← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

Chapter 58: ကိုးစဥ်ကြယ်နှီးနွယ်ဓါးရှည်ဟူသော ရတနာဓါးတစ်လက်ကိုပိုင်ဆိုင်ခြင်း။

ညအချိန်အခါသမယတွင် လောင်းကစားဝိုင်းကို ပိတ်လိုက်တော့သည်။

လျှို့ဝှက်နေရာတစ်ခုတွင် စုယွမ် ဂိုဏ်းတူအစ်ကိုကုနှင့် သွားရောက်တွေ့ဆုံလိုက်၏။

စုယွမ်မှာ အနည်းငယ်စိတ်လှုပ်ရှားနေသော်ငြား ကုချင်းကျူးကတော့ ပုံမှန်အတိုင်းသာ။

စုယွမ်လည်း သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“ဂိုဏ်းတူအစ်ကို၊ ကျွန်တော်တော့ ဒီဟာကို မထိန်းချုပ်နိုင်တော့မှာစိုးတယ်။ ခင်ဗျားက ရွှေအမြုတေအဆင့်အကြီးအကဲတွေနဲ့ပါ အဆက်အသွယ်ရှိနေတာလား။ အဲ့ဒီလိုဆိုရင် ကျွန်တော်တို့ ရလာမဲ့အကျိုးအမြတ်တွေကို သူတို့ကိုပါ ခွဲပေးရင်ရော။”

ကုချင်းကျူး၏စိတ်မှာ ရေကန်အလားတည်ငြိမ်နေမြဲ၊ သူက အပြုံးဖွဖွလေးပြုံးလာသည်။

“ဘာလို့ ဂိုဏ်းတူညီလေးက ကြောက်နေရတာလဲ။ ဝိညာဉ်ကျောက်တုံးနည်းနည်းလေးပဲလေ။ လူတွေက အဲ့ငွေလောက်လေးအတွက်နဲ့ ဂိုဏ်းသားအချင်းသတ်ဖြတ်မယ်ထင်လို့လား။”

“ဟုတ်ပါတယ်။ ဒါပေမဲ့ ဝိညာဉ်ကျောက်တုံးကတအားများလွန်းတော ကျွန်တော်နည်းနည်းလန့်နေရုံပါ။ လက်ရှိပိုင်နေတဲ့အရေအတွက်အတိအကျသာ သူများတွေသိသွားရင် ကျွန်တော်တော့ ညမပြောနဲ့၊ နေ့ဘက်ကြီးတောင် တစ်ယောက်တည်းအပြင်မထွက်ရဲလောက်တော့ဘူး။”

စုယွမ် ခါးသက်သက်ပြုံးလိုက်မိ၏။

ဂိုဏ်းချုပ်ကုက စုယွမ်ပုခုံးကို ပုတ်လိုက်သည်။

“ကိစ္စသေးသေးလေးပါကွာ၊ သေးသေးလေးပါ။’

ဂိုဏ်းချုပ်ကုသည်ကား စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်ပါရမီရှင်တစ်ဦးဖြစ်ရာ သူ မမြင်ဖူးသည့်အရာဆိုတာလည်းမရှိတော့ပေ။ သူဟာ တကယ်ကို ဤမျှလောက်သောလောင်းကစားပွဲသေးသေးလေးကို စိတ်ထဲမထည့်ပါချေ။

သူက ဤကိစ္စများက စိတ်ဝင်စားဖို့ကောင်းသည်ထင်၍သာ ဝင်ပါလိုက်ခြင်း ဖြစ်၏။ သူ စုယွမ်တစ်ယောက် အမှန်တရားကိုသိသွားသည့်အခါ ဖြစ်လာမည့်မျက်နှာကို မြင်ချင်လှသည်၊ ထိုအခါ အလွယ်ရယ်သွေးဖွယ်ကောင်းမည်ပေ။

“စကားမစပ်၊ ဝိညာဉ်ကျောက်တုံးဘယ်လောက်ရနေပြီလဲ။”

