← Chapters

အခန်း ၂၈၇

Vol. 29 Ch. 287

အခန်း ၂၈၇

Vol. 29 Ch. 287

အခန်း (၂၈၇) နိုးထလာသော ဘီလူးကြီး [၁]

ကျီရှန်း၏ အသံမှာ အလွန်လေးနက်နေသည်။

"မင်းရဲ့ စစ်မှန်တဲ့ ချီစွမ်းအင်က သစ်သားဓာတ် အခြေခံပဲ။ အဲဒီစွမ်းအင်တွေကို စကြဝဠာ ကြယ်တာရာ ကောင်းကင်ကြီးထဲ အလုံးအရင်းနဲ့ သွင်းလိုက်တဲ့အခါမှာ သစ်သားဓာတ်ရဲ့ ပြင်းထန်လှတဲ့ သက်စောင့်စွမ်းအင်တွေက ကောင်းကင်တစ်ခွင်လုံး ပြည့်နှက်သွားပြီး လုံးလုသေဆုံးခြင်းမရှိသေးတဲ့ နတ်ဘုရားတွေရဲ့ ဝိညာဉ်အစအနတချို့ကို ပြန်လည်နိုးထလာစေခဲ့တာပဲ။ အခု သူတို့အားလုံး စုစည်းသွားကြပြီ။"

"သူတို့သေသွားတာ နှစ်ပေါင်း ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။" လီကျင်းယောင်က မျက်လုံးဝိုင်းလေးများဖြင့် အံ့အားသင့်စွာ ပြောလာ၏ာ

"ဟုတ်တယ် နှစ်ပေါင်း သောင်းချီ ကြာခဲ့ပြီလေ။ ဒါပေမဲ့ မင်းရဲ့ စစ်မှန်တဲ့ ချီစွမ်းအင်က သူတို့ကို တစ်ဖန် ပြန်လည်ရှင်သန် စုစည်းနိုင်စေခဲ့တယ်ဆိုတာကတော့ သေချာတယ်။"

ကျီရှန်းက ခပ်တိုးတိုးရေရွတ်၏။ "ဒီလိုအခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။"

"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့။ အဲဒီ ဝိညာဉ်အစအနတွေက ဘာဖြစ်သွားပြီလဲ။"

စာကြည့်တိုက် မျှော်စင်ကြီး ပျက်စီးသွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသောအခါ ပိုင်ချူးရန်မှာ အတော်လေး ဒေါသထွက်သွားသည်။

"ဟိုမှာလေ။ အောက်ကို ကြည့်လိုက်။" ကျီရှန်းက သူ၏ ခေါင်းကို ခါယမ်းကာ ပြော၏။

ပိုင်ချူးရန်နှင့် လီကျင်းယောင်တို့ အောက်သို့ ငုံ့ကြည့်လိုက်ရာ ပိုင်ချူးရန်၏ စွမ်းအင်ကြောင့် လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိနေသော ကြယ်များသည် ယခုအခါ ဖရိုဖရဲ စတင်ဖြစ်ပေါ်နေသည်ကို ထိတ်လန့်ဖွယ် တွေ့လိုက်ရသည်။ သူတို့သည် အောက်ဘက်ရှိ စကြဝဠာ ဟင်းလင်းပြင်အတွင်း ရူးသွပ်စွာ ရွေ့လျားသွားလာနေကြပြီး ကြယ်များအားလုံး တဖြည်းဖြည်း စုစည်းပေါင်းစပ်သွားကာ ခမ်းနားထည်ဝါလွန်းလှသော ဧရာမ ဘီလူးကြီးတစ်ကောင်အဖြစ် ရုပ်လုံးပေါ်လာ၏။

