← Chapters

အခန်း (၉၁၀-၉၁၂)

Vol. 61 Ch. 910-912

အခန်း (၉၁၀-၉၁၂)

Vol. 61 Ch. 910-912

အပိုင်း ( ၉၁၀ ) မြေပုံရေးဆွဲခြင်း အရှင်သခင်

စွန့်ပစ်ထားတဲ့ ဒီဘန်ကာဟောင်းကြီးဟာ ပင်ပန်းနွမ်းနယ်နေကြတဲ့ ရာနဲ့ချီတဲ့ ဒုက္ခသည်တွေ အနားယူဖို့အတွက်တော့ အကောင်းဆုံးနေရာတစ်ခု မဟုတ်ခဲ့ပါဘူး..။ ဆန်နီ နဲ့ သူ့ရဲ့ အဖွဲ့သားတွေက သားရဲသွေးတွေနဲ့ နေရာတစ်ခုလုံး ပေကျံသွားအောင် လုပ်ပြီးခါစဆိုတော့ ပိုတောင်ဆိုးပါသေးတယ်..။နေရာတစ်ခုလုံးက မှောင်မိုက်ပြီး အေးစက်နေခဲ့သလို လူတွေ နေထိုင်ဖို့အတွက်လည်း ဘယ်လိုမှ မသင့်တော်ခဲ့ပေ..။

သို့ပေမဲ့လည်း သူတို့မှာ တခြား ရွေးချယ်စရာ မရှိခဲ့ပါဘူး..။သူတို့က ရှေ့ဆက်ရမယ့် ခရီးစဉ်အတွက် ပြင်ဆင်ဖို့ ယာယီ ခိုလှုံရာတစ်ခု လိုအပ်နေခဲ့တာပါ..။ ပတ်ဝန်းကျင် ကီလိုမီတာ ဒါဇင်ပေါင်းများစွာအတွင်းမှာလည်း ပျက်စီးနေတဲ့ ဒီအဆောက်အအုံထက် ပိုကောင်းတဲ့နေရာ မရှိခဲ့ပါဘူး..။

နောက်ဆုံးမှာတော့ အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့ စစ်ဘက်ဆိုင်ရာ ယာဉ်တွေဟာ ပေါက်ကွဲမှုခံနိုင်တဲ့ တံခါးကြီးတွေရဲ့ အနောက်ကို ဝင်ရောက်လာခဲ့ကြတယ်..။ ဒုက္ခသည်တွေကလည်း ယာဉ်ပေါ်ကနေ ဆင်းလာခဲ့ကြပြီး ဘန်ကာရဲ့ မှောင်မိုက်နေတဲ့ အတွင်းပိုင်းကို ကြောက်လန့်တကြား စိုက်ကြည့်နေခဲ့ကြပါတယ်..။

ကျန်ရှိနေတဲ့ အလုပ်တွေက ရိုးရှင်းပေမဲ့ လုပ်စရာတွေ အများကြီး ရှိနေခဲ့တာပါ..။

အတော်အတန် သန့်ရှင်းတဲ့ အခန်း ခြောက်ခန်းကို နေထိုင်စရာ နေရာတွေအဖြစ် သတ်မှတ်ပေးလိုက်ပြီး အခန်းတစ်ခန်းချင်းစီမှာ လူ ခုနစ်ဆယ်ခန့်ကို နေရာချထားပေးလိုက်တယ်..။ မီးဆိုင်းတွေကို တပ်ဆင်လိုက်ကြသလို အအေးဒဏ်ကို မောင်းထုတ်ဖို့အတွက် ယာဉ်တွေပေါ်ကနေ အပူပေးစက်တွေကို ဖြုတ်ယူပြီး ထောင့်တွေမှာ ထားရှိပေးလိုက်ပါတယ်..။ လူတွေကို ဘေးကင်းအောင် စောင့်ရှောက်ဖို့အတွက် နိုးထသူ တွေကိုလည်း နေထိုင်စရာ အခန်းတွေမှာ တာဝန်ချထားပေးလိုက်တယ်..။

ဆန်နီဟာ လုပ်စရာတွေ များပြားလွန်းနေတာကြောင့် တစ်ခနလောက် ဘာလုပ်ရမှန်း မသိဖြစ်သွားခဲ့ပါတယ်..။ လူတွေအတွက် စောင်တွေ.. အစားအစာတွေ.. ဆေးဝါးကုသမှုတွေနဲ့ သူ ကြိုတင်မစဉ်းစားမိခဲ့တဲ့ အရာပေါင်း များစွာကလိုအပ်နေခဲ့တာပါ..။ ကံကောင်းထောက်မစွာပဲ သူက ဒီပြဿနာအားလုံးကို တစ်ယောက်တည်း ဖြေရှင်းဖို့ မလိုခဲ့ပါဘူး..။ ဆာဂျင် ဂီရီ က ဒုက္ခသည်တွေကို ပြုစုစောင့်ရှောက်ရာမှာ လုံလောက်တဲ့ အတွေ့အကြုံ ရှိနှင့်ပြီးသား ဖြစ်သလို ဘတ် ကလည်း အရပ်သား ကိုယ်စားလှယ်အဖြစ် သူမရဲ့ တာဝန်ကို တက်တက်ကြွကြွနဲ့ ထမ်းဆောင်နေခဲ့ပါတယ်..။

အလုပ်တွေကို တစ်နာရီခန့် ဖြေရှင်းပြီးတဲ့နောက်မှာတော့ ဆန်နီ တစ်ယောက်တည်း ဖြစ်သွားခဲ့တယ်..။ မနက်ဖြန်မနက်မှာ လုပ်စရာတွေ အများကြီး ရှိလာမှာ ဖြစ်ပေမဲ့ အခုအချိန်မှာတော့ လူတွေက အနားယူချင်နေကြပါပြီ..။ ယာဉ်တွေပေါ်ကနေ ဘယ်အချိန်မှာ ထပ်ပြီး ဆင်းခွင့်ရဦးမလဲဆိုတာကို ဘယ်သူမှ မသိကြပါဘူး..။

ဆန်နီ ကိုယ်တိုင်ကတော့ ဆေးခန်းကို စောင့်ရှောက်ဖို့ ရွေးချယ်လိုက်ပြီး ဘယ်လီ ကိုတော့ စိတ်ဖိစီးမှု နည်းပါးတဲ့ တခြားနေရာတစ်ခုဆီကို လွှတ်လိုက်ပါတယ်..။

လောလောဆယ်မှာတော့ အခန်းထဲမှာ လူသုံးယောက် ရှိနေခဲ့ပါတယ်..။ အရပ်သား ဒုက္ခသည် နှစ်ယောက်နဲ့ လူငယ်စစ်သားတစ်ယောက် ပါ.။ သူတို့ရဲ့ ဝိဥာဉ်တွေက ပထမ အိပ်မက်ဆိုး ထဲမှာ လှည့်လည်သွားလာနေတာကြောင့် သုံးယောက်လုံးက အိပ်ပျော်နေခဲ့ကြတယ်..။ သူတို့ရဲ့ မောပန်းပြီး ပြတ်တောင်းနေတဲ့ အသက်ရှူသံတွေကလည်း လုံးဝ မကြားရသလောက်ပါပဲ..။

ဆန်နီ သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ရဲ့ အရိပ်ထိုင်ခုံ ကို ဆင့်ခေါ်လိုက်ပါတယ်..။ ပြီးတာနဲ့ ထိုင်ခုံပေါ်မှာ ထိုင်လိုက်ပြီး ရှည်လျားမယ့် ညတစ်ညအတွက် ပြင်ဆင်လိုက်တယ်..။ ယာဉ်တန်းက တခြားလူတွေနဲ့မတူတာက ဆန်နီ အနေနဲ့ အခုလောလောဆယ် အနားယူနိုင်ဦးမှာ မဟုတ်ပါဘူး..။ သူ့အတွက် လုပ်စရာတွေက အလွန်များပြားလွန်းနေခဲ့တယ်..။

သူ မျက်လုံးတွေကို မှိတ်လိုက်ပါတယ်..။

မြေပြင်အထက်မှာတော့ နှင်းမုန်တိုင်းက နောက်ဆုံးမှာ ငြိမ်သက်သွားခဲ့ပြီဖြစ်ပြီးတောင်တန်းတွေရဲ့ မှောင်မိုက်တဲ့ မြင်ကွင်းက တဖန် ပြန်လည်ပေါ်ပေါက်လာခဲ့ပါပြီ..။ တောင်ဝင်ရိုးစွန်း အလင်းတန်းတွေရဲ့ ထူးဆန်းတဲ့ အလင်းရောင်တွေက အမှောင်ထု ကောင်းကင်ယံမှာ ကခုန်နေခဲ့ကြပြီး ကောင်းကင်ကြီးတစ်ခုလုံးကို မီးတောက်တွေနဲ့ လောင်ကျွမ်းနေသလိုမျိုး ဖြစ်ပေါ်နေစေခဲ့တယ်..။အဝေးမှာရှိနေတဲ့ ကြယ်ပွင့်တွေကလည်း ကောင်းကင်ထက်မှာ အေးစက်စွာ တောက်ပနေခဲ့ကြပါတယ်..။

'ဘယ်လောက်လှပတဲ့ မြင်ကွင်းလဲ..'