ဂိုဏ်းချုပ်ကုက သာမန်ကာလျှံကာ မေးလိုက်သည်။

“အများကြီးပဲ။ ကျွန်တော်တော့ ရွှေအမြူတေအဆင့်အကြီးအကဲတစ်ယောက်လောက်ကို ရှာသင့်တယ်ထင်တယ်။ ခင်ဗျားမှာသာ အဆက်အသွယ်ရှိရင် စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့် ကိုရှာနိုင်ရင်အကောင်းဆုံးပဲ။”

စုယွမ်၏လေသံမှာ အနည်းငယ်တုန်လှုပ်နေသည်။

“ဘယ်လောက်လဲသာအတိအကျပြောစမ်းပါ။”

ဂိုဏ်းချုပ်ကုက လက်ဝေ့ယမ်းလာသည်။

“၁.၃၈ဘီလီယံ။”

စုယွမ်လည်း ထုတ်ပြောလိုက်တော့သည်။

တည်ငြိမ်စွာမတ်တပ်ရပ်နေသော ဂိုဏ်းချုပ်ကုမှာ အနည်းငယ်တောင် ယိုင်နဲ့သွားရသည်။ သူ၏ခန္ဓာကိုယ်မှာ ယိုင်ထိုးသွားပြီး လဲကျတော့မတတ်၊ သူ၏မြင့်မားလှသောကျင့်ကြံစဥ်ကြောင့်သာ လဲကျမသွားခြင်းဖြစ်၏။ သို့သော်ငြား ခန္ဓာကိုယ်ကတော့ အနည်းငယ်တုန်လှုပ်သွားဆဲပင်။

သူ မျက်လုံးများကျယ်သွားပြီး စုယွမ်၏ပုခုံးထက်ရှိလက်များကို အားသုံးလိုက်မိသည်၊ ထို့နောက် သူ အနည်းငယ်အသက်ပြင်းပြင်းရှုကာ ထပ်မေးလိုက်သည်။

“ဘယ်လောက်၊ မင်းဘယ်လောက်လို့ပြောလိုက်တာလဲ။”

စုယွမ်၏မျက်နှာမှာ နီရဲသွားရပြီး မသက်မသာဖြင့်ထပ်ပြောလိုက်သည်။

“ဂိုဏ်းတူအစ်ကို... စိတ်အေးအေးထားပါဗျာ။”

ဂိုဏ်းချုပ်ကုလည်း လက်အားကိုသတိထားမိသွားပြီး စုယွမ်ပုခုံးထက်ရှိ လက်ကိုဖယ်ပေးလိုက်သည်။ သူလည်း စုယွမ်ပုခုံးပေါ်တွင် အင်္ကျီကြေတွန်းနေသည်များကို ပြန်ဖြန့်ကာ နွေးထွေးစွာပြန်ပြုံးလိုက်၏။

“ကောင်းပြီ။ ငါ ခဏက သိပ်မကြားလိုက်ရလို့။ ဂိုဏ်းတူညီလေးစု၊ မင်းဘယ်လောက်လို့ပြောလိုက်တာလဲ။”

“အမ်း၊ ဝိညာဉ်ကျောက်တုံး၁.၃၈ဘီလီယံပါ။”

စုယွမ် ထပ်ပြောလိုက်သည်။

ဂိုဏ်းချုပ်ကုမှာ သူ့ကိုယ်သူစိတ်ထိန်းပြီးဖြစ်သည်တောင်မှ ထပ်ကြားရလျှင် အံ့သြနေမိဆဲ။

“ဘာလို့ အဲ့ဒီလောက်တောင်များသွားရတာလဲ။”

