← Chapters

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃

Vol. 6 Ch. 53

Chapter 53

“ဘယ်လို။”

စုယွမ်မှာ ရှုပ်ထွေးစွာ ပြန်မေးလိုက်သည်။

“ငါမင်းကို တစ်ဆယ်ရာခိုင်နှုန်းအမြတ်ပေးမယ်။ မင်းက ဒီလောင်းကစားပွဲမှာ မင်းမျက်နှာဝင်ပြပေးရမယ်။ ငါက ကျန်တဲ့သတင်းလွှင့်ဖို့ရယ် အဆက်အသွယ်တွေရယ်ကို တာဝန်ယူတယ်။”

ဂိုဏ်းချုပ်ကု ဆက်ပြောလာသည်။

“ပြောရရင် ဝိညာဉ်ကျောက်တုံးတစ်သိန်းလောက်က အေးဆေးရလောက်တာကို၊ တစ်ဆယ်ရာခိုင်နှုန်းဆိုရင် ကျောက်တုံးတစ်သောင်းလောက်ရမှာနော်။”

“ခင်ဗျားက အဲ့ဒီလောက်အဆက်အသွယ်ရှိလို့လား။”

“ငါက တကယ့်ကို အဆက်အသွယ်များတဲ့ အတွင်းဆောင်ကလူလေ။”

ဂိုဏ်းချုပ်ကုက ခပ်ယဲ့ယဲ့ပြုံးလာသည်။

“မဖြစ်ဘူး၊ ဆိုးကျိုးကပိုများလိမ့်မယ်။”

စုယွမ် ခေါင်းခါလိုက်သည်။

“နှစ်ဆယ်ရာခိုင်နှုန်းပေးမယ်။”

ဂိုဏ်းချုပ်ကု လက်နှစ်ချောင်းထောင်ပြလိုက်သည်။

စုယွမ် တုံ့ဆိုင်းသွားသော်လည်း ခေါင်းခါလိုက်ဆဲပင်။

“ဂိုဏ်းတူအစ်ကိုကု၊ ကျွန်တော် အဲ့ဒီလိုလူမျိုးမဟုတ်ဘူးဗျ။”

“သုံးဆယ်ရာခိုင်နှုန်း။”

ဂိုဏ်းချုပ်ကု လက်နောက်တစ်ချောင်းထပ်ထောင်လိုက်သည်။

စုယွမ်မှာ ကုချင်းကျူးကို စိုက်ကြည့်လိုက်ပြီး တုံ့ဆိုင်းစွာ ပြောလိုက်၏။

“တကယ်ပဲ ဒါနဲ့ပတ်သတ်တဲ့တားမြစ်ထားတဲ့စည်းကမ်းမရှိဘူးနော်။”

“မင်း သွားပြီး ဂိုဏ်းစည်းမျဉ်းတွေကို ပြန်ကြည့်လိုက်လို့ရတယ်။ တကယ်မရှိဘူး။ ဂိုဏ်းက အရေးယူလာရင်တောင် အများဆုံးက ဝိညာဉ်ကျောက်တုံးတွေကို သိမ်းသွားရုံပဲ၊ ဘာအပြစ်မှပေးမှာမဟုတ်ဘူး။’

ဂိုဏ်းချုပ်ကု အသေအချာပြောလိုက်သည်။

“ဂိုဏ်းတူအစ်ကို၊ ကျွန်တော့်ကိုဒီလောက်တောင် ယုံတာလား။ ကျွန်တော်တို့ အခုမှ တွေ့ဖူးတာလေ။”

စုယွမ်ပြောလိုက်သည်။

“ငါမြင်မြင်ချင်း မင်းနဲ့ရေစက်ပါသလို ခံစားလိုက်ရလို့ပါကွာ။’

