← Chapters

အခန်း ၂၈၄

Vol. 29 Ch. 284

အခန်း ၂၈၄

Vol. 29 Ch. 284

အခန်း(၂၈၄) ပထမမျိုးဆက် ကောင်းကင်မနာလိုခန္ဓာ

လေဟာပြင်ထက်၌ ဝဲပျံနေသော မှော်စာလုံး ပင်လယ်ပြင်ကြီးသည် တဖြည်းဖြည်း ပုံသဏ္ဌာန်ပြောင်းလဲသွားကာ မျက်စိတဆုံး အံ့မခန်းဖွယ်ရာ စကြဝဠာပုံစံတစ်ခုအဖြစ် ရုပ်လုံးပေါ်လာ၏။

"ဒါက ဘာကြီးလဲဟင်။"

ထိုးထွင်းသိမြင်နိုင်စွမ်း မြင့်မားလှသော လီကျင်းယောင်ပင်လျှင် အံ့ဩမှင်သက်သွားရသည်။

"ဒါက ကမ္ဘာကြီးရဲ့ ဖွဲ့စည်းပုံများလား။"

လေထဲတွင် အစိုင်အခဲသဖွယ် ဖြစ်တည်လာသော မှော်စာလုံး ပုံစံထက်၌ စာလုံးတစ်လုံးပြီးတစ်လုံးက သက်ဝင်လှုပ်ရှားနေကြသည်။ အခြားသော မှော်စာလုံးများကမူ အောက်ခြေရှိ တောင်တန်းကြီးများ၊ မြစ်ရေများနှင့် ကျယ်ပြောလှသော သမုဒ္ဒရာကြီးများကို ပုံဖော်ပေးနေကြရာ အမှန်တကယ်ပင် ကမ္ဘာကြီး၏ ပြီးပြည့်စုံသော ဖွဲ့စည်းပုံနှင့် တစ်ပုံစံတည်း တူညီနေ၏။

"တိတိကျကျ ပြောရရင် ဒါက ရှေးဟောင်းကမ္ဘာလောကရဲ့ ဖွဲ့စည်းပုံပဲ။"

ကျီက ရှင်းပြသည်။

"သေချာကြည့်လိုက်လေ။ အပေါ်ဘက်မှာ ကောင်းကင်နဲ့ မြေကြီးပဲ ရှိပြီး မြေအောက်မှာတော့ ဘဝခြောက်ပါး သံသရာလည်ရာ နေရာ မရှိဘူး။ ဒါက နတ်ဘုရားတွေ အုပ်စိုးခဲ့တဲ့ ခေတ်တုန်းက စကြဝဠာရဲ့ မူလပုံစံငယ်ပဲ။"

သူ ညွှန်ပြရာသို့ သူတို့နှစ်ဦး လှမ်းကြည့်သောအခါ မှောင်မိုက်နေသော မြေကြီးအောက်လွှာတွင် မည်သည့်အရာမျှ တည်ရှိမနေသည်ကို အထင်းသား တွေ့လိုက်ရသည်။

"ဒါဆိုရင် ရှေးခေတ်တုန်းက ဝိညာဉ်ဖမ်း ငရဲတမန်တွေလည်း မရှိခဲ့ဘူး။ သေမင်းမှတ်တမ်း စာအုပ်လည်း မရှိခဲ့ဘူးပေါ့ ဟုတ်လား။"

ပိုင်ချူးရန်တစ်ယောက် ဒေါသထွက်လွန်းသဖြင့် ရင်ထဲတွင် မီးဟုန်းဟုန်း တောက်လုမတတ် ဖြစ်သွား၏။

"တောက်... ငါ သိသားပဲ။ ဒီတစ္ဆေကောင်တွေ ငါ့ကို မကောင်းကြံနေကြတာ။ သူတို့တွေက အကြောင်းပြချက် တစ်ခုခု ဖန်တီးပြီး ငါ့ကိုဖမ်းကာ တစ္ဆေလောကကို ခေါ်သွားချင်နေကြတာ။ ခွေးကောင်တွေ... ထွီ။"