စုယွမ်ပြောလိုက်သည်။

“အချို့တပည့်တွေက ဝိညာဉ်ကျောက်တုံးအစား ထောက်ပံ့ရေးအမှတ်တွေကိုပါ ထည့်လို့ရမလားပေးတာနဲ့ ကျွန်တော်လည်း လက်ခံလိုက်တာ။ ဒီလောက်ထိများသွားမယ်မထင်ခဲ့ဘူး။ ဒါပေမဲ့ ဒါက ဒီလိုပြိုင်ပွဲအတွက် ပထမဆုံးလောင်းကစားပွဲဆိုတော့ လူတိုင်းကဝင်ပါချင်ကြတာပဲလေ။ အဲ့ဒီလိုတွေးရင် ဒီကိစ္စက အရမ်းမကြီးကျယ်တော့ပါဘူး။”

ဒါက မကြီးကျယ်တာလား။

ဂိုဏ်းချုပ်ကုမှာ ပင့်သက်ရှိုက်မိလျက်။ သူဟာ ထိုမျှများသောဝိညာဉ်ကျောက်တုံးတို့ကို ဘယ်လိုသုံးရမလဲတောင် စဥ်းစားနေရချေပြီ။ အရေးကြီးဆုံးအချက်သည်ကား ဤအရာများကို သူ၏ကိုယ်ပိုင်ပိုင်ဆိုင်မှုဖြစ်ပေသည်။ သူ တစ်ဝက်ခွဲကာ ဂိုဏ်းရန်ပုံငွေထဲထည့်လိုက်လျှင်တောင် သူ့ကိုယ်ပိုင်အဖြစ် များစွာကျန်နေဦးမှာဖြစ်၏။

“ဘယ်လောက်လောက် မြတ်မယ်လို့မှန်းထားလဲ။”

ဂိုဏ်းချုပ်ကုမှာ အနည်းငယ်အလျင်တလိုလေသံဖြင့် မေးလိုက်မိ၏။

“မများပါဘူး၊ သိန်းတစ်ရာနှစ်ရာလောက်ပေါ့။”

စုယွမ် ပြောလိုက်သည်။

ထိုမျှနည်းသွားသော ကိန်ဂဏန်းမှာ ဂိုဏ်းချုပ်ကု၏အမူအရာကို ပြောင်းလဲသွားစေသည်။

“ဘာလို့အဲ့ဒီလောက်ပဲကျန်တော့တာလဲ။”

“အခုတောင် တော်တော်များနေပါပြီ။”

စုယွမ် ချောင်းဟန့်လိုက်၏။

“ကျွန်တော်တို့ အစတုန်းက ဝိညာဉ်ကျောက်တုံးတစ်သန်းလောက်ပဲ မှန်းထားတာမဟုတ်ဘူးလား။”

ဂိုဏ်းချုပ်ကုက စိုက်ကြည့်လာ၏။

“အတိတ်ကအတိတ်၊ ပစ္စုပ္ပန်က ပစ္စပ္ပန်ပဲ။ တကယ်လို့ ဝိညာဉ်ကျောက်တုံးတွေသာ ထပ်သဲ့ယူလို့ရဦးမယ်ဆိုရင် ရနိုင်သမျှသာယူ။”

စုယွမ် သက်ပြင်းချလိုက်သည်။

“ကျွန်တော်တို့မှာ တစ်ခုခုဆိုရင်အကာအကွယ်မရှိဘူး။ လူတွေကအများကြီး၊ သတင်းဆိုတာပျံ့လွယ်တာပဲ။ လူတိုင်းမှာ ဆင်ခြင်တုံ့တရားကရှိတော့ တကယ်ဆို ဒီလောင်းကစားဝိုင်းက အောင်မြင်ဖို့ရာခိုင်နှုန်းတောင်များခဲ့တာမဟုတ်ဘူး။ အခုက တောင်ထိပ်အချင်းချင်းကြား အပြိုင်အဆိုင်လုပ်ပေးလိုက်လို့သာ ဒီလောက်အောင်မြင်သွားရတာ။ ကံကောင်းသွားတယ်မှတ်လို့ရတယ်။”

“အင်း။ ဘယ်တောင်ထိပ်က နိုင်ဖို့များတယ်ထင်လဲ။”