သူ့ရဲ့ အရိပ်တွေက မတူညီတဲ့ တောင်ထိပ် လေးခုပေါ်ကို တွားတတ်သွားနေစဉ်မှာပဲ ဆန်နီက စိတ်ကို လျှော့ချလိုက်တယ်..။ အခုဆိုရင် နှင်းမုန်တိုင်း မရှိတော့တာကြောင့် သူက ပတ်ဝန်းကျင်ကို နောက်ဆုံးမှာ ကောင်းကောင်း မြင်နိုင်ခဲ့ပါပြီ..။ သူက သူ့ရဲ့ အရိပ်တွေကို ဆယ့်သုံးကီလိုမီတာလောက်အထိ အဝေးကနေ ထိန်းချုပ်နိုင်ပါတယ်..။ တကယ်တော့ အီရီဘတ် ဝန်းရံခြင်း မြို့တော်ဆီ ရောက်ဖို့ ယာဉ်တန်း ဖြတ်သန်းရမယ့် ကီလိုမီတာ တစ်ထောင် ခရီး နဲ့ နှိုင်းယှဉ်ရင် ဒီအရေအတွက်က နည်းပါးပုံရပေမဲ့.. မြေပြင်အနေအထား ကြမ်းတမ်းပြီး မညီမညာဖြစ်နေတဲ့ တောင်တန်းတွေပေါ်မှာတော့ ဒါက လုံလောက်နေခဲ့ပါပြီ..။

တကယ်လို့ အမြင့်တစ်နေရာကိုသာ တက်နိုင်မယ်ဆိုရင် အရာအများကြီးကို မြင်တွေ့နိုင်မှာပါ။

ပုံမှန်ဆိုရင်တော့ တိုက်ကြီးတစ်ခုလုံးက အမှောင်ထုရဲ့ ကန့်လန့်ကာနောက်မှာ ပျောက်ကွယ်နေတာကြောင့် မြင့်မားတဲ့ တောင်ထိပ်ပေါ်ကနေ မြင်ကွင်းကို လေ့လာဖို့ဆိုတာက လူအများစုအတွက် ခက်ခဲပါလိမ့်မယ်..။ အန္တာတိကရဲ့ ရှည်လျားတဲ့ ညအချိန်က အခုထိ ရှိနေဆဲဖြစ်ပြီး နောက်ထပ် လအနည်းငယ်အထိလည်း ရှိနေဦးမှာပါ..။

ဒါပေမဲ့ ဆန်နီ ကတော့ ဒီအမှောင်ထုကိုအလွယ်တကူ ဖြတ်ကျော်ကြည့်ရှုနိုင်ပါတယ်..။ သူ့အတွက်တော့ အမှောင်ထု ဆိုတာက မဟာမိတ်တစ်ခုပါပဲ..။

ပထမဆုံး အရိပ်က လုံလောက်တဲ့ အမြင့်တစ်ခုဆီ ရောက်သွားတာနဲ့ သူက သက်ပြင်းချလိုက်ပြီး မျက်လုံးတွေကို ဖွင့်လိုက်ပါတယ်..။ ယင်းနောက် သူ့ရဲ့ ဆက်သွယ်ရေးစက်ကို ဖွင့်လိုက်ပြီး မှတ်ဉာဏ်သိုလှောင်မှုထဲကနေ ဒီဒေသရဲ့ မြေပုံကို ပုံဖော်လိုက်တယ်..။

'ခေတ်နောက်ကျလိုက်တာ..'

တကယ်လို့ ဆန်နီ က ယာဉ်တန်းကို တောင်တန်းတွေကြားထဲကနေ လမ်းပြခေါ်ဆောင်သွားချင်တယ်ဆိုရင် သူက ပျင်းစရာကောင်းတဲ့ အလုပ်တွေကို အများကြီး လုပ်ဆောင်ရမှာပါ..။

ပထမဆုံးအနေနဲ့ သူက LO49 ဆီ ခရီးသွားခဲ့တုန်းက အခြေအနေကို ပြန်လည်အမှတ်ရလိုက်ပြီး အဲဒီတုန်းက သူ စူးစမ်းရှာဖွေခဲ့တဲ့ လမ်းဟောင်းအားလုံးကို မြေပုံပေါ်မှာ စတင်မှတ်သားလိုက်ပါတယ်..။ လမ်းတွေရဲ့ လက်ရှိအခြေအနေနဲ့ ပျက်စီးမှု အတိုင်းအတာတွေကိုလည်း ထည့်သွင်းမှတ်သားလိုက်တယ်..။ လမ်းအချို့က အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ်တွေ မောင်းနှင်ဖို့အတွက် အလွန်အမင်း ပျက်စီးနေခဲ့ပြီး အချို့ကတော့ အတော်အတန် ကောင်းမွန်နေခဲ့သလို အချို့လမ်းတွေကိုတော့ တခြားရွေးချယ်စရာ မရှိတော့မှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်..။

ဒီလုပ်ငန်းစဉ်အတွင်းမှာပဲ ဆန်နီ က စိတ်ဝင်စားစရာ အချက်အချာနေရာအားလုံးကိုလည်း မှတ်သားပေးလိုက်တယ်..။ စခန်းချနိုင်မယ့် နေရာတွေ.. ခြုံခိုတိုက်ခိုက်ခံရနိုင်တဲ့ နေရာတွေ.. ဖော်မပြနိုင်တဲ့ ခြိမ်းခြောက်မှုတွေ ပုန်းအောင်းနေနိုင်တဲ့ ဥမင်လိုဏ်ခေါင်းဟောင်းတွေရဲ့ ဝင်ပေါက်တွေ စတာတွေကို မှတ်သားလိုက်တာပါ..။

ဒီလုပ်ငန်းစဉ်က ရှည်လျားပြီး ပျင်းစရာကောင်းလှပေမဲ့ ရလဒ်ကတော့ သူ့ကို ကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခု စီစဉ်ခွင့် ရရှိစေမှာ ဖြစ်ပါတယ်..။

အချိန်အတော်ကြာပြီးတဲ့နောက်မှာတော့ ဆန်နီဟာ မောပန်းမှုကို ခံစားလိုက်ရတာကြောင့် မြေပုံကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။ သူ့ရဲ့ လက်ရှိ အခြေအနေအရ ဒါက အစပျိုးဖို့အတွက် စိတ်ကျေနပ်စရာ ကောင်းနေခဲ့ပါပြီ..။

ယင်းနောက်မှာတော့ ပိုမိုခက်ခဲတဲ့ အပိုင်း ရောက်ရှိလာခဲ့တယ်..။

အမြင့်တစ်နေရာကနေ ကမ္ဘာကြီးကို စောင့်ကြည့်နေကြတဲ့ အရိပ် လေးခုကို အားကိုးရင်း သူက မြေပုံပေါ်မှာ ပြောင်းလဲမှုတွေကို စတင်ဖြည့်စွက်လိုက်တယ်..။ လမ်းအချို့က လွန်ခဲ့တဲ့ လတွေအတွင်းမှာ ပျက်စီးသွားခဲ့ပြီး လမ်းအချို့ကတော့ ပိတ်ဆို့နေခဲ့ပါပြီ..။ တောင်ထိပ်တွေပေါ်ကနေ ရေခဲမြစ်တစ်ချို့ လိမ့်ဆင်းလာခဲ့ပြီးနောက် နေရာဒေသတစ်ခုလုံးက ရေခဲတွေအောက်မှာ နစ်မြုပ်နေခဲ့သလို နေရာတိုင်းမှာလည်း အိပ်မက်ဆိုး သားရဲတွေက လှည့်လည်သွားလာနေခဲ့ကြတယ်..​။

စူးစမ်းရှာဖွေသူတစ်ယောက်အဖြစ် သူ့ရဲ့ အရည်အချင်းတွေကြောင့် ဆန်နီ ဟာ မြေပုံဆွဲတဲ့ အလုပ်မှာ အတွေ့အကြုံမရှိသူတစ်ယောက် မဟုတ်ပါဘူး..။ အတိတ်တုန်းကတော့ သူရေးခဲ့တဲ့ မြေပုံတွေအားလုံးက အိပ်မက်ကမ္ဘာရဲ့ မြေပုံတွေ ဖြစ်ခဲ့တာပါ..။ သူက လက်ရှိမြေပုံကို ပိုပြီး ဖြည့်စွက်ရေးဆွဲလေလေ သူ့ရဲ့ မျက်နှာအမူအရာက ပိုပြီး နက်မှောင် လာလေလေ ဖြစ်နေခဲ့တယ်..။

အခြေအနေတွေက ဘယ်လိုမှ အဆင်မပြေလှပါဘူး..။

ယာဉ်တန်း ဖြတ်သန်းသွားနိုင်မယ့် လမ်းကြောင်းက အလွန်နည်းပါးလွန်းနေခဲ့ပြီး ဘယ်လမ်းကြောင်းကမှလည်း လွယ်ကူတာ ဒါမှမဟုတ် ဘေးကင်းတာမျိုး မရှိခဲ့ပေ..။ တောင်တန်းတွေကို လွှမ်းမိုးထားတဲ့ သားရဲတွေရဲ့ အရေအတွက်က အလွန်ကြောက်စရာ ကောင်းနေခဲ့ပါတယ်..။ ဆန်နီ အနေနဲ့ အဝေးကနေ သူတို့ရဲ့ တိကျတဲ့ အရေအတွက်နဲ့ စွမ်းအားကို မခန့်မှန်းနိုင်ရင်တောင်မှ သူတို့က အလွန်များပြားလွန်းနေခဲ့တာပါ..။

