← Chapters

အခန်း ၇၉၆

Vol. 75 Ch. 796

အခန်း ၇၉၆

Vol. 75 Ch. 796

အခန်း (၇၉၆) - နတ်ဘုရားအသွင်ပြောင်း ပြီးပြည့်စုံခြင်းအဆင့်၊ အာဏာရှင်မမကြီး ဟွားစစ်ချင်၊ စားပြီးနားမလည် မလုပ်ရ(၁)။

ထို့ကြောင့်ပင် ကန္တာရသားရဲများသည် ဝိညာဉ်ကမ္ဘာ၏ အမှန်တကယ် အစွမ်းထက်သော မျိုးနွယ်စုများ ဘယ်သောအခါမျှ ဖြစ်မလာနိုင်ခြင်း ဖြစ်ပေသည်။ ၎င်းတို့အားလုံးသည် ရိုင်းစိုင်းသော သားရဲများသာ ဖြစ်ကြ၏။

မရေမတွက်နိုင်သော မျိုးနွယ်စု သက်ရှိများ၏ အမဲလိုက်သတ်ဖြတ်ခြင်းကို ခံရကာ အခြားသူများ၏ အစားအစာများ ဖြစ်လာကြလေသည်။

သို့သော်ငြား ၎င်းတို့သည် အံ့မခန်းစွမ်းအားများကို ပိုင်ဆိုင်ထားကြပြီး အရေအတွက် အလွန်များပြားသည့်အပြင်၊ မျိုးပွားနိုင်စွမ်းမှာလည်း စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားလှသောကြောင့် အခြားသော အသိဉာဏ်ရှိသည့် မျိုးနွယ်စုများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိကြသည်။

အချို့သော အလွန်အစွမ်းထက်သည့် ကန္တာရသားရဲမျိုးနွယ်စုများသည် အစစ်အမှန် ဝိညာဉ်မျိုးနွယ်စုများထက် အနည်းငယ်မျှပင် နိမ့်ကျခြင်း မရှိချေ။ ထို့ကြောင့် ၎င်းတို့သည် ဝိညာဉ်ကမ္ဘာတွင် နေရာတစ်နေရာကို ရယူထားနိုင်ပြီး ဒေသအများစုကိုပင် သိမ်းပိုက်ထားနိုင်ကြခြင်း ဖြစ်လေသည်။

တစ်နည်းအားဖြင့်ဆိုရလျှင် ကန္တာရသားရဲများသည် ဝိညာဉ်ကမ္ဘာ၏ အစစ်အမှန် အရှင်သခင်များပင် ဖြစ်ချေသည်။ သို့သော် များပြားလှသော ကန္တာရသားရဲများထဲတွင် သန္ဓေပြောင်းကန္တာရသားရဲ အချို့လည်း ရှိနေတတ်၏။

ဤကဲ့သို့သော သန္ဓေပြောင်းကန္တာရသားရဲများ၏ ဝိညာဉ်သည် ရိုင်းစိုင်းကြမ်းတမ်းပြီး ကစဉ့်ကလျားဖြစ်မနေဘဲ အလွန်အမင်း တည်ငြိမ်နေတတ်သည်။ ထိုကဲ့သို့သော ထူးခြားသည့် သားရဲများသည် အသိဉာဏ်ရှိလာကြပြီး အံ့မခန်း ဉာဏ်ရည်ဉာဏ်သွေးများကိုပါ ပိုင်ဆိုင်လာကြလေသည်။

ဤသို့ အသိဉာဏ်ရှိသော ကန္တာရသားရဲများသည် သဘာဝကျကျပင် ကန္တာရသားရဲမျိုးနွယ်စုများ၏ ဘုရင်ဖြစ်လာကြပြီး ကြီးမားလှသော မျိုးနွယ်စုများကို အုပ်စိုးကြ၏။

ကန္တာရသားရဲမျိုးနွယ်စုများသည် ယနေ့အချိန်အထိ ဤကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိနေရခြင်းမှာ ဤသားရဲဘုရင်များနှင့် ကြီးမားလှသော ဆက်စပ်မှု ရှိနေကြောင်း ဆိုနိုင်ပေသည်။ ၎င်းတို့သည် မျိုးနွယ်စုများကို အုပ်စိုးကာ နယ်မြေများစွာကို သိမ်းပိုက်ထားကြလေသည်။

"ယောကျ်ား... တကယ်ကြီးလား။ ရှင်က ကန္တာရသားရဲတွေနဲ့ တကယ်ပဲ ပဋိညာဉ်ချုပ်ဆိုဖို့ အောင်မြင်သွားတာလား...”