"တကယ်တမ်း စဉ်းစားကြည့်ရင်တော့လည်း သူတို့ကို နားလည်ပေးလို့ ရပါတယ်။ မင်းကိုယ်မင်း ပြန်ကြည့်ဦးလေ။ ဘာပဲဖြစ်ဖြစ် မင်းက စည်းမျဉ်းတွေဘောင်ထဲမှာ ရှိနေသေးတာပဲ။ မင်းက နတ်ဆိုးလောကကိုတောင် ဖရိုဖရဲဖြစ်အောင် မွှေနှောက်ထားခဲ့သေးတာပဲလေ။ သူတို့က မင်းကို ခုထိ ဘာမှမလုပ်ကြသေးပါဘူး။ ဒီ လူ့လောကမှာ မင်းလို ကောင်းကင်မနာလိုခန္ဓာ စွမ်းအင်ပိုင်ရှင်ကို နောက်ထပ်ရက်အနည်းငယ်လောက် ထပ်ထားလိုက်ရင် တခြားလူတွေ ဘယ်လိုလုပ် အသက်ရှင်တော့မလဲ။"

ကျီက ခပ်ယဲ့ယဲ့ ပြုံးကာ ပြော၏။

"အဲဒီအကြောင်းတွေ ဆက်မပြောနဲ့တော့။ ငါ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်မယ့် သဲလွန်စတွေကို ဘယ်လိုရှာရမလဲ အဲဒါ အရင်ပြော။"

ပိုင်ချူးရန်က အလောတကြီး ဖြတ်မေးသည်။

"စိတ်မပူပါနဲ့။ မင်းက ကောင်းကင်နန်းတော်တစ်ခုလုံးရဲ့ စွမ်းအင်တွေကို သက်ဝင်လှုပ်ရှားစေလိုက်ပြီဆိုတော့ ဒီစာကြည့်တိုက်ထဲက မှော်ပစ္စည်းတွေအားလုံး အခု ပြန်အလုပ်လုပ်နေပြီလေ။ ဘာပဲဖြစ်ဖြစ် ထွက်ပြေးသွားမှာမှ မဟုတ်တာ။ တစ်ခုချင်းစီ လိုက်ရှာကြတာပေါ့။"

ကျီရှန်းက တည်ငြိမ်စွာ ပြန်ဖြေ၏။

"မင်း ဒီပုံစံငယ်ကို အရင်ဦးဆုံး အလွတ်မှတ်သားထားလိုက်။ အပေါ်က မှော်စာလုံးတွေက အခြေခံအကျဆုံး ဥပဒေသတွေကို ကိုယ်စားပြုတယ်။ မင်း အဲဒါတွေကို သေချာမှတ်သားပြီးသွားရင် မင်း ဖန်တီးချင်တဲ့ ဘယ်လို ကျင့်စဉ်မျိုးကိုမဆို ဖန်တီးနိုင်တဲ့ စွမ်းရည် အလိုလို ရလာလိမ့်မယ်။"

ပိုင်ချူးရန် ဘေးသို့ အသာလှမ်းကြည့်ရာ လီကျင်းယောင်သည် ပုံရိပ်ဖမ်းကျောက်တုံးဖြင့် ထိုပုံစံငယ်၏ ဖွဲ့စည်းပုံကို အာရုံစူးစိုက်ကာ တိတ်တဆိတ် စတင်မှတ်တမ်းတင်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

ပိုင်ချူးရန် လှမ်းကြည့်လာသည်ကို မြင်သောအခါ သူမက ချိုသာစွာ ပြုံးပြရင်း ပြော၏။ "စီနီယာ။ ဘေးမှာ ခဏ နားနေလို့ရပါတယ်။ ကျင်းယောင် မှတ်ထားတာတွေကို နောက်မှ စီနီယာ့အတွက် ပြန်မျှပေးပါ့မယ်။"

"ဒီကောင်မလေးကတော့ တကယ်ကို ချစ်ဖို့ကောင်းတာပဲ။ လိမ္မာတဲ့ ကလေးလေးတစ်ယောက်လိုပဲ"

ကျီက ဝင်ပြောသည်။

"ဒါပေမဲ့ ဘိုးဘေးပိုင်။ မင်းကိုယ်တိုင်လည်း တစ်စုံ မှတ်ထားသင့်တယ်။ ဒီပုံစံငယ်က ဖွဲ့စည်းပုံ အရမ်းရှုပ်ထွေးတယ်။ မင်းကိုယ်တိုင် မှတ်ထားမှ နောက်ပိုင်း ပြန်ပေါင်းစပ်တဲ့အခါ လွယ်ကူမှာ။"