သူတို့တွေက သေဆုံးနေတဲ့ အသားပုပ်တွေပေါ်မှာ အုံခဲနေတဲ့ လောက်ကောင်တွေလိုမျိုးပါပဲ..။

သို့ပေမဲ့လည်း သူက ပိုမိုကြီးမားတဲ့ သားရဲအုပ်စုကြီးတွေရဲ့ တည်နေရာကို မြေပုံပေါ်မှာ စနစ်တကျ မှတ်သားပေးလိုက်သလို.. သူတို့ ဦးတည်ရွေ့လျားနေပုံရတဲ့ လမ်းကြောင်းနဲ့ သူတို့ရဲ့ ခန့်မှန်းခြေ အရှိန်နှုန်းကိုလည်း ထည့်သွင်းရေးဆွဲလိုက်ပါတယ်..။

ပင်ပန်းခက်ခဲလတဲ့ အလုပ်ကို နာရီပေါင်းများစွာ လုပ်ဆောင်ပြီးတဲ့နောက်မှာတော့ သူ့အရှေ့က ပုံရိပ်ယောင်ပြသမှုဟာ ရှုပ်ထွေးပွေလီ တဲ့ ပန်းချီကားတစ်ချပ်လို ဖြစ်နေခဲ့ပါပြီ..။ မြေပုံမျက်နှာပြင်ပေါ်မှာ မတူညီတဲ့ အရောင်အသွေးစုံ လမ်းကြောင်းတွေနဲ့ သင်္ကေတတွေ ရှုပ်ယှက်ခတ်ပြီး ဖုံးလွှမ်းနေခဲ့တာပါ..။

ဒါပေမဲ့ အထင်ရှားဆုံး အရောင်ကတော့ အနီရောင်တွေ ဖြစ်နေခဲ့တယ်..။

ဆန်နီ ဟာ သက်ပြင်းတစ်ချက်ချရင်း နောက်ကို မှီချလိုက်ကာ ခနလောက် ငြိမ်သက်စွာ နေလိုက်မိတယ်..။

'တကယ့် ကပ်ဘေးပဲ..'

တကယ်လို့ သူက ရိုင်နို တစ်စီးတည်းအတွက်သာ စိတ်ပူဖို့ လိုမယ်ဆိုရင် အိပ်မက်ဆိုး သားရဲတွေရဲ့ အုပ်စုကြီးတွေကြားထဲကနေ ဖြတ်ကျော်ရတာက ပိုပြီး လွယ်ကူပါလိမ့်မယ်..။ ဒီသံချပ်ကာ ယာဉ်က ဘယ်လို မြေပြင်အနေအထားမျိုးကိုမဆို ဖြတ်သန်းနိုင်သလို ခံနိုင်ရည်လည်း အပြည့် ရှိပါတယ်..။ ဒါပေမဲ့ ယာဉ်တန်းရဲ့ တစ်ခြား ယာဉ်တွေကတော့… ဆန်နီ အနေနဲ့ သူ့ရဲ့ လက်နှစ်ဖက်လုံးကို အနောက်မှာ ကြိုးတုပ်ပြီး စစ်ပွဲထဲ ဝင်နေရသလိုမျိုး ခံစားနေခဲ့ရတယ်..။

'ကျိန်စာသင့်နေသလိုပဲ..'

ဆန်နီ တစ်ယောက် အကောင်းဆုံး လှုပ်ရှားမှု အစီအစဉ်ကို စဉ်းစားတွေးတောနေစဉ်မှာပဲ အပြင်ဘက် စင်္ကြံလမ်းကနေ ခြေသံအချို့ ကြားလိုက်ရပြီး ဆေးခန်းတံခါးက ဖြည်းဖြည်းချင်း ပွင့်လာခဲ့ပါတယ်..။ တံခါးအနောက်မှာတော့ ပရော်ဖက်ဆာ အိုဘယ် က အစားအစာတွေ ထည့်ထားတဲ့ ပန်းကန်တစ်ခုကို ကိုင်ဆောင်ရင်း ရပ်နေခဲ့တယ်..။

ဆန်နီ ဟာ မျှော်လင့်မထားတဲ့ လူ ရောက်လာတာကြောင့် အံ့အားသင့်သွားခဲ့ပြီး မျက်ခုံးပင့်လိုက်မိပါတယ်....။

“…ပရော်ဖက်ဆာ.. ဘာကိစ္စရှိလို့ ဒီကို လာခဲ့တာလဲ…”

အဖိုးအိုက ပြုံးပြလိုက်တယ်....။

“အာ… ငါ့ကို စိတ်မရှိပါနဲ့ မာစတာ ဆန်းလပ်စ် ..။ စစ်သားတွေ ငါတို့အတွက် ချက်ပေးထားတဲ့ အစားအသောက်တွေကို မင်း လာမယူသေးတာ သတိထားမိလို့ ငါက နည်းနည်း လာပို့ပေးတာပါ…”

ဆန်နီ ဟာ စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းသွားခဲ့တယ်..။

'တကယ့်ကို ကြင်နာတတ်တဲ့ လူအိုကြီးပဲ..'

လူအိုကြီးက သူ့ကို အစားအစာ လာပေးရုံသက်သက်အတွက် ဒီကို လာခဲ့တာ မဟုတ်ဘူးဆိုတာကိုတော့ သူ ခံစားနေခဲ့ရပါတယ်..။အချိန်တွေ ဒီလောက် ကုန်ဆုံးသွားခဲ့ပြီးနောက်မှာ

လူအိုကြီး အနေနဲ့ အိပ်ပျော်နေသင့်ပါပြီ..။အရိပ်တစ်ခုလိုမျိုး အမြဲတမ်း နောက်ကနေ လိုက်ပါလေ့ရှိတဲ့ ဘတ် မပါဘဲ သူ့ကို တစ်ယောက်တည်း တွေ့ရတာကလည်း ထူးဆန်းနေခဲ့တယ်..။

မေးခွန်းကတော့… ပရော်ဖက်ဆာ အိုဘယ် အနေနဲ့ ဘာလိုချင်နေတာလဲ ဆိုတာကို ပါပဲ..။

အပိုင်း ( ၉၁၀ ) ပြီး၏။

အပိုင်း ( ၉၁၁ ) တန်ဖိုး ကို မေးခွန်းထုတ်ခြင်း

“ဝင်ခဲ့ပါ..”

လူအိုကြီးက အထဲကို ဝင်လာခဲ့ပြီး သူ့အနောက်က တံခါးကို ပိတ်လိုက်တယ်..။ ယင်းနောက် သူက ပတ်ပန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး သံချေးတက်နေတဲ့ ခုံတန်းလျားတစ်ခုကို ရှာဖွေကာ ထိုင်လိုက်ရင်း ဆန်နီ ဆီကို ပန်းကန် လှမ်းပေးလိုက်ပါတယ်..။

“အားနာလိုက်တာ.. သိပ်တော့ အများကြီး မဟုတ်ဘူးလေ..”

အမှန်တကယ်လည်း အများကြီး မဟုတ်ခဲ့ပါဘူး..။ စစ်သားတွေ ချက်ပြုတ်ထားတဲ့ စွပ်ပြုတ်က အသင့်စား ဆီသွပ်ဗူးတွေ.. သားရဲအသားတွေ.. ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ပြုလုပ်ထားတာ ပါ..။ ဒါက ရေနဲ့ အခြေခံ ရိက္ခာတွေသာ ရှိနေရင် ဘယ်လို ပါဝင်ပစ္စည်းမျိုးနဲ့မဆို ပြုလုပ်နိုင်တဲ့ သာမန် စစ်တပ်ဟင်းလျာတစ်ခု ဖြစ်ပါတယ်..။ အခု ဒီစွပ်ပြုတ်ကလည်း ကြည့်ရတာ တော်တော်လေး စားချင်စရာ ကောင်းနေခဲ့တယ်..။

ဆန်နီ က ပခုံးတွန့်လိုက်တယ်..။

“ရပါတယ်.. ကျွန်တော်က မြောက်ပိုင်း စတုတ္ထ ဝန်းရံခြင်း မြို့ပြင်က လာတာဆိုတော့.. ဆီသွပ်အစားအသောက်တွေနဲ့ မစိမ်းပါဘူး..”