ပိုင်စုကျဲ့မှာ ဆွံ့အသွားလေသည်။ သူမသည် အံ့ဩတုန်လှုပ်မှုများစွာကို ခံစားခဲ့ရဖူးသဖြင့် ယခုအခါတွင်မူ အနည်းငယ် ရိုးအီနေသကဲ့သို့ပင် ဖြစ်နေချေပြီ။

အဘယ်သို့ ပြောရမည်ကိုပင် လုံးဝ မသိတော့ပေ။ မိမိ၏ ခင်ပွန်းသည်မှာ အလွန်အမင်း ထူးကဲလွန်းပြီး သာမန်ထက် လွန်ကဲသော စွမ်းအားများကို ပိုင်ဆိုင်ထားကြောင်းသာ ဆိုနိုင်တော့သည်။

အမှန်အတိုင်းဆိုရလျှင် ယခုအချိန်တွင် တစ်စုံတစ်ယောက်က မိမိ၏ခင်ပွန်းအား ဝင်စားသော အင်မော်တယ်တစ်ပါးဖြစ်ကြောင်း ပြောလာလျှင်ပင် သူမသည် တုံ့ဆိုင်းခြင်းမရှိဘဲ ယုံကြည်လိုက်မည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ပထမမျိုးဆက် လူသားဧကရာဇ်သည်လည်း ဝင်စားသော အင်မော်တယ်တစ်ပါး ဖြစ်သောကြောင့် ဤသည်မှာ ထူးဆန်းသည့်ကိစ္စရပ်မျိုး မဟုတ်တော့ချေ။

"မှန်တယ်။ တကယ်ပဲ ပဋိညာဉ်ချုပ်ဆိုတာ အောင်မြင်သွားခဲ့ပြီ...”

ကျိုးစွေ့က ခေါင်းညိတ်ပြလိုက်သည်။ သူက လက်ကိုဝှေ့ယမ်းကာ ကြက်သွေးမီးလျှံနဂါးမြင်းကို မတ်တပ်ရပ်စေလိုက်ပြီး တစ်ချိန်တည်းမှာပင် ၎င်း၏ဒဏ်ရာများကို လျင်မြန်စွာ ပျောက်ကင်းစေရန် အနာကျက်ဆေးလုံးတစ်လုံးကို တိုက်ကျွေးလိုက်၏။

မည်သို့ပင်ဆိုစေကာမူ တစ်ဖက်သူမှာ မိမိ၏ အိမ်မွေးသားရဲဖြစ်နေသောကြောင့် ၎င်းကို လျင်မြန်စွာ ကုသပေးရန် လိုအပ်ပေသည်။ ကန္တာရသားရဲများ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ဤကဲ့သို့သော ဒဏ်ရာမျိုးသည် အသက်အန္တရာယ် မရှိနိုင်ဘဲ ရက်အနည်းငယ်အတွင်း အပြည့်အဝ ပျောက်ကင်းသွားနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းရလေသည်။

"ဒါကို ဘယ်လိုလုပ်လိုက်တာလဲ...”

ပိုင်စုကျဲ့မှာ ဇဝေဇဝါဖြစ်သွားရလေသည်။ ယခင်က ဝိညာဉ်ကမ္ဘာတွင် ဤကဲ့သို့ လုပ်ဆောင်နိုင်စွမ်းရှိသော မျိုးနွယ်စုများ ရှိကြောင်း သူမ ပြောခဲ့ဖူးသော်လည်း ၎င်းမှာ ကြားဖူးရုံသာဖြစ်ပြီး မည်သူကမျှ လုပ်ဆောင်နေသည်ကို ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ခဲ့ရဖူးချေ။

သို့သော် ယခု မိမိ၏ခင်ပွန်းသည် ဤအချက်ကို လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ အလွန်အမင်း အံ့ဩစရာကောင်းလှသည်။ ကိုယ်တိုင်ကိုယ်ကျ မျက်မြင်မတွေ့ရပါက မည်သူက ဤကဲ့သို့သော ကိစ္စမျိုးကို လုပ်ဆောင်နိုင်မည်ကို ယုံကြည်နိုင်ပါမည်နည်း။

"ဒါက... ကိုယ့်ဆီမှာ ဝိညာဉ်မန္တန်ပညာရပ်တစ်ခု ရှိနေလို့ပါ။ အဲဒါက ကန္တာရသားရဲတွေနဲ့ ပဋိညာဉ်ချုပ်ဆိုလို့ ရတယ်...”

