုဂူလျောအင်ပါယာသည် မဟာထန်နှင့် နှစ်ပေါင်းများစွာ စစ်ခင်းခဲ့သူဖြစ်ရာ၊ အန်းတုန်း ကာကွယ်ရေးဗိုလ်ချုပ်နှင့် အပြန်အလှန် တိုက်ခိုက်ခဲ့ရသော စစ်ပွဲများအတွင်း၌ ဂိုဂူလျောလူမျိုးများမှာ ဤကဏ္ဍတွင် အတွေ့အကြုံများစွာ ရရှိထားခဲ့ကြပြီ ဖြစ်၏။
ကောင်းကျန့်၏ လက်အောက်တွင် မီးငြှိမ်းသတ်ရန်အတွက် သီးသန့်ဖွဲ့စည်းထားသော စစ်တပ်ကြီးတစ်ခုပင် ရှိနေပေသည်။
ဤဂုန်နီအိတ်များအတွင်း၌ ထည့်သွင်းထားသည်မှာ ဂိုဂူလျောအင်ပါယာမှ ပင်လယ်ကမ်းခြေမှ တူးဖော်လာသော ကြမ်းတမ်းသည့်သဲများဖြစ်ကြပြီး မီးငြှိမ်းသတ်ရာ၌ အကျိုးသက်ရောက်မှုမှာ အလွန်ပင်ကောင်းမွန်လှပေသည်။
ယခင်တိုက်ပွဲများတွင် ကောင်းကျန့်အနေဖြင့် ဤသဲများကို အသုံးပြုကာ ကျင်းများကို မြေဖို့ရန် စဉ်းစားခဲ့ဖူးပါသော်လည်း၊ ဝမ်းနည်းစရာ ကောင်းသည်မှာ စစ်မြေပြင်၏ အခြေအနေမှာ မျက်တောင်တစ်ခတ်အတွင်း ပြောင်းလဲနေခဲ့သလို မဟာထန်ဘက်မှလည်း သူတို့ကို အခွင့်အရေး လုံးဝမပေးခဲ့ပါချေ။ လေးသောင်းသော မဟာထန် သံချပ်ကာ ခြေလျင်တပ်များ ဖွဲ့စည်းထားသော ငရဲကြိတ်စက် စစ်အစီအရင်မှာ ထိုဧရာမ ကျင်းကြီးကို ကျော်ဖြတ်လျက် စစ်တပ်ကြီးအတွင်းသို့ တိုက်ရိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သည် မဟုတ်ပါလော။
နောက်ပိုင်းတွင်မူ…
အနာဂတ်၌ မီးငြှိမ်းသတ်ရန်အတွက် သဲနှင့်ကျောက်ခဲများကို အသုံးပြုရန် လိုအပ်ဦးမည်ကို ထည့်သွင်းစဉ်းစားကာ၊ ကောင်းကျန့်အနေဖြင့် ချွေချန်းယုံက အလောင်းများကို အသုံးပြုကာ ကျင်းမြေဖို့နေသည်ကို တားဆီးခြင်း မပြုခဲ့ပါချေ။
များပြားလှသော ဂုန်နီအိတ်များကို မီးပင်လယ်အတွင်းသို့ ပစ်ထည့်လိုက်သည့်အခါတွင်မူ၊ ကောင်းကင်ယံအထိ တောက်လောင်နေသော မီးရှိန်မှာ နောက်ဆုံးတွင်မူ တားဆီးခြင်းကို ခံလိုက်ရတော့သည်။ သို့သော်လည်း မီးတောက်ကြီးများကို လုံးဝငြှိမ်းသတ်ရန်မှာမူ ထိုမျှ မလွယ်ကူလှပါချေ။
ဂိုဂူလျော အနေဖြင့် စတင် တိုက်ခိုက်စဉ်က မိမိတို့ ရင်ဆိုင်ရမည့်အရာမှာ အာရပ်မီးဆီ ဖြစ်လိမ့်မည်ဟု အနည်းငယ်မျှပင် မထင်မှတ်ထားခဲ့ပါချေ။
ဂိုဂူလျောအင်ပါယာမှ ပြင်ဆင်လာသော ဤပင်လယ်သဲများ၏ အကျိုးသက်ရောက်မှုမှာ ထင်မှတ်ထားသလောက် မကောင်းမွန်လှပါချေ။
ဤလူက တကယ်ကို ကြောက်စရာ ကောင်းလွန်းလှတယ်
ကံကောင်းတာက အန်းတုန်းမှာ တပ်စွဲနေတာက ကျန်းရှိုကွေး ဖြစ်နေပြီး သူ မဟုတ်တာပဲ၊