ပရော်ဖက်ဆာ အိုဘယ် က ခေါင်းညိတ်လိုက်ပြီး ဆန်နီ အစားအသောက် စားနေစဉ်အတွင်း သူဖန်တီးထားတဲ့ မြေပုံကို စူးစမ်းလိုစိတ်နဲ့ သေချာ ကြည့်ရှုနေခဲ့တယ်..။ ခနအကြာမှာတော့ လူအိုကြီးက ပြောလာခဲ့ပါတယ်..။

“အခုလို အချိန်မျိုးတွေမှာပဲ အသုံးချမှုဆိုင်ရာ စွမ်းရည်တွေက ဘယ်လောက်အထိ အစွမ်းထက်နိုင်လဲဆိုတာကို ငါ ပြန်သတိရမိတယ်..။ သူတို့ကို ပိုင်ဆိုင်ထားတဲ့လူတွေက အသိအမှတ်ပြုခံရတာမျိုး မရှိကြပဲ တိုက်ခိုက်ရေး ကျွမ်းကျင်သူတွေရဲ့ နောက်မှာပဲ အမြဲ ရှိနေတတ်ကြတယ်လေ..။ ဒါပေမဲ့ မင်းရဲ့ စွမ်းရည်ကတော့ တကယ်ကို အံ့ဩစရာ ကောင်းတယ်..။ စစ်ပွဲမှာ ပိုပြီး ကျွမ်းကျင်တဲ့ တစ်ယောက်ယောက်ဆိုရင် အိပ်မက်ဆိုး သားရဲ ဒါဇင်အနည်းငယ်လောက်ကို ပိုပြီး သတ်ဖြတ်နိုင်လိမ့်မယ်..။ ဒါမှမဟုတ် ရာဂဏန်းလောက်အထိပေါ့..။ ဒါပေမဲ့ ဒီမြေပုံရှိနေရင်တော့ ငါတို့က သားရဲ ထောင်ပေါင်းများစွာကို သတိမထားမိအောင် ကျော်ဖြတ်သွားနိုင်မှာ ဖြစ်သလို.. ကြုံတွေ့ရတဲ့ သားရဲတွေကိုလည်း အနည်းဆုံး ဆုံးရှုံးမှု ဒါမှမဟုတ် လုံးဝ ဆုံးရှုံးမှုမရှိဘဲ အနိုင်ယူနိုင်မှာလေ..။ ဒီမြေပုံက ငါတို့ရဲ့ အသက်ရှင်သန်နိုင်မှု အခွင့်အလမ်းကို ဘယ်လို စစ်သည်တော်မျိုးထက်မဆို ပိုပြီးတော့ အများကြီး တိုးတက်စေမှာပဲ..”

သူက ခနလောက် စကားရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်တယ်..။

“...ဒီဘန်ကာလည်း အပါအဝင်ပေါ့..။ မင်းရဲ့ စစ်သားတွေက ကြောက်စရာကောင်းတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပေမဲ့ မင်းရဲ့ အမြင်အာရုံနဲ့ သတိပြုမိမှုတွေ မရှိရင်တော့.. ဒီစခန်းကို ဘာဆုံးရှုံးမှုမှမရှိပဲ သိမ်းယူနိုင်ဖို့ဆိုတာ သူတို့အတွက်တောင် ခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်မှာပဲ.။ မင်းက အရာအားလုံးကို မြင်တွေ့နိုင်ပုံရပြီး နေရာအတော်များများမှာ တစ်ချိန်တည်း ရှိနေနိုင်ပုံရတယ်..။ တကယ်တော့ ငါ့အသက်ကို ကယ်တင်နိုင်ခဲ့တာကလည်း မင်းရဲ့ အဲဒီ စွမ်းရည်ကြောင့်လို့ ထင်တယ်..”

LO49 ရဲ့ ဘေးကင်းလုံခြုံတဲ့ အခန်းထဲမှာ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို ဖြစ်ရပ်ကို ပြန်လည်အမှတ်ရမိတာကြောင့် ဆန်နီ က စွပ်ပြုတ်တစ်ဇွန်းကို မြိုချလိုက်ပြီး ခေါင်းညိတ်လိုက်တယ်..။

“ချီးမွမ်းတာတွေ အများကြီးပဲနော်..။ ဒါပေမဲ့ အထင်မမှား လိုက်နဲ့ဦး..။ ကျွန်တော်က စစ်ပွဲထဲမှာလည်း ကြောက်စရာကောင်းတဲ့ လူတစ်ယောက် ပဲ.”

ပရော်ဖက်ဆာ အိုဘယ် က ခပ်တိုးတိုး ရယ်မောလိုက်တယ်..။

“ငါက ထိုက်တန်တဲ့နေရာအတွက် အသိအမှတ်ပြုပေးရုံသက်သက် ပါ..။ မင်း သတိမထားမိတာ ဖြစ်နိုင်ပေမဲ့ မင်းက ဒီယာဉ်တန်းကို ဦးဆောင်ဖို့အတွက် တကယ်ကို သင့်တော်တဲ့လူတစ်ယောက်ပဲ..မာစတာ ဆန်းလပ်စ် ..။ဒါပေမဲ့ ဒါက ကြီးမားတဲ့ တာဝန်တစ်ခုလေ..။ အထူးသဖြင့် မင်းလို လူငယ်တစ်ယောက်အတွက်ပေါ့..။ မင်း ဘယ်လို ခံနိုင်ရည်ရှိအောင် လုပ်နေလဲ..”

ဆန်နီ သူ့ကို စိုက်ကြည့်နေခဲ့တယ်..။

“...ကျွန်တော် အဆင်ပြေပါတယ်.. ကျေးဇူးပါ..။ ဒီထက် ပိုဆိုးတဲ့ အခြေအနေတွေကိုတောင် ဖြတ်ကျော်ခဲ့ဖူးတယ်လေ..”

လူအိုကြီးက သက်ပြင်းချလိုက်တယ်..။

“မင်း ဖြတ်ကျော်ခဲ့ဖူးမယ်လို့ ငါ သေချာပေါက် ယုံကြည်ပါတယ်..”

သူ့ရဲ့ လေသံက ထူးဆန်းစွာ နောင်တရနေပုံရပါတယ်..။

'သူ ဘာကို ဆိုလိုချင်တာလဲ..'

ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး တိုက်ရိုက် ပဲမေးလိုက်ပါတယ်..။

“ပရော်ဖက်ဆာ... ဒါက သာမန် စကားစမြည်ပြောရုံသက်သက် မဟုတ်ဘူးဆိုတာ ကျွန်တော် သိတယ်နော်..။ ကျွန်တော့်ဆီကနေ ဘာလိုချင်နေတာလဲ..”

ပရော်ဖက်ဆာ အိုဘယ် က စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားခဲ့တယ်..။ နောက်ဆုံးမှာတော့ သူက ပြုံးပြလိုက်ပါတယ်..။

“ငါ့ကို ရိပ်မိဖို့က တကယ်ကို လွယ်ကူနေတယ် မဟုတ်လား..။ ငါ့ရဲ့ အသက်အရွယ်အရ လူတွေက ဟန်ဆောင်ဖို့ အချိန်မရှိကြတော့ဘူးလေ..။ ဟုတ်တယ်.. မင်း ပြောတာ မှန်တယ်..။ ငါ မင်းကို တစ်ခုခု ပြောချင်လို့ပါ မာစတာ ဆန်းလပ်စ် ...။ ပိုပြီး တိတိကျကျ ပြောရရင် ငါ့မှာ အကူအညီတောင်းစရာ တစ်ခု ရှိတယ်..”

သူက ဆန်နီ ကို ဖခင်တစ်ယောက်လို အမူအရာနဲ့ စိုက်ကြည့်လိုက်တယ်..။ ဒါက ဆန်နီ အတွက်တော့ လုံးဝ မရင်းနှီးတဲ့ အတွေ့အကြုံတစ်ခု ဖြစ်နေခဲ့ပါတယ်..။

“ငါတို့အရှေ့မှာ ရှည်လျားတဲ့ လမ်းခရီး ရှိနေသေးတယ်..။ အနာဂတ်မှာ မင်းက ဒီယာဉ်တန်းရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဆုံးဖြတ်ချက်တွေ အများကြီး ချမှတ်ရလိမ့်မယ်..။ ငါတို့ရဲ့ အသက်တွေက မင်းရဲ့ လက်ထဲမှာ ရှိနေတာလေ မာစတာ ဆန်းလပ်စ် ...။ ဒါကြောင့် ငါ မင်းကို ကြိုတင်ပြီး တောင်းဆိုချင်တယ်..။ တကယ်လို့ တစ်နေ့နေ့မှာ ငါ့အသက်ကို ကယ်တင်ဖို့နဲ့ တခြားတစ်ယောက်ယောက်ရဲ့ အသက်ကို ကယ်တင်ဖို့အကြား ဆုံးဖြတ်ရမယ့် အချိန် ရောက်လာခဲ့ရင်.. အထူးသဖြင့် ငါ့ရဲ့ လက်ထောက် ဘတ် လို ခေါင်းမာတဲ့ ကလေးမျိုးပေါ့..။ အဲဒီအချိန်ကျရင် ငါ့ကို စွန့်လွှတ်တဲ့ဘက်က ဆုံးဖြတ်ပေးဖို့ ငါ အလိုရှိတယ်..။ တခြားလူကို အသက်ရှင်အောင် ထားခဲ့ပြီး ငါ့ကိုပဲ ထားရစ်ခဲ့ပါ..”