ကျိုးစွေ့က ရိုးရှင်းစွာ ရှင်းပြလိုက်၏။ သူ မည်သို့ အောင်မြင်စွာ အသွင်ပြောင်းနိုင်ခဲ့သနည်းဆိုလျှင် အသေအချာပင် 'အိပ်မက်ဝိညာဉ်ကူ' ၏ စွမ်းအားကြောင့်ပင် ဖြစ်လေသည်။

'အိပ်မက်ဝိညာဉ်ကူ' ကိုယ်တိုင်က ဝိညာဉ်များကို လှည့်စားကစားရာတွင် မဟာသခင်တစ်ပါး ဖြစ်သည်။ ကန္တာရသားရဲများ၏ ခန္ဓာကိုယ်အတွင်းရှိ ရိုင်းစိုင်းကြမ်းတမ်းပြီး ကစဉ့်ကလျားဖြစ်နေသော ဝိညာဉ်များသည် 'အိပ်မက်ဝိညာဉ်ကူ' အတွက်မူ အသေးအဖွဲကိစ္စသာ ဖြစ်ချေသည်။

အိပ်မက်ဆိုးမျိုးစေ့ ဝင်ရောက်ပေါင်းစပ်သွားသည်နှင့် တစ်ပြိုင်နက် တစ်ဖက်သူ၏ ရိုင်းစိုင်းကြမ်းတမ်းနေသော ဝိညာဉ်ကို တည်ငြိမ်သွားစေနိုင်သည်။ ဤသည်မှာ မရေမတွက်နိုင်သော အမြစ်များ ပေါက်ရောက်ကာ သဲများကို စုစည်းပေးထားသည့် သစ်ပင်ကြီးတစ်ပင်နှင့် တူသည်။ ယင်းသည်ကား 'အိပ်မက်ဝိညာဉ်ကူ' ၏ တစ်ခုတည်းသော သီးသန့်စွမ်းရည်ပင် ဖြစ်လေသည်။

"ဒီလိုကိုး...”

ပိုင်စုကျဲ့မှာ နားလည်သလိုလို နားမလည်သလိုလို ဖြစ်နေသော်လည်း ဤသည်မှာ ကိစ္စမရှိပေ။ မည်သို့ပင်ဖြစ်စေ သူမ၏ခင်ပွန်းက ဤကဲ့သို့ အံ့ဩဖွယ်ကောင်းသော ကိစ္စရပ်များကို လုပ်ဆောင်နိုင်လျှင် လုံလောက်ပြီ ဖြစ်၏။

ဤကမ္ဘာလောကတွင် နားလည်ရခက်သော ကိစ္စရပ်များစွာ ရှိနေသဖြင့် အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျ နားလည်သဘောပေါက်ရန် မလိုအပ်ချေ။

"ယောကျ်ား... ဒီလိုသာဆိုရင် ရှင်က ကန္တာရသားရဲ အများကြီးနဲ့ ပဋိညာဉ်ချုပ်ဆိုလို့ ရနေပြီ မဟုတ်လား...”

ပိုင်စုကျဲ့က အလွန်စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်လေသည်။ တကယ်၍သာ ကန္တာရသားရဲ အမြောက်အမြားနှင့် ပဋိညာဉ်ချုပ်ဆိုနိုင်မည်ဆိုလျှင် ဧရာမ ကန္တာရသားရဲ စစ်တပ်ကြီးတစ်ခုကို ဖွဲ့စည်းနိုင်မည် မဟုတ်ပါလော။

ထိုအချိန်သို့ရောက်လျှင် ဖုန်းရှီးမြို့တော်၏ စွမ်းအားသည် အဆပေါင်းများစွာ တိုးတက်လာမည်မှာ သေချာလှ၏။ ဤသည်မှာ ဖုန်းရှီးမြို့တော်အတွက် အလွန်ကြီးမားသော အကျိုးကျေးဇူးကြီးပင် ဖြစ်ချေတော့သည်။

"ဒါက... ရာခိုင်နှုန်းပြည့် အောင်မြင်နိုင်တာတော့ မဟုတ်ဘူး။ ဒီကန္တာရသားရဲတွေမှာ အလားအလာ ရှိမရှိကို ကြည့်ရဦးမယ်။ အလားအလာရှိရင် ပဋိညာဉ်ချုပ်ဆိုလို့ အောင်မြင်နိုင်တယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ဘာနည်းလမ်းမှ မရှိဘူး...”

