← Chapters

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း (၂၈၉) အချိန်ထိန်းချုပ်ခြင်း

ဟင်းလင်းပြင် မုန်တိုင်းကြီး ရိုက်ခတ် ဖြတ်သန်းသွားပြီးနောက်တွင် ပိုင်ချူးရန်၏ အဝတ်အစားများအားလုံးမှာ အစိတ်စိတ်အမြွှာမြွှာ စုတ်ဖြဲခံလိုက်ရသည်။

"သောက်ကျီုးနည်း။"

ပိုင်ချူးရန် ဆံပင်များသည်လည်း လေထဲတွင် ဖရိုဖရဲ လွင့်နေ၏။

"တော်သေးတာပေါ့။ မိန်းကလေးလီကို အရင်လွှတ်လိုက်မိလို့။"

"တကယ်လို့ သူသာ ထွက်မသွားဘူးဆိုရင်၊ ဘယ်တော့မှ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး။"

ကျီရှန်းက လေးနက်စွာ မေးသည်။ "မင်း ဘယ်လိုခံစားရလဲ။ ခုနက တိုက်ကွက်ကြောင့် ဒီကောင်းကင်ကြီးရဲ့ ဟင်းလင်းပြင် နေရာလွတ်က မရေမတွက်နိုင်တဲ့ အပိုင်းအစတွေအဖြစ် ကြေမွသွားခဲ့ပြီ။"

"ငါ့အောက်ပိုင်းက နည်းနည်း အေးစက်စက် ဖြစ်နေသလို ခံစားရတယ်။ တခြားတော့ ဘာမှမဖြစ်ပါဘူး။"

ပိုင်ချူးရန်က သူ၏ လျှို့ဝှက်နေရာများကို အမြန်ဖုံးကွယ်ရင်း ပြန်ဖြေ၏။

"ဒါနဲ့ အဝတ်အစားအဖြစ် ဖန်ဆင်းနိုင်တဲ့ မန္တန်တွေများ မင်းဆီမှာ ရှိလား။ ရှက်လို့တော့ မဟုတ်ပါဘူး၊ နေရထိုင်ရတာ တစ်မျိုးကြီး ဖြစ်နေလို့။"

"အင်း။"

"မရှိရင်လည်း နေပါတော့။"

ပိုင်ချူးရန်က လက်ခါပြသည်။

"အဲ့တာသုံးဖို့ စစ်မှန်တဲ့ ချီစွမ်းအင် လိုနေတာမလား"

ကျီရှန်းက ပြန်မဖြေချေ။ သို့သော် သူ၏ အမူအရာကို ကြည့်ရခြင်းအားဖြင့် တိတ်တဆိတ် သဘောတူနေပုံရ၏။

"တောက်။ ဒီကိုရောက်ဖို့ မနည်းကြိုးစားခဲ့ရတာကို အဆုံးကျမှ ကံဆိုးတဲ့ ကိစ္စတွေနဲ့ လာကြုံနေရတယ်။"

ပိုင်ချူးရန်သည် လက်မောင်းကို အကြောလျှော့ကာ ကောင်းကင်ယံရှိ ဂလက်ဆီ ဘီလူးကြီးကို မော့ကြည့်ရင်း ပြောသည်။

"ငါ့ကို အသာစီးရသွားပြီဆိုပြီး မင်း အရမ်း မာနကြီးမနေနဲ့။ ဒီနေ့ မင်းကို ရှေးဟောင်းပစ္စည်းကြီးဆိုတာကို ငါ သေသေချာချာ ပြရသေးတာပေါ့။ စွမ်းအား ၁၀ ရာခိုင်နှုန်းချင်း တူရင်တောင်မှ ငါ့ရဲ့ ၁၀ ရာခိုင်နှုန်းနဲ့ မင်းရဲ့ ၁၀ ရာခိုင်နှုန်းကြားမှာ ဘယ်လောက်တောင် ကွာခြားချက်တွေ ရှိနေတယ်ဆိုတာ မင်းသိလာလိမ့်မယ်"

"မင်း စွမ်းအားထုတ်သုံးဖို့ မစဉ်းစားထားသေးဘူးလား"

ကျီရှန်းက ဖျောင်းဖျလာ၏။ "ထားလိုက်ပါတော့ ဘိုးဘေးပိုင်ရာ။ အဆင့်တက်သွားတယ်ဆိုတာလည်း ကြီးကျယ်တဲ့ ကိစ္စပါပဲ။ ချီကျင့်ကြံခြင်း အဆင့် ၆၆,၆၆၆ ရဲ့ နောက်မှာ အဆင့် ၆၆,၆၆၇ ဆိုတာ မရှိနိုင်တော့တာလည်း ဖြစ်နိုင်တာပဲ။ ဒီရွာကို ကျော်သွားရင် ဒီလိုဆိုင်မျိုး ထပ်တွေ့မှာ မဟုတ်တော့ဘူးကွ။ အဲ့တာနဲ့ယှဉ်ရင် ဘီလူးကြီးက သူ့လက်ထဲမှာ အရှေ့စွန်းနတ်ဘုရင်ရဲ့ ခေါင်းလောင်းကို ကိုင်ထားတာ မင်း အဲဒါကို သတိထားရမယ်။ ဒီတိုက်ပွဲက ကြာနေပြီ။ အဲဒီ မှော်လက်နက်နဲ့ သူ ဘာလုပ်မလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ဘူး။ တိုက်ပွဲကို မြန်မြန် အဆုံးအဖြတ်ပေးတာ အကောင်းဆုံးပဲ။"