ဂိုဏ်းချုပ်ကုက အချက်အလက်များကိုပြန်စဥ်းစားရင်း ပြောသည်။

“ဝိညာဉ်ရေးရာတောင်ထိပ်များလား။”

“ဖြစ်နိုင်တယ်။”

စုယွမ် ပြောလိုက်သည်။

“ဝိညာဉ်ရေးရာတောင်ထိပ်မှာက ထိပ်တန်းငါးယောက်ထဲဝင်ဖို့ မသေချာပေမဲ့ ထိပ်တန်းဆယ်ယောက်ကတော့ ဝင်ဖို့အလားအလာများတယ်။ နောက်ပြီး ဝိညာဉ်ရေးရာတောင်ထိပ်က ချီသုံးစွဲမှုမှာ ပိုပိုင်နိုင်တယ်၊ လူဦးရေရော တစ်ယောက်ချင်းစီရဲ့အရည်အသွေးကရော အရမ်းကောင်းတယ်။ များသောအားဖြင့် ပြိုင်ပွဲတွေက အချိန်ကြာသွားတတ်ပြီး သက်လုံအားကိုစမ်းတတ်တယ်။ ပြောရရင် သက်လုံအားဆိုတာ သူတို့ရဲ့အားသာချက်။ အခြားတောင်ကတပည့်တော်တော်များများကတောင် ဝိညာဉ်ရေးရာတောင်ထိပ်ကိုပဲ လောင်းကြတာ။”

ဤသည်ကိုကြားတော့ ဂိုဏ်းချုပ်ကုလည်း အတွေးနက်သွားရသည်။

သူ၏အကြည့်များမှာကလည်း အလိုအလျောက်ကို စုယွမ်အပေါ်ကျရောက်လာရသည်။

စုယွမ်ကတော့ ထိုအကြည့်ကြောင့် စကားပြောရပ်သွားရ၏။ သူ ချောင်းဟန့်၍ ပြောလိုက်သည်။

“ကျွန်တော်တို့ ရွှေအမြူတေအဆင့်အကြီးအကဲတစ်ယောက်ယောက်ကို အကူအညီတောင်းရင်ရော။ ဒီလောက်များတဲ့ဝိညာဉ်ကျောက်တုံးတွေကို ကျွန်တော်တို့ မထိန်းသိမ်းနိုင်လောက်ဘူး။”

ဂိုဏ်းချုပ်ကုက ပြုံး၍ ခေါင်းညိတ်ပြသည်။

“မင်းပြောတာမှန်တယ်။ ငါ တစ်ယောက်ယောက်ကိုရှာထားလိုက်မယ်။ နောက်ပြီး အဲ့ဒီလူကို ဒါအတွက် အကျိုးအမြတ်နည်းနည်းခွဲပေးရလိမ့်မယ်။ ဒါပေမဲ့ စိတ်ချပါ၊ မင်းဝေစုကိုမထိခိုက်စေရဘူး။ အနည်းဆုံး သုံးသန်းကတော့ ရစေရမယ်။”

ထိုအချိန်မှ စုယွမ်၏အမူအရာမှာ အနည်းငယ်ပြေလျော့သွားရသည်။ ပမာဏသုံးသန်းပဲဆိုလျှင်တောင်မှ သူကတော့ အလွန်ကျေနပ်ပါ၏။

ဂိုဏ်းချုပ်ကုက ရုတ်တရက်ပြောလာသည်။

“အတွင်းတပည့်ပြိုင်ပွဲကျရင် အဆောင်တံဆိပ်တွေနဲ့ဆေးဝါးတွေအပေါ်မှာ တားမြစ်ထားတာတွေရှိတယ်။ ဒါပေမဲ့ လက်နက်တွေအပေါ်မှာတော့ ကန့်သတ်ထားတာ သိပ်မရှိဘူး။ ဘာလို့လဲဆိုတော့ လက်နက်ကိုကိုယ်တွယ်နိုင်ဖို့ဆိုတာလည်း အဲ့ဒီလူရဲ့အရည်အချင်းနဲ့ဆိုင်တာမလို့လေ။ ငါမှတ်မိသလောက် မင်းမှာလည်း လက်နက်မရှိသေးဘူးမလား။”

