← Chapters

အခန်း ၅၄

Vol. 6 Ch. 54

အခန်း ၅၄

Vol. 6 Ch. 54

Chapter 54: ခုနစ်စဥ်ကြယ်အလင်းပွင့်ခြင်း။

အလုပ်နှင့်နားနေဖလှယ်မှုမှာ အသက်ဝင်သွား၏။ နားချိန်၄၁ရက်နှင့်၉နာရီမှာ ၄ရက်နှင့်၂နာရီကျင့်ကြံချိန်အဖြစ် ပြောင်းလဲသွားသည်။

စုယွမ်လည်း အရင်တစ်ခေါက်တုန်းကလို အချိန်ကိုထပ်ချုံ့ရန် ကြိုးစားလိုက်သည်။

သူ၏ကြိုးစားမှုအောင်မြင်သွား၏။

ထို၄ရက်နှင့်၂နာရီကြာချိန်မှာ အချိန်ငါးနာရီအထိ ချုံ့သွားလေပြီး ကျင့်ကြံနှုန်းကလည်း ပို၍တိုးမြင့်လာသည်။

ခုနစ်စင်ကြယ်၏အလင်းတို့က ကောင်းကင်ယံကို ဖြတ်ကျော်ကာ စုယွမ်ထံ ကျရောက်လာ၏။

ပထမဦးစွာဖြင့် ထိုကြယ်တို့၏ပကတိပုံစံမှာ စုယွမ်၏အမြင်အာရုံထဲတိုးဝင်လာသည်။ ထို့နောက်တွင်တော့ ရုတ်ချည်း ခုနစ်စဥ်ကြယ်မှာ ကြွေကျလာပြီး စုယွမ်၏ကိုယ်အတွင်းသို့ တိုးဝင်ကာ ပင်မခုနစ်ကြယ်ဝိညာဉ်သွေးကြော အဖြစ် နေရာယူသွားကြ၏။ ဤသို့ဖြင့် စုယွမ်၏ခန္ဓာနှင့်စိတ်ဝိညာဥ်မှာ ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ပြီးသားဖြစ်သွားလေသည်။

စုယွမ်၏အတွေးထဲ ရှုပ်ယှက်ခက်နေသောအရာများ ရုတ်ချည်း ရှင်းလင်းသွားပြီး အတွေးများမှာ ပို၍မြန်စွာတိကျလာရာ နားလည်မှုနှုန်းမှာလည်း မိုးထိတိုင် တိုးမြင့်သွားတော့သည်။

တာအိုပညာနှင့်သဘာဝစွမ်းရည်ကလည်း အလိုအလျောက် အသက်ဝင်လာခဲ့သည်။ ခုနစ်စဥ်ကြယ်၏အစွမ်းပကားများမှာ ထိုစွမ်းရည်နှင့်လိုက်ဖက်ညီနေပြီး ကောင်းကင်နှင့်မြေကြီးအပေါ် နားလည်နိုင်စွမ်းကို ပို၍တိုးမြင့်သွားစေ၏။

သူ လျှိုဝှက်နယ်မြေထဲတွင် ရရှိခဲ့သော ထောင်ချီစီရင်ပညာ၊ ဓါးပြိုင်ကျင့်စဥ်၊ ကောင်းကင်မြေပထဝီအဆောင်နိယာမ၊ ထို့အပြင် မူလရှိသော ဆန်းကြယ်စစ်မှန်ကျင့်စဥ်နှင့် မီးသစ်သားဝိညာဉ်စုစည်းကျင့်စဥ်တို့အတူ သူ မှတ်ရှုမှတ်သားခဲ့သော ကျင့်ကြံရေးစာအုပ်များအားလုံးက ဤအချိန်အခိုက်အတန့်လေးအတွင်း သူ၏စိတ်သန္တန်သို့ ဒီရေအလား အလျှံအပယ် ဝင်ရောက်လာကြ၏။