ဘီလူးကြီး၏ မျက်လုံးများမှာ အဆုံးအစမရှိသော တောက်ပမှုများ ထုတ်လွှတ်နေသည့် ဧရာမ ကြယ်ကြီးနှစ်လုံးဖြစ်ပြီး အခြားသော ကြယ်များသည်လည်း စူးရှသော အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ မည်မျှ မြင့်မားမှန်းပင် ခန့်မှန်း၍မရနိုင်လောက်အောင် ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို ဖွဲ့စည်းတည်ဆောက်ထားသည်။ ဘီလူကြီးသည် ကြယ်များအောက်ရှိ မှောင်မိုက်သော ဟင်းလင်းပြင်ကြီးကို နင်းကာ တောင်တမျှ မားမားမတ်မတ် ရပ်

နေ၏။ သူ၏ ဦးခေါင်းကြီးမှာလည်း ကောင်းကင်ယံအထိပင် မြင့်မားသည်။

ကြယ်တာရာ ကောင်းကင်ကြီးတစ်ခုလုံးသည်ပင် ဤဘီလူးကြီးကို အနိုင်နိုင် ဆံ့အောင် ထည့်ထားရသည့်အလား ကျဉ်းမြောင်းနေတော့၏။

"နတ်ဘုရားတွေက အဲဒီလောက်တောင် ကြောက်စရာကောင်းတာလား။"

လီကျင်းယောင်သည် တစ်ဖက်မှ ရိုက်ခတ်လာသော ဖိအားလှိုင်းများကို ခုခံရင်း အဆုံးတွင် ပျံသန်းနေသော ဓားကို တည်ငြိမ်အောင် အနိုင်နိုင် ထိန်းထားနိုင်လိုက်သည်။

"ဒါဆို ကျွန်မတို့ရဲ့ ဘိုးဘေးတွေက အရင်တုန်းက သူတို့ကို ဘယ်လိုများ အနိုင်ယူခဲ့ကြတာလဲ။"

"ပုံမှန်ဆို နတ်ဘုရားတွေက အဲဒီလောက်တော့ မကြမ်းပါဘူး။"

ကျီရှန်းက ပြန်ဖြေ၏။

"ဒါက ကြယ်နတ်ဘုရား တစ်စုလုံးရဲ့ ဝိညာဉ်တွေ စုပေါင်းထားတာလေ။ ပြီးတော့ ဘိုးဘေးပိုင်ရဲ့ စွမ်းအင်တွေကြောင့် အသစ်ဖန်တီးလိုက်တဲ့ မိစ္ဆာတွေပါ ပေါင်းစပ်သွားတော့ အရင်ခေတ်က နတ်ဘုရားတွေတောင် သူ့လောက် စွမ်းအားကြီးမှာ မဟုတ်ဘူး။"

"သူက ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ။"

ယခုအခါ ပိုင်ချူးရန်ပင်လျှင် ဤဘီလူးကြီး၏ အစစ်အမှန် စွမ်းအားကို တိုင်းတာ အာရုံခံနိုင်စွမ်း မရှိတော့ချေ။

"မင်း စွမ်းအင် ဘယ်လောက်ထုတ်သုံးခဲ့လဲ။ သူလည်း အဲဒီလောက် စွမ်းအင်ရှိတယ်။"

ကျီရှန်းက ခပ်အေးအေးပင် ပြောသည်။

"အသင့်ပြင်ထားတော့ ဘိုးဘေးပိုင်ရေ။ ဘာပဲဖြစ်ဖြစ် ဒီဘီလူးကြီးကိုတော့ မင်းရဲ့ စွမ်းအား ၁၀ ရာခိုင်နှုန်းတည်းနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူးဆိုတာ ငါ အသေအချာ ပြောရဲတယ်။"

"ကျစ်... သောက်ကျီုးနည်း။"

ပိုင်ချူးရန်တစ်ယောက် ဒေါသတကြီး ကျီန်ဆဲမိသွားသည်။

ဤအချိန်တွင် ဘီလူးကြီးသည် ခန္ဓာကိုယ်ကို မတ်တတ်ရပ်ပြီးနောက် ရုတ်တရက် ခေါင်းလှည့်လာကာ စူးရှလှသော သူ့ကြယ်မျက်လုံးကြီးများက ပိုင်ချူးရန်နှင့် လီကျင်းယောင်တို့အပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်လာ၏။

"လူ... သား..."