ဂိုဏ်းချုပ်ကု ထပ်ပြောလိုက်သည်။

“ငါက ဝိညာဉ်ကျောက်တုံးတွေဘာတွေစိတ်ဝင်စားတာမဟုတ်ဘူး။ ဒီအတိုင်း လောင်းကစားဝိုင်းထောင်တာက ပျော်ဖို့ကောင်းမယ်ထင်လို့လေ။ နောက်ပြီး ဒီကိစ္စအတွက် မင်းကအဆင်ပြေလောက်တယ်ထင်လို့။”

စုယွမ်လည်း ချက်ချင်း ဂိုဏ်းစည်းမျဉ်းများကို ပြန်တွေးလိုက်ရာ တကယ်ကို ထိုသို့သောလောင်းကစားကိစ္စနှင့်ပတ်သက်ပြီး ဘာမှသတ်မှတ်ထားသည်ကိုမတွေ့ရပေ။ အပြစ်ဖို့ပေးရန်မပြောပါနှင့်၊ ထိုကိစ္စနှင့်ပတ်သက်ပြီး စာတစ်လုံးတောင် မပါခြင်းဖြစ်၏။

“ကျွန်တော်စဥ်းစားကြည့်ဦးမယ်။”

စုယွမ် ပြောလိုက်သည်။

“မနက်ဖြန် ငါမင်းကို အဲ့ဒီအတွင်းတပည့်ပြိုင်ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေပေးမယ်။ မင်းငါ့အရည်အချင်းကို အရင်ကြည့်လို့ရတယ်။ ပြီးမှ ပြန်ဆုံးဖြတ်ပေါ့။”

ဂိုဏ်းချုပ်ကု အနည်းငယ်ရယ်မောလိုက်သည်။

“အဲ့ဒါဆိုရင် ကျွန်တော်တို့ မနက်ဖြန်မှဆက်ပြောကြတာပေါ့။”

စုယွမ် ခေါင်းညိတ်လိုက်သည်။

စုယွမ်မှာ သူ ထိုသုံးဆယ်ရာခိုင်နှုန်းကို အလွယ်လေးရနိုင်သည်ကိုသိ၏၊ သို့သော် သူ ဖြစ်လာနိုင်မည့်ပြဿနာများကို တွေးနေမိသည်။ သို့သော် ဖြစ်လာနိုင်သည့်အန္တာရယ်နှင့် ရရှိလာနိုင်သောအကျိုးအမြတ်မှာ အချိုးကျလှရာ အကျိုးအမြတ်ရသွားလျှင်လည်း ဝိညာဉ်ကျောက်တုံးတစ်သိန်းနီးပါးရလောက်ပေမည်။ ဘဝရှိ ကြွယ်ဝမှု၊ အပေါင်းအဖော်၊ ပညာ၊ အိမ်ယာတို့တွင် ကြွယ်ဝမှုသည်သာ ကျန်လေးခုကိုဆောင်ကျဥ်းပေးလာနိုင်သည်ပင်။

အဆိုးဆုံးဖြစ်လာလျှင်တောင် သူ လျှို့ဝှက်နယ်မြေထဲ ဝင်ပုန်းလိုက်ရုံသာ၊ အခြားသူများက လိုက်မလာနိုင်ပါချေ။

အရိုးသားဆုံးပြောရလျှင် စုယွမ် တုံ့ဆိုင်းမိသော်လည်း သူ စွန့်စားကြည့်နေချင်ဆဲပင်။

သူတို့နှစ်ဦးခွဲခွာပြီးသည့်နောက်တွင် တပည့်အယောင်ဆောင်ထားသည့်ဂိုဏ်းချုပ်ကုက ရွှေအမြူတေအဆင့်အကြီးအကဲကိုဆင့်ခေါ်ကာ အတွင်းဆောင်ပြိုင်ပွဲတွင် ဝင်ရောက်ကြသည့် တပည့်များစာရင်းကိုတောင်းလိုက်၏။ တစ်ချိန်တည်းတွင်ပင် သူ ကုချင်းကျူးဟုအမည်ရသည့်အတွင်းတပည့်တစ်ယောက်စာရင်းကိုလည်း အတုလုပ်ခိုင်းထားလိုက်သည်။