ဆန်နီ ဟာ ရုတ်တရက် တောင်းဆိုမှုကြောင့် အံ့အားသင့်သွားခဲ့ပြီး လူအိုကြီးကို ခနလောက် စိုက်ကြည့်နေမိတယ်..။

“လေးလေးစားစား ပြောရရင်တော့ ပရော်ဖက်ဆာ.. ကျွန်တော် သဘောမတူနိုင်လောက်ဘူးထင်တယ်..။ ကျွန်တော့်ရဲ့ အမိန့်က ပရော်ဖက်ဆာ ကို ဝန်းရံခြင်း မြို့တော်ဆီ ဘေးကင်းအောင် ပို့ဆောင်ပေးဖို့လေ..။တစ်ယောက်တည်းကိုပဲနော်..။ တခြားလူတွေကတော့ အပိုဆောင်းတွေသက်သက်ပဲ.။ သူတို့က ပရော်ဖက်ဆာ လို တူညီတဲ့ တန်ဖိုးမျိုး မရှိကြဘူး..”

ပရော်ဖက်ဆာ အိုဘယ် က ခေါင်းကို ရိုးရှင်းစွာပဲ ခါယမ်းလိုက်တယ်..။

“တန်ဖိုး... မင်း မှားနေပြီ မာစတာ ဆန်းလပ်စ် ..။ ငါက အိုမင်းနေပြီဖြစ်သလို ငါ့မှာ အချိန်အများကြီး မကျန်တော့ဘူး..။ မင်း နဲ့ ဘတ် လို လူငယ်တွေကသာ တကယ့် တန်ဖိုးကို ပိုင်ဆိုင်ထားကြတာ ပါ..။ ငါက အတိတ်တုန်းက ထိုက်တန်တဲ့ အရာအချို့ကို လုပ်ဆောင်ခဲ့ဖူးတာ ဖြစ်နိုင်ပေမဲ့.. မင်းတို့ကသာ လာမယ့် နှစ်တွေအတွင်းမှာ ကြီးမားပြီး အံ့ဩစရာကောင်းတဲ့ အောင်မြင်မှုတွေကို ရရှိကြမယ့်သူတွေပဲ..။ မင်းတို့က လူသားမျိုးနွယ်ရဲ့ အလံကို ကိုင်ဆောင်ပြီး အနာဂတ်ဆီကို လျှောက်လှမ်းကြမယ့်သူတွေ ပါ..။ ငါ့လို ရှေးဟောင်း ကျောက်ဖြစ်ရုပ်ကြွင်းတွေ မဟုတ်ဘူး..။ တကယ်လို့ မျိုးစိတ်တစ်ခုက လူအိုတွေရဲ့ အသက်ကို ရှည်ကြာစေဖို့အတွက် လူငယ်တွေကို စတင် စတေးနေရပြီဆိုရင်တော့.. အဲဒါက ဘယ်လိုမှ တန်ဖိုးမရှိတော့ဘူး..။ လုံးဝကို တန်ဖိုး မရှိတော့တာပဲ..”

[ မင်မင်တို့ မြန်မာနိုင်ငံကြီး နဲ့လာတူနေတယ်။

ရင်ထဲထိသွားပြီ ပရော်ဖက်ဆာ ရယ် ]

ဆန်နီ က အကြည့်ကို လွှဲလိုက်တယ်..။

“..နားထောင်လို့ ကောင်းပါတယ်.. ဒါပေမဲ့ လူသားမျိုးနွယ်မှာ အနာဂတ် ရှိ၊ မရှိတောင် ကျွန်တော် မသေချာ မသိတော့ဘူး..”

လူအိုကြီးက ရယ်မောလိုက်တယ်..။

“အိုး... ငါ့ကို ခွင့်လွှတ်ပါ လူငယ်လေး..။ ဒါပေမဲ့ ငါ ဒီစကားတွေကို ကြားလာရတာ ရာစုနှစ်တစ်ခုနီးပါး ရှိနေပြီလေ..။ ငါ ငယ်ငယ်တုန်းကလည်း လူအများစုက ငါတို့အားလုံး မကြာခင် မျိုးတုံးတော့မယ်လို့ ယုံကြည်ခဲ့ကြတယ်..။ ဒါပေမဲ့ ငါတို့ မျိုးမတုံးခဲ့ဘူး..။ အဲ့နောက်မှာတော့ သူတို့က အခြေအနေတွေ ပိုကောင်းအောင် မပြောင်းလဲရင် လူသားမျိုးနွယ်က သေချာပေါက် ပျက်စီးလိမ့်မယ်လို့ ပြောခဲ့ကြပြန်တယ်..။ အခြေအနေတွေက ပိုဆိုးတဲ့ဘက်ကို ပြောင်းလဲသွားခဲ့ပေမဲ့ လူသားမျိုးနွယ်ကတော့ အခုထိ တည်ရှိနေဆဲ ပဲ..။ အဲဒီနောက်မှာ အိပ်မက်ဆိုး အခိုက်အတန့် ပေါ်ပေါက်လာခဲ့ပြီး သူတို့ရဲ့ ကြောက်ရွံ့မှုအားလုံးက အမှန်တကယ် ဖြစ်လာခဲ့ပုံရတယ်..။ ဒါပေမဲ့လည်း ငါတို့ ဒီမှာ ရှိနေဆဲပဲ မဟုတ်လား..။ အခုထိ ကြိုးစားနေဆဲ ပါ..။ လူသားမျိုးနွယ်က မင်းထင်ထားတာထက် အများကြီး ပိုပြီး ကြံ့ခိုင်မှု ရှိပါတယ် မာစတာ ဆန်းလပ်စ် ..”

…အဲဒါကတော့ အမှန်ပါပဲ..။ လူသားတွေက အံ့ဩစရာကောင်းလောက်အောင် လိုက်လျောညီထွေမူ ရှိပြီး အရည်အချင်းရှိကြသလို ခေါင်းမာတဲ့ သတ္တဝါတွေ ပါ..။ သူတို့က အသက်ရှင်သန်ဖို့အတွက် ဘယ်အရာကိုမဆို ပြင်းပြင်းထန်ထန် ဖက်တွယ်ထားလေ့ရှိတာကြောင့် သူတို့ကို မျိုးတုံးအောင် လုပ်ဖို့ဆိုတာက မကြာခနဆိုသလို အချည်းနှီး ကြိုးပမ်းမှုတစ်ခု ဖြစ်သွားတတ်ပါတယ်..။

ဒါပေမဲ့ အမြဲတမ်းတော့ မဟုတ်ခဲ့ပေ..။

ဆန်နီ က ပရော်ဖက်ဆာ ကို ညို့မှိုင်းစွာ ကြည့်လိုက်တယ်..။

“အိပ်မက်ကမ္ဘာ မှာ အရင်က နေထိုင်ခဲ့တဲ့ လူသားတွေကလည်း ကြံ့ခိုင်မှု ရှိခဲ့ကြတာပဲ..။ အခု သူတို့ ဘယ်မှာလဲ..”

လူအိုကြီးမှာ အဖြေရှိပုံရတာကြောင့် သူက စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းသာ ချလိုက်မိတယ်..။

ခနအကြာမှာတော့ သူက မေးလာခဲ့ပါတယ်..။

“ဒီတော့.. မင်း ငါ့ရဲ့ တောင်းဆိုမှုကို လိုက်လျောပေးမှာလား.. မလိုက်လျောဘူးလား..”

ဆန်နီ က ခနလောက် တိတ်ဆိတ်သွားခဲ့တယ်..။ ယင်းနောက် သူက နှာခေါင်းရှုံ့လိုက်ပြီး..

“ကျွန်တော်က ဘာလို့ ဘယ်သူ့ကို အသက်ရှင်အောင် ထားရမလဲဆိုတာကို ရွေးချယ်နေရမှာလဲ..။ ကျွန်တော် လူတိုင်းကို ကယ်တင်နိုင်အောင်ပဲ လုပ်ဆောင်မှာ ပါ..။ပရော်ဖက်ဆာ နဲ့ ဘတ် အကြားမှာ ရွေးချယ်စရာ မလိုပါဘူး..။ ကျွန်တော်က ဘာလို့ ရွေးချယ်ရမှာလဲ..”

ပရော်ဖက်ဆာ အိုဘယ် က သူ့ကို အနည်းငယ် သုန်မုန်တဲ့ အမူအရာနဲ့ စိုက်ကြည့်လိုက်တယ်..။

“အဲဒါက အကျိုးအကြောင်း ဆီလျော်မူမရှိတဲ့ ရည်မှန်းချက်တစ်ခု ဖြစ်နေနိုင်တယ်လေ လူငယ်လေး..”

ဆန်နီ ဂရုမစိုက်တဲ့ အမူအရာနဲ့ ပုခုံးတွန့်လိုက်တယ်။

“ဒီတစ်ကြိမ် စစ်ဆင်ရေးတစ်ခုလုံးကလည်း အကျိုးအကြောင်းမရှိတဲ့ ရည်မှန်းချက်တစ်ခုပဲလေ..။ ကျွန်တော်တို့က ဒီအတိုင်း အရှုံးပေးလိုက်ရမှာလား..”

လူအိုကြီးက သူ့ကို ခနလောက် သေချာ စူးစမ်းကြည့်ရှုလိုက်ပြီးနောက် ရုတ်တရက် ပြုံးပြလိုက်ပါတယ်..။ သူ့ရဲ့ အပြုံးက တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ပုံမှန်ထက် ပိုပြီးတော့ တောက်ပနေခဲ့ပုံရတယ်..။

“အမှန်ပဲ.. အဲဒါကလည်း ဟုတ်တာပဲ...”