"ကောင်းပြီလေ။"

ပိုင်ချူးရန်သည် သိုလှောင်အိတ်ထဲမှ သံဓားတစ်လက်ကို ဆွဲထုတ်ပြီး ဓားစွမ်းအင်များကို သွင်းလိုက်ရာ ဓားသွားပေါ်တွင် တောက်ပသော အေးစက်စက် အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။

"ဒီနေ့တော့ ဒီကောင်းကင်နတ်ဘုရားတွေကို ငါ့ရဲ့ ချီမင်ဓားဂိုဏ်းက ပြိုင်ဘက်ကင်း ဓားပညာဆိုတာ ဘာလဲဆိုတာ မြင်ခွင့် ပေးလိုက်မယ်။"

သူ့ ခြေဖျားများသည် လီကျင်းယောင် ချန်ထားခဲ့သော လွင့်မျောနေသည့် ကျောက်တုံးစင်မြင့်ကို ညင်သာစွာ နင်းလိုက်ရာ ကျောက်တုံးစင်မြင့်မှာ ချက်ချင်း ပြိုကျသွားပြီး ပိုင်ချူးရန် ကိုယ်တိုင်မှာမူ မီးခိုးငွေ့တစ်အုပ်နှင့်အတူ ဘီလူးကြီး၏ နှာခေါင်းဖျားနှင့် ညီမျှသော အမြင့်သို့ လျင်မြန်လှသော အရှိန်ဖြင့် တက်သွားသည်။ ထို့နောက် သူသည် လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး လက်ထဲရှိ ရှည်လျားသော သံဓားနှင့်အတူ စူးရှလှသော ဓားအလင်းတန်းတစ်ခုအဖြစ် ပေါင်းစပ်သွား၏။

ဓားအလင်းတန်းသည် ကြယ်တာရာ ကောင်းကင်ယံထက်သို့ ဝဲပျံသွားပြီး ပိုင်ချူးရန်သည် ၁၀ ရာခိုင်နှုန်းသော ဓားစွမ်းအင်များကို အလုံးစုံ ထုတ်လွှတ်သည်။ ထိုစွမ်းအင်များသည် ယိုယွင်းနေသော ကောင်းကင်နတ်ဘုရားများ၏ ကောင်းကင်နန်းတော်မှ နောက်ဆုံးကျန်ရစ်သော အပျက်အစီးများကို ပြာမှုန့်များအဖြစ် တိုက်စားသွားပြီး ဂလက်ဆီ ဘီလူးကြီး၏ တောင်တမျှ ဧရာမ ခန္ဓာကိုယ်ကြီးမှာလည်း ဤပြိုင်ဘက်ကင်း ဓားအလင်းတန်း၏ ထိုးဖောက်မှုကို ခံလိုက်ရကာ အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရသည်။

သူသည် ပိုင်ချူးရန်နှင့် ရင်ပေါင်တန်းနိုင်လောက်သည့် ကျော်လွန်သော စွမ်းအားပမာဏကို ပိုင်ဆိုင်ထားသော်ငြား ထိုစွမ်းအားများကို အသုံးပြုပုံ နည်းစနစ်ပိုင်းနှင့် ယှဉ်ကြည့်လျှင်မူ မူလပိုင်ရှင်ဖြစ်သော ပိုင်ချူးရန်ထက် အဆပေါင်းများစွာ နိမ့်ကျနေဆဲပင်။

အကူအညီမဲ့သွားသော ဂလက်ဆီ ဘီလူးကြီးသည် အရှေ့စွန်းနတ်ဘုရင်၏ ခေါင်းလောင်းကို အသည်းအသန် လှုံ့ဆော်လိုက်ရ၏။ ခေါင်းလောင်း မြည်သံများသည် ကောင်းကင်တစ်ခုလုံးကို အသေးငယ်ဆုံး အပိုင်းအစများအဖြစ် ဆုတ်ဖြဲပစ်ပြီး အဆုံးအစမဲ့သော ဟင်းလင်းပြင် မုန်တိုင်းများသည် လေဟာနယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ သို့သော် ပိုင်ချူးရန်ကမူ အကြောက်အလန့်မရှိဆဲပင်။ ဓားအလင်းတန်းသည် ဟင်းလင်းပြင် မုန်တိုင်းကို ထိုးဖောက် ဆုတ်ဖြဲသွားပြီး ကောင်းကင်နှင့် မြေကြီးအနှံ့တွင် ကြာပန်းပေါင်းများစွာ ပွင့်လန်းလာကာ ထိုကြာပန်းများ၏ အလယ်ဗဟိုမှ မရေမတွက်နိုင်သော ဓားချီမုန်တိုင်းများ အပြင်းအထန် ထွက်ပေါ်လာ၏။

ခဏတာမျှ ကောင်းကင်နှင့် မြေကြီး၏ အရပ်မျက်နှာ အနှံ့အပြားတွင် ဂလက်ဆီ ဘီလူးကြီး တစ်ကောင်လုံးသည် ကောင်းကင်ယံရှိ ဓားအလင်းတန်းများ ဝန်းရံတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။

All Chapters