စုယွမ်ကတော့ စုန့်ချိုက်ကိုဆင့်ခေါ်ပြီး ယခင်နှစ်များတွင် လောင်းကစားပွဲရှိခဲ့သလားဆိုသည်နှင့် ကုချင်းကျူးဟူသောလူအကြောင်း စုံစမ်းခိုင်းလိုက်သည်။

စုန့်ချိုက်ကလည်း အချိန်ရွေ့မထားရဲဘဲ ညတွင်းချင်းစုံစမ်းလာခဲ့သည်။

ထိုနေ့ညဥ့်နက်သည့်အချိန် သူ စုယွမ်ကို စုံစမ်းရရှိသမျှကို ပြန်လာပြောဖြစ်၏။

“ဂိုဏ်းတူအစ်ကို၊ ဒီနှစ်ထဲ ဘယ်သူကမှ လောင်းပွဲတွေမလုပ်ဖူးပါဘူး။ လူတိုင်းက အဲ့ဒါကို ဂိုဏ်းစည်းကမ်းနဲ့မညီဘူးထင်နေကြတာ။ ဒါပေမဲ့ တကယ့်တကယ်မှာ အဲ့ဒီလိုစည်းကမ်းမျိုးရှိမနေပါဘူး။ နောက်ပြီး ကုချင်းကျူးဆိုတဲ့နာမည်နဲ့ သာလွန်တောင်ထိပ်မှာတကယ်ပဲအတွင်းတပည့်တစ်ယောက်ရှိပါတယ်။ သူရဲ့ကျင့်ကြံဆင့်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိတယ်ဆိုတာကလွဲပြီး ကျန်တာ စုံစမ်းမရပါဘူး။”

စုန့်ချိုက် ပြောလိုက်သည်။

စုယွမ် သူ့မေးစေ့သူ သပ်လိုက်၏။

“သူက တကယ့်အတွင်းတပည့်ဆိုတော့ ဝိညာဉ်ကျောက်တုံးတစ်သိန်းလောက်ကတော့ တကယ်ပဲတတ်နိုင်လောက်တယ်။ အခြားသူတွေက ငါ သုံးဆယ်ရာခိုင်နှုန်းဝေစုရမှာမသိဘူးဆိုတော့ ငါ့ကို ဒီအတိုင်းအတွင်းတပည့်တစ်ယောက်က လွှတ်ထားတဲ့လူလို့ပဲ ထင်နိုင်တယ်။”

သူ ဤကိစ္စအား အဆင်ပြေနိုင်သည်ဟုမြင်သည်။ ငွေကြေးမှာအဓိကမဟုတ်ဘဲ သူက အခြားသူများကို ကူညီပေးရတာနှစ်သက်ရုံသာဖြစ်သည်။

ဤကိစ္စက အနည်းငယ်အန္တာရယ်များသော်ငြား စုယွမ်တွင် အဆိုးဆုံးဖြစ်လာလျှင် ထုတ်သုံးရန် ဖဲချပ်များရှိသေးလေသည်။ ထို့အပြင် သူ ဤကိစ္စမှတဆင့် ကျော်ကြားမှုအမှတ် နည်းနည်းလောက်တောင် သဲ့ယူနိုင်လောက်သေး၏။

သူ ကျော်ကြားမှုအမှတ်အတွက် ထိုမျှမစွန့်စားချင်သော်ငြား ဂိုဏ်းအတွင်းဖြစ်ရာ အန္တာရယ်မများလောက်ပါပေ။ ယခုတစ်ခေါက်အခွင့်အရေးကလည်း အတော်လေးကောင်းမွန်နေရာ တစ်ချက်လောက် ကြိုးစားကြည့်ရန့ထိုက်တန်ပေသည်။