ထို့နောက် သဘောနားလည်သွားသောခံစားချက်လှိုင်းအစုံတို့မှာ သူ၏နှလုံးသားထဲ တိုးဝင်လာကြသည်။ သူ၏ခန္ဓာကိုယ်တွင် ခုနစ်စဥ်သောသွေးကြောများက လည်ပတ်နေကြသလို သူ၏အသိစိတ်ပင်လယ်အတွင်းတွင်လည်း ခုနစ်စဥ်ကြယ်ဟာ ထွန်းလင်းနေ၏။ သူက အနှီကြယ်ခုနစ်လုံးအပေါ် လျှောက်လှမ်းကာ ၎င်းတို့၏စွမ်းအင်ကိုခံစားနေလိုက်သည်။

ဤသို့ဖြင့် စုယွမ်မှာ တာအိုပညာကို နားလည်သဘောပေါက်လာရတော့သည်။

ဥာဏ်အလင်းပွင့်ခြင်းများ ဆက်တိုက်ဖြစ်လာသလို သူဟာ ကိုယ်ပိုင်မန္တန်ကိုတောင် စတင်ဖန်တီးနိုင်တော့ချေပြီ။

သူ ခုနစ်စဥ်ကြယ်တို့၏အစွမ်းပကားကိုအခြေခံယူသည်၊ တပါးတည်း ဓါးပြိုင်ကျင့်စဥ်ကို ပင်မ၊ ထောင်ချီစီရင်ပညာကို ထောက်တိုင်၊ ကောင်းကင်မြေပထဝီအဆောင်နိယာမကိုကား ကောင်းကင်ယံနှင့်ချိတ်ဆက်နိုင်ရန် အသုံးချကာ ဆန်းကြယ်ပကတိချီစွမ်းအင်တို့၏အကူအညီဖြင့် ခုနစ်စဥ်ကြယ်

ဓါးကျင့်စဥ်ကို ဖွဲ့စည်းနိုင်ခဲ့၏။

ထို့နောက်တွင် သူ့ကိုယ်တွင်းရှိ ကြယ်ခုနစ်စင်းသွေးကြောတို့ကိုအသုံးပြုကာ ခုနစ်စဥ်ကြယ်သန့်စင်ကျင့်စဥ် ကို ဖန်တီးလိုက်သည်။

ထပ်မံ၍တခါ သူ၏အသိစိတ်ပင်လယ်တွင် ထွန်းတောက်နေသော ကြယ်တို့ကို အသုံးချကာ ခုနစ်စဥ်ကြယ်နတ်ဘုရားကျင့်စဥ်ကိုပါ ဖန်းးလိုက်၏။

ထိုတွင်သာမက သူ၏အပေါ်တွင် ဖြာကျနေသော ကြယ်စဥ်တို့၏အလင်းရောင်အခြေပြု၍ ခုနစ်စဥ်အကာအကွယ်ကျင့်စဥ်နှင့် ကြယ်အပေါ်လျှောက်လှမ်းရသည့် ခံစားချက်ကို အမှီပြုကာ ခုနစ်စဥ်လွှင့်မြောခြေလှမ်းကျင့်စဥ်ကို ဖန်တီးလိုက်သည်။

သူ ကောင်းကင်ယံကို မော့ကြည့်လိုက်သည်၊ ထို့နောက်တွင် သူ ကောင်းကင်မြေပထဝီအဆောင်နိယာမဖြင့်ယှဥ်တွဲ၍ တွေးလိုက်ရာ ကောင်းကင်ကွဲဖြာပညာကိုနားလည်သွားပြီး ကြယ်ခုနစ်စင်းခွဲဖြာကျင့်စဥ်မှာ ခေါင်းထဲ ဝင်ရောက်လာခဲ့သည်။

သူလည်း ဖြာကျနေသော ကြယ်အလင်းတို့၏အကူအညီနှင့်အတူ ဆန်းကြယ်ပကတိချီစွမ်းအင်ကို ထပ်ဖြည့်လျက် မီးသစ်သားဝိညာဉ်စုစည်းကျင့်စဥ်ကိုလည်း အဆင့်မြှင့်လိုက်၏။