စုယွမ် ကြောင်အသွားသည်။

“ဂိုဏ်းတူအစ်ကိုကုက ဘာကိုပြောချင်တာလဲ။ ကျွန်တော်မှ ပြိုင်ပွဲထဲဝင်မပါတာကို။”

ဂိုဏ်းချုပ်ကုလည်း စုယွမ်ကို အထူးတဆန်းကြည့်လိုက်မိသည်။ သူ စစ်ဆေးကြည့်ပြီးပြီပင်၊ ထို့ကြောင့် သူ စုယွမ်က စာရင်းသွင်းထားကြောင်းသိ၏။ သို့သော် ထိုသူမှာ ဘာကြောင့် သူ့ကိုလိမ်ချင်နေရသနည်း။

ဂိုဏ်းချုပ်ကုက ဆက်ပြောလာသည်။

“ငါမင်းကို လက်နက်တစ်ခုကို ဆုအနေနဲ့ပေးမယ်လေ။ ဘာပဲဖြစ်ဖြစ်၊ မင်းက အများကြီးကြိုးစားခဲ့တာပဲမလား။’

“တကယ်လား။”

စုယွမ် အံ့သြသွားရသည်။

“ဒါပေါ့။ မင်း ဘယ်လိုအမျိုးအစားကိုလိုချင်လဲ။”

“အမ်း၊ ခင်ဗျားဆိုမှာ ဓါးဖြောင့်ရှည်အမျိုးအစားရှိလား။ ခုနစ်ခုလောက် ဒါမှမဟုတ် အဲ့ဒီထက်များများရှိရင် အကောင်းဆုံးပဲ။”

စုယွမ် မျှော်လင့်တကြီး ပြောလိုက်သည်။

“ခုနစ်ခုတောင်လား။”

ဂိုဏ်းချုပ်ကု အံ့သြသွားသည်။

“ချီစုဆောင်းခြင်းအဆင့်ကျင့်ကြံသူအတွက်က လက်နက်နှစ်ခုလောက်ဆိုရင် လုံလောက်ပြီလေ။”

“ဟမ်း။ ကျွန်တော်က အပိုအနေနဲ့ဆောင်ထားချင်ရုံပါ။ ပြောရရင် တစ်ချောင်းက တိုက်ခိုက်နေရင်း ကျိုးသွားနိုင်တာပဲလေ။”

စုယွမ် ပြောလိုက်၏။

“ကောင်းပြီလေ။ ငါ တစ်ချက်ရှာလိုက်ဦးမယ်။”

ဂိုဏ်းချုပ်ကုလည်း စိတ််ဝိညာဥ်အာရုံကို သူ၏သိုလှောင်လက်စွပ်ထဲပို့ကာ ရှာတော့သည်။

စုယွမ် ခေါင်းကုတ်နေမိသည်။ သူတော့ဖြင့် ဤဂိုဏ်တူအစ်ကိုကု၏စကားများမှာ အမြဲကြွယ်ဝချမ်းသာသည်ဟူသော အငွေ့အသက်မျိုးပါနေသည်ဟု ခံစားနေရပေသည်။

ထိုသူမှာတကယ်ကို ပင်မတပည့်ဖြစ်လိမ့်မည်သာ။

သူကိုယ်တိုင်ဟာလည်း ပင်မတပည့်ဖြစ်ရန်အလားအလာရှိသော်ငြား သာမန်အတွင်းတပည့်တစ်ဦးနှင့် ပင်မတပည့်တစ်ဦးကြား ကွာခြားချက်ကို မတွေ့ခဲ့ဖူးချေ။ သို့သော် ယခုတွင်တော့ သူ မျက်မြင်ကိုယ်တွေ့ခံစားနေရချေပြီ ဖြစ်လေ၏။

All Chapters