ကောင်းကျန့်သည် မြင်းပေါ်တွင် ထိုင်လျက် အဝေးဆီမှ မြို့ရိုးပေါ်သို့ လှမ်းကြည့်ရင်း သူ၏ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေတော့သည်။
စစ်မြေပြင်တွင် စစ်သည်တစ်ဦးအတွက် သေဆုံးနိုင်သော နည်းလမ်းများစွာ ရှိပါသော်လည်း၊ မီးဆီဖြင့် လောင်ကျွမ်းသေဆုံးရခြင်းမှာမူ သေချာပေါက် အရက်စက်ဆုံးသော နည်းလမ်းများထဲမှ တစ်ခုပင် ဖြစ်တော့သည်။
ဤမဟာထန် မျိုးနွယ်ခြားဘုရင်မှာမူ သူ ထင်မှတ်ထားသည်ထက် များစွာပိုမို၍ အေးစိမ့်၊ ရက်စက်ပြီး ထိတ်လန့်စရာ ကောင်းလှပေသည်။
ဤအရာများ မတိုင်မီက ဂိုဂူလျောအင်ပါယာအနေဖြင့် မိမိတို့မှာ ကံမကောင်းသူများအဖြစ် အမြဲတမ်း ယူဆခဲ့ကြသည်။ အင်ပါယာတစ်ခုလုံးမှာ ကျွန်းဆွယ် ပုံစံရှိသဖြင့် မည်သည့်ဘက်သို့ တိုးချဲ့သည်ဖြစ်စေ ကန့်သတ်ချက်များ ရှိနေခဲ့သလို၊ မဟာထန် အင်ပါယာ၏ အစွမ်းထက်လှသော အန်းတုန်း ကာကွယ်ရေးဗိုလ်ချုပ်ကျန်းရှိုကွေးနှင့် တွေ့ဆုံခဲ့ရသဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ထောင့်တစ်နေရာ၌သာ ဖိနှိပ်ခြင်း ခံခဲ့ရသည် မဟုတ်ပါလော။
သို့သော်လည်း ယခု ပြန်လည်စဉ်းစားကြည့်မည်ဆိုပါက ကောင်းကျန့်၏ ရင်ထဲ၌ မသိမသာဖြင့် ကံကောင်းသွားသည်ဟုပင် ခံစားလိုက်ရသည်။ အကယ်၍ ထိုစဉ်က အန်းတုန်းတွင် တပ်စွဲနေသူမှာ ကျန်းရှိုကွေး မဟုတ်ခဲ့ပါက၊ သူတို့ ရင်ဆိုင်ရမည့်သူမှာ ဝမ်ချောင်ဟူသော ဤမိစ္ဆာဘုရင်ကြီး ဖြစ်လာနိုင်ပေသည်။
ဤပုဂ္ဂိုလ်၏ နည်းလမ်းနှင့် စတိုင်အရဆိုလျှင် ဂိုဂူလျောမှာ အစောပိုင်းကတည်းက မြို့များပျက်စီးကာ လူများ သေကျေကုန်ခဲ့ပြီ ဖြစ်လိမ့်မည်။
ဤအတွေးများမှာ ဦးနှောက်ထဲမှ ဖြတ်ပြေးသွားခဲ့ပြီး နောက်တစ်ခဏ၌ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသော အော်ဟစ်သံကြီးတစ်ခုမှာ အဝေးဆီမှ ထွက်ပေါ်လာခဲ့ပြီး ကောင်းကျန့်၏အာရုံကို ချက်ချင်းပင် ဆွဲဆောင်လိုက်တော့သည်။
မသိစိတ်ဖြင့်ပင် ကောင်းကျန့်က ဦးခေါင်းလှည့်ကာ ကြည့်လိုက်မိသည်။ တစ်ချက်ကြည့်ရုံမျှဖြင့်ပင် ဂိုဂူလျောအင်ပါယာ၏ တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့ဖူးသော ဤနာမည်ကျော် ဗိုလ်ချုပ်မှာလည်း တစ်ကိုယ်လုံး မသိမသာ တုန်ခါသွားခဲ့ရပြီး မျက်နှာမှာလည်း ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။
"ဝုန်း"