အဲ့အချိန်မှာပဲ ဆန်နီ က ဆေးခန်းထဲမှာ အိပ်ပျော်နေတဲ့ လူသုံးယောက်ကို တစ်ချက် ကြည့်လိုက်ပြီး မျက်မှောင်ကျုတ်လိုက်မိတယ်..။ သူ့ရဲ့ မျက်လုံးတွေက ပိုပြီးတော့ နက်မှောင်လာခဲ့ပါတယ်..။

သူက ဆက်သွယ်ရေးစက်ကို ပိတ်လိုက်ပြီး

ပရော်ဖက်ဆာ အိုဘယ် ကို ကြည့်ကာ တည်ငြိမ်တဲ့ လေသံနဲ့ ပြောလိုက်တယ်..။

“ပရော်ဖက်ဆာ.. ပြန်ရမယ့် အချိန် ရောက်ပြီထင်တယ်..။ ကျွန်တော့်မှာ.. လုပ်စရာတစ်ချို့ ရှိနေလို့ပါ..။ အစားအစာအတွက် ကျေးဇူးတင်ပါတယ်..”

လူအိုကြီးက ခနလောက် တုံ့ဆိုင်းနေခဲ့ပေမဲ့.. ယင်းနောက်မှာတော့ ခေါင်းညိတ်ပြီး မတ်တပ်ရပ်လိုက်တယ်..။ သူ့အနောက်က တံခါး ပိတ်သွားတာနဲ့ တစ်ပြိုင်နက် ဆန်နီ ဟာ လအမြုတေ ကို ဆင့်ခေါ်လိုက်ပြီး အိပ်စက်သူ တွေဆီကို လျှောက်လှမ်းသွားခဲ့ပါတယ်..။

သူတို့ထဲက နှစ်ယောက်က နိုးထတော့မယ့်ပုံပါပဲ..။ သို့ပေမဲ့ လူသားတွေအနေနဲ့ နိုးထလာမှာလား.. ဒါမှမဟုတ် အိပ်မက်ဆိုး သားရဲတွေအနေနဲ့ နိုးလာမှာလား ဆိုတာကိုတော့…

ဒါတော့ ဆန်နီလည်း မသိပါဘူး..။

အပိုင်း ( ၉၁၁ ) ပြီး၏။

အပိုင်း ( ၉၁၂ ) လူသားတစ်ဦး၏ ဝိဥာဉ်

ပထမဆုံး ကူးစက်ခံရသူက ကပ္ပတိန် ဂျာရီရဲ့ တပ်ဖွဲ့ထဲက လူငယ်စစ်သားတစ်ယောက် ဖြစ်ပါတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ ဒုက္ခသည်တွေ ဖြစ်ကြပြီး.. အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ယောက်နဲ့ ဆန်းလပ်စ်ရဲ့ အဖွားအရွယ်လောက် ရှိမယ့် အမျိုးသမီးတစ်ယောက် ဖြစ်နေခဲ့တယ်။

သူတို့ သုံးယောက်စလုံးက သာမန် အိပ်စက်သူ ဖြစ်လာမယ့် အသက်အရွယ်ထက် ကျော်လွန်နေကြပြီ ဖြစ်ပေမဲ့.. အနည်းဆုံးတော့ စစ်သားက ငယ်ရွယ်ပြီး သန်မာနေခဲ့ပါတယ်။ ဆန်နီ

သိသလောက်ဆိုရင်တော့ သူက အသက်ရှင်သန်နိုင်ခြေ အများဆုံးပါပဲ။အမှန်တော့ ပထမဆုံး အိပ်မက်ဆိုးကို လူတွေ ဘယ်လိုကြောင့်၊ ဘာဖြစ်လို့ ဖြတ်ကျော်ရှင်သန်နိုင်လဲဆိုတာကို ဘယ်သူမှ သေသေချာချာ မသိရှိကြပေ။ ပထမမျိုးဆက် ဖျက်ဆီးခံရပြီးတဲ့နောက်မှာ.. အိပ်မက်ဆိုး အခိုက်အတန့်က ဘာဖြစ်လို့ အသက် ဆယ့်ခြောက်နှစ်ကနေ ဆယ့်ရှစ်နှစ်အရွယ် လူငယ်တွေကိုပဲ ရွေးချယ်တော့လဲဆိုတာက လျှို့ဝှက်ချက်တစ်ခု ဖြစ်နေခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီတုန်းကလည်း ငယ်ရွယ်တဲ့သူတွေက ပိုပြီး အသက်ရှင်သန်နိုင်ခြေ များခဲ့ကြ တာပါပဲ။ လူသားတွေအနေနဲ့ ဒီအကြောင်းရင်းကို မသိနိုင်ပေမဲ့ စာရင်းအင်း အချက်အလက်တွေ စုဆောင်းတဲ့နေရာမှာတော့ တကယ်ကို ကျွမ်းကျင်ကြပါတယ်။

ဒါက ဝိဥာဉ်နဲ့ သက်ဆိုင်နေတာလည်း ဖြစ်နိုင်ပါတယ်။ အချို့လူတွေက လူတစ်ယောက်ရဲ့ နေထိုင်မှုပုံစံက အသားကျသွားပြီးတဲ့နောက် ဝိဥာဉ်ထဲမှာ တည်ငြိမ်တဲ့ အမြုတေတစ်ခု ဖြစ်တည်ဖို့ ခက်ခဲသွားတတ်တယ်လို့ ယုံကြည်ထားကြတယ်။ ဒါကြောင့် အသက်ကြီးတဲ့သူ တစ်ယောက်က သူ့ရဲ့ အိပ်မက်ဆိုးကနေ လွတ်မြောက်လာနိုင်ရင်တောင်.. အမြုတေတစ်ခု ဖန်တီးဖို့ ကြိုးစားရင်း ဝိဥာဉ် ပြိုလဲပြီး သေဆုံးသွားနိုင်တဲ့ အခြေအနေမျိုး ရှိနိုင်ပါတယ်။

'ဒါက မတရားသလိုပဲ..'

ဒါပေမဲ့ မတရားဘူးဆိုတာကလည်း နောက်ဆုံးတော့ လူသားတွေရဲ့ အတွေးအမြင်သက်သက် ပါပဲ။ အိပ်မက်ဆိုး အခိုက်အတန့်မှာ သူ့ရဲ့ ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိနေတာကြောင့်.. လူသားတွေ မျှတတယ်လို့ ယူဆတဲ့ အရာတွေနဲ့ အမြဲတမ်း ထပ်တူမကျတတ်ပါဘူး။

လောလောဆယ်မှာတော့ စစ်သားနဲ့ ဒုက္ခသည်အမျိုးသားတို့က နိုးထခါနီး အခြေအနေလိုမျိုးလှုပ်ရှားလာခဲ့ကြတယ်။ ဆန်နီ ဟာ

လအမြုတေကို လက်ထဲမှာ ကိုင်ထားရင်း သူတို့ရဲ့ အပေါ်ကနေ စောင့်ကြည့်နေခဲ့ပါတယ်။

သူက ထူးဆန်းစွာပဲ စိတ်ဝင်တစား ရှိနေခဲ့တယ်။

သူ့ရဲ့ မျက်လုံးထဲမှာတော့ အိပ်စက်သူတွေရဲ့

ဝိဥာဉ်တွေဆီမှာ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေကို အသေးစိတ် မြင်တွေ့နေရတာ ပါ။ သူတို့ရဲ့ ခန္ဓာကိုယ်ထဲက အားနည်းပြီး မှေးမှိန်နေတဲ့ ရွှေရောင်အလင်းတန်းတွေက ပိုမိုပြင်းထန်လာတဲ့ ရုန်းကန်မှုတွေနဲ့အတူ လည်ပတ်လှုပ်ရှားနေခဲ့ကြတယ်။

ဆန်နီ ကိုယ်တိုင်လည်း ဒီဖြစ်စဉ်ကို အကြိမ်များစွာ ဖြတ်သန်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ တခြားတစ်ယောက်ယောက်ဆီမှာ ဖြစ်ပျက်နေတာကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။

အခုအချိန်မှာတော့ ဒီလူသားနှစ်ယောက်ရဲ့ ဝိဥာဉ်တွေက အားနည်းပြီး.. ဒြပ်မဲ့နေခဲ့ကြတယ်။ သူတို့က တကယ့်အရာဝတ္ထုတစ်ခုထက် စိတ်ကူးယဥ်မူ တစ်ခုနဲ့ ပိုတူနေခဲ့ပါတယ်။ သူတို့က အသက်ရှင်နေပြီး အရိပ်တွေ ရှိနေကြပေမဲ့ ဒါအကုန်ပါပဲ။ ဒါပေမဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဖြစ်စဉ်တစ်ခုကနေတစ်ဆင့် သာမန်ဝိဥာဉ် အခြေအနေက လှုံ့ဆော်ခံရပြီး.. ပိုမိုခိုင်မာတဲ့ ပုံသဏ္ဌာန်တစ်ခုကို ဖြည်းဖြည်းချင်း ဖန်တီးနေခဲ့ပါတယ်။