ကျီ၏ အကြံပြုချက်ကို ကြားပြီးနောက် ပိုင်ချူးရန်သည်လည်း ပုံရိပ်ဖမ်းကျောက်တုံးကို အလျင်အမြန် ထုတ်ယူသည်။ လီကျင်းယောင်နှင့်အတူ သူတို့သည် ဤမှော်စာလုံး ဖွဲ့စည်းပုံများကို ထောင့်ပေါင်းစုံမှ အသေးစိတ် ရိုက်ကူးမှတ်တမ်းတင်ခဲ့ကြပြီး ထို့နောက် နှစ်ခုကို ပေါင်းစပ်ကာ ပြီးပြည့်စုံသော ပုံစံငယ်တစ်ခုအဖြစ် ဖန်တီးသိမ်းဆည်းကြသည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးစီးသွားချိန်တွင် မသိလိုက်ဘဲ နာရီအနည်းငယ်မျှ ကုန်ဆုံးသွားခဲ့၏။ ကျီက သူတို့နှစ်ဦးကို အပေါ်ထပ်သို့ ဆက်တက်ရန် ညွှန်ကြားသော်လည်း ဤစာကြည့်တိုက် မျှော်စင်၏ အထက်လွှာများသို့ သွားရာလမ်းတွင် နတ်ဘုရား၏ အလောင်းကောင်ကြီးက ဝင်ရောက်ထိုင်ချထားသဖြင့် လမ်းပိတ်နေသည်။ ထို့ကြောင့် ပိုင်ချူးရန်သည် မတတ်သာဘဲ လီကျင်းယောင် ထိန်းချုပ်ထားသည့် နဂါးသွားဓား၏ကျောပေါ်တွင် ဝင်ထိုင်ရ၏။ ထို့နောက် သူတို့သည် နတ်ဘုရားများ၏ မှတ်တမ်းများကို စစ်ဆေးရန် ဒုတိယအလွှာသို့ ပျံတက်သွားကြသည်။

"နတ်ဘုရားတွေမှာ သီးသန့် စနစ်တစ်ခု ရှိတယ်။ သူတို့က မွေးကတည်းက စွမ်းအားကြီးကြလို့ ငါတို့လို ပင်ပင်ပန်းပန်း ကျင့်ကြံစရာ မလိုဘူး။ ပြီးတော့ အသိပညာ အများကြီးကို စာအုပ်တွေနဲ့ မှတ်တမ်းတင်ထားစရာလည်း မလိုဘူး။ အောက်ထပ်က မှော်စာလုံး ပုံစံမှာ သူတို့ရဲ့ အသိပညာအားလုံးကို အကုန်မှတ်တမ်းတင်ထားပြီးသားပဲ"

ကျီရှန်းက ရှင်းပြ၏။

"ဒါကြောင့်မို့ ဒီအလွှာကစပြီး နတ်ဘုရားတွေရဲ့ သမိုင်းကြောင်းတွေပဲ ရှိသင့်တယ်။"

သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ဒုတိယအလွှာ၏ အမြင့် လေဟာပြင်ထဲတွင် မရေမတွက်နိုင်သော ရွှေရောင်အလင်းမှုန်လေးများသည် တဖျပ်ဖျပ် ပြန့်ကျဲသွားပြီးနောက် လေထဲတွင် ပုံရိပ်လွှာတစ်ခုအဖြစ် ဖြည်းညှင်းစွာ ပေါင်းစပ်သွားသည်။ သူ ထင်သည့်အတိုင်းပင် ထိုအရာထက်တွင် နတ်ဘုရားများ၏ သမိုင်းကြောင်းကို ကွင်းကွင်းကွက်ကွက် မှတ်တမ်းတင်ထား၏။

"ကြည့်ရတာ နတ်ဘုရားတွေခေတ်ကနေ ပထမမျိုးဆက် နတ်ဆိုးဧကရာဇ်ခေတ်အထိ သူတို့တွေက သမိုင်းဝင် အဖြစ်အပျက်တွေကို မှတ်တမ်းတင်ဖို့ ပန်းချီပုံရိပ်တွေကိုပဲ သုံးခဲ့ကြပုံရတယ်။"

သူ့ရှေ့တွင် တဖြည်းဖြည်း ထင်ရှားပေါ်လွင်လာသော ပန်းချီကားချပ်ကြီးကို ငေးကြည့်ရင်း ပိုင်ချူးရန်က ပြောလာသည်။

All Chapters