ကျိုးစွေ့က ခပ်ဟဟ ပြုံးလိုက်၏။ ကန္တာရသားရဲဝိညာဉ်များ၏ ထူးခြားမှုကြောင့် ကန္တာရသားရဲတိုင်းသည် အိပ်မက်ဆိုးမျိုးစေ့များနှင့် ပေါင်းစပ်နိုင်စွမ်း ရှိကြသည်တော့ မဟုတ်ပေ။

အချို့သော ကန္တာရသားရဲများ၏ ဝိညာဉ်များသည် အလွန်အမင်း ရိုင်းစိုင်းကြမ်းတမ်းပြီး ကစဉ့်ကလျား ဖြစ်နေကြသဖြင့် အသိဉာဏ်ဖြစ်ပေါ်လာရန် အခွင့်အရေး လုံးဝမရှိသောကြောင့် ဖြစ်၏။

အိပ်မက်ဆိုးမျိုးစေ့ ဝင်ရောက်ပေါင်းစပ်သွားလျှင်ပင် ပဋိညာဉ်ချုပ်ဆို၍ အောင်မြင်နိုင်မည် မဟုတ်ဘဲ ဝိညာဉ်များကို ပေါက်ကွဲစေကာ အတူတကွ ပျက်စီးသွားစေနိုင်သည်။

ဤသည်မှာ ယခင်ဘဝက သဲကန္တာရများကို ထိန်းချုပ်ကုသသည့် လုပ်ငန်းစဉ်နှင့် အနည်းငယ် ဆင်တူပေသည်။ အချို့သော ကန္တာရမြေဆီလွှာများတွင် အပင်များ စိုက်ပျိုးနိုင်ပြီး သိပ်သည်းသော သစ်တောများအဖြစ် ဖန်တီးကာ သဲကန္တာရများကို အောင်မြင်စွာ ထိန်းချုပ်နိုင်၏။

သို့သော် သဲကန္တာရရှိ သဲမှုန်များကဲ့သို့သော အချို့မြေဆီလွှာများတွင်မူ သဲကန္တာရထိန်းချုပ်ခြင်းကို အောင်မြင်ရန် မဖြစ်နိုင်ပေ။ အိပ်မက်ဆိုးမျိုးစေ့၏ စွမ်းအားသည်လည်း ထိုနည်းတူပင် ဖြစ်လေသည်။

သားရဲဘုရင်များ ဖြစ်လာနိုင်စွမ်းရှိသော ကန္တာရသားရဲများကိုသာ ရှာဖွေ၍ ပဋိညာဉ်ချုပ်ဆိုနိုင်ပေသည်။ အကယ်၍ ရိုးရိုးသားရဲသက်သက်သာ ဖြစ်နေမည်ဆိုလျှင် မည်သို့မျှ တတ်နိုင်မည် မဟုတ်ချေ။

သို့သော်ငြား ဤမျှဆိုလျှင် လုံလောက်နေပြီ ဖြစ်ချေ၏။ အိမ်မွေးသားရဲတစ်ကောင် ပိုလာလေလေ စွမ်းအားတစ်ဆ ပိုတိုးလာလေလေ ဖြစ်သောကြောင့်ပင်။

"ဒီလိုဆိုမှတော့ ကျွန်မတို့ လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲတွေကို ပိုပြီး ရှာဖွေကြရင် မကောင်းဘူးလား။ ဧရာမ ကန္တာရသားရဲ စစ်တပ်ကြီးတစ်ခု ဖွဲ့စည်းတာပေါ့...”

ပိုင်စုကျဲ့မှာ အလွန်စိတ်လှုပ်ရှားနေလေသည်။

ကြယ်ကွဲပင်လယ်ကဲ့သို့သော အန္တရာယ်များ ပြည့်နှက်နေသည့် နေရာတွင် လူသားမျိုးနွယ်၏ စွမ်းအား ပိုမိုကြီးမားလေလေ ပိုကောင်းလေလေဖြစ်ကြောင်း သူမ ခံစားမိပေသည်။ သို့မှသာ မသိနိုင်သော အန္တရာယ်များကို ခုခံကာကွယ်နိုင်မည် မဟုတ်ပါလော။

...........

All Chapters