ဝိဥာဉ်အမြုတေဆိုတာက ဝိဥာဉ် တစ်ခု မဟုတ်ပါဘူး။ အဲဒါက ဝိဥာဉ်ရဲ့ အလယ်ဗဟိုနဲ့ ဆုံမှတ်အဖြစ် လုပ်ဆောင်ပေးရင်း ဝိဥာဉ်ထဲမှာ တည်ရှိနေတာ ပါ။ အနည်းဆုံးတော့ ဆန်နီ ဒီလိုပဲ ခံစားမိပါတယ်။ အမြုတေတစ်ခုကို ပိုင်ဆိုင်လိုက်တာက ဝိဥာဉ်အတွက် အကျိုးကျေးဇူးတွေ အများကြီး ပေးစွမ်းနိုင်ပေမဲ့.. တစ်ဖက်မှာလည်း ဝိဥာဉ်အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ ဝိဥာဉ်တိုင်းက အမြုတေတစ်ခုကို ထိန်းထားနိုင်လောက်အောင် အားကောင်းပြီး ကျယ်ပြောလှတာ မဟုတ်သလို.. အမြုတေ အများကြီးဆိုရင်တော့ ပိုတောင် ဆိုးပါသေးတယ်။

သူ အဆင့် တစ်ခါတက်တိုင်း ခံစားရတဲ့ ကြောက်စရာကောင်းတဲ့ နာကျင်မှုတွေက အဲဒါရဲ့ သက်သေပါပဲ။

ဘာပဲဖြစ်ဖြစ်.. စစ်သားရော အရပ်သားရောက လောလောဆယ် ဒီအလုပ်အတွက် ခံနိုင်ရည်ရှိနေကြပုံရပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ပြည့်နှက်နေတဲ့ မှေးမှိန်တဲ့ ရွှေရောင်အလင်းတန်းက အနည်းငယ် ပိုမိုတောက်ပလာပြီး.. အဲဒီထဲမှာ ပိုမိုပြင်းထန်တဲ့ လင်းလက်မှုတွေ ပေါ်ထွက်လာခဲ့တယ်။ ဒီလင်းလက်မှုတွေက သူတို့ရဲ့ ရင်ဘတ်ဆီကို စီးဆင်းသွားပြီး လည်ပတ်ရင်း တောက်ပတဲ့ အလင်းလုံးတွေအဖြစ် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားခဲ့ပါတယ်။ဒီဖြစ်စဉ်တစ်ခုလုံးက အံ့ဖွယ်တစ်ခုလို ဖြစ်နေခဲ့တာပါ။

အလင်းလုံးနှစ်ခုက ပိုမိုပြည့်စုံပြီး ထင်ရှားလာတာနဲ့အမျှ.. ရိုးရှင်းတဲ့ ဝိဥာဉ်အမြုတေနှစ်ခုရဲ့ ပုံသဏ္ဌာန်က အလင်းတန်းထဲကနေ စတင်ထွက်ပေါ်လာခဲ့ပါတယ်။

သို့ပေမယ့် အဲဲဒီနောက်မှာပဲ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့တယ်။

စစ်သားလူငယ်ရဲ့ စတင်ဖြစ်တည်ခါစ ဝိဥာဉ်အမြုတေက နတ်ဘုရားဆန်တဲ့ မီးတောက်တွေနဲ့အတူ ပေါက်ကွဲထွက်လာပြီး.. အဲဒီမီးတောက်က သူ့ရဲ့ ခန္ဓာကိုယ်အနှံ့ကို တောက်ပတဲ့ လှိုင်းလုံးတစ်ခုလို ဖြတ်သန်းသွားကာ ခန္ဓာကိုယ်ကို ပြန်လည်လန်းဆန်းသွားစေခဲ့ပါတယ်။

ဒါပေမဲ့ အရပ်သားကတော့…

ဆန်နီ သုန်မုန်တဲ့ အမူအရာနဲ့ စောင့်ကြည့်နေစဉ်မှာပဲ.. ဖြစ်တည်ခါစ အမြုတေရဲ့ အလယ်ဗဟိုမှာ အမှောင်ထုရဲ့ မျိုးစေ့တစ်ခု ပေါ်လာခဲ့တယ်။ အဲဒါက ကင်ဆာကျိတ်တစ်ခုလို လျင်မြန်စွာပဲ ပြန့်နှံ့သွားခဲ့ပါတယ်။ ရွံရှာဖွယ်ကောင်းတဲ့ အနက်ရောင် သွေးကြောတွေက သေဆုံးလုနီးပါး ဖြစ်နေတဲ့ အလင်းတန်းထဲကို ပြန့်နှံ့သွားပြီး အလင်းတွေကို ဝါးမြိုပစ်လိုက်တယ်။

အလင်းတန်းတွေ ဝါးမြိုခံရလေလေ.. အမှောင်ထုက ပိုပြီး မြန်မြန် ပြန့်နှံ့လေလေပါပဲ။

'…ပျက်ပြားခြင်း'

ဆန်းလပ်စ်က သူမြင်နေရတဲ့အရာဟာ ပျက်ပြားခြင်း ဖြစ်တယ်ဆိုတာကို လုံးဝ သေချာသလောက် ရှိနေခဲ့တယ်။ သက်ရှိသတ္တဝါတစ်ဦးက ပျက်ပြားခြင်းဆီကို အရှုံးပေးလိုက်ရတာ ပါ။ ပျက်ပြားခြင်းက အိပ်မက်ဆိုး အခိုက်အတန့် မတိုင်မီကတည်းက ကြာမြင့်စွာ တည်ရှိခဲ့တာ ဖြစ်ပြီး..သူကတော့ ဒီအရာရဲ့ မြစ်ဖျားခံရာနဲ့ ရည်ရွယ်ချက်ကို မသိပေမဲ့ အဲဒါက ရန်သူ ဖြစ်တယ်ဆိုတာကိုတော့ သိထားပါတယ်။

ရန်သူ ဖြစ်နိုင်တာပဲ။

ဆန်နီ ကိုယ်တိုင်လည်း အနက်ရောင် တာဝါရဲ့ ဒုတိယအလွှာမှာ ပျက်ပြားလုနီးပါး ဖြစ်ခဲ့ဖူးတယ်လို့ သံသယရှိခဲ့ပါတယ်။ ဝီဗာရဲ့ လက်မောင်းကို ကိုက်ဖြတ်ပြီး ..ပါးနပ်တဲ့

ဒဲလ်မွန်ကို လက်မောင်း ဖြတ်ပစ်ဖို့အထိ ဖိအားပေးခဲ့တဲ့ ကြောက်စရာကောင်းတဲ့ ပုပ်သိုးမှုကလည်း.. အတူတူပဲ မဟုတ်ဘူးလား..။ ပိုမိုသန့်စင်ပြီး ကြောက်စရာကောင်းတဲ့ ပုံစံတစ်ခု ဖြစ်နေရုံသက်သက် ပါပဲ။

ဆန်းနီ စောင့်ကြည့်နေစဉ်မှာပဲ.. ရွံရှာဖွယ်ကောင်းတဲ့ ပျက်ပြားခြင်းရဲ့ အသားမျှင်တွေက အဲဒီလူရဲ့ ခန္ဓာကိုယ်ထဲကို ပြန့်နှံ့သွားပြီး ခန္ဓာကိုယ်နဲ့ တစ်သားတည်း ဖြစ်သွားခဲ့တယ်။

ယင်းနောက် ခန္ဓာကိုယ်က စတင် ပြောင်းလဲလာခဲ့ပါတယ်။

အရေပြားက မည်းမှောင်သွားပြီး သွားတွေက ရုတ်တရက် ရှည်ထွက်လာကာ နှုတ်ခမ်းတွေကို ထိုးဖောက်သွားခဲ့တယ်။ အရိုးတွေကလည်း ကျိုးကြေသွားပြီး ပုံသဏ္ဌာန် ပြန်ပြောင်းနေခဲ့ပါတယ်။

ဒါပေမဲ့ တခြားအရာတွေ မဖြစ်ပွားခင်မှာပဲ.. လအမြုတေရဲ့ ကျဉ်းမြောင်းတဲ့ ဓားသွားက အဲဒီလူရဲ့ ရင်ဘတ်ကို ထိုးဖောက်သွားပြီး နှလုံးဆီကို တိုက်ရိုက် ရောက်ရှိသွားခဲ့တယ်။ ပျက်ပြားခြင်းရဲ့ ဝါးမြိုခြင်းကို ခံထားရတဲ့ ဖြစ်တည်ခါစ

ဝိဥာဉ်အမြုတေက ဆုတ်ဖြဲခံလိုက်ရပါပြီ။ဒီလူရဲ့ အကျည်းတန်တဲ့ ခန္ဓာကိုယ်က တုန်တက်သွားပြီး ငြိမ်သက်သွားခဲ့ကာ.. အက်ကွဲတဲ့ ညည်းတွားသံတစ်ခုနဲ့အတူပဲ နောက်ဆုံးထွက်သက် ထွက်ပေါ်လာခဲ့တယ်။

ဆန်နီ သက်ပြင်းချလိုက်ပြီး သေဆုံးသွားတဲ့လူကို စိတ်မကောင်းစွာ ကြည့်လိုက်မိပါတယ်။

ခနအကြာမှာတော့ သူက တိုးတိုးလေး ရေရွတ်လိုက်တယ်..။

“အခုတော့ အေးအေးဆေးဆေး အနားယူပါ..။ မင်းရဲ့ အိပ်မက်ဆိုးက ပြီးဆုံးသွားပြီ…”