ကျန်ရှိနေသေးသောအချိန်များကို အသုံးချကာ စုယွမ်လည်း ခန္ဓာကိုယ်အတွင်းသို့ ကြယ်စွမ်းအင်တို့ကို စုဆောင်းနေလိုက်သည်။ ထိုကြယ်စွမ်းအင်တို့က သူ၏ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်၊ စိတ်ဝိညာဥ်အာရုံတို့နှင့်အတူ ကျင့်ကြံဆင့်ကိုပါ တစ်ပြိုင်နက်တည်း တိုးမြင့်ပေးနိုင်သည်ပင်။

များပြားလှသောကြယ်စွမ်းအင်တို့ကို သူ၏ခန္ဓာကိုယ်အတွင်းဝင်ရောက်ကာ သုံးပိုင်းခွဲ၍ ရုပ်ပိုင်းဆိုင်ကြံခိုင်မှု၊ အသိစိတ်ပင်လယ်နှင့်အတူ ဒန်ထျန်အတွင်းသို့ အသီးသီးဝင်ရောက်သွားကြသည်။ ဒန်ထျန်အတွင်းတွင် မူလကတည်းက ဆန်းကြယ်ပကတိချီစွမ်းအင်တို့ ရှိနေပြီးဖြစ်ရာ ယခု ကြယ်စွမ်းအင်တို့ကပါ ဝင်ရောက်လာသောကြောင့် အတားအဆီးများကို အရှိန်အဟုန်ဖြင့် တိုးဝင်ချိုးဖောက်တော့သည်။

ချီစုဆောင်းခြင်းအဆင့်၏အစောပိုင်းအဆင့်တွင် ဝိညာဉ်သွေးကြောသုံးခုက အဆင့်တစ်ခုကို တက်စေသည်၊ အလယ်ပိုင်းအဆင့်တွင်မူ ဝိညာဉ်သွေးကြောကိုးခုကသာ အဆင့်တက်စေပြီး နှောင်းပိုင်အဆင့်တွင်မူ ဝိညာဉ်သွေးကြော၂၇ခုက အဆင့်တစ်လွှာတက်စေကာ စုစုပေါင်းအဆင့်ကိုးဆင့်ရှိလေသည်။

အဆင့်မြင့်လာလေလေ၊ ဝိညာဉ်သွေးကြောဖွင့်ရန် ခက်ခဲမှုကလည်း ပို၍မြင့်လာသည်သာ။

စုယွမ်မှာ ပထမဆုံးဝိညာဉ်သွေးကြော၁၈ခုဖွင့်ရန် ဆန်းကြယ်ပကတိချီမျှင် တစ်သိန်းလောက်ကို အသုံးပြုခဲ့ရသည်။ တချိန်တည်းမှာတင် တစ်သိန်းသောချီမျှင်တို့မှာ ထပ်မံ၍ သူ့ခန္ဓာထဲသို့ ဝင်ရောက်လာ၏။ထိုချီမျှင်တို့၏သုံးပုံတစ်ပုံမှာ ရှောင်ချိုက်ထံမှရရှိလှသော သုံးရောင်ခြယ်ဝိညာဉ်ချည်မျှင်တို့ဖြစ်ပြီး ကျန်သုံးပုံတစ်ပုံကတော့ ခုနစ်ကြယ်၏အစွမ်းပကားများဖြစ်၏။ နောက်ဆုံးကျန်ရှိသောသုံးပုံတစ်ပုံစာ ဝိညာဉ်ချီမျှင်တို့ကသာ သူ၏အလိုအလျောက် ချီစုဆောင်းခြင်းများက ရခြင်းဖြစ်လေသည်။

ဤမျှများသော ဆန်းကြယ်ပကတိချီစွမ်းအင်မှာ သူ ဆက်၍ဝိညာဉ်သွေးကြောတို့ကို တည်ဆောက်နိုင်ရန် လိုလောက်ပေ၏။