သူက ဧရာမ ပါးစပ်ကြီးကို ဟလိုက်သည်။ သူ့ပါးစပ်မှာ အဆုံးအစမရှိ ရှည်လျားလှပြီး ပါးစပ်ပေါက်အတွင်း၌ စကြဝဠာ ဂလက်ဆီတစ်ခုပင် လည်ပတ်နေ၏။

"မိန်းကလေးလီ။ အရှိန်တင်လိုက်တော့။" ပိုင်ချူးရန်က အလျင်အမြန် သတိ

ပေးသည်။

လီကျင်းယောင်သည် အလျင်အမြန် လက်ကိုမြှောက်ကာ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သော ချီစွမ်းအင်များကို အစွမ်းကုန် လှုံ့ဆော်ရာ သူတို့နှစ်ဦး၏ ခြေထောက်အောက်ရှိ နဂါးသွားဓားသည် ငွေရောင်အလင်းတန်းလေး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လျင်မြန်စွာ ရှောင်တိမ်းနိုင်သွား၏။ ထိုအချိန်မှာပင် ဘီလူးကြီး၏ ပါးစပ်ထဲရှိ တောက်ပနေသော ဂလက်ဆီများသည်လည်း အလင်းရောင်များ အပြင်းအထန် ထုတ်လွှတ်လာပြီး မည်မျှ ထူထဲမှန်းမသိရသော လေဆာအလင်းတန်းကြီးတစ်ခုကို ဝုန်းခနဲ မှုတ်ထုတ်လာရာ ကောင်းကင်တစ်ခုလုံးကို နှစ်ခြမ်းကွဲသွားစေမတတ် ဖြစ်သွားရသည်။

ထိုအလင်းတန်းကြီးကို သီသီလေး ရှောင်တိမ်းပြီးနောက် သူတို့ ခေါင်းပေါ်တွင် လေဆင်နှာမောင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။ သူတို့နှစ်ဦး ခေါင်းမော့ကြည့်လိုက်ရာ ဘီလူးကြီးသည် တောင်တမျှ ဧရာမ လက်ဝါးကြီးကို ဖြန့်ကာ ကောင်းကင်ပေါ်မှ သူတို့ကို ဖမ်းဆုပ်ရန် အုပ်မိုးလာသည်ကို တွေ့လိုက်ရ၏။

"ရှောင်လို့ မလွတ်တော့ဘူး။"

လီကျင်းယောင်က စိုးရိမ်တကြီး အော်ပြောသည်။

"ကျစ်။ တောင့်ခံထား။" ပိုင်ချူးရန်သည် ခြေကို ပြင်းပြင်းဆောင့်နင်းကာ တန်ဖိုးကြီးဓားပေါ်မှ ခုန်ထွက်လေ၏။ သူသည် လေထဲတွင် ကိုယ်လုံးကို လျင်မြန်စွာ လှည့်ကာ ခြေထောက်ကို အပေါ်ထားပြီး ခေါင်းကို အောက်စိုက်လျက် ဘီလူးကြီး၏ လက်ဝါးဆီသို့ ခြေထောက်ဖြင့် ပြင်းထန်စွာ ဆောင့်ကန်ချ၏။

"ဝုန်း" ခနဲ နားကွဲမတတ် ကျယ်လောင်လှသော အသံကြီးနှင့်အတူ သာမန်မျက်စိဖြင့်ပင် ထင်ရှားစွာ မြင်နိုင်သော ဧရာမ စွမ်းအင်တုန်ခါမှုလှိုင်း တစ်ကွင်းသည် ဘီလူးကြီး၏ လက်ဝါးပြင်မှ ပေါက်ကွဲထွက်လာပြီး ဂလက်ဆီ ဘီလူးကြီးမှာ နာကျင်စွာ အော်ဟစ်ကာ သူ့ ဧရာမ လက်ဝါးကြီးလည်း အပေါ်သို့ လွင့်စင်သွားသည်။

All Chapters