သူ တွေးနေရင်း စနစ်မျက်နှာပြင်ကို ကြည့်လိုက်ရာ အလွန်အံ့သြသွားတော့သည်။

【အမည်】: စုယွမ်

【နယ်မြေ】: ချင်းခယ်ကုန်းမြေ

【အဆင့်】: ကျော်ကြားမှုမြင့်တက်နေဆဲ (1126 / 10000)

【ကျင့်ကြံမှုအဆင့်】: ချီစုဆောင်းခြင်းအဆင့်လေး (99/ 100)

【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု: သင်က အလုပ်နဲ့နားနေမှု ပေါင်းစပ်မှုအချိုးမှာ အလွန်တော်လာမည်။ သင် ပို၍ကြာကြာနားနေလေ၊ ကျင့်ကြံမှု၏အကျိုးသက်ရောက်မှု ပိုကောင်းလာမည်။ လက်ရှိနားချိန် : ၄၁ရက်နှင့်၈နာရီ။

【ပါရမီစွမ်းရည်နှစ်】: တာအိုပညာနှင့်သဘာဝ: သင်က သဘောဝတရားကို ရှုမြင်ရာတွင် အလွန်တော်လာမည်။ ထို့အတွက် ကောင်းကင်နှင့်မြေကြီး၏ဆန်းကြယ်မှုမှတဆင့် တာအိုပညာကို ပို၍လွယ်ကူစွာ ရှာဖွေနိုင်ပေမည်။

【ပါရမီစွမ်းရည်သုံး】: ရွေးချယ်ရန်။

“ဘယ်တုန်းက ကျော်ကြားမှုအမှတ်က ဒီလောက်မြင့်သွားပြန်တာလဲ။ တစ်ရက်ပဲရှိသေးတာကို။”

စုယွမ် ရှုပ်ထွေးသွားရသည်။

“စနစ်သံပိတ်ထားတာက အဆင်မပြေဘူးပဲ။ ပြန်ဖွင့်လိုက်တော့မယ်။”

စုယွမ်ပြောပြီး ခဏမျှစောင့်နေသော်လည်း မည်သည့်အမှတ်ထပ်တိုးလာသည်ကိုမတွေ့ချေ။

စုယွမ်လည်း ခေါင်းသာခါလိုက်ပြီး သူ့အကြည့်ကို ပါရမီစွမ်းရည်သုံးဆီသို့သာ ပို့လိုက်၏။

ထို့နောက် စာကြောင်းသုံးခုမှာ သူ့အမြင်အာရုံထဲ ပေါ်လာလေသည်။

【ခွဲခြမ်းစိပ်ဖြာ】: သင်က စိတ်အာရုံကိုခွဲခြမ်းစိတ်ဖြာရ၌ အလွန်တော်လာလိမ့်မည်။ ဤသို့ဖြင့် တာဝန်များစွာကို တပြိုင်နက်ထဲ ဆောင်ရွက်လာနိုင်လိမ့်မည်။

【မရီဒျာန်ပွင့်လှစ်】: သင်၏မရီဒျာန်များအားလုံးပွင့်သွားပြီး ကျင့်ကြံဆင့်အလွန်လျင်မြန်လာလိမ့်မည်။

【ခုနစ်စဥ်ကြယ်】: သင့်တွင် ခုနစ်စဥ်ကြယ်နှင့် ဆန်းကြယ်သောချိတ်ဆက်မှုရှိလာမည်ဖြစ်ပြီး သင့်အတွက် အကျိုးများစွာ ရှိလာလိမ့်မည်။