သူ စစကျင့်ကြံချင်းအချိန်တွင် ခုနစ်စဥ်ကြယ်တို့၏အစွမ်းကြောင့် ဝိညာဉ်သွေးကြောခုနစ်ခုက အလိုအလျောက် ပွင့်လှစ်သွားသည်ကတော့ တကယ်ကို အလကားရရှိသောအကျိုးအမြတ်ပင်။ ထိုသွေးကြောခုနစ်ခုက သူအားစိုက်ထုတ်စရာမလိုဘဲ အလိုအလျောက်ကို ဝိညာဉ်သွေးကြောတစ်ခုကိုလည်း ဖွင့်လှစ်ပေးနိုင်စွမ်းရှိရာ အလွန်အသုံးဝင်လှ၏။

စုယွမ်လည်း တွေးနေတာရပ်လိုက်ပြီး ဝိညာဉ်သွေးကြော၁၉ခုမြောက်ကို စတင်တည်ဆောက်လိုက်၏။

သူ၏မီးသစ်သားဝိညာဉ်စုစည်းကျင့်စဥ်မှာ တော်တော်လေးကို အဆင့်မြင့်သွားသည့်အတွက် ဝိညာဉ်ချီမျှင်သုံးစွဲမှုနှုန်းများလည်း များစွာ လျော့ကျသွားသည်။ ထိုမှတဆင့် စုယွမ်မှာ ဆန်းကြယ်ပကတိစွမ်းအင်ချီမျှင်သုံးထောင်လောက်ကိုသာ သုံးလျက် နောက်ထပ်ဝိညာဉ်သွေးကြောခုနစ်ခုကိုပါ ဖွင့်လှစ်နိုင်ခဲ့၏။ ကြယ်ခုနစ်စင်းသွေးကြောကြောင့် အလိုအလျောက်ရရှိလာသောဝိညာဉ်သွေးကြောတစ်ခုကိုပါပေါင်းလိုက်သော် စုယွမ်မှာ ချီစုဆောင်းခြင်းအဆင့်ငါး၏အထိပ်အထွဋ်အဆင့်ကို တက်လှမ်းသွားတော့သည်။

ကြယ်ခုနစ်စင်းသွေးကြောမှာ အလွန်အသုံးဝင်လှသည်ပင်။

စုယွမ် ဆက်လက်၍အဆင့်တက်ရန်ကြိုးစားလိုက်သည်။ ချီစုဆောင်းခြင်းအဆင့်ခြောက်တက်ရန် ဝိညာဉ်စွမ်းအင် လိုအပ်ချက်မှာ ပို၍ မြင့်မားလာ၏။ ကျန်ရှိနေသော ဝိညာဉ်ချီမျှင်များက ဝိညာဉ်သွေးကြောခုနစ်ခုကိုဖွင့်လှစ်ပြီးနောက် ကုန်ခမ်းသွားလေသည်။ သူ အလိုအလျောက်ရရှိသော ဝိညာဉ်သွေးကြောတစ်ခုကို ထပ်ပေါင်းလျှင်တောင်မှ ချီစုဆောင်းခြင်းအဆင့်ခြောက်ကိုရောက်ရန် ဝိညာဉ်သွေးကြောတစ်ခု လိုအပ်နေသေးလေသည်။

စိတ်ဆုံးဖြတ်ထားသောစုယွမ်ကတော့ နည်းနည်းမျှပင်တုံ့ဆိုင်းမနေဘဲ အနိမ့်တန်းဝိညာဉ်ကျောက်တုံး ၂၄၀၀ကိုသုံး၍ ချီစွမ်းအင်တို့ကို စုဆောင်းလိုက်သည်။

ကြယ်စွမ်းအင်တို့ကလည်း အဆက်မပြတ် ဆန်းကြယ်ပကတိချီစွမ်းအင်အဖြစ် ကူးပြောင်းနေကာ စုယွမ်ကို ဝိညာဉ်သွေးကြောဆက်လက်တည်ဆောက်နိုင်ရန် အားဖြည့်ပေးနေကြ၏။

All Chapters