လျှပ်စစ်မီးပွင့်သည့်အလား မြန်ဆန်လှသော အရှိန်အတွင်း၌ အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး ကမ္ဘာနှင့် မြေကြီးကို တုန်ဟိန်းစေသော မြည်ဟည်းသံကြီးနှင့်အတူ ဧရာမသံလုံးကြီးတစ်ခုမှာ မိုးကြိုးလျှပ်စီးနှယ် မြန်ဆန်လှသော အရှိန်ဖြင့် ကောင်းကင်ယံမှနေ၍ ပြင်းထန်စွာ ကျဆင်းလာတော့သည်။
မဟုတ်သေးပါချေ…
ဤသည်မှာ သာမန် သံလုံးကြီးတစ်ခု မဟုတ်တော့ပါချေ၊ ၎င်းမှာ အချင်းအားဖြင့် လူသုံးလေးဦးခန့် မြင့်မားလှသော ဧရာမ သံဆူးလုံးကြီးပင် ဖြစ်တော့သည်။
ထိုသံဆူးလုံးကြီး၏ မျက်နှာပြင်တွင် ခပ်စိပ်စိပ် ခြောက်ပေ၊ ခုနစ်ပေခန့် ရှည်လျားသော ထက်မြက်လှသည့် သံမဏိဆူးချွန်များ ပြည့်နှက်နေပြီး ဆူးချွန်၏ထိပ်ဖျားမှ အေးစိမ့်လှသော အလင်းရောင်များမှာ ကြည့်ရသည်မှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။
သံဆူးလုံးကြီး ကျရောက်ရာ နေရာတိုင်းတွင် နိုင်ငံအသီးသီးမှ မဟာမိတ်တပ်ဖွဲ့ စစ်သည်တစ်ဦးချင်းစီမှာ နာကျင်စွာပင် မအော်နိုင်လိုက်ဘဲ၊ ထိုရှည်လျားလှသော သံမဏိဆူးချွန်များက သူတို့၏ခန္ဓာကိုယ်များကို စုတ်ပြဲနေသော အိတ်ခွံများအလား ထိုးဖောက်သွားခဲ့ပြီး သံဆူးလုံးကြီးပေါ်၌ ချိတ်ဆွဲခြင်း ခံလိုက်ကြရလျက်၊ ဆက်လက်၍ ရှေ့သို့ တိုးဝင်ခြင်းကို ခံလိုက်ကြရတော့သည်။
နိုင်ငံအသီးသီးမှ စစ်သည် တစ်ဦးချင်းစီမှာ သာမန်မဟုတ်သော ကျင့်စဉ်အဆင့်များ ရှိကြသလို ကိုယ်တွင်း၌လည်း ဂန်ချီစွမ်းအင်များ ထူထဲစွာရှိကြပေရာ၊ ပုံမှန်အခြေအနေမျိုးတွင်မူ ဤမျှလောက် လွယ်လင့်တကူ သတ်ဖြတ်ခြင်း ခံရမည် မဟုတ်ပါချေ။
သို့သော်ငြားလည်း ကျင့်စဉ်အဆင့် မည်မျှပင် မြင့်မားပါစေ၊ ဂန်ချီ စွမ်းအင်များ မည်မျှပင် ထူထဲပါစေဦး၊ ထက်မြက်လှပြီး အလေးချိန် တန်ပေါင်းများစွာ ရှိလှသော ဤသံဆူးလုံးကြီးကို ရင်ဆိုင်ရာ၌ ဖြစ်စေ၊ ကောင်းကင်ယံမှ ကျဆင်းလာသော ထိုကြီးမားလှသည့် ရိုက်ခတ်မှု စွမ်းအားများကို ရင်ဆိုင်ရာ၌ ဖြစ်စေ အနည်းငယ်မျှပင် ခုခံနိုင်စွမ်း မရှိပါချေ။
"အားးး"
ထိ ထိတ်လန့်စရာကောင်းလှသော နာကျင်စွာ အော်ဟစ်သံများမှာ နားထဲတွင် အဆက်မပြတ် မြည်ဟည်းနေတော့သည်။ ထိုဧရာမ သံဆူးလုံးကြီးမှာ မြေပြင်သို့ ကျရောက်ပြီးနောက်တွင်လည်း ကြီးမားလှသော အရှိန်အဟုန် စွမ်းအားများကြောင့် ရပ်တန့်သွားခြင်း မရှိဘဲ အဆက်မပြတ် လိမ့်တက်သွားလျက် ရှေ့တည့်တည့်သို့ ဆက်လက် တိုးဝင်နေတော့သည်။
******