စုယွမ် တွေးတောနေသည်။ သူ ဒုတိယတစ်ခုကိုတော့ ပယ်လိုက်၏၊ အကြောင်းမှာ သူ့တွင် အလုပ်နှင့်နားနေဖလှယ်မှုရှိနေရာ ကျင့်ကြံနှုန်းမှာ ယခင်ကတည်းကအလွန်မြန်လွန်းနေပြီဖြစ်သည့်အတွက် ဤအရာမှာ သိပ်၍အသုံးဝင်မည်မဟုတ်။

ထို့နောက် အလုပ်များစွာလုပ်နိုင်သောပထမဆုံးတစ်ခုကို တွေးမိသွားသည်။ ဤတစ်ခုမှာ ကောင်းပြီး တိုက်ခိုက်စွမ်းရည်ကိုပင် မြင့်တင်ပေးနိုင်သည်။ သာမန်ကျင့်ကြံသူတစ်ဦးမှာ လက်နက်တစ်ခု၊နှစ်ခုလောက်ကိုသာ တစ်ကြိမ်တွင် ကိုင်ဆွဲနိုင်မည်ဖြစ်သော်လည်း သူကတော့ တစ်ချိန်တည်းတွင် လက်နက်လေးငါးခုနှင့် တိုက်ခိုက်နိုင်လောက်ပေမည်။

သူ အတွင်းဆောင်တပည့်ပြိုင်ပွဲတွင် ဤစွမ်းရည်နှင့်ဆိုပါက ပို၍အဆင်ပြေနိုင်လောက်၏။

သို့သော် စုယွမ်မှာ စာအုပ်များစွာဖတ်ဖူးသည့်အတွက် အချို့ထူးခြားသောကျင့်စဥ်များတွင်လည်း ဤစွမ်းရည်ရှိကြောင်းသိသည်။ အထူးသဖြင့် မန္တန်တောင်ထိပ်၏ အထူးကျင့်စဥ်များမှာဆို ပို၍ကျော်ကြား၏။ နောက်တစ်ချိန်တွင်လည်း သူထိုကျင့်စဥ်များကို လေ့ကျင့်နိုင်သည်ဖြစ်ရာ ဤအတွက်ကို စွမ်းရည်အဖြစ်ရွေးလိုက်ပါက အလကားဖြစ်သွားလိမ့်မည်သာ။

နောက်ဆုံးတစ်ခုမှာ သေချာဖော်ပြမထားဘဲ ဆန်းကြယ်နေသော်ငြား စုယွမ်ကတော့ ဤစွမ်းရည်မှာ သူ၏ပါရမီစွမ်းရည်နှစ်နှင့် သက်ဆိုင်နေမည်ဟု ခံစားရသည်။

ထို့ကြောင့် စုယွမ် ခုနစ်စဥ်ကြယ်ဟူသော စွမ်းရည်ကိုသာ ရွေးချယ်လိုက်၏။

သူ အတွေးဖြင့် ထိုစွမ်းရည်ကို ရွေးချယ်လိုက်သည်။

ချက်ချင်းကိုပင် 【ခုနစ်စဥ်ကြယ်】စွမ်းရည်က အစွမ်းပြလာ၏။

စုယွမ်လည်း မော့ကြည့်လိုက်တော့ ကောင်းကင်တွင် ကြယ်စဥ်ခုနစ်ခုချက်ချင်းတောက်ပလာတာကို မြင်လိုက်ရသည်။ ခုနစ်ခုသောကြယ်တို့၏အလင်းမှာ ကောင်းကင်ယံကိုဖြတ်၍ သူ့ကိုယ်ပေါ်ဖြာကျလာ၏။

ထိုအချိန်တွင်ပင် စုယွမ်လည်း ပထမစွမ်းရည်ဖြစ်သော 【အလုပ်နှင့်နားနေဖလှယ်မှု】ကို အသက်သွင်းလိုက်တော့သည်။

ဤသို့ဖြင့် စနစ်မျက်နှာပြင်ပေါ်ရှိ နားနေချိန်မှာ သုညသို့ရောက်ရှိသွားလေသည်။

All Chapters