'ငါ့ရဲ့ ဝိဥာဥ်ပင်လယ် ထဲမှာပဲ ငြိမ်းချမ်းမှုကို ရှာဖွေလိုက်ပါ'

ဆန်နီ စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းနေပြီးမှ တခြားတစ်ယောက်ကို လှမ်းကြည့်လိုက်တယ်။ စစ်သားလူငယ်အတွက်တော့ အရာအားလုံးက အဆင်ပြေပြေ ဖြစ်ပျက်နေပုံရပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အားနည်းတဲ့ အဆီအနှစ်တွေ စီးဆင်းနေတာကြောင့် သူ့ရဲ့ ဝိဥာဉ်အမြုတေက ပြီးပြည့်စုံလုနီးပါး ဖြစ်နေခဲ့ပါပြီ။ ခန္ဓာကိုယ်ကိုယ်ကလည်း..အမြုတေကြောင့် ပြန်လည် တည်ဆောက်ခံရပြီး.. ပိုမို ကျန်းမာ သန်စွမ်းလာကာ ပြီးပြည့်စုံခြင်းဆီကို ခြေတစ်လှမ်း ပိုတိုးသွားခဲ့ပါတယ်။

မကြာခင်မှာပဲ ယာဉ်တန်းက နောက်ထပ် အိပ်စက်သူတစ်ယောက်ကို ကြိုဆိုခွင့်ရတော့မှာ ပါ။

ဆန်းနီ ခနလောက် မလှုပ်မယှက် ရှိနေပြီးနောက် သူ့ရဲ့ ထိုင်ခုံကို အနားဆွဲထိုင်လိုက်ကာ

လအမြုတေကို ပြန်သိမ်းလိုက်တယ်။ အရိပ်လက်ချောင်း အချို့က မြေပြင်ကနေ ထွက်ပေါ်လာပြီး ကံဆိုးမိုးမှောင်ကျခဲ့တဲ့ ဒုက္ခသည်ရဲ့ အလောင်းကို ဆွဲယူသွားခဲ့ကြပါတယ်။

ပြန်စဉ်းစားကြည့်ရင်တော့.. အရိပ်တွေက ဒီလိုအလုပ်မျိုးတွေအတွက် သိပ်ပြီးတော့ အသုံးမဝင်လှပါဘူး။ ရိုးရှင်းတဲ့ လက်ချောင်းတစ်ခုကိုဖန်တီးရတာက အလွယ်ကူဆုံး ဖြစ်ပြီး ထိန်းသိမ်းဖို့အတွက် အဆီအနှစ် အနည်းငယ်ပဲ လိုအပ်ပေမဲ့.. လုပ်ဆောင်ချက်နဲ့ အသုံးချမှုပိုင်းမှာတော့ အားနည်းချက်တွေ ရှိနေခဲ့တယ်။ ဖြစ်နိုင်ရင် သူက ပိုကောင်းတဲ့ ပုံသဏ္ဌာန်တစ်ခုကို စဉ်းစားကြည့်သင့်ပါတယ်။

ဘာပဲဖြစ်ဖြစ်.. လောလောဆယ်မှာတော့ ဆန်နီ လုပ်နိုင်တာက စောင့်ဆိုင်းဖို့ပါပဲ။

ရုတ်တရက် သူ တကယ်ကို ပင်ပန်းနွမ်းနယ်နေသလို ခံစားလိုက်ရတယ်။

အဲ့အချိန်မှာပဲ အနီးနားက တောင်ထိပ်ဆီကို သွားခဲ့တဲ့ ပထမဆုံးအရိပ်က ပြန်ရောက်လာခဲ့ပြီ ဖြစ်တာကြောင့်.. သူ မျက်လုံးတွေကို မှိတ်လိုက်ပြီး အရိပ်ကနေတစ်ဆင့် ဆေးခန်းထဲကို စောင့်ကြည့်နေခဲ့တယ်။

တစ်မိနစ် ကုန်လွန်သွားခဲ့ပြီး.. နောက်ထပ် တစ်မိနစ် ကုန်လွန်သွားပြန်ပါတယ်။ ယင်းနောက် နောက်ထပ် မိနစ်အနည်းငယ် ကုန်လွန်သွားခဲ့တယ်။ အရာအားလုံးက တိတ်ဆိတ်နေဆဲပါပဲ။

…အချိန်အတော်ကြာပြီးနောက်မှာတော့ စစ်သားက ဖြည်းဖြည်းချင်း မျက်လုံး ဖွင့်လာခဲ့တယ်။ သူ့ရဲ့ မျက်လုံးထဲမှာ သတိစိတ်တွေ ပြန်လည် ရောက်ရှိလာပြီး..ဝေခွဲမရတဲ့ အမူအရာနဲ့ ပတ်ဝန်းကျင်ကို ကြည့်လာခဲ့ပါတယ်။

မှိန်ပျပျ အလင်းရောင်ရှိတဲ့ အခန်း.. သံချေးတက်နေတဲ့ သံမဏိနံရံတွေ.. ယာယီ ခုတင်သုံးလုံးထဲက သွေးတွေ စိုရွှဲနေတဲ့ ခုတင်တစ်လုံး.. ပြီးတော့ ပလ္လင်တစ်ခုလို ဖြစ်နေတဲ့ ဇိမ်ခံ သစ်သားကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ ဖြူဖျော့ဖျော့ လူငယ်တစ်ယောက်။

ဒီလူငယ်က လူသားတစ်ယောက်နဲ့တော့ တူနေခဲ့ပါတယ်..။ သူက လူသားရော ဟုတ်ရဲ့လား..။

သူ့ရဲ့ မျက်လုံးတွေက မှိတ်ထားခဲ့တယ်။ သူက အသက်ရှင်နေတာလား.. ဒါမှမဟုတ် အလောင်းတစ်ခုလား..။

…သူက အသက်ရှင်နေတဲ့ အလောင်းတစ်ခုများလား..။

အဲ့အချိန်မှာပဲ ဆန်နီက လှမ်းပြောလိုက်တယ်..။

“မင်းက ဘာကို ကြည့်နေတာလဲ..”

စစ်သားက တုန်လှုပ်သွားခဲ့တယ်။ ယင်းနောက် သူက တုန်တုန်ရီရီ နဲ့ မိုက်မဲတဲ့ မေးခွန်းတစ်ခုကို မေးလာခဲ့ပါတယ်..။

“..ကျွန်တော် သေသွားပြီလား..”

ဆန်နီ မျက်မှောင်ကျုတ်လိုက်မိတယ်။

ကောင်းပြီလေ.. ဒီငနဲ ဝေခွဲမရ ဖြစ်နေတာကလည်း အံ့ဩစရာတော့ မဟုတ်ပါဘူး။ သူက ပထမ အိပ်မက်ဆိုးထဲမှာ ရက်အတော်ကြာ ပျောက်ဆုံးနေခဲ့တာပါ။ဒီသနားစရာ အရူးသိထားတာ ဆိုလို့.. ယာဉ်တန်းက အာရီယက်ဒ်နီ နဲ့ ဆုံတွေ့ဖို့အတွက် LO49 ဆီကို မောင်းနှင်နေခဲ့တာပါပဲ။ သူက အထူးတပ်ဖွဲ့တွေနဲ့ ဆုံတွေ့ခဲ့တာ.. ဆန်နီ က အမိန့်ပေးပိုင်ခွင့်ကို ရယူခဲ့တာနဲ့ ဘန်ကာဆီကို တိုတောင်းတဲ့ ခရီးစဉ်အတိုင်း လာခဲ့တာတွေကို အိပ်ပျော်ရင်းနဲ့ ကျော်ဖြတ်ခဲ့ရတာပါ..။

သူ့အတွက်တော့ အရာအားလုံးက ထူးဆန်းပြီး ကြောက်စရာကောင်းနေမှာ သေချာပါတယ်။

ဆန်နီ သက်ပြင်းတစ်ချက်ချလိုက်ရင်း မျက်လုံးတွေကို ဖွင့်ကာ ရှေ့ကို ကိုင်းလိုက်ပြီး.. စစ်သားရဲ့ ပါးကို လှမ်းရိုက်လိုက်တယ်။ဒါ သိပ်ပြီးတော့ မပြင်းထန် ပေမဲ့ နာကျင်မှုကို ခံစားမိရုံလောက်တော့ ရှိပါတယ်။

စစ်သားလူငယ်က အော်ဟစ်ပြီး သူ့ရဲ့ ပါးကို လက်နဲ့ အုပ်လိုက်စဉ်မှာပဲ.. ဆန်နီ ခေါင်းခါယမ်းလိုက်တယ်။

“မင်း သေပြီဆိုရင် ဒီလိုမျိုး နာကျင်နေပါဦး

မလား..။ မင်းက သေလောက်အောင်အထိ ကံမကောင်းသေးပါဘူး အရူးရဲ့..။ နိုးထခြင်းကမ္ဘာကနေ ပြန်လည်ကြိုဆိုပါတယ်.. အိပ်စက်သူ.. အာ.. မင်း နာမည်က ဘယ်သူ....”

အပိုင်း ( ၉၁၂ ) ပြီး၏။

All Chapters